1
00:00:00,000 --> 00:00:05,470
ကဲ ဦးဇင်းတို့ အခန်း ၁ ဆွမ်းကပ်တဲ့ အခါမှာ

2
00:00:05,500 --> 00:00:10,169
လိုက်နာရမယ့် ပုံစံလေးတွေ ခုနက ပြောခဲ့တယ်။

3
00:00:10,199 --> 00:00:15,770
အခု အခန်း ၂ ပေါ့နော်၊ စာမျက်နှာ ၁၆ ပေါ့ အခန်း ၂။

4
00:00:15,800 --> 00:00:20,369
ဟို အားလုံး ရှိရင်လည်း ကိုယ့်ဘာသာကိုယ် အိမ်မှာ ပြန်ဖတ်ကြည့်ပေါ့။

5
00:00:20,399 --> 00:00:25,070
ပြီးတော့ အဲ့မှာ စိတ်ကူးပေါ်တာလေးတွေ ရှိတယ်ဆိုရင်လည်း

6
00:00:25,100 --> 00:00:30,570
နောက်ရက် နောက်ရက်တွေမှာ ပြန်မေးလို့ ရပါတယ်။

7
00:00:30,600 --> 00:00:35,170
ဟို ပြီးသွားပြီ မေးလို့ မရတော့ဘူးလို့ မထင်နဲ့ပေါ့။

8
00:00:35,200 --> 00:00:40,769
ပြီးခဲ့တဲ့ အခန်းလေးတွေကို ကိုယ့်ဘာသာကိုယ် ပြန်ဖတ်ပြီးတော့

9
00:00:40,799 --> 00:00:45,369
မရှင်းတာရှိရင် သို့မဟုတ် အတွေးပေါ်တာလေးတွေ ရှိရင်လည်း မှတ်လာခဲ့ပြီး မေးပေးပေါ့။

10
00:00:45,399 --> 00:00:50,070
တခြားသူတွေလည်း ကိုယ့်ကို အကြောင်းပြုပြီးတော့ ဗဟုသုတတွေ ပွားတယ်ပေါ့။

11
00:00:50,100 --> 00:00:55,670
အခန်း ၂ မှာ ဦးဇင်းတို့ အချိန်အခါလိုက် စပ်လျဉ်းအပ်သော

12
00:00:55,700 --> 00:01:00,269
စားသောက်ဖွယ်နှင့် ဖျော်ရည်များ၊ ဆေးပစ္စည်းများ။

13
00:01:00,299 --> 00:01:05,870
ဒါလည်း အင်မတန် အရေးကြီးပါတယ်နော်။ ဒကာ ဒကာမတွေ

14
00:01:05,900 --> 00:01:10,470
မလိမ္မာလို့ ဆရာတော်ကြီးတွေမှာ အာပတ်သင့်ရတယ်၊ ဆရာတော်တွေမှာ အာပတ်သင့်ရတယ်။

15
00:01:10,500 --> 00:01:15,170
မွန်းမတည့်မီအတွင်း သုံးဆောင်ကောင်းသော အာဟာရ၊

16
00:01:15,200 --> 00:01:20,769
အဲ့ဒါကို ပါဠိလို ယာဝကာလိက လို့ ခေါ်တယ်။

17
00:01:20,799 --> 00:01:25,370
ဒီ အရုဏ်တက်ချိန်ကနေပြီးတော့ ခေတ်နာရီနဲ့ ပြောမယ်ဆိုရင် ၁၂ နာရီပေါ့ အကြမ်းဖျင်းပေါ့လေ။

18
00:01:25,400 --> 00:01:30,069
တကယ်တော့ နေမွန်းလွဲချိန်ဆိုတာ နေနဲ့ ဦးဇင်းတို့ သတ်မှတ်ပါတယ်။

19
00:01:30,099 --> 00:01:35,670
ဒီနေ့ခေတ်တော့ ဖုန်းတွေ application တွေ ရှိတော့

20
00:01:35,700 --> 00:01:40,269
အရုဏ်တက်ချိန်၊ နေဝင်ချိန်၊ နေထွက်ချိန်၊ နေလွဲချိန်တွေကို စနစ်တကျ ဦးဇင်းတို့ ကြည့်နိုင်ပါပြီ။

21
00:01:40,299 --> 00:01:45,870
အဲ့တော့ အကြမ်းဖျင်းတော့ ၁၂ နာရီလို့ သတ်မှတ်တယ်။

22
00:01:45,900 --> 00:01:50,470
အဲ့တော့ မနက် အရုဏ်တက်ချိန်ကနေပြီးတော့ ၁၂ နာရီအတွင်း

23
00:01:50,500 --> 00:01:55,170
ဘုန်းပေးသုံးဆောင်ရတဲ့ အစားအာဟာရတွေကို

24
00:01:55,200 --> 00:01:56,972
ပါဠိဘာသာနဲ့ ယာဝကာလိက လို့ ခေါ်ပါတယ်နော်။

25
00:01:57,002 --> 00:01:59,670
သာသနာမှာ ကာလိက လေးမျိုးရှိတယ်။ ဒါ နံပါတ် ၁ ယာဝကာလိက အမျိုး။

26
00:01:59,700 --> 00:02:04,639
အဲတော့ အရုဏ်တက်ချိန် မဟုတ်ဘူးနော် သူက အရေးချ အာ မဟုတ်ဘူး အရုဏ်တက်ချိန်လို့ ခေါ်တယ်။

27
00:02:04,669 --> 00:02:08,887
အောက်မှာ ရေးထားတာ ပါတယ် ရဟန်းတော်များအတွက် အရုဏ်တက်ချိန်မှနော်။

28
00:02:08,917 --> 00:02:14,851
မြန်မာတော်တော်များများ အဲ့ဒါ နှုတ်ကျိုးနေတာ အာရုဏ် အာရုဏ်လို့ ဆွမ်းကပ်လို့ရှိရင်လည်း အာရုဏ်ဆွမ်းလို့ ပြောကြတယ်။

29
00:02:14,881 --> 00:02:19,911
အာရုဏ်ဆွမ်းမဟုတ်ဘူးနော် အရုဏ်ဆွမ်းလို့ ခေါ်တယ် အ နဲ့ ရေးချမပါဘူး။

30
00:02:19,941 --> 00:02:25,423
အဲ့ဒါ နှုတ်ကျိုးနေတာ မှားနေတာနော် သူက ပါဠိလိုက အရုဏ က လာတာလေ။

31
00:02:25,453 --> 00:02:29,670
အရုဏ ကနေပြီးတော့ နကြီးကို အသတ်ကလေး သတ်လိုက်တော့ အရုဏ်လို့ ဖြစ်သွားတာ။

32
00:02:29,700 --> 00:02:36,267
ဒီအရုဏ်သည် ပါဠိပျက်နော် ပါဠိကနေ ဆင်းသက်လာတဲ့ စကား အရုဏ ကနေပြီးတော့ အရုဏ်။

33
00:02:36,297 --> 00:02:43,767
အဲတော့ အရုဏ်အကြောင်းလည်း နောက်မှာ တစ်ကဏ္ဍ အခန်းတစ်ခန်း ပါပါတယ် ဒီနောက်ပိုင်းနားလေးမှာ အရုဏ်အကြောင်းလေး သီးသန့်ပြောပေးပါမယ်။

34
00:02:43,797 --> 00:02:50,725
အဲတော့ မိုး အဲ မနက် အရုဏ်တက်ချိန်ကနေပြီးတော့ နေမွန်းတည့်တိုင်အောင် ဘုန်းပေးသုံးဆောင်ကောင်းသော အာဟာရတို့သည်

35
00:02:50,755 --> 00:02:55,875
နံနက်အဟာ နံနက်သုံး အာဟာရ ယာဝကာလိက မည်၏နော်။

36
00:02:55,905 --> 00:03:01,568
အဲတော့ မြန်မာလို ဘာသာပြန်တော့ နံနက်သုံး အာဟာရလို့ ဘာသာပြန်ကြတယ် ယာဝကာလိက။

37
00:03:01,598 --> 00:03:07,623
ဤနံနက်သုံး ယာဝကာလိကတို့က ဘာတွေလဲဆိုတော့ ထမင်း ထမင်းအမျိုးမျိုးနော်။

38
00:03:07,653 --> 00:03:16,298
နောက် ဆန် ဆန်နဲ့လုပ်သော မုန့်မျိုးစုံ နောက် မုယော မုယောဆိုတာ စာပေမှာ လာတဲ့ ဥစ္စာ ယနေ့ခေတ်ဆို ဂျုံလို့ ခေါ်တယ်ပေါ့။

39
00:03:16,328 --> 00:03:21,177
ဂျုံနဲ့လုပ်ထားတဲ့ ဒီမုန့်တွေ ကိတ်မုန့်တွေ ပေါင်မုန့်တွေပေါ့။

40
00:03:21,207 --> 00:03:26,870
ဒါ ငါးဖြင့် ပြုလုပ်ထားတဲ့ စားဖွယ်သောက်ဖွယ်တွေ ငါးတွေ နောက်တစ်ခါ နံပါတ်ငါးကတော့ အသား။

41
00:03:26,900 --> 00:03:35,274
အသားနဲ့လုပ်ထားတဲ့ အာဟာရတွေနော် ထမင်းရယ် ဆန်ရယ် ဂျုံရယ် ငါးရယ် အသားရယ်ပေါ့ စားစရာ အမျိုးမျိုးပေါ့နော်။

42
00:03:35,304 --> 00:03:42,864
အဲတော့ အဲ့ဒီ အခဲအဘောဇဉ် နောက်တစ်ခါ ဘာတွေပါသေးလဲ နွားနို့တို့ လက်ဖက်ရည် စသော သောက်ဖွယ်များလည်း ပါပါတယ်နော်။

43
00:03:42,894 --> 00:03:53,075
အဲတော့ အာဟာရ စားဖွယ်အာဟာရမှန်သမျှပေါ့ စားဖွယ်အာဟာရမှန်သမျှသည် ဒါဦးဇင်းတို့ ပါဠိလိုပြောရင် ယာဝကာလိက မြန်မာလိုပြောရင် နံနက်သုံး အာဟာရ ဖြစ်ပါတယ်။

44
00:03:53,105 --> 00:03:56,672
နည်းနည်းလေး ချဲ့ပြောဖို့ လိုတယ်ပေါ့နော် အဲ့ဒါလေးကို ရှေးဆိုရလျှင်တဲ့ စပါးအမျိုးမျိုးနှင့်

45
00:03:56,702 --> 00:03:59,370
စပါးအမျိုးမျိုးနှင့် ပဲအမျိုးမျိုးတို့ကို

46
00:03:59,400 --> 00:04:03,257
အဲ့ဒါကို မီးဖြင့် ကျော်လှော် ချက်ပြုတ် ဖုတ်ကင် ပေါင်းအုံး၍

47
00:04:03,287 --> 00:04:05,725
ပြုသမျှသော စားဖွယ်များ နော်။

48
00:04:05,755 --> 00:04:08,641
စပါးတွေနဲ့ ပဲတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေ

49
00:04:08,671 --> 00:04:11,931
အဲ့ဒါတွေဟာ မနက် ယာဝကာလိက ဖြစ်ပါတယ် နော်။

50
00:04:11,961 --> 00:04:18,435
နောက်တစ်ခါ ဦးဇင်းတို့ ကိတ်မုန့်မျိုးစုံ၊ ဘီစကစ်မုန့်မျိုးစုံ၊ နို့မုန့်၊ ဟောလစ်၊ အိုဗာတင်း၊ မိုင်လို၊ နို့ဆီ နော်။

51
00:04:18,465 --> 00:04:23,445
နောက် ယိုအမျိုးမျိုး၊ နောက် ဘူးသွတ်အစားအစာများ ထမင်းဟင်းမုန့်အဖြစ် မဟုတ်၊

52
00:04:23,475 --> 00:04:27,632
ဆေးမဟုတ်ဘဲ သရေစာအဖြစ် စားသုံးသော အမြစ်တို့၊ သစ်ဥ၊

53
00:04:27,662 --> 00:04:31,894
ပင်စည်၊ အခေါက်၊ အရွက်၊ အညွန့်၊ အဖူး၊ အပွင့်၊ အသီး၊

54
00:04:31,924 --> 00:04:34,660
နောက် အစေ့ နော်၊ သီဟိုဠ်စေ့လိုဟာမျိုး အစေ့တွေ။

55
00:04:34,690 --> 00:04:38,847
နောက် အမှုန့်ဖြစ်သော ခဲဖွယ်များသည်လည်း မွန်းမလွဲမီ နံနက်ပိုင်း၌သာ

56
00:04:38,877 --> 00:04:43,109
သုံးဆောင်ကောင်းသော ယာဝကာလိက စားဖွယ်ခဲဖွယ်များ ဖြစ်ပေသည် နော်။

57
00:04:43,139 --> 00:04:46,623
အဲ့တော့ အဲ့ဒီဟာတွေက မနက်ပိုင်းမှာပဲ ရတဲ့ အစားအစာတွေ၊

58
00:04:46,653 --> 00:04:48,342
ညနေပိုင်း မရဘူးနော်။

59
00:04:48,372 --> 00:04:52,305
အဲ့တော့ ဦးဇင်းတို့ ပဲမျိုးမျိုးလို့ ပြောတဲ့အတွက် ယနေ့ခေတ် စဉ်းစားကြည့် ပဲနို့တွေ၊

60
00:04:52,335 --> 00:04:54,847
ညနေပိုင်း ပဲနို့သောက်လို့ ရလား မေးရင် ဘယ်လိုပြောမလဲ။

61
00:04:54,877 --> 00:04:58,810
မရဘူးနော်။ အဲ့တော့ ကာလိကနဲ့ ပြောရင် ဘယ်ကာလိကထဲ ပါသွားလို့လဲဆိုတော့

62
00:04:58,840 --> 00:05:03,072
ယာဝကာလိကထဲ ပါသွားတာ။ မြန်မာလိုပြောရင် ဘယ်အစားအစာလဲဆိုရင် နံနက်ပိုင်း၊

63
00:05:03,102 --> 00:05:06,287
နံနက်သုံး အာဟာရ နော်၊ နံနက်သုံး အာဟာရ။

64
00:05:06,317 --> 00:05:09,801
တချို့ အဲ့ဒါ တော်တော်များများ မေးတယ်၊ တချို့ ရိပ်သာတွေမှာလည်း အဲ့ဒါ

65
00:05:09,831 --> 00:05:14,736
ဟို ဥပုသ်သည်တွေကို ပဲနို့တိုက်တယ်လို့ ပြောသံကြားတယ်ပေါ့။ အဲ့ဒါမျိုး မဟုတ်ပါဘူး၊ မဖြစ်သင့်ဘူးပေါ့နော်။

66
00:05:14,766 --> 00:05:17,278
ဟို ငါးပါးသီလ ယူတာတော့ ပြဿနာမရှိဘူးပေါ့။

67
00:05:17,308 --> 00:05:21,988
ငါးပါးသီလကတော့ ဝိကာလဘောဇနာ မရှိတော့ ညနေပိုင်း ပဲနို့တို့ဘာတို့ ရတယ်လေ။

68
00:05:22,018 --> 00:05:25,951
အဲ့တော့ ငါးပါးသီလ မဟုတ်ဘူး၊ ဥပုသ်သီလ ဆောက်တည်တဲ့ ယောဂီပုဂ္ဂိုလ်များ၊

69
00:05:25,981 --> 00:05:29,240
ရဟန်းတော်များဆိုရင်တော့ ဝိကာလဘောဇနာ သီလ ထိန်းရတယ်။

70
00:05:29,270 --> 00:05:32,456
ဒီတော့ ဝိကာလဘောဇနာထဲမှာ ဦးဇင်းတို့ ခုနက ပဲတွေ

71
00:05:32,486 --> 00:05:38,661
၁၂ နာရီကျော်ရင် မစားတော့ဘူးဆိုတော့ ပဲက ဖြစ်ပေါ်လာတဲ့ အရည်တွေလည်း ဦးဇင်းတို့ သောက်လို့မရဘူး၊ ပဲနို့သောက်လို့မရဘူး။

72
00:05:38,691 --> 00:05:42,175
နောက်မှာ အဖျော်ယမကာ ပါလိမ့်မယ်နော်။ အဖျော်ယမကာ ကဏ္ဍ ရှိလိမ့်မယ်။

73
00:05:42,205 --> 00:05:46,437
နောက်တစ်ခု ပြောလက်စနဲ့ ဦးဇင်းတို့ အဲ့ဒီ ပုစွန်ခြောက်မှုန့်တို့ဘာတို့ ယနေ့ခေတ်ပေါ့။

74
00:05:46,467 --> 00:05:51,147
နော်၊ ခြောက်မှုန့်တို့ဘာတို့ဆိုရင် ညနေပိုင်း သောက်လို့မရပါဘူး။ ဝိကာလဘောဇနာထဲမှာ ပါပါတယ်။

75
00:05:51,177 --> 00:05:55,409
နောက်တစ်ခါ ဦးဇင်းတို့ အင်း ဒီခေတ် ငှက်သိုက်၊ ငှက်သိုက် ပြဿနာပေါ့။

76
00:05:55,439 --> 00:05:56,909
အဲ့ဒီ ငှက်သိုက်ကတော့ နှစ်မျိုးရှိတယ်ပေါ့။ အတုလည်းရှိတယ်၊ အစစ်လည်းရှိတယ်ပေါ့လေ။

77
00:05:56,939 --> 00:05:59,070
ယိုးဒယားက တချို့ ငှက်သိုက်...

78
00:05:59,100 --> 00:06:03,784
ငှက်သိုက်အတုတွေ ထုတ်ပါတယ်၊ လျှော်ကနေပြီးတော့ လုပ်တဲ့အတုတွေတော့ ရှိတယ်။

79
00:06:03,814 --> 00:06:07,813
အဲဒါတွေကတော့ ညနေဘက်သောက်လို့ရတယ်၊ ပြဿနာမရှိဘူး။

80
00:06:07,843 --> 00:06:13,470
နောက် ငှက်သိုက်အစစ်ဆိုတဲ့ ပြဿနာက အရင်တုန်းက ဦးဇင်း သံသယရှိတော့ တိုက်ရိုက်မဆုံးဖြတ်ပေးခဲ့ပါဘူး။

81
00:06:13,500 --> 00:06:19,127
ဒီငှက်သိုက်အစစ်တွေက ဟို ရာသီ ညနေဘက် မွန်းလွဲသွားရင် သောက်ကောင်းမသောက်ကောင်းပေါ့။

82
00:06:19,157 --> 00:06:24,870
ဟို ဆေးလို့ အားဆေးလို့ ပြောပေမယ့်လည်း ဒီဥစ္စာက ဟို အာဟာရထဲမှာ ပါနေမလားပေါ့၊ ဒီငှက်သိုက်က စဉ်းစားတဲ့အခါမှာ။

83
00:06:24,900 --> 00:06:30,356
ဦးဇင်း သံသယရှိတော့ ကိုယ်တိုင်မသောက်ဖြစ်ဘူး၊ သူများ ကိုလည်း တိုက်ဖို့ မတိုက်တွန်းခဲ့ဘူးပေါ့လေ။

84
00:06:30,386 --> 00:06:36,099
မအပ်ဘူးလို့လည်း မပြောရဲခဲ့ဘူးပေါ့။ အဲဒါက ငှက်သိုက်ဆိုတာ ဘာလဲဆိုတာကို တိတိကျကျ မသိခဲ့လို့ ပြဿနာပေါ့လေ။

85
00:06:36,129 --> 00:06:44,328
နောက်ပိုင်း အဲဒါနဲ့ သံသယရှိတော့ ဦးဇင်းက အဲဒီ ဒကာမကြီးတစ်ယောက်ကို မေးတော့ သူက ငှက်သိုက်ကို ယူလာတယ်၊ ငှက်သိုက်အခြောက်ပေါ့၊ ငှက်အန်ဖတ်ကို သူက ယူလာတယ်။

86
00:06:44,358 --> 00:06:51,785
အဲဒီအခြောက်ကို ယူလာပြီးတော့ ပြတယ်၊ အရှင်ဘုရားတဲ့ ငှက်သိုက်ဆိုတာ ဒါပဲဆိုပြီး သူက ငှက်သိုက် အဲဒီ မူရင်းပေါ့နော်၊ အန်ဖတ်ကို သူက ယူလာပြတယ်။

87
00:06:51,815 --> 00:06:57,528
ဆိုတော့ အန်ဖတ်က ဘာတွေလဲ ကြည့်လိုက်တဲ့အခါကျတော့ သူက သူ့ရဲ့ တံတွေးသလိပ်သဘောပဲ သူက။

88
00:06:57,558 --> 00:07:04,042
ဦးဇင်း အစက သံသယရှိခဲ့တာက ဘာလဲဆိုတော့ အန်ဆိုတာက လူတွေအန်သလိုမျိုး အစားအစာတွေ ဖြစ်နေမလားပေါ့၊ ဒါ သံသယရှိတာ။

89
00:07:04,072 --> 00:07:09,700
ရဟန်းတွေ ဥပုသ်သည်တွေဆိုရင် အန်လိုက်တဲ့ဥစ္စာ ပြန်မျိုးချလို့မရဘူး၊ အန်ဖတ်ကိုလေ။

90
00:07:09,730 --> 00:07:15,442
တစ်ခါတလေ ဂုတ်ထိုးပြီးတော့ ပါးစပ်ကို ထွက်လာတယ်၊ အသားဖတ်တို့ တစ်ခုခုပေါ့နော်၊ ထမင်းလုံးတို့ ထွက်လာခဲ့တယ်။

91
00:07:15,472 --> 00:07:20,928
ပါးစပ်ထဲ ရောက်သွားပြီဆိုရင် ပြန်ထွေးထုတ်ရမယ်၊ မမျိုးချရဘူး သူက၊ မျိုးချရင် အာပတ်သင့်တယ်။

92
00:07:20,958 --> 00:07:26,671
မျိုးချရင် ဝိကာလဘောဇဉ်ဖြစ်တယ်၊ ထွက်လာတဲ့ဟာကို မမျိုးချရဘူး။ အဲတော့ ဦးဇင်းက အန်ဖတ်ဆိုတာ အဲလို ထင်လိုက်တာ။

93
00:07:26,701 --> 00:07:32,329
ငှက်အန်ဖတ်ဆိုတာကများ သူ့ရဲ့ အစားအစာတွေများ အန်ထားတာလားပေါ့၊ အဲလို ယူဆလိုက်တယ်။

94
00:07:32,359 --> 00:07:38,072
ဒါပေမဲ့ ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့ အစားအစာအန်တာ မဟုတ်ဘူး သူက၊ တံတွေးသလိပ်တွေသဘော ဖြစ်နေတာ တွေ့ရတယ်။

95
00:07:38,102 --> 00:07:43,814
ဒါ ဦးဇင်းရဲ့ တွေ့ရှိချက်ပေါ့နော်။ အဲတော့ ငှက်ရဲ့ အန်ဖတ်ကို ကြည့်လိုက်တဲ့အခါကျတော့ သလိပ်ဖတ်တွေသဘော ဖြစ်နေတယ်။

96
00:07:43,844 --> 00:07:49,472
သူ့ရဲ့ အစားတွေကို ပြန်အန်တာ မဟုတ်ဘူး။ ဦးဇင်းက အကယ်၍ အစားတွေကို ပြန်အန်တာမျိုး ဖြစ်ခဲ့ရင်တော့ ဒီအစားသည် မအပ်ဘူးပေါ့။

97
00:07:49,502 --> 00:07:55,215
အစားအသောက်တစ်မျိုး ဖြစ်နေတာပေါ့။ အကယ်၍ သူက အစားကို အန်တာမဟုတ်ဘူး၊ သူ့ရဲ့ သလိပ်တွေ တံတွေးတွေကို သူက အန်လိုက်တဲ့သဘော၊ ချစ်ထုတ်ပြီး အန်တဲ့သဘော။

98
00:07:55,245 --> 00:07:56,715
အဲအခါကျတော့ ငှက်အန်ဖတ်က သူက ဘယ်လိုဖြစ်နေလဲဆိုတော့ သလိပ်သဘော ဖြစ်နေတယ်။

99
00:07:56,745 --> 00:07:58,770
သလိပ်သဘောဆိုရင် ဒါ ဆေးအဖြစ်နဲ့ အပ်တယ်ပေါ့။

100
00:07:58,800 --> 00:08:01,270
ဒါဆိုရင် ဒါဦးဇင်းတို့ ဆေးထဲမှာ ထည့်ရတယ်။

101
00:08:01,300 --> 00:08:04,970
ခုနက ဦးဇင်းပြောတဲ့ သလိပ်တို့၊ ချွေးတို့ဆိုတာ ဆေးထဲမှာ ထည့်တယ်။

102
00:08:05,000 --> 00:08:12,270
အဲ့ဒါကြောင့် သူက ငတ်မွတ်မှုကို တကယ် သလိပ်သဘော ဖြစ်နေခဲ့ရင်တော့ ညနေဘက် သောက်လို့ရတယ်လို့တော့ ဦးဇင်းတို့ ဆုံးဖြတ်ပေးတယ်ပေါ့နော်။

103
00:08:12,300 --> 00:08:16,969
ဟိုလိုမျိုး အစားအသောက်ကို ပြန်အန်တာဆိုရင်တော့ ငတ်မွတ်မှုက မရဘူး။ အခုက အစားအသောက် မဟုတ်ဘူး သူက။

