## PAGE 6

### အချိန်နိဒါန်း

နိဗ္ဗာန် တိုင်အောင် အကျိုးကို မုချရနိုင်သည် ဖြစ်၍ အကြောင်းအကျိုး စိစစ်က အပြစ်ဆိုဖွယ်မရှိသော ဗုဒ္ဓဘာသာ အယူကြီးကို လက်ကိုင်ရကြပါလျက် ယုံကြည်ချက်လျော့၍ အဘယ်မှာ ခပ်ပေါ့ပေါ့ နေထိုက်ပါအံ့နည်း၊ နေ့စဉ်ရက်ဆက် နှစ်သက် ကျေနပ်အောင် အထပ်ထပ် စဉ်းစား၍ တရားတော်အရ ကျကျနန လိုက်နာထိုက်ကြသည် မဟုတ်ပါလော။

ဤသို့လျှင် ဘုရား တရား သံဃာ ရတနာသုံးပါးကို လွန်စွာ အားထားလျက် ကိုယ်ကျင့်တရား လုံခြုံပါမူ နောင်သံသရာရေးဝယ် စိတ်ချဖွယ် ကောင်းလှသောကြောင့် ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုတတ် - မှန်းဆတတ်ဖို့ရာ ရေးသားပေးဖို့ အကြောင်းတောင်းပန်အပ်ဖူးလှလေပြီ၊ သို့သော် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ အဖွင့်ဖြစ်သော "သင်္ဂြိုဟ် ဘာသာဋီကာ" ကို ရေးသားဆဲဖြစ်၍ အားလပ်ခွင့် မရသောကြောင့် ရှေးဆရာတော်များ၏ ဂုဏ်တော်ဖွင့်ကိုသာ ကြည့်ရှု ကျက်မှတ်ဖို့ရန် ညွှန်ပြခဲ့ရပေသည်။

ယခုထပ်ဖန် ရှေးခေတ်က ရှေးစနစ်ဖြင့် ရေးသားအပ်ပြီးသော ဘုရားရှင် ဂုဏ်တော်ဖွင့်များတွင် အသိဉာဏ် မသက်ဝင်နိုင်သူတို့က တောင်းပန်ကြပြန်သောကြောင့် ကျမ်းဂန်အဖွင့်လည်း လက်မလွှတ်စေရ ခေတ်ကာလနှင့်လည်း လိုက်လျောအောင် ညက်ညောသော အနက်သွား ထင်ရှားသော အဓိပ္ပာယ်ဖြင့် ခပ်လွယ်လွယ် ရေးသားဖို့ရန် စိတ်အကြံ ဖြစ်သည်အားလျော်စွာ ရတနာ မြတ်သုံးပါး၏ ဂုဏ်တော် အရည်အချင်းများကို ပဓာန ထားပြီးလျှင် — "ရတနာ့ဂုဏ်ရည်" ဟူသော အမည်ဖြင့် ရေးသားပါအံ့။

### ရေးသားပုံ အစီအစဉ်

**ဘုရားဂုဏ်တော်** — ဘုရားဂုဏ်တော် အဖွင့်ကို ရေးသားရာ၌ ဘုရားရှင်၏ အဖြစ်တော်စဉ်၊ ဘုရားရှင်၏ ရုပ်ပုံတော်၊ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် သပ္ပာယ်တော်မူပုံ၊ လုံ့လဝီရိယနှင့် မဟာကရုဏာတော် ကြီးမားသဖြင့် သတ္တဝါတို့၏ အကျိုးစီးပွားကို အားလပ်ခွင့်မရအောင် ရွက်ဆောင်တော်မူပုံ ဤအလုံးစုံကို သိစေပြီးမှ ဂုဏ်တော်၏ အရည်အချင်းကို ပြရလျှင် သပ္ပာယ်သော ရုပ်ပုံတော်တွင် ဂုဏ်တော်များ ထင်မြင်လာဖွယ် ရှိသောကြောင့် ရုပ်ပုံတော်ဖွင့်၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့်များကို ရှေးဦးစွာ ပြလျက် ဂုဏ်တော်ဖွင့်ကို ဆက်လက် ရေးသားပါသည်။ [ ဘုရားအဖြစ်တော်စဉ်ကိုကား အနည်းငယ် ရှည်လျားသဖြင့် ဤကျမ်း၏ အဆုံးမှာ ပြထားပါသည်။]

