[0] ဦးဇင်းတို့ ဒီသင်တန်းကို ကပ္ပိယကာရက သင်တန်းပေါ့။ [1] ကပ္ပိယကာရက သင်တန်းလို့ပဲ ခေါ်ပါတယ်။ [2] ကပ္ပိယကာရက ဆိုတာက သံဃာတော်များကို အပ်စပ်အောင် စီမံပေးတတ်သူလို့ အဓိပ္ပာယ်ရတယ်။ [3] သာသနာမှာ ကပ္ပိယကာရက ဆိုတာ အင်မတန် အရေးကြီးပါတယ်။ [4] ဦးဇင်းတို့ ခါတိုင်း သံဃာတော်တွေ ဒကာဒကာမတွေကို ပြောတာရှိတယ်။ [5] ဦးဇင်းတို့ စားပွဲခုံတစ်ခုံမှာ ခြေထောက်သုံးချောင်းရှိတယ်။ [6] ခြေထောက်တစ်ချောင်း ကျိုးသွားရင် အဲဒီစားပွဲခုံ ရပ်တည်လို့ မရတော့ဘူး။ [7] ချိုင်ပြီးတော့ လဲသွားမှာပဲ စားပွဲခုံကတော့။ [8] ဒီအတိုင်းပဲ ဦးဇင်းတို့ သာသနာတော်မှာလည်း ခြေထောက်သုံးချောင်းနဲ့ တူတဲ့ သာသနာ။ [9] ခြေထောက်တစ်ချောင်းက ရဟန်းတော်များ၊ ဒုတိယခြေထောက်တစ်ချောင်းကတော့ ဒကာဒကာမများ။ [10] တတိယခြေထောက်တစ်ချောင်းကတော့ ကပ္ပိယကာရက ဆိုပြီးတော့ ဦးဇင်းတို့ ခြေထောက်သုံးချောင်း ရှိတယ်။ [11] ပစ္စည်းလေးပါး လှူဒါန်းမယ့် ဒကာဒကာမတွေ ရှိတယ်၊ အလှူခံ သံဃာတော်အရှင်သူမြတ်များလည်း ရှိတယ်။ [12] ဒါပေမဲ့ အပ်စပ်အောင် စီမံပေးမယ့် ကပ္ပိယကာရက မရှိဘူးဆိုရင်။ [13] ဦးဇင်းတို့ ကိုးကွယ်ဆည်းကပ်တဲ့ ဆရာတော်သံဃာတော်များမှာ အာပတ်တွေ သင့်နိုင်တဲ့ အနေအထားတွေ ရှိတယ်ပေါ့။ [14] ဒီတော့ ကပ္ပိယကာရကဆိုတာ သာသနာမှာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်နေပါတယ်။ [15] ဒီတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင် ဒကာမသမျှ ဒကာမမသမျှ သံဃာတော်များနဲ့ မကင်းပါဘူး။ [16] သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတွေကို ဒကာဒကာမတွေက သံဃာတော်များကို ပစ္စယနုဂ္ဂဟဖြင့် ချီးမြှောက်ထောက်ပံ့ကြတယ်။ [17] ဆရာတော်သံဃာတော်များကလည်းပဲ ဓမ္မာနုဂ္ဂဟဖြင့် တရားဓမ္မတွေနဲ့ ဟောပြောဆုံးမနေကြတယ်။ [18] ဒီတော့ ဆရာဒကာ အပြန်အလှန် ပစ္စယနုဂ္ဂဟ ဓမ္မာနုဂ္ဂဟ နှစ်ပါးဖြင့် သာသနာပြုနေကြတယ်ပေါ့။ [19] ဒီတော့အခါ ဆရာတော်သံဃာတော်များကို ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းတဲ့အခါမှာ ဦးဇင်းတို့ အပ်စပ်အောင် လုပ်ပေးမယ့် တာဝန် ဒကာဒကာမတွေမှာ တွဲပါလာတယ်။ [20] ဦးဇင်းတို့ အင်္ဂုတ္တိုရ်ထဲမှာ သပ္ပုရိသဒါနသုတ္တန်ဆိုတာ ရှိတယ်လေ။ [21] အင်္ဂုတ္တိုရ် သပ္ပုရိသဒါနသုတ္တန်ထဲမှာ ကပ္ပိယံ ဒါနံ ဒေတိ ဆိုတာ ပါပါတယ်။ [22] သံဃာတော်များကို အပ်စပ်အောင် လှူဒါန်းပေးရမယ် ဆိုတဲ့ အချက်တစ်ချက် ပါတယ်နော်။ သံဃာတော်များကို အပ်စပ်အောင် လှူဒါန်းပေးရမယ်။ [23] ဒီတော့ ဦးဇင်းတို့ ဘယ်ပစ္စည်းက အပ်စပ်တယ် ဘယ်ပစ္စည်းက မအပ်စပ်ဘူး ဘယ်လိုလှူဒါန်းသင့်တယ် ဘယ်လိုမလှူဒါန်းသင့်ဘူး စသည်ဖြင့် ဒါဦးဇင်းတို့ သိထားမှ ဖြစ်မှာဖြစ်ပါတယ်။ [24] မသိရင် သံဃာတော်များကို အပ်စပ်အောင် လှူဒါန်းပေးနိုင်မှာ မဟုတ်ပါဘူး။ [25] ဒီတော့ တချို့သော လူပုဂ္ဂိုလ်နဲ့ တချို့သော ပုဂ္ဂိုလ်တချို့ကပေါ့နော် လူတွေ ဝိနည်းသိဖို့ လိုသလားဆိုတဲ့ မေးခွန်းမျိုး မကြာခဏ မေးပါတယ်။ [26] ရှေးခေတ်ကတည်းက ယနေ့အချိန်ထိ လူတွေ ဝိနည်းသိဖို့ လိုသလားဆိုတော့ လိုမလိုကို ဦးဇင်း အချက်နှစ်ချက် သုံးချက်လောက် ထုတ်ပြကြည့်မယ်လေ။ [27] ဦးဇင်းတို့ ရဟန်းသံဃာတော်များမှာ ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဦးဇင်းတို့ အစေ့နော်။ [28] အပင်ပေါက်နိုင်တဲ့ ခရမ်းချဉ်သီး အမှည့်တို့ ပါခဲ့ရင် နောက် ငရုတ်သီးအမှည့်တွေ ပါခဲ့ရင်။ [29] ပူစီနံလိုမျိုး အပင်ပြန်ပေါက်နိုင်တဲ့ အပင်မျိုး စသည်ဖြင့်ပေါ့။ [30] အပင်မျိုး အညွန့်မျိုး ပါခဲ့ရင် ရဟန်းသံဃာတော်များ ဖုံးပေးလို့ မရဘူးလေ။ [31] ဖုံးပေးလို့ မရဘူး။ မရတော့ ဘယ်လိုဖုံးပေးမလဲ ဒီလိုဆိုလို့ရှိရင် ပေါ့။ [32] ဒကာဒကာမတွေ ကူညီမှ ဖြစ်တော့မယ်။ နော်။ [33] အဲ့တော့ အဲ့ဒီ အပင်ပေါက်နိုင်တဲ့ အစေ့တွေ အသီးတွေ အရွက်တွေ ပါလာခဲ့လို့ရှိရင် [34] ဆရာဖြစ်တဲ့ ဘုန်းတော်ကြီးကနေပြီးတော့ ကပ္ပိယံ ကရောဟိ လို့ ဆိုရတယ် ပေါ့နော်။ [35] အဲ့တော့ ဒကာဒကာမတွေက ကပ္ပိယံ ဘန္တေ လို့ ပြန်ပြောပြီးတော့ [36] အဲ့ဒီ အသီး အရွက်ကို လက်သည်းနဲ့ဖြစ်စေ ဇွန်းနဲ့ဖြစ်စေ တစ်ခုခုနဲ့ ထိုးဆိတ်လိုက်ရတယ်။ [37] ဘုန်းကြီးက ကပ္ပိယံ ကရောဟိ လို့ ပြောတယ်။ ဒကာဒကာမတွေက ကပ္ပိယံ ဘန္တေ လို့ ပြန်ပြောပြီး ထိုးဆိတ်လိုက်ရတယ်။ [38] အဲ့ဒီအခါကျမှ အဲ့ဒီ အသီး အရွက်ကို ဦးဇင်းတို့ သံဃာတော်များက ဖုံးပေးလို့ ရတယ်။ [39] ကဲ ကြည့်။ ဒကာဒကာမတွေ မသိခဲ့ရင် သံဃာတော်တွေ ဒီ အညွန့်တွေ အသီးတွေ အရွက်တွေ စားလို့ မရတော့ဘူးလေ။ [40] နော်။ အဲ့ဒါ အထောက်အပံ့အနေနဲ့လည်း ဦးဇင်းတို့ သံဃာတော်တွေ ဒကာဒကာမတွေဟာ ဝိနည်း နားလည်သင့်တယ် ပေါ့။ [41] နောက်တစ်ခါ ကြည့်ဦးပေါ့နော် ဦးဇင်းတို့ ဘာလဲဆိုတော့ ဆွမ်းကြီးလောင်းပွဲတွေ မြန်မာနိုင်ငံမှာ သိန်းဇင်းလောင်းပွဲတွေ လုပ်ကြတယ်လေ။ [42] သိန်းဇင်းတွေ လောင်းတဲ့အခါမှာ ဆွမ်းကြီးတွေ လောင်းတဲ့အခါမှာ ဦးဇင်းတို့ ဘာဖြစ်လဲ ဝတ္ထုငွေတွေ ဒကာဒကာမတွေ လှူဒါန်းကြတယ်။ [43] ဘယ်လို လှူဒါန်းရမလဲ ဆိုတာကို ဒကာဒကာမတွေ မသိကြဘူးပေါ့။ [44] မသိတော့ ဆရာတော်ကြီးတွေကလည်း သင်ပေးဖို့ အချိန်မရတာက တစ်ကြောင်း အားနာတာက တစ်ကြောင်းကြောင့် [45] ဝတ္ထုငွေတွေကို လက်ခံလိုက်ကြရတဲ့ အပိုင်းတွေလည်း အများကြီး ဦးဇင်းတို့ တွေ့ဖူး ကြားဖူးတယ် ပေါ့နော်။ [46] ဒကာဒကာမတွေက နားမလည်တော့ ဆရာတော်တွေကို ဝတ္ထုငွေတွေ ကိုယ်ထိလက်ရောက် ကပ်မိကြ။ [47] အဲ့တော့ ဆရာတော် သံဃာတော်မှာလည်း အားနာပြီးတော့ မပြောသာဘဲနဲ့ လက်ခံလိုက်ရတဲ့အခါမှာ [48] တပည့်တွေ မလိမ္မာလို့ တပည့်ဖြစ်တဲ့ ဒကာဒကာမတွေ မလိမ္မာလို့ ဦးဇင်းတို့ ဆရာတော် သံဃာတော်များမှာ အာပတ်တွေ သင့်သွားတယ်။ [49] ဒါကြောင့် ဦးဇင်းတို့ ဒကာဒကာမတွေ ဝိနည်း နားလည်မှ ဖြစ်မယ်။ [50] အဲ့ဒါ တပည့်လိမ္မာ ဆရာအာပတ် လွတ်လို့ ဦးဇင်းတို့ မြန်မာစကားပုံမှာ ဆိုရိုးရှိပါတယ်နော်။ [51] အဲ့တော့ တပည့်ဆိုတာ ဘယ်သူတွေလဲလို့ မေးရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဒကာဒကာမတွေ... [52] ဒကာ ဒကာမတွေ ဖြစ်ပါတယ်။ အဲ့တော့ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတွေက [53] ဝိနည်းနဲ့ ပတ်သက်လာရင် လိမ္မာပါးနပ်မှ ဘာဖြစ်လဲဆိုတော့ ဆရာဖြစ်တဲ့ ဘုန်းတော်ကြီးများမှာ အာပတ်က လွတ်မှာ ဖြစ်ပါတယ်။ [54] နော် အဲ့ဒါ ဒီကပ္ပိယကာရက သင်တန်းဆိုတာ သံဃာတော်များကို ဆရာလုပ်ဖို့ မဟုတ်ပါဘူး၊ ကူညီဖို့သာ ဖြစ်ပါတယ်။ [55] ဆရာတော် သံဃာတော်များ အာပတ်လွတ်အောင် ဝိနည်းနဲ့ ညီအောင် နော် ပရိယတ္တိ ပဋိပတ္တိ အားထုတ်လို့ ရအောင် ကူညီဖို့ရန်အတွက် [56] ဦးဇင်းတို့ ဒကာ ဒကာမတွေ သံဃာတော်များကို ကိုးကွယ်ဆည်းကပ်တတ်အောင် သင်တန်းပေးခြင်းသာ ဖြစ်ပါတယ်။ [57] နော် တချို့က ဝိနည်းသင်တန်းတို့ ကပ္ပိယကာရက သင်တန်းလို့ ကြားလိုက်ရင် ဟာ ဒီလူတွေက တို့ဘုန်းကြီးတွေကို ဆရာလုပ်တော့မှာလား မသိဘူးဆိုတဲ့ အတွေးမျိုးတွေ ဝင်သွားနိုင်တယ်။ [58] မဟုတ်ဘူး ခုနက ဒီ ဖောင်ရဲ့ ရည်ရွယ်ချက်ထဲမှာလည်း ပါသွားပါတယ်နော်။ ဆရာတော် သံဃာတော်များရဲ့ သာသနာပြုလုပ်ငန်းကို တစ်ဖက်တစ်လမ်းက ဝိနည်းတော်နဲ့အညီ ပံ့ပိုးကူညီနိုင်အောင်အတွက် [59] တပည့်လိမ္မာမှ ဆရာအာပတ်လွတ်မယ်ဆိုတဲ့ စကားပုံအတိုင်းပဲ တပည့်ဒကာ ဒကာမတွေ လိမ္မာပါးနပ်မှ ဆရာဖြစ်တဲ့ ဘုန်းတော်ကြီးများမှာ အာပတ်လွတ်မယ်ဆိုတဲ့ သဘောတရားလေးကို [60] နားလည်ထားတဲ့အတွက်ကြောင့် ဦးဇင်းတို့ ယနေ့ ဒါ ကပ္ပိယကာရက သင်တန်းကို ဒါ ဆရာဒကာ အားလုံး ပူးပေါင်းပြီးတော့ ယနေ့ လုပ်ဖြစ်ကြတာ ဖြစ်ပါတယ်။ [61] နော် ဒါ ရည်ရွယ်ချက်လေးကို ဦးဇင်းတို့ မမေ့ကြဖို့ပါနော်။ အဲ့တော့ ကပ္ပိယကာရက သင်တန်းဆိုတာ ဆရာဖြစ်တဲ့ ဘုန်းတော်ကြီးများ [62] ပရိယတ္တိ ပဋိပတ္တိ အားထုတ်တဲ့အခါမှာ ဝိနည်းတော်တွေနဲ့ မထိခိုက်ရအောင် မပွန်းပဲ့ရအောင် သီလတွေ မညှိုးနွမ်းရအောင် ဒကာ ဒကာမများက ဝိုင်းဝန်းပြီးတော့ [63] ကူညီစောင့်ရှောက်ဖို့ရန်အတွက် သင်တန်းပေးခြင်း ဖြစ်ပါတယ်။ ဆရာတော် သံဃာတော်များ သီလစင်ကြယ်ဖို့ခိုင်တာမှာ ဒကာ ဒကာမတွေရဲ့ ကဏ္ဍဟာလည်း အင်မတန် အရေးကြီးပါတယ်နော်။ [64] အဲ့တော့ ဒီသင်တန်းလေးကို သင်ကြားလိုက်မယ်ဆိုလို့ရှိရင် ဦးဇင်းတို့ လူတွေနဲ့ သံဃာတော်တွေနဲ့ ပတ်သက်နေတဲ့ ကဏ္ဍတွေမှာ လူတွေကြောင့် လူတွေနားမလည်လို့ ဘုန်းကြီးမှာ အာပတ်သင့်ရ သွားရတယ်ဆိုတဲ့ ပုံစံမျိုးလေးတွေ မဖြစ်ရအောင် [65] ဦးဇင်းတို့ ကာကွယ်လိုရင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့ကြောင့် မိမိတို့ ဒကာ ဒကာမတွေကြောင့် မိမိတို့ ကိုးကွယ်တဲ့ ဆရာတော်တွေ သီလစင်ကြယ်စေရမယ်၊ [66] သီလမညှိုးနွမ်းစေရဘူးဆိုတဲ့ ဓမ္မဓိဋ္ဌာန် သဘောတွေလည်း ပါပါတယ်ပေါ့နော်။ အေး ဒါ ဦးဇင်းတို့ ဒါ သင်တန်းရဲ့ ရည်ရွယ်ချက်။ [67] ရွေးချယ်ထားတဲ့ သွားရမယ့် လမ်းစဉ်လေးကို ဦးဇင်းတို့ နှလုံးသွင်းကြဖို့အတွက် ဒီနေ့ ပြောကြားချင်ဖြစ်ပါတယ်နော်။ [68] ဒီတော့ ဦးဇင်းတို့ သင်တန်း ဒီမှာ စာအုပ် ကျောရိုးတစ်ခုအနေနဲ့ ဦးဇင်းတို့ ထားဖို့လိုတဲ့အတွက်ကြောင့် [69] ဒီ သာသနာရေးဦးစီးဌာနက ထုတ်တဲ့ ဒီ ဘုရားအလိုတော်ကျ ကိုးကွယ်ဆည်းကပ်နည်း စာအုပ် ဦးဇင်းတို့ ကျောရိုးအနေနဲ့ ထားထားပါတယ်။ [70] ဒီစာအုပ်ထဲမှာတော့ ဦးဇင်း အခန်း ၁၁ ခန်း ပါတယ်နော်။ အခန်း ၁၁ ခန်း ပါတယ်၊ အဲ့တော့ ဦးဇင်းတို့ ဖြည့်စွက်စရာတွေလည်း ပါပါတယ်ပေါ့။ [71] ဦးဇင်း ဒီစာအုပ်ကို ကျောရိုးထားပြီးတော့ ဖြည့်စွက်ပြီးတော့ သင်ကြားသွားမှာ ဖြစ်ပါတယ်။ [72] အဲ့တော့ တချို့နေရာလေးတွေမှာဆို ဦးဇင်းတို့ လက်တွေ့ပိုင်းလေးတွေ ပါမယ်ပေါ့နော်။ လက်တွေ့ သရုပ်ပြသဘောလေးတွေ လုပ်ဖို့ လိုအပ်ပါတယ်။ [73] ဒီတော့ လက်တွေ့ ဦးဇင်း တချို့မှာ ဥပမာ ဝတ္ထုငွေတွေ လှူဒါန်းတဲ့အခါမျိုးတွေဆိုလို့ရှိရင် လက်တွေ့ လျှောက်ထားပုံ လျှောက်ထားနည်းတွေ ဦးဇင်းတို့ ပြောဖို့လိုပါတယ်။ [74] စာအုပ်ထဲမှာ ပါရုံနဲ့ မပြီးဘူး၊ ပါးစပ်ထဲ နှုတ်ထဲကို ရောက်သွားဖို့လိုတယ်။ [75] အဲ့တော့ ဦးဇင်း ကျောရိုးအနေနဲ့တော့ ဒီစာအုပ်ကို ထားမယ်၊ ဟို နုတ်ထုတ်ရအောင်လည်း လွယ်အောင်လို့ပေါ့နော်။ [76] မဟုတ်ရင် လိုက်ရေးနေရတာက အချိန်ကုန်သွားမှာစိုးလို့။ [77] ပထမတုန်းက ဦးဇင်း စာအုပ်တစ်အုပ် ရေးဖို့တော့ ကြိုးစားခဲ့တယ်၊ စဉ်းစားခဲ့တယ်။ [78] နောက်ပိုင်း ဒီစာအုပ်ကို တွေ့လိုက်တဲ့အချိန်မှာ ဪ ကိုယ်သွားချင်တဲ့ ပုံစံမျိုးလေးလည်း ဖြစ်နေတာနဲ့ ဒီစာအုပ်ဟာ သင့်တော်တယ်ဆိုပြီး ဒီစာအုပ်ကို ဦးဇင်းတို့ ရွေးချယ်လိုက်ပါတယ်။ [79] အဲ့တော့ ဘုရားရှင်အလိုတော်ကျ ကိုးကွယ်ဆည်းကပ်နည်းဆိုတဲ့ ဒီ သာသနာရေးဦးစီးဌာနက ထုတ်တဲ့ စာအုပ်ကိုပဲ ကျောရိုးထားပြီး သင်ကြားပေးပါမယ်နော်။ [80] ဒါဆို ဦးဇင်းတို့ စလိုက်ရအောင်နော်။ [81] အားလုံး စာအုပ်တွေ ရထားပြီးသား ဖြစ်ပါလိမ့်မယ်။ စာမျက်နှာ ၁၀ လောက်က စရအောင်နော်။ [82] စာမျက်နှာ ၁၀ မှာ ဦးဇင်းတို့ ခေါင်းစဉ် အခန်း ၁ က ဒါ ဒကာ ဒကာမတွေ သံဃာတော်များနဲ့ နေ့စဉ် ထိတွေ့နေတဲ့ ကိစ္စက [83] ဆွမ်းခဲဖွယ်ဘောဇဉ် ဆက်ကပ်ပုံ ဆက်ကပ်နည်းဆိုတဲ့ ကိစ္စပါပဲနော်။ [84] ဆွမ်းကပ်တယ်ဆိုတာကို တချို့က ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့တော့ ပြောမှာပေါ့၊ အရှင်ဘုရား... [85] ဆွမ်းကပ်တာပဲ လွယ်တာပေါ့လို့ ပြောမှာပေါ့၊ မဟုတ်ပါဘူးနော်။ [86] သူ ဆွမ်းကပ်တဲ့အခါမှာ ကပ်ရာရောက်တဲ့နည်းနဲ့ မကပ်ရာရောက်တဲ့နည်းဆိုတာ ရှိတယ်။ [87] ရဟန်းတော်များသည် မိမိရှေ့မှောက် ရောက်ရှိနေသော ဆွမ်းခဲဖွယ်ဘောဇဉ်များကို ကိုယ်တိုင်ယူ၍ မဘုဉ်းပေး မသုံးဆောင်ကောင်းပါချေ။ [88] ကပ်မိသူများက ဆက်ကပ်မှသာ ဘုဉ်းပေးသုံးဆောင်ကောင်းပါသည်။ ဤသို့ ဆက်ကပ်မှ စားခြင်းကား မြတ်စွာဘုရားရှင်၏ ပညတ်ချက် ဥပဒေစည်းမျဉ်းကြောင့်သာ ဖြစ်သည်။ [89] ဝိနည်းစည်းကမ်းဆိုတာမှာ ရည်ရွယ်ချက် အားလုံးပေါင်း ၁၀ ချက်ရှိတယ်။ အဲဒီမှာ အဓိက နှစ်ချက်ကို ပြောချင်တာ။ [90] တစ်ချက်ကတော့ အကုသိုလ်တွေ မဖြစ်ရအောင် မြတ်စွာဘုရား ဝိနည်းပညတ်တာပေါ့။ [91] ဥပမာ သူများအသက်ကို မသတ်ရဆိုတာ ပါဏာတိပါတ အကုသိုလ်ဖြစ်လို့ ဘုရားတားထားတာ။ [92] နံပါတ်နှစ်ကတော့ ဒကာဒကာမတွေ အကြည်ညိုမပျက်သွားအောင် ပညတ်ထားတဲ့ ဝိနည်းဖြစ်ပါတယ်။ [93] အကုသိုလ်တော့ မဖြစ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဒကာဒကာမတွေ အကြည်ညိုမပျက်သွားအောင် အကြည်ညိုတိုးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပညတ်ထားတာ။ [94] အခု ဦးဇင်းတို့ ဒီမှာ ဆွမ်းတွေ စားစရာတွေကို ရဟန်းတွေ အကပ်မခံဘဲနဲ့ စားရင် ဘာဖြစ်လဲ၊ အကုသိုလ်ဖြစ်သလား။ [95] မကပ်ဘဲနဲ့ စားတော့ အကုသိုလ်ဖြစ်သလားဆိုတော့ မဖြစ်ဘူး၊ ဒါပေမဲ့ အကြည်ညို ပျက်သွားနိုင်စရာ ရှိတယ်ပေါ့။ [96] ဒါကြောင့် မြတ်စွာဘုရားက ဒကာဒကာမတွေ အကြည်ညိုမပျက်ရအောင် ဆိုပြီးတော့ ဝိနည်းတွေ ပညတ်ရတာမျိုးပါ။ [97] ဝိနည်းပညတ်ခြင်းရဲ့ ရည်ရွယ်ချက် နှစ်ချက်ရှိတယ်နော်။ တစ်ချက်က အကုသိုလ်တွေကို တားဖို့၊ တစ်ချက်က အကြည်ညိုတိုးစေဖို့ပါ။ [98] ဒါကြောင့်မို့လို့ အဲဒီအချက်လေးတွေကို သတိထားပြုပါနော်။ [99] တစ်ခါတစ်လေ ဒီခေတ်မှာတော့ ဒါတွေမလိုတော့ပါဘူး၊ ဒါတွေပယ်လိုက်ပါဆိုတာမျိုးတွေ မပြောကောင်းဘူးပေါ့နော်။ [100] အဲဒီနောက် မြတ်စွာဘုရားရှင်က ဒီရဟန်းတော်တွေကို ကပ်မစားရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ [101] ဒီမှာ background history လေးကို ဒီမှာ ထည့်ပေးထားပါတယ်၊ အကျဉ်းချုပ်လေးပေါ့နော်။ [102] မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မိဂဒါဝုန်တောမှာ သီတင်းသုံးနေတော်မူစဉ် [103] ရဟန်းတစ်ပါးသည် သုဿန်၌ ပံသုကူဓုတင် ဆောက်တည်လျက်ရှိသည်။ [104] ထိုရဟန်းသည် လူအများက ကောင်းမွန်လှသော ဆွမ်းသင်္ကန်းတို့ကို လာရောက်လှူသော်လည်း လက်ခံလိုခြင်းအလျဉ်းမရှိ၊ [105] သုဿန် သစ်ပင်ရင်း အမှိုက်ပုံတို့၌ လူအများက သေလွန်ပြီးသော မိဘ ဦးကြီး ဦးလေးတို့ [106] စားသောက်ရန် ရည်စူး၍ ချထားခဲ့သော ဆွမ်းဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စားသောက်သုံးဆောင်လေ၏။ [107] ထိုရဟန်းသည် သုဿန်၌ စိတ်တိုင်းကျ စားနေရသဖြင့် ခန္ဓာကိုယ် ဆူဖြိုး၍ အသားဝင်းလျက်ရှိသည်တဲ့။ [108] ဦးဇင်းတို့ ရဟန်းတော်များက ပံသုကူဓုတင်ဆိုတာ ဓုတင် ၁၃ ပါးထဲမှာ ရှိတယ်ပေါ့။ [109] အဲဒီထဲမှာ ပံသုကူဓုတင်ရဲ့ သဘောတရားကတော့ သူက သင်္ကန်းကိုပဲ ပြောတာ။ [110] ဒကာ ဒကာမတွေ ကိုယ်တိုင်လာရောက်ကပ်တဲ့သင်္ကန်းကို မဝတ်ဘူး၊ သုဿန်မှာ ပစ်ထားတဲ့သင်္ကန်း၊ [111] လမ်းမှာ ပစ်ထားတဲ့သင်္ကန်း၊ အဲဒါမျိုးကို ပံသုကူသင်္ကန်းဆိုပြီး ဝတ်ကြတာ ဘုရားခွင့်ပြုတာ။ [112] အဲတော့ ဒီရဟန်းက သူက နည်းနည်းလွန်သွားတယ်ပေါ့၊ over ဖြစ်သွားတာ။ [113] ဘယ်လိုဖြစ်သွားလဲဆိုတော့ သူက ဘယ်ဟာကိုမှ ငါ လူတွေလှူတာမသုံးဘူး၊ ဆွမ်းကိုလည်း လူတွေလှူတာမစားဘူး၊ [114] ပံသုကူပဲ ကောက်စားမယ်၊ သင်္ကန်းဆိုလည်း ပံသုကူဝတ်မယ်၊ အကုန်လုံးကို သူက သဗ္ဗပံသုကူလိကလို့ ခေါ်တာ။ [115] သေသွားတဲ့ ပုဂ္ဂိုလ်တွေ စားရသောက်ရတယ်လို့ သူတို့က ယူဆကြတာ။ [116] ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာကျတော့ အဲ့လိုမဟုတ်ဘူးနော်။ အမျှပေးဝေရတာ။ [117] ကုသိုလ်ကို share လုပ်ပေးမှ တမလွန်ဘဝက လူတွေ ရတယ်လို့ ယူဆတယ်။ [118] အိန္ဒိယနဲ့ မြန်မာနိုင်ငံ ယူဆမတူဘူးပေါ့။ အိန္ဒိယမှာက အဲ့လိုမျိုး ယူဆတာ။ [119] သေလွန်သွားတဲ့ ပုဂ္ဂိုလ်တွေကို စားစရာတွေကို သုဿန်မှာ သွားပစ်ပေးလို့ရှိရင် သူတို့ စားရတယ်။ [120] အဲ့လိုမျိုးပေါ့။ အဲ့တော့ အခုလည်း ဒီမှာ သုဿန်မှာ အဲ့ဒီ ဒကာ ဒကာမတွေက သူတို့ မိဘ ဦးလေးတွေကို ရည်စူးပြီးတော့ သွားပစ်ထားတာ။ [121] ဘုန်းကြီးကလည်း အဲ့ဒါတွေကိုပဲ ကောက်ကောက်စားနေတာ။ [122] ကောက်ကောက်စားနေတဲ့ အခါကျတော့ သူက စိတ်တိုင်းကျ ကောင်းတာတွေကို ရွေးစားတဲ့ အခါကျတော့ ခန္ဓာကိုယ်က ဆူဖြိုးလာတာပေါ့နော်။ [123] အဲ့တော့ လူတွေက သုဿန်၌ အလိုရှိတိုင်း စားနေရ၍ အလွန်ဝနေသော ရဟန်းကို မြင်ရသောအခါမှာ [124] ဤရဟန်းသည် လူသားစားရ၍သာ ဤသို့ ဝနေခြင်း ဖြစ်မည်ဟု ထင်ကာ ကဲ့ရဲ့ရှုတ်ချကြ၏ တဲ့။ [125] လူတွေက အထင်လွဲသွားတာ။ ဒီဘုန်းကြီး သုဿန်မှာ နေပြီးတော့ လူသားစားနေတယ်လို့ လူတွေက ထင်သွားကြတာ။ [126] အဲ့တော့ အပြစ်တင်တာပေါ့နော်။ အဲ့တော့ ဝိနည်းတော်တော်များများက လူတွေ ကဲ့ရဲ့လို့ ပညတ်တာ ဖြစ်ပါတယ်။ [127] တော်တော်များများ ဦးဇင်းတို့ ဝိနည်းစာအုပ်ကို ဖတ်ကြည့်လိုက်မယ်ဆိုရင် ပါဠိလို ပြောမယ်ဆိုရင် ဥဇ္ဈာယန္တိ ခီယန္တိ ဝိပါစေန္တိ ဆိုတာ [128] ရှုံ့ချကြကုန်၏၊ အပြစ်တင်ကြကုန်၏ ဆိုတာ ခဏခဏပါတယ်။ [129] အဲ့တော့ ဝိနည်းတော်တော်များများဟာ လူတွေက အမြင်မတော်လို့ ဟာ ရဟန်းဒါမျိုးနဲ့ ဒီလိုလုပ်ရသလား၊ ဒီလိုနေရသလား၊ ဒီလိုပြောရသလား ဆိုပြီး လူတွေက ကဲ့ရဲ့တာ။ [130] ကဲ့ရဲ့တဲ့ အခါမှာ မြတ်စွာဘုရားက လူတွေ အကြည်ညိုပျက်သွားရင် သာသနာ တည်ဖို့ ခက်သွားမယ်။ [131] လူတွေ အကြည်ညိုပျက်သွားရင် ဦးဇင်းတို့ သံဃာတော်တွေ သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါး ရပ်တည်လို့ မရတော့ဘူး။ [132] သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါး ရပ်တည်လို့ မရရင် ဦးဇင်းတို့ ဘုန်းကြီးတွေ ပရိယတ္တိ ပဋိပတ္တိ အားထုတ်ဖို့ အတော်ခက်သွားမယ်။ [133] ဒါကြောင့် မြတ်စွာဘုရားက ဝိနည်းပညတ်တာဟာ လူတွေ ကဲ့ရဲ့တဲ့ အခါမှာ အကြည်ညို မပျက်သွားအောင်၊ အကြည်ညို တိုးအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝိနည်းပညတ်တာ ဖြစ်ပါတယ်။ [134] ဒီအချက်ကို ဦးဇင်းတို့ ကောင်းကောင်း သတိထားဖို့ လိုပါတယ်။ [135] လူတွေ အကြည်ညို ပျက်သွားတဲ့ အလုပ်မျိုး ရဟန်းတော်တွေ မလုပ်သင့်ဘူးပေါ့။ [136] အခုလည်း မြတ်စွာဘုရားက အကုသိုလ်ဖြစ်လို့ မမဟုတ်ဘူးနော်။ လူတွေက ကဲ့ရဲ့တယ်။ [137] ဟာ ဘုန်းကြီး သုဿန်မှာ နေပြီးတော့ လူသားတွေ စားနေလား မသိဘူး ဆိုပြီး လူတွေက ကဲ့ရဲ့တဲ့ အခါမှာ ဘုရားက အဲ့ဒီမှာ [138] ဤသို့သော အကြောင်းကြောင့် ဝိနည်းကို ပညတ်တော်မူခြင်း ဖြစ်ပါတယ်။ [139] ဤသို့ အဖြစ်အပျက်ကို ဘုရားရှင် ကြားသိတော်မူသောအခါမှာ မကြည်ညိုသေးသောသူများ ကြည်ညိုလာစေရန် [140] ဒီအချက်ကလေးနော်။ ခုနက ဦးဇင်း စပြောခဲ့ပါတယ်။ ဝိနည်းပညတ်တယ်ဆိုတာ [141] အကုသိုလ်တွေ မဖြစ်အောင် တားတာလည်း တစ်ကြောင်း၊ ဒကာ ဒကာမတွေ အကြည်ညို မပျက်သွားအောင် ပညတ်တာက တစ်ကြောင်းနော်။ [142] အခုလည်း ဒီမှာ မကြည်ညိုသေးသောသူများ ကြည်ညိုလာစေရန် ကျင့်ကြံနေထိုင်ရသော ဤသာသနာတော်၌ ရဟန်းတော်များသည် [143] ဆွမ်းခဲဖွယ်ဘောဇဉ် အာဟာရများကို ဆက်ကပ်သူများက ကိုယ်ထိလက်ရောက် မဆက်ကပ်ဘဲ ကိုယ်တိုင်ယူ၍ မဘုဉ်းပေး မသုံးဆောင်ရ။ [144] ဘုဉ်းပေးသုံးဆောင်လျှင် ပါစိတ်အာပတ် အပြစ်သင့်ရောက်စေဟု ဘုရားက စည်းကမ်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဒါက နောက်ခံသမိုင်းကြောင်းလေးပေါ့။ [145] ဘာကြောင့် ရဟန်းတော်တွေ ဆွမ်းကို အကပ်ခံပြီးမှ စားရသလဲဆိုတဲ့ နောက်ခံသမိုင်းကြောင်းလေးပါ ဦးဇင်းတို့ သိထားတော့ ပိုကောင်းသွားတာပေါ့နော်။ [146] အဲတော့ အဲဒီမှာ ဘာအာပတ်လဲဆိုတော့ ပါစိတ်အာပတ်လို့ သုံးထားပါတယ်။ ဗဟုသုတလေးပေါ့နော်။ [147] ပါစိတ်ဆိုတာက အဓိပ္ပာယ် ဘာလဲဆိုတော့ ဦးဇင်းတို့ definition စာထဲမှာ ပြောတဲ့အခါမှာ ကုသလစိတ္တံ ပါတေတီတိ ပါစိတ္တိယံတဲ့။ [148] ကုသလစိတ္တံ ကုသိုလ်စိတ်ကို ပါတေတိ ကျရောက်စေ၏ ဝါ ပျက်ပြားစေ၏။ ဣတိထို့ကြောင့် ပါစိတ္တိယံ ပါစိတ်မည်၏ဆိုတာ [149] ကုသိုလ်စိတ်တွေကို ပျက်စီးစေတယ်တဲ့နော်။ ဒါ ပါစိတ်ရဲ့ အဓိပ္ပာယ်နော်။ ကုသိုလ်စိတ်တွေကို ပျက်စီးစေလို့ ဒါ ပါစိတ်လို့ ခေါ်တာ။ [150] အဲတော့ ရဟန်းတော်တွေမှာ ဒီအာပတ်တွေကို လွန်ကျူးရင် အကုသိုလ် ဖြစ်သွားနိုင်တာပေါ့။ တချို့တချို့ ဝိနည်းတော်တွေက လွန်ကျူးရင် အကုသိုလ် ဖြစ်တယ်။ [151] နောက် သိလျက်သားနဲ့ပေါ့နော်။ ဒါတွေ မလုပ်ရပါဘူးဆိုတာကို သိလျက်သားနဲ့ လုပ်ရင် ဘာဖြစ်လဲဆိုတော့ ဘုရားရှင်ရဲ့ အာဏာစက်ကို မရိုသေ မလေးစားရာ ရောက်တယ်လေ။ [152] ဦးဇင်းတို့ လူ့လောကမှာ မိဘတွေက ပြောတယ်။ ဟဲ့ နင် အပြင်မသွားနဲ့နော်။ အပြင်ကို မထွက်နဲ့နော် ဘယ်မသွားနဲ့နော်လို့ တားတယ်။ [153] အဲတော့ လူငယ်တွေက မရဘူး နားမထောင်ဘူး ထွက်တယ် သွားတယ်ဆိုတော့ ဒါ မိဘလူကြီးတွေကို မရိုသေတာ အားမနာတာ။ [154] ဒီအတိုင်းပဲ ဘုရားက မလုပ်ပါနဲ့လို့ ပြောတဲ့ဥစ္စာကို ဒါ လုပ်တယ်ဆိုရင် ဒါ ဘုရားကို အားမနာတာပေါ့နော်။ [155] နော်။ အဲ့တော့ ဘုရားကို အားမနာဘူးဆိုတာ ဒါ အကုသိုလ်ဖြစ်တယ်လို့ ခေါ်တာ။ [156] ဟို ဒုလ္လဘဝတ်တဲ့အခါမှာ မသိလို့ နားမလည်လို့ လုပ်မိတာကတော့ အကုသိုလ်မဟုတ်သေးဘူးပေါ့။ [157] အဲ သိရဲ့သားနဲ့ ဒါမလုပ်ကောင်းဘူးဆိုတာ သိသွားပြီဆိုရင် ဒါ မလုပ်သင့်ဘူး။ [158] အဲ လုပ်တယ်ဆိုလို့ရှိရင် ဒါ ဘုရားကို အားမနာတာ ဘုရားကို မရိုသေတာ နော်။ [159] အဲ့တော့ ဒါ ခုနက ဗဟုသုတအဖြစ် ပါစိတ်အာပတ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာကို ပါစိတ်ခေါ်သလဲလို့ မေးရင် [160] ကုသိုလ်စိတ်ကို ပျက်ပြားစေတတ်တဲ့ သဘောတရားကို ပါစိတ်အာပတ်လို့ ခေါ်တယ် နော်။ [161] အဲ့တော့ ဒီ ရဟန်းတော်တွေ အကပ်ခံမှ ဘုန်းပေးသုံးဆောင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ [162] ဒီမှာ ဝိနည်းတော်ကို ဘာသာပြန် တိုက်ရိုက်ဘာသာပြန်ထားတာလေး ပါပါတယ် နော်။ [163] စာမျက်နှာ ၁၁ မှာ ထိုပညတ်ချက် စည်းကမ်းမှာ ဆိုပြီးတော့ တစ်ပိုဒ်လုံးကို ဘာသာပြန်ထားတာပါ အဲ့ဒါ နော်။ [164] ဣတိမလွဲ ဘာသာပြန်ထားချက်လေးပဲ။ အကြင်ရဟန်းသည် ရေနှင့် ဒံပူကို ကျင်ထား၍ [165] မပေးမကပ်အပ်သော အစာအာဟာရကို ခံတွင်းဝသို့ ဆောင်အံ့ ဝါ စားမျိုအံ့ [166] ထိုရဟန်းသည် ပါစိတ်အာပတ် အပြစ်သင့်ရောက်စေဟု ဖြစ်သည် နော်။ [167] ဒါ ဝိနည်းသိက္ခာပုဒ် ပါဠိတော်ကို တိုက်ရိုက်ဘာသာပြန်ထားတာ။ [168] အဲ့တော့ ရေနှင့် ဒံပူကို ကျင်ထား၍ဆိုတော့ ရေကို ကပ်စရာမလိုဘူး။ [169] နောက် ဒံပူ ကပ်စရာမလိုဘူးပေါ့နော်။ အဲ့တော့ ရေရယ် ဒံပူမှတစ်ပါး တခြား စားစရာမှန်သမျှ [170] နော် ပါးစပ်ထဲကို ထည့်ပြီး မျိုချရမယ့်ဟာမှန်သမျှ ဒါ ဦးဇင်းတို့ ဘာလုပ်ရမလဲ အကပ်ခံဖို့ လိုတယ်။ [171] အဲ့တော့ အကပ်မခံဘဲနဲ့ စားလိုက်မယ်ဆိုလို့ရှိရင် ဒါ ပါစိတ်အာပတ်သင့်တယ်ပေါ့။ [172] ဒါ ဒကာ ဒကာမတွေနဲ့ သံဃာတော်များ တိုက်ရိုက် နေ့စဉ် ပတ်သက်နေတဲ့ စားစရာနဲ့ ပတ်သက်တဲ့ ကိစ္စလေးတစ်ခု ဖြစ်ပါတယ် နော်။ [173] အဲ့တော့ ထို့ကြောင့် ရဟန်းသံဃာတော်များအား ဆွမ်းစားသည် ဆက်ကပ်လှူဒါန်းသောအခါမှာ [174] သန့်စင်ကြည်လင်သော သောက်ရေနှင့် ဒံပူတို့ကို ကပ်ရန်မလိုပါ။ [175] အဲ့ဒီမှာ သန့်စင်ကြည်လင်သော ရေလို့ ပြောထားတယ် နော်။ [176] အိုကေ မသန့်တဲ့ရေဆိုရင်တော့ ကပ်ဖို့လိုတယ်ဆိုတဲ့ သဘောပြောချင်တာ။ [177] တချို့ အဲ့ဒါမေးတယ်။ အရှင်ဘုရား ရေကပ်ဖို့လိုသလားလို့ တချို့က မေးတယ် နော်။ [178] အဲ့တော့ ရေမှာ ကပ်ဖို့လိုတဲ့ ရေရှိတယ်၊ ကပ်ဖို့မလိုတဲ့ ရေရှိတယ်ပေါ့ နော်။ [179] ရေက အနည်တွေ ပါနေမယ်၊ ဖုန်မှုန့်တွေ ပါနေမယ်ဆိုရင် အဲ့ဒီရေဟာ ကပ်ဖို့လိုပါတယ် နော်၊ ကပ်ဖို့လိုတယ်။ [180] အဲ သောက်ရေသန့်တွေ ဆိုရင်တော့ မကပ်ဘဲနဲ့ ကိုယ့်ဘာကိုယ် ယူသောက်လို့လည်း ရတယ်ပေါ့။ [181] ဟုတ် ဒံပူဆိုတာတော့ ဒီနေ့ခေတ် အသုံးနည်းသွားပါပြီနော်။ ဦးဇင်းတို့ အိန္ဒိယတို့မှာတော့ ယနေ့အချိန်ထိ သုံးတယ်ပေါ့။ [182] အောက်မှာ ရှင်းပြထားပါတယ်။ ဒံပူဟူသည် အိန္ဒိယထုံးစံအားဖြင့် သွားဖြင့်ဝါးကာ ဒံပူရည် ထွက်လာအောင် ဝါးလေ့ရှိ၏။ [183] ထိုအရည်ထွက်မှ သွားပိုးမစားနိုင်ဘဲ သွားစင်ကြယ်ခိုင်ခံ့သည်ဟု အယူရှိသည်၊ တမာသား၊ ဇီးသား စသည်ကို လက်လေးငါးသစ်ခန့် အရှည်ပြုလုပ်ကြသည်။ [184] အဲတော့ ဒံပူဆိုတာ ဦးဇင်းတို့ ယနေ့ခေတ် သွားတိုက်တံလို့လည်း ပြောကြတယ်ပေါ့နော်။ တကယ်တော့ ဒီနေ့ခေတ် သွားတိုက်တံနဲ့ ဒံပူနဲ့ ဘာမှမဆိုင်ပါဘူး။ [185] ဒံပူဆိုတာက အဲဒီ တမာရိုးတို့ပေါ့နော်။ သူက ဒံပူမှာလည်း ဝိနည်းစည်းကမ်းတစ်ခုရှိတာက လက်လေးသစ်ထက်လည်း အတိုမထားရဘူး။ [186] ဒါ ဒံပူနဲ့ပတ်သက်တဲ့ ဝိနည်းတစ်ခုလည်း ဒီမှာ ကြုံတုန်းမှတ်ထားလိုက်ပေါ့နော်။ ဒံပူသည် ဘယ်လောက်အတိုထားခွင့်ရှိသလဲဆိုတော့ လက်လေးသစ်အောက်ကို မလျော့ရဘူး။ [187] နောက် အရှည်ကျလို့ရှိရင် လက်ရှစ်သစ်ထက် မပိုစေရဘူး။ ဒါလေးလည်း ဗဟုသုတလေး ကိုယ့်ဘာကိုယ် နှုတ်ထုတ်ထားပေါ့နော်။ [188] ဒီထဲမှာ မပါဘူး။ အဲဒါကြောင့် ဦးဇင်း တချို့ဟာလေးတွေကို ဖြည့်စွက်ပြီး ပြောသွားမယ်။ [189] ပြီးရင် ဒီထဲမှာ ကိုယ်မရှင်းတာလေးတွေရှိရင် ဦးဇင်းပြောတဲ့အခါမှာ သဘောမပေါက်တာလေးတွေရှိရင် ပြန်ပြီးတော့ မေးပေးပါနော်။ [190] အဲဒီတော့ အခု ဒံပူရဲ့ပမာဏကို မှတ်ထားပေါ့။ ဒံပူဆိုတာ ဦးဇင်းတို့ တမာရိုးတို့ ခုနက ဇီးရိုးတို့ အဲဒါလေးတွေကို အပိုင်းပိုင်း ဖြတ်ပြီးတော့ ဝါးရတာပါ။ [191] အဲတော့ ဘယ်လောက်လောက် ထားရမလဲဆိုတော့ လက်ရှစ်သစ်ထက်လည်း မရှည်စေရဘူး၊ လက်လေးသစ်အောက်လည်းပဲ လျော့မသွားစေရဘူး။ [192] အဲဒါနဲ့ပတ်သက်ပြီး ဦးဇင်းတို့ ငယ်ငယ်တုန်းကပေါ့နော်။ ဒီပါဠိစာပေတွေ မသင်ခင်တုန်းကပေါ့ သံသယဖြစ်တာ တစ်ခုပေါ့လေ။ [193] တော်တော်များများ စာအုပ်တချို့မှာက ဒံပူကို သွားတိုက်တံလို့ ဘာသာပြန်လိုက်ကြတာကိုး။ [194] ဒံပူကို သွားတိုက်တံလို့ ဘာသာပြန်တော့ ဦးဇင်းတို့က ဘာသံသယဖြစ်သွားသလဲဆိုတော့ အာ ဒါဆိုလို့ရှိရင် ဒီနေ့ခေတ် သွားတိုက်တံတွေက လက်ရှစ်သစ်ထက် ရှည်တယ်လေ။ [195] ဦးဇင်းတို့ တိုင်းကြည့်တယ်ပေါ့နော်။ လက်ဆယ်သစ်လောက်တော့ ရှိတယ်။ ဟာ အဲဒါဆိုရင် ဒီသွားတိုက်တံတွေ မအပ်တော့ဘူးလားပေါ့။ [196] ဦးဇင်းတို့ကနော် သွားတိုက်တံလေး ဖြတ်ရတော့မယ်လို့ ယူဆလိုက်တယ်။ [197] အဲ့ဒါနဲ့ ဦးဇင်းတို့ လက်တစ်သစ် တိုင်းကြည့်တယ်။ တိုင်းကြည့်ပြီးတော့ ပိုနေတဲ့ အပိုင်းကို ဦးဇင်းတို့ ဓားနဲ့ ဖြတ်ပစ်လိုက်ရော။ [198] ဒန်ပူကို ဦးဇင်းတို့က ဖြတ်ပစ်လိုက်ရော။ အဲ့ဒီ သွားတိုက်တံကို ပေါ့နော်။ [199] သွားတိုက်တံကို ဖြတ်ဖြတ်ပြီး ဦးဇင်းတို့ အရင်တုန်းက ကလေးဘဝတုန်းက ကိုရင်ဘဝတုန်းက သုံးဖူးပါတယ်။ [200] နော်။ နောက်ပိုင်း ကြီးလာမှ ပြန်စဉ်းစားတဲ့အခါမှာ အော် ဒန်ပူနဲ့ သွားတိုက်တံ မဆိုင်ဘူးလေ ပေါ့နော်။ [201] အော် ဒန်ပူဆိုတာက သူ့ဟာသူ ဝါးဝါးပြီးတော့ ပလုတ်ကျင်းပြီးတော့ ထွေးရတာ။ သွားတိုက်တံက ဒါ ဒါ brush ပဲ ပေါ့နော်။ [202] ဒါ မဆိုင်ဘူး ပေါ့ဒါ။ အဲ့တော့ အဲ့ဒီ နောက်ပိုင်း အဲ့လို ပါဠိစာတွေ တတ်မြောက်ပြီး နောက်ပိုင်းမှာတော့ [203] ဒီ သွားတိုက်တံကို ဖြတ်ပြီး သုံးတဲ့ အယူအဆကို ဦးဇင်းတို့ စွန့်ပစ်လိုက်ပါတယ်။ မဖြတ်တော့ပါဘူး နော်။ [204] ပကတိအတိုင်းပဲ သုံးတယ် ပေါ့။ ဘာလို့လဲဆိုတော့ သွားတိုက်တံက ဒန်ပူ မဟုတ်ပါဘူး။ [205] အဲ့တော့ ဒန်ပူဆိုတာ တမာရိုးတို့ ဘာတို့ ကို ဝါးရတာ။ အဲ့တော့ ခုနက ဒန်ပူ အကပ်ခံစရာ မလိုဘူး ဆိုတာနဲ့ ပတ်သက်ပြီးတော့ [206] အဲ့ဒါက အကယ်၍များ အဲ့ဒီ တမာရိုးကို ဝါးတဲ့အခါမှာ အဖတ်တို့ အရည်တို့က မတော်တဆ ပါးစပ်ထဲကို ဝင်သွားခဲ့ရင်တော့ [207] ဦးဇင်းတို့ အကပ်ခံဖို့ လိုပါတယ်။ ဒါကြောင့် ဒန်ပူကို တကယ်တော့ အကပ်ခံသင့်တယ်လို့ ဦးဇင်းတို့ ယူဆတယ် ပေါ့နော်။ [208] ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ ပလုတ်ဘယ်လောက်ပဲ ကျင်းပါတယ် ပြောပြော သွားကြားထဲမှာ အဲ့ဒီ အဖတ်ကလေးတွေ [209] တမာအမှုန့်ကလေးတွေ အရွက်ကလေး ဒီ အရည်လေးတွေ ကပ်ကျန်ခဲ့မယ်။ ရေသောက်တဲ့အခါမှာ တံတွေးတွေ မျိုချတဲ့အခါမှာ [210] လည်ချောင်းထဲကို ဝင်သွားမယ်ဆိုရင် ဦးဇင်းတို့ အာပတ်သင့်တော့မှာလေ။ [211] ဒန်ပူကို အကပ်မခံဘဲနဲ့ ဝါးတဲ့အခါမှာ အကယ်၍ မျိုမိသွားရင် အာပတ်သင့်မယ်။ ဒါကြောင့် ဦးဇင်းတို့ ဒန်ပူကိုလည်း အကပ်ခံသင့်တယ် ပေါ့နော်။ [212] ဟို မမျိုချဘူး လုံးဝ မဝင်ပါဘူးလို့ အာမခံရင်တော့ အကပ်ခံစရာ မလိုဘူး ပေါ့။ နော်။ [213] သူက ပါးစပ်ထဲကို မျိုချတဲ့ ဥစ္စာမှ အကပ်ခံရတာ။ မမျိုချရင် အကပ်ခံစရာ မလိုပါဘူး။ [214] ဒါကြောင့် ဦးဇင်းတို့ တချို့ မေးတာလေ ဟို လိမ်းဆေးတွေရော အကပ်ခံဖို့ လိုသလားလို့ တချို့က မေးကြတယ်။ [215] ဒဏ်ကြေလိမ်းဆေးတွေ ဆိုတော့ မျိုချတာ မဟုတ်ဘူးလေ နော်။ သူက မျိုချတာ မဟုတ်တဲ့အတွက်ကြောင့် [216] ဒဏ် ဒီ လိမ်းဆေးတွေလည်း အကပ်ခံစရာ မလိုပါဘူး။ အဲ့တော့ ဘယ်ဟာတွေကော အကပ်ခံဖို့ လိုသလဲ ဆိုလို့ရှိရင် [217] ခုန ပါးစပ်ထဲကို ဝင်ပြီး မျိုချရမယ့် ဟာမှသမျှ အားလုံး အကပ်ခံရမယ်။ [218] အဲ့ ရေဆိုတာကတော့ မျိုတော့ မျိုချတာပဲ ဒါပေမဲ့ ရေသည် စားစရာထဲမှာ မပါဘူးလေ။ [219] ရေက စားစရာထဲမှာ မပါတဲ့အတွက်ကြောင့် ဦးဇင်းတို့ ရေကို အကပ်ခံစရာ မလိုတာ နော်။ [220] ကပ်စရာမလိုတဲ့ ပစ္စည်းကို ခွဲလိုက်တဲ့အခါမှာ [221] ရေကလွဲရင်ပေါ့ ရေမှာလည်း သောက်ရေသန့်ကလွဲရင်ပေါ့နော်။ [222] သောက်ရေသန့်ကလွဲရင် ပါးစပ်ထဲကို မျိုချမိနိုင်တဲ့ [223] မျိုချရမယ့် ဥစ္စာမှန်သမျှ အားလုံးကို အကပ်ခံဖို့လိုတယ်လို့ [224] ဒီလို အကျဉ်းချုပ်ကလေး ဦးဇင်းတို့ မှတ်လို့ရတယ်။ [225] ဒါကြောင့် ကပ်စရာ အကပ်ခံစရာလိုတဲ့ ပစ္စည်းနဲ့ [226] အကပ်ခံစရာမလိုတဲ့ ပစ္စည်းကို ဒီလို ခွဲခြားနားလည်ပါနော်။ [227] အဲ့တော့ ရေ အဲ့ဒါကြောင့် မသန့်ဘူးဆိုရင် ဦးဇင်းတို့ ကပ်ဖို့လိုတယ်ပေါ့နော်။ [228] အကယ်၍ ရေတွေမှာ ဖုန်မှုန့်တွေ ဘာတွေပါရင်တော့ ကပ်ဖို့လိုတယ် ရေက။ [229] ဒါဆို ဦးဇင်းတို့ ဒန်ပူအကြောင်းလေးလည်း နည်းနည်းနားလည်ပါပြီနော် ဒန်ပူ။ [230] ယနေ့အချိန်ထိလည်း တချို့ ဆရာတော်ကြီးများ ဒန်ပူဝါးလေ့ရှိပါတယ်နော်။ [231] ထိုသန့်စင်ကြည်လင်သော သောက်ရေသည် ခဲဖွယ်ဘောဇဉ်တွင် မပါဝင်သောကြောင့်လည်းကောင်း [232] ဘာကြောင့် အကပ်ခံစရာမလိုလဲဆိုတော့ သောက်ရေဆိုတာ [233] ခဲဖွယ်ဘောဇဉ် စားစရာထဲမှာ မပါဘူး။ [234] နောက် ဒန်ပူက စားသောက်ရသော ပစ္စည်းမျိုး မဟုတ်သောကြောင့်လည်းကောင်း [235] ဒန်ပူဆိုတာ မျိုချရတဲ့ ဥစ္စာမဟုတ်ဘူး ဝါးဝါးပြီးတော့ ထွေးရတဲ့ ဥစ္စာ။ [236] ဒါကြောင့် ပင်ကိုယ်ကပင် အပ်စပ်သော ပစ္စည်းများဖြစ်၍ ကပ်ရန်မလိုခြင်းဖြစ်ပါသည်ဆိုတာနော်။ [237] ဒါ ဒန်ပူနဲ့ ရေကို ကပ်စရာမလိုရခြင်း အကြောင်း။ [238] အဲ့တော့ ရေက ဘာဖြစ်လို့ ကပ်စရာမလိုလဲမေး သန့်စင်ကြည်လင်နေတဲ့အတွက်ကြောင့် [239] စားဖွယ်ထဲမှာ မပါဘူး ကပ်စရာမလို။ [240] ဒန်ပူကျတော့ မျိုချရတဲ့ ဥစ္စာမဟုတ်လို့ ကပ်စရာမလို။ [241] အကယ်၍ မျိုချရမယ့် ဥစ္စာဖြစ်ခဲ့ရင် မျိုချမိမယ်ဆိုရင် ဦးဇင်းတို့ ကပ်ဖို့လိုတယ်။ [242] အဲ့တော့ ယနေ့ခေတ် သွားတိုက်ဆေးတွေ မေးတယ်ပေါ့။ [243] သွားတိုက်ဆေး အရှင်ဘုရား ကပ်ဖို့လိုသလားပေါ့။ [244] သွားတိုက်ဆေးက တိုက်တိုက်ပြီးတော့ ပလုတ်ကျင်းပြီး ထွေးလိုက်ကြတာကိုး။ [245] ဒါလည်း ခုန ဦးဇင်းပြောသလို အကယ်၍ သွားမှာ ကပ်ကျန်ခဲ့ပြီးတော့ [246] ရေတွေသောက်တဲ့အခါမှာ တံတွေးတွေ မျိုချတဲ့အခါမှာ [247] ပါသွားမယ်ဆိုလို့ရှိရင်တော့ ဦးဇင်းတို့ ဒါ သွားတိုက်ဆေးလည်းပဲ [248] အကပ်ခံဖို့ထဲမှာ ပါတယ်ပေါ့နော် ဒကာ ဒကာမတွေ သိဖို့လိုတာပေါ့။ [249] အဲ့တော့ အထက်ပါ ရေနှင့် ဒန်ပူမှတစ်ပါး ကျန်သော ဆွမ်း၊ အသား၊ ငါး၊ ဟင်း၊ မုန့်မျိုးစုံ၊ [250] သစ်သီးမျိုးစုံ၊ ဖျော်ရည်မျိုးစုံနှင့် ဆေးပစ္စည်းမျိုးစုံတို့ကိုကား [251] ရဟန်းတော်များ အကပ်ခံပြီးမှ ဘုန်းပေးသုံးဆောင်ကောင်းသောကြောင့် [252] ကပ်ရမည့် ပစ္စည်းများဖြစ်ပါသည်ဆိုတာ ဘယ်ဟာကပ်ရမယ် ဘယ်ဟာမကပ်ရဘူးဆို [253] ဒီလောက်ဆို ဦးဇင်းတို့ ရှင်းပြီပေါ့နော်။ [254] ဟို လိမ်းဆေးတွေကိုတော့ ဦးဇင်းတို့ မကပ်လည်းရတယ်ပေါ့နော်။ [255] ခုန သောက်စားရတာ မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်။ [256] ရထရေဏုမြူဆိုတာ အောက်မှာနော် ရထား၊ ကား၊ လှည်း စသည်တို့ သွားလာခြင်းကြောင့် ထကြွလာသော မြူမှုန့်။ [257] ရထားတွေ သွားတဲ့အခါ ဟို တောရွာတွေမှာဆိုရင် နွားလှည်းတွေ သွားတဲ့အခါမှာ ဖုန်တွေထတယ်။ [258] အဲ့ဒီ ဖုန်မှုန့်မြူသည် ဦးဇင်းတို့ ရထရေဏုမြူလို့ စာပေကျမ်းဂန်ထဲမှာ ခေါ်တယ်။ [259] အဲ့ဒါမျိုးက ဦးဇင်းတို့ အကပ်ခံဖို့ လိုတဲ့အထဲမှာ ပါတာပေါ့။ [260] ဟာ အရှင်ဘုရားကလည်း ကျဉ်းကျဉ်းထဲ ဖုန်မှုန့်ပဲ အကပ်ခံစရာ လိုသလားဆိုတော့ လိုတယ်ပေါ့နော် ဦးဇင်းတို့။ [261] ဘာလို့လဲဆိုတော့ ဖုန်မှုန့်ဟာလည်း ဦးဇင်းတို့ ဘာဖြစ်လဲဆိုတော့ ဒီ... [262] သူက ဆွမ်းတွေဘာတွေ စားတဲ့အခါမှာ ရေတွေသောက်တဲ့အခါမှာ အဲ့ဒီ ရေထဲမှာ ဆွမ်းထဲမှာ ဖုန်မှုန့်တွေ ပါသွားပြီဆိုလို့ရှိရင် ဒါ ဦးဇင်းတို့ အကပ်ပျက်သွားတယ်။ [263] အဲ့တော့ အကပ်ခံဖို့ လိုတယ်ပေါ့နော်။ အဲ့ကြောင့် ဦးဇင်းတို့ ဟို နေရောင်ထိုးတဲ့အခါမှာ မြင်ရတဲ့ ဖုန်မှုန့် မဆိုလိုဘူးပေါ့နော်။ [264] ဦးဇင်းတို့ ဒီတိုင်းဆိုရင် ဖုန်တွေကို မမြင်ရဘူး။ အခု အခန်းတွေမှာဆိုလည်း ဦးဇင်းတို့ ဖုန်တွေရှိတယ်။ လမ်းတွေမှာလည်း ဖုန်တွေရှိတယ်။ [265] ဟို နေရောင်ထိုးမှ မြင်ရတယ်ဆိုရင် ပရမာဏုမြူလို့ ခေါ်တယ်။ အရမ်း သိမ်မွေ့သွားပြီ။ [266] အဲ့လိုမျိုး ဒီ နေရောင်ထိုးမှ မြင်ရတဲ့ အမြူမှုန့်ဆိုရင် ဦးဇင်းတို့ အကပ်ခံစရာ မလိုဘူးပေါ့နော်။ [267] ဖုန်ကတော့ ရှိနေတာပဲလေနော်။ အကပ်ခံစရာ မလိုဘူး။ အဲ့တော့ ပကတိမျက်စိနဲ့ မြင်ရတဲ့ ကားသွားတဲ့အခါမှာ ထတဲ့ ဖုန်မှုန့်တွေ အဲ့ဒါမျိုးဆိုရင်တော့ အကပ်ခံရတယ်။ [268] ဒါကြောင့် ဦးဇင်းတို့ ဟို ဆွမ်းတွေဘာတွေ သွားခံတယ်ပေါ့။ ဆွမ်းခံတဲ့အခါမှာ ဟို ရှေးခေတ်တုန်းကဆိုလို့ရှိရင် သပိတ်ဖုံးမပါဘူးလေ။ [269] ဒီခေတ်ကတော့ သပိတ်ဖုံးပါတော့ နည်းနည်း သက်သာတယ်။ သပိတ်ဖုံးမပါဘူး သူက သင်္ကန်းလေးနဲ့ အုပ်အုပ်ပြီး ဆွမ်းခံကြတာ။ [270] အဲ့ဒီအခါမှာ ဦးဇင်းတို့ လမ်းဘေးနားကမှ ဆိုင်ကယ်တွေ သွားမယ်နော်။ ဒါမှမဟုတ် ခုနက နွားလှည်းတွေ သွားမယ်ဆိုရင် ဖုန်တွေ ထလာရော။ [271] အဲ့ဒီဖုန်တွေက သပိတ်ထဲကို ဝင်သွားရော။ အဲ့လိုဆို ဦးဇင်းတို့ ဘာလုပ်ရမလဲဆိုတော့ ဆွမ်းဆက်ခံလို့ မရတော့ဘူး။ [272] အဲ့ဒါဆို တွေ့တဲ့ လူတစ်ယောက်ယောက်ကို နော် သပိတ်ကို ပြန်ကပ်ပေးပါဆိုတာ ပြန်ကပ်ခိုင်းရမယ် သပိတ်ကို။ [273] ဘာလို့လဲဆိုတော့ သပိတ်ထဲမှာ ဆွမ်းထဲကို ဖုန်တွေ ဝင်သွားပြီ။ ဒါကြောင့် ဦးဇင်းတို့ ဆွမ်းခံသွားတဲ့အခါမှာ သပိတ်ထဲကို ဖုန်ဝင်သွားရင် ပြန်ပြီး အကပ်ခံဖို့ လိုတယ်ပေါ့နော်။ [274] ဒကာ ဒကာမတွေက အဲ့ဒါ သိထားရတယ်နော်။ သောက်ရေထဲသို့ ထို ရထရေဏုမြူ ကျလျှင်ကား သောက်ရေသည်... [275] အဲ မအပ်တော့ဘူး ဆိုတာနော် ခုနက [276] သောက်ရေခွက်ထဲမှာ ဖုန်တွေဘာတွေ ကျသွားရင် ဒါ အကပ်ခံဖို့ လိုတယ်။ [277] ဒါကြောင့် ဦးဇင်းတို့ တစ်ခါ စာရေးဖူးပါတယ် ဟို ဝိနည်းနဲ့ ပတ်သက်လာရင် [278] ဦးဇင်းတို့ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ဟို ခင်မွန်ဆရာတော်ကြီး ဆိုတာ ရှိတယ်နော်။ [279] အင်မတန် ဝိနည်းလေးစားတာ ခင်မွန်ဆရာတော်ကြီး ဆိုတာ။ [280] အဲဒီ ခင်မွန်ဆရာတော်ကြီးက ဘယ်လောက်တောင် ဝိနည်းကုက္ကုစ္စ ဖြစ်လဲဆိုတော့ [281] သူ ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ရှေးခေတ်တုန်းက ဟို ကျောင်းတွေက များသောအားဖြင့် [282] သက္ကယ်ဓနိမိုးကျောင်းတွေ များတာကိုး။ သက္ကယ်ဓနိမိုးကျောင်းတွေ ဆိုတဲ့အခါကျတော့ [283] အဲဒီ ဟို သက္ကယ်ဓနိမိုးတွေက ဘာလဲဆိုတော့ အမှုန်တွေကျတယ် တစ်ခါတလေကျရင် [284] ပိုးတွေစားပြီးတော့လေ။ အဲဒီအခါကျတော့ ဆရာတော်ကြီးက သံသယဖြစ်တယ် [285] သူ ဆွမ်းဘုဉ်းပေးနေတဲ့ အချိန်မှာ သူ့သပိတ်ထဲကို ခေါင်မိုးက ဓနိက [286] အမှုန်တွေကျမယ် ဆိုတာ သံသယရှိတယ် သူက။ သံသယရှိတော့ ဘာလုပ်သလဲဆိုတော့ [287] ခြင်ထောင်ထောင်ပြီး ဆွမ်းဘုဉ်းပေးတယ်တဲ့ နော်။ ခုနက ဆရာတော်ကြီးတွေ [288] ဝိနည်းနဲ့ ပတ်သက်လာရင် အဲဒီလောက်ထိကို ထူးတာပေါ့နော်။ [289] ဒါ ကြည်ညိုစရာကောင်းတယ်လို့ ပြောရမှာပဲ အစွန်းရောက်တယ်လို့ မပြောရဘူးပေါ့နော်။ [290] တချို့ကတော့ ဟာ ဒီဆရာတော်ကြီး အစွန်းရောက်တယ်လို့ ပြောကောင်းပြောနိုင်တယ်။ [291] မဟုတ်ဘူး ဒါ သူ စွမ်းနိုင်သလောက် ဗုဒ္ဓရဲ့ ဥပဒေကို အတိအကျ လိုက်နာတာ [292] ဒါ အပြစ်မပြောရဘူးနော် ကြည်ညိုရမှာ ဒါက။ [293] ဟာ ဒီဘုန်းကြီးက အစွန်းရောက်နေတာ ထွင်နေတာပဲ သူများ အထင်ကြီးအောင် လုပ်နေတာပဲလို့ [294] သွားမပြောနဲ့။ ဒါ သူ့သဒ္ဓါတရားအလျောက် ဗုဒ္ဓရဲ့ ဥပဒေကို တိတိကျကျ လိုက်နာတာနော်။ [295] ဒါ အတတ်နိုင်ဆုံး သူ့စွမ်းအားရှိသလောက် လိုက်နာတာ ဒါကို အပြစ်မပြောရဘူး။ [296] ပိုပြီး ဦးဇင်းတို့က ကြည်ညိုရမှာပေါ့နော်။ အဲတော့ ခင်မွန်ဆရာတော်ကြီး ဆိုတာ အဲလို ရှိခဲ့ဖူးတယ်။ [297] ဒါ ဖုန်ကျမှာစိုးလို့ သပိတ်ထဲကိုလေ ခြင်ထောင်ထောင်ပြီး ဆွမ်းဘုဉ်းခဲ့တဲ့ [298] ဒါ ဟို သာသနာမှာ မှတ်တမ်းတင်ထားတဲ့ ဥစ္စာလေးတစ်ခုပေါ့။ [299] ဒါကြောင့် ဦးဇင်းတို့ ဒီ ဖုန်မှုန့်တွေနော် ပကတိမျက်စိနဲ့ မြင်ရတဲ့ ဖုန်မှုန့်တွေ [300] သောက်ရေခွက်ထဲကို ကျသွားရင် ဆွမ်းခွက်ထဲကို ကျသွားရင် ပြန်ကပ်ဖို့ လိုပါတယ်နော်။ [301] ပြန်ကပ်ဖို့ လိုပါတယ်။ ရေစစ်ဖြင့် စစ်ထားသော သောက်ရေ အကပ်ခံရန် မလိုပါ ဆိုတော့။ [302] ရေစစ်တွေ လှူကြတာ။ ဒါလည်း သတိထားစရာ တစ်ခု ဦးဇင်းတို့ ယနေ့ခေတ် [303] ပရိက္ခရာ ရှစ်ပါး လှူတဲ့အခါမှာ ကလေးကစားစရာ ရေစစ်ကောင်းကောင်း မပါဘူးပေါ့။ [304] ရေစစ်ကောင်းကောင်း မပါဘူး။ ဘာ ဦးဇင်းတို့ ငယ်ငယ်တုန်းက ဘာပါလဲဆိုတော့ [305] ခွက်ကလေးတစ်ခွက် ပါတယ် သေးသေးလေး။ ခွက်ကလေးတစ်ခွက်လေး ဒီ ပလတ်စတစ်ခွက်ကလေးပေါ့။ [306] အပြင်ကနေပြီးတော့ ဘာသုတ်ထားလဲ ငွေရောင်လေးတွေ သုတ်ထားတဲ့ခွက်။ [307] နော် သူက ဓမ္မကရိုဏ်း ရေစစ်ဆိုပြီးတော့ သူတို့က ပြောပြီးတော့ ပရိက္ခရာထဲ ထည့်ထားတာပေါ့။ [308] ဆိုတော့ အဲ့ဒီခွက်က တကယ်တော့ ဘာမှ လုပ်မရတဲ့ ခွက်ပဲ ပလတ်စတစ်ခွက်ကလေးပေါ့။ [309] အဲ့တော့ တကယ်တော့ သူက မေးကြည့်တယ် ဘာလို့ထည့်ထားတာလဲဆိုတော့ ရေစစ်ကိုယ်စား ထည့်ထားတာပေါ့နော်။ [310] အဲ့တော့ ရေစစ်ဆိုတာက ဦးဇင်းတို့ နှစ်မျိုးရှိတယ်ပေါ့။ အခု ယနေ့ခေတ် သုံးနေတဲ့ အဝတ်ရေစစ်နော်။ [311] ဟို လူတွေသုံးနေတဲ့ အဝတ်ရေစစ် တစ်မျိုးရှိတယ်။ နောက် ဓမ္မကရိုဏ်းဆိုတာ တစ်ခုရှိတယ်ပေါ့။ [312] ဓမ္မကရိုဏ်းဆိုတာ အဲ့ဒီခွက်ကိုပဲ နောက်ဖင်ကနေပြီးတော့ သူက အပေါက်ဖောက် [313] ရှေ့ကနေပြီး အပေါက်ဝကို ဦးဇင်းတို့ အဝတ်ပိတ်စနဲ့ စည်းထားတာ။ [314] အဲ့ဒါကို ဦးဇင်းတို့ စစ်ပြီးသောက်ရတာပေါ့ ဓမ္မကရိုဏ်းခေါ်တယ်။ [315] အဲ့ဒါကို အဲ့ဒီ ဓမ္မကရိုဏ်းကိုယ်စား ယနေ့ခေတ်ကျတော့ မရှိတော့ဘူး။ [316] ဟို ဦးဇင်းတို့ ဇောတိက သင်္ကန်းတိုက်တို့မှာတော့ တစ်ခါတလေ တွေ့မိတယ်ပေါ့။ [317] အဲ့ဒီ ဓမ္မကရိုဏ်း သူတို့ ဒီသင်္ကန်းတိုက်ကနေ ထုတ်တာမျိုးလည်း တွေ့မိတယ်ပေါ့နော်။ [318] တခြား ဓမ္မကရိုဏ်းတွေတော့ မြန်မာနိုင်ငံမှာ သိပ်မတွေ့မိတော့ဘူး။ [319] အဲ့တော့ ရေစစ်က အဲ့လို နှစ်မျိုးရှိတယ်ပေါ့။ အများသုံး အဝတ်ရေစစ် တစ်မျိုးရှိတယ်။ [320] နောက် ခုနက ဓမ္မကရိုဏ်း ရေစစ်တစ်မျိုးရှိတယ်။ အဲ့တော့ နှစ်မျိုးရှိတယ် ရေစစ်ကနော်။ [321] ဘယ်ဟာနဲ့မဆို ဦးဇင်းတို့ စစ်သောက်လို့ရတယ်။ ဒီတော့ ဦးဇင်းတို့ ပရိက္ခရာရှစ်ပါး လှူတဲ့အခါမှာ [322] အပ်စပ်ခံစရာ လိုတဲ့ မလိုတဲ့ ပစ္စည်းကို ကျွန်တော်တို့ နားလည်သွားပြီဆိုရင် [323] ဘယ်လိုကပ်ရမလဲဆိုတဲ့ အပိုင်းက ဒုတိယတစ်ပိုင်း ထပ်လာတာပေါ့နော်။ [324] ကပ်ပုံကပ်နည်းက တစ်ပိုင်းလာမယ်။ [325] ကဲ ဦးဇင်းတို့ အဓိက အနှစ်ချုပ် မှတ်ချင်တယ်ဆိုလို့ရှိရင် [326] ပါးစပ်ထဲကို စားမျိုရတဲ့ ပစ္စည်းမှန်သမျှသည် အကပ်ခံဖို့ လိုတယ်၊ [327] အကပ်မခံလို့ မရဘူးဆိုတာကို အနှစ်ချုပ်လေး မှတ်ထားလိုက်ရင်တော့ ဒါ ရှင်းပါတယ်နော်။ [328] ဒါဆိုရင် ဦးဇင်းတို့ ဘယ်လိုကပ်ရမလဲ၊ ဒီဘက်လာခဲ့ပါဦး၊ [329] စာမျက်နှာ ၁၂ မှာ အားလုံးကြည့်ပါဦး၊ စာမျက်နှာ ၁၂၊ [330] အကပ်မြောက် အင်္ဂါငါးပါးတဲ့၊ ကပ္ပဗုံကန္ဒီ ရှိတယ်နော်။ [331] ၁။ ကဲ အားလုံး ပြိုင်တူလေး ဖတ်ကြည့်လိုက်ပါလား ခဏလောက်။ [332] ကပ်မိသူက ကပ်မိပစ္စည်းကို မယူ၍ ရဟန်းဘက်သို့ ဦးတည်၍ [333] ရှေ့သို့ တိုးပေးခြင်း၊ ရှေးရှုလဲဆောင်။ [334] ကပ်မိသူသည် အကပ်ခံရမည့် ရဟန်း၏ နှစ်တောင်ထွာ [335] တစ်ထွာထက်မက အကွာအဝေး၌ ရောက်နေရခြင်း၊ နှစ်တောင်ထွာရောက်။ [336] အားအလတ်စားရှိသူ တစ်ယောက်တည်း မနိုင်နိုင်သော [337] ဝတ္ထုပစ္စည်းဖြစ်ရခြင်း၊ မျှတဝတ္ထု။ [338] ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်စသည်ဖြင့်ဖြစ်စေ၊ [339] လောင်း၍ဖြစ်စေ၊ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်မိသူက ပေးအပ်ခြင်း၊ [340] သုံးခုပေးခြင်း။ [341] ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်ပန်းကန်စသည်ဖြင့် ခံ၍၊ [342] တိုက်ရိုက်ရှိစေ၊ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် [343] အကပ်ခံရဟန်းက ခံယူရခြင်း၊ ခံခြင်းနှစ်သွယ်။ [344] အဲ့တော့ အင်္ဂါငါးပါးပေါ့။ ကပ်မိသူက ကပ်မိပစ္စည်းကို မယူ၍ [345] ရဟန်းဘက်သို့ ဦးတည်၍ ရှေ့သို့ တိုးပေးခြင်းဆိုတာ [346] အဓိကကတော့ ရှေ့သို့ တိုးပေးခြင်းဆိုတဲ့ ကိစ္စလေးပဲနော်။ [347] အဲ့တော့ ကပ်မယ့်ဥစ္စာကို မရမယ်၊ မပြီးတော့ ဘုန်းကြီးဘက်ကို တိုးပေးရမယ်။ [348] ဒါ ရှေးရှုလဲဆောင်လို့ ဆောင်ပုဒ်ထဲမှာ ရေးထားတာ။ [349] ဟို မကပ်ဘဲနဲ့ ဟို ပစ္စည်းကိုတော့ မတော့ မထားတယ်ပေါ့နော်၊ [350] ပစ္စည်းကို မထားပြီးတော့ ဟို ဘုန်းကြီးဘက်ကို မတိုးပေးဘူး သူက၊ [351] ဒီတိုင်းပဲ ရပ်နေမယ်ဆိုရင် ဒါ ဘုန်းကြီးက သွားကိုင်လို့ မရဘူး။ ဟုတ်ပြီနော်။ [352] မလိုက်တဲ့ ပစ္စည်းကို ဘုန်းကြီးဘက်ကို တိုးပေးဖို့ လိုသေးတယ်။ [353] ဒါပေမဲ့ ဦးဇင်းတို့ ရှေးရှုလဲဆောင် ဆိုတဲ့ လက္ခဏာနဲ့ ညီမှ။ ဒါ သတိမထားမိကြဘူးနော်။ [354] တော်တော်များများ မလိုက်တယ် ဆို ဘုန်းကြီးက သွားကိုင်လို့ မရဘူးနော်။ [355] မပြီးတော့ ဘာလုပ်ရမလဲ ဘုန်းကြီးဘက်ကိုလည်း တိုးပေးဖို့ လိုသေးတယ်။ [356] ဘယ်လောက်တိုးရမလဲ နည်းနည်းလောက်တိုးရင် ရပြီ။ ဆောင်ပေးလိုက်ရင် ရပြီ သူက။ [357] ဥပမာ ဈေးသည်ပေါ့။ ဈေးသည်ကနေ ခေါင်းပေါ်မှာ ဈေးဗန်းရွက်ထားတယ်။ [358] ရွက်ထားပြီးတော့ သူက ဟို လက်နဲ့မမနိုင်ဘူးလေ။ ခေါင်းပေါ်ရွက်ထားပြီးတော့။ [359] ဘုန်းကြီးဘက်ကို နည်းနည်းလေး ဆောင်ပေးလိုက်တယ်။ အဲ့ဒါဆို ဘုန်းကြီးယူလို့ ရပြီ။ [360] အဲ့ဒါမျိုး။ အဲ့ဒါ ရှေးရှုလဲဆောင် ဆိုတာ မရုံနဲ့ မပြီးဘူးနော်။ [361] ဘုန်းကြီးဘက်ကို နည်းနည်းတော့ ဆောင်ခဲ့ဖို့တော့ လိုသေးတယ်။ ဒါ အဲ့ဒါလေး ဒကာ ဒကာမတွေ သိရမယ်။ [362] မဟုတ်ရင် ဦးဇင်းတို့ ဘုန်းကြီးတွေမှာ အာ ဒါ ကပ်ပြီးပြီကွာ စားလိုက်မယ်ဆို စားလို့ မရဘူး။ [363] အာပတ်သင့်သွားမယ်။ နော်။ အဲ့ဒါ အာပတ်သင့်သွားမယ်။ [364] အဲ့ဒါကြောင့် ရှေးရှုလဲဆောင် ဆိုတာ မရုံနဲ့ မပြီးဘူး ဘုန်းကြီးဘက်ကို နည်းနည်းလေးတော့ ဆောင်ဖို့တော့ လိုသေးတယ်။ [365] နံပါတ်နှစ်က ကပ်မိသူသည် အကပ်ခံရမည့် ရဟန်း၏ နှစ်တောင်ထွာ အတွင်း၌ ရောက်နေခြင်း ဆိုတာ။ [366] ပါဠိလိုကတော့ ဟတ္ထပါသ ဟတ္တပတ်လို့ ပြောကြတာ။ ဟတ္တပတ် ဟတ္တပတ် ဆိုတော့ လက်တစ်ကမ်းလို့ ပြောတာ။ [367] မြန်မာလိုပြောရင် လက်တစ်ကမ်းပေါ့။ လက်တစ်ကမ်းဆိုတာ နှစ်တောင်ထွာ ရှိတယ်။ [368] အဲ့တော့ ကပ်တဲ့သူနဲ့ အကပ်ခံတဲ့ ဘုန်းကြီးသည် ကြားထဲမှာ အကွာအဝေးသည် အားလုံး နှစ်တောင်ထွာ အတွင်းရှိရမယ်။ [369] အဝေးကြီးကနေ လှမ်းပေးတာ လှမ်းပစ်ပေးတာ မလုပ်ရဘူးပေါ့။ နော်။ [370] အဲ့တော့ ကပ်သူနဲ့ အကပ်ခံသူသည် နှစ်တောင်ထွာပဲ ရှိရမယ်။ အဲ့ဒါ နောက်မှာ ဟို တိုင်းပုံတိုင်းနည်းလေး နောက်မှာ ပါပါသေးတယ်နော်။ [371] သေချာ အဲ့မှာ ပြောပါမယ်။ ဘယ်လိုတိုင်းရမလဲ ဒီနှစ်တောင်ထွာ တိုင်းပုံတိုင်းနည်း ရှိသေးတယ်ပေါ့။ [372] နောက်တစ်ခါ နံပါတ်သုံးက အားအလတ်စား ရှိသူ တစ်ယောက်တည်း မြှောက်ချီနိုင်သော ဝတ္ထုပစ္စည်း ဖြစ်ရခြင်း။ [373] ဒါလည်း အရေးကြီးတယ်။ ဟို ဘာလဲဆိုတော့ အကပ်ခံတဲ့ အကပ်တဲ့ ပစ္စည်းက အရမ်းလေးနေလို့ မရဘူး။ [374] ဟို စားအုပ်တွေကို မဆိုလိုဘူး စားရမယ့် ပစ္စည်းကို ပြောနေတာ အခု ဥစ္စာက နော်။ [375] ဟို