## PAGE 88
<!-- 11 paragraphs, raw extraction -->




အရှင်မလည်း ဓမ္မဒူတ သာသနာ့တမန်တော်ဖြစ်သော သီဟိုဠ် သံအဖွဲ့ဝင် များနှင့်အတူ ခမည်းတော်မင်းကြီးထံ ကြွသွား၍ သတင်းစကား ပြောကြား လေ၏။ မင်းကြီးမှာ ချီတုံချတုံ ဝမ်းသာဝမ်းနည်းဖြစ်ကာ မည်သို့လျှောက်ထား ပြောဆို စီမံရမည်မသိ ဖြစ်နေသည်။ တမန်တော်အရိဋ္ဌအမတ်လည်း မင်းကြီးနှင့် အရှင်မတို့အကြား စကား အသွားအလာကို ကြည့်၍ မဖြစ် ဖြစ်သည့်နည်းဖြင့် အခင့်တော်ရရန်အကြံဖြင့် နာခံခစားနေ၏။ ထိုကိစ္စ မပြီးပြေလျှင်လည်း ရဟန်းပြုခွင့် ရမည်မဟုတ်သည်ကို စိုးရိမ်နေမိလေသည်။ မင်းကြီးက-

"

“ချစ်သမီး…၊ သမီးတော် သိပြီးဖြစ်တဲ့အတိုင်း သားတော်ကြီး ရှင်မဟိန္ဒ နှင့် မြေးတော်သုမနသာမဏေတို့ ခမည်းတော်ကို ပစ်ထားပြီး သသနာပြုကြွသွား ကြတာ ခမည်းတော်မှာ လက်နှစ်ဖက်အချိုးခံရသူလို အားကိုးရာမဲ့ဖြစ်ခဲ့ရတယ်။
သားတော် မြေးတော်များနှင့် ခွဲရလို့ ကြေကွဲဝမ်းနည်းမိသော်လည်း သမီးတော် မျက်နှာကို ဖူးမြင့်ခွင့်ရနေသေးလို့ တန်သလောက် စိတ်အေးရပါတယ်။ ယခု တခါသမီးတော်ကပါ ကြွမည် ဆိုပြန်တော့ ခမည်းတော်လည်း မကြံတတ်တော့ ဘူး။ ကဲ…မောင်မင်းများပဲ စဉ်းစားပေးကြပါဦး”

သံတမန်များဘက်သို့ လှည့်၍ မိန့်တော်မူရာ မဖြစ် ဖြစ်သည့်နည်းဖြင့် အရှင်ဘက်က ရပ်တည်၍ အကြံအစည်အောင်အောင် ကြံဆောင်မည်ဟု အားခဲ ထားသော အရိဋ္ဌလည်း သံယောဇဉ်ကိစ္စဖြစ်၍ မည်သို့မျှ ကြားမဝင်ဝံ့ ရှိလေ၏။
သို့နှင့် အရိဋ္ဌအမတ်လည်း အရှင်မ,မျက်နှာကိုသာ အားကိုးသော အမူအရာဖြင့် လှမ်းကြည့်နေတော့သည်။ အရှင်မကလည်း--

"

“ခမည်းတော် မင်းမြတ်၊ မောင်တော်ဘုရား၏ အမိန့်တော် အာဏာကို ငြင်းဆန်ရန် ဝန်လေးလှပါတယ်၊ မောင်တော်ဘုရားကို အကြောင်းပြု၍ သီဟိုဠ် ကျွန်းမှာ အမျိုးသားများ သာသနာ့ဘောင်ဝင်ခွင့် ရကြသော်လဲ အမျိုးသမီး များမှာ သာသနာဘောင်ဝင်လိုပါလျက် အခွင့်မရ၊ အားငယ်လျက် ရှိနေရှာကြ ပါတယ်၊ ယခုမူ သမီးတော်အလာကို သေချာစောင့်မျှော်နေရှာကြတဲ့ အမျိုး သမီးဖျားလဲ ရှိနေကြလို့ သမီးတော်ကြွမှ သင့်ပါလိမ့်မယ် ခမည်းတော်”ဟု မိန့်ကြားလေလျှင် မင်းကြီးမှာ အတန်ကြာ စဉ်းစားပြီးမှ’

"