**တရားဂုဏ်တော်** — တရားဂုဏ်တော်ဖွင့်ကို ရေးသားရာ၌ ပုံသဏ္ဌာန် မထင်ရှားသော တရားဂုဏ်တော် အစဉ်သည် စိတ်ထဲ၌ ထင်မြင်နိုင်ရန် ခဲယဉ်းသောကြောင့် နက်နဲသော တရားဂုဏ်တော်ကို ဝတ္ထုပုံ သက်သေများဖြင့် ထင်ရှားအောင် ရေးသားထားပါသည်।

**သံဃာ့ဂုဏ်တော်** — သံဃာ့ဂုဏ်တော်အဖွင့်၌လည်း ယခုကာလ မျက်မြင်သံဃာလောက်တွင် စိတ်ဝင်စားမှုကို အထူး တားမြစ်၍ ရှေးရှေးက အရိယာသံဃာတော်များနှင့် ပုထုဇဉ် သီလရှိသော သံဃာတော်များကို ရည်မှန်း၍ အာရုံပြုတတ်ဖို့ရာ ဝတ္ထုပေါင်း များစွာကို အချုပ်အချုပ်မျှ ထုတ်ပြထားပါသည်။

---

## PAGE 7

### အချိန်နိဒါန်း (ဆက်)

ထို့နောက်… ရတနာသုံးပါး၏ ဂုဏ်ရည်ကို ယုံကြည်ကျေနပ်၍ ဆည်းကပ် ကိုးကွယ်သူသည် "သရဏဂုဏ်တည်သူ" ဖြစ်ရကား သရဏဂုဏ် တည်လျှင် ငါးပါးသီလကိုလည်း နေ့စဉ်မပြတ် စောင့်ထိန်းမှသာ သူတော်ကောင်းပြည့်စုံရာ ရောက်သောကြောင့် ယခုကာလ အများသုံး "ဩကာသ" မှ စ၍ ငါးပါးသီလတိုင်အောင် ဖွင့်ပြထားပါသည်။

**ရှစ်ပါးသီလ** — ထို့နောက်– ရံဖန်ရံခါ ဥပုသ်စောင့်ရာဝယ် လိုက်နာဖွယ်ရာ အချက်များနှင့် တကွ စောင့်ထိန်းအပ်သော သိက္ခာပုဒ်များ၏ အကျိုးကို အမျိုးမျိုး ယုတ္တိပြလျက် ခေတ်ကာလ စဉ်းစားသူတို့၏ဉာဏ်နှင့် သင့်တင့်အောင် မှန်းထား၍ တစ်ခမ်းတနား ရေးသားထားပါသည်။

**အာဇီဝဋ္ဌမကသီလ** — ထို့နောက်- ဗုဒ္ဓဘာသာစစ်စစ် သူတော်ကောင်း ဖြစ်ရိုးမှန်လျှင် မိမိ၏ အသက်မွေးမှုကို တရားနည်းလမ်းကျအောင် ပြုထိုက်သောကြောင့် "အာဇီဝဋ္ဌမကသီလ" ကိုလည်း ဖွင့်ပြထားပါသည်။

**နဝင်္ဂသီလ** — ထို့နောက်– ယခုအခါ အချို့ သူတော်ကောင်းတို့ ၉ ပါး ၁ဝ ပါး ၁ဝ ပါး သီလများကို ဆောက်တည်လေ့ရှိသောကြောင့် ထိုသီလများ ဆောက်တည်ရာဝယ် စောင့်ရှောက်ဖွယ်များကို အချုပ်မျှ ရေးသားထားပါသည်။

**ဒုစရိုက် စသည်** — ထို့နောက်… ဗုဒ္ဓဘာသာတိုင်း သိအပ် ကျင့်အပ် ဖြစ်သော ဒုစရိုက် သုစရိုက် ပုညကိရိယဝတ္ထုများကို အကျဉ်း အကျယ် ခွဲခြား၍ သိသာရုံ အချုပ်မျှ ထုတ်ပြထားသည်။

**ကံ ကံ၏အကျိုး** — ထို့နောက် – အများမျက်မြင် နေ့စဉ် အကျိုးပေးဟန်ကို ရှေးကံနှင့် ဆက်သွယ်၍ လူငယ်များပင် နားဝင်လောက်အောင် ကံ ကံ၏အကျိုးကို ယုံကြည်သော သမ္မာဒိဋ္ဌိ ကမ္မဿကတာဉာဏ် ဖြစ်ပေါ်စေနိုင်သော ပဏ္ဏာသပါဠိတော်ကြီး ကမ္မဝိဘင်္ဂသုတ်တော်ကို ဘာသာပြန်ထားပါသည်။