စာအုပ်စာတမ်းတွေ လေးတာကတော့ ပြဿနာမရှိဘူး။ အဲ့ဒါ အဲ့ဒါတော့ မကပ်လည်းရတယ် ကပ်လည်းရ ပြဿနာမရှိဘူး။ [376] တစ်ယောက်မနိုင်တဲ့ ပစ္စည်းဖြစ်ရမယ်။ အဲ့ထက် လေးသွားလို့ မရဘူး။ အဲ့ထက် သေးတာ ရတယ် နော်။ [377] အဲ့ထက် သေးလို့ရတယ်။ ဒီဥစ္စာက ကြီးရင် မရဘူးဆိုတာ ပြောချင်တာနော်။ အရမ်း လေးလံတဲ့ ပစ္စည်း ဖြစ်ခဲ့ရင်ပေါ့။ [378] လူတစ်ယောက် မနိုင်လောက်တဲ့ ပစ္စည်း ဖြစ်နေမှသာလျှင်လည်း ဒါ ဦးဇင်းတို့ ကပ်လို့ရတဲ့ ပစ္စည်းထဲမှာ ပါပါတယ်။ [379] လူတစ်ယောက် မနိုင်လောက်တဲ့ ပစ္စည်း မဟုတ်ဘူးဆိုရင် ဦးဇင်းတို့ ကပ်လို့မရဘူး။ ခွဲကပ်ရမယ်။ ဥပမာ ဆွမ်းအိုးကြီးတွေ အကြီးကြီးတွေပေါ့နော်။ [380] ဆွမ်းအိုးကြီးတွေ ကပ်ကပ်ကပ်ဆိုတော့ လူလေးငါးဆယ်ယောက် မပြီးတော့ ဘုန်းကြီးကို ကပ်တယ်။ အဲ့ဒါ ကပ်လို့ မရဘူး။ [381] အကပ်မမြောက်ဘူး အဲ့ဒါဆိုလို့ရှိရင်။ အဲ့ဘုန်းပေးရင် အပြစ်ရှိတယ် ဘုန်းကြီးတွေမှာ။ အဲ့ဒါ ဘာလုပ်ရလဲဆိုတော့ အိုးခွဲရမယ်။ ခွဲကပ်ရမယ်။ [382] အိုးတစ်အိုးတည်း မကပ်နဲ့။ နှစ်အိုးလောက် သုံးအိုးလောက် ခွဲပြီးတော့ ကပ်ပေါ့။ အဲ့လိုမျိုး ကပ်ရတာ။ [383] အဲ့တော့ ဒီဟာက ဘယ်လိုနေရာမှာ ပြဿနာဖြစ်လဲဆိုတော့ အိမ်တွေမှာ ဆွမ်းစားပင့်တဲ့အခါ ဦးဇင်းတို့ ပြဿနာရှိတယ်။ စားပွဲဝိုင်း ပြဿနာ။ [384] အဲ့တော့ စားပွဲဝိုင်း သေးသေးလေးနဲ့ ကပ်ရင်တော့ ပြဿနာမရှိဘူးနော်။ အကြီးဖြစ်တဲ့အခါ ဟုတ်တယ်။ [385] အဲ့တော့ လူတစ်ယောက် မမနိုင်လောက်အောင် လေးတဲ့ စားပွဲခုံကြီးတွေ ရှိတယ်။ ဥပမာ စားသောက်ဆိုင်တွေမှာဆိုလည်း တစ်ခါတလေ ဆရာတော်တွေကို ဆွမ်းကပ်တယ်လေ။ [386] စားသောက်ဆိုင်တွေမှာ အဝေးပြေးလမ်းတွေမှာ စားပွဲခုံကြီးတွေ ရှိတယ်။ အဲ့ဒါတွေနဲ့ ကပ်တဲ့အခါကျတော့ ဒီခုံကြီးတွေက မလို့မနိုင်ဘူး တစ်ယောက်တည်း။ [387] အဲ့တော့ တစ်ယောက်တည်း မလို့မနိုင်တဲ့ ခုံ၊ ဟင်းတွေ၊ စားပွဲတွေ ဆို ဖြစ်နေတဲ့အခါကျတော့ ဒါ ကပ်သော်လည်းပဲ ကပ်ရာမမြည်ဘူး။ ကပ်ရာမရောက်ဘူး။ [388] အဲ့ဒါကြောင့် ဦးဇင်းတို့ ဝိနည်းအထူးပြု အလေးပြု ဆရာတော်တွေက အဲ့လိုဆို ဘယ်လိုလုပ်လဲဆိုတော့ [389] တချို့ကလည်း ဟို ဗီဒီယိုမှတ်တမ်း တင်ချင်တယ်၊ ဓာတ်ပုံမှတ်တမ်း တင်ချင်တဲ့အခါကျတော့ မိသားစုလိုက် ကပ်ချင်သေးတာကိုး။ အဲ့တော့ ကပ်လိုက် ကိစ္စမရှိဘူး။ [390] အဲ့တော့ မိသားစုလိုက် ခုံကို ဝိုင်းကိုင်ပြီးတော့ ကပ်။ ပြီးရင် နောက်တစ်ခါ ဝိနည်းတော်အရ တစ်ခွက်ချင်း ပြန်ကပ်။ [391] ဟုတ်ပြီနော်။ ဒါ အကုန်မှတ်ထားရမှာ။ မိမိတို့ အိမ်တွေမှာ ဒါ ဗုဒ္ဓဘာသာ ဒကာ ဒကာမတွေက ဆရာတော်တွေကို ဆွမ်းစားပင့်တဲ့အခါမှာ [392] မိသားစုလိုက် မှတ်တမ်းတင်ချင်တယ်ဆို ခုံလိုက်ကပ်၊ ပြီးလို့ရှိရင် တစ်ခွက်ချင်းလည်း ပြန်ကပ်ပေး။ [393] နော် ဒါ ဒကာ ဒကာမတွေဘက်က နားလည်ရမှာလေ။ အဲ့တော့ ဆရာတော်တွေက အားနာလို့ ပြောချင်မှ ပြောမှာလေ။ [394] ဘာလို့ဆို အခါတိုင်း အားနာတယ်၊ လူပရိသတ်အလယ်မှာဆိုတော့ ဟို ပြောချင်မှ ပြောဖြစ်မှာ။ ကိုယ်က အလိုက်သိရမယ်။ [395] အဲ့တော့ အလိုက်သိရမယ်။ အဲ့တော့ ခုံစားပွဲ ဖြစ်နိုင်လို့ရှိရင် စားပွဲခုံ သေးသေးလေးနဲ့ ကပ်ရင်လည်း ကပ်။ အကြီးနဲ့ ကပ်မယ်ဆိုရင်လည်း ကိစ္စမရှိဘူး။ တစ်ခွက်ချင်း ပြန်ကပ်ပေးရမယ်နော်။ [396] စားပွဲခုံခင်းတွေ ရှိတာလေ။ [397] စားပွဲခုံပေါ်မှာ ဦးဇင်းတို့ စားပွဲခုံခင်းတွေ ခင်းထားတယ်၊ တွဲကျနေတယ်။ [398] အဲဒါကို တချို့က ဟို စားပွဲခုံခင်း လွတ်အောင် မရမှာလားလို့ မေးကြတယ်။ [399] အဲဒါလည်း မဆိုင်ဘူးပေါ့၊ ခုန အဓိက ရှေးရှုဆောင်ဆိုတဲ့ လက္ခဏာထဲမှာ ပါဖို့ အဓိကပဲလေ။ [400] အဲတော့ လွတ်စရာ မလိုဘူး၊ လက်တွေ့ စာပေထဲမှာ ဟို ကလေးလေး ကိုရင်လေးတစ်ပါးက [401] ဘုန်းကြီးတစ်ပါးကို ယာဂုကပ်မယ်၊ ဟို ဆန်ပြုတ်ကပ်မယ်ပေါ့။ [402] အဲတော့ ဆန်ပြုတ်အိုးက သူက သူက ပူတယ်၊ ပူတော့ မလို့ အဆင်မပြေဘူး။ [403] ဟို တစ်ယောက်တည်း မလို့ ကောင်းကောင်းနိုင်တယ်၊ ဒါပေမဲ့ သူက ပူတဲ့အခါကျတော့ မလို့ အဆင်မပြေဘူး။ [404] အဲတော့ ကိုရင်က ဘုန်းကြီးဘက်ကို လှိမ့်ပြီးကပ်တာ သူက၊ သဘောပေါက်လား မသိဘူး။ [405] ဒီအိုးကို သူက ဘုန်းကြီးဘက်ကို တွန်းပေးလိုက်တယ်၊ ဘုန်းကြီးက လက်ကလေး ခံထားလိုက်တယ်ဆိုတာ ရတယ် သူက။ [406] ဆိုလိုတာ မြှောက်မှ မဟုတ်ဘူး၊ အဓိက ရှေးရှုဆောင်ဆိုတာ သဘောပေါက်လား မသိဘူးနော်။ [407] ဘုန်းကြီးဘက်ကို တွန်းလိုက်ဖို့ အဓိက၊ ရောက်သွားဖို့ အဓိကပဲ။ [408] ဒါကြောင့် ဦးဇင်းတို့ ဟို မခြင်း မမခြင်းဆိုတာလည်း အဓိက မကျသေးဘူးနော်။ [409] အဓိက ဘုန်းကြီးဘက်ကို ရှေးရှုဆောင်ဖို့က အဓိက၊ ဟုတ်ပြီနော် အဲဒါလေး အရေးကြီးတယ်။ [410] အဲဒါကြောင့် ဟို မြေကြီးနဲ့ လွတ်မလား၊ လွတ်ရမှာလားလို့ မေးစရာရှိလို့ ဦးဇင်းက ပြောလိုက်တာ။ [411] အဲဒါကြောင့် မြေကြီးမှာ လွတ်နေမှ မဟုတ်ဘူးပေါ့နော်၊ ထိပြီးတော့ ဘုန်းကြီးဘက်ကို တွန်းကပ်လိုက်ရင်လည်း ရတယ်။ [412] နောက် နံပါတ် ဘယ်လောက် ခုန နံပါတ် ဘယ်လောက် သုံးလား၊ သုံးပြီးသွားပြီနော်။ [413] နံပါတ် သုံး အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီနိုင်သော ဝတ္ထုပစ္စည်း ဖြစ်ရခြင်း။ [414] နံပါတ် လေးက ကိုယ်ဖြင့် ဖြစ်စေ ဒါ တစ်ချက်ပေါ့၊ နောက် ကိုယ်နှင့် ဆက်သော [415] ဆက်သောဆိုတာကို မရှင်းမှာစိုးလို့ ကိုယ်ကိုင်ထား ထိထားသော ခွက်စသည်ဖြင့် ဖြစ်စေ။ [416] နောက် လောင်းခဲ့၍ ဖြစ်စေ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်မည့်သူက ပေးရခြင်း။ [417] အဲတော့ ကပ်နည်း သုံးမျိုး ရှိတယ်နော်၊ ဟို တိုက်ရိုက်ကိုလေ လက်နဲ့ကိုင်ပြီးတော့ သပိတ်ထဲကို လောင်းထည့်တာ တစ်ခု။ [418] ကိုယ်နဲ့ ထိထားတဲ့ ပစ္စည်း နော်။ ကိုယ်နဲ့ ထိထားတဲ့ ပစ္စည်း ဖြစ်တဲ့အတွက် ကပ်လို့ရတယ်။ [419] အဲဒါ လင်ဗန်းတွေနဲ့ ကပ်လို့ရတယ်၊ ပန်းကန်ပြားတွေနဲ့ ကပ်လို့ရတယ် နော်။ ကပ်လို့ရတယ်။ [420] အဲတော့ ကပ်တာက သုံးမျိုးရှိတယ်ပေါ့။ အဲတော့ ကိုယ်နဲ့ တိုက်ရိုက်ကပ်လည်း ရတယ်၊ [421] နော် ဟို လက်အိတ်တွေဘာတွေနဲ့ ကပ်လည်း ရတယ်၊ မရှိ ကိစ္စမရှိဘူး။ လင်ဗန်းနဲ့ ကပ်လည်း ရတယ်။ [422] တစ်ခါတလေကျ ဦးဇင်း ဒီလိုတောင် ရှိသေးတယ်လေ။ ဟိုမှာ ဘုန်းကြီးက သစ်ပင်အောက်မှာ ရှိတယ်။ [423] ဒကာက သစ်ပင်အပေါ်မှာ ရှိတယ်။ အဲတော့ အပေါ်မှာ သစ်ပင်အပေါ်မှာ သရက်သီးခူးနေတယ်၊ မာလကာသီးခူးနေတယ်။ [424] ဘုန်းကြီးက အောက်ရောက်နေတော့ ငါ့လည်း သရက်သီး လှူကွာ ဆိုတော့ ဘုန်းကြီးက အောက်ရောက်နေတော့ [425] ဒကာ အောက်မဆင်းတော့ အပေါ်ကနေ ပစ်ချတယ်။ ရတယ်။ ဒါပေမဲ့ ဒကာနဲ့ ဘုန်းကြီးသည် [426] နှစ်တောင်ထွာ အတွင်းမှာပဲ ရှိနေရမယ်။ ပေါ်လားမသိဘူး။ ဒကာက သစ်ပင်အပေါ်မှာ၊ ဘုန်းကြီးက သစ်ပင်အောက်မှာ။ [427] အဲတော့ အပေါ်ကနေ ဒကာကြီးက ဘုန်းကြီးအောက်ကို ပစ်ချတယ် သူက။ [428] ပစ်ချတဲ့အခါမှာ ဒကာနဲ့ ဘုန်းကြီး အကွာအဝေးသည် နှစ်တောင်ထွာ အတွင်းဆိုရင် အဲဒါ အကပ်ပြီးသား ဖြစ်သွားတယ်။ [429] ဟိုး အပေါ်ထိပ်ကတော့ မရဘူးပေါ့နော်။ အရမ်းကြီး ဝေးရင်တော့ မရဘူး။ နှစ်တောင်ထွာ။ [430] အေး ဟုတ်တယ်၊ နှစ်တောင်ထွာ အတွင်းမှာ ဆိုလို့ရှိရင် ဒါ ဦးဇင်းတို့ အပေါ်ကနေ ပစ်ချခြင်းကလည်း ဒါ အကပ်ထဲမှာ ပါတာပေါ့။ [431] အဲတော့ ဘယ်လိုကပ်လဲဆိုတော့ ခုန နံပါတ် ၃ လောင်းငဲ့၍ ဖြစ်စေ ဆိုတာလေ။ [432] အဲဒီ လောင်းငဲ့၍ ဖြစ်စေ ထဲမှာ အဲဒါ ပါသွားတာပေါ့။ လွှတ်ချပြီးတော့ ကပ်တာပေါ့နော်။ လွှတ်ချပြီး ကပ်တာ။ [433] တစ်ခါတလေ ကြားထဲမှာ အုတ်တံတိုင်းကြီး ခြားနေတယ်။ ဟို အုတ်တံတိုင်းရဲ့ ဟိုဘက်ခြမ်းမှာ ဘုန်းကြီး၊ [434] အုတ်တံတိုင်းရဲ့ ဟိုဘက်ခြမ်းမှာ ဒကာ။ ကြားထဲမှာ နှစ်တောင်ထွာ အတွင်းပဲ ရှိတယ်။ တံတိုင်းကွာတယ်။ [435] အဲတော့ ဒကာကနေပြီးတော့ အုတ်တံတိုင်း ဟိုဘက်ကို ပစ်ချလိုက်တယ်။ ဘုန်းကြီးက ဒီဘက်ကနေ ဖမ်းထားရတယ် သူက။ [436] ဟုတ်ပြီနော်။ အဲတော့ နှစ်တောင်ထွာ ရှိနေဖို့က အဓိကပဲ။ အဲလိုလည်း ကပ်လို့ရတယ်လို့ ပြောပြတာနော်။ [437] ဒါ လောင်းငဲ့၍ ကပ်ခြင်းဆိုတဲ့ ထဲမှာ အဲဒါ ပါတယ်နော်။ ဟို လက်ကနေ လွှတ်ချပြီး ကပ်တဲ့ စနစ်ပေါ့။ [438] ဒါဆို အဲဒါ ကပ်တာ သုံးခု ရပြီနော်။ ကိုယ်နဲ့ တိုက်ရိုက်ကပ်တာ ရှိတယ်။ [439] ကိုယ်နဲ့ ထိစပ်ပြီးတော့ လင်ဗန်းတို့ ဘာတို့နဲ့ ကပ်တာ ရှိတယ်။ နောက် လွှတ်ချပြီးတော့ ကပ်တာ ရှိတယ်နော်။ [440] အဲတော့ ကပ်တာ သုံးမျိုး ရှိပါတယ်နော်။ နောက်တစ်ခါ ဦးဇင်းတို့ နံပါတ် ၅ က [441] ကိုယ်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့် စပ်သော ကိုင်ထားသော ခွက်၊ တုတ် စသည်ဖြင့် ခံ၍ တိုး၍ ထိ၍ ဖြစ်စေ။ [442] ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူခြင်း။ အဲတော့ အကပ်ခံ... [443] အကပ်ခံတဲ့ ရဟန်းဘက်က နှစ်မျိုးရတယ်ဆိုတာ။ [444] ခန္ဓာကိုယ်နဲ့ တိုက်ရိုက် လက်ဝါးတွေဘာတွေနဲ့ တိုက်ရိုက်အကပ်ခံလို့ရတယ်။ [445] လက်တို့ ခြေထောက်တို့နဲ့လည်း ရတယ်နော် ဘာမှမဖြစ်ဘူး။ [446] ခြေထောက်နဲ့လည်းရတယ် လက်နဲ့လည်းရတယ်။ [447] အဲ နောက်တစ်ခါ လက်နဲ့မဟုတ်ဘဲ သပိတ်နဲ့ လင်ဗန်းနဲ့ တောင်ဝှေးနဲ့ ထိတယ်။ [448] ဟုတ်တယ်မလား။ လာကပ်တာကို ကိုယ်က လက်နဲ့မထိတော့ဘူး တောင်ဝှေးလေးနဲ့ ထိလိုက်တယ်။ [449] အဲ ရတယ်။ တစ်ဆင့်ခံလိုက် ဆိုတာ တစ်ဆင့်ခံလိုက်ရတယ်လို့ ပြောချင်တာ။ [450] ဘုန်းကြီး လက်နဲ့ အသားနဲ့ ထိမှမဟုတ်ဘူး တစ်ဆင့်ခံထိလည်း ရတယ်။ [451] ဥပမာ ဘုန်းကြီးက ယပ်တောင်ကိုင်ထားတယ် ယပ်တောင်နဲ့ လိုက်ထိလိုက်တယ် ရတယ်။ [452] အဲဒါကို ကိုယ်နှင့် ထိစပ်သော ခွက်၊ တုတ် စသည်ဖြင့် ခံ၍ တိုး၍ထိသည်ဖြစ်စေပေါ့နော်။ [453] အဲဒါကြောင့် အသားနဲ့ တိုက်ရိုက်ထိ အကပ်ခံလည်းရတယ်၊ တစ်ဆင့်ခံပြီး [454] သပိတ်တို့ ခွက်တို့ တုတ်တို့ ယပ်တောင်တို့ တစ်ခုခုနဲ့ ခံပြီး အကပ်ခံလည်း ရတယ်ပေါ့။ [455] အဲတော့ ကပ်တဲ့သူဘက်ကကျတော့ သုံးချက်၊ အကပ်ခံတဲ့ ရဟန်းဘက်ကတော့ နှစ်ချက်။ [456] ကိုယ်နဲ့အကပ်ခံတာရယ် ကိုယ်နဲ့ဆက်စပ်ပြီးတော့ အကပ်ခံတာရယ်နော်။ [457] ခုနက ဒကာလေး ဦးဇင်းကိုမှ သူ လင်ဗန်းနဲ့ ကပ်လိုက်တယ်။ [458] အဲ သူ့ဘက်က ဆိုလို့ရှိရင် ဒါဘာလဲဆိုတော့ ကိုယ်နဲ့ထိစပ်နေတဲ့ ဥစ္စာ။ [459] အဲ ဦးဇင်းဘက်ကကျတော့ လက်ဝါးနဲ့ ခံလိုက်တာဆိုတော့ ကိုယ်နဲ့အကပ်ခံတာ။ [460] အဲဒါမျိုး။ အဲတော့ ကပ်သူဘက်က သုံးမျိုး အကပ်ခံသူဘက်က နှစ်မျိုး။ [461] ကြိုက်သလို ပြောလို့ရတယ်။ မကပ်တဲ့သူက ကိုယ်နဲ့တိုက်ရိုက်ကပ်မယ်။ [462] ဘုန်းကြီးကလည်း ကိုယ်နဲ့တိုက်ရိုက်အကပ်ခံမယ် လက်ဝါးနဲ့ခံမယ် ရတယ်။ [463] ကပ်သူက ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ကပ်တယ် ဘုန်းကြီးက တစ်ခုခုကြားခံပြီး အကပ်ခံမယ်။ [464] သပိတ်နဲ့ ပန်းကန်နဲ့ အကပ်ခံမယ် ရတယ်။ နောက်တစ်ခု ကပ်သူဘက်က [465] ဦးဇင်းတို့ တစ်ဆင့်ခံပြီးတော့ ဥပမာ ဇွန်းနဲ့ ပန်းကန်နဲ့ လင်ဗန်းနဲ့ ကပ်မယ်။ [466] ဘုန်းကြီးက လက်နဲ့အကပ်ခံမယ် ရတယ်နော်။ အဲတော့ တစ်ခုခုကြားခံ [467] ဟိုတစ်ခုခုခံပြီးကပ်လည်း ရတယ်နော် အဲဒါမျိုးရတာပေါ့။ [468] တစ်ခုခု ချို့ယွင်းခဲ့ရင် အကပ်မမြောက်တော့ဘူးနော်။ အဲ့တော့ ခုနက