104
00:08:16,999 --> 00:08:18,270
အဲ့ဒါကြောင့်။

105
00:08:18,300 --> 00:08:19,969
အဲ့တော့ ဆက်သွားလိုက်မယ်နော်။

106
00:08:19,999 --> 00:08:25,270
အဲ့ဒါ ဒါဆိုရင် ဒါဦးဇင်းတို့ မနက်ပိုင်းမှာ ကပ်ခံရမယ့် ပစ္စည်း၊ စားရမယ့် ပစ္စည်းပေါ့နော်။

107
00:08:25,300 --> 00:08:31,970
အဲ့တော့ ဒိန်ချဉ်ပေါင်းရည်နဲ့ ပဲနို့ကတော့ ညနေ လုံးဝမရဘူး။ ငတ်မွတ်မှုကတော့ ညခေါင်း ရနိုင်တဲ့ အနေအထား ရှိတယ်ပေါ့နော်။

108
00:08:32,000 --> 00:08:38,270
နောက် ခဲဖွယ် ဘောဇဉ်ဟူသော စကားရပ်၌ ရဟန်းတော်များအား အချိုပွဲ ဆက်ကပ် လှူဒါန်းသောအခါ

109
00:08:38,300 --> 00:08:45,970
အချိုပွဲ စားပွဲပေါ်၌ ရှိသော လက်ဖက်ရည်၊ မုန့်မျိုးစုံ၊ သစ်သီးမျိုးစုံ စသော အစားအာဟာရကို ခဲဖွယ်ဟု လည်းကောင်း၊

110
00:08:46,000 --> 00:08:58,270
နောက်တစ်ခါ ဆွမ်းဆက်ကပ် လှူဒါန်းသောအခါ ဆွမ်းစား စားပွဲပေါ်၌ ရှိသော ဆွမ်းနှင့် ဆွမ်းဟင်းမျိုးစုံ စသော အာဟာရကို ဘောဇဉ်ဟု လည်းကောင်း အကြမ်းအားဖြင့် ယာဝကာလိက ခဲဖွယ်ဘောဇဉ်ကို နားလည်ထားသင့်ပေသည်။

111
00:08:58,300 --> 00:09:02,970
သူက စာပေထဲမှာတော့ ခဲဖွယ်ရယ်၊ ဘောဇဉ်ရယ် နှစ်မျိုး ခွဲထားတာကိုးနော်။

112
00:09:03,000 --> 00:09:07,270
အဲ့တော့ ဦးဇင်းတို့ သရေစာတွေကို ခဲဖွယ်လို့ သတ်မှတ်လိုက် အကြမ်းအားဖြင့်နော်။

113
00:09:07,300 --> 00:09:10,970
သစ်သီးတွေ၊ မုန့်မျိုးစုံတွေကို ခဲဖွယ်လို့ သတ်မှတ်လိုက်။

114
00:09:11,000 --> 00:09:17,270
ခုနက ထမင်းရယ်၊ ဆန်ရယ်၊ ဂျုံရယ်၊ အသားရယ်၊ ငါးရယ် အဲ့ဒါကိုတော့ ဘောဇဉ်လို့ သတ်မှတ်လိုက်။

115
00:09:17,300 --> 00:09:21,970
အဲ့တော့ လွယ်လွယ်လေးပဲ အဲ့ဒီ ငါးမျိုးကလွဲရင် ကျန်တာ ခဲဖွယ်။ ဟုတ်ပြီနော်။

116
00:09:22,000 --> 00:09:28,270
ခုနက ထမင်း၊ ဆန်၊ ဂျုံ၊ ငါး၊ အသား အဲ့ဒီ ငါးမျိုးကို ဘောဇဉ်လို့ ခေါ်ပြီးတော့

117
00:09:28,300 --> 00:09:32,970
အဲ့ဒီ ငါးမျိုးမှတစ်ပါး ကျန်တဲ့ စားစရာ မှတ်သမျှ အားလုံးကို ခဲဖွယ်လို့ ခေါ်တယ်။

118
00:09:33,000 --> 00:09:37,270
ဒါဆို ခဲဖွယ်နဲ့ ဘောဇဉ် ကွဲပြီနော်။ ဒါ စာပေ အသုံးအနှုန်းတွေပေါ့။

119
00:09:37,300 --> 00:09:43,970
သာသနာမှာ ဦးဇင်းတို့ ခဲဖွယ်ဘောဇဉ်ဆိုပြီးတော့ ခေါ်ကြတဲ့အခါမှာ ဘာကို ခဲဖွယ်ခေါ်လဲ၊ ဘောဇဉ်ခေါ်လဲ မေးရင် အဲ့ဒီ ဘောဇဉ်ငါးမျိုးလို့ ခေါ်တယ်။

120
00:09:44,000 --> 00:09:49,270
ခုနနော်၊ ဘောဇဉ်ငါးမျိုး။ အဲ့ဒီ ဘောဇဉ်ငါးမျိုးကလွဲရင် ကျန်တာ အားလုံး ခဲဖွယ်တွေချည်းပဲ။

121
00:09:49,300 --> 00:09:54,970
အဲ့တော့ အဲ့ဒီ ခဲဖွယ်ဘောဇဉ်ကို ဦးဇင်းတို့ မွန်းမလွဲမီပိုင်းမှာပဲ စားလို့ရတယ်၊ မွန်းလွဲရင် စားလို့မရတော့ဘူး။

122
00:09:55,000 --> 00:09:56,470
အဲ့တော့ အရုဏ်တက်ချိန်မှစ၍ မွန်းလွဲတဲ့အချိန်ဆိုတာ ဘယ်အချိန်ကို ပြောတာလဲဆိုတာ ဦးဇင်းတို့ အချိန်ကို အတိအကျ သတ်မှတ်ဖို့ လိုလာပြီ။

123
00:09:56,500 --> 00:09:58,470
အဲ့တော့ စာမျက်နှာ ၁၇ မှာ ကြည့်ကြည့်ပါဦး။

124
00:09:58,500 --> 00:10:03,340
အရုဏ်မတက်မီ အတွင်း သုံးဆောင်ကောင်းသော အဖျော်ယမကာများ နော်။

125
00:10:03,370 --> 00:10:07,503
အဲ့တော့ မနက်ပိုင်း ပြီးသွားပြီ ဒါဆိုလို့ရှိရင် ညပိုင်း သောက်လို့ရတဲ့ အဖျော်ယမကာတွေ နော်။

126
00:10:07,533 --> 00:10:16,625
အကပ်ခံသည့် အချိန်မှစ၍ အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သုံးဆောင်နိုင်သော အဖျော်ယမကာသည် တစ်ရက်သုံး သောက်ဖွယ် အာဟာရ ယာမကာလိက မည်။

127
00:10:16,655 --> 00:10:21,319
အဲ့တော့ ယာမကာလိကကို မှတ်ချင်တယ်ဆိုရင် တစ်ရက်သုံး အာဟာရ။ ဟုတ်ပြီနော်။

128
00:10:21,349 --> 00:10:29,644
အဲ့တော့ ယာဝကာလိကက နံနက်သုံး အာဟာရ။ ယာမကာလိကကျတော့ တစ်ရက်သုံး အာဟာရ။ သူက တစ်ရက်ခံတယ် သူက။

129
00:10:29,674 --> 00:10:34,337
မိုးမလင်းမချင်း သူက ကြိုက်တဲ့အချိန် သောက်လို့ရတယ် ညသန်းခေါင်လည်း ထသောက်လို့ရတယ် သူက။

130
00:10:34,367 --> 00:10:42,928
ညလည်း သောက်လို့ရတယ် ညတစ်ရေးနိုး ထသောက်လို့လည်း ရတယ်။ အဖျော်ယမကာ အကပ်ခံပြီးပြီဆိုရင် အဲ့ဒီ အဖျော်ယမကာသည် တစ်ရက်သုံး အာဟာရ။

131
00:10:42,958 --> 00:10:52,050
အဲ မနက် အရုဏ်တက်သွားပြီဆိုရင်တော့ အဲ့ဒီ အဖျော်ယမကာ မရတော့ဘူး စွန့်ရတော့မယ်။ သောက်ခွင့်မရှိတော့ဘူး။

132
00:10:52,080 --> 00:11:00,641
အဲ့တော့ ယာမကာလိက အဖျော်ယမကာလို့ ခေါ်တယ်။ မြန်မာလိုပြောရင်တော့ အဖျော်ယမကာပေါ့။ အဲ့တော့ တစ်ရက်သုံး အာဟာရ။

133
00:11:00,671 --> 00:11:05,334
အဲ့တော့ မနက်ပိုင်း အကပ်ခံခံ ညနေ အကပ်ခံခံ ကြိုက်တဲ့အချိန် အကပ်ခံလို့ရတယ်။ မနက်လည်းရတယ် ညလည်းရတယ်။

134
00:11:05,364 --> 00:11:10,028
ပြီးရင် သောက်ချင်တဲ့အချိန် သောက်လို့ရတယ်။ တစ်ရက်ပဲခံတယ် ဒါပေမဲ့ နောက်တစ်ရက်ကျော်ရင်တော့ မရတော့ဘူး။

135
00:11:10,058 --> 00:11:13,925
အဲ့ဒါ ဦးဇင်းတို့လည်း လက်တွေ့စမ်းကြည့်တာပေါ့နော်။ တစ်ရက်သုံးဆိုတဲ့ သဘောတရားကိုပေါ့။

136
00:11:13,955 --> 00:11:18,619
သဘာဝအတိုင်းဆိုလို့ရှိရင် အဖျော်ယမကာမှန်သမျှသည် တစ်ရက်ပဲခံတယ်။ ဟုတ်တယ် သစ်သီးဖျော်ရည်လေ။

137
00:11:18,649 --> 00:11:22,781
ဖျော်ပြီး ဦးဇင်းတို့ တစ်ခါ သိမ်းထားဖူးကြည့်တယ်။ မနက် အရုဏ်တက်တာနဲ့ မကောင်းတော့ဘူး။

138
00:11:22,811 --> 00:11:27,741
အနံ့ကအစ အရသာကအစ မကောင်းတော့ဘူး သူက ပြောင်းသွားတယ်။ အဲ့ဒါကြောင့် ဘုရားပြောတာလည်း မှန်တာပေါ့နော်။

139
00:11:27,771 --> 00:11:31,637
တစ်ရက်ပဲခံတဲ့ အာဟာရမျိုးတွေပေါ့။ အဲ့ဒါမျိုး။

140
00:11:31,667 --> 00:11:36,331
ယင်းသောက်ဖွယ် အဖျော်သည် ပါဠိတော် တိုက်ရိုက်လာ ရှစ်မျိုးရှိသည်။ ဒါ ဘုရားရှင် တိုက်ရိုက်ဟောထားတဲ့ အဖျော်ယမကာက

141
00:11:36,361 --> 00:11:40,494
၁။ သပြေသီးဖျော်ရည် နော်။ သပြေသီးကို အဖျော်ယမကာ လုပ်လို့ရတယ်။

142
00:11:40,524 --> 00:11:45,188
ဦးဇင်းတို့ ဝါဆိုဝါခေါင် ရေတွေကြီးတော့ဆိုတာနော် ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာမှာတောင် ပါသေးတာကိုး။ သပြေသီးတွေ။

143
00:11:45,218 --> 00:11:49,350
၂။ နံပါတ်နှစ်က သရက်သီးဖျော်ရည် နော်။ သရက်သီးကို အဖျော်ယမကာ လုပ်လို့ရတယ်။

144
00:11:49,380 --> 00:11:55,472
၃။ နံပါတ်သုံး သဖန်းသီး၊ မုဒရက်သီးဖျော်ရည် နော်။ သိချင်ရင်တော့ ဦးဇင်းတို့ အဲ့ဒီမှာ ဒီရှင်နာရီမှာ နည်းနည်းကြည့် မြန်မာဒီရှင်နာရီမှာ ကြည့်လို့ရတယ် အဲ့ဒီသီး ပုံစံတွေ ပါလိမ့်မယ်။

145
00:11:55,502 --> 00:11:58,170
နောက် မြားရာသီး၊ ဖက်သက်သီးဖျော်ရည်။ မြားရာသီးဆိုတာကတော့ ဦးဇင်းပြောလို့ရတာက ဦးဇင်းငယ်ငယ်တုန်းက ဘာလဲ ဘောင်ဖောက်တာလေ သိလား။ ဘောင်သီးလေ။

146
00:11:58,200 --> 00:12:03,670
ဘောင်သီးလို့ ခေါ်တယ်၊ သူတို့ ဟို ဝါးထဲမှာ ထုပြီး ထည့်ပြီးတော့ ဖောက်ဖောက်တာလေ။

147
00:12:03,700 --> 00:12:08,369
သိလား၊ ဘောင်သီးလို့ ခေါ်တယ်နော်။ အဲ့ဘောင်သီး၊ အေး၊ အဲ့ဒီ အသီးလေးတွေ သူက ချိုတယ် သူက။

148
00:12:08,399 --> 00:12:13,970
ဦးဇင်းတို့ ကျောင်းတွေမှာဆို အဲ့ဒီ အပင်တွေက ပေါတယ်၊ သဘာဝအပင်တွေ သူက။

149
00:12:14,000 --> 00:12:18,569
အဲ့တော့ မှည့်ပြီဆိုလို့ရှိရင် သူက အမည်းရောင်လေး ဖြစ်သွားပြီးတော့ ချိုတယ် သူက။

150
00:12:18,599 --> 00:12:23,270
ရင်တော့ တော်တော်နာတယ်၊ ချိုလွန်းလို့ သူက။ မြည်းဖူးတာ အသီးပေါ့နော်။

151
00:12:23,300 --> 00:12:28,869
နံပါတ် ၅ ကတော့ မယ်ဇယ်သီး၊ နောက် သစ်မိသီးလို့လည်း ခေါ်ပါတယ်နော်။ သူက အရည် တော်တော်ထွက်တယ် အဲ့အသီးကတော့။

152
00:12:28,899 --> 00:12:33,469
နောက် ၆ ကတော့ အိမ်ငှက်ပျောသီး၊ ဒါ အယခုခေတ် သုံးနေတဲ့ အသီးမျိုးစုံပေါ့၊ သီးမွှေးတို့၊

153
00:12:33,499 --> 00:12:39,069
ဖီးကြမ်းတို့ပေါ့၊ မျိုးစုံပေါ့။

154
00:12:39,099 --> 00:12:43,670
နံပါတ် ၇ ကတော့ တောငှက်ပျောသီး၊ ဒါကတော့ အစေ့များတယ်၊ တောထဲမှာ အသီးတဲ့ အသီးလေး သေးသေးလေးတွေနော်။

155
00:12:43,700 --> 00:12:48,270
တောငှက်ပျောသီး အစေ့များတယ်။

156
00:12:48,300 --> 00:12:53,870
နံပါတ် ၈ ကတော့ ကြာစွယ်၊ ကြာရဲ့ ဒီ အစွယ်ကို နော် သူက အဖျော်ယမကာ လုပ်လို့ရတယ်။

157
00:12:53,900 --> 00:12:58,469
အဲ့တော့ ဒါ စာထဲမှာ တိုက်ရိုက်ပါတဲ့ အဖျော်ယမကာ ၈ မျိုးလို့ ခေါ်တယ်။ နော် အဖျော်ယမကာ ၈ မျိုးပေါ့။

158
00:12:58,499 --> 00:13:04,070
အဲ့တော့ ဆရာတော် ဒီမှာ ဆောင်ပုဒ်ကလေး တစ်ခု လုပ်ထားပါတယ်ပေါ့နော်။ အားလုံးလေး ဆိုကြည့်လိုက်ပါဦး။

159
00:13:04,100 --> 00:13:08,670
သပြေ၊ သရက်၊ မြေဇာ၊ ဖက်သက်၊ သစ်မိသီး၊ တောအိမ်ငှက်ပျော၊ ကြာစွယ်နော၊ မှတ်လော ရှစ်ဖျော်ရည်။

160
00:13:08,700 --> 00:13:13,269
အဲ့တော့ ဒီ အဖျော်ယမကာ ၈ မျိုးပဲ ရတာလား၊ တခြား အဖျော်ယမကာ မရဘူးလားဆိုတော့ အောက်မှာ

161
00:13:13,299 --> 00:13:18,870
အနုလောမ အဖျော်ယမကာဆိုတာ လာတယ်နော်။ ရှေးခေတ် အဖျော်ယမကာများနှင့် အလားတူ အနုလောမ အဖျော်ယမကာ။

162
00:13:18,900 --> 00:13:23,469
အနုလောမဆိုတာ အလျော်၊ အလားတူ၊ ဒီလို အဓိပ္ပာယ်ရတယ်နော်။

163
00:13:23,499 --> 00:13:29,070
အဲ့တော့ ရှေ့က တိုက်ရိုက်ပါတာတော့ ဘုရားက ၈ မျိုး ခွင့်ပြုတယ်၊ တိုက်ရိုက်ပါတယ်။

164
00:13:29,100 --> 00:13:33,670
ဒါပေမဲ့ အဲ့ဒီနဲ့ အလျော် အဖျော်ယမကာဆိုတာ ထပ်ပြီးတော့ ခွင့်ပြုချက်တွေ ရှိသေးတယ်။

165
00:13:33,700 --> 00:13:38,269
အဲ့ဒါကြောင့် ပြခဲ့ပြီးသော အဖျော်ယမကာ ၈ မျိုး၌ မန်ကျည်းဖျော်ရည်၊ နောက် ဇီးဖျော်ရည် စသည်တို့ မပါဝင်သေးပေ။

166
00:13:38,299 --> 00:13:43,870
ထို မန်ကျည်းဖျော်ရည် စသည်တို့၌ တိုက်ရိုက်ပြခဲ့ပြီးသော အဖျော်ယမကာ ၈ မျိုးတို့နှင့် တူသော အနုလောမ အပ်စပ်သော အဖျော်ယမကာ ဖြစ်သည်။

167
00:13:43,900 --> 00:13:48,469
အဲ့တော့ အောက်က ထပ်ဖော်၊ ထပ်ထည့်ပေးထားတယ်၊ ဘာတွေလဲဆိုတော့

168
00:13:48,499 --> 00:13:54,070
သီးသီးဖျော်ရည်၊ သီးသီးဆိုတာက ဟိုလေ အစေ့တွေ အရမ်းများတယ်။

169
00:13:54,100 --> 00:13:55,570
ဟို အခွံမာမာနဲ့၊ ပိန္နဲသီး မဟုတ်ဘူး။ အစေ့တွေများတယ်၊ သူက ဘယ်လိုပြောမလဲ။

170
00:13:55,600 --> 00:13:57,870
ထန်းလျက်နဲ့ စားတာ ဟုတ်တယ်၊ ဟုတ်တယ်၊ ထန်းလျက်နဲ့ စားတာ။ သီးသီးဖျော်ရည်ဆိုတာ။ အခွံမာတယ်၊ အထဲမှာ အစေ့နဲ့ သူက ထန်းလျက်တွေဘာတွေ ရောခေါက်ပြီးတော့ စားရတာ။

171
00:13:57,900 --> 00:14:07,503
နောက် ခံသီးဖျော်ရည်၊ နောက် ကြို့သီး၊ ကြိမ်သီးနော်။ ကြိမ်သီးလည်း အားလုံး သိပါတယ်။ ကြိမ်လုံးတွေ ဘာတွေ ရှိတယ်လေ။ ကြိမ်သီး အသီးသေးသေးလေးတွေ သူက ကြိမ်သီး။ ဖန်တယ် သူက အသီးက။

172
00:14:07,533 --> 00:14:16,402
နောက်တစ်ခါ မန်ကျည်းသီးဖျော်ရည်၊ ခြောက်သီးဖျော်ရည်နော်။ ဒါက နောက်ထပ် အဋ္ဌကထာ ဒါ အဋ္ဌကထာကျမ်းထဲမှာ လာတဲ့ အဖျော်ရည် ခြောက်ပါးပေါ့နော်။

173
00:14:16,432 --> 00:14:26,127
ကဲ ဒါလေး ဆိုကြည့်ပါဦး။ သီးသီး ခံသီး၊ ကြို့ကြိမ်သီး၊ မန်ကျည်း ခြောက်သီး၊ အနုလောမ ကျမ်း၌ပြ၊ ပါနမျိုးအမည်။

174
00:14:26,157 --> 00:14:30,439
အဲ့တော့ ခုနက အဖျော်ရည် ရှစ်မျိုး၊ အခု ထပ်ထည့်တာ ခြောက်မျိုးပေါ့လေ။

175
00:14:30,469 --> 00:14:39,338
တကယ်တော့ ဦးဇင်းတို့ မှတ်ရတာ နောက်မှာ နည်းနည်းလေး ပြီးခါနီးလေးကျမှ ဦးဇင်း အနှစ်ချုပ်ကလေး ပြန်ပြောတဲ့အခါကျရင် ရှင်းသွားလိမ့်မယ် အဖျော်ရည်နဲ့ ပတ်သက်ပြီးတော့။

176
00:14:39,368 --> 00:14:53,375
အောက်က ထပ်ထည့်ထားတယ် သံပရာသီးဖျော်ရည်၊ လိမ္မော်သီးဖျော်ရည်၊ ဂမ္ဗလာသီးဖျော်ရည်၊ ခြောက် ပန်းသီးဖျော်ရည်တို့ကိုလည်းပဲ ခြောက်ဖျော်ရည်၌ ရေတွက်၍ အနုလောမ အဖျော်ရည်ပင် ခေါ်ရသည်နော်။ တခြား အဖျော်ရည်တွေ အများကြီး ရှိပါသေးတယ်နော်။

177
00:14:53,405 --> 00:14:57,687
အဲ့ဒါ အဖျော်ရည် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာလေး နည်းနည်းကြည့်ရအောင်။ ဟုတ်ပြီနော်။

178
00:14:57,717 --> 00:15:07,412
အဓိကကတော့လေ ဦးဇင်းတို့ အဖျော်ရည် လုပ်ကောင်းတာ တော်တော်များပါတယ်။ မလုပ်ကောင်းတဲ့ ဥစ္စာလေး မှတ်လိုက်ရင် ကျန်တာ လုပ်ကောင်းတဲ့ ဥစ္စာပဲ။

179
00:15:07,442 --> 00:15:16,036
နောက်မှာ စာမျက်နှာ ၁၉ ကျလို့ရှိရင် ဟို မလုပ်ကောင်းတဲ့ အဖျော်ရည် မှတ်လိုက်ရင် ပြီးပြီ။ အဲ့ဒီ အဖျော်ရည်ကလွဲရင် ကျန်တာ ဘယ်ဟာကိုမဆို အဖျော်ရည် လုပ်လို့ရတယ်။

180
00:15:16,066 --> 00:15:20,899
နော် အဲ့ဒါလေး မှတ်လိုက်ရင် ရတယ်။ အခု နည်းနည်း လောလောဆယ် အဖျော်ရည် ဘယ်လိုလုပ်မလဲ၊ အဖျော်ရည် လုပ်ပုံလုပ်နည်း။

181
00:15:20,929 --> 00:15:25,211
အဖျော်ရည် ပြုလုပ်ရာ၌ ရေအေးဖြင့် ပြုလုပ်ရပါသည်တဲ့နော်။

182
00:15:25,241 --> 00:15:30,348
အဖျော်ပြုလုပ်မည့် အသီးသီးတို့ကိုလည်း မီးဖြင့် မချက်ပြုတ်ဘဲ သူ့ချည်းပင် အတိုင်း ပြုလုပ်ရပါသည်တဲ့နော်။

183
00:15:30,378 --> 00:15:34,385
ဒါ သတိထားစရာပဲ။ ဦးဇင်းတို့ ရေနွေးနဲ့ အဖျော်မဖျော်ရဘူး။

184
00:15:34,415 --> 00:15:43,835
ဟုတ်ပြီနော်။ ရေနွေးနဲ့ အဖျော်မဖျော်ရဘူး။ အဲ့တော့ ရေအေးနဲ့ပဲ ဖျော်ရတယ်။ ရေကျက်အေး ရတယ်။ ရေကျိုလိုက်တယ်၊ ရေမသန့်လို့ ကျိုလိုက်တယ်။ အေးခံပြီးတော့ ဖျော်ရတယ်။

185
00:15:43,865 --> 00:15:48,147
အပူနဲ့လုပ်လို့... ဟမ် မရဘူး။ ရေအပူနဲ့ မဖျော်ရဘူး။ ပြီးရင် မီးနဲ့ မချက်ရဘူး။ မလုပ်ရဘူး။

186
00:15:48,177 --> 00:15:54,872
သူ့သဘာဝအတိုင်းပဲ သူဖျော်ရမယ်။ ရေကျက်အေးနဲ့ပဲ ဖျော်ရမယ်နော်။ အဲ့ဒါလေး သတိထားစရာ အဖျော် ဒါ ဒကာ ဒကာမတွေ သံဃာတွေကို ညနေပိုင်း အဖျော်ကပ်တဲ့အခါမှာ သတိထားဖို့ပေါ့နော်။ အဖျော်ကပ်တဲ့အခါမှာ။

187
00:15:54,902 --> 00:15:57,570
အဲ့တော့ မန်ကျည်းသီး၊ ခြောက်သီး၊ လိမ္မော်သီးများကို မီးဖြင့်ချက်၍ အဖျော်ရည်လုပ်လျှင် အပြစ်ရှိ၏။

188
00:15:57,600 --> 00:16:01,955
အဖတ်မပါသော်လည်း တရက်သုံး ယာမကာလိက မဟုတ်။

189
00:16:01,985 --> 00:16:05,703
တနင်္ဂနွေသုံး ယာမကာလိက ဖြစ်သွားတော့သည်တဲ့။

190
00:16:05,733 --> 00:16:10,168
သူက မကျည်းသီးက သူက အဖျော်ယမကာ လုပ်တဲ့အခါမှာ အဖတ်တွေ မပါစေရဘူး။