**ကံ ဉာဏ် ဝီရိယ** — ထို့နောက် – အချို့သော ဗုဒ္ဓဘာသာဝင် တို့သည် ကံ ဉာဏ် ဝီရိယ ရှေးကံကိုသာ တထစ်ချ အားကိုးတတ်ကြလေရာ ထိုသို့ အားမကိုးဖို့ရန် ဉာဏ်နှင့် ဝီရိယ အချက်များကိုလည်း အမြွက်အားဖြင့် ထင်ရှားအောင် ဖော်ပြထားပါသည်။

**ဆုတောင်းနည်း** — ထို့နောက် … အများနှင့်ဆိုင်သော ဆုတောင်းနည်း ပါရမီဖြည့်ဖို့ အရေး၌ လေးလေးပင်ပင် စီစဉ်ညွှန်ပြ၍ နေ့စဉ် ဒါနမှုဝယ် အတိုချုပ် ဆုတောင်းဟန်ကိုလည်း စီမံရေးသားထားပါသည်။

### နိဂုံး

ဤမျှလောက်သော အစီအစဉ်ဖြင့် ဗုဒ္ဓဘာသာဝင် တို့၏ သိဖွယ်များ အထိုက်အလျောက် လုံလောက်ပြီ ဖြစ်ရကား ဘုရား အဖြစ်တော်စဉ်နှင့် တကွ စာရှုသူ အများပင် သတိပြုဖွယ် ဧကောင်းလှသော သမုဒ္ဒဝါဏိဇဇာတ်တော်ကို အကျဉ်းချုပ်၍ နိဂုံး အုပ်လိုက်ပါသည်။

၁၂၉၃ - ခု
တပို့တွဲလ၊

**အရှင်ဇနကာဘိဝံသ**

---

## PAGE 8

### မာတိကာ

**အကြောင်းအရာ**

**(က) ဘုရားဂုဏ်တော်ဖွင့်များ**

၁။ ရုပ်ပုံတော်ဖွင့် — စာမျက်နှာ ၁
၂။ ရောင်ခြည်တော်ဖွင့် [ရောင်ခြည်တော်ပြဿနာပါသည်။] — စာမျက်နှာ ၅
၃။ စေတီတော်ဖွင့် [ဘုရားပုထိုး ခေါ်ပုံနှင့် ဘုရားဒြပ်တော်ကို အာရုံပြုသင့်ပုံ။] — စာမျက်နှာ ၁၃
၄။ ဘုရားဂုဏ်တော်ပြ ပါဠိတော်ဖွင့် — စာမျက်နှာ ၃၆
၅။ အရဟံဂုဏ်တော်ဖွင့် — စာမျက်နှာ ၃၉
၆။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့် — စာမျက်နှာ ၄၆
၇။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့် — စာမျက်နှာ ၄၉
၈။ သုဂတ ဂုဏ်တော်ဖွင့် — စာမျက်နှာ ၅၂
၉။ လောကဝိဒူ ဂုဏ်တော်ဖွင့် — စာမျက်နှာ ၅၈
၁၀။ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့် — စာမျက်နှာ ၆၅
၁၁။ သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်ဖွင့်
၁၂။ ဗုဒ္ဓ ဂုဏ်တော်ဖွင့်
၁၃။ အိမ်သုံး မဂ္ဂင်ရှစ်ပါးနှင့် ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး
၁၄။ ဘဂဝါ ဂုဏ်တော်ဖွင့် [အရပ်တော်အဆုံးအဖြတ်။] — စာမျက်နှာ ၆၅
၁၅။ ဘုရားရှိခိုး ဂါထာဖွင့်
၁၆။ ဂုဏ်တော် ၉ ပါး ဆက်သွယ်နည်း

