## PAGE 1

**ရတနာ့ဂုဏ်ရည်နှင့်**
**ရုပ်ပုံရှင်ကျင့်ဝတ်**
**မဟာဂန္ဓာရုံတိုက်**
**လီလီက**
**စာမပူရမြို့**
**သပွတ်ရ**
**အလှူဒကာ**
**ကျော်လင်း**
**အလှူအမေ ဒေါ်ကြည်**
**သားသီးဘဇံ**
**ကောင်းမှု**
**၁၃၅၀-ပြည့်နှစ်**
**တန်ခူးလဆန်း(၅)ရက်**

---

## PAGE 2

**အရှင် ဇနကာဘိဝံသ၏**
**ပဌမ ကျမ်းစာ**
**ရတနာ့ဂုဏ်ရည်**

[လက္ခဏာတော်ကြီး ဘုရားရှိခိုးပါသည်။ ]

၃ ၃ ၃ ၉ -ခု၊
တန်ဆောင်မုန်းလ၊
နှုန်း- ၁ဝိ/-
"လွင်" ပုံနှိပ်တိုက်၊ မန္တလေးမြို့။
(က) (အဋ္ဌမအကြိမ်)

---

## PAGE 3

### အချီ နိဒါန်း

> ဥုံ နမော တေ ဝိဇေတုံ မေ
> ဇယတော ဒဒတော ဇယံ၊
> နဋ္ဌာန္တံ သဗ္ဗသော
> ကရ မေ ဇယမင်္ဂလံ။

#### ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်

သဗ္ဗညုဘုရားရှင်ကို "ဗုဒ္ဓ"ဟု
ခေါ်၏၊ ထို ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို "ဗုဒ္ဓဘာသာ"
ခေါ်၏၊ ထို ဗုဒ္ဓရှင်တော်မြတ်၏တရားတော်အတိုင်း လိုက်နာနေထိုင်
သူကို "ဗုဒ္ဓဘာသာဝင်"ဟူ၍ ခေါ်၏၊ ထိုဗုဒ္ဓဘာသာဝင်ဖြစ်လိုသူ-
သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ ဓမ္မ သံဃ (ဘုရား, တရား, သံဃာ)
ရတနာမြတ် ၃ ပါး၏ အကြောင်းအရာကို ကောင်းစွာ နားလည်
ရမည်၊ ထိုသို့ နားလည်ပြီးနောက် ထို ရတနာ ၃ ပါးကို မိမိယုံကြည်
သလား မယုံကြည်ဘူးလား ဟု စဉ်းစားထိုက်၏၊ မယုံကြည်လျှင်
"ဗုဒ္ဓဘာသာဝင်ပါ"ဟု ပြောဆို ဝန်ခံနေသော်လည်း "ဗုဒ္ဓဘာသာ
ဝင်" မဖြစ်နိုင်သေးပါ၊ ယုံကြည်လျှင်ကား "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"
စသော သရဏဂုဏ် ၃ ပါးကို ဆောက်တည်ရ၏။ ထိုအခါ ဗုဒ္ဓဘာသာ
ဝင်အစစ် ဖြစ်၏။

#### ဉာဏ ဗုဒ္ဓဘာသာဝင်

ထို ဗုဒ္ဓဘာသာဝင်တို့တွင် ဉာဏ်နှင့်
ယှဉ်၍ နှစ်နှစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌
သက်တော်ထင်ရှား မြတ်ဘုရားကို စိတ်ထဲ၌ ထင်လာမြင်လာအောင်
ကိုးကွယ်သည့်အပြင်, ရုပ်ပုံ စေတီတော်များကိုလည်း ( ရွှေရှိသည်