“ကောင်းပါပြီ သမီးတော်၊ မြတ်စွာဘုရားရှင်ရဲ့ မရွှေမျက်နှာနှင့် ဗျာဒိတ် တော်ကိုခံယူ၍ သားတော်ကြီးနှင့် အကြည်တော် ဒေဝါနံမိယတိဿ တို့ရဲ့ ဩဝါဒနှင့် သဒ္ဓာတရား၊ သီဟိုဠ် ကျွန်းသူ ကျွန်းသားတို့ရဲ့ အကျိုးကိုမြှော်ကိုးပြီး သမီးတော်အား အနားက မခွာစေလိုသော်လဲ ခမည်းတော လိုက်လျောပါ့မယ်၊
ဒက္ခိဏသာခါ မဟာဗောဓိပင်ကိုပင့်ပြီး သမီးမၻာ် သာသနာပြုကြွရန် စီစဉ်ပေး ပါ့မယ်”ဟု ကတိပြုတော်မူလိုက်ရာ အားလုံး သာဓုခေါ်ကြလေသည်။

## PAGE 89
<!-- 8 paragraphs, raw extraction -->



မင်းကြီး၏ အာရုံနိမိတ်နှင့် မဟာဗောဓိဗျာဒိတ်တော်


အသောကမင်းကြီးသည် သီဟိုဠ်ကျွန်းသို့ ပရိဘောဂစေတီ ဗောဓိပင် ဒက္ခိဏာသာခါ လက်ျာတောင်ကိုင်းကို ပို့လှူရန် နယုန်လကတည်းက စိတ်ထဲ၌ အာရုံပေါ်နှင့်လေသည်။ (ဘုန်းကံနှင့်သဒ္ဓာတရားကို သတိပြုပါ။) သို့သော်လည်း စေတီထိုက်သော မဟာဗောဓိပင်ကိုင်းကို ဖြတ်လျှင် ဘုရားရှင်အား သွေးစိမ်း တည်အောင် ပြုလုပ်သော(လောဟိတုပ္ပာဒက) ကံနှင့်တထပ်တည်း အပြစ်ကြီးလေး သဖြင့် မည်သို့လုပ်ရမည်မသိ၊ ဝန်လေးနေခဲ့၏။ (ဤနေရာ၌ မဟာဝံသအလို သံအဖွဲ့ကို ဝါတွင်းကပင်စေလွှတ်၍ သံအဖွဲ့ ရောက်မှ ဒက္ခိဏသာခါကို မင်းကြီး ပူဇော် ပင့်ဆောင်ရကြောင်း လာသည်။ ပါရာဇိကကဏ္ဍ အဋ္ဌကထာနှင့် မညီ၊
ဘုန်းကံပါရမီ နှိုးဆော်မှုအဓိပ္ပာယ်လည်း လျော့ပါးစေနိုင်သဖြင့် အဋ္ဌကထာအရ ပြလိုက်သည်။)

[ဤနေရာ၌ အထူး သတိပြုကြရန် ပြဆိုဦးအံ့။ ဗောဓိပင် ဟူသည် ပရိဘောဂ “ဘုရားရှင်၏ အသုံးအဆောင် `စေတီထိုက်၏၊
ချိုးဖဲ့ဖျက်ဆီးလျှင် ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသော “လောဟိတုပ္ပာဒက ကံကြီးကဲ့သို့ အပြစ်ကြီးလေးလှသည်။သေလျှင် အဝီစိသို့ မုချ ကျခံရသည်။

ကာလိင်္ဂ ဗောဓိဇာတ်'တော်၌ ကောင်းကင် ပျံသွားသော ဆင်အာဇာနည်ကြီးသည် အောက်မြေပြင် ဗောဓိပင်ရှိရာ အထက် ဖြတ်သန်းမသွားဝံ့၍ အသက်ကိုသာ စွန့်သွားကြောင်းလာ၏။
ထိုမျှလောက် အထွတ်အမြတ် ပြုကြရသည်။ရှေးအခါက ရှင်ဘုရင် တပါး ဆင်တော်စီး၍ ဆရာဘုန်းတော်ကြီးကျောင်းသို့ အလာ ဆင်သည် ဗောဓိပင်ကိုစားရန် လက်မောင်းတင်၍ “မစားစေ ချင်လျှင် ငါ့အရှင် ဘုရင်မင်းက တားလိမ့်မည်”ဟု အကဲစမ်းရာ ရှင်ဘုရင်က “မစားစေချင်လျင် အရှင်ဖြစ်သော ဘုန်းတော်ကြီးက တားလိမ့်မည်”ဟု အောက်မေ့နေသဖြင့် မည်သူကမျှ မတား၍ စားလေ၏။သေသောအခါ ဆင်ကအထက်က၊ ဘုရင်ကအလယ်က ဘုန်းတော်ကြီးက အောက်ဆုံးက အဝီစိ ကျခံရသည်ဟုလည်း ဆိုထုံးရှိလေသည်။