**(ခ) တရားဂုဏ်တော်ဖွင့်များ**

၁။ တရားဂုဏ်တော်ပြ ပါဠိတော်အဖွင့်
၂။ သွာက္ခာတ ဂုဏ်တော်ဖွင့်
၃။ သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့် — စာမျက်နှာ ၈၅
၄။ အကာလိက ဂုဏ်တော်ဖွင့် — စာမျက်နှာ ၈၇
၅။ ဧဟိပဿီက ဂုဏ်တော်ဖွင့် — စာမျက်နှာ ၉၁
၆။ ဩပနေယျက ဂုဏ်တော်ဖွင့်
၇။ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်ဖွင့် — စာမျက်နှာ ၉၅
၈။ တရားရှိခိုး ဂါထာဖွင့် — စာမျက်နှာ ၉၆
၉။ တရားပူဇော်နည်း — စာမျက်နှာ ၁၀၃
၁၇။ ဂုဏ်တော်အကျိုး [မိဖုရားစောလုံဝတ္ထု] — စာမျက်နှာ ၁၀၆

**(ဂ) သံဃာ့ဂုဏ်တော်ဖွင့်များ**

၁။ သံဃာ့ဂုဏ်တော်ပြ ပါဠိတော်ဖွင့် — စာမျက်နှာ ၁၀၇
၂။ သုပ္ပဋိပန္နော ဂုဏ်တော်ဖွင့် — စာမျက်နှာ ၁၁၂
၃။ ဥဇုပ္ပဋိပန္နော — စာမျက်နှာ ၁၁၅
၄။ ဉာယပ္ပဋိပန္နော — စာမျက်နှာ ၁၁၆
၅။ သာမိစိပ္ပဋိပန္နော — စာမျက်နှာ ၁၂၁
၆။ ပုရိသယုဂါနိ ပါဠိ — စာမျက်နှာ ၁၂၅

---

## PAGE 9

### မာတိကာ (ဆက်)

**(ဂ) သံဃာ့ဂုဏ်တော်ဖွင့်များ (ဆက်)**

၇။ အာဟုနေယျ ဂုဏ်တော်ဖွင့် — စာမျက်နှာ ၁၂၆
၈။ ပါဟုနေယျ — စာမျက်နှာ ၁၂၉
၉။ ဒက္ခိနေယျ — စာမျက်နှာ ၁၃၂
၁၀။ အဉ္စလိကရဏီယ — စာမျက်နှာ ၁၃၄
၁၁။ အနုတ္တရံပုညခေတ္တ ဂုဏ်တော်ဖွင့် — စာမျက်နှာ ၁၃၇
၁၂။ သံဃာ့ရှိခိုး ဂါထာဖွင့်
၁၃။ သာသနာတော် ဆောင်ရွက်ပုံအစဉ်

**(ဃ) သရဏဂုဏ်သီလ ဆောက်တည်မှုနှင့် ဆိုင်ရာများ**

ဩကာသအဖွင့်၊ [အခါကြီး ရက်ကြီးများ၌ ကန်တော့နည်း အမျိုးမျိုး ပါသည်။] — စာမျက်နှာ ၁၃၈

**(င) ဥပုသ်သီလ ဆိုင်ရာများ**

၁။ သီလတောင်းအဖွင့် — စာမျက်နှာ ၂၂၅
၂။ ရှစ်ပါးသီလ သိက္ခာပုဒ်များ — စာမျက်နှာ ၂၂၆
၃။ အဗြဟ္မစရိယအဖွင့် — စာမျက်နှာ ၂၂၉
၄။ ကောမာရဗြဟ္မစရိယ သီလဆောက်တည်ပုံ — စာမျက်နှာ ၂၂၉
၅။ ဝိကာလဘောဇနအဖွင့် — စာမျက်နှာ ၁၄၈
၆။ နစ္စဂီတနှင့် ဥစ္စာသယန သိက္ခာပုဒ်အဖွင့် — စာမျက်နှာ ၁၅၈
၇။ ဥပုသ်သီလများ၌ စဉ်းစားဖွယ် — စာမျက်နှာ ၁၆၅
၈။ ဥပုသ်စောင့်ပုံ အစီအစဉ် — စာမျက်နှာ ၁၇၁
၉။ ဥပုသ်အမျိုးမျိုး — စာမျက်နှာ ၁၈၅
၁၀။ အာဇီဝဋ္ဌမကသီလအဖွင့် — စာမျက်နှာ ၁၈၉
၁၁။ နဝင်္ဂဥပုသ်သီလအဖွင့် — စာမျက်နှာ ၁၉၈
၁၂။ ဆယ်ပါးသီလအဖွင့် — စာမျက်နှာ ၂၀၃

