## PAGE 6

နိဗ္ဗာန် တိုင်အောင် အကျိုးကို မုချရနိုင်သည် ဖြစ်၍ အကြောင်း
အကျိုး စိစစ်က အပြစ်ဆိုဖွယ်မရှိသော ဗုဒ္ဓဘာသာ အယူကြီးကို
လက်ကိုင်ရကြပါလျက် ယုံကြည်ချက်လျော့၍ အဘယ်မှာ ခပ်ပေါ့
ပေါ့ နေထိုက်ပါအံ့နည်း၊ နေ့စဉ်ရက်ဆက် နှစ်သက် ကျေနပ်အောင်
အထပ်ထပ် စဉ်းစား၍ တရားတော်အရ ကျကျနန လိုက်နာထိုက်
ကြသည် မဟုတ်ပါလော။

ဤသို့လျှင် ဘုရား တရား သံဃာ ရတနာသုံးပါးကို လွန်စွာ
အားထားလျက် ကိုယ်ကျင့်တရား လုံခြုံပါမူ နောင်သံသရာရေးဝယ်
စိတ်ချဖွယ် ကောင်းလှသောကြောင့် ရတနာသုံးပါး၏ ဂုဏ်တော်
များကိုအာရုံပြုတတ်-မှန်းဆတတ်ဖို့ရာရေးသားပေးဖို့အကြောင်း
တောင်းပန်အပ်ဖူးလှလေပြီ၊ သို့သော် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏
အဖွင့်ဖြစ်သော "သင်္ဂြိုဟ် ဘာသာဋီကာ" ကို ရေးသားဆဲဖြစ်၍
အားလပ်ခွင့် မရသောကြောင့် ရှေးဆရာတော်များ၏ ဂုဏ်တော်ဖွင့်
ကိုသာ ကြည့်ရှု ကျက်မှတ်ဖို့ရန် ညွှန်ပြခဲ့ရပေသည်။

"

ယခုဓာဖန် ရှေးခေတ်က ရှေးစံနစ်ဖြင့် ရေးသားအပ်ပြီးသော
ဘုရားရှင် ဂုဏ်တော်ဖွင့်များတွင် အသိဉာဏ် မသက်ဝင်နိုင်သူတို့က
တောင်းပန်ကြပြန်သောကြောင့် ကျမ်းဂန်အဖွင့်လည်း လက်မလွှတ်
စေရ ခေတ်ကာလနှင့်လည်း လိုက်လျောအောင် ညက်ညောသော
အနက်သွား ထင်ရှားသော အဓိပ္ပာယ်ဖြင့် ခပ်လွယ်လွယ် ရေးသား
ဖို့ရန် . စိတ်အကြံ ဖြစ်သည်အားလျော်စွာ ရတနာ မြတ်သုံးပါး၏
ဂုဏ်တော် အရည်အချင်းများကို ပဓာန ထားပြီးလျှင် – "ရတနာ့
ဂုဏ်ရည်" ဟူသော အမည်ဖြင့် ရေးသားပါအံ့။

### အချိနိဒါန်း — ရေးသားပုံ အစီအစဉ်

ဘုရားဂုဏ်တော် ဘုရားဂုဏ်တော် အဖွင့်ကို ရေးသားရာ၌ ဘုရား
ရှင်၏ အဖြစ်တော်စဉ်, ဘုရားရှင်၏ ရုပ်ပုံတော်
ရောင်ခြည်တော်ခြောက်သွယ်ဖြင့် သပ္ပါယ်တော်မူပုံ လုံ လဝီရိယနှင့်
မဟာကရုဏာတော် ကြီးမားသဖြင့် သတ္တာတို့၏ အကျိုးစီးပွားကို
အားလပ်ခွင့်မရအောင် ရွက်ဆောင်တော်မူပုံ ဤ အလုံးစုံကို သိစေ
ပြီးမှ ဂုဏ်တော်၏ အရည်အခြင်းကို ပြရလျှင် သပ္ပါယ်သော ရုပ်ပုံ
တော်တွင် ဂုဏ်တော်များ ထင်မြင်လာဖွယ် ရှိသောကြောင့် ရုပ်ပုံ
တော်ဖွင့် ရောင်ခြည်တော်ဖွင့်, စေတီတော်ဖွင့်များကို ရှေးဦးစွာ
ပြလျက် ဂုဏ်တော်ဖွင့်ကို ဆက်လက် ရေးသားပါသည်။ [ ဘုရား
အဖြစ်တော်စဉ်ကိုကား အနည်းငယ် ရှည်လျားသဖြင့် ဤကျမ်း၏
အဆုံးမှာ ပြထားပါသည်။]

တရားဂုဏ်တော် တရား ဂုဏ်တော်ဖွင့်ကို ရေးသားရာ၌ ပုံသဏ္ဌာန်
မထင်ရှားသော တရား ဂုဏ်တော် အစဉ်သည်
စိတ်ထဲ၌ ထင်မြင်နိုင်ရန် ခဲယဉ်းသောကြောင့် နက်နဲသော တရား
ဂုဏ်တော်ကို ဝတ္ထုပုံ သက်သေများဖြင့် ထင်ရှားအောင် ရေးသား
ထားပါသည်။

သံဃာ့ဂုဏ်တော်
သံဃာ့ဂုဏ်တော်အဖွင့်၌လည်း ယခုကာလ မျက်မြင်
သံဃာလောက်တွင် စိတ်ဝင်စားမှုကို အထူး တား
မြစ်၍ ရှေးရှေးက အရိယာသံဃာတော်များနှင့် ပုထုဇဉ် သီလ
ရှိသော သံဃာတော်များကို ရည်မှန်း၍ အာရုံပြုတတ်ဖို့ရာ ဝတ္ထု
ပေါင်း များစွာကို အချုပ် အချုပ်မျှ ထုတ်ပြထားပါသည်။

---

## PAGE 7

ထို့နောက်… ရတနာသုံးပါး၏ ဂုဏ်ရည်ကို ယုံကြည်
ငါးပါးသီလ ကျေနပ်၍ ဆည်းကပ် ကိုးကွယ်သူသည် "သရဏဂုံ
တည်သူ" ဖြစ်ရကား သရဏဂုံ တည်လျှင် ငါးပါး
သီလကိုလည်း နေ့စဉ်မပြတ် စောင့်ထိန်းမှသာ သူတော်ကောင်း
ပြီသရာ ရောက်သောကြောင့် ယခုကာလ အများသုံး "ဩကာသ"မှ
စ၍ ငါးပါးသီလတိုင်အောင် ဖွင့်ပြထားပါသည်။

ရှစ်ပါးသီလ ထို့နောက်– ရံဖန်ရံခါ ဥပုသ်စောင့်ရာဝယ် လိုက်နာ
ဖွယ်ရာ အချက်များနှင့် တကွ စောင့်ထိန်းအပ်သော
သိက္ခာပုဒ်များ၏ အကျိုးကို အမျိုးမျိုး ယုတ္တိပြလျက် ခေတ်ကာလ
စဉ်းစားသူတို့၏ဉာဏ်နှင့် သင့်တင့်အောင် မှန်းထား၍ တခမ်းတနား
ရေးသားထားပါသည်။

အာဇီဝဋ္ဌမကသီလ ထို့နောက်- ဗုဒ္ဓဘာသာစစ်စစ် သူတော်ကောင်း
ဖြစ်ရိုးမှန်လျှင် မိမိ၏ အသက်မွေးမှုကို တရား
နည်းလမ်းကျအောင် ပြုထိုက်သောကြောင့် "အာဇီဝဋ္ဌမကသီလ"
ကိုလည်း ဖွင့်ပြထားပါသည်။

နဝင်္ဂသီလ
ထို့နောက်– ယခုအခါ အချို့ သူတော်ကောင်းတို့
၁၀ ပါးသီလ ၉ ပါး ၁ဝ ပါး သီလများကို ဆောက်တည်လေ့
ရှိသောကြောင့် ထို သီလများ ဆောက်တည်ရာဝယ်
စောင့်ရှောက်ဖွယ်များကို အချုပ်မျှ ရေးသားထားပါသည်။

ဒုစရိုက် စသည် … ထို့နောက်… ဗုဒ္ဓဘာသာတိုင်း သိဖွယ် ကျင့်ဖွယ်
ဖြစ်သော ဒုစရိုက် သုစရိုက် ပုညကိရိယဝတ္ထုများကို
အကျဉ်း အကျယ် ခွဲခြား၍ သိသာရုံ အချုပ်မျှ ထုတ်ပြထားသည်။

-

ကံ ကံ၏အကျိုး ထို့နောက် – အများမျက်မြင် နေ့စဉ် အကျိုးပေး
ဟန်ကို ရှေးကံနှင့် ဆက်သွယ်၍ လူငယ်များပင်
နားဝင်လောက်အောင် ကံ ကံ၏အကျိုးကို ယုံကြည်သော သမ္မာဒိဋ္ဌိ
ကမ္မဿကတာဉာဏ် ) ဖြစ်ပေါ်စေနိုင်သော
ပဏ္ဏာသပါဠိတော်
ကြီးလာ ကမ္မဝိဘင်္ဂသုတ်တော်ကို ဘာသာပြန်ထားပါသည်။

ကံ ဉာဏ် ဝီရိယ ထို့နောက် – အချို့သော ဗုဒ္ဓဘာသာဝင် တို့သည်
ကံ ဉာဏ် ဝီရိယ ရှေးကံကိုသာ တထစ်ချ အားကိုးတတ်ကြလေရာ
ထိုသို့ အားမကိုးဖို့ရန် ဉာဏ်နှင့် ဝီရိယ အချက်များကိုလည်း အမြွက်
အားဖြင့် ထင်ရှားအောင် ဖေါ်ပြထားပါသည်။

-

ထို့နောက် … အများနှင့်ဆိုင်သော ဆုတောင်းနည်း
ဆုတောင်းခဏ်း ပါရမီဖြည့်ဖို့ အရေး၌ လေးလေးပင်ပင် စီစဉ်
ညွှန်ပြ၍ နေ့စဉ် ဒါနမှုဝယ် အတိုချုပ် ဆုတောင်းဟန်ကိုလည်း စီမံ
ရေးသားထားပါသည်။

နိဂုံး
ဤမျှလောက်သော အစီအစဉ်ဖြင့် ဗုဒ္ဓဘာသာဝင် တို့၏
သိဖွယ်များ အထိုက်အလျောက် လုံလောက်ပြီ ဖြစ်ရကား
ဘုရား အဖြစ်တော်စဉ်နှင့် တကွ စာရှုသူ အများပင် သတိပြုဖွယ်
ဧကာင်းလှသော သမုဒ္ဒဝါဏိဇဇာတ်တော်ကို အကျဉ်းချုပ်၍ နိဂုံး
အုပ်လိုက်ပါသည်။

၁၂၉၃-ခု
တပို့တွဲလ၊
အရှင်ဇနကာဘိဝံသ

---

## PAGE 8

### မာတိကာ

အကြောင်းအရာ

(က) ဘုရားဂုဏ်တော်ဖွင့်များ

မာတိကာ

၁။ ရုပ်ပုံတော်ဖွင့် ….
၂။ ရောင်ခြည်တော်ဖွင့် [ရောင်ခြည်တော်ပြဿနာပါသည်။]
၃။ စေတီတော်ဖွင့် [ဘုရားပုထိုး ခေါ်ပုံနှင့် ဘုရားဒြဗ်တော်ကို အာရုံပြုသင့်ပုံ။]
၄။ ဘုရားဂုဏ်တော်ပြ ပါဠိတော်ဖွင့်