191
00:16:10,198 --> 00:16:13,836
မကျည်းသီး မဟုတ်ပါဘူး ဘယ်အဖျော်ယမကာမဆိုပါနော်။ သူက အဖတ်မပါရဘူး။

192
00:16:13,866 --> 00:16:17,583
အဖတ်ပါသွားရင် ဘာဖြစ်သလဲဆိုတော့ ဝိကာလဘောဇန ဖြစ်သွားတာ။

193
00:16:17,613 --> 00:16:21,969
ဟုတ်ပြီနော်။ သရက်သီးဖျော်တယ် အနှဲတွေပါတယ်။ အနှဲတွေ မပါအောင် စစ်ရမယ်။

194
00:16:21,999 --> 00:16:25,637
ခြောက်သီးဖျော်တယ် ခြောက်သီးအဖတ်တွေ မပါစေနဲ့။

195
00:16:25,667 --> 00:16:30,102
အဲ့တော့ အဖတ် လုံးဝမပါအောင် စစ်ရမယ်။

196
00:16:30,132 --> 00:16:33,770
အဲ့ဒါကြောင့် ဦးဇင်းတို့ ဝိနည်းလေးစားတဲ့ ဆရာတော်ကြီးတွေက အဖျော်ယမကာကိုလေ သူက အကပ်မခံခင် မွှေခိုင်းတယ် ဆရာတော်ကြီးတွေက။

197
00:16:33,800 --> 00:16:37,517
အဲ့မှာ ဒကာတစ်ယောက်က အဖျော်ယမကာ လာကပ်တယ်။ ဘာလို့လဲဆိုတော့ တစ်ခါတလေ အဖျော်ယမကာ ဖျော်ပြီးတော့ အနှဲထိုင်ပြီးတော့ ရှိနေတာ ရှိတယ်လေ။

198
00:16:37,547 --> 00:16:41,982
အဲ့တော့ မမြင်ရဘူး အဖတ်တွေ ပါနေရင်။

199
00:16:42,012 --> 00:16:45,650
အဲ့တော့ ဆရာတော်ကြီးတွေက အဲ့ဒါကြောင့် မကပ်ခင် ခဏနေဦး ခဏနေဦး မွှေပြစမ်း မွှေပြစမ်းဆိုပြီး မွှေခိုင်းတယ် သူက။

200
00:16:45,680 --> 00:16:50,115
အဖျော်ယမကာကို မွှေကြည့်တယ်။ မွှေကြည့်တော့ အဖတ်တွေ အောက်မှာရှိရင် တက်လာဦးမှာပေါ့။

201
00:16:50,145 --> 00:16:53,783
အဲ့ဒါဆိုရင် ပြန်စစ်ခိုင်းတယ် ပြန်စစ်။

202
00:16:53,813 --> 00:16:57,531
အဲ့ဒါ သေချာပြီဆိုတဲ့ အခါကျမှ ဆရာတော်ကြီးတွေက အဖတ်ကပ်ခံတယ် အဖျော်ယမကာ ကပ်ခံတယ်။

203
00:16:57,561 --> 00:17:01,996
ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ဝိနည်းတော်မှာ အဖတ်ပါတဲ့ အဖျော်ယမကာကို ကပ်လိုက်လို့ရှိရင် သူက အဲ့ဒါကို သောက်ခွင့်မရှိဘူး။

204
00:17:02,026 --> 00:17:05,664
ပြန်စစ်ခိုင်းလို့လည်း မရတော့ဘူး သူက။

205
00:17:05,694 --> 00:17:09,411
ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ခုနက ဟိုဒကာကြီး ခုနက ဒကာကြီးမေးတာ ညနေဘက် မွန်းလွဲပိုင်း ရောက်သွားပြီဆိုရင် ဘယ်စားစရာကိုမှ အကပ်ခံလို့ မရတော့ဘူးလေ။

206
00:17:09,441 --> 00:17:13,877
အဖတ်တွေ အကပ်ခံခွင့် မရှိဘူး။

207
00:17:13,907 --> 00:17:17,545
မွန်းလွဲသွားရင် အဖတ်တွေ အကပ်ခံခွင့် မရှိတဲ့အခါကျတော့ ဒီအဖတ်တွေကို အကပ်ခံလိုက်သောအားဖြင့် ဒီအဖျော်ယမကာကလည်း မအပ်ဖြစ်သွားတာ။ မအပ်တော့ဘူး။

208
00:17:17,575 --> 00:17:22,010
ဘာလို့လဲဆိုတော့ ခုနက အဖတ်သည် ခုနက ဘယ်ကာလိကလဲ ယာဝကာလိက။

209
00:17:22,040 --> 00:17:25,678
မနက်ပဲ အကပ်ခံရမှာလေ။ အဲ့ဒါ မနက်အကပ်ခံရမယ့်ဟာကို ညနေဘက် အကပ်ခံတဲ့အခါကျတော့ အဖတ်လည်း မအပ် အရည်လည်း မအပ် ဖြစ်သွားတာ။

210
00:17:25,708 --> 00:17:29,425
သူက ရောသွားတဲ့အတွက်ကြောင့်။

211
00:17:29,455 --> 00:17:33,890
အဲ့ဒါကြောင့် သူက စွန့်ပစ်လိုက်ရတော့တာပဲ။

212
00:17:33,920 --> 00:17:37,558
သဘောပေါက်လား။ အဲ့ဒါကြောင့် ဦးဇင်းတို့ အကပ်မခံခင် သေချာအောင် စစ်ပြီးခါမှ အကပ်ခံရတာ။

213
00:17:37,588 --> 00:17:41,306
သောက်လိုက်တဲ့ အခါကျမှ ဟာ အဖတ်တွေ ပါလာတယ်ဆိုပြီးတော့ ပြန်စစ်ခိုင်း မရတော့ဘူး။

214
00:17:41,336 --> 00:17:45,771
နောက် အသစ်တစ်ခု ပြန်ဖျော်။

215
00:17:45,801 --> 00:17:49,439
အဲ့ဒါကြောင့် ဦးဇင်းတို့ သေချာအောင် စစ်ပြီးခါမှ ဆရာတော်တွေကို အဖျော်ယမကာ ကပ်ရမယ်။ အဖတ်မပါစေနဲ့နော်။

216
00:17:49,469 --> 00:17:53,904
ပြီးရင် နောက်တစ်ခု မီးနဲ့ မချက်မိစေနဲ့နော်။

217
00:17:53,934 --> 00:17:55,404
အဖျော်ယမကာတွေကို ဟာ မိုးတွင်း ဟို အရမ်းချမ်းနေလို့ နွေးသွားအောင်ဆိုပြီးတော့ အပူပေးဦးမယ်ဆိုတော့ မလုပ်နဲ့လေနော်။ မလုပ်နဲ့။

218
00:17:55,434 --> 00:17:57,270
နောက်တစ်ခါ ဦးဇင်းတို့...

219
00:17:57,300 --> 00:18:00,142
ယခု အသုတ်ဖျော်ရည်တဲ့နော်၊ ယခုအခါ

220
00:18:00,172 --> 00:18:04,000
နိုင်ငံခြားမှလာသော ကဗလာသီးဖျော်ရည် ဘူးစသည်၌ အဖတ်များ ပါလာလျှင်

221
00:18:04,030 --> 00:18:07,776
အဖတ်မပါအောင် စစ်၍ ကပ်ရမည်ကို သတိပြုသင့်သည်၊ နော် တချို့

222
00:18:07,806 --> 00:18:14,096
ဟို ready-made ဘူးတွေမှာ အဖတ် အသီးဖတ်တွေပါလဲ၊ အဖတ်အတုတွေလဲပါလဲ၊ အစစ်တွေလဲရှိတယ်ပေါ့၊ ဒါက နှစ်မျိုးလုံးရှိတယ်ပေါ့။

223
00:18:14,126 --> 00:18:19,596
အဲ့တော့ ဘယ်အဖတ်ကိုမှ မရပါဘူး၊ အတုလဲမရဘူး၊ အစစ်လဲမရဘူး၊ အဖတ်မှန်သမျှ ဘယ်အဖတ်မှမရဘူး။

224
00:18:19,626 --> 00:18:25,587
အဲ့တော့ စစ်ပြီးခါမှ ကပ်သင့်တယ်၊ ဒါကြောင့် ready-made တွေကို သတိထားသင့်တယ်ပေါ့နော်၊ ဆရာတော်တွေကပ်တဲ့အခါမှာ။

225
00:18:25,617 --> 00:18:31,087
ဖျော်ရည်ဖျော်ရန် မကျီးသီး၊ ခြောက်သီးစသည်တို့ကို နေမွန်းလွဲ၍ မဆက်ကပ်ကောင်းတော့ပါ၊ နော်။

226
00:18:31,117 --> 00:18:34,616
အဲ့တော့ ရဟန်းတွေကိုယ်တိုင် ဖျော်ရည်ဖျော်လို့မရဘူးလေ၊ နော်။

227
00:18:34,646 --> 00:18:40,116
ရဟန်းတွေ ဦးဇင်းတို့မှာ မနက်ပိုင်း ဆွမ်းခံတဲ့အခါမှာ သရက်သီးတွေပါလာတယ်၊ မရမ်းသီးတွေပါလာတယ်။

228
00:18:40,146 --> 00:18:45,287
ညနေပိုင်း ဦးဇင်းတို့ကိုယ်တိုင် အဲ့အသီးတွေဖျော်လို့မရဘူး၊ ကိုရင်တွေတော့ ဖျော်လို့ရတယ်။

229
00:18:45,317 --> 00:18:50,786
ဦးဇင်းတို့ဖျော်လို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခုနလို အသီးတွေက ရဟန်းတွေ ညနေပိုင်း ထိလို့မရတော့ဘူး။

230
00:18:50,816 --> 00:18:56,778
အဲ့တော့ စားစရာမှန်သမျှ ရဟန်းတို့သည် မွန်းလွဲလျှင် လုံးဝမထိရတော့ဘူး၊ လုံးဝမထိရဘူးနော်။

231
00:18:56,808 --> 00:19:02,278
ဒါကြောင့် ဦးဇင်းတို့ အသီးတွေကို လုံးဝမကပ်ရဘူး၊ ညနေပိုင်းမကပ်ရဘူး၊ ဦးဇင်းတို့ကိုယ်တိုင်မဖျော်ရဘူး။

232
00:19:02,308 --> 00:19:09,911
အထူးသဖြင့် အထူးသတိပြုရမှာ ဖျော်ရည်ကို ဆက်ကပ်လှူဒါန်းသောအခါ အဖတ်မပါအောင် စင်ကြယ်စွာ စစ်၍ ဆက်ကပ်လှူဒါန်းရမည်ကို သတိပြုသင့်ပါသည်တဲ့။

233
00:19:09,941 --> 00:19:14,590
ခုနဦးဇင်းပြောတာနော်၊ အဖျော်ရည်ဖျော်တဲ့ ဆက်ကပ်တဲ့အခါမှာ အဖတ်လုံးဝမပါမိစေနဲ့။

234
00:19:14,620 --> 00:19:20,582
ဖျော်ရည်ကို ရဟန်းတော်များ ဆာလောင်သည်ဆိုမှသာ ဆက်ကပ်လှူဒါန်းရပါမည်တဲ့၊ အဲ့ဒါလဲ သတိထားချက်။

235
00:19:20,612 --> 00:19:24,440
ဦးဇင်းတို့ တစ်ခါတလေ အခုပဲဆွမ်းစားပြီးပြီ၊ အခုပဲဖျော်ရည်ထပ်ကပ်ပြန်ပြီ တချို့က။

236
00:19:24,470 --> 00:19:31,252
ဒကာ ဒကာမတွေလေ၊ အဲ့ဒါကြောင့် ဆရာတော်ကြီးတွေ အဖျော်ရည်ကပ်တဲ့အချိန် သတ်မှတ်ကြတာ ညနေ ၃ နာရီတို့ သတ်မှတ်ကြတာ၊ ၄ နာရီတို့ သတ်မှတ်ကြတာ။

237
00:19:31,282 --> 00:19:37,572
ဘာလို့လဲဆိုတော့ အဖျော်ရည်က ညနေပိုင်းသောက်ကောင်းတာမှန်တယ်၊ ဝိနည်းအရ အပြစ်မရှိဘူး၊ ဒါပေမဲ့ အကြောင်းမရှိဘဲနဲ့ သောက်လို့မရဘူး။

238
00:19:37,602 --> 00:19:41,923
သူက အကြောင်းရှိရမယ်၊ အဲ့တော့ အဖျော်ရည်ဆိုတာ ဗိုက်ဆာမှသောက်ရမှာ။

239
00:19:41,953 --> 00:19:44,960
အဲ့တော့ ဗိုက်မဆာဘဲနဲ့ သောက်ကောင်းတိုင်း သောက်လို့မရဘူး။

240
00:19:44,990 --> 00:19:51,773
အဲ့တော့ တချို့ဒကာ ဒကာမတွေက တအားကပ်တာပဲ ဘုန်းကြီးတွေကို၊ ဆရာတော်တွေကလဲ အားနာတယ်၊ ဖျော်ပြီးသွားပြီဆိုတော့လဲ ဘယ်လိုလုပ်ရမှန်းမသိဘူး။

241
00:19:51,803 --> 00:19:54,272
အဲ့ကျတော့ အားနာပြီး သောက်လိုက်ကြပြန်ရော၊ အဲ့ဒါတစ်ခုရှိတာက ဗိုက်ဆာရင်သောက်လို့ရတယ်၊ ရေဆာရင်သောက်လို့ရတယ်။

242
00:19:54,302 --> 00:19:56,970
အဲ့တော့ ဆရာတော်တွေက နောက်ကျတော့ ဘယ်လိုလုပ်ရလဲဆိုတော့ ဝိနည်းချောင်တဲ့အနေနဲ့ ရေဆာတာကို ရေမသောက်ဘဲနဲ့ အဖျော်ရည်သောက်ကြတာပေါ့၊ အဲ့သဘောမျိုးပေါ့။

243
00:19:57,000 --> 00:19:59,167
ရေဆာရင် လည်း သူက အဖျော်ယမကာ သောက်ခွင့်ရှိတယ်။

244
00:19:59,197 --> 00:20:02,069
ရေဆာရင် အဖျော်ယမကာ သောက်ခွင့်ရှိတယ်၊ ဗိုက်ဆာရင် အဖျော်ယမကာ သောက်ခွင့်ရှိတယ်။

245
00:20:02,099 --> 00:20:04,442
အရေလည်း မဆာဘူး၊ ဗိုက်လည်း မဆာဘူးဆိုရင်တော့ မသောက်ရဘူး။

246
00:20:04,472 --> 00:20:07,080
ဟို ဒကာ ဒကာမတွေကို အားနာလို့ သောက်တာမျိုးလည်း မရဘူး။

247
00:20:07,110 --> 00:20:10,332
နော်၊ အာ သူတို့ကို အားနာလို့ ငါဗိုက်မဆာဘဲ ငါသောက်ပေးလိုက်မယ်ဆိုလို့ မရဘူး။

248
00:20:10,362 --> 00:20:14,113
အကြောင်းရှိရမယ်။ မြတ်စွာဘုရားက အာဟာရနဲ့ ပတ်သက်လာရင် သူက limit ရှိတယ်၊

249
00:20:14,143 --> 00:20:16,311
နောက်တစ်ခါ မလွဲမသွေ ဖြစ်ရမယ် နော်။

250
00:20:16,341 --> 00:20:19,388
အဲ့ဒါကြောင့် ဦးဇင်းတို့ အဖျော်ယမကာ ညနေ သောက်ကောင်းတယ် သောက်ကောင်းတယ် ဆိုပေမယ့်လည်း

251
00:20:19,418 --> 00:20:22,025
အကြောင်း reason တစ်ခုတော့ ပြရမယ်။ reason ပြရမယ်။

252
00:20:22,055 --> 00:20:25,102
အဲ့တော့ ဆင်ခြင်ပေးရမယ်။ အဖျော်ယမကာ သောက်တော့မယ်ဆိုရင် မသောက်ခင် ဆင်ခြင်။

253
00:20:25,132 --> 00:20:28,794
ငါ ဘာကြောင့် သောက်နေလဲ ကိုယ့်ဘာကိုယ် ပြန်မေး။ မလိမ်နဲ့ ကိုယ့်ဘာကိုယ် မလိမ်နဲ့ နော်။

254
00:20:28,824 --> 00:20:32,575
ဗိုက်ဆာလို့ သောက်မှာလား၊ ရေဆာလို့ သောက်မှာလား။ တစ်ခုခု အကြောင်းရှိရမယ်။

255
00:20:32,605 --> 00:20:34,069
အဲ့ဒါဆိုရင် သောက်လို့ရတယ်။

256
00:20:34,099 --> 00:20:37,410
နောက်တစ်ခု ဒါမှမဟုတ် ဦးဇင်းတို့ ဟို ဆေးတွေဘာတွေ သောက်ဖို့ လိုလို့။

257
00:20:37,440 --> 00:20:41,102
ဗိုက်တော့ မဆာဘူး ပေါ့၊ ဒါပေမယ့် ဆေးတွေက နည်းနည်း ပြင်းတယ်၊ အင်္ဂလိပ်ဆေးတွေ။

258
00:20:41,132 --> 00:20:45,762
ဆိုတော့ ညနေ အစာခံရမယ် ဆိုတော့ ညနေ စားလို့လည်း မရဘူးဆိုတော့ အဖျော်ယမကာ သောက်ပြီး သောက်မယ်။

259
00:20:45,792 --> 00:20:49,894
အဲ့ဒါဆိုရင်လည်း ရတယ်။ ဆေးအနေနဲ့ ပေါ့နော် သောက်တာ။ အဲ့ဒါမျိုးလည်း ရတယ်။

260
00:20:49,924 --> 00:20:54,553
အဲ့ဒါကြောင့် ဦးဇင်းတို့ ရဟန်းတော်များ ဆာလောင်သည်ဟု ဆိုမှသာ ဆက်ကပ်လှူဒါန်းရပါမည် ဆိုတာ။

261
00:20:54,583 --> 00:20:56,927
အဲ့ဒါကြောင့် အရမ်း စောစော မကပ်သင့်ဘူး အဖျော်ယမကာက။

262
00:20:56,957 --> 00:21:01,586
၃ နာရီလောက် ဆိုရင်တော့ အစာအိမ် ဝမ်းမီး ကောင်းတဲ့ ဆရာတော်တွေ ဆိုရင်တော့ ဒါ ဗိုက်ဆာလောက်ပြီ ပေါ့နော်။

263
00:21:01,616 --> 00:21:03,960
၃ နာရီ၊ ၄ နာရီလောက်ဆိုရင် အဲ့အချိန် ကပ်လို့ရတယ်။

264
00:21:03,990 --> 00:21:06,246
၂ နာရီလောက်ဆိုရင် နည်းနည်း စောသေးတယ်လေ။

265
00:21:06,276 --> 00:21:10,378
ဆွမ်းစားပြီးတာက ၁၁ နာရီခွဲလောက် ဆွမ်းစားပြီးတာဆိုတော့ ကြားမှာ ၂ နာရီလောက်ပဲ ရှိသေးတယ်ဆိုတော့

266
00:21:10,408 --> 00:21:13,015
ဗိုက်မဆာသေးဘူး။ အဲ့အချိန် မကပ်သင့်ဘူး နော်။

267
00:21:13,045 --> 00:21:18,290
အကယ်၍ ခရီးတွေဘာတွေ သွားတဲ့အချိန်ဆိုရင်တော့ ဒါ နေပူလို့ ရေဆာတယ်ဆိုရင်တော့ ဒါ ကပ်လို့ အဖျော်ယမကာ ကပ်လို့ရတယ်လေ နော်။

268
00:21:18,320 --> 00:21:20,927
အရမ်း နေပူလို့ ဆိုရင်တော့ ဒါ အဖျော်ယမကာတွေ ကပ်လို့ရတယ်။

269
00:21:20,957 --> 00:21:25,059
အဲ့ဒါကြောင့် ဗိုက်ဆာတယ် ထင်ရင် ကပ်လို့ရတယ်၊ ရေဆာတယ်ဆိုရင် ကပ်လို့ရတယ် အဖျော်ယမကာ။

270
00:21:25,089 --> 00:21:31,477
အဲ့တော့ အဲ့ဒီ အဖျော်ယမကာသည်လည်း ခုနက ဦးဇင်းတို့ အဖတ်မပါစေရဘူး၊ ရေအေးနဲ့ ဖြစ်ရမယ် နော်။ ဒါ ဖြစ်ရမယ်။

271
00:21:31,507 --> 00:21:36,488
ရဟန်းတော်များအား မဆက်ကပ် မလှူဒါန်းကောင်းသော အဖျော်ယမကာ ၉ မျိုး ရှိပါသည်၊ ဒါ အဓိက point ပဲ နော်။

272
00:21:36,518 --> 00:21:39,389
အဲ့ဒါလေးကို မှတ်လိုက်ရင် ကျန်တာ ဦးဇင်းတို့ ကပ်ကောင်းတဲ့ အထဲမှာ ပါသွားတယ်။

273
00:21:39,419 --> 00:21:42,642
၁ က ဘူးသီးဖျော်ရည် နော်၊ ဘူးသီးကို အဖျော်ယမကာ မလုပ်ရဘူး။

274
00:21:42,672 --> 00:21:47,301
နောက် ဖရုံသီး။ ဖရုံသီးဆိုရင်တော့ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ ဖရုံသီး အကုန်ပါမယ် နော်။

275
00:21:47,331 --> 00:21:50,554
ဘယ်ဖရုံသီးမဆို အဖျော်ယမကာ မလုပ်ကောင်းဘူး။ နောက် အုန်းသီးဖျော်ရည်။

276
00:21:50,584 --> 00:21:53,972
နောက် အိမ်ပိန္နဲသီးဖျော်ရည်၊ တောင်ပိန္နဲသီး၊ သခွားငကျောင်းသီး၊ သခွားငပြုတ်၊ သခွားငစစ် ပေါ့ နော်။

277
00:21:54,002 --> 00:21:56,670
အဲ့တော့ အုန်းသီးဖျော်ရည် ဆိုတဲ့ နေရာမှာ...

278
00:21:56,700 --> 00:21:59,839
ဦးဇင်းတို့ မြန်မာနိုင်ငံက ဆရာတော်ကြီးတွေကတော့

279
00:21:59,869 --> 00:22:02,285
အုန်းရည်ကိုလည်း မသောက်ကြဘူး ညနေပိုင်း။

280
00:22:02,315 --> 00:22:04,639
ဦးဇင်းတို့ ယူဆတာ တစ်မျိုးတော့ ရှိတာပေါ့နော်။

281
00:22:04,669 --> 00:22:10,708
အုန်းသီးဖျော်ရည်ဆိုတဲ့ နေရာမှာ အုန်းသီးကို ခြစ်ပြီးတော့ ဖျော်တာမျိုးများ ဆိုနေသလားဆိုတာမျိုးတော့ ယူဆမိတယ်ပေါ့။

282
00:22:10,738 --> 00:22:17,319
အုန်းနို့လိုမျိုးပေါ့လေ။ အုန်းနို့လိုမျိုး အုန်းသီးကို ခြစ်ခြစ်ပြီးတော့ အရည်ညှစ်တာမျိုးများ အုန်းသီးဖျော်ရည်လို့ ဆိုသလားပေါ့နော်။

283
00:22:17,349 --> 00:22:19,764
ဘာကြောင့်လဲဆိုတော့ တခြားအဖျော်ရည် လုပ်တာကို အဲလိုလုပ်တာကိုး။

284
00:22:19,794 --> 00:22:24,021
ဦးဇင်းတို့ တခြားအသီးတွေ ဖျော်ရည်လုပ်မယ်ဆိုရင်လည်း ခြစ်ပြီးခါမှ ရေနဲ့နယ်ပြီးတော့ လုပ်ရတာကိုး။

285
00:22:24,051 --> 00:22:27,915
အဲတော့ အုန်းသီးဖျော်ရည်ဆိုတာလည်း အဲလိုမျိုးများ ဖြစ်လိမ့်မလားလို့တော့ ယူဆမိတယ်ပေါ့။

286
00:22:27,945 --> 00:22:31,810
ဒါပေမဲ့ ဆရာတော်ကြီး မြန်မာနိုင်ငံမှာတော့ ဆရာတော်ကြီးတွေက သံသယရှိတော့

287
00:22:31,840 --> 00:22:34,255
အဲလိုခြစ်ပြီးတော့ အုန်းသီးဖျော်ရည်ကိုလည်း မသောက်ဘူး။

288
00:22:34,285 --> 00:22:38,512
နောက် အုန်းရည်ကိုလည်း မသောက်တော့ဘူး ညနေပိုင်း မသောက်တော့ဘူး သံသယရှိလို့။

289
00:22:38,542 --> 00:22:41,772
စာထဲမှာတော့ အုန်းသီးရည်လို့ မလွဲမသွေ မပြောဘူးပေါ့နော်။

290
00:22:41,802 --> 00:22:44,218
အုန်းသီးလို့ မအပ်ဘူးလို့ပဲ ပြောထားတာ သူက။

291
00:22:44,248 --> 00:22:48,474
ဒါကြောင့် ဆရာတော်တွေကတော့ နှစ်ခုလုံး မသောက်တော့ဘူးပေါ့။ အဲလိုမျိုးပေါ့။

292
00:22:48,504 --> 00:22:54,180
အဲဒါ ဦးဇင်းတို့ ဒါကို စာပေထဲမှာ အသီးကြီး ၉ မျိုးလို့ ခေါ်တယ်နော်။ အသီးကြီး ၉ မျိုး။

293
00:22:54,210 --> 00:22:57,531
ကဲ အားလုံး ဆိုကြည့်ပါဦး။ ထန်း အုန်း နှစ်တွဲ၊

294
00:22:57,561 --> 00:23:02,331
ပိန္နဲ နှစ်စုံ၊ ဘူး ဖရုံ၊ မက်မွန် သခွား။

295
00:23:02,361 --> 00:23:05,320
အဲဒီမှာ သူက ဆောင်ပုဒ်ထဲမှာ ထန်းလို့ ပါတယ်နော်ဟေ့။

296
00:23:05,350 --> 00:23:08,671
သူက ထန်းသီးပါတယ်။ ဆောင်ပုဒ် ဟိုမှာ ထန်းသီးမပါဘူး ထင်တယ် ဟုတ်လား။

297
00:23:08,701 --> 00:23:15,282
ဘူးသီးရယ်၊ ဖရုံသီးရယ်၊ အုန်းသီး၊ ပိန္နဲ၊ တောင်ပိန္နဲ၊ သခွားငကျောင်၊ သခွားငပျော၊ သခွားငစစ် တဲ့။

298
00:23:15,312 --> 00:23:19,539
နာမည် လေးခု ကျန်ခဲ့တာ။ နာမည် လေးခု။ ၁၊ ၂၊ ၃၊ ၄ လေးခု ကျန်ခဲ့တယ် သိလား။

299
00:23:19,569 --> 00:23:22,528
ထန်းသီး တစ်ခု ထည့်လိုက်ဦး။ ထည့်လိုက်ဦး။ ထန်းသီး ထည့်ခဲ့လိုက်ဦး။

300
00:23:22,558 --> 00:23:25,607
အဲဒါကြောင့် ကြည့်နေတာ ၉ မျိုးပါလို့။

301
00:23:25,637 --> 00:23:27,690
အဲဒါဆို သခွားမွှေးတို့ ဘာတို့...