ဦးဇင်းပြောသလို နံပါတ်တစ် အင်္ဂါ [469] မတော့ မလိုက်တယ် ဘုန်းကြီးဘက်ကို တိုးမပေးဘူးဆိုရင် ဘုန်းကြီးက သွားကိုင်လို့ မရဘူး။ [470] ဒါဆိုရင် နံပါတ်တစ် အင်္ဂါ ချို့ယွင်းသွားပြီ။ နံပါတ်နှစ် အဝေးကနေ လှမ်းကပ်တယ် [471] တစ်ခါတစ်လေကျရင် ဟို မမီမကိုင်နဲ့ လှမ်းကပ်တာမျိုးတွေ ရှိတယ်လေ။ အဲ့ဒါ သတိထားရမှာက အဲ့ခုံဝိုင်းနဲ့ ကပ်တဲ့အခါ သတိထား။ [472] ဘုန်းကြီးက ဒီဘက်ခြမ်းမှာ နေတယ်၊ ဒကာဒကာမက ဟိုဘက်ခြမ်းက လှမ်းကပ်တယ်၊ ကြားမှာ စားပွဲခုံကြီး ခြားနေတယ်။ [473] အဲ့တော့ စားပွဲခုံ ကြားမှာ ဘယ်လောက် ဝေးသလဲ ဖတ်ကြည့်ရမယ်။ သဘောလား။ [474] အဲ့ဒါကြောင့် ဦးဇင်းတို့ စားပွဲခုံဝိုင်းနဲ့ ကပ်တဲ့အခါမှာ တစ်ယောက်ယောက်က ဘုန်းကြီးနားမှာ ကိုင်ဖို့ လိုတယ်။ [475] သဘောလား မသိဘူး။ စားပွဲမှာ ဘုန်းကြီးက ဒီဘက်က နေတယ်၊ ဒကာဒကာမတွေက ဟိုဘက်ခြမ်းက နေတယ်။ [476] အဲ့တော့ ကြားမှာ စားပွဲခုံကြီး တစ်ခုလုံး ခြားနေတယ်ဆိုတော့ အဆင်မပြေဘူး၊ တော်တော် ဝေးသွားမယ်။ [477] စားပွဲခုံ ကြီးရင် ပြောတာလေ၊ ငယ်ရင်တော့ ပြဿနာ မရှိဘူး။ အဲ့တော့ အဲ့အခါကျ ဒကာတစ်ယောက်ယောက်က ဒကာမတစ်ယောက်ယောက်က ဘုန်းကြီးရဲ့ ဒီဘက် အနားလောက်ကိုတော့ ကပ်ဖို့ လိုလာတယ်။ [478] အဲ့ဒီ လူငါးယောက် ကပ်တယ်ဆိုရင် တစ်ယောက်က ကပ်ထားတယ်ဆိုရင် ရတယ်။ [479] သူက ငါးယောက်လုံးက ဘုန်းကြီးနားမှာ နီးစရာတော့ မလိုဘူးပေါ့။ ဟုတ်တယ်၊ နှစ်တောင်အတွင်းမှာ ငါးယောက်လုံး ဝင်စရာ မလိုဘူးနော်။ [480] ငါးယောက် မကပ်တယ်ဆိုရင် တစ်ယောက်က ဝင်သွားရင် ရပြီ။ ဒါဆို နံပါတ်လေးက ဦးဇင်းတို့ နောက်ခဏက သုံးခု ပေးခြင်း ပေးပုံပေးနည်း သုံးမျိုး ရှိတယ်။ [481] နံပါတ်ငါးကျတော့ အလှူခံတဲ့ ရဟန်းက နှစ်ပါး ရှိတယ်ပေါ့နော်။ အဲ့တော့ အဲ့ဒါလေးကို အောက်မှာ ဆောင်ပုဒ်ကလေး လုပ်ထားပါတယ်။ [482] ကဲ အားလုံး ဆိုလိုက်ပါဦး။ ရှေးရှုလည်းဆောင်၊ နှစ်တောင်သာရောက်၊ မြှောက်နိုင်ဖွေစု၊ သုံးခုပေးခြင်း၊ ခံခြင်းနှစ်လျော်၊ ကပ်ခံမြော်၊ မှတ်လော့ အင်္ဂါ ငါးပါးစီ။ [483] အဲ့ဒါဆိုရင် ဒီ အင်္ဂါငါးပါး နည်းနည်း ရှင်းပါလိမ့်မယ်။ အောက်မှာ နည်းနည်းလေး ဆက်ကြည့်ရအောင်ပါ။ နည်းနည်း ပြောစရာလေးတွေ ရှိသေးတယ်။ [484] ဤအချက် ငါးချက်နှင့် ပြည့်စုံမှ ဆက်ကပ်မှု အထမြောက်၍ ရဟန်းတော်များ ဘုန်းပေး သုံးဆောင်ကောင်းပါသည်။ [485] ဤငါးပါး ချို့ယွင်းစွာ ဆက်ကပ်ခြင်းသည် အထမမြောက်သော ကပ်ခြင်းဖြစ်၊ အဲ့တော့ ကပ်သော်လည်း ကပ်ရာမရောက်တော့ဘူး။ [486] အာ ကပ်ပြီးပြီ ဆိုပြီးတော့ ဘုန်းကြီးက ဘုန်းပေးတတ်တယ်၊ မရဘူးပေါ့နော်။ [487] ထိုအကပ်မမြောက်သော ပစ္စည်းကို ဘုန်းပေးမိပါက လုံးဝ မဆက်ကပ်ရသေးသော ပစ္စည်းကို ဘုန်းပေးသကဲ့သို့ပင် ပါစိတ်ခေါ် အာပတ် အပြစ်သင့်လေသည်။ [488] အဲ့ဒါမျိုး ဖြစ်တယ်။ အဲ့ကြောင့် တပည့် ဒကာဒကာမတွေ လိမ္မာဖို့ လိုတယ်။ [489] မလိမ္မာတော့ ဆရာတော်တွေမှာ အာပတ်သင့်သွားတယ်။ ဆရာတော်တွေကတော့ ပြောချင်မှ ပြောမှာလေ၊ ကိုယ်က သိထားရမှာ။ [490] အဲ့တော့ ကိုယ်က အဲ့ကြောင့် ကပ္ပိယကာရက သင်တန်းဆိုတာ ဆရာတော်တွေ အာပတ်မသင့်အောင် ကူညီတာ။ [491] ကူညီတာ နော် ကူညီတာ။ [492] တစ်ခါတစ်ခါကျတော့ ဒကာမတွေက ဘာဖြစ်လဲ အမျိုးသမီးဆိုတော့ ရှေ့မတိုးရဲဘူးလေ ဆရာတော်တွေအနားကို။ [493] တခြားအချိန်မှာ မတိုးရင် ပြဿနာမရှိဘူး ဆွမ်းကပ်တဲ့အချိန်မှာတော့ တိုးကိုတိုးရမှာ အားနာလို့မရဘူး။ [494] ဘာလို့လဲဆိုတော့ အကပ်မြောက်တာက နှစ်တောင်ထွာအတွင်း ဝင်မှကပ်ရမှာကိုး။ [495] အဲ့ဒါ ဆရာတော်တွေကလည်း အမျိုးသမီးဆိုတော့ ဒကာမကြီး ရှေ့တိုးဆိုရင် အထင်လွဲမှာလည်း ကြောက်ရသေးတယ်လေ။ [496] ဟုတ်လား ဒကာမကြီး ရှေ့တိုး ရှေ့တိုးဆိုတော့ တစ်မျိုးထင်သွားမှာပေါ့ အဲ့တော့ ဆရာတော်ကလည်း မပြောချင်တော့ဘူး။ [497] အဲ့ဒါမျိုးတွေရှိတယ် အဲ့ဒါကြောင့် အလိုက်သိသိနဲ့ ကိုယ်က အနီးနားကပ်ပြီးတော့ ကပ်ကိုကပ်ရမှာ နော်။ [498] ထို့ကြောင့် ဒါယကာများ သည် ဤစက္ကန့်နည်းများကို သိထားရန် လိုအပ်ပါသည် ။ [499] ဖော်ပြခဲ့သော အချက် ၅ ချက်တွင် ကပ်မည့်သူသည် အကပ်ခံမည့်ရဟန်း၏ နှစ်တောင်ထွာ ဟတ္ထပါသ်အတွင်း၌။ [500] ရောက်နေခြင်းဟူသော အချက်သည် အလှူရှင်များ အထူးသတိထားရမည့် အချက်ဖြစ်သည် နော် ခုနက ဦးဇင်းပြောတာ။ [501] လူတွေ သတိထားစရာ အချက်ပဲ ရှေ့တိုးကပ်ရမယ့် ဥစ္စာ အဲ့တော့ နှစ်တောင်ထွာ ဟတ္ထပါသ် အရပ်ကို တိုင်းရာ၌။ [502] အရှေ့မှ လာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် ရဟန်း၏ တင်ပါး နောက်ဖက်စွန်းဖြင့် တိုင်းရမယ်နော်။ [503] ရဟန်းက တင်ပလ္လင်ခွေထိုင်နေမယ်ဆိုရင် တင်ပါးနောက်ကနေ စတိုင်း ဟို ဒူးက မတိုင်းရဘူးနော်။ [504] အကယ်၍ ရဟန်းက မတ်တပ်ရပ်ပြီး အကပ်ခံမယ်ဆိုရင်တော့ ဖနောင့်စွန်းဖက်ကနေ စတိုင်း နော်။ [505] ဖနောင့်စွန်းကနေ စတိုင်းမယ် အကယ်၍ ရဟန်းက လှဲနေမယ် အိပ်နေမယ်။ [506] တစ်ခါတစ်လေ ဆေးရုံတက်နေတဲ့ ဘုန်းကြီးက ဂိလာနဖြစ်လို့ နေမကောင်းတော့ ဆေးရုံတက်နေတယ် လှဲနေတယ်။ [507] အဲ့ဒါဆိုရင် ဘယ်လိုတိုင်းမလဲဆိုတော့ စောင်းသော နံပါးရဲ့ နောက်ဖက် နံပါးတစ်စောင်းဆိုတော့။ [508] နံပါးကျောဖက်ကနေ စတိုင်းပေါ့နော် ကျောဖက်ကနေ စတိုင်းရမှာပေါ့ အဲ့တော့ သုံးခုနော်။ [509] ထိုင်နေရင် ဘယ်က တိုင်းမတုန်း ထိုင်နေရင် တင်ပါးကစွန်းကနေ တိုင်းမယ်။ [510] မတ်တပ်ရပ်နေရင် ဖနောင့်စွန်း လှဲနေရင် နံပါး နောက်ဖက်စွန်း။ [511] သုံးခုတွေ့ မှတ်ထားလားမသိဘူး သုံးခု နည်းနည်း underline တားထားလိုက်ပေါ့နော်။ [512] တင်ပါးနောက်ဖက်စွန်းဆိုတာ တစ်ချက်ရယ် ဖနောင့်စွန်းဆိုတာ တစ်ချက်ရယ်။ [513] စောင်းနေသော နံပါးနောက်စွန်းဆိုတာ တစ်ချက်ရယ်နော် ဒါ ဣရိယာပုဒ် သုံးခုပေါ့။ [514] ထိုင်နေတာရယ် ရပ်နေတာရယ် လှဲနေတာရယ် ရဟန်းက အကယ်၍ မှောက်လျက် မှောက်နေရင်ကော ပေါ့။ [515] အဲ့တော့ ဦးခေါင်းနား၌ လာပြီး ကပ်လျှင် ရဟန်းက မှောက်နေတယ်၊ ဒကာ ဒကာမက ဟို ခေါင်းဘက် ခေါင်းရင်းဘက်က လာကပ်မယ်။ [516] ဟို အနောက်ကမဟုတ်ဘဲ ခေါင်းရင်းဘက်က လာကပ်မယ်။ အဲ့လိုဆိုရင် ဘယ်လိုတိုင်းမလဲလို့ မေးရင် [517] ဦးခေါင်း၏ အနီးဆုံးဖြစ်သော လည်ပင်းမှ စ၍ တိုင်း၊ လည်ပင်းက စတိုင်းရမယ်။ [518] ဟို ခေါင်းထိပ်က မတိုင်းရဘူးနော်၊ ငယ်ထိပ်က မတိုင်းရဘူး၊ လည်ပင်းကနေ စတိုင်း။ အဲ့တော့ လေးခု ဖြစ်သွားပြီ။ [519] တိုင်းရမယ့် နေရာ လေးခု ဖြစ်သွားပြီ။ အဲ့တော့ ခေါင်းရင်းဘက်က လာလို့ရှိရင် ခေါင်းဘက်က မတိုင်းရဘူး၊ လည်ပင်းကနေ စတိုင်း။ [520] အင်း အဲ့ဒါ တိုင်းရမှာ။ ဒါက ရဟန်းဘက်က အနေအထား လေးခု။ [521] ကပ်တဲ့ ဒကာ ဒကာမတွေ ဘက်ကကျတော့ လှမ်းယူသော ရဟန်း၏ လက်မှ စတင်၍ မတိုင်းရ။ [522] နောက် ခုနက လက်ကို ထည့်မတွက်ရဘူးနော်။ ဥပမာ ရဟန်းက လက်က ဒီလို လှမ်းယူလိုက်တယ်ဆိုရင် အဲ့ဒီ လက်ကနေ စမတိုင်းရဘူး။ [523] တင်ပါးကပဲ တိုင်းရမှာ။ နော် အဲ့တိုင်းရမှာ။ အဲ့ ခုနက ဒကာကြီး ထုတ်မေးတာလေ။ [524] ဘုန်းကြီးက လှမ်းယူရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာ။ လှမ်းယူတယ်ဆိုလို့ရှိရင် ဒကာမ ရှေ့ကို တိုးကို တိုးရမှာ။ [525] အဲ့တော့ အာ ဘုန်းကြီး လှမ်းတာပဲ ငါတို့လည်း လှမ်းပေးမယ်ဆိုရင် အဲ့ဒါ အရမ်းဝေးသွားမယ်။ [526] လူကလည်း လှမ်းတယ်၊ ဘုန်းကြီးကလည်း လှမ်းတယ်ဆို ကြားထဲမှာ တော်တော်ဝေးသွားပြီ။ နော် အဲ့လို မဖြစ်ရအောင်။ [527] ကပ်သူအတွက် လှမ်းပေးသော လက်မှတစ်ပါး အခြားသော အနီးဆုံး အင်္ဂါအစိတ်အပိုင်း တိုင်းနိုင်ရသည်ဆိုတော့ [528] လှမ်းပေးတဲ့ လက်ကို မတိုင်းရဘူးနော်။ အဲ့တော့ ဦးဇင်း ဆိုကြပါစို့၊ ဒီဒကာနဲ့ ဦးဇင်းနဲ့ပေါ့။ [529] ဦးဇင်း ဒီမှာ ထိုင်နေတယ်၊ ဒကာက ကပ်တယ်ဆိုရင် အဲ့တော့ ဦးဇင်းဘက်ကဆိုရင် တင်ပါးက စတိုင်းရမယ်။ [530] သူ့ဘက်ကဆိုရင် ဒူးခေါင်းက စတိုင်းရမယ်။ သဘောပေါက်လား မသိဘူး။ [531] အဲ့တော့ ဦးဇင်းဘက်က တင်ပါး၊ သူ့ဘက်က ဒူးခေါင်း။ အဲ့ တိုင်းကြည့်လိုက်လို့ရှိရင် တစ်တောင်ထွာထက် ဝေးနေပြီဆိုရင် ဦးဇင်းတို့ ကပ်လို့ မရဘူး။ [532] ဆက်တိုးလို့ သေးတယ်။ နော် အဲ့ အတိုင်းဆိုတာ ဒီဒူးနဲ့ ဒီဒူးကြား မဟုတ်ဘူးနော်။ [533] အဲ့တော့ ဦးဇင်းတို့ အဲ့ဒါ စဉ်းစားကြည့်တဲ့ အခါကျတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဦးဇင်းတို့ရဲ့ ခန္ဓာကိုယ်က တစ်တောင်ရှိတယ် တကယ်တော့ တစ်တောင်ရှိတယ်။ [534] အဲ့တော့ ကြားထဲမှာသည် တစ်ထွာပဲ ရှိတော့တာ။ အဲ့လို မှတ်လို့ရတယ်နော်။ [535] အဲ့ဒါကြောင့် မှတ်ချင်တယ်ဆိုရင် လွယ်လွယ်မှတ်ချင်တယ်ဆိုရင် ဘုန်းကြီးနဲ့ လူရဲ့ကြား အကွာအဝေးသည် တစ်တောင်ထွာပဲ ရှိရမယ်။ [536] ဟုတ်ပြီနော်။ တစ်တောင်ထွာဆိုတာက ဘုန်းကြီးရဲ့ ခန္ဓာကိုယ် ထည့်တွက်လို့ တစ်တောင်ထွာ ဖြစ်သွားတာလေ။ [537] အဲ့တော့ ဘုန်းကြီးရဲ့ ခန္ဓာကိုယ်ကို ဖယ်လိုက်မယ်ဆိုရင် ကြားထဲမှာ တစ်တောင်ထွာပဲ ရှိတော့တာ။ [538] အဲ့ဒါကြောင့် ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် လူနဲ့ ဘုန်းကြီးရဲ့ ကြားမှာ တစ်တောင်နဲ့ တစ်ထွာပဲ ရှိရတော့မယ်။ [539] အဲ့လိုလည်း မှတ်ထားလိုက်ရင် ရှင်းသွားတာပေါ့နော်။ တစ်တောင်ထွာပဲ ရှိရမယ်။ [540] အဲ့ဒါကြောင့် ကပ်တဲ့အခါမှာ သတိထားပါ။ အရင် ကိုယ့်ကိုယ်ကိုယ် ဝေးနေတယ် ထင်တယ်ဆိုရင် ဒါ ရှေ့တိုးပြီးသာကပ်။ [541] ကဲ အာမခံနဲ့ ပေါ့နော်။ [542] နောက် စားပွဲကြီး အလယ်ချ၍ အကပ်ခံကြရာ၌ ရဟန်းတော်နှင့် အနီးဆုံး လူတို့၏ နှစ်တောင်ထွာ ဟတ္တပါသ်ကို တိုင်းတာရမည် တဲ့။ [543] အဲ့ဒါကြောင့် ခုနက ဦးဇင်းပြောတာ ဟိုဘက်ထိပ်က လူနဲ့ တိုင်းလို့ မရတော့ဘူး။ [544] အဲ့ဒါကြောင့် စားပွဲဝိုင်းနဲ့ ကပ်ပြီဆိုလို့ရှိရင် စားပွဲဝိုင်းရဲ့ အနားကို လူတစ်ယောက်ယောက်ကတော့ လာဖို့တော့ ဒီဘုန်းကြီးရဲ့ အနားကို လူတစ်ယောက်ယောက်ကတော့ ရှိနေဖို့တော့ လိုပြီ။ [545] မိသားစု အားလုံးဖြစ်စေ၊ အသင်းအဖွဲ့ လူကြီး လေးငါးဦးဖြစ်စေ စုပေါင်းဆက်ကပ်မှုနှင့် စပ်လျဉ်း၍ တစ်ယောက်တည်း ကြွနိုင်သော စားပွဲကို [546] ဟိမ့်ဖိတ်မည်စိုး၍ လူအများကပ်ခြင်း၊ စားပွဲခြေများ ကြမ်းပြင်မှာ ထိနေခြင်း၊ [547] ကပ်မြှောက်သူက ရှေ့ရှုဆောင်၍ နှစ်တောင်ထွာအတွင်း ရောက်နေသော ဝတ္ထုကို ရဟန်းတော် လက်မြှောက်လှမ်းယူ၍ အကပ်ခံခြင်းများ၌ အကပ်မြောက်သည်ဟု မှတ်ယူရမည်။ [548] ခုန ဒကာကြီးတို့ မေးခွန်း ပါသွားပြီနော်။ ဘုန်းကြီးက လှမ်းယူတာ ရတယ်နော်။ တစ်ခုတော့ရှိတယ် ဟိုက မကပ်တာကို လှမ်းယူတော့တော့ မရဘူး။ [549] အဲ့ဒါတော့ အဓိက အရေးကြီးတယ်။ အဲ့တော့ ကပ်တာကို လှမ်းယူလို့ရတယ်၊ မကပ်တာကို လှမ်းယူလို့ မရဘူး။ [550] ခုန ဦးဇင်း ဥပမာပေးခဲ့တယ်လေ ဇီးသီးသည်မ ခေါင်းပေါ်မှာ ဇီးသီးရွက်ထားတယ်။ [551] သူက မချတော့ဘူး အောက်ကို အရှင်ဘုရား ကပ်ပါတယ်ဆိုပြီး ခေါင်းလေးနည်းနည်း စောင်းပေးလိုက်တယ်။ ဘုန်းကြီးက နှိုက်ယူလို့ရတယ်နော်။ [552] အဲ့ဒါကြောင့် ဘုန်းကြီး လှမ်းယူလို့ရတယ်။ သူတို့က လာကပ်တာကို လှမ်းယူလို့ရတယ်။ နောက် စားပွဲခြေတွေဘာတွေ အောက်မှာ ထိနေရတယ်နော်။ [553] ခုန တချို့က ဟို အရမ်းကို မြှောက်ရမယ် လွတ်နေရမယ်လို့ ယူဆလို့လေ။ [554] တချို့ ဦးဇင်းတချို့က အဲ့လို ဝိနည်းမကျွမ်းကျင်တော့ စားပွဲခုံခြေက ကြမ်းခင်းထိနေတယ်ဆိုရင် ဒါ အကပ်မမြောက်ဘူးလို့ ယူဆကြတာကိုး။ [555] မဟုတ်ဘူးနော် ဒီမှာ ပါတယ်နော်။ အဲ့တော့ အကပ်မြောက်ပါတယ်။ ရပါတယ်၊ အဓိကကတော့ ခုနက အင်္ဂါငါးချက်ကိုပဲ သတိပြု။ [556] နောက်တစ်ခါ ဦးဇင်းတို့ ဘာပါသလဲဆိုတော့ [557] အားလည်း လှဲရှိသူ မမနိုင်သည့် စားပွဲကြီးမျိုး ဖြစ်ပါက စားပွဲပေါ်ရှိ ခွက်ပန်းကန် ဘောဇဉ်များကို တစ်ခုစီ ဆက်ကပ်ရမည် နော်။ [558] ဒါ ခုနက ဦးဇင်း ပြောပြီးပါပြီ။ အဲ့တော့ ကပ်သူနှင့် အကပ်ခံသူ ရဟန်းတို့ နှစ်တောင်ထွာအတွင်း ဖြစ်နေဖို့သာ လိုရင်းဖြစ်သည်။ [559] အဲ့တော့ ဒီထဲမှာ ဦးဇင်း တစ်ခု ဖြည့်စွက်ပြောရမှာက ယနေ့ခေတ် တချို့ မြို့မှာရော တောရွာမှာရော ဆွမ်းဝိုင်းတွေ ကပ်ပြီးပြီဆိုရင် မထိနဲ့ မထိနဲ့ ပြောတဲ့ပြဿနာ။ [560] နော် ဟာ မကိုင်နဲ့ မကိုင်နဲ့ အကပ်ပျက်သွားမယ်လို့ ပြောကြတယ်လေ။ ကဲ စဉ်းစား ဒကာကြီးတို့ ကိုယ့်ဘာသာကိုယ် စဉ်းစား။ [561] အခု စဉ်းစားလို့ ရပြီ။ အခု အကပ်ပျက် အခု ငါးခု ပါတယ်နော်။ [562] ခုန ငါးခု ထဲမှာ ဘာမှ မဆိုင်ဘူး။ တကယ်ဆိုရင်နော်။ [563] အောက်မှာ အကပ်ပျက်ကြောင်း တရား ခြောက်ပါး ဆိုတာ နောက်မှာ ပါလိမ့်ဦးမယ်နော်။ [564] ဟို ဘုန်းကြီးတွေကို ကပ်ပြီးသား ပစ္စည်းကို လူတွေ ထိကောင်း မထိကောင်း ဆိုတဲ့ ပြဿနာ။ [565] တချို့ ဆရာတော်တွေ တအားဆူတာ။ အား မထိနဲ့ မထိရမလား ဆိုပြီးတော့ တအားငေါက်တဲ့ ဆရာတော်တွေ ရှိတယ်ပေါ့။ [566] အဲတော့ ဦးဇင်းတို့ အောက်မှာ နည်းနည်းလေး ဖတ်ကြည့်မယ်။ အဲဒါဆို ဦးဇင်းတို့ စဉ်းစားလို့ ရမယ်ပေါ့။ [567] ဟို ကပ်ပြီးသား ပစ္စည်းကို လူတွေ ပြန်ကိုင်လို့ ရမရ ဆိုတဲ့ ဥစ္စာလေး ကြည့်ရအောင်။ [568] ကဲ အားလုံး အောက်က ဖတ်ကြည့်ရအောင်။ ၁။ အကပ်ခံပြီးသော အစာကို [569] မစားတော့အံ့ဟု အာလယပြတ် လက်လွှတ်မှု မရှိဘဲ စွန့်လွှတ်လိုက်ခြင်း။ [570] ရဟန်းအဖြစ်မှ စွန့်လွှတ်ခြင်း၊ လူသာမဏေအဖြစ် ပြောင်းလဲသွားခြင်း၊ [571] ရဟန်းမှတစ်ပါး အခြားသူကို ပေးလိုက်ခြင်း၊ လူသာမဏေတို့က လုယူသွားခြင်း၊ [572] ရဟန်း ပျံလွန်တော်မူခြင်း၊ ရဟန်းယောကျ်ားဘဝမှ ရဟန်းမ သို့မဟုတ် ရဟန်းမဘဝမှ [573] ရဟန်းယောကျ်ား ဖြစ်ခြင်းဟူသော လိင်အသွင် ပြောင်းလဲသွားခြင်း။ [574] အဲတော့ အကပ်ပျက်တဲ့ ဥစ္စာ ခြောက်ချက် ရှိတယ်ပေါ့။ [575] အကပ်ပြီးသား ပစ္စည်းသည် အကပ် ဘယ်လို အချိန်အခါမှာ ပျက်သလဲပေါ့။ [576] အဲတော့ ရဟန်းတော်ကနေပြီးတော့ မစားတော့ဘူးလို့ အာလယပြတ်ပြီးတော့ လက်ကလည်း လွှတ်လိုက်ပြီပေါ့။ [577] သူက စိတ်ကလည်း မစားတော့ဘူးလို့ ဆုံးဖြတ်ချက်ချရမယ်၊ လက်ကလည်း လွှတ်ရမယ်။ [578] တစ်ခါတလေ စိတ်ကတော့ ငါမစားတော့ဘူးလို့ ဆုံးဖြတ်ပေမယ့် လက်ကတော့ မလွှတ်သေးဘူး ကိုင်ထားသေးတယ်။ [579] အဲဒါဆိုရင်တော့ အကပ်မပျက်သေးဘူး။ ဆက်စားလို့ ရသေးတယ်။ [580] အဲတော့ စိတ်ကလည်း မစားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ၊ လက်ကလည်း လွှတ်လိုက်ပြီ ဆိုရင်တော့ [581] အကပ်ပျက်သွားပြီ။ ဆက်စားလို့ နှိုက်စားလို့ မရတော့ဘူး။ [582] အေး ဟို စားချင်စိတ် ပေါ်လာသေးတယ်ဆိုရင် ပြန်ကပ်ဖို့ လိုသွားပြီ။ [583] ဘာလို့လဲဆိုတော့ ကိုယ်က လွှတ်လိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့်လေ။ အဲဒါကြောင့် ထိထားရတယ် သူကနော်။ [584] နောက်တစ်ခါ နံပါတ်နှစ်မှာကျတော့ သိက္ခာချခြင်းဆိုတာ လူထွက်သွားတာပေါ့။ [585] ရဟန်း သိက္ခာချလိုက်တယ်။ ဥပမာ ဘုန်းကြီးတစ်ပါးက စားစရာတွေ အများကြီး အကပ်ခံထားတယ်။ [586] နောက်တစ်ပါး လာယူစတုန်း မရတော့ဘူး။ ပြန်ကပ်ဖို့ လိုတယ်နော် ပြန်ကပ်ဖို့ လိုတယ်။ [587] နောက်တစ်ခါ ရဟန်းတစ်ပါး အခြားသူကို ပေးလိုက်ခြင်း ဆိုတာ ဟို လူတွေကို စွန့်လိုက်တယ်ပေါ့။ [588] ဒကာကြီး သိမ်းလိုက် သိမ်းလိုက်တော့ ပြောတယ်။ တစ်ခါတစ်လေကျရင် ဆွမ်းဝိုင်းတွေလေ ဒကာကြီး လာသိမ်းခိုင်းတာမျိုးပေါ့။ [589] ကိုရင် လာသိမ်းလိုက်တော့ ဒကာကြီး လာသိမ်းလိုက်တော့လို့ သိမ်းခိုင်းလိုက်တယ်။ အဲ့လို လူတွေကို စွန့်လိုက်ပြီ ဆိုလို့ရှိရင်လည်း အကပ်ပျက်သွားပြီနော်။ [590] အဲ့တော့ ရဟန်းတစ်ပါးလို့ ပြောတဲ့အတွက်ကြောင့် ကိုယ့်ရဟန်းအချင်းချင်း စွန့်ရင်တော့ အကပ်မပျက်ဘူးနော်။ [591] အဲ့တော့ တခြားရဟန်းတစ်ပါးကို ပေးလိုက်တယ်ဆိုရင် နောက်ထပ် အကပ်ခံစရာ မလိုဘူး။ တချို့က မေးတယ် ရဟန်းအချင်းချင်း ပေးရင်ရော ကပ်စရာ လိုသေးလား။ [592] မလိုပါဘူးနော်။ ရဟန်းအချင်းချင်း ပေးရင် ကပ်စရာ မလိုဘူး။ လူကို ပေးလိုက်ရင် ကိုရင်ကို ပေးလိုက်ရင်တော့ ကပ်ဖို့ လိုတယ် ကပ်ဖို့ လိုတယ်။ [593] နောက် နံပါတ်လေးက ရဟန်းသာမဏေတို့က လုယူသွားခြင်း လူသာမဏေတို့က လုယူသွားခြင်း ဘုန်းကြီးစားနေတာကို အတင်းလုသွားတာ။ [594] ဒါ အတင်း သူတို့ဆီကို ပါသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ပစ္စည်း မဟုတ်တော့ဘူး။ အတင်း ပြန်ကပ်ဖို့ လိုသွားပြန်တယ်နော်။ [595] ကိုယ်ကတော့ စိတ်ထဲကတော့ စွန့်မယ်ဆိုတဲ့ စိတ်မရှိဘူးနော်။ စွန့်မယ်ဆိုတဲ့ စိတ်မရှိသော်လည်းပဲ သူတို့ လုယူသွားရင် အကပ်ပျက်သွားတာပဲ။ [596] တစ်ခါတစ်လေကျရင်လေ ဘုန်းကြီးစားလို့ မပြီးသေးဘူး အတင်းဆွဲယူသွားတာ ရှိတယ် ကျောင်းသားတွေကလေ။ [597] အဲ့ခါကျရင် ဘာလုပ်လဲဆိုတော့ ပြန်ယူလို့ မရဘူးနော်။ ပြန်ယူလို့ မရဘူး ငါ့ဥစ္စာ ပြန်ပေးကွာဆိုလို့ မရဘူး။ ပြန်ကပ်ရမယ်နော်။ [598] တစ်ခါတစ်လေကျရင် ဟို ကျောင်းသား ကိုရင်တွေ အဲ့လို ရှိတာပေါ့နော်။ ဘုန်းကြီးဝိုင်း သိမ်းချင်တာ သူတို့က။ သိမ်းချင်တာ။ [599] နောက် နံပါတ်ငါးက ရဟန်း ပျံလွန်တော်မူခြင်း။ ဘုန်းကြီး ပျံလွန်တော်မူသွားရင်လည်း အဲ့အတိုင်းပဲ။ [600] တချို့ ဆရာတော်ကြီးတွေက စားစရာတွေ ကပ်ခံထားတာ ရှိတယ်။ အဲ့ဆရာတော် ပျံလွန်တော်မူသွားပြီဆိုရင် အဲ့စားစရာတွေက ပြန်ကပ်ဖို့ လိုသွားတာနော်။ [601] နောက်တစ်ခါ နံပါတ်ခြောက်က ရဟန်းယောက်ျား ဘဝမှ ရဟန်းမ သို့မဟုတ် ရဟန်းမ ဘဝမှ ရဟန်းယောက်ျား အဖြစ်သို့ လိင်အသွင် ပြောင်းလဲသွားခြင်း။ [602] ဆိုတာ သူ လိင်ပြောင်းသွားတာ။ ယောက်ျားဘဝကနေ မိန်းမဘဝ ပြောင်းသွားတယ်ပေါ့။ အဲ့ဒါဆိုရင် အကပ်ပျက်သွားတယ် သူက။ [603] ခန္ဓာကိုယ် ပြောင်းလဲသွားတာနဲ့ ရဟန်းနဲ့ မဆိုင်ဘူး။ ကပ်ဖို့ လိုတာ။ ဒါကြောင့် လိင်ပြောင်းသွားခြင်းဟာလည်း အကပ် ပျက်သွားတဲ့ သဘော။ [604] အဲ့တော့ အားလုံးပေါင်း ဦးဇင်းတို့ အကပ်ပျက်တာ ခြောက်ခု ပေါ့နော်။ [605] အဲ့တော့ စကားဆက်ပြီးတော့ ညှပ်ပြီး ပြောရမယ်ဆိုရင် အဲ့ဒီမှာ ဟို ပျံလွန်တော်မူသွားရင် အကပ်ပျက်တယ် ဆိုတာတို့ နော်၊ [606] အခြားသူကို ပေးလိုက်ရင် အကပ်ပျက်တယ် ဆိုတာတို့ အဲ့ဒါလေးက ဗဟုသုတ ဘာရလဲဆိုတော့ [607] ဦးဇင်းတို့ မနက်ပိုင်း ရဟန်းသံဃာတော်တွေက စားစရာတွေ အကပ်ခံလိုက်တယ်။ မုန့်တွေ၊ အသီးတွေ အကပ်ခံလိုက်တယ်။ တပုံတပင် အများကြီး ဖြစ်နေတယ်။ [608] ကပ်ပြီးသွားပြီ။ နောက်မှာ ဝိနည်းတစ်ခု လာလိမ့်မယ်။ ဘာလဲဆိုတော့ ရဟန်းတော်တွေမှာ စားစရာသောက်ဖွယ် မသိမ်းထားရဘူး ဆိုတဲ့ ဝိနည်းတစ်ခု ရှိတယ်။ [609] ဒီနေ့ အကပ်ခံတာကို ဒီနေ့ အကုန်စားရမှာ။ နောက်နေ့ သိမ်းထားလို့ မရဘူး။ [610] တစ်ခါတလေ ဦးဇင်းတို့ လေယာဉ်တွေဘာတွေ စီးတယ်။ မြန်မာ့လေကြောင်းလိုင်းက ဘာညာပေါ့။ သူက နေ့လယ်ပိုင်း နေ့လယ်တွေဘာတွေ စီးလို့ရှိရင် တစ်ခါတလေ မုန့်တွေဘာတွေ လာကပ်တယ် သူက။ [611] ဘာပြောလဲဆိုတော့ အရှင်ဘုရား မနက်စာအတွက် ကပ်ပါတယ်ဘုရား တဲ့ သူက။ အဲ့လိုမျိုး သူတို့က မသိမ်းပေးထားတော့ မသိဘူး သူက။ [612] အရှင်ဘုရားတို့ မနက်စားဖို့ ကပ်ပါတယ်၊ အခုတော့ မစားနဲ့ပေါ့ ဝိကာလဘောဇန ဆိုတော့။ အဲ့တော့ မနက်စားဖို့ ကပ်ပါတယ်ဆိုတော့ ဦးဇင်းက ဟုတ်ကဲ့ ကပ္ပိယ ပါတယ်၊ ကပ္ပိယ သွားပေးလိုက်လို့ ပြောရတာပေါ့။ [613] ဆိုတော့ ဒါက သူတို့ ထင်တာက ဟို ဘုန်းကြီးကို ဒီနေ့ ကပ်ထားလိုက်တယ်၊ နောက်နေ့ စားလို့ရတယ်လို့ ထင်နေတာ။ [614] ဒါ လူတွေ ဝိနည်းမသိတော့ ဘာဖြစ်လဲ၊ ဘုန်းကြီး အာပတ်သင့်တဲ့ ပြဿနာပဲ နော်။ သူတို့ စိတ်ထဲမှာတော့ ညနေ မစားကောင်းတာ သူတို့ သိတယ်။ [615] ဒါပေမဲ့ သူတို့ မသိတာက ဒီနေ့ ကပ်ထားတာကို နောက်နေ့ စားလို့မရဘူး ဆိုတာကို မသိဘူး။ မသိတော့ သူတို့ခမျာ ရိုးသားစွာပဲ ဒါ နောက်နေ့ စားပါဘုရားလို့ ကပ်တာ သူတို့ကတော့ နော်။ [616] အဲ့ဒါ သူတို့ဘက်က အပြစ်မရှိဘူး၊ သူတို့ မသိတာပဲ နော် ဒါ ဒီလို အဲ့လိုဖြစ်တဲ့ ပြဿနာပေါ့ နော်။ [617] နောက်တစ်ခါ ဦးဇင်းတို့ ရဟန်းတော် ပျံလွန်တော်မူခြင်း ဆိုတဲ့ ကိစ္စလေးမှာလည်း အဲ့အတိုင်းပဲ။ ဟို တစ်ခါတစ်ခါ တချို့ ဝိနည်းနည်းနည်း ပေါ့တဲ့ ဆရာတော်တချို့က ဆန်တွေ ဆီတွေ အများကြီး အကပ်ခံထားတာတွေ ရှိတယ်လေ။ [618] လှောင်ထားပြီးတော့ အကပ်ခံထားတာပေါ့။ အဲ့ဒါဆိုလို့ရှိရင် အဲ့ဒီဟာတွေက မအပ်တော့ဘူး။ [619] အကယ်၍ အဲ့ဒီဆရာတော် ပျံလွန်တော်မူသွားရင် ဘယ်လိုလုပ်မလဲဆိုရင် တခြားသံဃာတွေ ကပ်လို့မရဘူးလားဆိုရင် ရတာပေါ့။ ဘာလို့လဲဆိုတော့ သူ ပျံလွန်တော်မူသွားပြီလေ။ [620] ပျံလွန်တော်မူသွားပြီဆိုတော့ သူ ကပ်ထားတာ အကပ် ပျက်သွားပြီ။ ဒါကြောင့် ဦးဇင်းတို့ နောက် သံဃာတော်တွေကို ပြန်ကပ်လို့ ရတယ်။ အဲ့လိုမျိုးလေးတွေ ရှိတယ်ပေါ့ နော်။ [621] အဲ့လို ရှိတယ်။ အဲ့ဒါကြောင့် ကပ္ပိယတွေက ဒါ နားလည်လို့ရှိရင် သံဃာတော်တွေ တော်တော် အဆင်ပြေသွားတာ။ [622] အဲ့ဒါဆို ဦးဇင်းတို့ အကပ်ပျက်ကြောင်း တရား ခြောက်ပါး။ အဲ့ထဲမှာ စဉ်းစားကြည့်စမ်း။ [623] ကပ်ပြီးသား ပစ္စည်းကို ပြန်ကိုင်ရင် အကပ်ပျက်တယ်ဆိုတာ မပါဘူးနော်။ တွေ့တယ်နော်၊ မပါဘူးနော်။ သူက အပြီးယူသွားမှ ပျက်တာနော်။ ခုန နံပါတ် လေး ဆိုရင် လုယူသွားတာ။ [624] အပြီးယူသွားခြင်း ဟုတ်လား သူက အပြီးယူမှ အကပ်ပျက်တာနော်။ [625] ဟို ခွက်က မသန့်လို့ နည်းနည်း သီချိုနဲ့ သုတ်ဖို့ ယူတာမျိုးတွေ ဘာမှမဖြစ်ဘူး။ အဲ့နေရာ ရွှေ့တာတို့ ဘာမှမဖြစ်ဘူး။ [626] သဘောပေါက်လား မသိဘူး။ ခုန အကပ်ပျက်ကြောင်း တရားထဲမှာ မပါဘူး။ လူတွေ မကိုင်ရဘူးလို့ မပါဘူး။ [627] နော် အဲ့ဒါတော့ ရှိတယ်။ အဲ့တစ်ခုတော့ ရှိတာက ဘာလဲဆိုတော့ ဒီ လက်တို့ အင်္ကျီတို့က အမှုန့်တွေ ကျမှာ တစ်ခုတော့ စိုးရိမ်စရာ ရှိတယ်။ [628] နော် စားပွဲဝိုင်းတွေကို လှမ်းယူတယ်လေ။ ဟို လက်ရှည်အင်္ကျီ ဝတ်တဲ့လူတွေဆို အင်္ကျီကနေ ဖုန်တွေ ကျချင် ကျသွားနိုင်တယ်။ [629] ဒါလေး တစ်ခုတော့ သံသယ ရှိတာပေါ့။ တခြားကတော့ ဘာပြဿနာမှ မရှိဘူး။ [630] အဲ့တော့ ခွက်ကို လာကိုင်ရုံနဲ့ ရွှေ့ရုံနဲ့ ပြဿနာ မရှိဘူး။ တစ်ခုတော့ ရှိတာ ခုနက လိုက်ပွဲ လောင်းရင်တော့ ကပ်ဖို့တော့ လိုတယ်။ [631] နော် အဲ့ဒါ ကပ်ဖို့ လိုတယ်။ အဲ့ဒါကြောင့် ဦးဇင်းက ကပ်ပြီးသား ဥစ္စာကို ကိုင်လို့ ဘာမှမဖြစ်ပါဘူး။ [632] နေရာရွှေ့လို့ ရတယ်၊ ကိုင်လို့ ရတယ်။ ခုံတွေ ပြန်မလို့ ရတယ်။ ဘာမှမဖြစ်ဘူး။ [633] ကဲ ဒါဆိုရင် ဦးဇင်းတို့ ဆောင်ပုဒ်ကလေးကို ဆိုကြည့်ရအောင်။ ဆွမ်းချပေးလှူ မင်းစု နိဗ္ဗာန်၊ ဤခြောက်တန်၊ ကပ်သံ ပျက်ကြောင်း သိ။ [634] အဲ့တော့ အကပ်မြောက်တဲ့ အင်္ဂါက ရှေ့မှာ ငါးချက်။ အကပ်ပျက်တာကျတော့ ခြောက်ချက်။ [635] နော် အဲ့ အကပ်ပျက်သွားပြီဆိုရင် ဦးဇင်းတို့ ဒကာမကြီးတွေက နောက်နေ့ သံဃာတော်ကို ပြန်ကပ်လို့ ရတယ်။ [636] ဒါဆိုရင် ဦးဇင်းတို့ အောက်ကို နည်းနည်း ဆက်သွားကြည့်ရအောင်။ ဤအကပ်ပျက်ခြင်း၌ တစ်ပါးပိုင် စားဖွယ် အာဟာရသာ အကပ်ခံ ပျက်သည်။ [637] နှစ်ပါး သုံးပါး စသည် ပိုင်ဆိုင်သော စားဖွယ် အာဟာရ၌ တစ်ပါးက စွန့်ရုံဖြင့် အကပ်မပျက်နိုင်ပါ။ [638] တစ်ခါတလေ စားပွဲဝိုင်းမှာ သံဃာ ငါးပါးလေ။ သံဃာ ငါးပါး ဆွမ်းအတူ ဘုန်းတဲ့ စားပွဲဝိုင်းမှာ ကပ်ထားတဲ့ ဥစ္စာ။ [639] အဲ့ဒါကို တစ်ပါးက မစားတော့ဘူး ဆိုပြီးတော့ စွန့်လိုက်တယ်။ ဒါပေမဲ့ ကျန်တဲ့ လေးပါး ရှိသေးတယ်။ [640] ဒါကြောင့် စွန့်ရာ မရောက်သေးဘူး ဆိုတာ ပြောချင်တာ။ နော်။ [641] အဲ့တော့ တစ်ပါးက ငါတော်ပြီ ငါမစားတော့ဘူးလို့ ပြောရုံမျှနဲ့ အဲ့ဒီ စားစရာက အကပ်မပျက်သေးဘူး။ [642] ကျန်တဲ့ သုံးပါး လေးပါး ကျန်နေသေးတယ်။ အဲ့တော့ အပါး ငါးပါးလုံး အားလုံးက တော်ပြီ ငါတို့ မစားတော့ပါဘူး ဆိုတဲ့ အခါကျမှ အဲ့ဒီ ဆွမ်းဟာ အကပ်ပျက်သွားတာ။ [643] သူတစ်ပါးကို ပေးလိုက်ခြင်းကြောင့် အကပ်ပျက်၏ ဟူဆိုရာ၌လည်း နှုတ်အပြတ်သေးပါဘူး။ ဆွမ်းစားပွဲ ဘုန်းပေးနေစဉ် အလှူရှင်များ လာ၍ ထိကိုင်ရာ၌ ရဟန်းက ပေးစွမ်းမှသာ အကပ်ပျက်ကာ [644] ရဟန်းက လက်ဖြင့် ထိကိုင်၍ မထားစေကာမူ အကပ်မပျက်ပါဘူးနော်။ ခုနက ပြောတာ ပါသွားပြီ။ [645] ဦးဇင်းတို့ ဘုန်းကြီးက ဒီစားပွဲခုံကို မထိထားလည်း ဘာမှမဖြစ်ဘူး။ လူက လာကိုင်လည်း ဘာမှမဖြစ်ဘူးနော်။ [646] တချို့က အကပ်ပျက်မှာစိုးလို့ ဘုန်းကြီး အတင်း လိုက်ကိုင်တာရှိတယ် တချို့က။ အတင်း လိုက်ကိုင်တာမျိုး ရှိတယ်။ မလိုပါဘူးနော်။ [647] ဤသို့ဖြင့်၍ သွန်းဖြင့်၍ ကပ်ပြီး ပစ္စည်းကို ကိုင်ကောင်းပါသည်တဲ့နော်။ ဒါကြောင့် ပစ္စည်း ကိုင်လို့ ရသလား မေး ကိုင်လို့ ရပါတယ်။ [648] နောက်တစ်ခါ ဦးဇင်းတို့ ဆွမ်းလိုက်ပွဲလောင်းတဲ့ ပြဿနာလေးပဲနော်။ အခုနောက်မှာ တော်ပြီဟု တားမြစ်ပြီး ဆက်လက်စားမှုကြောင့် အာပတ်မသင့်အောင် စက္ကနီရီ [649] အင်မတန် အရေးကြီးတယ် ဒါ။ တော်တော် ဦးဇင်းတို့ ကျောင်းတိုင်းက ကပ္ပိယတွေကိုလည်း အတော်သင်ပေးရတယ် ဒီကိစ္စက။ [650] ဦးဇင်းတို့ ကျောင်းတိုက်တွေမှာတော့ သိပ်ပြဿနာမရှိဘူး။ အဲ့စားပွဲဝိုင်းနဲ့ စားတဲ့ ဆရာတော်တွေအတွက်ကျတော့ ဒီဟာလေးက လူတွေ တော်တော် သိရမယ့်ကိစ္စ။ [651] လူမသိရင် ဦးဇင်း ဘုန်းကြီးတွေမှာ တကယ် အာပတ်သင့်တယ် ဒီကိစ္စကတော့။ ဒါကြောင့် လူတွေ တကယ် ဝိနည်းသိဖို့ လိုတယ်နော်။ လူတွေ ကူညီရမယ်။ [652] ရဟန်းတော်များသည်တဲ့ ဘောဇဉ်ငါးပါးတွင် တစ်ပါးပါးကိုနော် တချို့တစ်ဝက် စားပြီးနောက် ကျန်တစ်ဝက်ကို ဆက်လက်စားနေစဉ် [653] ဟော ဆွမ်းဘုန်းပေးနေတယ်ပေါ့။ စားနေစဉ်ပေါ့လေ။ တော်ပြီတန်ပြီ စသည်ဖြင့် တားမြစ်မိလျှင် ပဝါရိတ္တသင့်၏ဆို။ [654] ပဝါရိတ္တသင့်တယ်ဆိုတာ အာပတ်သင့်တာ မဟုတ်သေးဘူး သူက။ တားလိုက်တယ်လို့ ပဝါရိတ္တဆိုတာ မြန်မာလိုပြောရင် တားမြစ်တယ်လို့ ပြောတာပဲ။ [655] တားမြစ်တာကိုပဲ ပဝါရိတ္တသင့်တယ်လို့ ဒီလိုခေါ်တာနော်။ အဲ့ပဝါရိတ္တဆိုတာကို အောက်က မှတ်ထားလိုက်ပေါ့နော်။ တားမြစ်ခြင်းလို့ အင်း တားမြစ်ခြင်းလို့ မှတ်ထားလိုက်ပေါ့။ [656] ဒါကြောင့် ရဟန်းတော်တွေက ဆွမ်းဘုန်းပေးနေတယ် ဒကာဒကာမတွေက မုန့်တို့ တခြား ဟင်းရည်တို့ လာကပ်တယ်။ [657] ဘုန်းကြီးက တော်ပြီတော်ပြီလို့ တားလိုက်တယ်။ အဲ့ဒါကို ပဝါရိတ္တသင့်တယ်လို့ ခေါ်တယ်။ အာပတ်မသင့်သေးပါဘူး။ [658] အဲ့တော့ ပဝါရိတ္တသင့်ရင် ဘာဖြစ်သလဲပေါ့။ အဲ့လို တားမြစ်လိုက်ရင် ဘာဖြစ်သလဲလို့ မေးရင် နောက်ထပ် စားခွင့်မရှိတော့ဘူး။ [659] သူက စားခွင့်ဆိုတာ ဣရိယာပုဒ် မပြောင်းရဘူး သူက။ ထိုင်ပြီး ဘုန်းပေးနေစဉ် မထရတော့ဘူး သူက။ Non-stop ဘုန်းပေးပဲ။ [660] ထလိုက်ရင် လုံးဝ စားခွင့်မရှိတော့ဘူး။ ဒီနေ့ တစ်ရက်အတွက် သွားပြီ သူ ပြီးသွားပြီ။ [661] နော် ဦးဇင်းက ဆွမ်းဘုန်းပေးနေတယ်။ ဆွမ်းဘုန်းပေးတဲ့ အချိန်မှာ ဒကာတစ်ယောက်က လာကပ်တယ်။ အထူးသဖြင့် ဒီဟာက ဘယ်လိုအချိန်မှာ ဖြစ်သလဲဆိုတော့ မနက်ပိုင်း ပြဿနာပဲ အရုဏ်။ အင်း အရုဏ်ဆွမ်း [662] အာရုံဆွမ်း ဘုန်းပေးနေတဲ့ ဦးဇင်းက အာရုံဆွမ်း ဘုန်းပေးနေတဲ့ အချိန်မှာ [663] လာပြီးတော့ လာကပ်တဲ့အခါမှာ ဦးဇင်းက ဝနေပြီ၊ အီနေပြီ၊ မစားနိုင်တော့ဘူး။ [664] အဲ့တော့ ဒကာကြီး တော်ပြီ တော်ပြီလို့ လက်ကာပြလိုက်တယ်၊ ပါးစပ်က ငြင်းလိုက်တယ်။ [665] အဲ့ဒါဆိုရင် ဦးဇင်း ပဝါရိတင့်သွားပြီ။ အဲ့ဆိုရင် ပဝါရိတင့်ရင် ဘာဖြစ်သလဲဆိုတော့ [666] နေ့ဆွမ်းစားလို့မရတော့ဘူး။ သဘောပေါက်လားမသိဘူး။ အဲ့ပြဿနာ သွားတက်တယ်။ [667] သဘောပေါက်လား။ အဲ့တော့ သူက အကယ်၍ နေ့ဆွမ်းစားချင်တယ်ဆိုရင် မထနိုင်ဘူး၊ [668] ထိုင်နေရမယ် နေ့ဆွမ်းစားဖို့အတွက်ကို။ သဘောပေါက်လား။ အဲ့လိုရှိတယ်။ [669] လူတွေမသိဘူး အဲ့ဝိနည်းတွေကို သိလား။ နော်။ ဘုန်းကြီးက ထလို့မရတော့ဘူး သူက။ [670] ထလိုက်တာနဲ့ကို ဘာမှစားလို့မရတော့တာ သူက။ တစ်နေ့ကုန်စားလို့မရတော့တာ။ [671] အဲ့လိုမျိုး သူက။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ တားလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် [672] တော်ပြီလို့ တားလိုက်လို့ရှိရင် မထမချင်းတော့ စားလို့ရသေးတယ်။ နော်။ [673] သူစားချင်တယ်ဆိုရင် မထနဲ့ ထိုင်နေဦး။ အဲ့ဒါ နေ့ဆွမ်းစားချင်ရင် ထိုင်နေပေါ့။ [674] အဲ့လိုဖြစ်နေတာ။ အဲ့တော့ မထိုင်နိုင်ဘူးဆိုရင်တော့ ထလိုက်ရင်တော့ သူစားလို့မရတော့ဘူး။ [675] အဲ့ လူတွေ ဝိနည်းနားမလည်တော့ နော်။ အဲ့တော့ အဲ့ဒီအပြစ်ကို လွတ်အောင်လုပ်တဲ့နည်းရှိတယ်။ [676] နော် အဲ့ဒါပြောတာ။ အဲ့ဒါကြောင့် ဦးဇင်းတို့ အရေးကြီးတယ်နော်။ [677] ဟို နေ့ဆွမ်းမှာတော့ ပြဿနာမရှိဘူးလေနော်။ နေ့ဆွမ်းမှာ တားလိုက်ပြီဆိုရင်လည်း [678] အကိစ္စမရှိဘူး စားစရာမှမရှိတော့တာ။ နေ့ဆွမ်းမှာ ပြဿနာမရှိဘူး။ [679] ဘာလို့ဆို ညစာပဲကျန်တော့တာကိုး။ ညစာပဲကျန်တော့တာဆိုတော့ သိပ်ကိစ္စမရှိတော့ဘူး။ [680] အဲ့တော့ အာရုံဆွမ်းတားလိုက်ရင် နေ့ဆွမ်းစားလို့မရတော့ဘူး။ [681] နေ့ဆွမ်းတားရင် ပြဿနာမရှိဘူး သူက။ နေ့ဆွမ်းက အကိစ္စမရှိဘူး။ [682] ရဟန်းတော်များ ဆွမ်းဘုန်းပေးနေစဉ် နဝကမ္မ ဟတ္တပါသ် အပြင်ဘက်က ပေးလှူသည်ကို [683] တော်ပြီ မထည့်နဲ့ဦး စသည်ဖြင့် နှုတ်ဖြင့် ပယ်မြစ်သော်လည်း တားမြစ်ရာ မရောက်ပါ။ [684] အဲဒီမှာ ကြည့် တွေ့လား။ ဟတ္တပါသ် အပြင်ဘက်က ဆိုတဲ့ စကားလုံး ပါတယ် တွေ့လား။ [685] အဝေးကနေပြီးတော့ အရှင်ဘုရား ဟို ယူပါဦးမလားပေါ့ လှမ်းမေးလိုက် အဝေးကနေလေ။ [686] အဲလိုဆိုလို့ရှိရင် မယူတော့ဘူး ဒကာကြီးလို့ တားလိုက်ရင် ဘာမှမဖြစ်ဘူး ရတယ်။ [687] ဒါကြောင့် ဦးဇင်းတို့ နဝကမ္မ အတွင်းကို မဝင်ဘဲနဲ့ လှမ်းမေးတာ အကောင်းဆုံးပဲ။ [688] သူက ဒီလို အဲဒါက ဒီလိုရှိတယ် သူက။ အင်္ဂါ သူ့အင်္ဂါရှိတယ် သူက။ [689] နဝကမ္မ အတွင်းကို ဝင်ရမယ်။ နောက်တစ်ခါ ရှေးရှုဆောင်ပြီးတော့ လောင်းကပ်တာ ဖြစ်ရမယ်။ [690] ခုန ဦးဇင်းတို့ အကပ်ခံ အင်္ဂါငါးပါးလေ။ အဲဒီ အကပ်ခံ အင်္ဂါငါးပါးနဲ့ ရှေးရှုဆောင်ခြင်း ဖြစ်ရမယ်။ [691] နဝကမ္မ အတွင်း ဝင်ရမယ်။ ပြီးရင် အဲဒီ လက္ခဏာ ညီနေရမယ်။ [692] အဲဒီအခါမှာ အဲဒီ ညီသွားပြီဆိုရင် ဦးဇင်းတို့ မတားရဘူး။ [693] ဒါကြောင့် ဦးဇင်းတို့ အဲလက္ခဏာ မညီအောင် လုပ်လို့ရတယ်။ နဝကမ္မ အပြင်ဘက်ကနေ လှမ်းမေး။ [694] ဒါမှမဟုတ်ရင်လည်း အဲဒီ လောင်းမယ့် အိုးကို ဗုံးကို ချထားလိုက်။ [695] လက်အုပ်ချီပြီးတော့ အရှင်ဘုရား ယူဦးမလားလို့ မေး ရတယ်။ [696] ဟို ပန်းကန်ပြားကြီးကိုလည်း ကိုင်ပြီးတော့လေ အရှင်ဘုရား ယူဦးမလား ဒီလိုမလုပ်ရဘူး။ [697] ချ ချထားလိုက် ဦးဇင်းပြောတာ သဘောပေါက်လား မသိဘူး။ ဟို လိုက်ပွဲကို ချလိုက်။ [698] ချပြီးတော့ အရှင်ဘုရား ယူပါဦးမလား မေးလိုက်။ အဲဒါဆို ဘုန်းကြီးက ငြင်း ရတယ်။ [699] ဘာလို့လဲဆိုတော့ ရှေးရှုဆောင်ခြင်း မပါဘူး။ သဘောပေါက်လား မသိဘူး။ [700] ဒါကြောင့် ဦးဇင်းတို့ ရှေးရှုဆောင်ခြင်း လက္ခဏာ မညီခဲ့ရင် ရတယ်။ နဝကမ္မ အတွင်း မဝင်ခဲ့ရင် ရတယ်။ [701] ဒါကြောင့် ဦးဇင်းတို့ လိုက်ပွဲလိုက်တဲ့ ပုဂ္ဂိုလ်တွေက အဲဒါ သတိထား။ [702] အဲဒီ လိုက်ပွဲလိုက်မယ့် ခွက်ကလေးကို ပန်းကန်လေးကို ချထားပြီးတော့ လက်အုပ်ချီမေးလိုက်။ [703] အဲလို မေးလိုက်လို့ရှိရင် တားလိုက်လို့ရှိရင် ဘုန်းကြီးမှာ ပြဿနာ တက်ပြီ။ ဘုန်းကြီး ဆွမ်းငတ်တော့မှာပဲ။ [704] အလှူရှင်များ ယူပါဦး အဝေးက လှမ်းမေးလို့ရတယ်၊ ချပြီးတော့ မေးရင် ရတယ်။ [705] ဟို လောင်းမယ့် ပုံစံ မလုပ်နဲ့နော်၊ လောင်းမယ့် ပုံစံ မလုပ်နဲ့။ ရှေးရှုဆောင်တဲ့ ဟတ္ထပါသ် ပေါ့၊ အဲ့ဒါလေး ဆိုရတယ်။ [706] အဲ့တော့ တချို့ကျတော့ လက်နဲ့ အရိပ်အကဲ ပြတယ် ဆိုတော့ အဲ့ဒါရော... အတူတူပဲ၊ ဒါ့ထဲမှာ ပါတယ်၊ သူက ပါးစပ်နဲ့ တားတာ ရှိတယ်၊ လက်နဲ့ တားတာ ရှိတယ်။ [707] ခေါင်းခါတာလည်း အတူတူပဲ၊ အတူတူပဲ။ ဦးဇင်းလည်း ခဏခဏ မေးတယ်၊ ဦးဇင်း ခေါင်းခါလို့ မရဘူးလား၊ မရဘူးလို့။ [708] အဲ့လိုမျိုး ပေါ့။ အဲ့တော့ တချို့က ဘယ်လို လုပ်တာလဲ၊ အဲ့အခါကျတော့ ဘယ်လို လုပ်တာလဲ ဆိုတော့ ဇွန်းလေး ယူလိုက်ရင်လည်း ရတာပေါ့။ [709] ဒါ လောင်းတယ် ပေါ့၊ နည်းနည်းပဲ ထည့်လိုက်တယ် ဆိုရင်လည်း ရတာပေါ့၊ အဲ့လိုမျိုး ပေါ့။ [710] ဒါ လူတွေ ဝိနည်း နားလည်တော့ သံဃာ့အတွက် အဆင်ပြေသွားတယ်။ မဟုတ်ရင် ဘုန်းကြီးတွေ နေ့ဆွမ်း ငတ်မယ့် ကိစ္စပဲနော်၊ နေ့ဆွမ်း ငတ်မယ့် ကိစ္စ ဖြစ်သွားတယ်။ [711] အဲ့ဒါကြောင့် ဦးဇင်းတို့ အစားအစာကို မမျှော် အောက်မှာနော် ချွင်းချက် ရေးထားတယ်။ [712] အစားအစာကို မျှော်မှား၍ နှစ်တောင်ထွာ ဟတ္ထပါသ် အတွင်းသို့ ဆောင်ယူလာခိုက်တွင် ပယ်မြစ်မှ ပဝါရိတ္တ သင့်သည် တားမြစ်ရာ ရောက်သည်။ [713] အစားအစာကို မမျှော်ဘဲ သော်လည်းကောင်း၊ ခုန ဦးဇင်း ပြောပါတယ်၊ မမျှော်ဘဲနဲ့ ချထားမယ်။ [714] ဒါမှမဟုတ် ဟတ္ထပါသ် အပြင်မှ သော်လည်းကောင်း၊ ဟုတ်ပြီနော်၊ အပြင်ကနေ လှမ်းပြော၊ အဲ့တော့ ပြည့်စုံပြီလား ဘုရား၊ ထည့်ဦးမလား ဘုရားလို့ နှုတ်ဖြင့် မေးသည်ကို ပယ်မြစ်ရာနှင့် ပဝါရိတ္တ မသင့် တားမြစ်ရာ မရောက်ပါ၊ တွေ့လား။ [715] နှစ်ချက်ပေါ့နော်၊ အဲ့ဒါဆို ရှင်းသွားပြီ။ ထို့ကြောင့် အလှူရှင်များသည် ရဟန်းတော်များ ဆွမ်းဘုဉ်းပေးနေစဉ် ဟတ္ထပါသ် အပြင်ဘက်မှ ဖြစ်စေ၊ [716] အစားအစာကို မမျှော်ဘဲ ဖြစ်စေ၊ ပြည့်စုံပြီလား ဘုရား၊ ထည့်ဦးမလား ဘုရားဟု နှုတ်ဖြင့်သာ လျှောက်ထား မေးမြန်းကြရမည်။ [717] ထိုသို့ မေးမြန်း လျှောက်ထားလျှင် ရဟန်းတော်က တားမြစ်မိသော်လည်း ပဝါရိတ္တ မသင့်၍ ဆက်လက် ဘုဉ်းပေးကောင်းပါသည်။ [718] ဤ လျှောက်ထားနည်းကို အလှူရှင်များ တတ်သိ နားလည်ထားသင့်ပါသည်၊ နော်။ ဒါက အင်မတန် အရေးကြီးတဲ့ အချက်လေး တစ်ချက် ဖြစ်သွားတယ်။ [719] ဒါဆို ဦးဇင်းတို့ အကပ်ခံခြင်း ဆိုင်ရာ ပြီးသွားပါပြီ နော်။