[0] ကဲ ဦးဇင်းတို့ အခန်း ၁ ဆွမ်းကပ်တဲ့ အခါမှာ [1] လိုက်နာရမယ့် ပုံစံလေးတွေ ခုနက ပြောခဲ့တယ်။ [2] အခု အခန်း ၂ ပေါ့နော်၊ စာမျက်နှာ ၁၆ ပေါ့ အခန်း ၂။ [3] ဟို အားလုံး ရှိရင်လည်း ကိုယ့်ဘာသာကိုယ် အိမ်မှာ ပြန်ဖတ်ကြည့်ပေါ့။ [4] ပြီးတော့ အဲ့မှာ စိတ်ကူးပေါ်တာလေးတွေ ရှိတယ်ဆိုရင်လည်း [5] နောက်ရက် နောက်ရက်တွေမှာ ပြန်မေးလို့ ရပါတယ်။ [6] ဟို ပြီးသွားပြီ မေးလို့ မရတော့ဘူးလို့ မထင်နဲ့ပေါ့။ [7] ပြီးခဲ့တဲ့ အခန်းလေးတွေကို ကိုယ့်ဘာသာကိုယ် ပြန်ဖတ်ပြီးတော့ [8] မရှင်းတာရှိရင် သို့မဟုတ် အတွေးပေါ်တာလေးတွေ ရှိရင်လည်း မှတ်လာခဲ့ပြီး မေးပေးပေါ့။ [9] တခြားသူတွေလည်း ကိုယ့်ကို အကြောင်းပြုပြီးတော့ ဗဟုသုတတွေ ပွားတယ်ပေါ့။ [10] အခန်း ၂ မှာ ဦးဇင်းတို့ အချိန်အခါလိုက် စပ်လျဉ်းအပ်သော [11] စားသောက်ဖွယ်နှင့် ဖျော်ရည်များ၊ ဆေးပစ္စည်းများ။ [12] ဒါလည်း အင်မတန် အရေးကြီးပါတယ်နော်။ ဒကာ ဒကာမတွေ [13] မလိမ္မာလို့ ဆရာတော်ကြီးတွေမှာ အာပတ်သင့်ရတယ်၊ ဆရာတော်တွေမှာ အာပတ်သင့်ရတယ်။ [14] မွန်းမတည့်မီအတွင်း သုံးဆောင်ကောင်းသော အာဟာရ၊ [15] အဲ့ဒါကို ပါဠိလို ယာဝကာလိက လို့ ခေါ်တယ်။ [16] ဒီ အရုဏ်တက်ချိန်ကနေပြီးတော့ ခေတ်နာရီနဲ့ ပြောမယ်ဆိုရင် ၁၂ နာရီပေါ့ အကြမ်းဖျင်းပေါ့လေ။ [17] တကယ်တော့ နေမွန်းလွဲချိန်ဆိုတာ နေနဲ့ ဦးဇင်းတို့ သတ်မှတ်ပါတယ်။ [18] ဒီနေ့ခေတ်တော့ ဖုန်းတွေ application တွေ ရှိတော့ [19] အရုဏ်တက်ချိန်၊ နေဝင်ချိန်၊ နေထွက်ချိန်၊ နေလွဲချိန်တွေကို စနစ်တကျ ဦးဇင်းတို့ ကြည့်နိုင်ပါပြီ။ [20] အဲ့တော့ အကြမ်းဖျင်းတော့ ၁၂ နာရီလို့ သတ်မှတ်တယ်။ [21] အဲ့တော့ မနက် အရုဏ်တက်ချိန်ကနေပြီးတော့ ၁၂ နာရီအတွင်း [22] ဘုန်းပေးသုံးဆောင်ရတဲ့ အစားအာဟာရတွေကို [23] ပါဠိဘာသာနဲ့ ယာဝကာလိက လို့ ခေါ်ပါတယ်နော်။ [24] သာသနာမှာ ကာလိက လေးမျိုးရှိတယ်။ ဒါ နံပါတ် ၁ ယာဝကာလိက အမျိုး။ [25] အဲတော့ အရုဏ်တက်ချိန် မဟုတ်ဘူးနော် သူက အရေးချ အာ မဟုတ်ဘူး အရုဏ်တက်ချိန်လို့ ခေါ်တယ်။ [26] အောက်မှာ ရေးထားတာ ပါတယ် ရဟန်းတော်များအတွက် အရုဏ်တက်ချိန်မှနော်။ [27] မြန်မာတော်တော်များများ အဲ့ဒါ နှုတ်ကျိုးနေတာ အာရုဏ် အာရုဏ်လို့ ဆွမ်းကပ်လို့ရှိရင်လည်း အာရုဏ်ဆွမ်းလို့ ပြောကြတယ်။ [28] အာရုဏ်ဆွမ်းမဟုတ်ဘူးနော် အရုဏ်ဆွမ်းလို့ ခေါ်တယ် အ နဲ့ ရေးချမပါဘူး။ [29] အဲ့ဒါ နှုတ်ကျိုးနေတာ မှားနေတာနော် သူက ပါဠိလိုက အရုဏ က လာတာလေ။ [30] အရုဏ ကနေပြီးတော့ နကြီးကို အသတ်ကလေး သတ်လိုက်တော့ အရုဏ်လို့ ဖြစ်သွားတာ။ [31] ဒီအရုဏ်သည် ပါဠိပျက်နော် ပါဠိကနေ ဆင်းသက်လာတဲ့ စကား အရုဏ ကနေပြီးတော့ အရုဏ်။ [32] အဲတော့ အရုဏ်အကြောင်းလည်း နောက်မှာ တစ်ကဏ္ဍ အခန်းတစ်ခန်း ပါပါတယ် ဒီနောက်ပိုင်းနားလေးမှာ အရုဏ်အကြောင်းလေး သီးသန့်ပြောပေးပါမယ်။ [33] အဲတော့ မိုး အဲ မနက် အရုဏ်တက်ချိန်ကနေပြီးတော့ နေမွန်းတည့်တိုင်အောင် ဘုန်းပေးသုံးဆောင်ကောင်းသော အာဟာရတို့သည် [34] နံနက်အဟာ နံနက်သုံး အာဟာရ ယာဝကာလိက မည်၏နော်။ [35] အဲတော့ မြန်မာလို ဘာသာပြန်တော့ နံနက်သုံး အာဟာရလို့ ဘာသာပြန်ကြတယ် ယာဝကာလိက။ [36] ဤနံနက်သုံး ယာဝကာလိကတို့က ဘာတွေလဲဆိုတော့ ထမင်း ထမင်းအမျိုးမျိုးနော်။ [37] နောက် ဆန် ဆန်နဲ့လုပ်သော မုန့်မျိုးစုံ နောက် မုယော မုယောဆိုတာ စာပေမှာ လာတဲ့ ဥစ္စာ ယနေ့ခေတ်ဆို ဂျုံလို့ ခေါ်တယ်ပေါ့။ [38] ဂျုံနဲ့လုပ်ထားတဲ့ ဒီမုန့်တွေ ကိတ်မုန့်တွေ ပေါင်မုန့်တွေပေါ့။ [39] ဒါ ငါးဖြင့် ပြုလုပ်ထားတဲ့ စားဖွယ်သောက်ဖွယ်တွေ ငါးတွေ နောက်တစ်ခါ နံပါတ်ငါးကတော့ အသား။ [40] အသားနဲ့လုပ်ထားတဲ့ အာဟာရတွေနော် ထမင်းရယ် ဆန်ရယ် ဂျုံရယ် ငါးရယ် အသားရယ်ပေါ့ စားစရာ အမျိုးမျိုးပေါ့နော်။ [41] အဲတော့ အဲ့ဒီ အခဲအဘောဇဉ် နောက်တစ်ခါ ဘာတွေပါသေးလဲ နွားနို့တို့ လက်ဖက်ရည် စသော သောက်ဖွယ်များလည်း ပါပါတယ်နော်။ [42] အဲတော့ အာဟာရ စားဖွယ်အာဟာရမှန်သမျှပေါ့ စားဖွယ်အာဟာရမှန်သမျှသည် ဒါဦးဇင်းတို့ ပါဠိလိုပြောရင် ယာဝကာလိက မြန်မာလိုပြောရင် နံနက်သုံး အာဟာရ ဖြစ်ပါတယ်။ [43] နည်းနည်းလေး ချဲ့ပြောဖို့ လိုတယ်ပေါ့နော် အဲ့ဒါလေးကို ရှေးဆိုရလျှင်တဲ့ စပါးအမျိုးမျိုးနှင့် [44] စပါးအမျိုးမျိုးနှင့် ပဲအမျိုးမျိုးတို့ကို [45] အဲ့ဒါကို မီးဖြင့် ကျော်လှော် ချက်ပြုတ် ဖုတ်ကင် ပေါင်းအုံး၍ [46] ပြုသမျှသော စားဖွယ်များ နော်။ [47] စပါးတွေနဲ့ ပဲတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေ [48] အဲ့ဒါတွေဟာ မနက် ယာဝကာလိက ဖြစ်ပါတယ် နော်။ [49] နောက်တစ်ခါ ဦးဇင်းတို့ ကိတ်မုန့်မျိုးစုံ၊ ဘီစကစ်မုန့်မျိုးစုံ၊ နို့မုန့်၊ ဟောလစ်၊ အိုဗာတင်း၊ မိုင်လို၊ နို့ဆီ နော်။ [50] နောက် ယိုအမျိုးမျိုး၊ နောက် ဘူးသွတ်အစားအစာများ ထမင်းဟင်းမုန့်အဖြစ် မဟုတ်၊ [51] ဆေးမဟုတ်ဘဲ သရေစာအဖြစ် စားသုံးသော အမြစ်တို့၊ သစ်ဥ၊ [52] ပင်စည်၊ အခေါက်၊ အရွက်၊ အညွန့်၊ အဖူး၊ အပွင့်၊ အသီး၊ [53] နောက် အစေ့ နော်၊ သီဟိုဠ်စေ့လိုဟာမျိုး အစေ့တွေ။ [54] နောက် အမှုန့်ဖြစ်သော ခဲဖွယ်များသည်လည်း မွန်းမလွဲမီ နံနက်ပိုင်း၌သာ [55] သုံးဆောင်ကောင်းသော ယာဝကာလိက စားဖွယ်ခဲဖွယ်များ ဖြစ်ပေသည် နော်။ [56] အဲ့တော့ အဲ့ဒီဟာတွေက မနက်ပိုင်းမှာပဲ ရတဲ့ အစားအစာတွေ၊ [57] ညနေပိုင်း မရဘူးနော်။ [58] အဲ့တော့ ဦးဇင်းတို့ ပဲမျိုးမျိုးလို့ ပြောတဲ့အတွက် ယနေ့ခေတ် စဉ်းစားကြည့် ပဲနို့တွေ၊ [59] ညနေပိုင်း ပဲနို့သောက်လို့ ရလား မေးရင် ဘယ်လိုပြောမလဲ။ [60] မရဘူးနော်။ အဲ့တော့ ကာလိကနဲ့ ပြောရင် ဘယ်ကာလိကထဲ ပါသွားလို့လဲဆိုတော့ [61] ယာဝကာလိကထဲ ပါသွားတာ။ မြန်မာလိုပြောရင် ဘယ်အစားအစာလဲဆိုရင် နံနက်ပိုင်း၊ [62] နံနက်သုံး အာဟာရ နော်၊ နံနက်သုံး အာဟာရ။ [63] တချို့ အဲ့ဒါ တော်တော်များများ မေးတယ်၊ တချို့ ရိပ်သာတွေမှာလည်း အဲ့ဒါ [64] ဟို ဥပုသ်သည်တွေကို ပဲနို့တိုက်တယ်လို့ ပြောသံကြားတယ်ပေါ့။ အဲ့ဒါမျိုး မဟုတ်ပါဘူး၊ မဖြစ်သင့်ဘူးပေါ့နော်။ [65] ဟို ငါးပါးသီလ ယူတာတော့ ပြဿနာမရှိဘူးပေါ့။ [66] ငါးပါးသီလကတော့ ဝိကာလဘောဇနာ မရှိတော့ ညနေပိုင်း ပဲနို့တို့ဘာတို့ ရတယ်လေ။ [67] အဲ့တော့ ငါးပါးသီလ မဟုတ်ဘူး၊ ဥပုသ်သီလ ဆောက်တည်တဲ့ ယောဂီပုဂ္ဂိုလ်များ၊ [68] ရဟန်းတော်များဆိုရင်တော့ ဝိကာလဘောဇနာ သီလ ထိန်းရတယ်။ [69] ဒီတော့ ဝိကာလဘောဇနာထဲမှာ ဦးဇင်းတို့ ခုနက ပဲတွေ [70] ၁၂ နာရီကျော်ရင် မစားတော့ဘူးဆိုတော့ ပဲက ဖြစ်ပေါ်လာတဲ့ အရည်တွေလည်း ဦးဇင်းတို့ သောက်လို့မရဘူး၊ ပဲနို့သောက်လို့မရဘူး။ [71] နောက်မှာ အဖျော်ယမကာ ပါလိမ့်မယ်နော်။ အဖျော်ယမကာ ကဏ္ဍ ရှိလိမ့်မယ်။ [72] နောက်တစ်ခု ပြောလက်စနဲ့ ဦးဇင်းတို့ အဲ့ဒီ ပုစွန်ခြောက်မှုန့်တို့ဘာတို့ ယနေ့ခေတ်ပေါ့။ [73] နော်၊ ခြောက်မှုန့်တို့ဘာတို့ဆိုရင် ညနေပိုင်း သောက်လို့မရပါဘူး။ ဝိကာလဘောဇနာထဲမှာ ပါပါတယ်။ [74] နောက်တစ်ခါ ဦးဇင်းတို့ အင်း ဒီခေတ် ငှက်သိုက်၊ ငှက်သိုက် ပြဿနာပေါ့။ [75] အဲ့ဒီ ငှက်သိုက်ကတော့ နှစ်မျိုးရှိတယ်ပေါ့။ အတုလည်းရှိတယ်၊ အစစ်လည်းရှိတယ်ပေါ့လေ။ [76] ယိုးဒယားက တချို့ ငှက်သိုက်... [77] ငှက်သိုက်အတုတွေ ထုတ်ပါတယ်၊ လျှော်ကနေပြီးတော့ လုပ်တဲ့အတုတွေတော့ ရှိတယ်။ [78] အဲဒါတွေကတော့ ညနေဘက်သောက်လို့ရတယ်၊ ပြဿနာမရှိဘူး။ [79] နောက် ငှက်သိုက်အစစ်ဆိုတဲ့ ပြဿနာက အရင်တုန်းက ဦးဇင်း သံသယရှိတော့ တိုက်ရိုက်မဆုံးဖြတ်ပေးခဲ့ပါဘူး။ [80] ဒီငှက်သိုက်အစစ်တွေက ဟို ရာသီ ညနေဘက် မွန်းလွဲသွားရင် သောက်ကောင်းမသောက်ကောင်းပေါ့။ [81] ဟို ဆေးလို့ အားဆေးလို့ ပြောပေမယ့်လည်း ဒီဥစ္စာက ဟို အာဟာရထဲမှာ ပါနေမလားပေါ့၊ ဒီငှက်သိုက်က စဉ်းစားတဲ့အခါမှာ။ [82] ဦးဇင်း သံသယရှိတော့ ကိုယ်တိုင်မသောက်ဖြစ်ဘူး၊ သူများ ကိုလည်း တိုက်ဖို့ မတိုက်တွန်းခဲ့ဘူးပေါ့လေ။ [83] မအပ်ဘူးလို့လည်း မပြောရဲခဲ့ဘူးပေါ့။ အဲဒါက ငှက်သိုက်ဆိုတာ ဘာလဲဆိုတာကို တိတိကျကျ မသိခဲ့လို့ ပြဿနာပေါ့လေ။ [84] နောက်ပိုင်း အဲဒါနဲ့ သံသယရှိတော့ ဦးဇင်းက အဲဒီ ဒကာမကြီးတစ်ယောက်ကို မေးတော့ သူက ငှက်သိုက်ကို ယူလာတယ်၊ ငှက်သိုက်အခြောက်ပေါ့၊ ငှက်အန်ဖတ်ကို သူက ယူလာတယ်။ [85] အဲဒီအခြောက်ကို ယူလာပြီးတော့ ပြတယ်၊ အရှင်ဘုရားတဲ့ ငှက်သိုက်ဆိုတာ ဒါပဲဆိုပြီး သူက ငှက်သိုက် အဲဒီ မူရင်းပေါ့နော်၊ အန်ဖတ်ကို သူက ယူလာပြတယ်။ [86] ဆိုတော့ အန်ဖတ်က ဘာတွေလဲ ကြည့်လိုက်တဲ့အခါကျတော့ သူက သူ့ရဲ့ တံတွေးသလိပ်သဘောပဲ သူက။ [87] ဦးဇင်း အစက သံသယရှိခဲ့တာက ဘာလဲဆိုတော့ အန်ဆိုတာက လူတွေအန်သလိုမျိုး အစားအစာတွေ ဖြစ်နေမလားပေါ့၊ ဒါ သံသယရှိတာ။ [88] ရဟန်းတွေ ဥပုသ်သည်တွေဆိုရင် အန်လိုက်တဲ့ဥစ္စာ ပြန်မျိုးချလို့မရဘူး၊ အန်ဖတ်ကိုလေ။ [89] တစ်ခါတလေ ဂုတ်ထိုးပြီးတော့ ပါးစပ်ကို ထွက်လာတယ်၊ အသားဖတ်တို့ တစ်ခုခုပေါ့နော်၊ ထမင်းလုံးတို့ ထွက်လာခဲ့တယ်။ [90] ပါးစပ်ထဲ ရောက်သွားပြီဆိုရင် ပြန်ထွေးထုတ်ရမယ်၊ မမျိုးချရဘူး သူက၊ မျိုးချရင် အာပတ်သင့်တယ်။ [91] မျိုးချရင် ဝိကာလဘောဇဉ်ဖြစ်တယ်၊ ထွက်လာတဲ့ဟာကို မမျိုးချရဘူး။ အဲတော့ ဦးဇင်းက အန်ဖတ်ဆိုတာ အဲလို ထင်လိုက်တာ။ [92] ငှက်အန်ဖတ်ဆိုတာကများ သူ့ရဲ့ အစားအစာတွေများ အန်ထားတာလားပေါ့၊ အဲလို ယူဆလိုက်တယ်။ [93] ဒါပေမဲ့ ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့ အစားအစာအန်တာ မဟုတ်ဘူး သူက၊ တံတွေးသလိပ်တွေသဘော ဖြစ်နေတာ တွေ့ရတယ်။ [94] ဒါ ဦးဇင်းရဲ့ တွေ့ရှိချက်ပေါ့နော်။ အဲတော့ ငှက်ရဲ့ အန်ဖတ်ကို ကြည့်လိုက်တဲ့အခါကျတော့ သလိပ်ဖတ်တွေသဘော ဖြစ်နေတယ်။ [95] သူ့ရဲ့ အစားတွေကို ပြန်အန်တာ မဟုတ်ဘူး။ ဦးဇင်းက အကယ်၍ အစားတွေကို ပြန်အန်တာမျိုး ဖြစ်ခဲ့ရင်တော့ ဒီအစားသည် မအပ်ဘူးပေါ့။ [96] အစားအသောက်တစ်မျိုး ဖြစ်နေတာပေါ့။ အကယ်၍ သူက အစားကို အန်တာမဟုတ်ဘူး၊ သူ့ရဲ့ သလိပ်တွေ တံတွေးတွေကို သူက အန်လိုက်တဲ့သဘော၊ ချစ်ထုတ်ပြီး အန်တဲ့သဘော။ [97] အဲအခါကျတော့ ငှက်အန်ဖတ်က သူက ဘယ်လိုဖြစ်နေလဲဆိုတော့ သလိပ်သဘော ဖြစ်နေတယ်။ [98] သလိပ်သဘောဆိုရင် ဒါ ဆေးအဖြစ်နဲ့ အပ်တယ်ပေါ့။ [99] ဒါဆိုရင် ဒါဦးဇင်းတို့ ဆေးထဲမှာ ထည့်ရတယ်။ [100] ခုနက ဦးဇင်းပြောတဲ့ သလိပ်တို့၊ ချွေးတို့ဆိုတာ ဆေးထဲမှာ ထည့်တယ်။ [101] အဲ့ဒါကြောင့် သူက ငတ်မွတ်မှုကို တကယ် သလိပ်သဘော ဖြစ်နေခဲ့ရင်တော့ ညနေဘက် သောက်လို့ရတယ်လို့တော့ ဦးဇင်းတို့ ဆုံးဖြတ်ပေးတယ်ပေါ့နော်။ [102] ဟိုလိုမျိုး အစားအသောက်ကို ပြန်အန်တာဆိုရင်တော့ ငတ်မွတ်မှုက မရဘူး။ အခုက အစားအသောက် မဟုတ်ဘူး သူက။ [103] အဲ့ဒါကြောင့်။ [104] အဲ့တော့ ဆက်သွားလိုက်မယ်နော်။ [105] အဲ့ဒါ ဒါဆိုရင် ဒါဦးဇင်းတို့ မနက်ပိုင်းမှာ ကပ်ခံရမယ့် ပစ္စည်း၊ စားရမယ့် ပစ္စည်းပေါ့နော်။ [106] အဲ့တော့ ဒိန်ချဉ်ပေါင်းရည်နဲ့ ပဲနို့ကတော့ ညနေ လုံးဝမရဘူး။ ငတ်မွတ်မှုကတော့ ညခေါင်း ရနိုင်တဲ့ အနေအထား ရှိတယ်ပေါ့နော်။ [107] နောက် ခဲဖွယ် ဘောဇဉ်ဟူသော စကားရပ်၌ ရဟန်းတော်များအား အချိုပွဲ ဆက်ကပ် လှူဒါန်းသောအခါ [108] အချိုပွဲ စားပွဲပေါ်၌ ရှိသော လက်ဖက်ရည်၊ မုန့်မျိုးစုံ၊ သစ်သီးမျိုးစုံ စသော အစားအာဟာရကို ခဲဖွယ်ဟု လည်းကောင်း၊ [109] နောက်တစ်ခါ ဆွမ်းဆက်ကပ် လှူဒါန်းသောအခါ ဆွမ်းစား စားပွဲပေါ်၌ ရှိသော ဆွမ်းနှင့် ဆွမ်းဟင်းမျိုးစုံ စသော အာဟာရကို ဘောဇဉ်ဟု လည်းကောင်း အကြမ်းအားဖြင့် ယာဝကာလိက ခဲဖွယ်ဘောဇဉ်ကို နားလည်ထားသင့်ပေသည်။ [110] သူက စာပေထဲမှာတော့ ခဲဖွယ်ရယ်၊ ဘောဇဉ်ရယ် နှစ်မျိုး ခွဲထားတာကိုးနော်။ [111] အဲ့တော့ ဦးဇင်းတို့ သရေစာတွေကို ခဲဖွယ်လို့ သတ်မှတ်လိုက် အကြမ်းအားဖြင့်နော်။ [112] သစ်သီးတွေ၊ မုန့်မျိုးစုံတွေကို ခဲဖွယ်လို့ သတ်မှတ်လိုက်။ [113] ခုနက ထမင်းရယ်၊ ဆန်ရယ်၊ ဂျုံရယ်၊ အသားရယ်၊ ငါးရယ် အဲ့ဒါကိုတော့ ဘောဇဉ်လို့ သတ်မှတ်လိုက်။ [114] အဲ့တော့ လွယ်လွယ်လေးပဲ အဲ့ဒီ ငါးမျိုးကလွဲရင် ကျန်တာ ခဲဖွယ်။ ဟုတ်ပြီနော်။ [115] ခုနက ထမင်း၊ ဆန်၊ ဂျုံ၊ ငါး၊ အသား အဲ့ဒီ ငါးမျိုးကို ဘောဇဉ်လို့ ခေါ်ပြီးတော့ [116] အဲ့ဒီ ငါးမျိုးမှတစ်ပါး ကျန်တဲ့ စားစရာ မှတ်သမျှ အားလုံးကို ခဲဖွယ်လို့ ခေါ်တယ်။ [117] ဒါဆို ခဲဖွယ်နဲ့ ဘောဇဉ် ကွဲပြီနော်။ ဒါ စာပေ အသုံးအနှုန်းတွေပေါ့။ [118] သာသနာမှာ ဦးဇင်းတို့ ခဲဖွယ်ဘောဇဉ်ဆိုပြီးတော့ ခေါ်ကြတဲ့အခါမှာ ဘာကို ခဲဖွယ်ခေါ်လဲ၊ ဘောဇဉ်ခေါ်လဲ မေးရင် အဲ့ဒီ ဘောဇဉ်ငါးမျိုးလို့ ခေါ်တယ်။ [119] ခုနနော်၊ ဘောဇဉ်ငါးမျိုး။ အဲ့ဒီ ဘောဇဉ်ငါးမျိုးကလွဲရင် ကျန်တာ အားလုံး ခဲဖွယ်တွေချည်းပဲ။ [120] အဲ့တော့ အဲ့ဒီ ခဲဖွယ်ဘောဇဉ်ကို ဦးဇင်းတို့ မွန်းမလွဲမီပိုင်းမှာပဲ စားလို့ရတယ်၊ မွန်းလွဲရင် စားလို့မရတော့ဘူး။ [121] အဲ့တော့ အရုဏ်တက်ချိန်မှစ၍ မွန်းလွဲတဲ့အချိန်ဆိုတာ ဘယ်အချိန်ကို ပြောတာလဲဆိုတာ ဦးဇင်းတို့ အချိန်ကို အတိအကျ သတ်မှတ်ဖို့ လိုလာပြီ။ [122] အဲ့တော့ စာမျက်နှာ ၁၇ မှာ ကြည့်ကြည့်ပါဦး။ [123] အရုဏ်မတက်မီ အတွင်း သုံးဆောင်ကောင်းသော အဖျော်ယမကာများ နော်။ [124] အဲ့တော့ မနက်ပိုင်း ပြီးသွားပြီ ဒါဆိုလို့ရှိရင် ညပိုင်း သောက်လို့ရတဲ့ အဖျော်ယမကာတွေ နော်။ [125] အကပ်ခံသည့် အချိန်မှစ၍ အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သုံးဆောင်နိုင်သော အဖျော်ယမကာသည် တစ်ရက်သုံး သောက်ဖွယ် အာဟာရ ယာမကာလိက မည်။ [126] အဲ့တော့ ယာမကာလိကကို မှတ်ချင်တယ်ဆိုရင် တစ်ရက်သုံး အာဟာရ။ ဟုတ်ပြီနော်။ [127] အဲ့တော့ ယာဝကာလိကက နံနက်သုံး အာဟာရ။ ယာမကာလိကကျတော့ တစ်ရက်သုံး အာဟာရ။ သူက တစ်ရက်ခံတယ် သူက။ [128] မိုးမလင်းမချင်း သူက ကြိုက်တဲ့အချိန် သောက်လို့ရတယ် ညသန်းခေါင်လည်း ထသောက်လို့ရတယ် သူက။ [129] ညလည်း သောက်လို့ရတယ် ညတစ်ရေးနိုး ထသောက်လို့လည်း ရတယ်။ အဖျော်ယမကာ အကပ်ခံပြီးပြီဆိုရင် အဲ့ဒီ အဖျော်ယမကာသည် တစ်ရက်သုံး အာဟာရ။ [130] အဲ မနက် အရုဏ်တက်သွားပြီဆိုရင်တော့ အဲ့ဒီ အဖျော်ယမကာ မရတော့ဘူး စွန့်ရတော့မယ်။ သောက်ခွင့်မရှိတော့ဘူး။ [131] အဲ့တော့ ယာမကာလိက အဖျော်ယမကာလို့ ခေါ်တယ်။ မြန်မာလိုပြောရင်တော့ အဖျော်ယမကာပေါ့။ အဲ့တော့ တစ်ရက်သုံး အာဟာရ။ [132] အဲ့တော့ မနက်ပိုင်း အကပ်ခံခံ ညနေ အကပ်ခံခံ ကြိုက်တဲ့အချိန် အကပ်ခံလို့ရတယ်။ မနက်လည်းရတယ် ညလည်းရတယ်။ [133] ပြီးရင် သောက်ချင်တဲ့အချိန် သောက်လို့ရတယ်။ တစ်ရက်ပဲခံတယ် ဒါပေမဲ့ နောက်တစ်ရက်ကျော်ရင်တော့ မရတော့ဘူး။ [134] အဲ့ဒါ ဦးဇင်းတို့လည်း လက်တွေ့စမ်းကြည့်တာပေါ့နော်။ တစ်ရက်သုံးဆိုတဲ့ သဘောတရားကိုပေါ့။ [135] သဘာဝအတိုင်းဆိုလို့ရှိရင် အဖျော်ယမကာမှန်သမျှသည် တစ်ရက်ပဲခံတယ်။ ဟုတ်တယ် သစ်သီးဖျော်ရည်လေ။ [136] ဖျော်ပြီး ဦးဇင်းတို့ တစ်ခါ သိမ်းထားဖူးကြည့်တယ်။ မနက် အရုဏ်တက်တာနဲ့ မကောင်းတော့ဘူး။ [137] အနံ့ကအစ အရသာကအစ မကောင်းတော့ဘူး သူက ပြောင်းသွားတယ်။ အဲ့ဒါကြောင့် ဘုရားပြောတာလည်း မှန်တာပေါ့နော်။ [138] တစ်ရက်ပဲခံတဲ့ အာဟာရမျိုးတွေပေါ့။ အဲ့ဒါမျိုး။ [139] ယင်းသောက်ဖွယ် အဖျော်သည် ပါဠိတော် တိုက်ရိုက်လာ ရှစ်မျိုးရှိသည်။ ဒါ ဘုရားရှင် တိုက်ရိုက်ဟောထားတဲ့ အဖျော်ယမကာက [140] ၁။ သပြေသီးဖျော်ရည် နော်။ သပြေသီးကို အဖျော်ယမကာ လုပ်လို့ရတယ်။ [141] ဦးဇင်းတို့ ဝါဆိုဝါခေါင် ရေတွေကြီးတော့ဆိုတာနော် ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာမှာတောင် ပါသေးတာကိုး။ သပြေသီးတွေ။ [142] ၂။ နံပါတ်နှစ်က သရက်သီးဖျော်ရည် နော်။ သရက်သီးကို အဖျော်ယမကာ လုပ်လို့ရတယ်။ [143] ၃။ နံပါတ်သုံး သဖန်းသီး၊ မုဒရက်သီးဖျော်ရည် နော်။ သိချင်ရင်တော့ ဦးဇင်းတို့ အဲ့ဒီမှာ ဒီရှင်နာရီမှာ နည်းနည်းကြည့် မြန်မာဒီရှင်နာရီမှာ ကြည့်လို့ရတယ် အဲ့ဒီသီး ပုံစံတွေ ပါလိမ့်မယ်။ [144] နောက် မြားရာသီး၊ ဖက်သက်သီးဖျော်ရည်။ မြားရာသီးဆိုတာကတော့ ဦးဇင်းပြောလို့ရတာက ဦးဇင်းငယ်ငယ်တုန်းက ဘာလဲ ဘောင်ဖောက်တာလေ သိလား။ ဘောင်သီးလေ။ [145] ဘောင်သီးလို့ ခေါ်တယ်၊ သူတို့ ဟို ဝါးထဲမှာ ထုပြီး ထည့်ပြီးတော့ ဖောက်ဖောက်တာလေ။ [146] သိလား၊ ဘောင်သီးလို့ ခေါ်တယ်နော်။ အဲ့ဘောင်သီး၊ အေး၊ အဲ့ဒီ အသီးလေးတွေ သူက ချိုတယ် သူက။ [147] ဦးဇင်းတို့ ကျောင်းတွေမှာဆို အဲ့ဒီ အပင်တွေက ပေါတယ်၊ သဘာဝအပင်တွေ သူက။ [148] အဲ့တော့ မှည့်ပြီဆိုလို့ရှိရင် သူက အမည်းရောင်လေး ဖြစ်သွားပြီးတော့ ချိုတယ် သူက။ [149] ရင်တော့ တော်တော်နာတယ်၊ ချိုလွန်းလို့ သူက။ မြည်းဖူးတာ အသီးပေါ့နော်။ [150] နံပါတ် ၅ ကတော့ မယ်ဇယ်သီး၊ နောက် သစ်မိသီးလို့လည်း ခေါ်ပါတယ်နော်။ သူက အရည် တော်တော်ထွက်တယ် အဲ့အသီးကတော့။ [151] နောက် ၆ ကတော့ အိမ်ငှက်ပျောသီး၊ ဒါ အယခုခေတ် သုံးနေတဲ့ အသီးမျိုးစုံပေါ့၊ သီးမွှေးတို့၊ [152] ဖီးကြမ်းတို့ပေါ့၊ မျိုးစုံပေါ့။ [153] နံပါတ် ၇ ကတော့ တောငှက်ပျောသီး၊ ဒါကတော့ အစေ့များတယ်၊ တောထဲမှာ အသီးတဲ့ အသီးလေး သေးသေးလေးတွေနော်။ [154] တောငှက်ပျောသီး အစေ့များတယ်။ [155] နံပါတ် ၈ ကတော့ ကြာစွယ်၊ ကြာရဲ့ ဒီ အစွယ်ကို နော် သူက အဖျော်ယမကာ လုပ်လို့ရတယ်။ [156] အဲ့တော့ ဒါ စာထဲမှာ တိုက်ရိုက်ပါတဲ့ အဖျော်ယမကာ ၈ မျိုးလို့ ခေါ်တယ်။ နော် အဖျော်ယမကာ ၈ မျိုးပေါ့။ [157] အဲ့တော့ ဆရာတော် ဒီမှာ ဆောင်ပုဒ်ကလေး တစ်ခု လုပ်ထားပါတယ်ပေါ့နော်။ အားလုံးလေး ဆိုကြည့်လိုက်ပါဦး။ [158] သပြေ၊ သရက်၊ မြေဇာ၊ ဖက်သက်၊ သစ်မိသီး၊ တောအိမ်ငှက်ပျော၊ ကြာစွယ်နော၊ မှတ်လော ရှစ်ဖျော်ရည်။ [159] အဲ့တော့ ဒီ အဖျော်ယမကာ ၈ မျိုးပဲ ရတာလား၊ တခြား အဖျော်ယမကာ မရဘူးလားဆိုတော့ အောက်မှာ [160] အနုလောမ အဖျော်ယမကာဆိုတာ လာတယ်နော်။ ရှေးခေတ် အဖျော်ယမကာများနှင့် အလားတူ အနုလောမ အဖျော်ယမကာ။ [161] အနုလောမဆိုတာ အလျော်၊ အလားတူ၊ ဒီလို အဓိပ္ပာယ်ရတယ်နော်။ [162] အဲ့တော့ ရှေ့က တိုက်ရိုက်ပါတာတော့ ဘုရားက ၈ မျိုး ခွင့်ပြုတယ်၊ တိုက်ရိုက်ပါတယ်။ [163] ဒါပေမဲ့ အဲ့ဒီနဲ့ အလျော် အဖျော်ယမကာဆိုတာ ထပ်ပြီးတော့ ခွင့်ပြုချက်တွေ ရှိသေးတယ်။ [164] အဲ့ဒါကြောင့် ပြခဲ့ပြီးသော အဖျော်ယမကာ ၈ မျိုး၌ မန်ကျည်းဖျော်ရည်၊ နောက် ဇီးဖျော်ရည် စသည်တို့ မပါဝင်သေးပေ။ [165] ထို မန်ကျည်းဖျော်ရည် စသည်တို့၌ တိုက်ရိုက်ပြခဲ့ပြီးသော အဖျော်ယမကာ ၈ မျိုးတို့နှင့် တူသော အနုလောမ အပ်စပ်သော အဖျော်ယမကာ ဖြစ်သည်။ [166] အဲ့တော့ အောက်က ထပ်ဖော်၊ ထပ်ထည့်ပေးထားတယ်၊ ဘာတွေလဲဆိုတော့ [167] သီးသီးဖျော်ရည်၊ သီးသီးဆိုတာက ဟိုလေ အစေ့တွေ အရမ်းများတယ်။ [168] ဟို အခွံမာမာနဲ့၊ ပိန္နဲသီး မဟုတ်ဘူး။ အစေ့တွေများတယ်၊ သူက ဘယ်လိုပြောမလဲ။ [169] ထန်းလျက်နဲ့ စားတာ ဟုတ်တယ်၊ ဟုတ်တယ်၊ ထန်းလျက်နဲ့ စားတာ။ သီးသီးဖျော်ရည်ဆိုတာ။ အခွံမာတယ်၊ အထဲမှာ အစေ့နဲ့ သူက ထန်းလျက်တွေဘာတွေ ရောခေါက်ပြီးတော့ စားရတာ။ [170] နောက် ခံသီးဖျော်ရည်၊ နောက် ကြို့သီး၊ ကြိမ်သီးနော်။ ကြိမ်သီးလည်း အားလုံး သိပါတယ်။ ကြိမ်လုံးတွေ ဘာတွေ ရှိတယ်လေ။ ကြိမ်သီး အသီးသေးသေးလေးတွေ သူက ကြိမ်သီး။ ဖန်တယ် သူက အသီးက။ [171] နောက်တစ်ခါ မန်ကျည်းသီးဖျော်ရည်၊ ခြောက်သီးဖျော်ရည်နော်။ ဒါက နောက်ထပ် အဋ္ဌကထာ ဒါ အဋ္ဌကထာကျမ်းထဲမှာ လာတဲ့ အဖျော်ရည် ခြောက်ပါးပေါ့နော်။ [172] ကဲ ဒါလေး ဆိုကြည့်ပါဦး။ သီးသီး ခံသီး၊ ကြို့ကြိမ်သီး၊ မန်ကျည်း ခြောက်သီး၊ အနုလောမ ကျမ်း၌ပြ၊ ပါနမျိုးအမည်။ [173] အဲ့တော့ ခုနက အဖျော်ရည် ရှစ်မျိုး၊ အခု ထပ်ထည့်တာ ခြောက်မျိုးပေါ့လေ။ [174] တကယ်တော့ ဦးဇင်းတို့ မှတ်ရတာ နောက်မှာ နည်းနည်းလေး ပြီးခါနီးလေးကျမှ ဦးဇင်း အနှစ်ချုပ်ကလေး ပြန်ပြောတဲ့အခါကျရင် ရှင်းသွားလိမ့်မယ် အဖျော်ရည်နဲ့ ပတ်သက်ပြီးတော့။ [175] အောက်က ထပ်ထည့်ထားတယ် သံပရာသီးဖျော်ရည်၊ လိမ္မော်သီးဖျော်ရည်၊ ဂမ္ဗလာသီးဖျော်ရည်၊ ခြောက် ပန်းသီးဖျော်ရည်တို့ကိုလည်းပဲ ခြောက်ဖျော်ရည်၌ ရေတွက်၍ အနုလောမ အဖျော်ရည်ပင် ခေါ်ရသည်နော်။ တခြား အဖျော်ရည်တွေ အများကြီး ရှိပါသေးတယ်နော်။ [176] အဲ့ဒါ အဖျော်ရည် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာလေး နည်းနည်းကြည့်ရအောင်။ ဟုတ်ပြီနော်။ [177] အဓိကကတော့လေ ဦးဇင်းတို့ အဖျော်ရည် လုပ်ကောင်းတာ တော်တော်များပါတယ်။ မလုပ်ကောင်းတဲ့ ဥစ္စာလေး မှတ်လိုက်ရင် ကျန်တာ လုပ်ကောင်းတဲ့ ဥစ္စာပဲ။ [178] နောက်မှာ စာမျက်နှာ ၁၉ ကျလို့ရှိရင် ဟို မလုပ်ကောင်းတဲ့ အဖျော်ရည် မှတ်လိုက်ရင် ပြီးပြီ။ အဲ့ဒီ အဖျော်ရည်ကလွဲရင် ကျန်တာ ဘယ်ဟာကိုမဆို အဖျော်ရည် လုပ်လို့ရတယ်။ [179] နော် အဲ့ဒါလေး မှတ်လိုက်ရင် ရတယ်။ အခု နည်းနည်း လောလောဆယ် အဖျော်ရည် ဘယ်လိုလုပ်မလဲ၊ အဖျော်ရည် လုပ်ပုံလုပ်နည်း။ [180] အဖျော်ရည် ပြုလုပ်ရာ၌ ရေအေးဖြင့် ပြုလုပ်ရပါသည်တဲ့နော်။ [181] အဖျော်ပြုလုပ်မည့် အသီးသီးတို့ကိုလည်း မီးဖြင့် မချက်ပြုတ်ဘဲ သူ့ချည်းပင် အတိုင်း ပြုလုပ်ရပါသည်တဲ့နော်။ [182] ဒါ သတိထားစရာပဲ။ ဦးဇင်းတို့ ရေနွေးနဲ့ အဖျော်မဖျော်ရဘူး။ [183] ဟုတ်ပြီနော်။ ရေနွေးနဲ့ အဖျော်မဖျော်ရဘူး။ အဲ့တော့ ရေအေးနဲ့ပဲ ဖျော်ရတယ်။ ရေကျက်အေး ရတယ်။ ရေကျိုလိုက်တယ်၊ ရေမသန့်လို့ ကျိုလိုက်တယ်။ အေးခံပြီးတော့ ဖျော်ရတယ်။ [184] အပူနဲ့လုပ်လို့... ဟမ် မရဘူး။ ရေအပူနဲ့ မဖျော်ရဘူး။ ပြီးရင် မီးနဲ့ မချက်ရဘူး။ မလုပ်ရဘူး။ [185] သူ့သဘာဝအတိုင်းပဲ သူဖျော်ရမယ်။ ရေကျက်အေးနဲ့ပဲ ဖျော်ရမယ်နော်။ အဲ့ဒါလေး သတိထားစရာ အဖျော် ဒါ ဒကာ ဒကာမတွေ သံဃာတွေကို ညနေပိုင်း အဖျော်ကပ်တဲ့အခါမှာ သတိထားဖို့ပေါ့နော်။ အဖျော်ကပ်တဲ့အခါမှာ။ [186] အဲ့တော့ မန်ကျည်းသီး၊ ခြောက်သီး၊ လိမ္မော်သီးများကို မီးဖြင့်ချက်၍ အဖျော်ရည်လုပ်လျှင် အပြစ်ရှိ၏။ [187] အဖတ်မပါသော်လည်း တရက်သုံး ယာမကာလိက မဟုတ်။ [188] တနင်္ဂနွေသုံး ယာမကာလိက ဖြစ်သွားတော့သည်တဲ့။ [189] သူက မကျည်းသီးက သူက အဖျော်ယမကာ လုပ်တဲ့အခါမှာ အဖတ်တွေ မပါစေရဘူး။ [190] မကျည်းသီး မဟုတ်ပါဘူး ဘယ်အဖျော်ယမကာမဆိုပါနော်။ သူက အဖတ်မပါရဘူး။ [191] အဖတ်ပါသွားရင် ဘာဖြစ်သလဲဆိုတော့ ဝိကာလဘောဇန ဖြစ်သွားတာ။ [192] ဟုတ်ပြီနော်။ သရက်သီးဖျော်တယ် အနှဲတွေပါတယ်။ အနှဲတွေ မပါအောင် စစ်ရမယ်။ [193] ခြောက်သီးဖျော်တယ် ခြောက်သီးအဖတ်တွေ မပါစေနဲ့။ [194] အဲ့တော့ အဖတ် လုံးဝမပါအောင် စစ်ရမယ်။ [195] အဲ့ဒါကြောင့် ဦးဇင်းတို့ ဝိနည်းလေးစားတဲ့ ဆရာတော်ကြီးတွေက အဖျော်ယမကာကိုလေ သူက အကပ်မခံခင် မွှေခိုင်းတယ် ဆရာတော်ကြီးတွေက။ [196] အဲ့မှာ ဒကာတစ်ယောက်က အဖျော်ယမကာ လာကပ်တယ်။ ဘာလို့လဲဆိုတော့ တစ်ခါတလေ အဖျော်ယမကာ ဖျော်ပြီးတော့ အနှဲထိုင်ပြီးတော့ ရှိနေတာ ရှိတယ်လေ။ [197] အဲ့တော့ မမြင်ရဘူး အဖတ်တွေ ပါနေရင်။ [198] အဲ့တော့ ဆရာတော်ကြီးတွေက အဲ့ဒါကြောင့် မကပ်ခင် ခဏနေဦး ခဏနေဦး မွှေပြစမ်း မွှေပြစမ်းဆိုပြီး မွှေခိုင်းတယ် သူက။ [199] အဖျော်ယမကာကို မွှေကြည့်တယ်။ မွှေကြည့်တော့ အဖတ်တွေ အောက်မှာရှိရင် တက်လာဦးမှာပေါ့။ [200] အဲ့ဒါဆိုရင် ပြန်စစ်ခိုင်းတယ် ပြန်စစ်။ [201] အဲ့ဒါ သေချာပြီဆိုတဲ့ အခါကျမှ ဆရာတော်ကြီးတွေက အဖတ်ကပ်ခံတယ် အဖျော်ယမကာ ကပ်ခံတယ်။ [202] ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ဝိနည်းတော်မှာ အဖတ်ပါတဲ့ အဖျော်ယမကာကို ကပ်လိုက်လို့ရှိရင် သူက အဲ့ဒါကို သောက်ခွင့်မရှိဘူး။ [203] ပြန်စစ်ခိုင်းလို့လည်း မရတော့ဘူး သူက။ [204] ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ခုနက ဟိုဒကာကြီး ခုနက ဒကာကြီးမေးတာ ညနေဘက် မွန်းလွဲပိုင်း ရောက်သွားပြီဆိုရင် ဘယ်စားစရာကိုမှ အကပ်ခံလို့ မရတော့ဘူးလေ။ [205] အဖတ်တွေ အကပ်ခံခွင့် မရှိဘူး။ [206] မွန်းလွဲသွားရင် အဖတ်တွေ အကပ်ခံခွင့် မရှိတဲ့အခါကျတော့ ဒီအဖတ်တွေကို အကပ်ခံလိုက်သောအားဖြင့် ဒီအဖျော်ယမကာကလည်း မအပ်ဖြစ်သွားတာ။ မအပ်တော့ဘူး။ [207] ဘာလို့လဲဆိုတော့ ခုနက အဖတ်သည် ခုနက ဘယ်ကာလိကလဲ ယာဝကာလိက။ [208] မနက်ပဲ အကပ်ခံရမှာလေ။ အဲ့ဒါ မနက်အကပ်ခံရမယ့်ဟာကို ညနေဘက် အကပ်ခံတဲ့အခါကျတော့ အဖတ်လည်း မအပ် အရည်လည်း မအပ် ဖြစ်သွားတာ။ [209] သူက ရောသွားတဲ့အတွက်ကြောင့်။ [210] အဲ့ဒါကြောင့် သူက စွန့်ပစ်လိုက်ရတော့တာပဲ။ [211] သဘောပေါက်လား။ အဲ့ဒါကြောင့် ဦးဇင်းတို့ အကပ်မခံခင် သေချာအောင် စစ်ပြီးခါမှ အကပ်ခံရတာ။ [212] သောက်လိုက်တဲ့ အခါကျမှ ဟာ အဖတ်တွေ ပါလာတယ်ဆိုပြီးတော့ ပြန်စစ်ခိုင်း မရတော့ဘူး။ [213] နောက် အသစ်တစ်ခု ပြန်ဖျော်။ [214] အဲ့ဒါကြောင့် ဦးဇင်းတို့ သေချာအောင် စစ်ပြီးခါမှ ဆရာတော်တွေကို အဖျော်ယမကာ ကပ်ရမယ်။ အဖတ်မပါစေနဲ့နော်။ [215] ပြီးရင် နောက်တစ်ခု မီးနဲ့ မချက်မိစေနဲ့နော်။ [216] အဖျော်ယမကာတွေကို ဟာ မိုးတွင်း ဟို အရမ်းချမ်းနေလို့ နွေးသွားအောင်ဆိုပြီးတော့ အပူပေးဦးမယ်ဆိုတော့ မလုပ်နဲ့လေနော်။ မလုပ်နဲ့။ [217] နောက်တစ်ခါ ဦးဇင်းတို့... [218] ယခု အသုတ်ဖျော်ရည်တဲ့နော်၊ ယခုအခါ [219] နိုင်ငံခြားမှလာသော ကဗလာသီးဖျော်ရည် ဘူးစသည်၌ အဖတ်များ ပါလာလျှင် [220] အဖတ်မပါအောင် စစ်၍ ကပ်ရမည်ကို သတိပြုသင့်သည်၊ နော် တချို့ [221] ဟို ready-made ဘူးတွေမှာ အဖတ် အသီးဖတ်တွေပါလဲ၊ အဖတ်အတုတွေလဲပါလဲ၊ အစစ်တွေလဲရှိတယ်ပေါ့၊ ဒါက နှစ်မျိုးလုံးရှိတယ်ပေါ့။ [222] အဲ့တော့ ဘယ်အဖတ်ကိုမှ မရပါဘူး၊ အတုလဲမရဘူး၊ အစစ်လဲမရဘူး၊ အဖတ်မှန်သမျှ ဘယ်အဖတ်မှမရဘူး။ [223] အဲ့တော့ စစ်ပြီးခါမှ ကပ်သင့်တယ်၊ ဒါကြောင့် ready-made တွေကို သတိထားသင့်တယ်ပေါ့နော်၊ ဆရာတော်တွေကပ်တဲ့အခါမှာ။ [224] ဖျော်ရည်ဖျော်ရန် မကျီးသီး၊ ခြောက်သီးစသည်တို့ကို နေမွန်းလွဲ၍ မဆက်ကပ်ကောင်းတော့ပါ၊ နော်။ [225] အဲ့တော့ ရဟန်းတွေကိုယ်တိုင် ဖျော်ရည်ဖျော်လို့မရဘူးလေ၊ နော်။ [226] ရဟန်းတွေ ဦးဇင်းတို့မှာ မနက်ပိုင်း ဆွမ်းခံတဲ့အခါမှာ သရက်သီးတွေပါလာတယ်၊ မရမ်းသီးတွေပါလာတယ်။ [227] ညနေပိုင်း ဦးဇင်းတို့ကိုယ်တိုင် အဲ့အသီးတွေဖျော်လို့မရဘူး၊ ကိုရင်တွေတော့ ဖျော်လို့ရတယ်။ [228] ဦးဇင်းတို့ဖျော်လို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခုနလို အသီးတွေက ရဟန်းတွေ ညနေပိုင်း ထိလို့မရတော့ဘူး။ [229] အဲ့တော့ စားစရာမှန်သမျှ ရဟန်းတို့သည် မွန်းလွဲလျှင် လုံးဝမထိရတော့ဘူး၊ လုံးဝမထိရဘူးနော်။ [230] ဒါကြောင့် ဦးဇင်းတို့ အသီးတွေကို လုံးဝမကပ်ရဘူး၊ ညနေပိုင်းမကပ်ရဘူး၊ ဦးဇင်းတို့ကိုယ်တိုင်မဖျော်ရဘူး။ [231] အထူးသဖြင့် အထူးသတိပြုရမှာ ဖျော်ရည်ကို ဆက်ကပ်လှူဒါန်းသောအခါ အဖတ်မပါအောင် စင်ကြယ်စွာ စစ်၍ ဆက်ကပ်လှူဒါန်းရမည်ကို သတိပြုသင့်ပါသည်တဲ့။ [232] ခုနဦးဇင်းပြောတာနော်၊ အဖျော်ရည်ဖျော်တဲ့ ဆက်ကပ်တဲ့အခါမှာ အဖတ်လုံးဝမပါမိစေနဲ့။ [233] ဖျော်ရည်ကို ရဟန်းတော်များ ဆာလောင်သည်ဆိုမှသာ ဆက်ကပ်လှူဒါန်းရပါမည်တဲ့၊ အဲ့ဒါလဲ သတိထားချက်။ [234] ဦးဇင်းတို့ တစ်ခါတလေ အခုပဲဆွမ်းစားပြီးပြီ၊ အခုပဲဖျော်ရည်ထပ်ကပ်ပြန်ပြီ တချို့က။ [235] ဒကာ ဒကာမတွေလေ၊ အဲ့ဒါကြောင့် ဆရာတော်ကြီးတွေ အဖျော်ရည်ကပ်တဲ့အချိန် သတ်မှတ်ကြတာ ညနေ ၃ နာရီတို့ သတ်မှတ်ကြတာ၊ ၄ နာရီတို့ သတ်မှတ်ကြတာ။ [236] ဘာလို့လဲဆိုတော့ အဖျော်ရည်က ညနေပိုင်းသောက်ကောင်းတာမှန်တယ်၊ ဝိနည်းအရ အပြစ်မရှိဘူး၊ ဒါပေမဲ့ အကြောင်းမရှိဘဲနဲ့ သောက်လို့မရဘူး။ [237] သူက အကြောင်းရှိရမယ်၊ အဲ့တော့ အဖျော်ရည်ဆိုတာ ဗိုက်ဆာမှသောက်ရမှာ။ [238] အဲ့တော့ ဗိုက်မဆာဘဲနဲ့ သောက်ကောင်းတိုင်း သောက်လို့မရဘူး။ [239] အဲ့တော့ တချို့ဒကာ ဒကာမတွေက တအားကပ်တာပဲ ဘုန်းကြီးတွေကို၊ ဆရာတော်တွေကလဲ အားနာတယ်၊ ဖျော်ပြီးသွားပြီဆိုတော့လဲ ဘယ်လိုလုပ်ရမှန်းမသိဘူး။ [240] အဲ့ကျတော့ အားနာပြီး သောက်လိုက်ကြပြန်ရော၊ အဲ့ဒါတစ်ခုရှိတာက ဗိုက်ဆာရင်သောက်လို့ရတယ်၊ ရေဆာရင်သောက်လို့ရတယ်။ [241] အဲ့တော့ ဆရာတော်တွေက နောက်ကျတော့ ဘယ်လိုလုပ်ရလဲဆိုတော့ ဝိနည်းချောင်တဲ့အနေနဲ့ ရေဆာတာကို ရေမသောက်ဘဲနဲ့ အဖျော်ရည်သောက်ကြတာပေါ့၊ အဲ့သဘောမျိုးပေါ့။ [242] ရေဆာရင် လည်း သူက အဖျော်ယမကာ သောက်ခွင့်ရှိတယ်။ [243] ရေဆာရင် အဖျော်ယမကာ သောက်ခွင့်ရှိတယ်၊ ဗိုက်ဆာရင် အဖျော်ယမကာ သောက်ခွင့်ရှိတယ်။ [244] အရေလည်း မဆာဘူး၊ ဗိုက်လည်း မဆာဘူးဆိုရင်တော့ မသောက်ရဘူး။ [245] ဟို ဒကာ ဒကာမတွေကို အားနာလို့ သောက်တာမျိုးလည်း မရဘူး။ [246] နော်၊ အာ သူတို့ကို အားနာလို့ ငါဗိုက်မဆာဘဲ ငါသောက်ပေးလိုက်မယ်ဆိုလို့ မရဘူး။ [247] အကြောင်းရှိရမယ်။ မြတ်စွာဘုရားက အာဟာရနဲ့ ပတ်သက်လာရင် သူက limit ရှိတယ်၊ [248] နောက်တစ်ခါ မလွဲမသွေ ဖြစ်ရမယ် နော်။ [249] အဲ့ဒါကြောင့် ဦးဇင်းတို့ အဖျော်ယမကာ ညနေ သောက်ကောင်းတယ် သောက်ကောင်းတယ် ဆိုပေမယ့်လည်း [250] အကြောင်း reason တစ်ခုတော့ ပြရမယ်။ reason ပြရမယ်။ [251] အဲ့တော့ ဆင်ခြင်ပေးရမယ်။ အဖျော်ယမကာ သောက်တော့မယ်ဆိုရင် မသောက်ခင် ဆင်ခြင်။ [252] ငါ ဘာကြောင့် သောက်နေလဲ ကိုယ့်ဘာကိုယ် ပြန်မေး။ မလိမ်နဲ့ ကိုယ့်ဘာကိုယ် မလိမ်နဲ့ နော်။ [253] ဗိုက်ဆာလို့ သောက်မှာလား၊ ရေဆာလို့ သောက်မှာလား။ တစ်ခုခု အကြောင်းရှိရမယ်။ [254] အဲ့ဒါဆိုရင် သောက်လို့ရတယ်။ [255] နောက်တစ်ခု ဒါမှမဟုတ် ဦးဇင်းတို့ ဟို ဆေးတွေဘာတွေ သောက်ဖို့ လိုလို့။ [256] ဗိုက်တော့ မဆာဘူး ပေါ့၊ ဒါပေမယ့် ဆေးတွေက နည်းနည်း ပြင်းတယ်၊ အင်္ဂလိပ်ဆေးတွေ။ [257] ဆိုတော့ ညနေ အစာခံရမယ် ဆိုတော့ ညနေ စားလို့လည်း မရဘူးဆိုတော့ အဖျော်ယမကာ သောက်ပြီး သောက်မယ်။ [258] အဲ့ဒါဆိုရင်လည်း ရတယ်။ ဆေးအနေနဲ့ ပေါ့နော် သောက်တာ။ အဲ့ဒါမျိုးလည်း ရတယ်။ [259] အဲ့ဒါကြောင့် ဦးဇင်းတို့ ရဟန်းတော်များ ဆာလောင်သည်ဟု ဆိုမှသာ ဆက်ကပ်လှူဒါန်းရပါမည် ဆိုတာ။ [260] အဲ့ဒါကြောင့် အရမ်း စောစော မကပ်သင့်ဘူး အဖျော်ယမကာက။ [261] ၃ နာရီလောက် ဆိုရင်တော့ အစာအိမ် ဝမ်းမီး ကောင်းတဲ့ ဆရာတော်တွေ ဆိုရင်တော့ ဒါ ဗိုက်ဆာလောက်ပြီ ပေါ့နော်။ [262] ၃ နာရီ၊ ၄ နာရီလောက်ဆိုရင် အဲ့အချိန် ကပ်လို့ရတယ်။ [263] ၂ နာရီလောက်ဆိုရင် နည်းနည်း စောသေးတယ်လေ။ [264] ဆွမ်းစားပြီးတာက ၁၁ နာရီခွဲလောက် ဆွမ်းစားပြီးတာဆိုတော့ ကြားမှာ ၂ နာရီလောက်ပဲ ရှိသေးတယ်ဆိုတော့ [265] ဗိုက်မဆာသေးဘူး။ အဲ့အချိန် မကပ်သင့်ဘူး နော်။ [266] အကယ်၍ ခရီးတွေဘာတွေ သွားတဲ့အချိန်ဆိုရင်တော့ ဒါ နေပူလို့ ရေဆာတယ်ဆိုရင်တော့ ဒါ ကပ်လို့ အဖျော်ယမကာ ကပ်လို့ရတယ်လေ နော်။ [267] အရမ်း နေပူလို့ ဆိုရင်တော့ ဒါ အဖျော်ယမကာတွေ ကပ်လို့ရတယ်။ [268] အဲ့ဒါကြောင့် ဗိုက်ဆာတယ် ထင်ရင် ကပ်လို့ရတယ်၊ ရေဆာတယ်ဆိုရင် ကပ်လို့ရတယ် အဖျော်ယမကာ။ [269] အဲ့တော့ အဲ့ဒီ အဖျော်ယမကာသည်လည်း ခုနက ဦးဇင်းတို့ အဖတ်မပါစေရဘူး၊ ရေအေးနဲ့ ဖြစ်ရမယ် နော်။ ဒါ ဖြစ်ရမယ်။ [270] ရဟန်းတော်များအား မဆက်ကပ် မလှူဒါန်းကောင်းသော အဖျော်ယမကာ ၉ မျိုး ရှိပါသည်၊ ဒါ အဓိက point ပဲ နော်။ [271] အဲ့ဒါလေးကို မှတ်လိုက်ရင် ကျန်တာ ဦးဇင်းတို့ ကပ်ကောင်းတဲ့ အထဲမှာ ပါသွားတယ်။ [272] ၁ က ဘူးသီးဖျော်ရည် နော်၊ ဘူးသီးကို အဖျော်ယမကာ မလုပ်ရဘူး။ [273] နောက် ဖရုံသီး။ ဖရုံသီးဆိုရင်တော့ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ ဖရုံသီး အကုန်ပါမယ် နော်။ [274] ဘယ်ဖရုံသီးမဆို အဖျော်ယမကာ မလုပ်ကောင်းဘူး။ နောက် အုန်းသီးဖျော်ရည်။ [275] နောက် အိမ်ပိန္နဲသီးဖျော်ရည်၊ တောင်ပိန္နဲသီး၊ သခွားငကျောင်းသီး၊ သခွားငပြုတ်၊ သခွားငစစ် ပေါ့ နော်။ [276] အဲ့တော့ အုန်းသီးဖျော်ရည် ဆိုတဲ့ နေရာမှာ... [277] ဦးဇင်းတို့ မြန်မာနိုင်ငံက ဆရာတော်ကြီးတွေကတော့ [278] အုန်းရည်ကိုလည်း မသောက်ကြဘူး ညနေပိုင်း။ [279] ဦးဇင်းတို့ ယူဆတာ တစ်မျိုးတော့ ရှိတာပေါ့နော်။ [280] အုန်းသီးဖျော်ရည်ဆိုတဲ့ နေရာမှာ အုန်းသီးကို ခြစ်ပြီးတော့ ဖျော်တာမျိုးများ ဆိုနေသလားဆိုတာမျိုးတော့ ယူဆမိတယ်ပေါ့။ [281] အုန်းနို့လိုမျိုးပေါ့လေ။ အုန်းနို့လိုမျိုး အုန်းသီးကို ခြစ်ခြစ်ပြီးတော့ အရည်ညှစ်တာမျိုးများ အုန်းသီးဖျော်ရည်လို့ ဆိုသလားပေါ့နော်။ [282] ဘာကြောင့်လဲဆိုတော့ တခြားအဖျော်ရည် လုပ်တာကို အဲလိုလုပ်တာကိုး။ [283] ဦးဇင်းတို့ တခြားအသီးတွေ ဖျော်ရည်လုပ်မယ်ဆိုရင်လည်း ခြစ်ပြီးခါမှ ရေနဲ့နယ်ပြီးတော့ လုပ်ရတာကိုး။ [284] အဲတော့ အုန်းသီးဖျော်ရည်ဆိုတာလည်း အဲလိုမျိုးများ ဖြစ်လိမ့်မလားလို့တော့ ယူဆမိတယ်ပေါ့။ [285] ဒါပေမဲ့ ဆရာတော်ကြီး မြန်မာနိုင်ငံမှာတော့ ဆရာတော်ကြီးတွေက သံသယရှိတော့ [286] အဲလိုခြစ်ပြီးတော့ အုန်းသီးဖျော်ရည်ကိုလည်း မသောက်ဘူး။ [287] နောက် အုန်းရည်ကိုလည်း မသောက်တော့ဘူး ညနေပိုင်း မသောက်တော့ဘူး သံသယရှိလို့။ [288] စာထဲမှာတော့ အုန်းသီးရည်လို့ မလွဲမသွေ မပြောဘူးပေါ့နော်။ [289] အုန်းသီးလို့ မအပ်ဘူးလို့ပဲ ပြောထားတာ သူက။ [290] ဒါကြောင့် ဆရာတော်တွေကတော့ နှစ်ခုလုံး မသောက်တော့ဘူးပေါ့။ အဲလိုမျိုးပေါ့။ [291] အဲဒါ ဦးဇင်းတို့ ဒါကို စာပေထဲမှာ အသီးကြီး ၉ မျိုးလို့ ခေါ်တယ်နော်။ အသီးကြီး ၉ မျိုး။ [292] ကဲ အားလုံး ဆိုကြည့်ပါဦး။ ထန်း အုန်း နှစ်တွဲ၊ [293] ပိန္နဲ နှစ်စုံ၊ ဘူး ဖရုံ၊ မက်မွန် သခွား။ [294] အဲဒီမှာ သူက ဆောင်ပုဒ်ထဲမှာ ထန်းလို့ ပါတယ်နော်ဟေ့။ [295] သူက ထန်းသီးပါတယ်။ ဆောင်ပုဒ် ဟိုမှာ ထန်းသီးမပါဘူး ထင်တယ် ဟုတ်လား။ [296] ဘူးသီးရယ်၊ ဖရုံသီးရယ်၊ အုန်းသီး၊ ပိန္နဲ၊ တောင်ပိန္နဲ၊ သခွားငကျောင်၊ သခွားငပျော၊ သခွားငစစ် တဲ့။ [297] နာမည် လေးခု ကျန်ခဲ့တာ။ နာမည် လေးခု။ ၁၊ ၂၊ ၃၊ ၄ လေးခု ကျန်ခဲ့တယ် သိလား။ [298] ထန်းသီး တစ်ခု ထည့်လိုက်ဦး။ ထည့်လိုက်ဦး။ ထန်းသီး ထည့်ခဲ့လိုက်ဦး။ [299] အဲဒါကြောင့် ကြည့်နေတာ ၉ မျိုးပါလို့။ [300] အဲဒါဆို သခွားမွှေးတို့ ဘာတို့... [301] သူက ဒီလို သခွားငကျောင်ရယ်၊ သခွားငပျောရယ်၊ သခွားငစစ်ရယ် ၃ မျိုးပဲ ပြောထားတာကိုး။ [302] ပြောထားတာဆိုတော့ တခြားသခွားသီးကို ဦးဇင်းတို့ မအပ်ဘူးလို့တော့ ပြောလို့မရတော့ဘူးပေါ့။ [303] အဲတော့ သခွား ခုနက အခါ သခွားမွှေး။ [304] သခွားမွှေး ဒီထဲမှာ မပါဘူးလေနော်။ [305] သခွားငကျောင်၊ သခွားငပျော၊ သခွားငစစ် ဆိုတာ သခွားမွှေး မဟုတ်ဘူး သူက။ [306] သူက ဒီလို တို့စရာ သခွားသီးပဲ။ [307] မြန်မာအဘိဓာန်မှာ ကြည့်ကြည့်လိုက်။ မြန်မာအဘိဓာန်မှာ သူက အဲဒီ သခွားသီး တို့စားတဲ့ သခွားသီး တစ်မျိုးပဲ သူက။ [308] အင်း ဟုတ်တယ် ဟုတ်တယ်။ ဒါ စားစရာ သခွားသီးပေါ့နော်။ [309] အဲတော့ အဲဒီ သခွားသီး ၃ မျိုးကတော့ မအပ်ဘူးပေါ့။ [310] သခွားသီးတွေကို အဖျော်ယမလုပ်ရဘူး။ [311] သခွားသီးကတော့ အမျိုးပေါင်းများစွာ ရှိတယ်လေ။ [312] သခွားသီးက အမျိုးအစားများစွာ ရှိပေမယ့် ဒီထဲမှာ ဘုရား အဋ္ဌကထာထဲမှာ တိုက်ရိုက်ပြောထားတာက [313] သခွား သုံးမျိုးပဲ ပြောထားတာ သူက။ ငါးကျောက်... [314] အဲ့ဒါကတော့ စာပေထဲမှာ မပါဘူး။ သူက မလုပ်ကောင်းတဲ့ အသီးကြီးဖျော်ရည် ဆိုပြီးတော့ [315] သံဂါယနာတင်တဲ့ ရဟန္တာအရှင်သူမြတ်တွေက ပြောခဲ့တာ သူက။ [316] ဟို ပါဠိတော်ထဲမှာတော့ တိုက်ရိုက်မပါဘူး။ [317] ဒီ ရဟန္တာအရှင်သူမြတ်တွေက သံဂါယနာတင်တဲ့အခါမှာ ဒီအသီးတွေဟာလည်း မအပ်တဲ့အထဲမှာ ပါတယ်ဆိုပြီးတော့ ပယ်ထားခဲ့ကြတာ သူက။ [318] အဲ့တော့ အကြောင်းကတော့ မပါခဲ့ဘူးပေါ့။ ဘာကြောင့်လဲဆိုတာတော့ စာထဲမှာ မဖော်ပြထားဘူး သူက။ [319] မအပ်ဘူးလို့ပဲ ဒီအတိုင်း မှတ်တမ်းတင်ထားခဲ့ကြတာ။ အဲ့ဒီလိုမျိုး အသီးကြီးကိုးလုံးပေါ့နော်။ [320] အဲ့တော့ ဒီအသီးကြီးကိုးမျိုးကလွဲရင် ကျန်တဲ့ အသီး၊ အနှံ၊ အရွက်တွေ အကုန်လုံး ရတယ်။ [321] အဲ့တော့ တချို့ ဆရာတော်တွေက ဟိုပေါ့နော် နားလည်မှုလွဲတာက [322] ဟင်းသီးဟင်းရွက် ချက်စားလို့ရရင် အဖျော်ယမလုပ်ကောင်းဘူးလို့ ယူဆခဲ့ကြတာ။ [323] တကယ်တော့ မဟုတ်ဘူး။ ဦးဇင်းတို့ ဝိနည်းဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ တော်တော်လေး ရှင်းပြခဲ့ရတယ် အဲ့ကိစ္စ အထောက်အထားတွေပေါ့နော်။ [324] ဦးဇင်း မှတ်မိနေတယ် အလွတ်ရနေတယ် အဲ့ကိစ္စကို။ [325] ဒီ ဝိနယသင်္ဂဟ အဋ္ဌကထာ စာမျက်နှာ ၉၂ မှာ သူက ယာဝကာလိက ပတ္တာနမ္ပိ ပါနံ ကာတုံ ဝဋ္ဋတိ ဆိုတာ [326] အဲ့ဒီ စာမျက်နှာ ၉၂ မှာ တိတိကျကျ ဦးဇင်း မှတ်မိနေတယ်။ [327] ဟို အသီးအရွက်တွေကို အဖျော်ယမလုပ်လို့ စားလို့ရတဲ့ ဟင်းချက်လို့ရတဲ့ အရွက်တွေကို အဖျော်ယလုပ်လို့ရတယ်ဆိုတာလေ [328] အထောက်အထား ရှိတယ်ပေါ့နော်။ အဲ့ကြောင့်မို့လို့ ယနေ့ခေတ် ဟို မြင်းခွာရွက်တွေကို လုပ်လို့မရဘူးလား မေးကြတယ်။ [329] မြင်းခွာရွက်ကို ကြိတ်ပြီးတော့ အဖျော်ယလုပ်ရင်ရော ရလားဆို ရတယ်ပေါ့နော်။ [330] မြင်းခွာရွက်အဖျော်ယ၊ မုန်လာဥနီတို့ဘာတို့ ရတယ် အဖျော်ယကပ်လို့ရတယ်။ [331] တစ်ခုတော့ရှိတာက ဒီအတိုင်းကပ်လို့တော့ မရဘူး။ ရေရောဖို့တော့ လိုတယ်။ [332] ရေမရောရင် အဖျော်ယမဟုတ်ဘူး။ နော် အဲ့ဒါ သတိထားဖို့လိုတယ်။ ဒီအတိုင်းကပ်လို့ မရဘူး။ [333] အဲ့ကြောင့် ရေရောရမယ်။ အဲ့တော့ မြင်းခွာရွက်တို့၊ မုန်လာဥနီတို့ [334] ဖတ်မပါအောင်စစ်၊ ပြီးရင်လည်း ရေနဲ့ရောပြီး ဖျော်ပေး။ အဲ့ဒါဆိုရင် ရဟန်းတော်တွေ သောက်ကောင်းပါတယ်။ [335] အဲ့ကြောင့် ဟင်းချက်စားလို့ရတဲ့ အသီးအရွက်တွေကိုလည်း အဖျော်ယလုပ်ကောင်းပါတယ်။ [336] ဝိနယသင်္ဂဟ အဋ္ဌကထာ စာမျက်နှာ ၉၂ မှာ ပါပါတယ်။ [337] အဲ့တော့ မအပ်တဲ့ အသီးကိုးမျိုးကို မှတ်လိုက်ရင် ပြီးပြီလေနော်။ [338] ဒီအသီးကိုးမျိုးကလွဲရင် ကျန်တဲ့အသီး၊ ကျန်တဲ့အရွက် အကုန်လုံး အဖျော်ယလုပ်လို့ရတယ်။ [339] အဖျော်ယမလုပ်ကောင်းတာ မရှိဘူး။ သူက ဒီမှာ တစ်ခုမပါခဲ့တာ ဘာလဲဆိုတော့ စပါး၊ စပါး။ [340] နည်းနည်းလေး ဘေးနားလေးမှာ ကပ်ရေးလိုက်။ စပါးနဲ့ပဲ တစ်ချက်လောက် ကပ်ရေးထားလိုက်နော်။ စပါး... [341] စပါးကို အဖျော်ယမကာ မလုပ်ရဘူး။ [342] ပဲကို အဖျော်ယမကာ မလုပ်ရဘူး။ အဲ့ဒါ တစ်ချက် ထည့်ထားလိုက်ဦးနော်။ [343] စပါးနဲ့ ပဲ အမျိုးမျိုး ထည့်ထားလိုက်ပါဦး။ [344] စပါးနဲ့ ပဲကို အဖျော်ယမကာ မလုပ်ကောင်းဘူး။ အဲ့ဒါလေး ထည့်ရေးထားလိုက်။ [345] အဲ့တော့ ခုနက ပဲနို့ မရဘူးဆိုတာ အဲ့ဒါ ပြောတာနော်။ မရဘူး။ [346] အဲ့တော့ ဦးဇင်းတို့ ဟိုဟာ တစ်ချို့က မေးတယ် ဆန်ဆေးရည် မရဘူးလားဆိုတာ ခုန ပြောပြီးပြီလေ။ [347] စပါးကို အဖျော်ယမကာ မလုပ်ကောင်းဘူးဆိုတော့ ဆန်ဆေးရည် ပါသွားပြီ။ [348] တစ်ချို့က အဲ့ဒါ အရှင်ဘုရား ဆန်ဆေးရည် သောက်လို့ မရဘူးလားဆိုတော့ မရဘူးနော်။ [349] ညနေပိုင်း ဆန်ဆေးရည် မသောက်ကောင်းဘူး။ မသောက်ကောင်းဘူး။ [350] အဲ့ဒါ ဥပုသ်သည်တွေနဲ့လည်း ဆိုင်တယ်နော် ဒီဥစ္စာက။ ဒါ ရဟန်းတော်တွေတင်မကဘူး ဥပုသ်သည်တွေနဲ့လည်း ဆိုင်တယ်နော်။ [351] ဥပုသ်သည်တွေ ဝိကာလဘောဇန သီလ ဆိုင်တယ် ဒါ။ [352] အဲ့တော့ ဆန်ဆေးရည် ညနေပိုင်း မသောက်ကောင်းဘူး၊ ပဲနို့ ညနေပိုင်း မသောက်ကောင်းဘူးနော်။ [353] ဆန်အမျိုးမျိုး ပဲအမျိုးမျိုးသည် အဖျော်ယမကာ မလုပ်ကောင်းဘူး။ [354] အဲ့တော့ အဲ့ဒီ နောက်တစ်ခါ ဦးဇင်းတို့ ဟင်းရွက်ပြုတ်ရည်ဆိုတာ ရှိတယ်။ [355] ဒီဟင်းသီးဟင်းရွက်တွေကို ကြိတ်ပြီးတော့ ရေအေးနဲ့ ဖျော်ရင် ရတယ်။ [356] ဒါပေမဲ့ ရေနွေးနဲ့ မလုပ်ရဘူး။ ဟုတ်ပြီနော်။ [357] ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက် ကြိတ်ပြီးတော့ အရည်ဖျော်ရင် ရတယ်။ [358] ဒါပေမဲ့ ရေနွေးနဲ့ ဆိုလို့ရှိရင် ဟင်းရွက်ပြုတ်ရည် ဖြစ်သွားမယ်။ [359] ဟုတ်ပြီနော်။ ရေနွေးနဲ့ မလုပ်ရဘူး။ ရေနွေးလုပ်ရင် ဟင်းရွက်ကို ပြုတ်သလို ချက်သလို ဖြစ်သွားမယ်။ [360] အဲ့ဒါဆိုရင် မအပ်စပ်ဘူး။ [361] အဲ့တော့ အဲ့ဒါကို အကြောင်းပြုပြီးတော့ ယနေ့ လက်ဖက်ခြောက် ပြဿနာပဲ။ [362] လက်ဖက်ခြောက်ကို မြန်မာနိုင်ငံမှာက အစားအဟာရ တစ်ခုအနေနဲ့ သတ်မှတ်ထားတယ်။ [363] လက်ဖက်သုပ် လက်ဖက်သုပ် ဆောရီးနော်။ လက်ဖက် လက်ဖက်က ဦးဇင်းတို့ မြန်မာနိုင်ငံမှာ သရေစာအဖြစ် လက်ဖက်သုပ်ဆိုပြီးတော့ စားကြတယ်။ [364] အဲ့ဒါကြောင့် ရှေးဆရာတော်ကြီးများက ဝိနည်းဓိုရ် ဆရာတော်ကြီးများက လက်ဖက်သည် သရေစာ ယာဝကာလိက ခုနက နံနက်သုံး အဟာရထဲမှာ ပါတယ်။ [365] အဲ့တော့ သူ့ကို ညနေပိုင်း သောက်မယ် အကယ်၍ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေအေးနဲ့ ဖျော်ရင် ရတယ်။ [366] ဒီလက်ဖက်ကို။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဟိုဘက် ထိုင်းတို့ သီရိလင်္ကာတို့မှာဆို Green Tea ဆိုပြီးတော့ သောက်ကြတာ ရှိတယ်။ [367] ညနေပိုင်း Green Tea ပေါ့။ ရေအေးနဲ့ အဖျော်ထားတာ။ ထိုင်းနိုင်ငံက အခု မြန်မာနိုင်ငံနဲ့ ရောက်လုပ် ပေါများနေတာတွေ။ [368] ဒီ Green Tea ဆိုပြီးတော့ လက်ဖက်ကို သူတို့က အဖျော်ယမကာ လုပ်ထားတာ လက်ဖက်ဖျော်ရည်။ [369] ရေအေးနဲ့ လုပ်ရင် ရတယ်။ ရေနွေးနဲ့ လုပ်ရင် မရဘူး။ [370] ယနေ့ လက်ဖက်ရည်ကြမ်းနော်။ လက်ဖက်ရည်ကြမ်း။ [371] အဲ့ဒါ ဘာဖြစ်လို့ ရေနွေးနဲ့ မရသလဲ မေးတော့ ဟင်းရွက်ပြုတ်ရည် ဖြစ်သွားလို့။ [372] သူက လက်ဖက်ကို ဟင်းသီးဟင်းရွက်ထဲမှာ ထည့်ထားတယ်။ [373] အဲ့တော့ ဒီဟင်းသီးဟင်းရွက်ကို အဖျော်ယမကာ လုပ်မယ်ဆိုရင် ရတယ် ရေအေးနဲ့ လုပ်ရမယ်။ [374] အဲ့တော့ ရေနွေးထဲမှာ ထည့်လိုက်တဲ့ အခါကျတော့ ဟင်းသီးဟင်းရွက် သွားပြုတ်သလို ဖြစ်သွားတယ်။ [375] ဟင်းရွက်ပြုတ်ကြီး ဖြစ်သွားတာ။ [376] အဖျော်ယမကာ မဟုတ်တော့ဘူး။ [377] အဲ့ဒါကြောင့် လက်ဖက်ရည်ကို ဒီလက်ဖက်ရည်ကြမ်းသည် ညနေပိုင်း ပုဒ်သည်တွေ မသောက်ကောင်းဘူးဆိုတာ ဆရာတော်ကြီးတွေ ဆုံးဖြတ်ချက် ချမှတ်ကြတယ်။ [378] ဟုတ်ပြီနော်။ အဲ့တော့ ဘာဖြစ်လို့ မအပ်လဲမေးရင် ဟင်းရွက်ပြုတ်ကြီး ဖြစ်လို့ မအပ်တာ။ [379] အဲ့တော့ လက်ဖက်ကို အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေအေးနဲ့လုပ်။ ရတယ်။ [380] ဂျင်းသုပ်တို့ မြင်းခွာရွက်သုပ်တို့ ညနေပိုင်း မရဘူး။ [381] သူက မရဘူး။ မြင်းခွာရွက်က သူက ဆေးထဲမှာ မပါဘူး။ [382] အဲ့တော့ မြင်းခွာရွက်က သူက ဆေးမဟုတ်ဘူး။ သူက စားစရာထဲမှာ ပါသွားပြီ။ ညနေပိုင်း စားလို့မရဘူး။ [383] ဂျင်းက ဆေးထဲမှာ ပါတယ်၊ ဒါပေမဲ့ သူ့ချည်းသက်သက် ဆေး။ [384] ဆီတွေ ကြက်သွန်တွေ နှမ်းတွေ ပဲတွေ ပါရင် ဆေးမဟုတ်တော့ဘူး။ ဒါ လက်ဖက်သုပ် စားစရာ ဖြစ်သွားပြီ။ [385] အဲ့ဒါ ဝိကာလဘောဇန ဖြစ်သွားပြီ။ အဲ့တော့ ညနေ ဂျင်းသုပ် မကပ်ရဘူးနော်။ [386] ပြီးတော့ ရဟန်းဝတ်တုန်းက ဂျင်းသုပ်စားလို့ရတယ် စသဖြင့်။ [387] အဲ့တော့ ဂျင်းသုပ်တို့ ခရမ်းချဉ်သီးသုပ်တို့ လက်ဖက်သုပ်တို့ ပေါ့နော်။ [388] အဲ့ဒါတွေက ဦးဇင်းတို့ ခုနက ယာဝကာလိက နံနက်စာနော်။ [389] နံနက်စာထဲမှာ ပါ။ ညနေထဲမှာ မပါဘူး အဲ့ဒါတွေက။ [390] အဲ့တော့ ဟို ဆေးခုန ဂျင်းက ဆေးထဲမှာ ပါတယ်၊ စားချင်တယ်ဆိုလို့ရှိရင် ညနေဘက် ရိသန့် အကြောင်းပြချက် ခုနပြောသလိုဆိုရင် ဆေးပစ္စည်းမှန်သမျှ အကြောင်းပြဖို့ လိုတယ်။ [391] အသံဝင်လို့ စားမှာလား၊ ခုန အဖျားတက်လို့ စားမှာလား၊ အကြောင်းတစ်ခုခုတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပေးရမယ်။ [392] အကြောင်းမပြဘဲနဲ့ စားလို့ ခွင့်မရှိဘူး ဆေးပစ္စည်းကိုလည်း။ အဲ့ဒါမျိုး။ [393] နောက်မှာ အဲ့ဒါ ဆေးကဏ္ဍ ပါမယ်လေ တစ်ကဏ္ဍ ပါမယ်နော်။ [394] အဲ့ဒါဆိုရင် အဖျော်ယမကာ ဦးဇင်းတို့ ဒီအသီးကြီး ကိုးလုံးကလွဲရင် နောက်တစ်ခါ စပါးရယ် ပဲရယ်။ [395] အဲ့ဒီကလွဲရင် ကျန်တဲ့ ဥစ္စာအားလုံးကို ရေအေးနဲ့ အဖျော်ယမကာ လုပ်လို့ရတယ်။ [396] ဒါ အနှစ်ချုပ် မှတ်မိနေရမယ်နော် အဖျော်ယမကာ လုပ်လို့ရတဲ့ ဥစ္စာ။ [397] အဲ့တော့ ကျန်တာ ကိုယ့်ဘာသာကိုယ် စဉ်းစားလို့ရတယ်။ ဪ ဒီဟာ လုပ်ကောင်းမလား မလုပ်ကောင်းဘူးလား သိချင်တယ်ဆိုရင် ဒီဟာလေး ကြည့်လိုက်။ [398] ဒီကိုးမျိုး ဆယ်မျိုး ၁၁ မျိုး ပေါ့နော်။ အဲ့ ၁၁ မျိုးထဲမှာ မပါဘူးဆိုရင် ဦးဇင်းတို့ အဖျော်ယမကာ လုပ်လို့ရတယ်လို့ မှတ်။ [399] အဲ့ လုပ်တဲ့အခါမှာတော့ ရေအေးနဲ့ လုပ်ရမယ်၊ နောက်တစ်ခါ အဖတ်မပါစေရအောင် စစ်ရမယ်။ [400] အဲ့တော့ တချို့ပြောတယ် အရှင်ဘုရား ထောပတ်သီးဖျော်ရည် ရသလားတဲ့။ ရတယ်၊ ဒါပေမဲ့ ဖျော်ရတာ အင်မတန် ခက်တဲ့ကိစ္စ။ [401] ထောပတ်သီးက အနှစ်တွေလေ။ အဲ့တော့ စစ်ဖို့ တော်တော်ခက်တဲ့ကိစ္စ ထောပတ်သီးကလေ။ [402] အဲ့တော့ ဒီထဲမှာ ခုနကြည့်လေ အသီးကြီး ကိုးလုံးထဲမှာ ထောပတ်သီး မပါဘူး။ မပါတော့ အဖျော်ယမကာ လုပ်လို့ရတယ်။ ဒါပေမဲ့... [403] ကဲ ဦးဇင်းတို့ စာမျက်နှာ ၇၂ နော်။ [404] စာမျက်နှာ ၇၂ ထီးတောင်ဝှေး ဓားစသည်... [405] တရားတော် နာယူသည့် ယောဂဝေဒနာ... [406] အဖတ်ကြီး ပါနေတာ အဲ့ဒါ သောက်လို့ မရဘူး။ [407] မလွယ်ဘူး ဒကာကြီး တော်တော်ခက်တယ်။ [408] ဦးဇင်း စမ်းကြည့်ပြီးပြီ တော်တော်ကို ခက်တာ။ [409] ဘာလို့လဲဆိုတော့ အနယ်အဖတ်က ဘယ်လိုပြောမလဲ ပစ်ဖတ်ပစ်ဖတ် ဖြစ်ကိုဖြစ်တယ် သူက။ [410] တကယ်လို့ အရည်အတိုင်း ဖျော်ပြန်တော့လည်း အရသာက မရရင် မရှိတော့ဘူး။ [411] မရှိတော့ဘူး အရသာက မကောင်းဘူး။ [412] ဟုတ်တယ် ထောပတ်သီးက သူ့အနှစ်ကလေး ပါနေမှ ကောင်းတာ။ [413] အဲ့တော့ အနှစ်မပါအောင် ဖျော်လို့မရဘူး တော်တော်ခက်တယ်။ [414] တော်တော်ခက်တာ ဦးဇင်း စမ်းကြည့်ပြီးပြီ မရဘူး သူက တော်တော်ကို ခက်တာ။ [415] ငါပြောသီးကတော့ နည်းနည်း ရသေးတယ်။ [416] ငါပြောသီးကတော့ အဲ့ဒီ ဟိုမပါအောင် အနယ်မပါအောင်တော့ သူလည်း တော်တော်စစ်ရတယ် ဒါပေမဲ့ ရတယ် စစ်လို့ရတယ်။ [417] အဲ့ဒီ ထောပတ်သီးက တော်တော် စစ်ရခက်တာ။ [418] မလွယ်ဘူးပေါ့နော်။ [419] အရမ်းကြိုးစားပြီး စစ်ရင်တော့ ရကောင်းရမှာပေါ့ ဒါပေမဲ့ ခုနလို အရသာမျိုးကျတော့ မဟုတ်ဘူးပေါ့။ [420] အဲ့ဒါကြောင့် ထောပတ်သီးကတော့ ဖျော်လို့ရပါတယ် ဒါပေမဲ့ ဟိုအဖတ်မပါအောင် စစ်နိုင်ရင်တော့ ကောင်းတယ်ပေါ့နော်။ [421] ဒါဆို ဦးဇင်းတို့ ယာမကာလိက အဖျော်ယမကာကဏ္ဍ ပြီးပြီနော်။ [422] အဖျော်ယမကာကဏ္ဍ ပြီးလောက်ပါပြီ။ [423] ဒါပေမဲ့ နည်းနည်း အဖျော်ယမကာ နည်းနည်းကျန်သေးတယ် ဒါပေမဲ့ ဦးဇင်း နောက်ကဏ္ဍတစ်ခုနဲ့ တွဲပြောမှ အဲ့ဒါ ပြည့်စုံမှာမို့လို့ နောက်တစ်ခု ဆက်သွားကြည့်လိုက်။ [424] ခုနစ်ရက်အတွင်း သုံးဆောင်ကောင်းသော အာဟာရ အဲ့ဒါကို ပါဠိလို သတ္တာဟကာလိက ခုနစ်ရက်ခံတဲ့ ပစ္စည်း။ [425] တစ်နံနက်သုံး အာဟာရ ပြီးသွားပြီ တစ်ရက်သုံး အာဟာရ ပြီးသွားပြီ အခု ခုနစ်ရက်သုံး အာဟာရ ရောက်ပြီနော်။ [426] ခုနစ်ရက်သုံး အာဟာရ။ [427] ခုနစ်ရက်သုံး အာဟာရဆိုတာက တစ်ခါ အကပ်ခံပြီးလို့ရှိရင် ခုနစ်ရက်အထိ အသုံးခံတယ်လို့ ဆိုလိုတာ။ [428] ခုနစ်ရက်မပြည့်ခင် စွန့်ရမှာနော် ခုနစ်ရက်ပြည့်တဲ့နေ့မှာ အဲ့ဒီပစ္စည်းကို စွန့်ရမယ်။ [429] ဆက်ပြီး သုံးဆောင်ခွင့်မရှိဘူး အဲ့ဒါ ဘာတွေလဲဆိုတော့ အောက်မှာ... [430] တစ်က ထောပတ်၊ နှစ် ဆီဦး။ [431] ဆီဦးဆိုတာ ထောပတ်ချက်တဲ့အခါမှာ အပေါ်ကို တက်လာတဲ့ ဆီအကြည်တစ်မျိုးကို ပြောတာ။ [432] နံပါတ်သုံးကတော့ ဆီ စားသုံးဆီ အမျိုးမျိုးပေါ့နော် ယနေ့ခေတ် နှမ်းဆီ ပဲဆီ ဆီအမျိုးမျိုး။ [433] နောက် နံပါတ်ငါး ပျားရည်။ [434] နံပါတ်လေး ပျားရည်၊ နံပါတ်ငါးက တင်လဲ သကြား သကာ သကြား ထန်းလျက် ချိုချဉ်။ [435] အဲ့ဒါတွေက ဦးဇင်းတို့ ငါးမျိုး။ [436] သတ္တာဟကာလိက မြန်မာလိုပြောရင်တော့ ခုနစ်ရက်သုံးပစ္စည်းလို့ ခေါ်တယ်။ [437] အဲ့တော့ ဒီပစ္စည်းတွေကို ရဟန်းတစ်ပါးသည် ခုနစ်ရက် အကပ်ခံထားလို့ရတယ် ဒီနေ့ အကပ်ခံလိုက်ပြီဆိုရင် ဒီနေ့ကစပြီးတော့ ခုနစ်ရက်။ [438] ခုနစ်ရက်အထိ သုံးစွဲလို့ရတယ်။ ခုနစ်ရက်ကျော်ရင်တော့ စွန့်ရမယ်။ [439] ဆက်သုံးစွဲခွင့် မရှိတော့ဘူး။ ဥပမာ ငါးကြီးဆီမျိုး။ [440] ငါးကြီးဆီဆိုရင် ဦးဇင်းတို့ နံပါတ်သုံးထဲမှာ ပါသွားတယ်နော်။ [441] အဲ့ဒါကြောင့် ရဟန်းတော်တွေကို ငါးကြီးဆီဘူးလိုက် မကပ်သင့်ဘူး။ သဘောပေါက်လား။ [442] ငါးကြီးဆီကို ဘူးလိုက်ကပ်လိုက်လို့ရှိရင် အဲ့ဒီငါးကြီးဆီကို ခုနစ်ရက်အတွင်း ကုန်အောင် သုံးရမယ့်အပိုင်း ရှိတယ်။ [443] သဘောပေါက်လား။ အဲ့ဒါကြောင့် ဦးဇင်းတို့က ဘူးလိုက်မကပ်တော့ဘဲနဲ့ စားပွဲခုံမှာ တင်ထားခဲ့လိုက်။ [444] နောက်မှ ကိုရင်နဲ့ ခွဲခွဲပြီးတော့ အကပ်ခံပြီး သုံးပေါ့။ [445] ခုနစ်ရက်စာ ခုနစ်ရက်စာ ခွဲပြီး အကပ်ခံပြီး သုံးရတယ်။ [446] ဘာလို့လဲဆိုတော့ ငါးကြီးဆီက သူက တစ်ဘူးမှာဆို အလုံးသုံးရာလောက် ပါချင်ပါမယ်လေ။ [447] အဲ့တော့ ခုနစ်ရက်အတွင်း ဒါ မဖြစ်နိုင်ဘူး ဒါက။ [448] အကယ်၍ ရဟန်းတွေ ခွဲပြီးတော့ ပေးလိုက်ရင်တော့ ပြီးတာပေါ့ ခုနစ်ရက်အတွင်း ပြီးသွားတာပေါ့။ [449] အကယ်၍ တစ်ပါးတည်း သုံးချင်တယ်ဆိုရင်တော့ ဒါ ဒီဟာ အကပ်ခံလို့ မရဘူး ငါးကြီးဆီကိုနော်။ [450] နောက် စတုမဓူလည်း အဲ့အတိုင်းပါပဲ။ စတုမဓူဆိုတာ ဒီ တင်လဲတို့၊ ပျားရည်တို့၊ ထောပတ်တို့နဲ့ လုပ်ထားတာလေ။ [451] အဲ့ဒါကြောင့် စတုမဓူသည်လည်း ဘယ်ပစ္စည်းထဲမှာ ပါသွားလဲမေးရင် ဒီ သတ္တာဟကာလိက။ [452] ခုနစ်ရက်သုံးပစ္စည်းပေါ့နော် စတုမဓူလေ။ [453] အဲ့ဒါကြောင့် စတုမဓူသည် ဦးဇင်းတို့ ဆေးပစ္စည်းထဲမှာ ပါတယ်၊ ခုနစ်ရက်သုံး အာဟာရ စတုမဓူပါပဲ။ [454] အဲ့တော့ သကြားတွေ၊ ထန်းလျက်ခဲတွေ၊ သကာခဲတွေနော်၊ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်။ [455] အဲ့ဒါတွေက ခုနစ်ရက်သုံး အာဟာရ။ သူက ညနေပိုင်းလည်း စားလို့ရတယ်။ [456] အဲ့တော့ ခုနက ဦးဇင်းပြောသလို ညနေပိုင်းစားတယ်ဆိုပေမယ့်လည်း ဘာလုပ်ရမလဲ အကြောင်းရှိရမယ်။ [457] ဟာ စတုမဓူပဲကွာ ဒါဆေးပဲ ညနေပိုင်းစားမယ် စားလို့မရဘူး။ [458] ထန်းလျက်ခဲ ဆေး ညနေပိုင်းစားလို့မရဘူး။ အဲ့ဒါ အကြောင်းရှိရမယ်။ [459] သူက ဒီထန်းလျက် ဘာကြောင့်စားမလဲ၊ သက်ဆိုင်တဲ့ ရောဂါရှိမှ စားရမှာ။ [460] အဲ့ရောဂါမရှိဘဲနဲ့ ဒါ စားခွင့်မရှိဘူးလေ။ [461] ဟို မြန်မာတွေ ပြောပါတယ် ဘာလဲ ဇီးဖြူဖန်ခါး ရဟန်းစားဆိုပြီးတော့လေ ပြောကြတယ်။ [462] အဲ့တော့ ဇီးဖြူသည်လည်း ဆေးထဲမှာ ပါတာမှန်တယ်၊ ဖန်ခါးသီး ဆေးထဲမှာ ပါတာမှန်တယ်။ [463] ဒါပေမယ့် ဦးဇင်းတို့ အကြောင်းရှိမှ စားရမယ်။ အကြောင်းမရှိရင် ခုန အဖျော်ယမကာတောင်မှ အကြောင်းမရှိ မသောက်ရဘူးလေ။ [464] ဒီအတိုင်းပဲ ဒီဆီတို့၊ ထန်းလျက်တို့၊ ကြံသကာတို့၊ ပျားရည်တို့၊ ထောပတ်တို့ကိုလည်းပဲ ဒါ ညနေပိုင်းစားမယ်ဆိုရင် အကြောင်းတစ်ခုခု ပြရမယ်တဲ့။ [465] ဟို ဗိုက်ဆာလို့တော့ မရဘူးနော်။ ဗိုက်ဆာလို့ အကြောင်းပြချက်မရဘူး။ ဗိုက်ဆာရင်တော့ အဖျော်ယမကာပဲ ရမယ်။ [466] နော် ဗိုက်ဆာရင် အဖျော်ယမကာပဲ ရမယ်။ အဲ့တော့ ဒီဟာက ဦးဇင်းတို့ အစာအိမ်ရောဂါတို့၊ တခြား အားနည်းတဲ့အခါပေါ့။ [467] တကယ်တော့ ဒီဥစ္စာက ဘုရားလက်ထက်တုန်းက သူက အားဆေးတစ်မျိုးပဲ သူက။ ဒါတွေက အားဆေးတွေ သူက။ [468] ဒါကြောင့် ဦးဇင်းတို့ ဂိလာန ဖြစ်ပြီးတော့ အစားအသောက် မဝင်တဲ့ ရဟန်းတော်တွေ ဆိုရင် ညနေပိုင်း ဒါ စားလို့ရတယ်။ [469] အဲ့လိုမျိုး မဟုတ်ဘဲနဲ့ ဒီအတိုင်း စားခွင့်မရှိဘူး။ [470] တချို့ အဲ့ဒါ ဦးဇင်းတို့ သတိထားစရာလေးတွေ ပေါ့နော်။ [471] အဲ့ဒါ ဒကာ ဒကာမတွေ အဲ့ဒါ ပြောရမယ်။ မလိုအပ်ဘဲနဲ့ သံဃာတွေကို ညနေပိုင်း စတုမဓူ မကပ်ရဘူး။ [472] တချို့က အား စတုမဓူက ဆေးပဲလေ ဆို ညနေပိုင်း ကပ်ကြတာလေ။ ထန်းလျက်ခဲတွေ ကပ်ကြတာလေ။ [473] အဲ့တော့ ညနေပိုင်း မလိုအပ်ဘဲနဲ့ ထန်းလျက်ခဲတို့ စတုမဓူတို့ မကပ်ရဘူး။ အပြစ်ရှိတယ် ပေါ့နော်။ ရဟန်းတော်တွေမှာ အပြစ်ရှိတယ်။ [474] အထက်ပါ အာဟာရတို့ကို အချိန်မရွေး ဆက်ကပ်ကောင်းပါသည်၊ အချိန်မရွေး ဆိုတာ မနက်ပိုင်း ကပ်လည်းရတယ်၊ ညနေပိုင်း ကပ်လည်းရတယ် နော်။ [475] အဲ့ဒီ ထောပတ်တို့ ညနေပိုင်း ကပ်လို့ရတယ်၊ စတုမဓူ ညနေပိုင်း ကပ်လို့ရတယ်။ [476] သို့သော် တစ်ခုရှိတာကတော့ ခုနစ်ရက်အထိပဲ ခံတယ် ဆိုတဲ့ အချက်လေး တစ်ခု ရှိတယ် ပေါ့။ [477] ဆက်ကပ်ပြီးနောက် ခုနစ်ရက်အတွင်းသာ သုံးဆောင်ကောင်းသည်၊ ခုနစ်ရက်ကျော်မှ သုံးဆောင်လျှင် ရဟန်းတော်များ၊ ရဟန်းတော်များမှာ အာပတ်အပြစ်သင့်သည် နော်။ [478] အဲ့တော့ ဦးဇင်းတို့ အဲ့ဒါကြောင့် ဘာလုပ်ရလဲ ဆိုတော့ ခုနပြောသလို ခုနစ်ရက် မပြည့်ခင် ဘာလုပ်ရလဲ စွန့်ပစ်လိုက်ရတယ်။ [479] စွန့်တဲ့အခါကျတော့ ကပ္ပိယ ဆိုတဲ့ ကပ္ပိယ ဒကာကြီး စွန့်လိုက်တယ် ပေါ့၊ ဦးဇင်း ဒါ ခုနစ်ရက် ပြည့်တော့မယ်၊ မအပ်စပ်တော့ဘူး စွန့်လိုက်ပေါ့။ [480] အဲ့ဒါဆိုရင် ကပ္ပိယ ပြန်ကပ်မယ် ဆိုရင် ရတယ်။ ခုန ကပ္ပိယ လိမ္မာရင် ရတယ် ဆိုတာ အဲ့ဒါ ပြောတာနော်။ [481] ခုနက ခုနက Chapter 1 နဲ့ ပြန်စလိုက်တာ နော်။ အဲ့ဒါကြောင့် ရဟန်းဘက်က လူတွေကို စွန့်လိုက်ပြီ ဆိုရင် ဒါ အကပ်ပြတ်သွားပြီလေ။ [482] ပြတ်သွားပြီ ဆိုတော့ ကပ္ပိယက အနားလည်စွာနဲ့ နောက်နေ့မနက် ပြန်ကပ်၊ အော် ရတယ် သူက။ နော် အဲ့လိုမျိုး။ [483] အဲ့တော့ ခုနစ်ရက် မပြည့်ခင် ရဟန်းက ပြန်စွန့် ပေါ့။ အဲ့ဒါကို ရဟန်းက အဲ့ဒါကို မစွန့်ဘဲနဲ့ ဆက်လက်ပြီး သုံးစွဲနေတယ် ဆိုရင်တော့ အာပတ်သင့်ပြီ နော်၊ အာပတ်သင့်ပြီ။ [484] ကပ်တာကတော့ အချိန်မရွေး ကပ်လို့ရတယ် နော်။ မနက်ပိုင်း ကပ်လည်းရတယ်၊ ညနေလည်း ကပ်လို့ရတယ်။ [485] နောက်တစ်ခါ ဒီဘက် တစ်သက်လုံး သုံးဆောင်ကောင်းသော ဆေးပစ္စည်းများ။ [486] တစ်ကြိမ် အကပ်ခံပြီးလျှင် တစ်သက်လုံး ထား၍ ဖုံးပေး သုံးဆောင်အပ်သော အာဟာရတို့သည် တစ်သက်လုံးသုံး အာဟာရ ပါဠိလိုပြောရင် ယာဝဇီဝိက။ [487] အဲ့တော့ အားလုံးပေါင်း ဦးဇင်းတို့ လေးမျိုး ဖြစ်သွားပြီ။ [488] တစ်မနက်သုံး အာဟာရကို ကျတော့ ယာဝကာလိက၊ တစ်ရက်သုံးကို ဆိုရင် ယာမကာလိက၊ [489] ခုနစ်ရက်သုံးကို သတ္တာဟကာလိက၊ တစ်သက်လုံးသုံးကို ယာဝဇီဝိက။ [490] အဲ့တော့ သာသနာမှာ အဲ့လို လေးမျိုး ခွဲထားပါတယ် ဦးဇင်းတို့။ [491] ဥပမာလေး တစ်ခု ထပ်ပြောရရင် တစ် ငရုတ်ကောင်း၊ [492] နှစ်က လေးညှင်း၊ သုံး ဆား၊ [493] လေးက ဂျင်း၊ ခုနက ဂျင်းပါပြီနော်၊ [494] ငါး ကြက်သွန်။ [495] အဲ့ဒါတွေက ဆေးဘက်ဝင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ [496] အဲ့တော့ ဒါပေမဲ့ တစ်ခုရှိတာက အဲ့ဒီ ဆေးဘက်ဝင်တဲ့ ဥစ္စာတွေကို [497] ဆွမ်းနဲ့ ရောစားလို့ မရဘူး။ ဟုတ်ပြီနော်။ [498] ဥပမာ ဆားဆိုတာ ဆေးထဲမှာ ပါတယ်၊ [499] အဲ့တော့ ဦးဇင်းက ဆားကို အကပ်ခံထားတယ်။ [500] မနက်ပိုင်း ဆွမ်းစားတဲ့အခါမှာ ဆွမ်းက နည်းနည်း ဟင်းပေါ့နေတယ်၊ [501] အငန်ဓာတ် ပေါ့နေတယ်၊ အဲ့တော့ အဲ့ဒီ အကပ်ခံထားတဲ့ ဆေးဆားကို ထည့်စားလို့ မရဘူး။ [502] အဲ့လိုမျိုး ရှိတယ်၊ နော်၊ ထည့်စားလို့ မရဘူး။ [503] ဘာလို့လဲဆိုတော့ ဆွမ်းနဲ့ မရောရဘူး၊ ရောစားခွင့်မရှိဘူး၊ သူက ဆေးအဖြစ်ပဲ သီးသန့်သုံးရမှာ သူက။ [504] အာဟာရအနေနဲ့ စားခွင့်မရှိဘူး၊ [505] ဆေးအနေနဲ့ပဲ သူ့ကို သုံးစွဲရမှာ။ [506] ဟုတ်ပြီနော်၊ အဲ့ဒါလေး သတိထားဖို့။ [507] ဒါကြောင့် ဂျင်း၊ ခုနက ဂျင်းက ဆေးထဲမှာ ပါတယ်၊ [508] ဒါပေမဲ့ ညနေဘက် သရေစာ ပုံစံမျိုး ကြက်သွန်နီ ဆီတွေနဲ့ သုပ်စားတာမျိုး မလုပ်ရဘူး။ [509] ဒါဆိုရင် ဆေးမဟုတ်တော့ဘူး၊ အာဟာရ ဖြစ်သွားပြီ။ [510] ဟုတ်ပြီနော်၊ အာဟာရ ဖြစ်သွားပြီ။ အဲ့ဒါလေး၊ ကြက်သွန်လည်း အဲ့အတိုင်းပဲ၊ ကြက်သွန်သုပ် ယနေ့ခေတ် ပြောကြတာလေ။ [511] သူလည်း ကြက်သွန်က ဆေးထဲမှာ ပါတယ်၊ သူ့ချည်း သီးသန့် ရတယ်၊ [512] ဒါပေမဲ့ ခုနလို ဆီတွေ ကြက်သွန်တွေ မထည့် အဲ့ဒါတွေ မရတော့ဘူး၊ [513] အဲ့လို မလုပ်ရဘူး၊ အဲ့ဒါမျိုးပေါ့၊ အဲ့ဒါ သတိထားစရာပေါ့။ [514] ဒါကြောင့် ဦးဇင်းတို့ ဒီ ပဋ္ဌာန်းပွဲတွေ ဘာတွေ လုပ်တဲ့အခါမှာ [515] အဲ့ဒီ ကြက်သွန်သုပ်တို့၊ ခရမ်းချဉ်သီးသုပ်တို့ မလုပ်ရဘူးနော်။ [516] ဒါ ဆရာတော်တွေကို ဝိကာလဘောဇန ညနေစာ ကပ်တာနဲ့ အတူတူပဲ။ [517] အဲ့တော့ ကပ်ချင်တယ်ဆိုရင် အဖျော်ယမကာ ကပ်ပါ၊ [518] အဖျော်ယမကာ အဖတ်မပါတဲ့ အဖျော်ယမကာ ကပ်ပေးပါ၊ [519] အကယ်၍ အဲ့ဒီမှာ သက်တော်ကြီးတဲ့ ဆရာတော်တွေ ပါတယ်၊ အားနည်းတဲ့ ဆရာတော်တွေ ပါတယ်ဆိုရင် [520] စတုမဓူတို့၊ ထောပတ်တို့ ကပ်ရင် ကပ်လို့ ရသေးတယ်၊ [521] ညနေပိုင်း အကယ်၍ အားမရှိတဲ့ ဆရာတော်တွေ ပါခဲ့ရင်ပေါ့၊ [522] ဒါ အားဆေးအနေနဲ့ ထောပတ်တို့၊ စတုမဓူတို့ ကပ်လို့ရတယ်။ [523] လူငယ်တွေနဲ့ကတော့ မလိုဘူးပေါ့၊ ဒါ အဖျော်ယမကာ ကပ်ရင် ရပြီ။ [524] ဒါကြောင့် ကြက်သွန်သုပ်တို့၊ လက်ဖက်သုပ်တို့၊ ဂျင်းသုပ်တို့ဟာ ဆေးမဟုတ်ပါဘူး၊ [525] ဝိကာလဘောဇန၊ ဒီ ကာလိက လေးပါးထဲမှာ ခွဲမယ်ဆိုရင် နံပါတ် ၃ အာဟာရထဲမှာ ပါသွားတယ်။ [526] သူ့ချည်း သီးသန့်ဆိုရင်တော့ ယာဝဇီဝိက နံပါတ် ၄ ထဲမှာ ပါတယ်၊ [527] ဒါပေမဲ့ သရေစာတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ နံပါတ် ၁ ယာဝကာလိက၊ [528] တစ်နပ်စာ သုံးဆောင်တဲ့ အာဟာရထဲမှာ ပါသွားတယ်။ [529] ဒါကြောင့် ညနေပိုင်း ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတွေ ဦးဇင်းတို့ [530] ဂျင်းသုပ်၊ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ အဲ့ဒါတွေကို မကပ်ကြဖို့ တိုက်တွန်းပါတယ်။ [531] အဲ့ဒါတွေကို သံဃာတော်များအား မြည်းစမ်းခွင့် မပြုဘူးနော်။ [532] အဲ့ဒါတွေက မကပ်ကောင်းတဲ့အထဲမှာ ပါပါတယ် ညနေပိုင်းမှာနော်။ [533] ကပ်လိုက်လို့ရှိရင် ဝိကာလဘောဇန ဆွမ်းကပ်တာနဲ့ အတူတူ ဖြစ်သွားလိမ့်မယ် သံဃာတော်တွေကို။ [534] အဲ့ဒါလေး သတိထားဖို့ လိုပါတယ်နော်။ [535] ဒါ တပည့်လိမ္မာမှ ဦးဇင်းတို့ ဆရာတော်သံဃာတော်များမှာ အာပတ်လွတ်မှာပါ။ [536] အဲ့တော့ အောက်က နည်းနည်းလေး ဆက်ဖတ်ကြည့်ရအောင်နော်။ [537] အထက်ပါ ပစ္စည်းများကိုလည်းပဲ မည်သည့်အချိန်အခါမဆို ဆက်ကပ်ကောင်းပါသည်ဆိုတော့ [538] ဟို မည်သည့်အချိန်အခါမဆိုဆိုတာ မနက်ပိုင်းကပ်လိုက်ရတယ်၊ ညပိုင်းကပ်လိုက်ရတယ်၊ နေ့လယ်ပိုင်းကပ်လိုက်ရတယ်ပေါ့နော်။ [539] တစ်ကြိမ်ကပ်ခံပြီးလျှင် တစ်သက်လုံး အလိုရှိသလို သုံးဆောင်နိုင်ပါသည်ပေါ့။ [540] အဲ့ဒါတွေကို ဦးဇင်းတို့ ဆောင်ထားလို့ရတယ်နော်၊ အကပ်ခံပြီးတော့ သိမ်းထားလို့ရတယ်။ [541] အကြောင်းမဲ့ သက်သက် မသုံးကောင်းပါနော်၊ ဒါ ခုနက ပြောပြီးပြီ။ [542] ဆေးဆိုပေမယ့်လည်း ဟာ ဂျင်းပဲကွာ စားလို့ရတယ်ကွာ၊ ငရုတ်သီးစားလို့ရတယ်ကွာ၊ မဟုတ်ဘူး အကြောင်းပြချက်ရှိဖို့လိုတယ်။ [543] ဂျင်းစားမယ်ဆိုရင် ဘာကြောင့်စားမှာလဲ ဆင်ခြင်ရမယ်နော်။ [544] အဲ့တော့ လင်းညှိပွင့်စားမယ်ဆိုရင် လင်းညှိပွင့်ကို ဘာကြောင့်စားမှာလဲ ဆင်ခြင်ရမယ်ပေါ့။ [545] အဲ့တော့ ဆင်ခြင်ပြီးခါမှ အကြောင်းတစ်ခုပြပြီးခါမှ စားရမယ်၊ မဟုတ်ဘူးဆိုလို့ရှိရင် ဦးဇင်းတို့ အာပတ်သင့်တယ်ပေါ့။ [546] ယာမကာလိက ဖျော်ရည်တို့ကို ရဟန်းတော်များ ဆာလောင်သောအခါ၌ဖြစ်စေ၊ [547] မကျန်းမာသောအခါ၌ဖြစ်စေ ဆက်ကပ်ကောင်းပါသည်၊ [548] သတ္တာဟကာလိက ယာဝဇီဝိကတို့ကို ရဟန်းတော်များ မကျန်းမာမှသာ ဆက်ကပ်ကောင်းပါသည်။ [549] အဖျော်ရည်ဆိုရင် မကျန်းမာရင် ကပ်လို့ရတယ်၊ ဗိုက်ဆာရင် ကပ်လို့ရတယ်၊ ရေဆာရင် ကပ်လို့ရတယ်။ [550] ဆေးပစ္စည်းကျတော့ ဗိုက်ဆာရုံနဲ့ မရဘူး၊ ကျန်းမာရေးမကောင်းမှ။ [551] အဲ့ဒါလည်း ဆိုင်ရာဆိုင်ရာ ကျန်းမာရေးပေါ့နော်၊ ဖြစ်နေတဲ့ရောဂါက တစ်ခြား ဆေးက တစ်ခြား မရဘူး အဲ့ဒါကနော်။ [552] ဥပမာ ခြေထောက်ကလေးနာတာကို စတုမဓူစားရင် ဘာမှမဆိုင်ဘူးလေ၊ ဟုတ်တယ်မလား။ [553] ငါ ဂိလာန ငါ နေမကောင်းဘူး ငါ့ စတုမဓူကပ်ကြပါဦးကွာဆို ဟုတ်လား၊ ခြေထောက်က နာနေတာနဲ့ စတုမဓူ ဘာမှမဆိုင်ဘူးပေါ့။ [554] အဲ့တော့ ဆိုလိုတာက ဂိလာနဆိုတဲ့နေရာမှာ ဘာလဲ ဆိုင်ရာဆိုင်ရာ ဂိလာန၊ မဆိုင်တဲ့ ဂိလာနနဲ့ မပြောနဲ့နော်၊ အဲ့ဒါမျိုးပေါ့။ [555] အဲ့တော့ ဆိုင်ရာဆိုင်ရာ ဂိလာန ဆိုလိုပါတယ်။ ဒါ ဦးဇင်းတို့ မြတ်စွာဘုရား ဝိနည်းကို လိမ်လို့မရဘူးနော်၊ တိကျတယ် တိကျတယ်။ [556] အဲ့တော့ ရှေ့ဆက်မသွားခင် အခု ကာလိက လေးပါး နည်းနည်း ပြီးသွားပါပြီ။ [557] ယာဝကာလိက အာဟာရ ခဲဖွယ်ဘောဇဉ်များ ဆန်၊ ဂျုံ၊ နောက် ဘာလဲ ဦးဇင်းတို့ ဒီဘက်မှာ... [558] ထမင်း မလား သူက။ ထမင်းရယ်၊ ဆန်ရယ်၊ ဂျုံရယ်၊ ငါးရယ်၊ အသားရယ်။ [559] အဲ့ဒီ ငါးမျိုးကို ဘောဇဉ်လို့ ခေါ်ပြီးတော့ ကျန်တဲ့ စားစရာတွေကို ခဲဖွယ်လို့ ခေါ်တယ်။ [560] အဲ့နှစ်ခုပေါင်းကို ယာဝကာလိက နော်။ တစ်နပ်စာ သုံး အာဟာရ။ [561] ပြီးရင် အဖျော်ယမကာများ၊ မလုပ်ကောင်းတဲ့ အဖျော်ယမကာ ၉ မျိုး ရှိတယ်။ [562] ဆန်နဲ့ ဂျုံ၊ ပဲကို ထည့် ၁၁ မျိုး။ အဲ့ဒါကလွဲရင် ကျန်တဲ့ အသီးအရွက်မှန်သမျှကို ရေအေးနဲ့ အဖျော်ယမကာ လုပ်ကောင်းတယ်။ [563] အဲ့ဒါကျတော့ ဘယ်လောက်ခံလဲ မေးရင် တစ်ရက်သုံး၊ တစ်ရက်သုံး ပေါ့။ [564] နောက်တစ်ခုက ဦးဇင်းတို့ သကြား၊ ထန်းလျက်၊ စတုမဓူ၊ ထောပတ်၊ ပြားရည်၊ ဆီ။ [565] အဲ့ဒီ ငါးမျိုးကိုကျတော့ ဦးဇင်းတို့ သတ္တာဟကာလိက၊ ၇ ရက်သုံး ပေါ့။ [566] အဲ့ကျန်တဲ့ ဆေးဖက်ဝင်တဲ့ ပစ္စည်းတွေ၊ တိုင်းရင်းဆေး၊ အင်္ဂလိပ် အနောက်တိုင်းဆေးတွေ အကုန်လုံးသည် ယာဝဇီဝိက၊ တစ်သက်သုံးလို့ ခေါ်တယ်။ [567] အဲ့တော့ အားလုံးပေါင်း ၄ မျိုး ဖြစ်သွားတယ်။ [568] အဲ့တော့ ၈၄ မသွားခင် နည်းနည်းလေး ပြောကြည့်ရအောင်။ [569] အဖျော်ယမကာ ကိစ္စလေး နည်းနည်း ဆွေးနွေးရအောင်။ [570] အဖျော်ယမကာမှာ ဦးဇင်းတို့ ခုနက ဦးဇင်း ပြောတယ်၊ ရေအေးနဲ့ ဖျော်ရမယ်လို့ ပြောခဲ့တယ်လေ နော်။ [571] အဖတ်မပါရဘူး၊ ရေအေးနဲ့ ဖျော်ရမယ် ဆိုတော့။ [572] ယနေ့ခေတ် ပုလင်းဖျော်ရည်တွေ၊ Ready-made ဘူးတွေ ပေါ့။ [573] အဲ့ဒါတွေ နောက်တစ်ခါ ဂျင်းပြုတ်ရည်၊ ထန်းလျက် ကြိုထားတဲ့ အရည်။ [574] ဦးဇင်းတို့ ငယ်ငယ်တုန်းကပေါ့၊ ဝိနည်းမကျွမ်းကျင်တုန်းက၊ ကလေးဘဝတုန်းက၊ ကိုရင်ဘဝတုန်းက။ [575] ထန်းလျက်ရည်ကိုကျ သံသယရှိတယ်၊ ကျဉ်းကျဉ်းဖတ်ဖတ် ပေါ့နော်။ [576] ဟို မှတ်ထားခဲ့တာက မီးနဲ့ မချက်ရဘူးလို့ ကိုယ်က မှတ်ထားခဲ့တာလေ။ [577] အဲ့တော့ ဟာ ဆရာတော်တွေ ဘာဖြစ်လို့ ထန်းလျက်ရည် သောက်သလဲ ပေါ့နော်၊ မီးနဲ့ ချက်ထားတာကို။ [578] ဆိုတော့ မေးခွန်းမေးစရာ ဖြစ်လာရော၊ ဟာ ထန်းလျက်ရည် ဘာလို့ သောက်သလဲ၊ မီးနဲ့ ချက်ထားတယ် ပေါ့။ [579] ဆိုတော့ သူက အသီးအရွက်တွေကို အဖျော်ယမကာ လုပ်ရင်သာ သူက ရေအေးနဲ့ လုပ်ရတာ၊ မီးနဲ့ မချက်ကောင်းတာ။ [580] သတ္တာဟကာလိက ခုနက ၇ ရက်သုံး ပစ္စည်း၊ ထောပတ်၊ ဆီ၊ ပြားရည်၊ သကြား နော်။ [581] အဲ့ဒါတွေကျတော့ သူက မီးနဲ့ ချက်လို့ ရတယ်။ [582] ဟုတ်ပြီနော်။ အဲ့တော့ မီးနဲ့ ချက်ကောင်းတဲ့ ဥစ္စာက ၂ မျိုး ရှိတယ်။ [583] ၇ ရက်သုံး သတ္တာဟကာလိက ပစ္စည်းနဲ့ တစ်သက်သုံး ယာဝဇီဝိက ပစ္စည်း။ [584] အဲ့ပစ္စည်း ၂ မျိုးက မီးနဲ့ ချက်လို့ ရတယ်။ အဲ့ဒါလေးကို မှတ်ထား။ [585] အဲ့ဒါလေး ကိုယ့်ဟာကိုယ် နည်းနည်း မှတ်ထုတ်ထားလိုက်နော်။ [586] အဲ့တော့ ညနေပိုင်း မီးနဲ့ချက်ကောင်းတဲ့ ဥစ္စာက [587] ခုန သတ္တာဟကာလိက ပစ္စည်းနဲ့ ယာဝဇီဝိက ပစ္စည်းလေ ခုနက အဲ့ဒါလေး မှတ်လိုက်ပေါ့။ [588] ခုနစ်ရက်သုံး ပစ္စည်းနဲ့ တစ်သက်သုံး ပစ္စည်းနော်။ [589] အဲ့တော့ ခုနစ်ရက်သုံးနဲ့ တစ်သက်သုံးက ဘာလုပ်လို့ရလဲဆိုတော့ မီးနဲ့ချက်လို့ ရတယ်။ [590] မီးနဲ့ချက်လို့ ရတယ်။ [591] အဲ့တော့ ထန်းလျက်သည် ဦးဇင်းတို့ ခုန ဘယ်ထဲမှာ ပါသွားလဲဆိုတော့ ခုနစ်ရက်သုံးထဲမှာ ပါသွားတယ်လေ။ [592] နောက် ဂျင်းစိမ်း ဘယ်ထဲမှာ ပါတုန်း ဂျင်းက [593] တစ်သက်သုံးထဲမှာ ပါသွားတယ်။ အဲ့ဒါကြောင့် သူတို့ကို မီးနဲ့ချက်လို့ ရတယ်။ [594] ဟုတ်ပြီနော်။ အဲ့ဒါကြောင့် ဂျင်းပြုတ်ရည်တို့ ထန်းလျက်ရည်တို့ ဆိုတာက မီးနဲ့ချက်လို့ ရသွားတယ်။ [595] ဟုတ်ပြီနော်။ မီးနဲ့လုပ်လို့ရတဲ့ ဥစ္စာ။ အဲ့ဒါကြောင့် အဲ့ဒါက အပ်သွားတယ်။ [596] အဲ့တော့ ဆရာတော်ကြီးတွေ ဦးဇင်းတို့ ငယ်ငယ်တုန်းကပေါ့ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်ကြီးတချို့ပေါ့။ [597] အခုခေတ်တော့ မပြောတတ်ဘူး။ ရှေးခေတ်က ဆရာတော်ကြီးတွေက ဒီ Ready-made ဘူးတွေ မသောက်ကြဘူး။ [598] ကျန်းမာရေးကြောင့် မဟုတ်ဘူး။ ဝိနည်းသံသယရှိတယ်။ [599] မီးနဲ့ချက်ထားတယ်ဆိုတဲ့ သံသယရှိတာ သူတို့က။ [600] အသီး ဒီ ပုလင်းဖျော်ရည်ပေါ့ စပျစ်ဖျော်ရည်တို့ လိမ္မော်သီးဖျော်ရည်ဆိုပြီးတော့ ဘူးတွေ လာကြတယ်ပေါ့။ [601] ဒါတွေက ရေရှည်ခံထားအောင် ခံအောင်ပေါ့နော် မီးနဲ့ချက်ထားတယ်လို့ ဆရာတော်ကြီးတွေက ယူဆတယ်။ [602] အဲ့တော့ အသီးဖျော်ရည်ဆိုရင်တော့ ဒါ မီးနဲ့ချက်ထားရင် မအပ်ဘူး ဒါမှန်တယ်။ ဟုတ်ပြီနော်။ [603] ဒီ လိမ္မော်သီးဖျော်ရည် စပျစ်သီးဖျော်ရည်ကို ကြာရှည်ခံအောင်ဆို မီးနဲ့ပေါင်းလိုက်တယ် ချက်လိုက်တယ်ဆိုရင်တော့ ဒါ မအပ်ဘူး မှန်တယ်။ [604] ဒါပေမဲ့ နောက်ပိုင်း ခေတ်မီလာတဲ့ ဆရာတော်တွေက သုတေသနပြုလိုက်တဲ့အခါမှာ လိမ္မော်သီးက အစစ်မဟုတ်ဘူး ဖြစ်နေတယ် ဒီခေတ်က။ [605] လိမ္မော်သီးဖျော်ရည်က ဘာလဲဆိုတော့ အနံ့တို့ အရသာတို့ ထည့်ထားတာပဲ ရှိတာ။ တကယ်တော့ ဘာလဲ သကြားရည်တွေပဲ။ [606] အင်း သကြားရည်ပဲ။ အဲ့တော့ သကြားရည် ဘယ်ထဲမှာ ပါလဲမေးရင် [607] ခုနစ်ရက်သုံးထဲမှာ ပါတာ။ ခုနစ်ရက်သုံးမှာ ပါတော့ ဒီသကြားရည်ကို မီးနဲ့ချက်လိုက်ရင်လည်း [608] အပ်သွားတယ်။ ဟုတ်ပြီနော်။ အဲ့ဒါကြောင့် ယနေ့ခေတ် ပုလင်းဖျော်ရည် အပ်လားမေးရင် အပ်တယ်။ [609] ဘာလို့လဲဆိုတော့ သကြားရည် ဖြစ်နေလို့။ သဘောပေါက်လား မသိဘူး။ [610] အဲ့တော့ သူက အသီးဖျော်ရည် အစစ်မဟုတ်ဘူး။ အကယ်၍ အသီးဖျော်ရည် အစစ်ဖြစ်ခဲ့ရင်တော့ မီးနဲ့ချက်လိုက်ရင် မအပ်ဘူး။ [611] ဟုတ်ပြီနော်။ တကယ် အဲ့ဒီပုလင်း အဲ့ဒီဘူးတွေ အနောက်တိုင်းနိုင်ငံက လာတဲ့ Ready-made ဘူးတွေသည် တကယ် အသီးက