ဗောဓိပင်ကို၊ ဓာတ်တော်ကိုပူဇော်၍ နိဗ္ဗာန်အထိ အကျိုးရပုံ အပဒါန်ပါဠိတော်တို့၌ များစွာလာ၏။ ဓာတ်တော်ကို လူသေ ကောင်၊ အရိုး စသည် ကဲ့ရဲ့၍ ပြိတ္တာဖြစ်ရကြောင်း “ဓာတုဝိဝဏ္ဏ

## PAGE 90
<!-- 11 paragraphs, raw extraction -->




ပေတ ဝတ္ထု’များလည်း အထင်အရှားပင်။ သာသနာတော်၌ ဘုရားရှင် ကိုယ်တော်မှဖြစ်သော(သာရီရိက)ဓာတ်တော် မွေတော် နှင့် ဗောဓိပင်(ပရိဘောဂစေတီ)တို့ မည်မျှ အရေးပါကြောင်း ဤသီဟိုဠ် သာသနာဝင်ကလည်း ဖော်ပြလျက်ရှိလေပြီ၊ သတိ ကြပ်ကြပ် မူကြပါကုန်။]

မင်းကြီးသည် မိမိ၏ဆန္ဒနှင့် သံသယကို အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ် မြတ်အား လျှောက်ထားသောအခါ မြတ်စွာဘုရားရှင် မဟာပရိနိဗ္ဗာန် စံခါနီး ထားတော်မူခဲ့သော ဗျာဒိတ် အဓိဋ္ဌာန်တော် ငါးချက်ကို ဟောပြတော်မူရာ မင်းကြီး လွန်စွာ သဒ္ဓါကြည်ညိုစိတ် ဖြစ်ပွားလေ၏။

၁။ ငါဘုရား ပရိနိဗ္ဗာန် စံပြီးသောအခါ ငါ၏ သာသနာသည် သီဟိုဠ်ကျွန်း၌ ထွန်းကားလတ္တံ့ ၊ ထိုအခါ မဟာဗောဓိ သီဟိုဠ်၌ တည်စေရန် ဓမ္မာသောကမင်းကြီးသည် မဟာဗောဓိပင်မှ ဒက္ခိဏ သာခါကို ဆောင်ယူလတ္တံ့၊ ထိုအခါ ဒက္ခိဏသာခါ (လက်ျာ တောင်ကိုင်း)သည် ဆေးဒန်းမြင်းသီလာ သားရာအရပ်မှအလိုလို ပြတ်ကာ ရွှေအိုး၌ တည်စေသတည်း။

၂။ ရွှေအိုး၌ တည်ပြီးလျှင် မူလအပင်ကဲ့သို့ အမြစ် အသီးအရွက် အညွန့် ထွက်၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ခုနစ်ရက်ပတ်လုံး ဆီးနှင်း တိမ်တိုက်၌ တည်စေသတည်း။

၃။ ခုနစ်ရက် လွန်သောအခါ ရွှေအိုး၌ သက်ဆင်း တည်လာပြီးလျှင် သီးပွင့်ခက်ရွက်တို့ မြှေး ရှက် တင့် တယ် စွာ ခြောက် ဖြာ သေခ ရောင်ခြည်ကွန်ရက်တို့ ထွက်ပေါ် မြူးကွန့်စေသတည်း။

၄၊ ၅။ (ထူပါရုံနှင့် မဟာစေတီအတွက် အဓိဋ္ဌာန် ပြခဲ့ပြီ။) မင်းကြီးသည် မထေရ်မြတ်၏ အဓိဋ္ဌာန်တရားကို နာကြားရသောအခါ အလွန် သဒ္ဓာကြည်ညိုသည်ဖြစ်၍ ဘဏ္ဍာတော်မှ ရွှေများကို ပန်းထိမ်သည်တို့အား အပ်နှံလျက် ဗောဓိပင်စိုက်ပျိုးရန် ရွှေအိုးကြီးကို သွန်းလုပ်စေ၏။

ရွှေအိုးမှာ မျက်နှာဝ အချင်းသုံးတောင်၊ အဝန်းကိုးတောင်၊ အစောက် ငါးတောင်၊ အထု ရှစ်လက်သစ်၊ အနားနှုတ်ခမ်းလုံးမှာ ဆင်ပေါက်နှာမောင်းခန့် ရှိ၏။

ပါဋလိပုတ်နေပြည်တော်မှ မဟာဗောဓိအထိ ခုနစ်ယူဇနာခရီးကို ဝဲယာ မွမ်းမံ၍ ရဟန္တာအရှင်မြတ်တထောင်၊ စစ်အင်္ဂါလေးပါး အတီးအမှုတ်များဖြင့် ခမ်းနားကြီးကျယ်စွာ ထီးဆောင်းမင်းပေါင်း တထောင်ခြံရံလျက် ထွက်တော် မူကြီး ထွက်တော်မူ၏။