စာမျက်နှာ
၁
၅
၃၆
၃၉

၅။ အရဟံဂုဏ်တော်ဖွင့်
၆။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့်
၇။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့်
၈။ သုဂတ ဂုဏ်တော်ဖွင့်
၉။ လောကဝိဒူ ဂုဏ်တော်ဖွင့်
၁၀။ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့်
၁၁။ သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်ဖွင့်
၁၂။ ဗုဒ္ဓ ဂုဏ်တော်ဖွင့်
၁၃။ အိမ်သုံး မဂ္ဂင်ရှစ်ပါးနှင့် ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး
၁၄။ ဘဂဝါ ဂုဏ်တော်ဖွင့် [အရပ်တော်အဆုံးအဖြတ်။]
၁၅။ ဘုရားရှိခိုး ဂါထာဖွင့် ..
၁၆။ ဂုဏ်တော် ၉ ပါး ဆက်သွယ်နည်း

၄၆
၄၉
၅၂
၅၈
220
၆၅
၄၉
၅၂
၅၈

### (ခ) တရားဂုဏ်တော်ဖွင့်များ

၁။ တရားဂုဏ်တော်ပြ ပါဠိတော်အဖွင့်
၂။ သွာက္ခာတ ဂုဏ်တော်ဖွင့် …
၃။ သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့်
၄။ အကာလိက ဂုဏ်တော်ဖွင့်
၅။ ဧဟိပဿီက ဂုဏ်တော်ဖွင့်
၆။ ဩပနေယျက ဂုဏ်တော်ဖွင့်
၇။ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်ဖွင့်
၈။ တရားရှိခိုး ဂါထာဖွင့်
၉။ တရားပူဇော်နည်း

၈၅
၈၇
၉၁
၉၅
၉၆
၁၀၃
၁ဝ၆
၁၀၇
၁၁၂
၁၁၅
၁၁၆
၁၂၁

### (ဂ) သံဃာ့ဂုဏ်တော်ဖွင့်များ

၁။ သံဃာ့ဂုဏ်တော်ပြ ပါဠိတော်ဖွင့်
၂။ သုပ္ပဋိပန္နေ ဂုဏ်တော်ဖွင့်
၃။ ဥဇုပ္ပဋိပန္န
၄။ ဉာယပ္ပဋိပန္န
၅။ သာမိစိပ္ပဋိပန္န
၆။ ပုရိသယုဂါနိ ပါဠိ
၁၇။ ဂုဏ်တော်အကျိုး [မိဖုရားစောလုံဝတ္ထု]

၁၂၅
၁၂၆
၁၃၂
၁၃၄
၁၃၇
၉၁
၁၂၉

---

## PAGE 9

### မာတိကာ

အကြောင်းအရာ

၇။ အာဟုနေယျ ဂုဏ်တော်ဖွင့်
၈။ ပါဟုနေယျ
၉။ ဒက္ခိနေယျ
၁၀။ အဉ္စလိကရဏီယ
၁၁။ အနုတ္တရံပုညခေတ္တ ဂုဏ်တော်ဖွင့်
၁၂။ သံဃာ့ရှိခိုး ဂါထာဖွင့်
၁၃။ သာသနာတော် ဆောင်ရွက်ပုံအစဉ်

စာမျက်နှာ
၁၃၈
၁၄၁
၁၄၂
၁၄၈
၁၅၈
၁၆၅
၁၇၁

(ဃ) သရဏဂုံသီလ ဆောက်တည်မှုနှင့် ဆိုင်ရာများ

၁။ ဩကာသအဖွင့်၊ [အခါကြီး ရက်ကြီးများ၌ ကန်တော့နည်း အမျိုးမျိုး ပါသည်။]
၂။ ငါးပါးသီလ ယူကြပုံအစဉ်
၃။ ငါးပါးသီလတောင်း အဖွင့်
၄။ သရဏဂုံအဖွင့်
၅။ ငါးပါးသီလ သိက္ခာပုဒ်များ
၆။ ပါဏာတိပါတအဖွင့်
၇။ အဒိန္နာဒါနအဖွင့်
၈။ ကာမေသုမိစ္ဆာစာရအဖွင့်
၉။ မုသာဝါဒအဖွင့် [စေတိယဇာတ်]
၁၀။ သုရာမေရယအဖွင့်