**(စ) ဒုစရိုက် - သုစရိုက်အဖွင့်** — စာမျက်နှာ ၂၀၅
**(ဆ) ပုညကိရိယဝတ္ထုအဖွင့်** — စာမျက်နှာ ၂၁၀
**(ဇ) ကံ ကံ၏အကျိုးအဖွင့်** — စာမျက်နှာ ၂၁၉
**(ဈ) ကံ ဉာဏ်ဝီရိယအဖွင့်** — စာမျက်နှာ ၂၈၁
**(ည) ဆုတောင်းအဖွင့်** — စာမျက်နှာ ၂၉၂
**(ဋ) ဘုရားအဖြစ်တော်စဉ်နှင့် နိဂုံး** — စာမျက်နှာ ၃၉၀
**(ဌ) လက္ခဏာတော်ကြီး ဘုရားရှိခိုး**
**(၃) လက္ခဏာတော်ငယ် (၃၀)**
**(အဋ္ဌမအကြိမ်)**

**(ဍ) ငါးပါးသီလ**

၁။ ငါးပါးသီလ ယူကြပုံအစဉ် — စာမျက်နှာ ၂၃၀
၂။ ငါးပါးသီလတောင်း အဖွင့် — စာမျက်နှာ ၂၃၃
၃။ သရဏဂုဏ်အဖွင့် — စာမျက်နှာ ၂၃၆
၄။ ငါးပါးသီလ သိက္ခာပုဒ်များ — စာမျက်နှာ ၂၃၇
၅။ ပါဏာတိပါတအဖွင့် — စာမျက်နှာ ၂၄၀
၆။ အဒိန္နာဒါနအဖွင့် — စာမျက်နှာ ၂၄၇
၇။ ကာမေသုမိစ္ဆာစာရအဖွင့် — စာမျက်နှာ ၂၅၅
၈။ မုသာဝါဒအဖွင့် [စေတိယဇာတ်] — စာမျက်နှာ ၂၅၇
၉။ သုရာမေရယအဖွင့် — စာမျက်နှာ ၂၆၃

**(အဋ္ဌမအကြိမ်)** — စာမျက်နှာ ၂၆၆ — ၂၇၄

---

## PAGE 10

### ရတနာ့ဂုဏ်ရည်

#### ရုပ်ပုံတော်ဖွင့်

*(ကျက်မှတ်ရန်)*

> ပစ္ဆိမံ ဖလဒါနေန, ဗဟုံ ပစိတ ပါရမီ၊
> ယဿ ဝေသံ သုမာပေန္တိ ကေနာပိ အသမံ သမံ။

**ဗဟုံ** — ဤ၌ ဤမျှ၊ ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမရှိရလေအောင်၊

**ပစိတပါရမီ** — လေးသင်္ချေကိန်း၊ ကပ်တသိန်းက ထိန်းသိမ်းစုဆောင်း၊ ပါရမီတော် အပေါင်းတို့သည်၊

**ပစ္ဆိမံ ဖလဒါနေန** — ဖြစ်ပျက်ဖန်ခါ၊ သံသရာဝယ်၊ ခန္ဓာကိုယ်ရေး၊ အဆုံးစွန် အကျိုးပေးသောအားဖြင့်၊

**ယဿ ဘဂဝတော** — အကြင် ရွှေဘုန်းတော် သခင် ရှင်တော်မြတ်ဘုရား၏၊

**ဝေသံ** — ရွှေမျက်နှာတော်၊ လက်ခြေတော်နှင့်၊ ကိုယ်တော်သဏ္ဌာန်၊ ပုံဟန်ထင်ပေါ်၊ အသွင်အပြင်တော်ကို၊

**ကေနာပိ** — လူမင်း နတ်မင်း၊ ဗြဟ္မာမင်းဝယ်၊ ဘယ်သူတယောက်နှင့်မျှ၊

**အသမံ** — လက္ခဏာတော်ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ ဘယ်ဝယ်တိုင်းကာ၊ မနှိုင်းသာသည်ဖြစ်၍၊

**သမံ** — တကိုယ်တော်လုံး၊ ရွှေတုံး ရွှေနှစ်၊ ဇမ္ဗူရာဇ်သိင်္ဂီ၊ နာရဏီမျှ၊ သန့်စင်သွေး အယဉ်ကျေးဆုံး ဖြစ်ရလေအောင်၊

**သုမာပေန္တိ** — တက်သစ်နေဝန်း၊ ထွန်းသစ်လစန်း၊ ပွင့်သစ်ပန်းသို့၊ ဆန်းအဖုံဖုံ၊ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား။

၁ (အဋ္ဌမအကြိမ်)