302
00:23:27,720 --> 00:23:32,490
သူက ဒီလို သခွားငကျောင်ရယ်၊ သခွားငပျောရယ်၊ သခွားငစစ်ရယ် ၃ မျိုးပဲ ပြောထားတာကိုး။

303
00:23:32,520 --> 00:23:36,747
ပြောထားတာဆိုတော့ တခြားသခွားသီးကို ဦးဇင်းတို့ မအပ်ဘူးလို့တော့ ပြောလို့မရတော့ဘူးပေါ့။

304
00:23:36,777 --> 00:23:39,192
အဲတော့ သခွား ခုနက အခါ သခွားမွှေး။

305
00:23:39,222 --> 00:23:41,275
သခွားမွှေး ဒီထဲမှာ မပါဘူးလေနော်။

306
00:23:41,305 --> 00:23:44,626
သခွားငကျောင်၊ သခွားငပျော၊ သခွားငစစ် ဆိုတာ သခွားမွှေး မဟုတ်ဘူး သူက။

307
00:23:44,656 --> 00:23:47,615
သူက ဒီလို တို့စရာ သခွားသီးပဲ။

308
00:23:47,645 --> 00:23:53,321
မြန်မာအဘိဓာန်မှာ ကြည့်ကြည့်လိုက်။ မြန်မာအဘိဓာန်မှာ သူက အဲဒီ သခွားသီး တို့စားတဲ့ သခွားသီး တစ်မျိုးပဲ သူက။

309
00:23:53,351 --> 00:23:54,821
အင်း ဟုတ်တယ် ဟုတ်တယ်။ ဒါ စားစရာ သခွားသီးပေါ့နော်။

310
00:23:54,851 --> 00:23:56,370
အဲတော့ အဲဒီ သခွားသီး ၃ မျိုးကတော့ မအပ်ဘူးပေါ့။

311
00:23:56,400 --> 00:23:58,475
သခွားသီးတွေကို အဖျော်ယမလုပ်ရဘူး။

312
00:23:58,505 --> 00:24:00,580
သခွားသီးကတော့ အမျိုးပေါင်းများစွာ ရှိတယ်လေ။

313
00:24:00,610 --> 00:24:04,791
သခွားသီးက အမျိုးအစားများစွာ ရှိပေမယ့် ဒီထဲမှာ ဘုရား အဋ္ဌကထာထဲမှာ တိုက်ရိုက်ပြောထားတာက

314
00:24:04,821 --> 00:24:07,738
သခွား သုံးမျိုးပဲ ပြောထားတာ သူက။ ငါးကျောက်...

315
00:24:07,768 --> 00:24:11,107
အဲ့ဒါကတော့ စာပေထဲမှာ မပါဘူး။ သူက မလုပ်ကောင်းတဲ့ အသီးကြီးဖျော်ရည် ဆိုပြီးတော့

316
00:24:11,137 --> 00:24:14,054
သံဂါယနာတင်တဲ့ ရဟန္တာအရှင်သူမြတ်တွေက ပြောခဲ့တာ သူက။

317
00:24:14,084 --> 00:24:16,159
ဟို ပါဠိတော်ထဲမှာတော့ တိုက်ရိုက်မပါဘူး။

318
00:24:16,189 --> 00:24:22,054
ဒီ ရဟန္တာအရှင်သူမြတ်တွေက သံဂါယနာတင်တဲ့အခါမှာ ဒီအသီးတွေဟာလည်း မအပ်တဲ့အထဲမှာ ပါတယ်ဆိုပြီးတော့ ပယ်ထားခဲ့ကြတာ သူက။

319
00:24:22,084 --> 00:24:26,265
အဲ့တော့ အကြောင်းကတော့ မပါခဲ့ဘူးပေါ့။ ဘာကြောင့်လဲဆိုတာတော့ စာထဲမှာ မဖော်ပြထားဘူး သူက။

320
00:24:26,295 --> 00:24:30,897
မအပ်ဘူးလို့ပဲ ဒီအတိုင်း မှတ်တမ်းတင်ထားခဲ့ကြတာ။ အဲ့ဒီလိုမျိုး အသီးကြီးကိုးလုံးပေါ့နော်။

321
00:24:30,927 --> 00:24:35,528
အဲ့တော့ ဒီအသီးကြီးကိုးမျိုးကလွဲရင် ကျန်တဲ့ အသီး၊ အနှံ၊ အရွက်တွေ အကုန်လုံး ရတယ်။

322
00:24:35,558 --> 00:24:38,897
အဲ့တော့ တချို့ ဆရာတော်တွေက ဟိုပေါ့နော် နားလည်မှုလွဲတာက

323
00:24:38,927 --> 00:24:42,686
ဟင်းသီးဟင်းရွက် ချက်စားလို့ရရင် အဖျော်ယမလုပ်ကောင်းဘူးလို့ ယူဆခဲ့ကြတာ။

324
00:24:42,716 --> 00:24:48,581
တကယ်တော့ မဟုတ်ဘူး။ ဦးဇင်းတို့ ဝိနည်းဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ တော်တော်လေး ရှင်းပြခဲ့ရတယ် အဲ့ကိစ္စ အထောက်အထားတွေပေါ့နော်။

325
00:24:48,611 --> 00:24:51,107
ဦးဇင်း မှတ်မိနေတယ် အလွတ်ရနေတယ် အဲ့ကိစ္စကို။

326
00:24:51,137 --> 00:24:57,423
ဒီ ဝိနယသင်္ဂဟ အဋ္ဌကထာ စာမျက်နှာ ၉၂ မှာ သူက ယာဝကာလိက ပတ္တာနမ္ပိ ပါနံ ကာတုံ ဝဋ္ဋတိ ဆိုတာ

327
00:24:57,453 --> 00:25:00,792
အဲ့ဒီ စာမျက်နှာ ၉၂ မှာ တိတိကျကျ ဦးဇင်း မှတ်မိနေတယ်။

328
00:25:00,822 --> 00:25:06,687
ဟို အသီးအရွက်တွေကို အဖျော်ယမလုပ်လို့ စားလို့ရတဲ့ ဟင်းချက်လို့ရတဲ့ အရွက်တွေကို အဖျော်ယလုပ်လို့ရတယ်ဆိုတာလေ

329
00:25:06,717 --> 00:25:11,739
အထောက်အထား ရှိတယ်ပေါ့နော်။ အဲ့ကြောင့်မို့လို့ ယနေ့ခေတ် ဟို မြင်းခွာရွက်တွေကို လုပ်လို့မရဘူးလား မေးကြတယ်။

330
00:25:11,769 --> 00:25:15,108
မြင်းခွာရွက်ကို ကြိတ်ပြီးတော့ အဖျော်ယလုပ်ရင်ရော ရလားဆို ရတယ်ပေါ့နော်။

331
00:25:15,138 --> 00:25:18,897
မြင်းခွာရွက်အဖျော်ယ၊ မုန်လာဥနီတို့ဘာတို့ ရတယ် အဖျော်ယကပ်လို့ရတယ်။

332
00:25:18,927 --> 00:25:22,687
တစ်ခုတော့ရှိတာက ဒီအတိုင်းကပ်လို့တော့ မရဘူး။ ရေရောဖို့တော့ လိုတယ်။

333
00:25:22,717 --> 00:25:27,319
ရေမရောရင် အဖျော်ယမဟုတ်ဘူး။ နော် အဲ့ဒါ သတိထားဖို့လိုတယ်။ ဒီအတိုင်းကပ်လို့ မရဘူး။

334
00:25:27,349 --> 00:25:31,108
အဲ့ကြောင့် ရေရောရမယ်။ အဲ့တော့ မြင်းခွာရွက်တို့၊ မုန်လာဥနီတို့

335
00:25:31,138 --> 00:25:36,161
ဖတ်မပါအောင်စစ်၊ ပြီးရင်လည်း ရေနဲ့ရောပြီး ဖျော်ပေး။ အဲ့ဒါဆိုရင် ရဟန်းတော်တွေ သောက်ကောင်းပါတယ်။

336
00:25:36,191 --> 00:25:39,951
အဲ့ကြောင့် ဟင်းချက်စားလို့ရတဲ့ အသီးအရွက်တွေကိုလည်း အဖျော်ယလုပ်ကောင်းပါတယ်။

337
00:25:39,981 --> 00:25:43,319
ဝိနယသင်္ဂဟ အဋ္ဌကထာ စာမျက်နှာ ၉၂ မှာ ပါပါတယ်။

338
00:25:43,349 --> 00:25:46,266
အဲ့တော့ မအပ်တဲ့ အသီးကိုးမျိုးကို မှတ်လိုက်ရင် ပြီးပြီလေနော်။

339
00:25:46,296 --> 00:25:51,319
ဒီအသီးကိုးမျိုးကလွဲရင် ကျန်တဲ့အသီး၊ ကျန်တဲ့အရွက် အကုန်လုံး အဖျော်ယလုပ်လို့ရတယ်။

340
00:25:51,349 --> 00:25:53,372
အဖျော်ယမလုပ်ကောင်းတာ မရှိဘူး။ သူက ဒီမှာ တစ်ခုမပါခဲ့တာ ဘာလဲဆိုတော့ စပါး၊ စပါး။

341
00:25:53,402 --> 00:25:56,070
နည်းနည်းလေး ဘေးနားလေးမှာ ကပ်ရေးလိုက်။ စပါးနဲ့ပဲ တစ်ချက်လောက် ကပ်ရေးထားလိုက်နော်။ စပါး...

342
00:25:56,100 --> 00:25:58,136
စပါးကို အဖျော်ယမကာ မလုပ်ရဘူး။

343
00:25:58,166 --> 00:26:00,863
ပဲကို အဖျော်ယမကာ မလုပ်ရဘူး။ အဲ့ဒါ တစ်ချက် ထည့်ထားလိုက်ဦးနော်။

344
00:26:00,893 --> 00:26:04,499
စပါးနဲ့ ပဲ အမျိုးမျိုး ထည့်ထားလိုက်ပါဦး။

345
00:26:04,529 --> 00:26:08,053
စပါးနဲ့ ပဲကို အဖျော်ယမကာ မလုပ်ကောင်းဘူး။ အဲ့ဒါလေး ထည့်ရေးထားလိုက်။

346
00:26:08,083 --> 00:26:11,111
အဲ့တော့ ခုနက ပဲနို့ မရဘူးဆိုတာ အဲ့ဒါ ပြောတာနော်။ မရဘူး။

347
00:26:11,141 --> 00:26:14,665
အဲ့တော့ ဦးဇင်းတို့ ဟိုဟာ တစ်ချို့က မေးတယ် ဆန်ဆေးရည် မရဘူးလားဆိုတာ ခုန ပြောပြီးပြီလေ။

348
00:26:14,695 --> 00:26:18,219
စပါးကို အဖျော်ယမကာ မလုပ်ကောင်းဘူးဆိုတော့ ဆန်ဆေးရည် ပါသွားပြီ။

349
00:26:18,249 --> 00:26:21,855
တစ်ချို့က အဲ့ဒါ အရှင်ဘုရား ဆန်ဆေးရည် သောက်လို့ မရဘူးလားဆိုတော့ မရဘူးနော်။

350
00:26:21,885 --> 00:26:25,409
ညနေပိုင်း ဆန်ဆေးရည် မသောက်ကောင်းဘူး။ မသောက်ကောင်းဘူး။

351
00:26:25,439 --> 00:26:29,789
အဲ့ဒါ ဥပုသ်သည်တွေနဲ့လည်း ဆိုင်တယ်နော် ဒီဥစ္စာက။ ဒါ ရဟန်းတော်တွေတင်မကဘူး ဥပုသ်သည်တွေနဲ့လည်း ဆိုင်တယ်နော်။

352
00:26:29,819 --> 00:26:32,599
ဥပုသ်သည်တွေ ဝိကာလဘောဇန သီလ ဆိုင်တယ် ဒါ။

353
00:26:32,629 --> 00:26:36,153
အဲ့တော့ ဆန်ဆေးရည် ညနေပိုင်း မသောက်ကောင်းဘူး၊ ပဲနို့ ညနေပိုင်း မသောက်ကောင်းဘူးနော်။

354
00:26:36,183 --> 00:26:40,037
ဆန်အမျိုးမျိုး ပဲအမျိုးမျိုးသည် အဖျော်ယမကာ မလုပ်ကောင်းဘူး။

355
00:26:40,067 --> 00:26:43,591
အဲ့တော့ အဲ့ဒီ နောက်တစ်ခါ ဦးဇင်းတို့ ဟင်းရွက်ပြုတ်ရည်ဆိုတာ ရှိတယ်။

356
00:26:43,621 --> 00:26:47,476
ဒီဟင်းသီးဟင်းရွက်တွေကို ကြိတ်ပြီးတော့ ရေအေးနဲ့ ဖျော်ရင် ရတယ်။

357
00:26:47,506 --> 00:26:51,029
ဒါပေမဲ့ ရေနွေးနဲ့ မလုပ်ရဘူး။ ဟုတ်ပြီနော်။

358
00:26:51,059 --> 00:26:54,583
ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက် ကြိတ်ပြီးတော့ အရည်ဖျော်ရင် ရတယ်။

359
00:26:54,613 --> 00:26:58,220
ဒါပေမဲ့ ရေနွေးနဲ့ ဆိုလို့ရှိရင် ဟင်းရွက်ပြုတ်ရည် ဖြစ်သွားမယ်။

360
00:26:58,250 --> 00:27:02,600
ဟုတ်ပြီနော်။ ရေနွေးနဲ့ မလုပ်ရဘူး။ ရေနွေးလုပ်ရင် ဟင်းရွက်ကို ပြုတ်သလို ချက်သလို ဖြစ်သွားမယ်။

361
00:27:02,630 --> 00:27:06,154
အဲ့ဒါဆိုရင် မအပ်စပ်ဘူး။

362
00:27:06,184 --> 00:27:09,790
အဲ့တော့ အဲ့ဒါကို အကြောင်းပြုပြီးတော့ ယနေ့ လက်ဖက်ခြောက် ပြဿနာပဲ။

363
00:27:09,820 --> 00:27:13,344
လက်ဖက်ခြောက်ကို မြန်မာနိုင်ငံမှာက အစားအဟာရ တစ်ခုအနေနဲ့ သတ်မှတ်ထားတယ်။

364
00:27:13,374 --> 00:27:17,724
လက်ဖက်သုပ် လက်ဖက်သုပ် ဆောရီးနော်။ လက်ဖက် လက်ဖက်က ဦးဇင်းတို့ မြန်မာနိုင်ငံမှာ သရေစာအဖြစ် လက်ဖက်သုပ်ဆိုပြီးတော့ စားကြတယ်။

365
00:27:17,754 --> 00:27:22,187
အဲ့ဒါကြောင့် ရှေးဆရာတော်ကြီးများက ဝိနည်းဓိုရ် ဆရာတော်ကြီးများက လက်ဖက်သည် သရေစာ ယာဝကာလိက ခုနက နံနက်သုံး အဟာရထဲမှာ ပါတယ်။

366
00:27:22,217 --> 00:27:26,567
အဲ့တော့ သူ့ကို ညနေပိုင်း သောက်မယ် အကယ်၍ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေအေးနဲ့ ဖျော်ရင် ရတယ်။

367
00:27:26,597 --> 00:27:30,947
ဒီလက်ဖက်ကို။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဟိုဘက် ထိုင်းတို့ သီရိလင်္ကာတို့မှာဆို Green Tea ဆိုပြီးတော့ သောက်ကြတာ ရှိတယ်။

368
00:27:30,977 --> 00:27:34,584
ညနေပိုင်း Green Tea ပေါ့။ ရေအေးနဲ့ အဖျော်ထားတာ။ ထိုင်းနိုင်ငံက အခု မြန်မာနိုင်ငံနဲ့ ရောက်လုပ် ပေါများနေတာတွေ။

369
00:27:34,614 --> 00:27:38,138
ဒီ Green Tea ဆိုပြီးတော့ လက်ဖက်ကို သူတို့က အဖျော်ယမကာ လုပ်ထားတာ လက်ဖက်ဖျော်ရည်။

370
00:27:38,168 --> 00:27:41,691
ရေအေးနဲ့ လုပ်ရင် ရတယ်။ ရေနွေးနဲ့ လုပ်ရင် မရဘူး။

371
00:27:41,721 --> 00:27:45,328
ယနေ့ လက်ဖက်ရည်ကြမ်းနော်။ လက်ဖက်ရည်ကြမ်း။

372
00:27:45,358 --> 00:27:48,882
အဲ့ဒါ ဘာဖြစ်လို့ ရေနွေးနဲ့ မရသလဲ မေးတော့ ဟင်းရွက်ပြုတ်ရည် ဖြစ်သွားလို့။

373
00:27:48,912 --> 00:27:52,436
သူက လက်ဖက်ကို ဟင်းသီးဟင်းရွက်ထဲမှာ ထည့်ထားတယ်။

374
00:27:52,466 --> 00:27:53,936
အဲ့တော့ ဒီဟင်းသီးဟင်းရွက်ကို အဖျော်ယမကာ လုပ်မယ်ဆိုရင် ရတယ် ရေအေးနဲ့ လုပ်ရမယ်။

375
00:27:53,966 --> 00:27:55,770
အဲ့တော့ ရေနွေးထဲမှာ ထည့်လိုက်တဲ့ အခါကျတော့ ဟင်းသီးဟင်းရွက် သွားပြုတ်သလို ဖြစ်သွားတယ်။

376
00:27:55,800 --> 00:27:57,988
ဟင်းရွက်ပြုတ်ကြီး ဖြစ်သွားတာ။

377
00:27:58,018 --> 00:27:59,497
အဖျော်ယမကာ မဟုတ်တော့ဘူး။

378
00:27:59,527 --> 00:28:05,089
အဲ့ဒါကြောင့် လက်ဖက်ရည်ကို ဒီလက်ဖက်ရည်ကြမ်းသည် ညနေပိုင်း ပုဒ်သည်တွေ မသောက်ကောင်းဘူးဆိုတာ ဆရာတော်ကြီးတွေ ဆုံးဖြတ်ချက် ချမှတ်ကြတယ်။

379
00:28:05,119 --> 00:28:09,261
ဟုတ်ပြီနော်။ အဲ့တော့ ဘာဖြစ်လို့ မအပ်လဲမေးရင် ဟင်းရွက်ပြုတ်ကြီး ဖြစ်လို့ မအပ်တာ။

380
00:28:09,291 --> 00:28:14,231
အဲ့တော့ လက်ဖက်ကို အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေအေးနဲ့လုပ်။ ရတယ်။

381
00:28:14,261 --> 00:28:17,516
ဂျင်းသုပ်တို့ မြင်းခွာရွက်သုပ်တို့ ညနေပိုင်း မရဘူး။

382
00:28:17,546 --> 00:28:20,800
သူက မရဘူး။ မြင်းခွာရွက်က သူက ဆေးထဲမှာ မပါဘူး။

383
00:28:20,830 --> 00:28:26,391
အဲ့တော့ မြင်းခွာရွက်က သူက ဆေးမဟုတ်ဘူး။ သူက စားစရာထဲမှာ ပါသွားပြီ။ ညနေပိုင်း စားလို့မရဘူး။

384
00:28:26,421 --> 00:28:30,563
ဂျင်းက ဆေးထဲမှာ ပါတယ်၊ ဒါပေမဲ့ သူ့ချည်းသက်သက် ဆေး။

385
00:28:30,593 --> 00:28:36,155
ဆီတွေ ကြက်သွန်တွေ နှမ်းတွေ ပဲတွေ ပါရင် ဆေးမဟုတ်တော့ဘူး။ ဒါ လက်ဖက်သုပ် စားစရာ ဖြစ်သွားပြီ။

386
00:28:36,185 --> 00:28:40,327
အဲ့ဒါ ဝိကာလဘောဇန ဖြစ်သွားပြီ။ အဲ့တော့ ညနေ ဂျင်းသုပ် မကပ်ရဘူးနော်။

387
00:28:40,357 --> 00:28:45,031
ပြီးတော့ ရဟန်းဝတ်တုန်းက ဂျင်းသုပ်စားလို့ရတယ် စသဖြင့်။

388
00:28:45,061 --> 00:28:49,203
အဲ့တော့ ဂျင်းသုပ်တို့ ခရမ်းချဉ်သီးသုပ်တို့ လက်ဖက်သုပ်တို့ ပေါ့နော်။

389
00:28:49,233 --> 00:28:53,907
အဲ့ဒါတွေက ဦးဇင်းတို့ ခုနက ယာဝကာလိက နံနက်စာနော်။

390
00:28:53,937 --> 00:28:58,078
နံနက်စာထဲမှာ ပါ။ ညနေထဲမှာ မပါဘူး အဲ့ဒါတွေက။

391
00:28:58,108 --> 00:29:07,221
အဲ့တော့ ဟို ဆေးခုန ဂျင်းက ဆေးထဲမှာ ပါတယ်၊ စားချင်တယ်ဆိုလို့ရှိရင် ညနေဘက် ရိသန့် အကြောင်းပြချက် ခုနပြောသလိုဆိုရင် ဆေးပစ္စည်းမှန်သမျှ အကြောင်းပြဖို့ လိုတယ်။

392
00:29:07,251 --> 00:29:11,392
အသံဝင်လို့ စားမှာလား၊ ခုန အဖျားတက်လို့ စားမှာလား၊ အကြောင်းတစ်ခုခုတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပေးရမယ်။

393
00:29:11,422 --> 00:29:16,097
အကြောင်းမပြဘဲနဲ့ စားလို့ ခွင့်မရှိဘူး ဆေးပစ္စည်းကိုလည်း။ အဲ့ဒါမျိုး။

394
00:29:16,127 --> 00:29:20,268
နောက်မှာ အဲ့ဒါ ဆေးကဏ္ဍ ပါမယ်လေ တစ်ကဏ္ဍ ပါမယ်နော်။

395
00:29:20,298 --> 00:29:24,972
အဲ့ဒါဆိုရင် အဖျော်ယမကာ ဦးဇင်းတို့ ဒီအသီးကြီး ကိုးလုံးကလွဲရင် နောက်တစ်ခါ စပါးရယ် ပဲရယ်။

396
00:29:25,002 --> 00:29:29,144
အဲ့ဒီကလွဲရင် ကျန်တဲ့ ဥစ္စာအားလုံးကို ရေအေးနဲ့ အဖျော်ယမကာ လုပ်လို့ရတယ်။

397
00:29:29,174 --> 00:29:33,848
ဒါ အနှစ်ချုပ် မှတ်မိနေရမယ်နော် အဖျော်ယမကာ လုပ်လို့ရတဲ့ ဥစ္စာ။

398
00:29:33,878 --> 00:29:38,020
အဲ့တော့ ကျန်တာ ကိုယ့်ဘာသာကိုယ် စဉ်းစားလို့ရတယ်။ ဪ ဒီဟာ လုပ်ကောင်းမလား မလုပ်ကောင်းဘူးလား သိချင်တယ်ဆိုရင် ဒီဟာလေး ကြည့်လိုက်။

399
00:29:38,050 --> 00:29:42,724
ဒီကိုးမျိုး ဆယ်မျိုး ၁၁ မျိုး ပေါ့နော်။ အဲ့ ၁၁ မျိုးထဲမှာ မပါဘူးဆိုရင် ဦးဇင်းတို့ အဖျော်ယမကာ လုပ်လို့ရတယ်လို့ မှတ်။

400
00:29:42,754 --> 00:29:46,896
အဲ့ လုပ်တဲ့အခါမှာတော့ ရေအေးနဲ့ လုပ်ရမယ်၊ နောက်တစ်ခါ အဖတ်မပါစေရအောင် စစ်ရမယ်။

401
00:29:46,926 --> 00:29:51,600
အဲ့တော့ တချို့ပြောတယ် အရှင်ဘုရား ထောပတ်သီးဖျော်ရည် ရသလားတဲ့။ ရတယ်၊ ဒါပေမဲ့ ဖျော်ရတာ အင်မတန် ခက်တဲ့ကိစ္စ။

402
00:29:51,630 --> 00:29:53,100
ထောပတ်သီးက အနှစ်တွေလေ။ အဲ့တော့ စစ်ဖို့ တော်တော်ခက်တဲ့ကိစ္စ ထောပတ်သီးကလေ။

403
00:29:53,130 --> 00:29:55,470
အဲ့တော့ ဒီထဲမှာ ခုနကြည့်လေ အသီးကြီး ကိုးလုံးထဲမှာ ထောပတ်သီး မပါဘူး။ မပါတော့ အဖျော်ယမကာ လုပ်လို့ရတယ်။ ဒါပေမဲ့...