အမှန် အစစ်ဖြစ်ခဲ့ရင် နောက် မီးနဲ့ချက်လိုက်ရင် မအပ်ဘူး။ [612] မီးနဲ့ချက်ထားခဲ့ရင်တော့ အဲ့အဖျော်ယမကာ မသောက်ကောင်းဘူး။ [613] နော် မသောက်ကောင်းဘူး။ [614] ဒါပေမဲ့ ယနေ့ခေတ် အဖျော်ယမကာ တော်တော်များများက သကြားတွေ လုပ်ထားတာ။ [615] သကြားကို လုပ်ထားတာ။ ဟို Sprite တို့ ဘာတို့ ဆိုရင် နော် သကြားကို လုပ်ထားတာ။ [616] အဲ့တော့ သကြားဖျော်ရည် ဖြစ်တဲ့အတွက်ကြောင့် သူက သောက်ကောင်း ညနေပိုင်း သောက်လို့ ရသွားတယ်။ [617] မီးနဲ့ချက်ထားလည်း သောက်လို့ ရတယ်။ [618] အရှင်ဘုရား ကြံရည်ကျတော့။ [619] အေး လာပြီ လာပြီ။ ဟုတ်တယ်၊ သူက ကြံရည် ခုနက မအပ်တဲ့ထဲမှာ မပါတော့ဘူးလေ။ [620] မအပ်တဲ့ထဲမှာ မဟုတ်ဘူးဆိုတော့ သူက အပ်တဲ့ထဲ ပါသွားပြီပေါ့။ [621] ခုန မအပ်တဲ့ အသီး ၉ မျိုး ရှိတယ်လေ။ ၁၁ မျိုးပေါ့။ အဲ့ထဲမှာ ကြံရည် မပါဘူး။ [622] အဲ့ဒါကြောင့် ကြံရည် ညနေပိုင်း သောက်လို့ ရတာပေါ့။ [623] ကြံသကာခဲတောင် ရသေးတာပဲလေ။ [624] ကြံသကာခဲကိုတောင်မှ ဆေးပစ္စည်းထဲမှာ ထည့်ထားတာဆိုတော့ သူ့ကို အရည်ဖျော်လိုက်လို့ရှိရင် ဒါ ကြံရည်ပဲပေါ့ သူက။ [625] အဲ့ဒါကြောင့် ကြံရည်ကျတော့ နဝါဒ ရှိတယ် အဲ့ဒါက။ [626] သူက ကြံရည်ကို နဝါဒ ခွဲတယ်ဆိုတာက... [627] ရေရောရင် ရော၊ မရောရင် မရော။ [628] အင်း ဒီလို ဒီလို သူက... [629] ခုနက ဦးဇင်းတို့ တနင်္ဂနွေ ၃ အာဟာရ၊ နော် တစ်ရက်သုံး အာဟာရ၊ ခုနစ်ရက်သုံး အာဟာရ၊ တစ်သက်သုံး အာဟာရလို့ လေးမျိုးခွဲတယ်။ [630] အဲ့တော့ ကြံရည်သည် ဘယ်ထဲမှာ ပါသလဲလို့ မေးကြတဲ့အခါမှာ ခုနစ်ရက်သုံး ပါတယ်လို့ ပြောလို့ရတယ်ပေါ့ နော်။ [631] ခုနစ်ရက်သုံး ပါတယ်လို့ ပြောကြတဲ့အခါ ခုနစ်ရက်သုံး ဆိုလို့ရှိရင်တဲ့ သူက ဒီတိုင်း စားလို့ မရဘူး။ [632] ဘာလို့လဲဆိုတော့ သူက ရောဂါရှိမှ စားရမှာကိုး ခုနစ်ရက်သုံး ဆိုလို့ရှိရင်လေ။ [633] အဲ့တော့ အဖျော်ယမကာ အနေနဲ့ သောက်ချင်တယ်ဆိုရင် ရေရောရမယ်။ [634] ခုန စတုမဓူကို ရောဂါမရှိဘဲနဲ့ စားချင်တယ်ဆိုရင် ဘာလုပ်ရမလဲ ရေနဲ့ဖျော်ရမယ်။ [635] သဘောပေါက်လား။ ပျားရည်ကို ရောဂါမရှိဘဲ စားချင်တယ်ဆိုရင် ရေရောရမယ်။ [636] ဟုတ်ပြီနော်။ အဲ့လိုမျိုး။ ထန်းလျက်ခဲကို ရောဂါမရှိဘဲ စားချင်တယ်ဆိုရင် ရေနဲ့ဖျော်ရမယ် ထန်းလျက်ခဲကို။ [637] အခဲလိုက် စားလို့ မရဘူး။ [638] အဲ့ဒါကို ထောက်ဆပြီးတော့ ကြံရည်ဟာလည်း ခုနစ်ရက်သုံး ဖြစ်တဲ့အတွက်ကြောင့် ဒီတိုင်း သောက်လို့ မရဘူး၊ ရေရောဖို့ လိုအပ်တယ်ဆိုပြီးတော့ ဆုံးဖြတ်ကြတဲ့ ဆရာတော်များ တချို့ရှိတယ်။ [639] တချို့ဆရာတော်များလည်း မလိုဘူး၊ သူ့အတိုင်း သောက်လို့ ရပါတယ်ဆိုတဲ့ ဆုံးဖြတ်တဲ့ ဆရာတော်တွေလည်း ရှိတယ်။ [640] အဲ့တော့ ကြံရည်ကတော့ နှစ်မျိုးကွဲသွားတယ်ပေါ့ နော်။ [641] ကြံရည်ကတော့ အဲ့ဒါကြောင့် ခုနစ်ရက်သုံးထဲမှာ ထည့်ထားပြီးတော့ ရေရောသင့်တယ်ဆိုတဲ့ ဝါဒရှိတယ်၊ ရေမရောဘဲနဲ့ သောက်လို့ရတယ်ဆိုတဲ့ ဝါဒရှိတယ်။ [642] အဲ့တော့ ဒီဟာကတော့ ဦးဇင်းတို့ မငြင်းတော့ဘူး၊ ကြိုက်တဲ့ ကြိုက်သလို ကျင့်သုံးလို့ ရတယ်ပေါ့။ ဆရာတော်ကြီးတွေ ကိုယ်တိုင်ကကို ဒီလို ဆုံးဖြတ်ခဲ့တာဆိုတော့။ [643] နော် အဲ့တော့ ခုနက ထန်းလျက်ခဲတွေကို ညနေပိုင်း စားလို့ မရဘူး။ [644] အဲ့တော့ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေနဲ့ဖျော်ပြီး သောက်လို့ ရတယ်။ [645] ပျားရည် ဒီတိုင်းပဲ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေနဲ့ဖျော်ပြီးတော့ ပျားရည်သောက်လို့ ရတယ်။ [646] သူတို့ကျတော့ ရေနွေးနဲ့ ဖျော်လို့ရတယ်နော်။ [647] ပျားရည်တို့ ထန်းလျက်တို့က ရေနွေးနဲ့ ဖျော်လို့ရတယ်။ ရေအေးမလိုဘူးပေါ့။ [648] အဲ့တော့ အောက်ကို နည်းနည်းလေး ဆက်ကြည့်ရအောင်နော်။ [649] သတ္တဟကာလိက ပစ္စည်းများကို နော် ဦးဇင်းတို့ [650] အခြား အချိန်ပိုင်းသုံး ပစ္စည်းဖြစ်၍ သူ့ချည်းသက်သက်သာ ဆက်ကပ် လှူဒါန်းကောင်းပါသည် တဲ့ နော်။ [651] အဲ့တော့ တခြားပစ္စည်းနဲ့ ရောမကပ်ရဘူးပေါ့။ [652] အထက်ပါ အချိန်ပိုင်းသုံး ယာဝကာလိက လေးမျိုးတွင် တစ်ကြိမ် အပ်နှံထားလျှင် တစ်ရက်သုံး ယာမကာလိက နော်။ [653] ခုနက အဲ့ဒီမှာ သတ္တဟကာလိက ပစ္စည်းကို အခြား အချိန်ပိုင်းသုံး ပစ္စည်းဖြစ်၍ တဲ့ [654] သူ့ချည်းသက်သက်သာ ဆက်ကပ် လှူဒါန်းကောင်းပါသည် ဆိုတာ ဒီလို အဲ့ဒါ နားလည်မှု လွဲကုန်ဦးမယ်။ ဦးဇင်းတို့ ငယ်ငယ်တုန်းကလည်း လွဲတယ်။ [655] ဟို သူ့ချည်းသက်သက် ဆိုတာက ဟိုဟာပါ [656] စား စားစရာတွေနဲ့ ဟိုလို ရောနယ်ပြီးတော့ မကပ်ရဘူး ပြောတာပါ။ [657] ဟို ဗန်းတစ်ဗန်းထဲမှာ ပေါ့နော်၊ ဟိုမှာ မုန့်ထုပ်လည်း ပါမယ်၊ ဆေးဘူးလည်း ပါမယ်။ အဲ့ဒါ ပြဿနာမရှိဘူး။ [658] ဟုတ်ပြီနော်။ တချို့က နားလည်မှု လွဲတယ် အဲ့မှာ ရောမကပ်ရဘူး ဆိုတာကို။ [659] ရောတယ် ဆိုတာက ဒီလိုပါ ဟို ဆွမ်းထဲမှာ ဆီတွေ ပါမယ်။ ဆီဆိုတာ ဦးဇင်းတို့ သတ္တဟကာလိက ပစ္စည်း။ [660] ထမင်းကျတော့ မနက်ပိုင်း ပစ္စည်း။ အဲ့ဒါတွေ ရောကပ်လိုက်မယ် ဆိုရင် တစ်ရက်ပဲ ရတော့တယ်။ [661] အဲ့ဒါကို ပြောချင်တာ။ ဟို ဟိုလိုမျိုး သူ့ဟာသူ သီးခြား လင်ဗန်းတစ်ခုနဲ့ ခွဲခွဲပြီး ကပ်တာ၊ ဘူးတွေနဲ့ ကပ်တာ အဲ့ဒါ ပြဿနာမရှိဘူး။ [662] ဟို နားလည်မှု လွဲမှာစိုးလို့ ပြောတာ။ ဦးဇင်းတို့ ငယ်ငယ်တုန်းက အဲ့ဒါ နားလည်မှု လွဲခဲ့ဖူးတယ်။ [663] ဪ အဲ့တော့ ခွဲကပ်ရမယ်လို့ ထင်ခဲ့တာလေ။ ဟို ဆေးကို ဆေးသက်သက်ကပ်၊ မုန့်ကို မုန့်သက်သက်ကပ် လို့ ထင်တာ။ အဲ့လို ပြောတာ မဟုတ်ဘူး။ [664] ဟို ပေါင်းပြီး ကပ်လို့တော့ ရပါတယ်။ သူက ဟို နယ်လိုက်တာ ရောခွဲလို့မရအောင် ရောသွားတာကို ပြောချင်တာ နော်။ [665] ခွဲလို့မရအောင် ရောသွားတာကို ပြောတာ။ [666] အထက်ပါ အချိန်ပိုင်းသုံး ကာလိက လေးမျိုးတို့တွင် တဲ့ တစ်ကြိမ် အပ်နှံထားလျှင် တစ်ရက်သုံး ယာမကာလိက၊ [667] ခုနစ်ရက်သုံး သတ္တဟကာလိက၊ တစ်သက်သုံး ယာဝဇီဝိက ပစ္စည်းသုံးမျိုးတို့သည် မွန်းလွဲအချိန်တွင် ကပ်ကောင်း ဖုံးပေးကောင်းသော အာဟာရပစ္စည်းများ ဖြစ်ပါသည်။ [668] အဲ့တော့ အဲ့ဒီ လေးမျိုးကို ဦးဇင်းတို့ အချိန်နဲ့ ခွဲတဲ့အခါမှာ ယာဝကာလိက ပစ္စည်း စားစရာ ခဲဖွယ်ဘောဇဉ်တွေ ဆိုလို့ရှိရင် [669] မနက်ပိုင်း အရုဏ်တက်ချိန်ကနေ ပြီးတော့ မွန်းလွဲအချိန်ထိ ကပ်နိုင်ပါတယ်။ [670] ကျန်တဲ့ ပစ္စည်းသုံးမျိုး တစ်ရက်သုံးရယ်၊ ခုနစ်ရက်သုံးရယ်၊ တစ်သက်သုံး ပစ္စည်း ဒီသုံးမျိုးကို ကျရင်တော့ [671] အချိန်မရွေး မနက် ညနေ ကြိုက်တဲ့အချိန်မှာ ကပ်နိုင်ပါတယ်။ [672] ကပ်နိုင်တဲ့ ပစ္စည်းကို ဦးဇင်းတို့ ခွဲပြီနော်။ ခွဲလိုက် အဲ့ဒါ။ [673] ကဲ အဲ့တော့ သိကြားပြားရည်၊ ထောပတ်၊ ဆီ၊ အဲ့ဒါတွေ ညနေပိုင်း ကပ်လို့ရတယ်။ [674] နော် ညနေပိုင်း ကပ်လို့ရတယ်။ [675] ကျန်တဲ့ နံနက်ပိုင်း သုံး ယာဝကာလိကသည် အရုဏ်တက်သည်မှ နေမွန်းတည့် ၁၂ နာရီအထိသာ [676] ဆပ်ကပ်ကောင်း၊ ဖုံးပေးကောင်းသော အာဟာရပစ္စည်း ဖြစ်ပါသည်။ [677] မွန်းလွဲအချိန်တွင် ဆပ်ကပ်၍မရ၊ ဆပ်ကပ်၍ အကပ်ခံလိုက်လျှင် [678] ရဟန်းတော်များ ဒုက္ကဋ်အာပတ်သင့်၍ ဖုံးပေးလျှင် ပါစိတ်အာပတ် ဟူသော ဝိနည်းပြစ်သင့်ရောက်ပါမည်။ [679] နော် ဦးဇင်းတို့ အရေးကြီးတယ် ဒါ။ [680] အရုဏ်မတက်ဘဲနဲ့ မကပ်ရဘူး။ အရုဏ်ဆွမ်းကပ်တဲ့လူတွေ သတိထားဖို့လိုတယ်။ [681] နော် သာသနာတော်မှာက နေ့တစ်နေ့ကို နာရီနဲ့မသတ်မှတ်ဘူး။ [682] နေရောင်နဲ့ သတ်မှတ်တယ်။ နော်။ [683] အဲ့တော့ လူ့လောကမှာဆိုရင်တော့ ၁၂ နာရီကျော်ပြီဆိုရင် ဒါ Happy New Year ဆိုပြီး ပြောကြတာပဲ၊ နေ့သစ်တစ်ခု ပြောင်းသွားပြီလို့ ပြောကြတာပေါ့။ [684] သာသနာမှာက ၁၂ နာရီကျော်ရုံနဲ့ မဖြစ်သေးဘူး။ နော်။ [685] အဲ့တော့ အရုဏ်တက်မှ၊ အရုဏ်တက်မှ ဦးဇင်းတို့ ဒါ သံဃာတော်များကို အရုဏ်ဆွမ်းကပ်လို့ရတယ်။ [686] အဲ့တော့ အရုဏ်မတက်ဘဲနဲ့ ဥပမာ ၅ နာရီထိုးမှ အရုဏ်တက်မယ့်ဥစ္စာကို ၄ နာရီခွဲလောက်က သွားဆွမ်းကပ်နေရရင် [687] အဲ့ဒါ ဝိကာလဘောဇန ညစာကပ်တာနဲ့ အတူတူပဲ။ နော်။ [688] ညဆွမ်းကပ်တာနဲ့ အတူတူပဲ။ ဒီ နာရီဝက်ကလေးကို မစောင့်နိုင်ကြဘူး ဖြစ်နေတာ။ [689] အဲ့တော့ ဘုန်းကြီးတွေကို အိမ်ကိုပင့်ပြီးတော့ ညစာကပ်သလို ဖြစ်သွားရော။ [690] အဲ့တော့ ကပ်သူလည်း မကောင်းဘူး၊ စားသုံးသူလည်း အဆင်မပြေဘူးပေါ့နော်။ [691] ဒါ ဒကာ၊ ဒကာမတွေဘက်က သိရမယ့် ကိစ္စလေးတွေ အရုဏ်ကပ်တာပေါ့နော်။ [692] အဲ့ကြောင့် စားစရာကို အရုဏ်မတက်ဘဲနဲ့ လုံးဝမကပ်ရဘူး။ [693] နောက်တစ်ခါ မွန်းလွဲ ၁၂ နာရီကျော်သွားရင် မကပ်ရတော့ဘူး။ [694] လုံးဝမကပ်ရတော့ဘူးနော်။ [695] ကပ်ရင် ဘာဖြစ်သလဲလို့မေးရင် ၁၂ နာရီကျော်မှ ကပ်လို့ရှိရင် အဲ့ဒီဥစ္စာကို ရဟန်းတွေက နောက်နေ့ မစားရတော့ဘူး။ [696] နော် စားစားမစားစား အကပ်ခံလိုက်တာနဲ့ကို အာပတ်သင့်သွားပြီ။ [697] စားစရာပစ္စည်းတွေကို အကပ်ခံရင် အာပတ်သင့်သွားပြီ။ [698] အကယ်၍များ ဟို ငါရဟန်းမစားဘူး၊ ကျောင်းသားတွေကို စွန့်လိုက်မယ်၊ ကိုရင်တွေကို စွန့်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကပ်ခံရင်တော့ ရတယ်။ [699] ဦးဇင်းတို့ ခုနက ဟို ရှေ့မှာ ပြောခဲ့တယ်။ [700] အကပ်မခံဘဲနဲ့ ရဟန်းတော်တွေ စားစရာတွေကို မကိုင်ကောင်း၊ မကိုင်ကောင်း ပြောခဲ့တယ်လေ နံပါတ် Chapter 1 ထဲမှာနော်။ [701] ဒါပေမဲ့ အဲ့ဒါ ကိုယ့်အတွက်ပြောတာ။ အဲ့ဒါလေး တစ်ခု အခု သတိရလို့ ဖြည့်စွက်လိုက်မယ်။ [702] ကိုယ့်အတွက်... [703] ကိုယ့်အတွက်သာ မကိုင်ကောင်းတာ။ အကယ်၍ ကျောင်းသားတွေအတွက် ကပ္ပိယတွေအတွက်ဆို ကောက်လို့ရတယ်။ [704] ဥပမာ အပင်က လမ်းသွားရင်းနဲ့ လမ်းခရီးမှာ ဇီးပင်တွေတွေ့တော့ ဇီးသီးတွေ ကြွေကျနေတယ်။ [705] အဲ့ ဇီးသီးတွေမြင်တော့ ငါ့ကျောင်းသားတွေ ကျောင်းမှာရှိတယ်၊ ကိုရင်လေးတွေရှိတယ်၊ ငါကိုရင်လေးတွေ ကျွေးဖို့ ယူသွားဦးမယ်ဆို ကောက်သွားလို့ရတယ်။ [706] အဲ့ဒါကြောင့် ကောက်ကိုင်နိုင်တဲ့ ရဟန်းတွေကို အပြစ်သိပ်မပြောကြနဲ့ဦးပေါ့နော်။ [707] ဘာလို့လဲဆိုတော့ အကြောင်းပြချက်လေးတွေ ခြွင်းချက်လေးတွေ ရှိသေးတယ်ဆိုတာ ပြောပြတာ။ [708] ရဟန်းအတွက်သာ မကောက်ကောင်းတာ၊ ကိုရင်အတွက် ကျောင်းသားအတွက်ဆို ကောက်သွားလို့ရတယ်။ [709] ငါ့မှာ ကျောင်းမှာ ကပ္ပိယတွေရှိတယ်၊ ကျောင်းသားတွေရှိတယ်၊ ကိုရင်လေးတွေ ငါကျွေးမယ်ဆိုပြီးတော့ အဲ့ဒီ ကြွေကျနေတဲ့ သရက်သီး၊ ဇီးသီးလေးတွေ ကောက်သွားလိုက်။ [710] ပြီးရင် ကိုရင်တွေ ကျောင်းသားတွေ ပေးလိုက် ရတယ်။ [711] အဲ့ဒီ ပေးပြီးလို့ရှိရင်လည်း နောက်နေ့မနက်ကျရင် သူတို့ အဲ့ဒါ ပြန်ကပ်ခံစားလို့ ရသေးတယ်။ [712] ဘာလို့လဲဆိုတော့ ကိုယ့်အတွက်မဟုတ်ဘူး၊ သူတို့အတွက် ယူလာတာ၊ သူတို့ကို ပေးလိုက်တာ။ [713] အဲ့ဒါကို မနက်ကျမှ ကိုယ်က အေး ကိုရင် ငါ့အဲ့ဒါလေး ကပ်ဦးကွာ။ [714] သူတို့ဆီကနေ ပြန်တောင်းစားတာ သူက။ [715] နော် ရိုးသားဖို့တော့ လိုတာပေါ့နော်။ မလိမ့်တပတ်တော့ မလုပ်နဲ့ပေါ့နော်။ [716] ကိုယ်စားဖို့အတွက်ကို သမင်သက်သက် ရည်စူးပြီး ကောက်တယ်၊ ပြီးရင် ရော့ကွာ ပေးတယ်၊ ကပ်ခဲ့စမ်း။ အဲ့ဒါတော့ မရဘူးပေါ့နော်။ [717] လူလည်တော့ မကျနဲ့၊ ဝိနည်းမှာတော့ ရိုးသားဖို့တော့ လိုတယ်။ [718] လူလည်တော့ မကျနဲ့ပေါ့ ဝိနည်းကိုနော်။ [719] အဲ့လိုလေး ခြွင်းချက်လေးတွေတော့ ရှိတယ်။ [720] အဲ့ဒါကြောင့် ဦးဇင်းတို့ ဝိနည်းကို ပြည့်ပြည့်စုံစုံ သိထားတော့ ဟို သံဃာတော်တွေအပေါ်မှာလည်း မပြစ်မှားမိတော့ဘူးပေါ့နော်၊ သတိထားမိတာပေါ့။ [721] တစ်ခါတလေ ဝိနည်းကိုယ်က ပြည့်ပြည့်စုံစုံ မသိထားတဲ့အခါကျတော့ ဟယ် ဒီဘုန်းကြီး ကောက်ကိုင်နေတယ်လို့ ကိုယ်က အပြစ်တင်တတ်တယ်နော်။ [722] တစ်ခါတလေကျရင်လေ စားစရာတွေ ဘာတွေ ကပ်ခံတယ်ဆိုလို့ရှိရင် ဟယ် ဒီဘုန်းကြီး စားစရာတွေ ကပ်ခံနေတယ်လို့ သွားအပြစ်တင်တတ်တယ်နော်။ [723] မဟုတ်ဘူး၊ ကိုယ့်အတွက်မဟုတ်ရင် ကပ်ခံလို့ရတယ်။ ဒါမမေ့နဲ့နော်။ [724] ကိုယ့်အတွက်မဟုတ်ရင် ကပ်ခံလို့ တစ်ခါတလေ ဆရာတော်တွေက ဒကာ ဒကာမတွေ အားနာတယ်လေ။ [725] ဥပမာ ညတရားပွဲတွေမှာ တစ်ခါတလေ လာကပ်မယ် မုန့်တွေဘာတွေ။ [726] ဒကာ ဒကာမတွေက အလိုက်မသိဘူးလေ။ အလိုက်မသိတော့ ဘုန်းကြီးကို ညပိုင်းကြီး မုန့်လာကပ်ရော။ [727] ဆရာတော်ကလည်း ဘာမှမပြောဘဲနဲ့ ကပ်ခံလိုက်ရော။ အဲ့ဒါမျိုးတွေရှိတယ်။ [728] အဲ့ဒီအခါမှာ ဆရာတော်တွေက မသိလို့ ကပ်ခံတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် ဟို ကျောင်းသားတွေအတွက်လို့ ရည်ရွယ်ပြီး ကပ်ချင်လည်း ကပ်မယ်ပေါ့နော်။ [729] အဲ့လိုလည်း ရှိတယ်။ အဲ့ဒါကြောင့် အပြစ်တင်မစောကြဖို့ပေါ့။ [730] အဲ ကိုယ့်ဘက်က အလိုက်သိခဲ့ရင်တော့ ဆရာတော်တွေ နောက်နေ့မှ ဖုန်းပေးလို့ရတာပေါ့နော်။ ညနေပိုင်းမကပ်ဘဲနဲ့ မနက်ကျမှ ကပ်ပေါ့။ [731] အဲ့ဒါ ခုနက ဖြည့်စွက်ပြီး ပြန်ပြောလိုက်တာနော်။ အဲ့ဒါ အကပ်မခံဘဲနဲ့ ကိုင်လို့ရတယ်ဆိုတဲ့အထဲမှာ ကိုယ့်အတွက်ဆိုရင်တော့ မရဘူး၊ ကျောင်းသားတို့ ကိုရင်တို့ လူတွေအတွက်ဆိုရင်တော့ ကောက်ကိုင်လို့ရတယ်၊ သူတို့ကို ပေးပြီးတော့ အပြန်ကပ်ခံစားလို့လည်း ရတယ်။ [732] စားလို့လည်း ရသေးတယ် နော်။ အဲ့လို အခြေအနေ။ [733] ဒီထဲမှာ မပါတာလေး ပါလို့ရှိရင် ကိုယ့်ဘာသာကိုယ် နည်းနည်းလေး မှတ်ထားနော်။ [734] ဘယ်လောက် စာအုပ်တွေ ပေးထားမလဲ မသိဘူး။ မပေးသေးဘူး ထင်တယ်။ စုတေအိမ်။ [735] အဲ့တော့ နည်းနည်းလေး ကိုယ့်ဘာသာကိုယ် ဒီစာအုပ်ထဲမှာ ဖြစ်ဖြစ်ပေါ့နော်။ ကပ်ကပ်ပြီးတော့ နည်းနည်း မှတ်ထားပေးပေါ့။ [736] စာအုပ်ထဲမှာ မပါတာလေးတွေ ရှိရင် ဦးဇင်းကတော့ ပြည့်စုံအောင် ဖြည့်စွက်ပြီးတော့ ပြောသွားမှာပေါ့နော်။ [737] အဲ့တော့ ခုနက အရုဏ်ကိစ္စလေးကိုတော့ နောက်မှာ ဦးဇင်း နည်းနည်း ရှင်းဖို့ ရှိပါတယ်နော်။ [738] အဲ့တော့ ဒီနားလေးမှာ မှတ်ချက် ပြောချင်တာ အဲ့ဒီမှာ အရုဏ်ဆွမ်း ကပ်တဲ့ ဒကာ ဒကာမတွေ၊ [739] နောက်တစ်ခါ ဝါတွင်း ဆွမ်းလောင်းအသင်းတွေ နော်။ သတိထားစရာလေးတွေပေါ့။ [740] ဝါတွင်း ဆွမ်းလောင်းတဲ့ သူတွေက အရုဏ်မတက်ဘဲနဲ့ ဆွမ်းမလောင်းသင့်ဘူးပေါ့နော်။ [741] အရုဏ်မတက်ဘဲ တချို့ကလည်း ပြောတယ်ပေါ့။ အရှင်ဘုရား တပည့်တော်တို့က အရုဏ်မတက်ခင် လောင်းလိုက်ပေမယ့်လည်း တဲ့၊ [742] အရုဏ်တက်ပြီးမှ စားတာလေ အရှင်ဘုရားလို့ ပြောကြတယ် တချို့က။ [743] အရုဏ်တက်ပြီးမှ စားတယ်ဆို အဲ့ဒါက အပြစ်မရှိသော်လည်းပဲ ဘာပြဿနာ ရှိသလဲဆိုတော့ အရုဏ်မတက်ခင် အကပ်ခံလိုက်တဲ့ ပြဿနာ။ [744] ဥပမာ ၆ နာရီ အရုဏ်တက်တယ်၊ ၅ နာရီခွဲ ဆွမ်းလောင်းတယ်၊ ဆွမ်းကပ်တယ်။ [745] အဲ့အချိန် ၆ နာရီကျော်မှ ဆွမ်းစားတယ်ပေါ့။ အဲ့ဒါ ဘာဖြစ်သွားသလဲဆိုတော့ ပါဠိမှာ သန္နိဓိလို့ ခေါ်တယ်။ [746] သိမ်းဆည်းထားတာ ဖြစ်သွားတယ်။ အေး သမီးသိမ်းဆည်းတာ ဖြစ်သွားတယ်။ [747] အင်း ကိုယ်တိုင်အတွက်ပေါ့။ အင်း ဟုတ်တယ်။ ဟို ပရိဘောဂ မကူးသေးဘူးလေ။ [748] ဒီပရိဘောဂ တစ်မိနစ်ပဲ ဖြစ်ဖြစ် နှစ်မိနစ်ပဲ ဖြစ်ဖြစ် အဲ့ဒါ သိမ်းထားတာပဲ သူက။ [749] အရုဏ်တက်ဖို့ ၅ မိနစ်ပဲ လိုတော့တယ်။ အဲ့အချိန်မှာ ကပ်လိုက်တယ်။ အရုဏ်တက်ပြီးမှ စားတယ်။ [750] ဒါဆိုရင် သိမ်းထားတဲ့ ဥစ္စာ စားသလို ဖြစ်သွားတယ်နော်။ [751] အဲ့ဒါကြောင့် ဦးဇင်းတို့ ဆွမ်းကပ်တဲ့ ဒကာ ဒကာမတွေက အရုဏ်မတက်ဘဲနဲ့ မကပ်ရဘူး။ [752] အရုဏ်မတက်ဘဲနဲ့ ဆွမ်းမလောင်းရဘူး။ ဆွမ်းမဆွဲရဘူး။ [753] ဒီအချက်လေး တစ်ခုကြောင့် သံဃာတော်တွေ အာပတ်မသင့်စေရဘူးနော်။ [754] ဒါ မြန်မာတစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ အရုဏ်ဆွမ်းလောင်းတဲ့ အသင်းတွေ အရုဏ်မတက်ခင် မလောင်းသင့်ဘူး။ [755] ဥပမာပေါ့နော်။ နံနက်ပိုင်းသုံး ပစ္စည်းကို နံနက်ပိုင်း၌ အကပ်ခံလျှင်၊ [756] ထိုအကပ်ခံသည့် နံနက်အချိန်၌သာ သုံးဆောင်ခွင့် ရှိသည် တဲ့ နော်။ [757] ခုနက ဆွမ်းတို့ ဘာတို့ ကို မနက်မှ အကပ်ခံ မနက်ပိုင်းပဲ သုံး။ [758] အကပ်ခံပြီး ရှင်သာမဏေ ကျောင်းသားတို့အား မစွန့်ဘဲ နောက်တစ်နေ့ နံနက် ရောက်မှ သုံးဆောင်လျှင် အပြစ်ရောက်တော့သည် နော်။ [759] ဒါကြောင့် ဦးဇင်းတို့ စွန့်ရမယ်။ စွန့်လိုက်လို့ရှိရင်တော့ ဒါ ကိုရင်ဥစ္စာ ကပ္ပိယဥစ္စာ ဖြစ်သွားပြီ။ [760] ဤနည်းအားဖြင့် စားသောက်ဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ အချိန်ပိုင်း လွန်အောင် ထား၍ သုံးဆောင်လျှင် အာပတ် အပြစ်သင့်စေသည်။ [761] အဲ့တော့ မနက်သုံးကို မနက်မှာပဲ အကပ်ခံပြီး မနက်ပိုင်းပဲ သုံး၊ နောက်နေ့ မထားနဲ့။ [762] တစ်ရက်တည်း သုံးရမယ့် အဖျော်ယမကာကိုလည်း တစ်ရက်ပဲ သုံး၊ နောက်နေ့ မထားနဲ့။ [763] အဲ့တော့ ခုနက အဖျော်ယမကာ ပုလင်းတွေပေါ့၊ ဥပမာ ချက်ဘူးတွေ ဘာတွေ ဟုတ်လား။ [764] ချက်ဘူးတွေ ဆိုလို့ရှိရင်ကော အဲ့ဒါ ဘယ်နှစ်ရက်သုံးထဲမှာ ထည့်မလဲလို့ မေးတယ်။ [765] ချက်ဘူး ဘယ်နှစ်ရက်သုံး ဘယ်နှစ်ရက်ခံလဲ ချက်ဘူးက တဲ့။ အဲ့လို ပြောတယ်။ [766] Sprite တို့ ဘာတို့ ဘယ်နှစ်ရက်ခံလဲ တဲ့။ သကြားပါရင် သကြားရည်ပဲ။ [767] အဲ့တော့ ချက်က သကြားရည်ပဲ တကယ်တော့။ Sprite ဆိုတာ သကြားရည်ပဲ။ [768] သကြားရည် ဆိုလို့ရှိရင် ခုနစ်ရက်သုံးထဲမှာ ပါသွားတယ်။ [769] အဲ့ဒါကြောင့် Sprite ဘူးကို ရဟန်းတစ်ပါးသည် အကပ်ခံထားပြီးရင် ခုနစ်ရက်တိတိ သိမ်းထားခွင့်ရှိတယ်။ [770] အပြစ်မပြောနဲ့ အဲ့ဒါ လာပြီးတော့။ သွားပြီးတော့ ဟာ ဒီဘုန်းကြီး အဖျော်ယမကာဘူးတွေ သိမ်းထားတယ် သွားအပြစ်မပြောနဲ့ နော်။ [771] တစ်ခါတလေ ဝိနည်းမသိတော့လည်း ပြစ်မှားမိတတ်တယ် နော်။ [772] အဲ့ဒါ ဝိနည်းသိသွားတော့ ကူညီလို့လည်း ရတယ်၊ အပြစ်လည်း မပြစ်မှားတော့ဘူး။ ပိုကောင်းသွားတာပေါ့ နော်။ [773] အဲ့ဒါမျိုး။ နောက် သကြားဖျော်ရည်ဆိုရင် ခုနစ်ရက် ထားလို့ရတာပေါ့။ [774] ဤနည်းအားဖြင့် နော် ဦးဇင်းတို့ ခုနက စားသောက်ဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ အချိန်ပိုင်း လွန်အောင် ထား၍ သုံးဆောင်လျှင် အာပတ်သင့်တော့သည်။ [775] သို့ဖြစ်ရာ အလှူရှင်တို့သည် မိမိလှူမည့် စားသောက်ဖွယ် ပစ္စည်းများကို အချိန်ပိုင်းအားဖြင့် ခွဲခြားသိပြီးမှ [776] ရဟန်းတော်များ သုံးဆောင်ကောင်းသည့် အချိန်ကို ကြည့်၍ ကပ်လှူသင့်ပေသည် နော်။ [777] ဒါကြောင့် ကိုယ်ကပ်မယ့် ပစ္စည်းကို နည်းနည်း နားလည်သင့်တာ။ ငါလှူမယ့် ဒီနေ့လှူမယ့် ပစ္စည်းထဲမှာ ဘာပစ္စည်းတွေ ပါသလဲ ကိုယ့်ဘာသာကိုယ် ကြည့်ပေါ့။ [778] တစ်သက်လုံး သုံးလို့ရတဲ့ ပစ္စည်းဆို တစ်ခါတည်း ဖွင့်ပြီး ကပ်လိုက်လို့ ရတယ်။ [779] အကယ်၍ ရေရှည်သုံးရမယ့် ပစ္စည်းတွေ ဥပမာ မုန့်ဘူးတွေ ပါလာမယ်၊ ဒီတစ်ရက်တည်း ဘုန်းကြီး မကုန်ဘူးလေ။ [780] တစ်ရက်တည်း မကုန်ရင် ရေရှည်စားရမယ့် ဥစ္စာဆိုရင်တော့ မကပ်ဘဲနဲ့ ဖယ်ထားပေးလိုက်၊ ဘေးမှာ ဖယ်ထားပေးလိုက်။ [781] ကပ္ပိယ လာယူလိမ့်မယ်၊ ကိုရင်တွေ လာသိမ်းထားပေးလိမ့်မယ် ပေါ့နော်။ [782] ကိုရင်လည်း သိမ်းထားလို့ ရတာကိုး။ ရဟန်းသာ သိမ်းထားလို့ မရတာ၊ ကိုရင်က သိမ်းထားလို့ ရတယ်။ [783] အဲ့ဒါကြောင့် ကိုယ့်ဘာသာကိုယ် ခွဲပေါ့ နော်။ [784] အရှင်ဘုရား ဒါကတော့ မုန့်ဘူးပါဘုရား၊ ဒါကတော့ ဆေးပါဘုရား ဆိုပြီး ခွဲကပ်ပေါ့ နော်။ [785] မုန့်ဆိုလို့ရှိရင် ဘေးဖယ်ထားလိုက်၊ ဆေးတွေဆိုရင် ကပ်။ အဲ့ဒါမျိုးပေါ့။ [786] အဲ့တော့ လူတွေက ခွဲခြားသိထားဖို့ လိုတယ်။ [787] ကပ်လို့လည်း မရဘူး၊ ကပ်လို့လည်း မရဘူး။ [788] ဒီတော့ မကပ်တော့ဘဲနဲ့ ဆရာတော့်ဘေးနားမှာ ချထားခဲ့ရင် ချထားခဲ့၊ ဒါမှမဟုတ် ကပ္ပိယတွေဆီမှာ အပ်လိုက်ပေါ့။ [789] မနက်ကျမှ ဆရာတော့်ကို ကပ်ပေးပါ၊ ကိုရင်ကို အပ်ထားခဲ့လိုက်နော်၊ ဆရာတော့်ကို မနက်ကပ်ပေးပါလို့ ပြောလိုက်ရင် ပြီးတာပဲပေါ့။ [790] အဲ့ဒါ ကိုယ်က သိရမှာပေါ့နော်၊ ဒကာ ဒကာမတွေက သိရမှာ။ [791] ဥပမာ နံနက်ပိုင်းသုံးဖြစ်သော ကိတ်မုန့်ကို ယနေ့နံနက် ဆွမ်းပေးရန်အတွက် ဖြစ်လျှင် ယနေ့နံနက်၌ပင် ကပ်ရမည်။ [792] နောက်နေ့နံနက်၌ ဆွမ်းပေးရန်အတွက် ဖြစ်လျှင် ယနေ့မကပ်ရဘူး။ [793] နောက်နေ့ စားစေချင်ရင် နောက်နေ့အတွက်ကို ချန်ထားလိုက်။ [794] ရဟန်းတော်များအား လှူဒါန်းပြီး ကိုရင်၊ ကျောင်းသား၊ ကပ္ပိယတို့ကို ခေါ်ကာ နောက်တစ်နေ့နံနက် ရောက်မှ ကပ်ပါဦး အပ်နှံထားရမည်ပေါ့နော်။ [795] အဲ့ဒါ... [796] ယနေ့နံနက် အကပ်ခံသည့် ကိတ်မုန့်ကို ယနေ့မွန်းလွဲ နေလယ် ဆွမ်းပေးလျှင် သိုမှီးခြင်းကြောင့် အာပတ်အပြစ်တစ်ချက်။ [797] မွန်းလွဲစားခြင်းကြောင့် အာပတ်အပြစ်တစ်ချက်၊ နှစ်ချက်သင့်တယ်နော်။ [798] သူက ဒီမုန့်တွေက သူက မွန်းလွဲတာနဲ့ မရတော့ဘူး။ [799] အဲ့တော့ သိမ်းထားသလို ဖြစ်သွားပြီလေ။ အဲ့တော့ သိမ်းထားတဲ့အတွက်ကြောင့် ဒါ အပြစ်က တစ်ချက် ဖြစ်သွားပြီ။ [800] နောက်တစ်ခါ နေလွဲသောကြောင့် စားတာက အပြစ်တစ်ချက်။ အဲ့တော့ သိမ်းထားတဲ့အပြစ်က တစ်ချက်၊ စားတဲ့အပြစ်က တစ်ချက်၊ အပြစ်နှစ်ချက် သင့်တယ်။ [801] အဲ့ဒါကြောင့် ဦးဇင်းတို့ ၁၂ နာရီမထိုးခင် အစားအစာတွေကို စွန့်ရမှာ။ [802] ထားလို့မရဘူး၊ ထားတာနဲ့ မစားစား မစားစား အာပတ်သင့်သွားပြီ။ [803] ခုနက အရုဏ်ဆွမ်းလောင်းတာ အဲ့ဒါပဲ။ အရုဏ်ဆွမ်းလောင်းတာ မစားရင်လည်း သူက ကပ်ခံလိုက်တာနဲ့ကို အပြစ်သင့်သွားပြီ။ [804] ဤနည်းတူပင် တစ်ရက်သုံး၊ ခုနစ်ရက်သုံး ပစ္စည်းများကိုလည်း သတ်မှတ်ချိန်လွန်ပြီးမှ မစားသင့်သည်ကို သိရပါမည်။ [805] တစ်သက်လုံးပစ္စည်းကိုမူကား အကပ်ခံပြီး တစ်သက်လုံး သုံးဆောင်နိုင်သည်၊ အချိန်လွန်သည်ဟူ၍ မရှိပါ။ [806] သို့ဖြစ်၍ အလှူရှင်များသည် မိမိတို့ ဆက်ကပ်လှူဒါန်းမည့် ပစ္စည်းကိုကြည့်၍ လှူဒါန်းမည့်ပစ္စည်း၏ ကပ်နိုင်၊ ထားနိုင်သည့်အချိန်ကို နားလည်ဆက်ကပ်လှူဒါန်းနိုင်ရန် သတိထားဖို့ လိုအပ်လှပါသည်။ [807] ဦးဇင်းတို့ အဲ့ဒါကြောင့် ကပ်တဲ့အခါမှာ ကိုယ့်ပစ္စည်း ကိုယ်ကပ်မယ့်ပစ္စည်းကို ကိုယ့်ဘာသာ ခွဲခြားပြီးတော့ ချောက်ထားပြီးတော့ ကပ်ကြပေါ့နော်။