---

## PAGE 4

ဖြစ်စေ – မရှိသည်ဖြစ်စေ ) ကျေကျေနပ်နပ် လေးမြတ်လေ့ ရှိ၏၊
တရားကို ကိုးကွယ်ရာ၌လည်း တရား အစစ်အမှန် ကျမ်းဂန်ပိဋကနှင့်
မဂ်ဖိုလ်နိဗ္ဗာန် တရားကို မှန်းဆ၍ အားရပါးရ ပူဇော်၏၊ သံဃာကို
ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္နတာစသော ဂုဏ်တို့နှင့် အတော်အတန်
ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်းင်း, အမှန်အတိုင်းအားဖြင့် အရိယာ
သံဃာတော်ကိုလည်းကောင်းင်း ကိုးကွယ်၏၊ ထိုရတနာ ၃ ပါးအတွက် ဆိုလျှင်
အသက်ကိုပင်စွန့်ဝံ့၏၊ ဤသူကား ဉာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင်
ဖြစ်သူပေတည်း။

#### သဒ္ဓါ ဗုဒ္ဓဘာသာဝင်

သူများအပြောကောင်း၍ ယုံကြည်
သော သဒ္ဓါဖြင့် သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်
ဖြစ်နေသူ
တို့ကား ဘုရားစစ် တရားစစ် သံဃာစစ် တို့၌ ထိထိရောက်ရောက်
သဒ္ဓါစိတ်ပေါက်သူ နည်းပါး၏၊ ( လုံးလုံး မရှိဘူးဟု မဆိုလိုပါ၊ )
ဘုရားကို ကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရားထိအောင်
စိတ်မရောက်နိုင်ဘဲ ရုပ်ပုံ စေတီတော် လောက်သာ စိတ်ရောက်၏၊
ရုပ်ပုံ စေတီတော်များတွင်လည်း ဆွေဘုရား မျိုးဘုရား မိမိ ပူဇော်
ထားသော ရုပ်ပွား စေတီတော်များကို ပိုမို၍ ကြည်ညိုတတ်ကြ၏၊
ရွှေပြောင်ပြောင် စေတီရုပ်ပွားကိုလည်း သာ၍ ကြည်ညိုကြသေး၏။
ထို့ကြောင့်ပင် မိမိတို့၏ ရပ်ရွာ၌ ရွှေမရှိသော ရုပ်ပွား စေတီ
တော်များကိုပစ်ထားခဲ့၍ မြို့ကြီးပြကြီးသို့ ဘုရားဖူးသွားကြ၏၊အခါ
တစ်ပါး၌ တောကမိန်းမတစု မန္တလေးသို့ သွားခါနီးဝယ် "ဘုရားဖူး
သွားမလို, ဘုရားဖူးသွားမလို"ဟု ကျယ်လောင် ကျယ်လောင်နှင့်
ပြောဆိုနေကြသည်ကိုအတော်နားလည်သောကျောင်းဒကာကြီးက
"တိုးတိုးပြောကြပါ ဟရို ့ ဒွိရာက ကိုယ်တော်မြတ်တွေကြားလျှင်
အားနာစရာ ဖြစ်နေပါ့မယ်" ဟု ပြက်ရယ်ပြုလိုက်သတဲ့၊ ထို သဒ္ဓါ
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား ကြည်ညိုပုံသာ စည်းကမ်းမကျသည်
မဟုတ်သေး, တရား သံဃာ ကြည်ညိုကြရာတွင်လည်း စည်းကမ်းမဲ့လှ
ချေ၏၊ ထို စည်းကမ်းမဲ့တို့ကို တရားဂုဏ်တော်နှင့် သံဃာ့ဂုဏ်တော်
အဆုံးမှာ ပြထားသည်။