404
00:29:55,500 --> 00:29:59,341
ကဲ ဦးဇင်းတို့ စာမျက်နှာ ၇၂ နော်။

405
00:29:59,371 --> 00:30:02,649
စာမျက်နှာ ၇၂ ထီးတောင်ဝှေး ဓားစသည်...

406
00:30:02,679 --> 00:30:06,590
တရားတော် နာယူသည့် ယောဂဝေဒနာ...

407
00:30:06,620 --> 00:30:09,828
အဖတ်ကြီး ပါနေတာ အဲ့ဒါ သောက်လို့ မရဘူး။

408
00:30:09,858 --> 00:30:13,136
မလွယ်ဘူး ဒကာကြီး တော်တော်ခက်တယ်။

409
00:30:13,166 --> 00:30:17,077
ဦးဇင်း စမ်းကြည့်ပြီးပြီ တော်တော်ကို ခက်တာ။

410
00:30:17,107 --> 00:30:20,315
ဘာလို့လဲဆိုတော့ အနယ်အဖတ်က ဘယ်လိုပြောမလဲ ပစ်ဖတ်ပစ်ဖတ် ဖြစ်ကိုဖြစ်တယ် သူက။

411
00:30:20,345 --> 00:30:24,256
တကယ်လို့ အရည်အတိုင်း ဖျော်ပြန်တော့လည်း အရသာက မရရင် မရှိတော့ဘူး။

412
00:30:24,286 --> 00:30:27,494
မရှိတော့ဘူး အရသာက မကောင်းဘူး။

413
00:30:27,524 --> 00:30:30,731
ဟုတ်တယ် ထောပတ်သီးက သူ့အနှစ်ကလေး ပါနေမှ ကောင်းတာ။

414
00:30:30,761 --> 00:30:34,673
အဲ့တော့ အနှစ်မပါအောင် ဖျော်လို့မရဘူး တော်တော်ခက်တယ်။

415
00:30:34,703 --> 00:30:37,910
တော်တော်ခက်တာ ဦးဇင်း စမ်းကြည့်ပြီးပြီ မရဘူး သူက တော်တော်ကို ခက်တာ။

416
00:30:37,940 --> 00:30:41,852
ငါပြောသီးကတော့ နည်းနည်း ရသေးတယ်။

417
00:30:41,882 --> 00:30:45,089
ငါပြောသီးကတော့ အဲ့ဒီ ဟိုမပါအောင် အနယ်မပါအောင်တော့ သူလည်း တော်တော်စစ်ရတယ် ဒါပေမဲ့ ရတယ် စစ်လို့ရတယ်။

418
00:30:45,119 --> 00:30:48,327
အဲ့ဒီ ထောပတ်သီးက တော်တော် စစ်ရခက်တာ။

419
00:30:48,357 --> 00:30:52,268
မလွယ်ဘူးပေါ့နော်။

420
00:30:52,298 --> 00:30:55,506
အရမ်းကြိုးစားပြီး စစ်ရင်တော့ ရကောင်းရမှာပေါ့ ဒါပေမဲ့ ခုနလို အရသာမျိုးကျတော့ မဟုတ်ဘူးပေါ့။

421
00:30:55,536 --> 00:30:59,447
အဲ့ဒါကြောင့် ထောပတ်သီးကတော့ ဖျော်လို့ရပါတယ် ဒါပေမဲ့ ဟိုအဖတ်မပါအောင် စစ်နိုင်ရင်တော့ ကောင်းတယ်ပေါ့နော်။

422
00:30:59,477 --> 00:31:02,685
ဒါဆို ဦးဇင်းတို့ ယာမကာလိက အဖျော်ယမကာကဏ္ဍ ပြီးပြီနော်။

423
00:31:02,715 --> 00:31:05,923
အဖျော်ယမကာကဏ္ဍ ပြီးလောက်ပါပြီ။

424
00:31:05,953 --> 00:31:09,864
ဒါပေမဲ့ နည်းနည်း အဖျော်ယမကာ နည်းနည်းကျန်သေးတယ် ဒါပေမဲ့ ဦးဇင်း နောက်ကဏ္ဍတစ်ခုနဲ့ တွဲပြောမှ အဲ့ဒါ ပြည့်စုံမှာမို့လို့ နောက်တစ်ခု ဆက်သွားကြည့်လိုက်။

425
00:31:09,894 --> 00:31:13,102
ခုနစ်ရက်အတွင်း သုံးဆောင်ကောင်းသော အာဟာရ အဲ့ဒါကို ပါဠိလို သတ္တာဟကာလိက ခုနစ်ရက်ခံတဲ့ ပစ္စည်း။

426
00:31:13,132 --> 00:31:17,043
တစ်နံနက်သုံး အာဟာရ ပြီးသွားပြီ တစ်ရက်သုံး အာဟာရ ပြီးသွားပြီ အခု ခုနစ်ရက်သုံး အာဟာရ ရောက်ပြီနော်။

427
00:31:17,073 --> 00:31:20,281
ခုနစ်ရက်သုံး အာဟာရ။

428
00:31:20,311 --> 00:31:23,518
ခုနစ်ရက်သုံး အာဟာရဆိုတာက တစ်ခါ အကပ်ခံပြီးလို့ရှိရင် ခုနစ်ရက်အထိ အသုံးခံတယ်လို့ ဆိုလိုတာ။

429
00:31:23,548 --> 00:31:27,460
ခုနစ်ရက်မပြည့်ခင် စွန့်ရမှာနော် ခုနစ်ရက်ပြည့်တဲ့နေ့မှာ အဲ့ဒီပစ္စည်းကို စွန့်ရမယ်။

430
00:31:27,490 --> 00:31:30,697
ဆက်ပြီး သုံးဆောင်ခွင့်မရှိဘူး အဲ့ဒါ ဘာတွေလဲဆိုတော့ အောက်မှာ...

431
00:31:30,727 --> 00:31:34,639
တစ်က ထောပတ်၊ နှစ် ဆီဦး။

432
00:31:34,669 --> 00:31:37,876
ဆီဦးဆိုတာ ထောပတ်ချက်တဲ့အခါမှာ အပေါ်ကို တက်လာတဲ့ ဆီအကြည်တစ်မျိုးကို ပြောတာ။

433
00:31:37,906 --> 00:31:41,114
နံပါတ်သုံးကတော့ ဆီ စားသုံးဆီ အမျိုးမျိုးပေါ့နော် ယနေ့ခေတ် နှမ်းဆီ ပဲဆီ ဆီအမျိုးမျိုး။

434
00:31:41,144 --> 00:31:45,055
နောက် နံပါတ်ငါး ပျားရည်။

435
00:31:45,085 --> 00:31:48,293
နံပါတ်လေး ပျားရည်၊ နံပါတ်ငါးက တင်လဲ သကြား သကာ သကြား ထန်းလျက် ချိုချဉ်။

436
00:31:48,323 --> 00:31:52,234
အဲ့ဒါတွေက ဦးဇင်းတို့ ငါးမျိုး။

437
00:31:52,264 --> 00:31:53,734
သတ္တာဟကာလိက မြန်မာလိုပြောရင်တော့ ခုနစ်ရက်သုံးပစ္စည်းလို့ ခေါ်တယ်။

438
00:31:53,764 --> 00:31:55,170
အဲ့တော့ ဒီပစ္စည်းတွေကို ရဟန်းတစ်ပါးသည် ခုနစ်ရက် အကပ်ခံထားလို့ရတယ် ဒီနေ့ အကပ်ခံလိုက်ပြီဆိုရင် ဒီနေ့ကစပြီးတော့ ခုနစ်ရက်။

439
00:31:55,200 --> 00:31:59,693
ခုနစ်ရက်အထိ သုံးစွဲလို့ရတယ်။ ခုနစ်ရက်ကျော်ရင်တော့ စွန့်ရမယ်။

440
00:31:59,723 --> 00:32:03,559
ဆက်သုံးစွဲခွင့် မရှိတော့ဘူး။ ဥပမာ ငါးကြီးဆီမျိုး။

441
00:32:03,589 --> 00:32:08,165
ငါးကြီးဆီဆိုရင် ဦးဇင်းတို့ နံပါတ်သုံးထဲမှာ ပါသွားတယ်နော်။

442
00:32:08,195 --> 00:32:11,948
အဲ့ဒါကြောင့် ရဟန်းတော်တွေကို ငါးကြီးဆီဘူးလိုက် မကပ်သင့်ဘူး။ သဘောပေါက်လား။

443
00:32:11,978 --> 00:32:16,472
ငါးကြီးဆီကို ဘူးလိုက်ကပ်လိုက်လို့ရှိရင် အဲ့ဒီငါးကြီးဆီကို ခုနစ်ရက်အတွင်း ကုန်အောင် သုံးရမယ့်အပိုင်း ရှိတယ်။

444
00:32:16,502 --> 00:32:20,256
သဘောပေါက်လား။ အဲ့ဒါကြောင့် ဦးဇင်းတို့က ဘူးလိုက်မကပ်တော့ဘဲနဲ့ စားပွဲခုံမှာ တင်ထားခဲ့လိုက်။

445
00:32:20,286 --> 00:32:24,121
နောက်မှ ကိုရင်နဲ့ ခွဲခွဲပြီးတော့ အကပ်ခံပြီး သုံးပေါ့။

446
00:32:24,151 --> 00:32:28,727
ခုနစ်ရက်စာ ခုနစ်ရက်စာ ခွဲပြီး အကပ်ခံပြီး သုံးရတယ်။

447
00:32:28,757 --> 00:32:32,511
ဘာလို့လဲဆိုတော့ ငါးကြီးဆီက သူက တစ်ဘူးမှာဆို အလုံးသုံးရာလောက် ပါချင်ပါမယ်လေ။

448
00:32:32,541 --> 00:32:36,377
အဲ့တော့ ခုနစ်ရက်အတွင်း ဒါ မဖြစ်နိုင်ဘူး ဒါက။

449
00:32:36,407 --> 00:32:40,983
အကယ်၍ ရဟန်းတွေ ခွဲပြီးတော့ ပေးလိုက်ရင်တော့ ပြီးတာပေါ့ ခုနစ်ရက်အတွင်း ပြီးသွားတာပေါ့။

450
00:32:41,013 --> 00:32:44,766
အကယ်၍ တစ်ပါးတည်း သုံးချင်တယ်ဆိုရင်တော့ ဒါ ဒီဟာ အကပ်ခံလို့ မရဘူး ငါးကြီးဆီကိုနော်။

451
00:32:44,796 --> 00:32:49,372
နောက် စတုမဓူလည်း အဲ့အတိုင်းပါပဲ။ စတုမဓူဆိုတာ ဒီ တင်လဲတို့၊ ပျားရည်တို့၊ ထောပတ်တို့နဲ့ လုပ်ထားတာလေ။

452
00:32:49,402 --> 00:32:53,156
အဲ့ဒါကြောင့် စတုမဓူသည်လည်း ဘယ်ပစ္စည်းထဲမှာ ပါသွားလဲမေးရင် ဒီ သတ္တာဟကာလိက။

453
00:32:53,186 --> 00:32:57,021
ခုနစ်ရက်သုံးပစ္စည်းပေါ့နော် စတုမဓူလေ။

454
00:32:57,051 --> 00:33:01,627
အဲ့ဒါကြောင့် စတုမဓူသည် ဦးဇင်းတို့ ဆေးပစ္စည်းထဲမှာ ပါတယ်၊ ခုနစ်ရက်သုံး အာဟာရ စတုမဓူပါပဲ။

455
00:33:01,657 --> 00:33:05,411
အဲ့တော့ သကြားတွေ၊ ထန်းလျက်ခဲတွေ၊ သကာခဲတွေနော်၊ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်။

456
00:33:05,441 --> 00:33:09,277
အဲ့ဒါတွေက ခုနစ်ရက်သုံး အာဟာရ။ သူက ညနေပိုင်းလည်း စားလို့ရတယ်။

457
00:33:09,307 --> 00:33:13,883
အဲ့တော့ ခုနက ဦးဇင်းပြောသလို ညနေပိုင်းစားတယ်ဆိုပေမယ့်လည်း ဘာလုပ်ရမလဲ အကြောင်းရှိရမယ်။

458
00:33:13,913 --> 00:33:17,666
ဟာ စတုမဓူပဲကွာ ဒါဆေးပဲ ညနေပိုင်းစားမယ် စားလို့မရဘူး။

459
00:33:17,696 --> 00:33:22,272
ထန်းလျက်ခဲ ဆေး ညနေပိုင်းစားလို့မရဘူး။ အဲ့ဒါ အကြောင်းရှိရမယ်။

460
00:33:22,302 --> 00:33:26,056
သူက ဒီထန်းလျက် ဘာကြောင့်စားမလဲ၊ သက်ဆိုင်တဲ့ ရောဂါရှိမှ စားရမှာ။

461
00:33:26,086 --> 00:33:29,921
အဲ့ရောဂါမရှိဘဲနဲ့ ဒါ စားခွင့်မရှိဘူးလေ။

462
00:33:29,951 --> 00:33:34,527
ဟို မြန်မာတွေ ပြောပါတယ် ဘာလဲ ဇီးဖြူဖန်ခါး ရဟန်းစားဆိုပြီးတော့လေ ပြောကြတယ်။

463
00:33:34,557 --> 00:33:38,311
အဲ့တော့ ဇီးဖြူသည်လည်း ဆေးထဲမှာ ပါတာမှန်တယ်၊ ဖန်ခါးသီး ဆေးထဲမှာ ပါတာမှန်တယ်။

464
00:33:38,341 --> 00:33:42,176
ဒါပေမယ့် ဦးဇင်းတို့ အကြောင်းရှိမှ စားရမယ်။ အကြောင်းမရှိရင် ခုန အဖျော်ယမကာတောင်မှ အကြောင်းမရှိ မသောက်ရဘူးလေ။

465
00:33:42,206 --> 00:33:46,782
ဒီအတိုင်းပဲ ဒီဆီတို့၊ ထန်းလျက်တို့၊ ကြံသကာတို့၊ ပျားရည်တို့၊ ထောပတ်တို့ကိုလည်းပဲ ဒါ ညနေပိုင်းစားမယ်ဆိုရင် အကြောင်းတစ်ခုခု ပြရမယ်တဲ့။

466
00:33:46,812 --> 00:33:50,566
ဟို ဗိုက်ဆာလို့တော့ မရဘူးနော်။ ဗိုက်ဆာလို့ အကြောင်းပြချက်မရဘူး။ ဗိုက်ဆာရင်တော့ အဖျော်ယမကာပဲ ရမယ်။

467
00:33:50,596 --> 00:33:52,172
နော် ဗိုက်ဆာရင် အဖျော်ယမကာပဲ ရမယ်။ အဲ့တော့ ဒီဟာက ဦးဇင်းတို့ အစာအိမ်ရောဂါတို့၊ တခြား အားနည်းတဲ့အခါပေါ့။

468
00:33:52,202 --> 00:33:54,870
တကယ်တော့ ဒီဥစ္စာက ဘုရားလက်ထက်တုန်းက သူက အားဆေးတစ်မျိုးပဲ သူက။ ဒါတွေက အားဆေးတွေ သူက။

469
00:33:54,900 --> 00:34:00,006
ဒါကြောင့် ဦးဇင်းတို့ ဂိလာန ဖြစ်ပြီးတော့ အစားအသောက် မဝင်တဲ့ ရဟန်းတော်တွေ ဆိုရင် ညနေပိုင်း ဒါ စားလို့ရတယ်။

470
00:34:00,036 --> 00:34:02,527
အဲ့လိုမျိုး မဟုတ်ဘဲနဲ့ ဒီအတိုင်း စားခွင့်မရှိဘူး။

471
00:34:02,557 --> 00:34:04,675
တချို့ အဲ့ဒါ ဦးဇင်းတို့ သတိထားစရာလေးတွေ ပေါ့နော်။

472
00:34:04,705 --> 00:34:09,625
အဲ့ဒါ ဒကာ ဒကာမတွေ အဲ့ဒါ ပြောရမယ်။ မလိုအပ်ဘဲနဲ့ သံဃာတွေကို ညနေပိုင်း စတုမဓူ မကပ်ရဘူး။

473
00:34:09,655 --> 00:34:13,734
တချို့က အား စတုမဓူက ဆေးပဲလေ ဆို ညနေပိုင်း ကပ်ကြတာလေ။ ထန်းလျက်ခဲတွေ ကပ်ကြတာလေ။

474
00:34:13,764 --> 00:34:21,485
အဲ့တော့ ညနေပိုင်း မလိုအပ်ဘဲနဲ့ ထန်းလျက်ခဲတို့ စတုမဓူတို့ မကပ်ရဘူး။ အပြစ်ရှိတယ် ပေါ့နော်။ ရဟန်းတော်တွေမှာ အပြစ်ရှိတယ်။

475
00:34:21,515 --> 00:34:27,742
အထက်ပါ အာဟာရတို့ကို အချိန်မရွေး ဆက်ကပ်ကောင်းပါသည်၊ အချိန်မရွေး ဆိုတာ မနက်ပိုင်း ကပ်လည်းရတယ်၊ ညနေပိုင်း ကပ်လည်းရတယ် နော်။

476
00:34:27,772 --> 00:34:31,104
အဲ့ဒီ ထောပတ်တို့ ညနေပိုင်း ကပ်လို့ရတယ်၊ စတုမဓူ ညနေပိုင်း ကပ်လို့ရတယ်။

477
00:34:31,134 --> 00:34:35,493
သို့သော် တစ်ခုရှိတာကတော့ ခုနစ်ရက်အထိပဲ ခံတယ် ဆိုတဲ့ အချက်လေး တစ်ခု ရှိတယ် ပေါ့။

478
00:34:35,523 --> 00:34:44,551
ဆက်ကပ်ပြီးနောက် ခုနစ်ရက်အတွင်းသာ သုံးဆောင်ကောင်းသည်၊ ခုနစ်ရက်ကျော်မှ သုံးဆောင်လျှင် ရဟန်းတော်များ၊ ရဟန်းတော်များမှာ အာပတ်အပြစ်သင့်သည် နော်။

479
00:34:44,581 --> 00:34:49,501
အဲ့တော့ ဦးဇင်းတို့ အဲ့ဒါကြောင့် ဘာလုပ်ရလဲ ဆိုတော့ ခုနပြောသလို ခုနစ်ရက် မပြည့်ခင် ဘာလုပ်ရလဲ စွန့်ပစ်လိုက်ရတယ်။

480
00:34:49,531 --> 00:34:55,758
စွန့်တဲ့အခါကျတော့ ကပ္ပိယ ဆိုတဲ့ ကပ္ပိယ ဒကာကြီး စွန့်လိုက်တယ် ပေါ့၊ ဦးဇင်း ဒါ ခုနစ်ရက် ပြည့်တော့မယ်၊ မအပ်စပ်တော့ဘူး စွန့်လိုက်ပေါ့။

481
00:34:55,788 --> 00:35:00,707
အဲ့ဒါဆိုရင် ကပ္ပိယ ပြန်ကပ်မယ် ဆိုရင် ရတယ်။ ခုန ကပ္ပိယ လိမ္မာရင် ရတယ် ဆိုတာ အဲ့ဒါ ပြောတာနော်။

482
00:35:00,737 --> 00:35:07,898
ခုနက ခုနက Chapter 1 နဲ့ ပြန်စလိုက်တာ နော်။ အဲ့ဒါကြောင့် ရဟန်းဘက်က လူတွေကို စွန့်လိုက်ပြီ ဆိုရင် ဒါ အကပ်ပြတ်သွားပြီလေ။

483
00:35:07,928 --> 00:35:14,715
ပြတ်သွားပြီ ဆိုတော့ ကပ္ပိယက အနားလည်စွာနဲ့ နောက်နေ့မနက် ပြန်ကပ်၊ အော် ရတယ် သူက။ နော် အဲ့လိုမျိုး။

484
00:35:14,745 --> 00:35:23,774
အဲ့တော့ ခုနစ်ရက် မပြည့်ခင် ရဟန်းက ပြန်စွန့် ပေါ့။ အဲ့ဒါကို ရဟန်းက အဲ့ဒါကို မစွန့်ဘဲနဲ့ ဆက်လက်ပြီး သုံးစွဲနေတယ် ဆိုရင်တော့ အာပတ်သင့်ပြီ နော်၊ အာပတ်သင့်ပြီ။

485
00:35:23,804 --> 00:35:30,591
ကပ်တာကတော့ အချိန်မရွေး ကပ်လို့ရတယ် နော်။ မနက်ပိုင်း ကပ်လည်းရတယ်၊ ညနေလည်း ကပ်လို့ရတယ်။

486
00:35:30,621 --> 00:35:34,607
နောက်တစ်ခါ ဒီဘက် တစ်သက်လုံး သုံးဆောင်ကောင်းသော ဆေးပစ္စည်းများ။

487
00:35:34,637 --> 00:35:42,451
တစ်ကြိမ် အကပ်ခံပြီးလျှင် တစ်သက်လုံး ထား၍ ဖုံးပေး သုံးဆောင်အပ်သော အာဟာရတို့သည် တစ်သက်လုံးသုံး အာဟာရ ပါဠိလိုပြောရင် ယာဝဇီဝိက။

488
00:35:42,481 --> 00:35:44,599
အဲ့တော့ အားလုံးပေါင်း ဦးဇင်းတို့ လေးမျိုး ဖြစ်သွားပြီ။

489
00:35:44,629 --> 00:35:49,922
တစ်မနက်သုံး အာဟာရကို ကျတော့ ယာဝကာလိက၊ တစ်ရက်သုံးကို ဆိုရင် ယာမကာလိက၊

490
00:35:49,952 --> 00:35:51,872
ခုနစ်ရက်သုံးကို သတ္တာဟကာလိက၊ တစ်သက်လုံးသုံးကို ယာဝဇီဝိက။

491
00:35:51,902 --> 00:35:54,570
အဲ့တော့ သာသနာမှာ အဲ့လို လေးမျိုး ခွဲထားပါတယ် ဦးဇင်းတို့။

492
00:35:54,600 --> 00:35:57,265
ဥပမာလေး တစ်ခု ထပ်ပြောရရင် တစ် ငရုတ်ကောင်း၊

493
00:35:57,295 --> 00:35:59,345
နှစ်က လေးညှင်း၊ သုံး ဆား၊

494
00:35:59,375 --> 00:36:01,348
လေးက ဂျင်း၊ ခုနက ဂျင်းပါပြီနော်၊

495
00:36:01,378 --> 00:36:02,657
ငါး ကြက်သွန်။

496
00:36:02,687 --> 00:36:05,507
အဲ့ဒါတွေက ဆေးဘက်ဝင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

497
00:36:05,537 --> 00:36:08,819
အဲ့တော့ ဒါပေမဲ့ တစ်ခုရှိတာက အဲ့ဒီ ဆေးဘက်ဝင်တဲ့ ဥစ္စာတွေကို

498
00:36:08,849 --> 00:36:11,361
ဆွမ်းနဲ့ ရောစားလို့ မရဘူး။ ဟုတ်ပြီနော်။

499
00:36:11,391 --> 00:36:13,440
ဥပမာ ဆားဆိုတာ ဆေးထဲမှာ ပါတယ်၊

500
00:36:13,470 --> 00:36:15,520
အဲ့တော့ ဦးဇင်းက ဆားကို အကပ်ခံထားတယ်။

501
00:36:15,550 --> 00:36:18,832
မနက်ပိုင်း ဆွမ်းစားတဲ့အခါမှာ ဆွမ်းက နည်းနည်း ဟင်းပေါ့နေတယ်၊

502
00:36:18,862 --> 00:36:23,684
အငန်ဓာတ် ပေါ့နေတယ်၊ အဲ့တော့ အဲ့ဒီ အကပ်ခံထားတဲ့ ဆေးဆားကို ထည့်စားလို့ မရဘူး။

503
00:36:23,714 --> 00:36:26,303
အဲ့လိုမျိုး ရှိတယ်၊ နော်၊ ထည့်စားလို့ မရဘူး။

504
00:36:26,333 --> 00:36:30,385
ဘာလို့လဲဆိုတော့ ဆွမ်းနဲ့ မရောရဘူး၊ ရောစားခွင့်မရှိဘူး၊ သူက ဆေးအဖြစ်ပဲ သီးသန့်သုံးရမှာ သူက။

