[612] မီးနဲ့ချက်ထားခဲ့ရင်တော့ အဲ့အဖျော်ယမကာ မသောက်ကောင်းဘူး။ [613] နော် မသောက်ကောင်းဘူး။ [614] ဒါပေမဲ့ ယနေ့ခေတ် အဖျော်ယမကာ တော်တော်များများက သကြားတွေ လုပ်ထားတာ။ [615] သကြားကို လုပ်ထားတာ။ ဟို Sprite တို့ ဘာတို့ ဆိုရင် နော် သကြားကို လုပ်ထားတာ။ [616] အဲ့တော့ သကြားဖျော်ရည် ဖြစ်တဲ့အတွက်ကြောင့် သူက သောက်ကောင်း ညနေပိုင်း သောက်လို့ ရသွားတယ်။ [617] မီးနဲ့ချက်ထားလည်း သောက်လို့ ရတယ်။ [618] အရှင်ဘုရား ကြံရည်ကျတော့။ [619] အေး လာပြီ လာပြီ။ ဟုတ်တယ်၊ သူက ကြံရည် ခုနက မအပ်တဲ့ထဲမှာ မပါတော့ဘူးလေ။ [620] မအပ်တဲ့ထဲမှာ မဟုတ်ဘူးဆိုတော့ သူက အပ်တဲ့ထဲ ပါသွားပြီပေါ့။ [621] ခုန မအပ်တဲ့ အသီး ၉ မျိုး ရှိတယ်လေ။ ၁၁ မျိုးပေါ့။ အဲ့ထဲမှာ ကြံရည် မပါဘူး။ [622] အဲ့ဒါကြောင့် ကြံရည် ညနေပိုင်း သောက်လို့ ရတာပေါ့။ [623] ကြံသကာခဲတောင် ရသေးတာပဲလေ။ [624] ကြံသကာခဲကိုတောင်မှ ဆေးပစ္စည်းထဲမှာ ထည့်ထားတာဆိုတော့ သူ့ကို အရည်ဖျော်လိုက်လို့ရှိရင် ဒါ ကြံရည်ပဲပေါ့ သူက။ [625] အဲ့ဒါကြောင့် ကြံရည်ကျတော့ နဝါဒ ရှိတယ် အဲ့ဒါက။ [626] သူက ကြံရည်ကို နဝါဒ ခွဲတယ်ဆိုတာက... [627] ရေရောရင် ရော၊ မရောရင် မရော။ [628] အင်း ဒီလို ဒီလို သူက... [629] ခုနက ဦးဇင်းတို့ တနင်္ဂနွေ ၃ အာဟာရ၊ နော် တစ်ရက်သုံး အာဟာရ၊ ခုနစ်ရက်သုံး အာဟာရ၊ တစ်သက်သုံး အာဟာရလို့ လေးမျိုးခွဲတယ်။ [630] အဲ့တော့ ကြံရည်သည် ဘယ်ထဲမှာ ပါသလဲလို့ မေးကြတဲ့အခါမှာ ခုနစ်ရက်သုံး ပါတယ်လို့ ပြောလို့ရတယ်ပေါ့ နော်။ [631] ခုနစ်ရက်သုံး ပါတယ်လို့ ပြောကြတဲ့အခါ ခုနစ်ရက်သုံး ဆိုလို့ရှိရင်တဲ့ သူက ဒီတိုင်း စားလို့ မရဘူး။ [632] ဘာလို့လဲဆိုတော့ သူက ရောဂါရှိမှ စားရမှာကိုး ခုနစ်ရက်သုံး ဆိုလို့ရှိရင်လေ။ [633] အဲ့တော့ အဖျော်ယမကာ အနေနဲ့ သောက်ချင်တယ်ဆိုရင် ရေရောရမယ်။ [634] ခုန စတုမဓူကို ရောဂါမရှိဘဲနဲ့ စားချင်တယ်ဆိုရင် ဘာလုပ်ရမလဲ ရေနဲ့ဖျော်ရမယ်။ [635] သဘောပေါက်လား။ ပျားရည်ကို ရောဂါမရှိဘဲ စားချင်တယ်ဆိုရင် ရေရောရမယ်။ [636] ဟုတ်ပြီနော်။ အဲ့လိုမျိုး။ ထန်းလျက်ခဲကို ရောဂါမရှိဘဲ စားချင်တယ်ဆိုရင် ရေနဲ့ဖျော်ရမယ် ထန်းလျက်ခဲကို။ [637] အခဲလိုက် စားလို့ မရဘူး။ [638] အဲ့ဒါကို ထောက်ဆပြီးတော့ ကြံရည်ဟာလည်း ခုနစ်ရက်သုံး ဖြစ်တဲ့အတွက်ကြောင့် ဒီတိုင်း သောက်လို့ မရဘူး၊ ရေရောဖို့ လိုအပ်တယ်ဆိုပြီးတော့ ဆုံးဖြတ်ကြတဲ့ ဆရာတော်များ တချို့ရှိတယ်။ [639] တချို့ဆရာတော်များလည်း မလိုဘူး၊ သူ့အတိုင်း သောက်လို့ ရပါတယ်ဆိုတဲ့ ဆုံးဖြတ်တဲ့ ဆရာတော်တွေလည်း ရှိတယ်။ [640] အဲ့တော့ ကြံရည်ကတော့ နှစ်မျိုးကွဲသွားတယ်ပေါ့ နော်။ [641] ကြံရည်ကတော့ အဲ့ဒါကြောင့် ခုနစ်ရက်သုံးထဲမှာ ထည့်ထားပြီးတော့ ရေရောသင့်တယ်ဆိုတဲ့ ဝါဒရှိတယ်၊ ရေမရောဘဲနဲ့ သောက်လို့ရတယ်ဆိုတဲ့ ဝါဒရှိတယ်။ [642] အဲ့တော့ ဒီဟာကတော့ ဦးဇင်းတို့ မငြင်းတော့ဘူး၊ ကြိုက်တဲ့ ကြိုက်သလို ကျင့်သုံးလို့ ရတယ်ပေါ့။ ဆရာတော်ကြီးတွေ ကိုယ်တိုင်ကကို ဒီလို ဆုံးဖြတ်ခဲ့တာဆိုတော့။ [643] နော် အဲ့တော့ ခုနက ထန်းလျက်ခဲတွေကို ညနေပိုင်း စားလို့ မရဘူး။ [644] အဲ့တော့ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေနဲ့ဖျော်ပြီး သောက်လို့ ရတယ်။ [645] ပျားရည် ဒီတိုင်းပဲ အဖျော်ယမကာ လုပ်ချင်တယ်ဆိုရင် ရေနဲ့ဖျော်ပြီးတော့ ပျားရည်သောက်လို့ ရတယ်။