၂၂၅
၁၈၅
၁၈၉
၁၉၇
၁၉၈
၂၀၃
၂၀၅
၂၁၀
၂၁၉

(င) ဥပုသ်သီလ ဆိုင်ရာများ

မာတိကာ

၁။ သီလတောင်းအဖွင့်
၂။ ရှစ်ပါးသီလ သိက္ခာပုဒ်များ
၃။ အဗြဟ္မစရိယအဖွင့်
၄။ ကောမာရဗြဟ္မစရိယ သီလဆောက်တည်ပုံ
၅။ ဝိကာလဘောဇနအဖွင့်
၆။ နစ္စ ဂီတနှင့် ဥစ္စာသယန သိက္ခာပုဒ်အဖွင့်
၇။ ဥပုသ်သီလများ၌ စဉ်းစားဖွယ်
၈။ ဥပုသ်စောင့်ပုံ အစီအစဉ်
၉။ ဥပုသ်အမျိုးမျိုး
၁၀။ အာဇီဝဋ္ဌမကသီလအဖွင့်
၁၁။ နဝင်္ဂဥပုသ်သီလအဖွင့်
၁၂။ ဆယ်ပါးသီလအဖွင့်
(စ) ဒုစရိုက် - သုစရိုက်အဖွင့်
(ဆ) ပုညကိရိယဝတ္ထုအဖွင့်
(ဇ) ကံ ကံ၏အကျိုးအဖွင့်
(စျ) ကံ ဉာဏ်ဝီရိယအဖွင့်
(ည) ဆုတောင်းအဖွင့်
(ဋ) ဘုရားအဖြစ်တော်စဉ်နှင့် နိဂုံး
(ဌ) လက္ခဏာတော်ကြီး ဘုရားရှိခိုး
(၃). လက္ခဏာတော်ငယ် (၈၀)

၂၂၆
၂၂၉
၁၄၂
၁၅၁
၁၅၅
၂၃၀
၂၃၃
၂၃၆
၂၃၇
၂၄၀
၂၄၇
၂၅၅
၂၅၇
၂၆၃
၂၆၆
၂၆၇
၂၇၄
၂၈၁
၂၉၂
၂၉၂

(အဋ္ဌမအကြိမ်)

---

## PAGE 10

### ရတနာ့ဂုဏ်ရည် — ရုပ်ပုံတော်ဖွင့်

(ကျက်မှတ်ရန်)

> ပစ္ဆိမံ ဖလဒါနေန, ဗဟုံ ပစိတ ပါရမီ၊
> ယဿ ဝေသံ သုမာပေန္တိ ကေနာပိ အသမံ သမံ။

ဗဟုံ – ဤ၍ ဤမျှ, ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမရှိရလေ
အောင်၊ ပစိတပါရမီ-လေးသင်္ချေကိန်း, ကပ်တသိန်းက ထိန်းသိမ်း
စုဆောင်း, ပါရမီတော် အပေါင်းတို့သည်၊ ပစ္ဆိမံ ဖလဒါနေန'
ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန် အကျိုး
ပေးသောအားဖြင့်၊ ယဿ ဘဂဝတော- အကြင် ရွှေဘုန်းတော်
သခင် ရှင်တော်မြတ်ဘုရား၏၊ ဝေသံ-ရွှေမျက်နှာတော်, လက်ခြေ
တော်နှင့်, ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင် အပြင်
တော်ကို၊ ကေနာပိ– လူမင်း နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူ
တယောက်နှင့်မျှ၊ အသမံ-- လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်
ဖြင့်,ဘယ်ဝယ်တိုင်းကာ, မနှိုင်းသာသည်ဖြစ်၍၊ သမံ-တကိုယ်တော်
လုံး, ရွှေတုံး ရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ, သာကီစင်သွေး
အယဉ်ကျေးဆုံး ဖြစ်ရလေအောင်၊ သုမာပေန္တိ— တက်သစ်နေဝန်း
ထွန်းသစ်လစန်း, ပွင့်သစ်ပန်းသို့, ဆန်း အဖုံဖုံ, စခန်းစုံအောင်
အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား။

၁ (အဋ္ဌမအကြိမ်)