505
00:36:30,415 --> 00:36:32,465
အာဟာရအနေနဲ့ စားခွင့်မရှိဘူး၊

506
00:36:32,495 --> 00:36:35,007
ဆေးအနေနဲ့ပဲ သူ့ကို သုံးစွဲရမှာ။

507
00:36:35,037 --> 00:36:37,086
ဟုတ်ပြီနော်၊ အဲ့ဒါလေး သတိထားဖို့။

508
00:36:37,116 --> 00:36:39,859
ဒါကြောင့် ဂျင်း၊ ခုနက ဂျင်းက ဆေးထဲမှာ ပါတယ်၊

509
00:36:39,889 --> 00:36:44,250
ဒါပေမဲ့ ညနေဘက် သရေစာ ပုံစံမျိုး ကြက်သွန်နီ ဆီတွေနဲ့ သုပ်စားတာမျိုး မလုပ်ရဘူး။

510
00:36:44,280 --> 00:36:47,099
ဒါဆိုရင် ဆေးမဟုတ်တော့ဘူး၊ အာဟာရ ဖြစ်သွားပြီ။

511
00:36:47,129 --> 00:36:51,952
ဟုတ်ပြီနော်၊ အာဟာရ ဖြစ်သွားပြီ။ အဲ့ဒါလေး၊ ကြက်သွန်လည်း အဲ့အတိုင်းပဲ၊ ကြက်သွန်သုပ် ယနေ့ခေတ် ပြောကြတာလေ။

512
00:36:51,982 --> 00:36:55,264
သူလည်း ကြက်သွန်က ဆေးထဲမှာ ပါတယ်၊ သူ့ချည်း သီးသန့် ရတယ်၊

513
00:36:55,294 --> 00:36:58,653
ဒါပေမဲ့ ခုနလို ဆီတွေ ကြက်သွန်တွေ မထည့် အဲ့ဒါတွေ မရတော့ဘူး၊

514
00:36:58,683 --> 00:37:01,965
အဲ့လို မလုပ်ရဘူး၊ အဲ့ဒါမျိုးပေါ့၊ အဲ့ဒါ သတိထားစရာပေါ့။

515
00:37:01,995 --> 00:37:05,277
ဒါကြောင့် ဦးဇင်းတို့ ဒီ ပဋ္ဌာန်းပွဲတွေ ဘာတွေ လုပ်တဲ့အခါမှာ

516
00:37:05,307 --> 00:37:08,127
အဲ့ဒီ ကြက်သွန်သုပ်တို့၊ ခရမ်းချဉ်သီးသုပ်တို့ မလုပ်ရဘူးနော်။

517
00:37:08,157 --> 00:37:11,439
ဒါ ဆရာတော်တွေကို ဝိကာလဘောဇန ညနေစာ ကပ်တာနဲ့ အတူတူပဲ။

518
00:37:11,469 --> 00:37:14,058
အဲ့တော့ ကပ်ချင်တယ်ဆိုရင် အဖျော်ယမကာ ကပ်ပါ၊

519
00:37:14,088 --> 00:37:17,370
အဖျော်ယမကာ အဖတ်မပါတဲ့ အဖျော်ယမကာ ကပ်ပေးပါ၊

520
00:37:17,400 --> 00:37:21,452
အကယ်၍ အဲ့ဒီမှာ သက်တော်ကြီးတဲ့ ဆရာတော်တွေ ပါတယ်၊ အားနည်းတဲ့ ဆရာတော်တွေ ပါတယ်ဆိုရင်

521
00:37:21,482 --> 00:37:24,302
စတုမဓူတို့၊ ထောပတ်တို့ ကပ်ရင် ကပ်လို့ ရသေးတယ်၊

522
00:37:24,332 --> 00:37:27,152
ညနေပိုင်း အကယ်၍ အားမရှိတဲ့ ဆရာတော်တွေ ပါခဲ့ရင်ပေါ့၊

523
00:37:27,182 --> 00:37:30,464
ဒါ အားဆေးအနေနဲ့ ထောပတ်တို့၊ စတုမဓူတို့ ကပ်လို့ရတယ်။

524
00:37:30,494 --> 00:37:33,776
လူငယ်တွေနဲ့ကတော့ မလိုဘူးပေါ့၊ ဒါ အဖျော်ယမကာ ကပ်ရင် ရပြီ။

525
00:37:33,806 --> 00:37:37,396
ဒါကြောင့် ကြက်သွန်သုပ်တို့၊ လက်ဖက်သုပ်တို့၊ ဂျင်းသုပ်တို့ဟာ ဆေးမဟုတ်ပါဘူး၊

526
00:37:37,426 --> 00:37:41,786
ဝိကာလဘောဇန၊ ဒီ ကာလိက လေးပါးထဲမှာ ခွဲမယ်ဆိုရင် နံပါတ် ၃ အာဟာရထဲမှာ ပါသွားတယ်။

527
00:37:41,816 --> 00:37:45,098
သူ့ချည်း သီးသန့်ဆိုရင်တော့ ယာဝဇီဝိက နံပါတ် ၄ ထဲမှာ ပါတယ်၊

528
00:37:45,128 --> 00:37:48,718
ဒါပေမဲ့ သရေစာတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ နံပါတ် ၁ ယာဝကာလိက၊

529
00:37:48,748 --> 00:37:51,260
တစ်နပ်စာ သုံးဆောင်တဲ့ အာဟာရထဲမှာ ပါသွားတယ်။

530
00:37:51,290 --> 00:37:52,760
ဒါကြောင့် ညနေပိုင်း ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတွေ ဦးဇင်းတို့

531
00:37:52,790 --> 00:37:54,270
ဂျင်းသုပ်၊ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ အဲ့ဒါတွေကို မကပ်ကြဖို့ တိုက်တွန်းပါတယ်။

532
00:37:54,300 --> 00:37:59,315
အဲ့ဒါတွေကို သံဃာတော်များအား မြည်းစမ်းခွင့် မပြုဘူးနော်။

533
00:37:59,345 --> 00:38:03,627
အဲ့ဒါတွေက မကပ်ကောင်းတဲ့အထဲမှာ ပါပါတယ် ညနေပိုင်းမှာနော်။

534
00:38:03,657 --> 00:38:08,765
ကပ်လိုက်လို့ရှိရင် ဝိကာလဘောဇန ဆွမ်းကပ်တာနဲ့ အတူတူ ဖြစ်သွားလိမ့်မယ် သံဃာတော်တွေကို။

535
00:38:08,795 --> 00:38:12,985
အဲ့ဒါလေး သတိထားဖို့ လိုပါတယ်နော်။

536
00:38:13,015 --> 00:38:17,756
ဒါ တပည့်လိမ္မာမှ ဦးဇင်းတို့ ဆရာတော်သံဃာတော်များမှာ အာပတ်လွတ်မှာပါ။

537
00:38:17,786 --> 00:38:21,885
အဲ့တော့ အောက်က နည်းနည်းလေး ဆက်ဖတ်ကြည့်ရအောင်နော်။

538
00:38:21,915 --> 00:38:26,747
အထက်ပါ ပစ္စည်းများကိုလည်းပဲ မည်သည့်အချိန်အခါမဆို ဆက်ကပ်ကောင်းပါသည်ဆိုတော့

539
00:38:26,777 --> 00:38:31,701
ဟို မည်သည့်အချိန်အခါမဆိုဆိုတာ မနက်ပိုင်းကပ်လိုက်ရတယ်၊ ညပိုင်းကပ်လိုက်ရတယ်၊ နေ့လယ်ပိုင်းကပ်လိုက်ရတယ်ပေါ့နော်။

540
00:38:31,731 --> 00:38:35,738
တစ်ကြိမ်ကပ်ခံပြီးလျှင် တစ်သက်လုံး အလိုရှိသလို သုံးဆောင်နိုင်ပါသည်ပေါ့။

541
00:38:35,768 --> 00:38:40,601
အဲ့ဒါတွေကို ဦးဇင်းတို့ ဆောင်ထားလို့ရတယ်နော်၊ အကပ်ခံပြီးတော့ သိမ်းထားလို့ရတယ်။

542
00:38:40,631 --> 00:38:45,463
အကြောင်းမဲ့ သက်သက် မသုံးကောင်းပါနော်၊ ဒါ ခုနက ပြောပြီးပြီ။

543
00:38:45,493 --> 00:38:49,500
ဆေးဆိုပေမယ့်လည်း ဟာ ဂျင်းပဲကွာ စားလို့ရတယ်ကွာ၊ ငရုတ်သီးစားလို့ရတယ်ကွာ၊ မဟုတ်ဘူး အကြောင်းပြချက်ရှိဖို့လိုတယ်။

544
00:38:49,530 --> 00:38:54,362
ဂျင်းစားမယ်ဆိုရင် ဘာကြောင့်စားမှာလဲ ဆင်ခြင်ရမယ်နော်။

545
00:38:54,392 --> 00:38:59,225
အဲ့တော့ လင်းညှိပွင့်စားမယ်ဆိုရင် လင်းညှိပွင့်ကို ဘာကြောင့်စားမှာလဲ ဆင်ခြင်ရမယ်ပေါ့။

546
00:38:59,255 --> 00:39:03,262
အဲ့တော့ ဆင်ခြင်ပြီးခါမှ အကြောင်းတစ်ခုပြပြီးခါမှ စားရမယ်၊ မဟုတ်ဘူးဆိုလို့ရှိရင် ဦးဇင်းတို့ အာပတ်သင့်တယ်ပေါ့။

547
00:39:03,292 --> 00:39:08,124
ယာမကာလိက ဖျော်ရည်တို့ကို ရဟန်းတော်များ ဆာလောင်သောအခါ၌ဖြစ်စေ၊

548
00:39:08,154 --> 00:39:12,987
မကျန်းမာသောအခါ၌ဖြစ်စေ ဆက်ကပ်ကောင်းပါသည်၊

549
00:39:13,017 --> 00:39:17,023
သတ္တာဟကာလိက ယာဝဇီဝိကတို့ကို ရဟန်းတော်များ မကျန်းမာမှသာ ဆက်ကပ်ကောင်းပါသည်။

550
00:39:17,053 --> 00:39:21,886
အဖျော်ရည်ဆိုရင် မကျန်းမာရင် ကပ်လို့ရတယ်၊ ဗိုက်ဆာရင် ကပ်လို့ရတယ်၊ ရေဆာရင် ကပ်လို့ရတယ်။

551
00:39:21,916 --> 00:39:26,748
ဆေးပစ္စည်းကျတော့ ဗိုက်ဆာရုံနဲ့ မရဘူး၊ ကျန်းမာရေးမကောင်းမှ။

552
00:39:26,778 --> 00:39:30,785
အဲ့ဒါလည်း ဆိုင်ရာဆိုင်ရာ ကျန်းမာရေးပေါ့နော်၊ ဖြစ်နေတဲ့ရောဂါက တစ်ခြား ဆေးက တစ်ခြား မရဘူး အဲ့ဒါကနော်။

553
00:39:30,815 --> 00:39:35,648
ဥပမာ ခြေထောက်ကလေးနာတာကို စတုမဓူစားရင် ဘာမှမဆိုင်ဘူးလေ၊ ဟုတ်တယ်မလား။

554
00:39:35,678 --> 00:39:40,510
ငါ ဂိလာန ငါ နေမကောင်းဘူး ငါ့ စတုမဓူကပ်ကြပါဦးကွာဆို ဟုတ်လား၊ ခြေထောက်က နာနေတာနဲ့ စတုမဓူ ဘာမှမဆိုင်ဘူးပေါ့။

555
00:39:40,540 --> 00:39:44,547
အဲ့တော့ ဆိုလိုတာက ဂိလာနဆိုတဲ့နေရာမှာ ဘာလဲ ဆိုင်ရာဆိုင်ရာ ဂိလာန၊ မဆိုင်တဲ့ ဂိလာနနဲ့ မပြောနဲ့နော်၊ အဲ့ဒါမျိုးပေါ့။

556
00:39:44,577 --> 00:39:49,409
အဲ့တော့ ဆိုင်ရာဆိုင်ရာ ဂိလာန ဆိုလိုပါတယ်။ ဒါ ဦးဇင်းတို့ မြတ်စွာဘုရား ဝိနည်းကို လိမ်လို့မရဘူးနော်၊ တိကျတယ် တိကျတယ်။

557
00:39:49,439 --> 00:39:51,272
အဲ့တော့ ရှေ့ဆက်မသွားခင် အခု ကာလိက လေးပါး နည်းနည်း ပြီးသွားပါပြီ။

558
00:39:51,302 --> 00:39:53,970
ယာဝကာလိက အာဟာရ ခဲဖွယ်ဘောဇဉ်များ ဆန်၊ ဂျုံ၊ နောက် ဘာလဲ ဦးဇင်းတို့ ဒီဘက်မှာ...

559
00:39:54,000 --> 00:39:59,027
ထမင်း မလား သူက။ ထမင်းရယ်၊ ဆန်ရယ်၊ ဂျုံရယ်၊ ငါးရယ်၊ အသားရယ်။

560
00:39:59,057 --> 00:40:03,349
အဲ့ဒီ ငါးမျိုးကို ဘောဇဉ်လို့ ခေါ်ပြီးတော့ ကျန်တဲ့ စားစရာတွေကို ခဲဖွယ်လို့ ခေါ်တယ်။

561
00:40:03,379 --> 00:40:08,499
အဲ့နှစ်ခုပေါင်းကို ယာဝကာလိက နော်။ တစ်နပ်စာ သုံး အာဟာရ။

562
00:40:08,529 --> 00:40:12,729
ပြီးရင် အဖျော်ယမကာများ၊ မလုပ်ကောင်းတဲ့ အဖျော်ယမကာ ၉ မျိုး ရှိတယ်။

563
00:40:12,759 --> 00:40:17,786
ဆန်နဲ့ ဂျုံ၊ ပဲကို ထည့် ၁၁ မျိုး။ အဲ့ဒါကလွဲရင် ကျန်တဲ့ အသီးအရွက်မှန်သမျှကို ရေအေးနဲ့ အဖျော်ယမကာ လုပ်ကောင်းတယ်။

564
00:40:17,816 --> 00:40:22,016
အဲ့ဒါကျတော့ ဘယ်လောက်ခံလဲ မေးရင် တစ်ရက်သုံး၊ တစ်ရက်သုံး ပေါ့။

565
00:40:22,046 --> 00:40:26,338
နောက်တစ်ခုက ဦးဇင်းတို့ သကြား၊ ထန်းလျက်၊ စတုမဓူ၊ ထောပတ်၊ ပြားရည်၊ ဆီ။

566
00:40:26,368 --> 00:40:31,488
အဲ့ဒီ ငါးမျိုးကိုကျတော့ ဦးဇင်းတို့ သတ္တာဟကာလိက၊ ၇ ရက်သုံး ပေါ့။

567
00:40:31,518 --> 00:40:35,717
အဲ့ကျန်တဲ့ ဆေးဖက်ဝင်တဲ့ ပစ္စည်းတွေ၊ တိုင်းရင်းဆေး၊ အင်္ဂလိပ် အနောက်တိုင်းဆေးတွေ အကုန်လုံးသည် ယာဝဇီဝိက၊ တစ်သက်သုံးလို့ ခေါ်တယ်။

568
00:40:35,747 --> 00:40:40,775
အဲ့တော့ အားလုံးပေါင်း ၄ မျိုး ဖြစ်သွားတယ်။

569
00:40:40,805 --> 00:40:45,005
အဲ့တော့ ၈၄ မသွားခင် နည်းနည်းလေး ပြောကြည့်ရအောင်။

570
00:40:45,035 --> 00:40:49,327
အဖျော်ယမကာ ကိစ္စလေး နည်းနည်း ဆွေးနွေးရအောင်။

571
00:40:49,357 --> 00:40:54,476
အဖျော်ယမကာမှာ ဦးဇင်းတို့ ခုနက ဦးဇင်း ပြောတယ်၊ ရေအေးနဲ့ ဖျော်ရမယ်လို့ ပြောခဲ့တယ်လေ နော်။

572
00:40:54,506 --> 00:40:58,706
အဖတ်မပါရဘူး၊ ရေအေးနဲ့ ဖျော်ရမယ် ဆိုတော့။

573
00:40:58,736 --> 00:41:03,764
ယနေ့ခေတ် ပုလင်းဖျော်ရည်တွေ၊ Ready-made ဘူးတွေ ပေါ့။

574
00:41:03,794 --> 00:41:07,994
အဲ့ဒါတွေ နောက်တစ်ခါ ဂျင်းပြုတ်ရည်၊ ထန်းလျက် ကြိုထားတဲ့ အရည်။

575
00:41:08,024 --> 00:41:12,316
ဦးဇင်းတို့ ငယ်ငယ်တုန်းကပေါ့၊ ဝိနည်းမကျွမ်းကျင်တုန်းက၊ ကလေးဘဝတုန်းက၊ ကိုရင်ဘဝတုန်းက။

576
00:41:12,346 --> 00:41:17,465
ထန်းလျက်ရည်ကိုကျ သံသယရှိတယ်၊ ကျဉ်းကျဉ်းဖတ်ဖတ် ပေါ့နော်။

577
00:41:17,495 --> 00:41:21,695
ဟို မှတ်ထားခဲ့တာက မီးနဲ့ မချက်ရဘူးလို့ ကိုယ်က မှတ်ထားခဲ့တာလေ။

578
00:41:21,725 --> 00:41:26,753
အဲ့တော့ ဟာ ဆရာတော်တွေ ဘာဖြစ်လို့ ထန်းလျက်ရည် သောက်သလဲ ပေါ့နော်၊ မီးနဲ့ ချက်ထားတာကို။

579
00:41:26,783 --> 00:41:30,983
ဆိုတော့ မေးခွန်းမေးစရာ ဖြစ်လာရော၊ ဟာ ထန်းလျက်ရည် ဘာလို့ သောက်သလဲ၊ မီးနဲ့ ချက်ထားတယ် ပေါ့။

580
00:41:31,013 --> 00:41:35,305
ဆိုတော့ သူက အသီးအရွက်တွေကို အဖျော်ယမကာ လုပ်ရင်သာ သူက ရေအေးနဲ့ လုပ်ရတာ၊ မီးနဲ့ မချက်ကောင်းတာ။

581
00:41:35,335 --> 00:41:40,454
သတ္တာဟကာလိက ခုနက ၇ ရက်သုံး ပစ္စည်း၊ ထောပတ်၊ ဆီ၊ ပြားရည်၊ သကြား နော်။

582
00:41:40,484 --> 00:41:44,684
အဲ့ဒါတွေကျတော့ သူက မီးနဲ့ ချက်လို့ ရတယ်။

583
00:41:44,714 --> 00:41:49,742
ဟုတ်ပြီနော်။ အဲ့တော့ မီးနဲ့ ချက်ကောင်းတဲ့ ဥစ္စာက ၂ မျိုး ရှိတယ်။

584
00:41:49,772 --> 00:41:51,242
၇ ရက်သုံး သတ္တာဟကာလိက ပစ္စည်းနဲ့ တစ်သက်သုံး ယာဝဇီဝိက ပစ္စည်း။

585
00:41:51,272 --> 00:41:53,670
အဲ့ပစ္စည်း ၂ မျိုးက မီးနဲ့ ချက်လို့ ရတယ်။ အဲ့ဒါလေးကို မှတ်ထား။

586
00:41:53,700 --> 00:41:56,799
အဲ့ဒါလေး ကိုယ့်ဟာကိုယ် နည်းနည်း မှတ်ထုတ်ထားလိုက်နော်။

587
00:41:56,829 --> 00:42:00,108
အဲ့တော့ ညနေပိုင်း မီးနဲ့ချက်ကောင်းတဲ့ ဥစ္စာက

588
00:42:00,138 --> 00:42:05,741
ခုန သတ္တာဟကာလိက ပစ္စည်းနဲ့ ယာဝဇီဝိက ပစ္စည်းလေ ခုနက အဲ့ဒါလေး မှတ်လိုက်ပေါ့။

589
00:42:05,771 --> 00:42:09,050
ခုနစ်ရက်သုံး ပစ္စည်းနဲ့ တစ်သက်သုံး ပစ္စည်းနော်။

590
00:42:09,080 --> 00:42:13,789
အဲ့တော့ ခုနစ်ရက်သုံးနဲ့ တစ်သက်သုံးက ဘာလုပ်လို့ရလဲဆိုတော့ မီးနဲ့ချက်လို့ ရတယ်။

591
00:42:13,819 --> 00:42:16,203
မီးနဲ့ချက်လို့ ရတယ်။

592
00:42:16,233 --> 00:42:20,943
အဲ့တော့ ထန်းလျက်သည် ဦးဇင်းတို့ ခုန ဘယ်ထဲမှာ ပါသွားလဲဆိုတော့ ခုနစ်ရက်သုံးထဲမှာ ပါသွားတယ်လေ။

593
00:42:20,973 --> 00:42:23,357
နောက် ဂျင်းစိမ်း ဘယ်ထဲမှာ ပါတုန်း ဂျင်းက

594
00:42:23,387 --> 00:42:28,096
တစ်သက်သုံးထဲမှာ ပါသွားတယ်။ အဲ့ဒါကြောင့် သူတို့ကို မီးနဲ့ချက်လို့ ရတယ်။

595
00:42:28,126 --> 00:42:34,088
ဟုတ်ပြီနော်။ အဲ့ဒါကြောင့် ဂျင်းပြုတ်ရည်တို့ ထန်းလျက်ရည်တို့ ဆိုတာက မီးနဲ့ချက်လို့ ရသွားတယ်။

596
00:42:34,118 --> 00:42:38,827
ဟုတ်ပြီနော်။ မီးနဲ့လုပ်လို့ရတဲ့ ဥစ္စာ။ အဲ့ဒါကြောင့် အဲ့ဒါက အပ်သွားတယ်။

597
00:42:38,857 --> 00:42:43,924
အဲ့တော့ ဆရာတော်ကြီးတွေ ဦးဇင်းတို့ ငယ်ငယ်တုန်းကပေါ့ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်ကြီးတချို့ပေါ့။

598
00:42:43,954 --> 00:42:49,557
အခုခေတ်တော့ မပြောတတ်ဘူး။ ရှေးခေတ်က ဆရာတော်ကြီးတွေက ဒီ Ready-made ဘူးတွေ မသောက်ကြဘူး။

599
00:42:49,587 --> 00:42:52,866
ကျန်းမာရေးကြောင့် မဟုတ်ဘူး။ ဝိနည်းသံသယရှိတယ်။

600
00:42:52,896 --> 00:42:56,711
မီးနဲ့ချက်ထားတယ်ဆိုတဲ့ သံသယရှိတာ သူတို့က။

601
00:42:56,741 --> 00:43:01,808
အသီး ဒီ ပုလင်းဖျော်ရည်ပေါ့ စပျစ်ဖျော်ရည်တို့ လိမ္မော်သီးဖျော်ရည်ဆိုပြီးတော့ ဘူးတွေ လာကြတယ်ပေါ့။

602
00:43:01,838 --> 00:43:07,441
ဒါတွေက ရေရှည်ခံထားအောင် ခံအောင်ပေါ့နော် မီးနဲ့ချက်ထားတယ်လို့ ဆရာတော်ကြီးတွေက ယူဆတယ်။

603
00:43:07,471 --> 00:43:12,538
အဲ့တော့ အသီးဖျော်ရည်ဆိုရင်တော့ ဒါ မီးနဲ့ချက်ထားရင် မအပ်ဘူး ဒါမှန်တယ်။ ဟုတ်ပြီနော်။

604
00:43:12,568 --> 00:43:19,066
ဒီ လိမ္မော်သီးဖျော်ရည် စပျစ်သီးဖျော်ရည်ကို ကြာရှည်ခံအောင်ဆို မီးနဲ့ပေါင်းလိုက်တယ် ချက်လိုက်တယ်ဆိုရင်တော့ ဒါ မအပ်ဘူး မှန်တယ်။

605
00:43:19,096 --> 00:43:25,057
ဒါပေမဲ့ နောက်ပိုင်း ခေတ်မီလာတဲ့ ဆရာတော်တွေက သုတေသနပြုလိုက်တဲ့အခါမှာ လိမ္မော်သီးက အစစ်မဟုတ်ဘူး ဖြစ်နေတယ် ဒီခေတ်က။

606
00:43:25,087 --> 00:43:30,691
လိမ္မော်သီးဖျော်ရည်က ဘာလဲဆိုတော့ အနံ့တို့ အရသာတို့ ထည့်ထားတာပဲ ရှိတာ။ တကယ်တော့ ဘာလဲ သကြားရည်တွေပဲ။

607
00:43:30,721 --> 00:43:33,999
အင်း သကြားရည်ပဲ။ အဲ့တော့ သကြားရည် ဘယ်ထဲမှာ ပါလဲမေးရင်

608
00:43:34,029 --> 00:43:38,739
ခုနစ်ရက်သုံးထဲမှာ ပါတာ။ ခုနစ်ရက်သုံးမှာ ပါတော့ ဒီသကြားရည်ကို မီးနဲ့ချက်လိုက်ရင်လည်း

609
00:43:38,769 --> 00:43:43,836
အပ်သွားတယ်။ ဟုတ်ပြီနော်။ အဲ့ဒါကြောင့် ယနေ့ခေတ် ပုလင်းဖျော်ရည် အပ်လားမေးရင် အပ်တယ်။

610
00:43:43,866 --> 00:43:47,681
ဘာလို့လဲဆိုတော့ သကြားရည် ဖြစ်နေလို့။ သဘောပေါက်လား မသိဘူး။

611
00:43:47,711 --> 00:43:50,672
အဲ့တော့ သူက အသီးဖျော်ရည် အစစ်မဟုတ်ဘူး။ အကယ်၍ အသီးဖျော်ရည် အစစ်ဖြစ်ခဲ့ရင်တော့ မီးနဲ့ချက်လိုက်ရင် မအပ်ဘူး။

612
00:43:50,702 --> 00:43:53,370
ဟုတ်ပြီနော်။ တကယ် အဲ့ဒီပုလင်း အဲ့ဒီဘူးတွေ အနောက်တိုင်းနိုင်ငံက လာတဲ့ Ready-made ဘူးတွေသည် တကယ် အသီးက အမှန် အစစ်ဖြစ်ခဲ့ရင် နောက် မီးနဲ့ချက်လိုက်ရင် မအပ်ဘူး။

613
00:43:53,400 --> 00:43:56,504
မီးနဲ့ချက်ထားခဲ့ရင်တော့ အဲ့အဖျော်ယမကာ မသောက်ကောင်းဘူး။

614
00:43:56,534 --> 00:43:57,847
နော် မသောက်ကောင်းဘူး။

615
00:43:57,877 --> 00:44:00,982
ဒါပေမဲ့ ယနေ့ခေတ် အဖျော်ယမကာ တော်တော်များများက သကြားတွေ လုပ်ထားတာ။

616
00:44:01,012 --> 00:44:04,564
သကြားကို လုပ်ထားတာ။ ဟို Sprite တို့ ဘာတို့ ဆိုရင် နော် သကြားကို လုပ်ထားတာ။

617
00:44:04,594 --> 00:44:08,146
အဲ့တော့ သကြားဖျော်ရည် ဖြစ်တဲ့အတွက်ကြောင့် သူက သောက်ကောင်း ညနေပိုင်း သောက်လို့ ရသွားတယ်။

618
00:44:08,176 --> 00:44:09,937
မီးနဲ့ချက်ထားလည်း သောက်လို့ ရတယ်။

619
00:44:09,967 --> 00:44:11,280
အရှင်ဘုရား ကြံရည်ကျတော့။

620
00:44:11,310 --> 00:44:15,310
အေး လာပြီ လာပြီ။ ဟုတ်တယ်၊ သူက ကြံရည် ခုနက မအပ်တဲ့ထဲမှာ မပါတော့ဘူးလေ။

621
00:44:15,340 --> 00:44:17,997
မအပ်တဲ့ထဲမှာ မဟုတ်ဘူးဆိုတော့ သူက အပ်တဲ့ထဲ ပါသွားပြီပေါ့။

622
00:44:18,027 --> 00:44:21,579
ခုန မအပ်တဲ့ အသီး ၉ မျိုး ရှိတယ်လေ။ ၁၁ မျိုးပေါ့။ အဲ့ထဲမှာ ကြံရည် မပါဘူး။

623
00:44:21,609 --> 00:44:23,818
အဲ့ဒါကြောင့် ကြံရည် ညနေပိုင်း သောက်လို့ ရတာပေါ့။

624
00:44:23,848 --> 00:44:25,609
ကြံသကာခဲတောင် ရသေးတာပဲလေ။

625
00:44:25,639 --> 00:44:30,534
ကြံသကာခဲကိုတောင်မှ ဆေးပစ္စည်းထဲမှာ ထည့်ထားတာဆိုတော့ သူ့ကို အရည်ဖျော်လိုက်လို့ရှိရင် ဒါ ကြံရည်ပဲပေါ့ သူက။

626
00:44:30,564 --> 00:44:33,669
အဲ့ဒါကြောင့် ကြံရည်ကျတော့ နဝါဒ ရှိတယ် အဲ့ဒါက။

627
00:44:33,699 --> 00:44:36,803
သူက ကြံရည်ကို နဝါဒ ခွဲတယ်ဆိုတာက...