#### သရဏဂုဏ်နှင့် သီလရှိသူ အပါယ်မကျ

"ဆင်းတု စေတီ
တော်များကိုဖူးမျှော်ရသည်မှာ ကုသိုလ်မရ"ဟု မဆိုလိုပါ များစွာ
ကုသိုလ်ရပါပေသည်၊သို့သော် ဆင်းတုတော် စေတီတော်များသည်
သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာဖို့ရာ တည်ထား
ကိုးကွယ်အပ်သော
အတုအပွားမျှသာ ဖြစ်သောကြောင့် ဘုရားရှင်
တိုင်အောင် အာရုံပြုနိုင်မှန်းဆနိုင်မှသာ စနစ်ကျန သာ၍ အကျိုး
ရသော ဖူးမျှော်ခြင်းဟုဆိုလိုပါသည်၊ ထိုသို့ ဘုရားရှင်၏ ဂုဏ်တော်
များနှင့်တကွ တရား သံဃာတော်၏ ဂုဏ်တော်များကို လေးလေး
အာရုံပြုတတ် ကြည်ညိုတတ်သည့်ပြင်, ဒုစရိုက်ဆယ်ပါးမှ
ရှောင်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံ လုံခြုံပါမူကား။…………

> "ဣဓ မဟာနာမ ဧကစ္စော ပုဂ္ဂလော နဟေဝ ခေါ ဗုဒ္ဓေ အဝေစ္စ
> ပသာဒေန သမန္နာဂတော ဟောတိ၊ န ဓမ္မေ န သံဃေ၊ န
> ဟာသပညော, န ဇဝနပညာ, နစ ဝိမုတ္တိယာ သမန္နာ
> ဂတော၊ အပိစဿ ဣမေ ဓမ္မာ ဟောန္တိ သဒ္ဓိန္ဒိယံ ဝီရိယိန္ဒိယံ
> သတိန္ဒိယံ သမာဓိန္ဒိယံ ပညိန္ဒိယံ၊တထာဂတေစဿ သဒ္ဓါမတ္တံ
> ဟောတိ ပေမမတ္တံ၊ အယမ္ပိ ခေါ မဟာနာမ ပုဂ္ဂလော အဂန္တာ

---

## PAGE 5

နိရယံ, အဂန္တာ တိရစ္ဆာနယောနိ, အဂန္တာ ပေတ္တိဝိသယံ,
အဂန္တာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ"ဟူ၍…
ဟောတော်မူအပ်သော ( မဟာဝဂ္ဂ, သောတာပတ္တိသံယုတ်
သရဏာနိဝဂ်, ပဌမ သရဏာနိသက္ကသုတ် ) ပါဠိတော်နှင့် လျော်
ညီစွာ အပါယ်လေးပါးမှ တစ်ခါတည်းကင်းလွတ်သော သောတာပန်
အခြေသို့ ရောက်လေပြီဟု ယုံကြည် စိတ်ချထိုက်ပေတော့သည်။

ထိုစကား မှန်၏၊… ပင်ကိုယ်က အောက်အကြေသို့ စီးနေသော
မြစ်ရေအယဉ်သည် သမုဒ္ဒရာနှင့် ကြာလေ နီးလေ ဖြစ်သကဲ့သို့ အနိစ္စ
ဒုက္ခ အနတ္တသဘောကို ထင်မြင်၍ သံသရာ၌ ငြီးငွေ့လက်စရှိသော
ထို သူတော်စင်၏ စိတ်အစဉ်သည်လည်း နိဗ္ဗာန်သို့ ညွတ်ကိုင်းရင်း
ရှိရကား, နိဗ္ဗာန်နှင့် ကြာလေ နီးလေပင် ဖြစ်တော့၏။

အရှေ့ဘက်သို့ ကိုင်းညွှတ်လျက် ရှိသော သစ်ပင်သည် လဲသည့်
အခါ အရှေ့ဘက်သို့သာ လဲဖွယ်ရာရှိသကဲ့သို့, နိဗ္ဗာန်သို့ကိုင်းညွှတ်
နေသော စိတ်အစဉ်သည် ကုသိုလ်ကောင်းမှု ပြုသမျှ၌ နိဗ္ဗာန်ဘက်
သို့သာ ညွှတ်လျက် ရှိသည်ဖြစ်၍ ထို သူတော်စင်သည် အဘယ်မှာ
အပါယ်လေးပါးသို့ သွားဖွယ်ရှိပါတော့အံ့နည်း။