628
00:44:36,833 --> 00:44:38,594
ရေရောရင် ရော၊ မရောရင် မရော။

629
00:44:38,624 --> 00:44:40,385
အင်း ဒီလို ဒီလို သူက...

630
00:44:40,415 --> 00:44:46,654
ခုနက ဦးဇင်းတို့ တနင်္ဂနွေ ၃ အာဟာရ၊ နော် တစ်ရက်သုံး အာဟာရ၊ ခုနစ်ရက်သုံး အာဟာရ၊ တစ်သက်သုံး အာဟာရလို့ လေးမျိုးခွဲတယ်။

631
00:44:46,684 --> 00:44:52,027
အဲ့တော့ ကြံရည်သည် ဘယ်ထဲမှာ ပါသလဲလို့ မေးကြတဲ့အခါမှာ ခုနစ်ရက်သုံး ပါတယ်လို့ ပြောလို့ရတယ်ပေါ့ နော်။

632
00:44:52,057 --> 00:44:56,505
ခုနစ်ရက်သုံး ပါတယ်လို့ ပြောကြတဲ့အခါ ခုနစ်ရက်သုံး ဆိုလို့ရှိရင်တဲ့ သူက ဒီတိုင်း စားလို့ မရဘူး။

633
00:44:56,535 --> 00:44:59,640
ဘာလို့လဲဆိုတော့ သူက ရောဂါရှိမှ စားရမှာကိုး ခုနစ်ရက်သုံး ဆိုလို့ရှိရင်လေ။

634
00:44:59,670 --> 00:45:02,774
အဲ့တော့ အဖျော်ယမကာ အနေနဲ့ သောက်ချင်တယ်ဆိုရင် ရေရောရမယ်။

635
00:45:02,804 --> 00:45:06,804
ခုန စတုမဓူကို ရောဂါမရှိဘဲနဲ့ စားချင်တယ်ဆိုရင် ဘာလုပ်ရမလဲ ရေနဲ့ဖျော်ရမယ်။

636
00:45:06,834 --> 00:45:10,834
သဘောပေါက်လား။ ပျားရည်ကို ရောဂါမရှိဘဲ စားချင်တယ်ဆိုရင် ရေရောရမယ်။

637
00:45:10,864 --> 00:45:15,759
ဟုတ်ပြီနော်။ အဲ့လိုမျိုး။ ထန်းလျက်ခဲကို ရောဂါမရှိဘဲ စားချင်တယ်ဆိုရင် ရေနဲ့ဖျော်ရမယ် ထန်းလျက်ခဲကို။

638
00:45:15,789 --> 00:45:17,550
အခဲလိုက် စားလို့ မရဘူး။

639
00:45:17,580 --> 00:45:26,058
အဲ့ဒါကို ထောက်ဆပြီးတော့ ကြံရည်ဟာလည်း ခုနစ်ရက်သုံး ဖြစ်တဲ့အတွက်ကြောင့် ဒီတိုင်း သောက်လို့ မရဘူး၊ ရေရောဖို့ လိုအပ်တယ်ဆိုပြီးတော့ ဆုံးဖြတ်ကြတဲ့ ဆရာတော်များ တချို့ရှိတယ်။

640
00:45:26,088 --> 00:45:30,536
တချို့ဆရာတော်များလည်း မလိုဘူး၊ သူ့အတိုင်း သောက်လို့ ရပါတယ်ဆိုတဲ့ ဆုံးဖြတ်တဲ့ ဆရာတော်တွေလည်း ရှိတယ်။

641
00:45:30,566 --> 00:45:33,222
အဲ့တော့ ကြံရည်ကတော့ နှစ်မျိုးကွဲသွားတယ်ပေါ့ နော်။

642
00:45:33,252 --> 00:45:39,491
ကြံရည်ကတော့ အဲ့ဒါကြောင့် ခုနစ်ရက်သုံးထဲမှာ ထည့်ထားပြီးတော့ ရေရောသင့်တယ်ဆိုတဲ့ ဝါဒရှိတယ်၊ ရေမရောဘဲနဲ့ သောက်လို့ရတယ်ဆိုတဲ့ ဝါဒရှိတယ်။

643
00:45:39,521 --> 00:45:46,655
အဲ့တော့ ဒီဟာကတော့ ဦးဇင်းတို့ မငြင်းတော့ဘူး၊ ကြိုက်တဲ့ ကြိုက်သလို ကျင့်သုံးလို့ ရတယ်ပေါ့။ ဆရာတော်ကြီးတွေ ကိုယ်တိုင်ကကို ဒီလို ဆုံးဖြတ်ခဲ့တာဆိုတော့။

644
00:45:46,685 --> 00:45:50,238
နော် အဲ့တော့ ခုနက ထန်းလျက်ခဲတွေကို ညနေပိုင်း စားလို့ မရဘူး။

645
00:45:50,268 --> 00:45:51,738
အဲ့တော့ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေနဲ့ဖျော်ပြီး သောက်လို့ ရတယ်။

646
00:45:51,768 --> 00:45:53,070
ပျားရည် ဒီတိုင်းပဲ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေနဲ့ဖျော်ပြီးတော့ ပျားရည်သောက်လို့ ရတယ်။

647
00:45:53,100 --> 00:45:55,317
သူတို့ကျတော့ ရေနွေးနဲ့ ဖျော်လို့ရတယ်နော်။

648
00:45:55,347 --> 00:45:58,643
ပျားရည်တို့ ထန်းလျက်တို့က ရေနွေးနဲ့ ဖျော်လို့ရတယ်။ ရေအေးမလိုဘူးပေါ့။

649
00:45:58,673 --> 00:46:01,609
အဲ့တော့ အောက်ကို နည်းနည်းလေး ဆက်ကြည့်ရအောင်နော်။

650
00:46:01,639 --> 00:46:04,575
သတ္တဟကာလိက ပစ္စည်းများကို နော် ဦးဇင်းတို့

651
00:46:04,605 --> 00:46:09,699
အခြား အချိန်ပိုင်းသုံး ပစ္စည်းဖြစ်၍ သူ့ချည်းသက်သက်သာ ဆက်ကပ် လှူဒါန်းကောင်းပါသည် တဲ့ နော်။

652
00:46:09,729 --> 00:46:12,126
အဲ့တော့ တခြားပစ္စည်းနဲ့ ရောမကပ်ရဘူးပေါ့။

653
00:46:12,156 --> 00:46:18,688
အထက်ပါ အချိန်ပိုင်းသုံး ယာဝကာလိက လေးမျိုးတွင် တစ်ကြိမ် အပ်နှံထားလျှင် တစ်ရက်သုံး ယာမကာလိက နော်။

654
00:46:18,718 --> 00:46:22,913
ခုနက အဲ့ဒီမှာ သတ္တဟကာလိက ပစ္စည်းကို အခြား အချိန်ပိုင်းသုံး ပစ္စည်းဖြစ်၍ တဲ့

655
00:46:22,943 --> 00:46:28,576
သူ့ချည်းသက်သက်သာ ဆက်ကပ် လှူဒါန်းကောင်းပါသည် ဆိုတာ ဒီလို အဲ့ဒါ နားလည်မှု လွဲကုန်ဦးမယ်။ ဦးဇင်းတို့ ငယ်ငယ်တုန်းကလည်း လွဲတယ်။

656
00:46:28,606 --> 00:46:31,003
ဟို သူ့ချည်းသက်သက် ဆိုတာက ဟိုဟာပါ

657
00:46:31,033 --> 00:46:34,868
စား စားစရာတွေနဲ့ ဟိုလို ရောနယ်ပြီးတော့ မကပ်ရဘူး ပြောတာပါ။

658
00:46:34,898 --> 00:46:39,992
ဟို ဗန်းတစ်ဗန်းထဲမှာ ပေါ့နော်၊ ဟိုမှာ မုန့်ထုပ်လည်း ပါမယ်၊ ဆေးဘူးလည်း ပါမယ်။ အဲ့ဒါ ပြဿနာမရှိဘူး။

659
00:46:40,022 --> 00:46:43,228
ဟုတ်ပြီနော်။ တချို့က နားလည်မှု လွဲတယ် အဲ့မှာ ရောမကပ်ရဘူး ဆိုတာကို။

660
00:46:43,258 --> 00:46:48,352
ရောတယ် ဆိုတာက ဒီလိုပါ ဟို ဆွမ်းထဲမှာ ဆီတွေ ပါမယ်။ ဆီဆိုတာ ဦးဇင်းတို့ သတ္တဟကာလိက ပစ္စည်း။

661
00:46:48,382 --> 00:46:52,576
ထမင်းကျတော့ မနက်ပိုင်း ပစ္စည်း။ အဲ့ဒါတွေ ရောကပ်လိုက်မယ် ဆိုရင် တစ်ရက်ပဲ ရတော့တယ်။

662
00:46:52,606 --> 00:47:00,037
အဲ့ဒါကို ပြောချင်တာ။ ဟို ဟိုလိုမျိုး သူ့ဟာသူ သီးခြား လင်ဗန်းတစ်ခုနဲ့ ခွဲခွဲပြီး ကပ်တာ၊ ဘူးတွေနဲ့ ကပ်တာ အဲ့ဒါ ပြဿနာမရှိဘူး။

663
00:47:00,067 --> 00:47:04,262
ဟို နားလည်မှု လွဲမှာစိုးလို့ ပြောတာ။ ဦးဇင်းတို့ ငယ်ငယ်တုန်းက အဲ့ဒါ နားလည်မှု လွဲခဲ့ဖူးတယ်။

664
00:47:04,292 --> 00:47:10,824
ဪ အဲ့တော့ ခွဲကပ်ရမယ်လို့ ထင်ခဲ့တာလေ။ ဟို ဆေးကို ဆေးသက်သက်ကပ်၊ မုန့်ကို မုန့်သက်သက်ကပ် လို့ ထင်တာ။ အဲ့လို ပြောတာ မဟုတ်ဘူး။

665
00:47:10,854 --> 00:47:17,386
ဟို ပေါင်းပြီး ကပ်လို့တော့ ရပါတယ်။ သူက ဟို နယ်လိုက်တာ ရောခွဲလို့မရအောင် ရောသွားတာကို ပြောချင်တာ နော်။

666
00:47:17,416 --> 00:47:19,813
ခွဲလို့မရအောင် ရောသွားတာကို ပြောတာ။

667
00:47:19,843 --> 00:47:25,476
အထက်ပါ အချိန်ပိုင်းသုံး ကာလိက လေးမျိုးတို့တွင် တဲ့ တစ်ကြိမ် အပ်နှံထားလျှင် တစ်ရက်သုံး ယာမကာလိက၊

668
00:47:25,506 --> 00:47:34,195
ခုနစ်ရက်သုံး သတ္တဟကာလိက၊ တစ်သက်သုံး ယာဝဇီဝိက ပစ္စည်းသုံးမျိုးတို့သည် မွန်းလွဲအချိန်တွင် ကပ်ကောင်း ဖုံးပေးကောင်းသော အာဟာရပစ္စည်းများ ဖြစ်ပါသည်။

669
00:47:34,225 --> 00:47:39,858
အဲ့တော့ အဲ့ဒီ လေးမျိုးကို ဦးဇင်းတို့ အချိန်နဲ့ ခွဲတဲ့အခါမှာ ယာဝကာလိက ပစ္စည်း စားစရာ ခဲဖွယ်ဘောဇဉ်တွေ ဆိုလို့ရှိရင်

670
00:47:39,888 --> 00:47:44,083
မနက်ပိုင်း အရုဏ်တက်ချိန်ကနေ ပြီးတော့ မွန်းလွဲအချိန်ထိ ကပ်နိုင်ပါတယ်။

671
00:47:44,113 --> 00:47:49,207
ကျန်တဲ့ ပစ္စည်းသုံးမျိုး တစ်ရက်သုံးရယ်၊ ခုနစ်ရက်သုံးရယ်၊ တစ်သက်သုံး ပစ္စည်း ဒီသုံးမျိုးကို ကျရင်တော့

672
00:47:49,237 --> 00:47:50,707
အချိန်မရွေး မနက် ညနေ ကြိုက်တဲ့အချိန်မှာ ကပ်နိုင်ပါတယ်။

673
00:47:50,737 --> 00:47:52,770
ကပ်နိုင်တဲ့ ပစ္စည်းကို ဦးဇင်းတို့ ခွဲပြီနော်။ ခွဲလိုက် အဲ့ဒါ။

674
00:47:52,800 --> 00:47:57,545
ကဲ အဲ့တော့ သိကြားပြားရည်၊ ထောပတ်၊ ဆီ၊ အဲ့ဒါတွေ ညနေပိုင်း ကပ်လို့ရတယ်။

675
00:47:57,575 --> 00:47:59,890
နော် ညနေပိုင်း ကပ်လို့ရတယ်။

676
00:47:59,920 --> 00:48:06,489
ကျန်တဲ့ နံနက်ပိုင်း သုံး ယာဝကာလိကသည် အရုဏ်တက်သည်မှ နေမွန်းတည့် ၁၂ နာရီအထိသာ

677
00:48:06,519 --> 00:48:10,310
ဆပ်ကပ်ကောင်း၊ ဖုံးပေးကောင်းသော အာဟာရပစ္စည်း ဖြစ်ပါသည်။

678
00:48:10,340 --> 00:48:14,912
မွန်းလွဲအချိန်တွင် ဆပ်ကပ်၍မရ၊ ဆပ်ကပ်၍ အကပ်ခံလိုက်လျှင်

679
00:48:14,942 --> 00:48:21,251
ရဟန်းတော်များ ဒုက္ကဋ်အာပတ်သင့်၍ ဖုံးပေးလျှင် ပါစိတ်အာပတ် ဟူသော ဝိနည်းပြစ်သင့်ရောက်ပါမည်။

680
00:48:21,281 --> 00:48:23,335
နော် ဦးဇင်းတို့ အရေးကြီးတယ် ဒါ။

681
00:48:23,365 --> 00:48:27,937
အရုဏ်မတက်ဘဲနဲ့ မကပ်ရဘူး။ အရုဏ်ဆွမ်းကပ်တဲ့လူတွေ သတိထားဖို့လိုတယ်။

682
00:48:27,967 --> 00:48:32,539
နော် သာသနာတော်မှာက နေ့တစ်နေ့ကို နာရီနဲ့မသတ်မှတ်ဘူး။

683
00:48:32,569 --> 00:48:34,883
နေရောင်နဲ့ သတ်မှတ်တယ်။ နော်။

684
00:48:34,913 --> 00:48:40,701
အဲ့တော့ လူ့လောကမှာဆိုရင်တော့ ၁၂ နာရီကျော်ပြီဆိုရင် ဒါ Happy New Year ဆိုပြီး ပြောကြတာပဲ၊ နေ့သစ်တစ်ခု ပြောင်းသွားပြီလို့ ပြောကြတာပေါ့။

685
00:48:40,731 --> 00:48:43,827
သာသနာမှာက ၁၂ နာရီကျော်ရုံနဲ့ မဖြစ်သေးဘူး။ နော်။

686
00:48:43,857 --> 00:48:49,645
အဲ့တော့ အရုဏ်တက်မှ၊ အရုဏ်တက်မှ ဦးဇင်းတို့ ဒါ သံဃာတော်များကို အရုဏ်ဆွမ်းကပ်လို့ရတယ်။

687
00:48:49,675 --> 00:48:55,463
အဲ့တော့ အရုဏ်မတက်ဘဲနဲ့ ဥပမာ ၅ နာရီထိုးမှ အရုဏ်တက်မယ့်ဥစ္စာကို ၄ နာရီခွဲလောက်က သွားဆွမ်းကပ်နေရရင်

688
00:48:55,493 --> 00:48:58,588
အဲ့ဒါ ဝိကာလဘောဇန ညစာကပ်တာနဲ့ အတူတူပဲ။ နော်။

689
00:48:58,618 --> 00:49:02,670
ညဆွမ်းကပ်တာနဲ့ အတူတူပဲ။ ဒီ နာရီဝက်ကလေးကို မစောင့်နိုင်ကြဘူး ဖြစ်နေတာ။

690
00:49:02,700 --> 00:49:06,751
အဲ့တော့ ဘုန်းကြီးတွေကို အိမ်ကိုပင့်ပြီးတော့ ညစာကပ်သလို ဖြစ်သွားရော။

691
00:49:06,781 --> 00:49:09,877
အဲ့တော့ ကပ်သူလည်း မကောင်းဘူး၊ စားသုံးသူလည်း အဆင်မပြေဘူးပေါ့နော်။

692
00:49:09,907 --> 00:49:13,090
ဒါ ဒကာ၊ ဒကာမတွေဘက်က သိရမယ့် ကိစ္စလေးတွေ အရုဏ်ကပ်တာပေါ့နော်။

693
00:49:13,120 --> 00:49:16,302
အဲ့ကြောင့် စားစရာကို အရုဏ်မတက်ဘဲနဲ့ လုံးဝမကပ်ရဘူး။

694
00:49:16,332 --> 00:49:20,036
နောက်တစ်ခါ မွန်းလွဲ ၁၂ နာရီကျော်သွားရင် မကပ်ရတော့ဘူး။

695
00:49:20,066 --> 00:49:21,512
လုံးဝမကပ်ရတော့ဘူးနော်။

696
00:49:21,542 --> 00:49:27,243
ကပ်ရင် ဘာဖြစ်သလဲလို့မေးရင် ၁၂ နာရီကျော်မှ ကပ်လို့ရှိရင် အဲ့ဒီဥစ္စာကို ရဟန်းတွေက နောက်နေ့ မစားရတော့ဘူး။

697
00:49:27,273 --> 00:49:30,456
နော် စားစားမစားစား အကပ်ခံလိုက်တာနဲ့ကို အာပတ်သင့်သွားပြီ။

698
00:49:30,486 --> 00:49:33,321
စားစရာပစ္စည်းတွေကို အကပ်ခံရင် အာပတ်သင့်သွားပြီ။

699
00:49:33,351 --> 00:49:39,139
အကယ်၍များ ဟို ငါရဟန်းမစားဘူး၊ ကျောင်းသားတွေကို စွန့်လိုက်မယ်၊ ကိုရင်တွေကို စွန့်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကပ်ခံရင်တော့ ရတယ်။

700
00:49:39,169 --> 00:49:41,484
ဦးဇင်းတို့ ခုနက ဟို ရှေ့မှာ ပြောခဲ့တယ်။

701
00:49:41,514 --> 00:49:47,822
အကပ်မခံဘဲနဲ့ ရဟန်းတော်တွေ စားစရာတွေကို မကိုင်ကောင်း၊ မကိုင်ကောင်း ပြောခဲ့တယ်လေ နံပါတ် Chapter 1 ထဲမှာနော်။

702
00:49:47,852 --> 00:49:49,772
ဒါပေမဲ့ အဲ့ဒါ ကိုယ့်အတွက်ပြောတာ။ အဲ့ဒါလေး တစ်ခု အခု သတိရလို့ ဖြည့်စွက်လိုက်မယ်။

703
00:49:49,802 --> 00:49:51,802
ကိုယ့်အတွက်...

704
00:49:52,500 --> 00:49:56,996
ကိုယ့်အတွက်သာ မကိုင်ကောင်းတာ။ အကယ်၍ ကျောင်းသားတွေအတွက် ကပ္ပိယတွေအတွက်ဆို ကောက်လို့ရတယ်။

705
00:49:57,026 --> 00:50:00,865
ဥပမာ အပင်က လမ်းသွားရင်းနဲ့ လမ်းခရီးမှာ ဇီးပင်တွေတွေ့တော့ ဇီးသီးတွေ ကြွေကျနေတယ်။

706
00:50:00,895 --> 00:50:07,614
အဲ့ ဇီးသီးတွေမြင်တော့ ငါ့ကျောင်းသားတွေ ကျောင်းမှာရှိတယ်၊ ကိုရင်လေးတွေရှိတယ်၊ ငါကိုရင်လေးတွေ ကျွေးဖို့ ယူသွားဦးမယ်ဆို ကောက်သွားလို့ရတယ်။

707
00:50:07,644 --> 00:50:11,482
အဲ့ဒါကြောင့် ကောက်ကိုင်နိုင်တဲ့ ရဟန်းတွေကို အပြစ်သိပ်မပြောကြနဲ့ဦးပေါ့နော်။

708
00:50:11,512 --> 00:50:15,104
ဘာလို့လဲဆိုတော့ အကြောင်းပြချက်လေးတွေ ခြွင်းချက်လေးတွေ ရှိသေးတယ်ဆိုတာ ပြောပြတာ။

709
00:50:15,134 --> 00:50:19,466
ရဟန်းအတွက်သာ မကောက်ကောင်းတာ၊ ကိုရင်အတွက် ကျောင်းသားအတွက်ဆို ကောက်သွားလို့ရတယ်။

710
00:50:19,496 --> 00:50:27,450
ငါ့မှာ ကျောင်းမှာ ကပ္ပိယတွေရှိတယ်၊ ကျောင်းသားတွေရှိတယ်၊ ကိုရင်လေးတွေ ငါကျွေးမယ်ဆိုပြီးတော့ အဲ့ဒီ ကြွေကျနေတဲ့ သရက်သီး၊ ဇီးသီးလေးတွေ ကောက်သွားလိုက်။

711
00:50:27,480 --> 00:50:30,166
ပြီးရင် ကိုရင်တွေ ကျောင်းသားတွေ ပေးလိုက် ရတယ်။

712
00:50:30,196 --> 00:50:34,610
အဲ့ဒီ ပေးပြီးလို့ရှိရင်လည်း နောက်နေ့မနက်ကျရင် သူတို့ အဲ့ဒါ ပြန်ကပ်ခံစားလို့ ရသေးတယ်။

713
00:50:34,640 --> 00:50:38,149
ဘာလို့လဲဆိုတော့ ကိုယ့်အတွက်မဟုတ်ဘူး၊ သူတို့အတွက် ယူလာတာ၊ သူတို့ကို ပေးလိုက်တာ။

714
00:50:38,179 --> 00:50:42,018
အဲ့ဒါကို မနက်ကျမှ ကိုယ်က အေး ကိုရင် ငါ့အဲ့ဒါလေး ကပ်ဦးကွာ။

715
00:50:42,048 --> 00:50:44,734
သူတို့ဆီကနေ ပြန်တောင်းစားတာ သူက။

716
00:50:44,764 --> 00:50:49,096
နော် ရိုးသားဖို့တော့ လိုတာပေါ့နော်။ မလိမ့်တပတ်တော့ မလုပ်နဲ့ပေါ့နော်။

717
00:50:49,126 --> 00:50:54,364
ကိုယ်စားဖို့အတွက်ကို သမင်သက်သက် ရည်စူးပြီး ကောက်တယ်၊ ပြီးရင် ရော့ကွာ ပေးတယ်၊ ကပ်ခဲ့စမ်း။ အဲ့ဒါတော့ မရဘူးပေါ့နော်။

718
00:50:54,394 --> 00:50:57,903
လူလည်တော့ မကျနဲ့၊ ဝိနည်းမှာတော့ ရိုးသားဖို့တော့ လိုတယ်။

719
00:50:57,933 --> 00:51:00,619
လူလည်တော့ မကျနဲ့ပေါ့ ဝိနည်းကိုနော်။

720
00:51:00,649 --> 00:51:02,841
အဲ့လိုလေး ခြွင်းချက်လေးတွေတော့ ရှိတယ်။

721
00:51:02,871 --> 00:51:08,356
အဲ့ဒါကြောင့် ဦးဇင်းတို့ ဝိနည်းကို ပြည့်ပြည့်စုံစုံ သိထားတော့ ဟို သံဃာတော်တွေအပေါ်မှာလည်း မပြစ်မှားမိတော့ဘူးပေါ့နော်၊ သတိထားမိတာပေါ့။

722
00:51:08,386 --> 00:51:13,541
တစ်ခါတလေ ဝိနည်းကိုယ်က ပြည့်ပြည့်စုံစုံ မသိထားတဲ့အခါကျတော့ ဟယ် ဒီဘုန်းကြီး ကောက်ကိုင်နေတယ်လို့ ကိုယ်က အပြစ်တင်တတ်တယ်နော်။

723
00:51:13,571 --> 00:51:19,056
တစ်ခါတလေကျရင်လေ စားစရာတွေ ဘာတွေ ကပ်ခံတယ်ဆိုလို့ရှိရင် ဟယ် ဒီဘုန်းကြီး စားစရာတွေ ကပ်ခံနေတယ်လို့ သွားအပြစ်တင်တတ်တယ်နော်။

724
00:51:19,086 --> 00:51:22,842
မဟုတ်ဘူး၊ ကိုယ့်အတွက်မဟုတ်ရင် ကပ်ခံလို့ရတယ်။ ဒါမမေ့နဲ့နော်။

725
00:51:22,872 --> 00:51:26,710
ကိုယ့်အတွက်မဟုတ်ရင် ကပ်ခံလို့ တစ်ခါတလေ ဆရာတော်တွေက ဒကာ ဒကာမတွေ အားနာတယ်လေ။

726
00:51:26,740 --> 00:51:29,755
ဥပမာ ညတရားပွဲတွေမှာ တစ်ခါတလေ လာကပ်မယ် မုန့်တွေဘာတွေ။

727
00:51:29,785 --> 00:51:34,118
ဒကာ ဒကာမတွေက အလိုက်မသိဘူးလေ။ အလိုက်မသိတော့ ဘုန်းကြီးကို ညပိုင်းကြီး မုန့်လာကပ်ရော။

728
00:51:34,148 --> 00:51:37,657
ဆရာတော်ကလည်း ဘာမှမပြောဘဲနဲ့ ကပ်ခံလိုက်ရော။ အဲ့ဒါမျိုးတွေရှိတယ်။

729
00:51:37,687 --> 00:51:43,747
အဲ့ဒီအခါမှာ ဆရာတော်တွေက မသိလို့ ကပ်ခံတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် ဟို ကျောင်းသားတွေအတွက်လို့ ရည်ရွယ်ပြီး ကပ်ချင်လည်း ကပ်မယ်ပေါ့နော်။

730
00:51:43,777 --> 00:51:46,464
အဲ့လိုလည်း ရှိတယ်။ အဲ့ဒါကြောင့် အပြစ်တင်မစောကြဖို့ပေါ့။

731
00:51:46,494 --> 00:51:49,472
အဲ ကိုယ့်ဘက်က အလိုက်သိခဲ့ရင်တော့ ဆရာတော်တွေ နောက်နေ့မှ ဖုန်းပေးလို့ရတာပေါ့နော်။ ညနေပိုင်းမကပ်ဘဲနဲ့ မနက်ကျမှ ကပ်ပေါ့။

732
00:51:49,502 --> 00:51:52,170
အဲ့ဒါ ခုနက ဖြည့်စွက်ပြီး ပြန်ပြောလိုက်တာနော်။ အဲ့ဒါ အကပ်မခံဘဲနဲ့ ကိုင်လို့ရတယ်ဆိုတဲ့အထဲမှာ ကိုယ့်အတွက်ဆိုရင်တော့ မရဘူး၊ ကျောင်းသားတို့ ကိုရင်တို့ လူတွေအတွက်ဆိုရင်တော့ ကောက်ကိုင်လို့ရတယ်၊ သူတို့ကို ပေးပြီးတော့ အပြန်ကပ်ခံစားလို့လည်း ရတယ်။

733
00:51:52,200 --> 00:51:54,888
စားလို့လည်း ရသေးတယ် နော်။ အဲ့လို အခြေအနေ။

734
00:51:54,918 --> 00:51:57,762
ဒီထဲမှာ မပါတာလေး ပါလို့ရှိရင် ကိုယ့်ဘာသာကိုယ် နည်းနည်းလေး မှတ်ထားနော်။

735
00:51:57,792 --> 00:52:01,878
ဘယ်လောက် စာအုပ်တွေ ပေးထားမလဲ မသိဘူး။ မပေးသေးဘူး ထင်တယ်။ စုတေအိမ်။

736
00:52:01,908 --> 00:52:06,306
အဲ့တော့ နည်းနည်းလေး ကိုယ့်ဘာသာကိုယ် ဒီစာအုပ်ထဲမှာ ဖြစ်ဖြစ်ပေါ့နော်။ ကပ်ကပ်ပြီးတော့ နည်းနည်း မှတ်ထားပေးပေါ့။

737
00:52:06,336 --> 00:52:11,199
စာအုပ်ထဲမှာ မပါတာလေးတွေ ရှိရင် ဦးဇင်းကတော့ ပြည့်စုံအောင် ဖြည့်စွက်ပြီးတော့ ပြောသွားမှာပေါ့နော်။

738
00:52:11,229 --> 00:52:15,626
အဲ့တော့ ခုနက အရုဏ်ကိစ္စလေးကိုတော့ နောက်မှာ ဦးဇင်း နည်းနည်း ရှင်းဖို့ ရှိပါတယ်နော်။

739
00:52:15,656 --> 00:52:19,743
အဲ့တော့ ဒီနားလေးမှာ မှတ်ချက် ပြောချင်တာ အဲ့ဒီမှာ အရုဏ်ဆွမ်း ကပ်တဲ့ ဒကာ ဒကာမတွေ၊

740
00:52:19,773 --> 00:52:23,393
နောက်တစ်ခါ ဝါတွင်း ဆွမ်းလောင်းအသင်းတွေ နော်။ သတိထားစရာလေးတွေပေါ့။

741
00:52:23,423 --> 00:52:27,510
ဝါတွင်း ဆွမ်းလောင်းတဲ့ သူတွေက အရုဏ်မတက်ဘဲနဲ့ ဆွမ်းမလောင်းသင့်ဘူးပေါ့နော်။

742
00:52:27,540 --> 00:52:31,161
အရုဏ်မတက်ဘဲ တချို့ကလည်း ပြောတယ်ပေါ့။ အရှင်ဘုရား တပည့်တော်တို့က အရုဏ်မတက်ခင် လောင်းလိုက်ပေမယ့်လည်း တဲ့၊

743
00:52:31,191 --> 00:52:34,500
အရုဏ်တက်ပြီးမှ စားတာလေ အရှင်ဘုရားလို့ ပြောကြတယ် တချို့က။

744
00:52:34,530 --> 00:52:40,481
အရုဏ်တက်ပြီးမှ စားတယ်ဆို အဲ့ဒါက အပြစ်မရှိသော်လည်းပဲ ဘာပြဿနာ ရှိသလဲဆိုတော့ အရုဏ်မတက်ခင် အကပ်ခံလိုက်တဲ့ ပြဿနာ။

745
00:52:40,511 --> 00:52:44,598
ဥပမာ ၆ နာရီ အရုဏ်တက်တယ်၊ ၅ နာရီခွဲ ဆွမ်းလောင်းတယ်၊ ဆွမ်းကပ်တယ်။

746
00:52:44,628 --> 00:52:49,802
အဲ့အချိန် ၆ နာရီကျော်မှ ဆွမ်းစားတယ်ပေါ့။ အဲ့ဒါ ဘာဖြစ်သွားသလဲဆိုတော့ ပါဠိမှာ သန္နိဓိလို့ ခေါ်တယ်။

747
00:52:49,832 --> 00:52:53,918
သိမ်းဆည်းထားတာ ဖြစ်သွားတယ်။ အေး သမီးသိမ်းဆည်းတာ ဖြစ်သွားတယ်။

748
00:52:53,948 --> 00:52:57,569
အင်း ကိုယ်တိုင်အတွက်ပေါ့။ အင်း ဟုတ်တယ်။ ဟို ပရိဘောဂ မကူးသေးဘူးလေ။

749
00:52:57,599 --> 00:53:01,685
ဒီပရိဘောဂ တစ်မိနစ်ပဲ ဖြစ်ဖြစ် နှစ်မိနစ်ပဲ ဖြစ်ဖြစ် အဲ့ဒါ သိမ်းထားတာပဲ သူက။

750
00:53:01,715 --> 00:53:06,113
အရုဏ်တက်ဖို့ ၅ မိနစ်ပဲ လိုတော့တယ်။ အဲ့အချိန်မှာ ကပ်လိုက်တယ်။ အရုဏ်တက်ပြီးမှ စားတယ်။

751
00:53:06,143 --> 00:53:09,453
ဒါဆိုရင် သိမ်းထားတဲ့ ဥစ္စာ စားသလို ဖြစ်သွားတယ်နော်။

752
00:53:09,483 --> 00:53:13,103
အဲ့ဒါကြောင့် ဦးဇင်းတို့ ဆွမ်းကပ်တဲ့ ဒကာ ဒကာမတွေက အရုဏ်မတက်ဘဲနဲ့ မကပ်ရဘူး။

753
00:53:13,133 --> 00:53:16,443
အရုဏ်မတက်ဘဲနဲ့ ဆွမ်းမလောင်းရဘူး။ ဆွမ်းမဆွဲရဘူး။

754
00:53:16,473 --> 00:53:19,317
ဒီအချက်လေး တစ်ခုကြောင့် သံဃာတော်တွေ အာပတ်မသင့်စေရဘူးနော်။

755
00:53:19,347 --> 00:53:24,210
ဒါ မြန်မာတစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ အရုဏ်ဆွမ်းလောင်းတဲ့ အသင်းတွေ အရုဏ်မတက်ခင် မလောင်းသင့်ဘူး။

756
00:53:24,240 --> 00:53:28,637
ဥပမာပေါ့နော်။ နံနက်ပိုင်းသုံး ပစ္စည်းကို နံနက်ပိုင်း၌ အကပ်ခံလျှင်၊

757
00:53:28,667 --> 00:53:32,754
ထိုအကပ်ခံသည့် နံနက်အချိန်၌သာ သုံးဆောင်ခွင့် ရှိသည် တဲ့ နော်။

758
00:53:32,784 --> 00:53:35,628
ခုနက ဆွမ်းတို့ ဘာတို့ ကို မနက်မှ အကပ်ခံ မနက်ပိုင်းပဲ သုံး။

759
00:53:35,658 --> 00:53:41,298
အကပ်ခံပြီး ရှင်သာမဏေ ကျောင်းသားတို့အား မစွန့်ဘဲ နောက်တစ်နေ့ နံနက် ရောက်မှ သုံးဆောင်လျှင် အပြစ်ရောက်တော့သည် နော်။

760
00:53:41,328 --> 00:53:45,725
ဒါကြောင့် ဦးဇင်းတို့ စွန့်ရမယ်။ စွန့်လိုက်လို့ရှိရင်တော့ ဒါ ကိုရင်ဥစ္စာ ကပ္ပိယဥစ္စာ ဖြစ်သွားပြီ။

761
00:53:45,755 --> 00:53:49,172
ဤနည်းအားဖြင့် စားသောက်ဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ အချိန်ပိုင်း လွန်အောင် ထား၍ သုံးဆောင်လျှင် အာပတ် အပြစ်သင့်စေသည်။

762
00:53:49,202 --> 00:53:51,870
အဲ့တော့ မနက်သုံးကို မနက်မှာပဲ အကပ်ခံပြီး မနက်ပိုင်းပဲ သုံး၊ နောက်နေ့ မထားနဲ့။

763
00:53:51,900 --> 00:53:57,370
တစ်ရက်တည်း သုံးရမယ့် အဖျော်ယမကာကိုလည်း တစ်ရက်ပဲ သုံး၊ နောက်နေ့ မထားနဲ့။

764
00:53:57,400 --> 00:54:02,069
အဲ့တော့ ခုနက အဖျော်ယမကာ ပုလင်းတွေပေါ့၊ ဥပမာ ချက်ဘူးတွေ ဘာတွေ ဟုတ်လား။

765
00:54:02,099 --> 00:54:07,670
ချက်ဘူးတွေ ဆိုလို့ရှိရင်ကော အဲ့ဒါ ဘယ်နှစ်ရက်သုံးထဲမှာ ထည့်မလဲလို့ မေးတယ်။

766
00:54:07,700 --> 00:54:12,269
ချက်ဘူး ဘယ်နှစ်ရက်သုံး ဘယ်နှစ်ရက်ခံလဲ ချက်ဘူးက တဲ့။ အဲ့လို ပြောတယ်။

767
00:54:12,299 --> 00:54:16,970
Sprite တို့ ဘာတို့ ဘယ်နှစ်ရက်ခံလဲ တဲ့။ သကြားပါရင် သကြားရည်ပဲ။

768
00:54:17,000 --> 00:54:22,470
အဲ့တော့ ချက်က သကြားရည်ပဲ တကယ်တော့။ Sprite ဆိုတာ သကြားရည်ပဲ။

769
00:54:22,500 --> 00:54:27,070
သကြားရည် ဆိုလို့ရှိရင် ခုနစ်ရက်သုံးထဲမှာ ပါသွားတယ်။

770
00:54:27,100 --> 00:54:32,669
အဲ့ဒါကြောင့် Sprite ဘူးကို ရဟန်းတစ်ပါးသည် အကပ်ခံထားပြီးရင် ခုနစ်ရက်တိတိ သိမ်းထားခွင့်ရှိတယ်။

771
00:54:32,699 --> 00:54:37,370
အပြစ်မပြောနဲ့ အဲ့ဒါ လာပြီးတော့။ သွားပြီးတော့ ဟာ ဒီဘုန်းကြီး အဖျော်ယမကာဘူးတွေ သိမ်းထားတယ် သွားအပြစ်မပြောနဲ့ နော်။

772
00:54:37,400 --> 00:54:42,070
တစ်ခါတလေ ဝိနည်းမသိတော့လည်း ပြစ်မှားမိတတ်တယ် နော်။

773
00:54:42,100 --> 00:54:47,570
အဲ့ဒါ ဝိနည်းသိသွားတော့ ကူညီလို့လည်း ရတယ်၊ အပြစ်လည်း မပြစ်မှားတော့ဘူး။ ပိုကောင်းသွားတာပေါ့ နော်။

774
00:54:47,600 --> 00:54:52,169
အဲ့ဒါမျိုး။ နောက် သကြားဖျော်ရည်ဆိုရင် ခုနစ်ရက် ထားလို့ရတာပေါ့။

775
00:54:52,199 --> 00:54:57,770
ဤနည်းအားဖြင့် နော် ဦးဇင်းတို့ ခုနက စားသောက်ဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ အချိန်ပိုင်း လွန်အောင် ထား၍ သုံးဆောင်လျှင် အာပတ်သင့်တော့သည်။

776
00:54:57,800 --> 00:55:02,370
သို့ဖြစ်ရာ အလှူရှင်တို့သည် မိမိလှူမည့် စားသောက်ဖွယ် ပစ္စည်းများကို အချိန်ပိုင်းအားဖြင့် ခွဲခြားသိပြီးမှ

777
00:55:02,400 --> 00:55:06,969
ရဟန်းတော်များ သုံးဆောင်ကောင်းသည့် အချိန်ကို ကြည့်၍ ကပ်လှူသင့်ပေသည် နော်။

778
00:55:06,999 --> 00:55:12,570
ဒါကြောင့် ကိုယ်ကပ်မယ့် ပစ္စည်းကို နည်းနည်း နားလည်သင့်တာ။ ငါလှူမယ့် ဒီနေ့လှူမယ့် ပစ္စည်းထဲမှာ ဘာပစ္စည်းတွေ ပါသလဲ ကိုယ့်ဘာသာကိုယ် ကြည့်ပေါ့။

779
00:55:12,600 --> 00:55:17,169
တစ်သက်လုံး သုံးလို့ရတဲ့ ပစ္စည်းဆို တစ်ခါတည်း ဖွင့်ပြီး ကပ်လိုက်လို့ ရတယ်။

780
00:55:17,199 --> 00:55:22,770
အကယ်၍ ရေရှည်သုံးရမယ့် ပစ္စည်းတွေ ဥပမာ မုန့်ဘူးတွေ ပါလာမယ်၊ ဒီတစ်ရက်တည်း ဘုန်းကြီး မကုန်ဘူးလေ။

781
00:55:22,800 --> 00:55:27,370
တစ်ရက်တည်း မကုန်ရင် ရေရှည်စားရမယ့် ဥစ္စာဆိုရင်တော့ မကပ်ဘဲနဲ့ ဖယ်ထားပေးလိုက်၊ ဘေးမှာ ဖယ်ထားပေးလိုက်။

782
00:55:27,400 --> 00:55:31,969
ကပ္ပိယ လာယူလိမ့်မယ်၊ ကိုရင်တွေ လာသိမ်းထားပေးလိမ့်မယ် ပေါ့နော်။

783
00:55:31,999 --> 00:55:37,570
ကိုရင်လည်း သိမ်းထားလို့ ရတာကိုး။ ရဟန်းသာ သိမ်းထားလို့ မရတာ၊ ကိုရင်က သိမ်းထားလို့ ရတယ်။

784
00:55:37,600 --> 00:55:42,169
အဲ့ဒါကြောင့် ကိုယ့်ဘာသာကိုယ် ခွဲပေါ့ နော်။

785
00:55:42,199 --> 00:55:47,770
အရှင်ဘုရား ဒါကတော့ မုန့်ဘူးပါဘုရား၊ ဒါကတော့ ဆေးပါဘုရား ဆိုပြီး ခွဲကပ်ပေါ့ နော်။

786
00:55:47,800 --> 00:55:49,270
မုန့်ဆိုလို့ရှိရင် ဘေးဖယ်ထားလိုက်၊ ဆေးတွေဆိုရင် ကပ်။ အဲ့ဒါမျိုးပေါ့။

787
00:55:49,300 --> 00:55:51,570
အဲ့တော့ လူတွေက ခွဲခြားသိထားဖို့ လိုတယ်။

788
00:55:51,600 --> 00:55:53,726
ကပ်လို့လည်း မရဘူး၊ ကပ်လို့လည်း မရဘူး။

789
00:55:53,756 --> 00:55:58,297
ဒီတော့ မကပ်တော့ဘဲနဲ့ ဆရာတော့်ဘေးနားမှာ ချထားခဲ့ရင် ချထားခဲ့၊ ဒါမှမဟုတ် ကပ္ပိယတွေဆီမှာ အပ်လိုက်ပေါ့။

790
00:55:58,327 --> 00:56:03,817
မနက်ကျမှ ဆရာတော့်ကို ကပ်ပေးပါ၊ ကိုရင်ကို အပ်ထားခဲ့လိုက်နော်၊ ဆရာတော့်ကို မနက်ကပ်ပေးပါလို့ ပြောလိုက်ရင် ပြီးတာပဲပေါ့။

791
00:56:03,847 --> 00:56:07,526
အဲ့ဒါ ကိုယ်က သိရမှာပေါ့နော်၊ ဒကာ ဒကာမတွေက သိရမှာ။

792
00:56:07,556 --> 00:56:14,167
ဥပမာ နံနက်ပိုင်းသုံးဖြစ်သော ကိတ်မုန့်ကို ယနေ့နံနက် ဆွမ်းပေးရန်အတွက် ဖြစ်လျှင် ယနေ့နံနက်၌ပင် ကပ်ရမည်။

793
00:56:14,197 --> 00:56:17,876
နောက်နေ့နံနက်၌ ဆွမ်းပေးရန်အတွက် ဖြစ်လျှင် ယနေ့မကပ်ရဘူး။

794
00:56:17,906 --> 00:56:21,067
နောက်နေ့ စားစေချင်ရင် နောက်နေ့အတွက်ကို ချန်ထားလိုက်။

795
00:56:21,097 --> 00:56:29,088
ရဟန်းတော်များအား လှူဒါန်းပြီး ကိုရင်၊ ကျောင်းသား၊ ကပ္ပိယတို့ကို ခေါ်ကာ နောက်တစ်နေ့နံနက် ရောက်မှ ကပ်ပါဦး အပ်နှံထားရမည်ပေါ့နော်။

796
00:56:29,118 --> 00:56:30,555
အဲ့ဒါ...

797
00:56:30,585 --> 00:56:38,835
ယနေ့နံနက် အကပ်ခံသည့် ကိတ်မုန့်ကို ယနေ့မွန်းလွဲ နေလယ် ဆွမ်းပေးလျှင် သိုမှီးခြင်းကြောင့် အာပတ်အပြစ်တစ်ချက်။

798
00:56:38,865 --> 00:56:42,630
မွန်းလွဲစားခြင်းကြောင့် အာပတ်အပြစ်တစ်ချက်၊ နှစ်ချက်သင့်တယ်နော်။

799
00:56:42,660 --> 00:56:46,339
သူက ဒီမုန့်တွေက သူက မွန်းလွဲတာနဲ့ မရတော့ဘူး။

800
00:56:46,369 --> 00:56:51,255
အဲ့တော့ သိမ်းထားသလို ဖြစ်သွားပြီလေ။ အဲ့တော့ သိမ်းထားတဲ့အတွက်ကြောင့် ဒါ အပြစ်က တစ်ချက် ဖြစ်သွားပြီ။

801
00:56:51,285 --> 00:56:58,414
နောက်တစ်ခါ နေလွဲသောကြောင့် စားတာက အပြစ်တစ်ချက်။ အဲ့တော့ သိမ်းထားတဲ့အပြစ်က တစ်ချက်၊ စားတဲ့အပြစ်က တစ်ချက်၊ အပြစ်နှစ်ချက် သင့်တယ်။

802
00:56:58,444 --> 00:57:02,467
အဲ့ဒါကြောင့် ဦးဇင်းတို့ ၁၂ နာရီမထိုးခင် အစားအစာတွေကို စွန့်ရမှာ။

803
00:57:02,497 --> 00:57:06,176
ထားလို့မရဘူး၊ ထားတာနဲ့ မစားစား မစားစား အာပတ်သင့်သွားပြီ။

804
00:57:06,206 --> 00:57:12,473
ခုနက အရုဏ်ဆွမ်းလောင်းတာ အဲ့ဒါပဲ။ အရုဏ်ဆွမ်းလောင်းတာ မစားရင်လည်း သူက ကပ်ခံလိုက်တာနဲ့ကို အပြစ်သင့်သွားပြီ။

805
00:57:12,503 --> 00:57:19,976
ဤနည်းတူပင် တစ်ရက်သုံး၊ ခုနစ်ရက်သုံး ပစ္စည်းများကိုလည်း သတ်မှတ်ချိန်လွန်ပြီးမှ မစားသင့်သည်ကို သိရပါမည်။

806
00:57:20,006 --> 00:57:25,755
တစ်သက်လုံးပစ္စည်းကိုမူကား အကပ်ခံပြီး တစ်သက်လုံး သုံးဆောင်နိုင်သည်၊ အချိန်လွန်သည်ဟူ၍ မရှိပါ။

807
00:57:25,785 --> 00:57:33,364
သို့ဖြစ်၍ အလှူရှင်များသည် မိမိတို့ ဆက်ကပ်လှူဒါန်းမည့် ပစ္စည်းကိုကြည့်၍ လှူဒါန်းမည့်ပစ္စည်း၏ ကပ်နိုင်၊ ထားနိုင်သည့်အချိန်ကို နားလည်ဆက်ကပ်လှူဒါန်းနိုင်ရန် သတိထားဖို့ လိုအပ်လှပါသည်။

808
00:57:33,394 --> 00:57:36,394
ဦးဇင်းတို့ အဲ့ဒါကြောင့် ကပ်တဲ့အခါမှာ ကိုယ့်ပစ္စည်း ကိုယ်ကပ်မယ့်ပစ္စည်းကို ကိုယ့်ဘာသာ ခွဲခြားပြီးတော့ ချောက်ထားပြီးတော့ ကပ်ကြပေါ့နော်။