#### သရဏဂုဏ် သီလလုံသူ သောတာပန်နှင့်တူ

ဆိုအပ်ပြီး
စကား၌ "ကိုယ်ကျင့် လုံခြုံ"ဟူရာဝယ် "ငယ်စဉ်ကစ၍ လုံခြုံမှသာ
လုံခြုံရာ ရောက်သည်" ဟု မဆိုလိုပါ၊ သတိတရား ရသည်ကစ၍
စိတ်ချလက်ချ လုံခြုံလာလျှင် လုံခြုံသည်ပင် မည်နိုင်ပါသည်၊ ဘုရား
လက်ထက်တော်၌ "သရဏာနိ" မည်သော ဥပါသကာသည်
ရတနာ သုံးပါးကို အသဲစွဲ ကြည်ညို နေသော်လည်း ငယ်ရွယ်စဉ်
ကာလက ငါးပါးသီလလောက်မျှ မလုံခြုံဘဲရှိခဲ့ရာ, စုတေခါနီးကျမှ
သတိရ၍ လူ့သိက္ခာကို စောင့်ထိန်းလျက် စုတေသည်၊ ထို့နောက်
ကျန်ရစ်သူတို့က ထိုသူ၏ လားရာဂတိကို ဘုရားရှင်အား လျှောက်
ကြရာ ဘုရားရှင်က ထိုဥပါသကာကို အပါယ်လေးပါးမှလွတ်သော
သောတာပန်ဖြစ်ရကား သုဂတိသို့ ရောက်နေကြောင်းကို မိန့်တော်
မူပါသည်။

#### ကြိုးစားဖွယ်

ထို့ကြောင့် မကောင်းသော မြေရေ၌ စိုက်ပျိုး
လေသမျှ မျိုးစေ့သည် မည်မျှပင် အောင်မြင်စေကာမူ အကျိုး မပြီး
အချည်းနှီး ပျက်ပြား၍ ဆုံးပါးရသကဲ့သို့ မူလ မမှန်သော ဘုရား
တရား၌ အားထား ကိုးကွယ်လေသမျှသည် အချည်းနှီး အကျိုးမဲ့
ဖြစ်ရုံသာမက, ထို ဘုရား တရားဘက်၌ အားတက်သရော ဟော
ပြောမှုကြောင့် အထုအထည် ကြီးမားလှသော မကောင်းမှု အကျိုး
ကိုပင် ခံရှာရချေဦးမည်၊ ထိုမျှလောက် အပြစ်များ၍ ဆုံးပါးဖွယ်
ရှိသော ဘာသာတစ်ပါး အယူရှိကြသူများသည် သူတို့၏ ဘုရား တရား
ကို အားထားမှီခို ကြည်ညို လေးမြတ်ကြကုန်သေး၏။

ကောင်းသော ရေမြေ၌ကား အားပါးတစိုက်မဟုတ်ဘဲ မလိုလဲ
လိုလဲ စိုက်ပျိုးရုံမျှဖြင့် ကြီးမြင့် ထွားကျိုင်းသော အပင်ကြီးများကို
ရနိုင်သကဲ့သို့ ဘုရား တရား သံဃာမှန်တို့၌ ပြုစု အားထုတ်လိုက်
သမျှသည် "ညောင်စေ့ကလေးမှ ညောင်ပင်ကြီးပေါက်သည့်ပမာ"
ယုံကြည်ဖွယ်ရာမရှိလောက်အောင် မြင့်ခေါင်ကြီးမားသောအကျိုး
တရားကို ခံစားရပေမည်၊ စိတ်ပါလက်ပါ အားရပါးရ ဂရုစိုက်၍
ကိုးကွယ် ဆည်းကပ်လိုက်ပါမူကား တစ်သံသရာလုံး စိတ်ချ လက်ချ
