## PAGE 101

၁၈၂
ရတနာ့ဂုဏ်ရည်
,,
လူများ။ ။ နမော တဿ ဘဂဝတော စသည် ၃ ခေါက်
လိုက်ဆို။
ဘုန်းကြီး။ ။“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည် ချပေး။
လူများ။ ။လိုက်ဆို။
ဘုန်းကြီး။ ။“ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသည် ချပေး။
လူများ။ ။လိုက်ဆို။
ဘုန်းကြီး။ ။“တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသည် ချပေး။
လူများ။ ။လိုက်ဆို။
ဘုန်းကြီး။ ။“သရဏဂမနံ ပရိပုဏ္ဏ”။
လူများ ။ ။“အာမ ဘန္တေ”။
ဘုန်းကြီး။ ။“ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာ
g" ဟု ချပေး။
လူများ ။
ဘုန်းကြီး။
လူများ ။
။လိုက်ဆို။ [အစဉ်အတိုင်း “အဒိန္နာဒါနာ” စသည်
ချပေး လိုက်ဆို။]
«
။“ တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ
အပ္ပမာဒေန သမ္ပာဒေထ”။
,,
။“အာမ ဘန္တေ။
ဆုပေးအဖွင့်
<
၁၃
သီလ ခံယူရာ၌ ရှေးဥးအစ “ ဩကာသ ” စသော ရှိခိုးစဉ်ကို
ဖွင့်ပြခဲ့၍ ထို ဩကာသစသည်ကို ဆိုပြီးနောက် ဘုန်းကြီးက “ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျှော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာ
တို့ကြောင့်” စသည်ဖြင့် ဆုပေး၏၊ ထို ဆုပေးတိုင်း ရ’မရကို ပဌမ
စဉ်းစားသင့်၏၊ ဇာတ် ဝတ္ထုများ၌ ပစ္စေကဗုဒ္ဓါ ရဟန္တာ စသော
အရှင်များအား တစုံတရာဝတ္ထုကို လှူဒါန်းပြီးနောက် အလှူရှင်
ကိုယ်တိုင် မိမိလိုရာဆုကို တောင်း၏၊ ထို တောင်းသောဆုများကား
သံသရာ၌ ထူးထူးခြားခြား
ဖြစ်လိုခြင်း, ထို ပစ္စေကဗုဒ္ဓါ ရဟန္တာတို့
ကဲ့သို့ သစ္စာ ၄ ပါးကို သိမြင်လိုခြင်းများတည်း၊ အလှူခံဖြစ်သော
ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကလည်း ထို တောင်းသောဆုကို
ပင် “တောင့်တတိုင်း ပြည့်စုံပါစေ”ဟု ပေးတော်မူခဲ့ကြသည်။
ထိုသို့ အလှူဒါန တခုခုကိုပြု၍ လိုလိုချင်ချင် တောင်းအပ်သော
ဆုကား ထို တောင့်တတိုင်းပင် သင့်လျော်သောဘဝ၌ အကျိုးပေး
တတ်ပါ၏၊ဤကဲ့သို့ အကျိုးပေးရာ၌ ဆုပေးမှုကြောင့်အကျိုးရသည်
မဟုတ်, သူ၏ကုသိုလ်ကံကြောင့် အကျိုးရခြင်းဖြစ်သည်-ဟု မှတ်ပါ။
ယခုကာလ၌ကား“ ဩကာသ” စသည်ဖြင့် ရှိခိုးပြီးနောက်
အပါယ် ၄ ပါး ကပ် ၃ ပါး ” စသည်မှ လွတ်မြောက်၍ မဂ်ဖိုလ်
နိဗ္ဗာန်ကို လျင်မြန်စွာ ရှလိုပါကြောင်း ဆုတောင်းကြ၏၊ ဆုပေး
သော ဘုန်းကြီးကမူ “အသက်ရှည်ခြင်း, အဆင်းလှခြင်း”စသည်ဖြင့်
မတောင်းသောဆုကိုပါ အပိုပေး၏။ ဆုတောင်းတိုင်း ဆုပေးတိုင်း
(ကောင်းကောင်းမကျင့်ဘဲ) အကျိုးရနိုင်-မရနိုင်ကို စဉ်းစားလျှင်
66
9

## PAGE 102

၁၈၄
ရတနာ့ဂုဏ်ရည်
မရနိုင် ဟုပင် မှတ်ပါ၊ မိမိတောင်းသော ဆုနှင့် ထိုက်တန်အောင်
(အပါယ်လေးပါး စသည်မှ လွတ်အောင်) ဒုစရိုက်ကို ရှောင်ကြဉ်၍
သုစရိုက်ကုသိုလ် ပုညကြိယဝတ္ထု ကုသိုလ်များကို ပြုမှသာ (နိဗ္ဗာန်
မြန်မြန်ရအောင် ကမ္မဋ္ဌာန်းကို
အားထုတ်မှ သို့မဟုတ် ပါရမီကို
ကြိုးစားဖြည့်မှသာ) ဆုတောင်းအားလျော်စွာအကျိုးရနိုင်မည်။
အကယ်၍ ဆုတောင်းတိုင်း ဆုပေးတိုင်းရမည်ဆိုလျှင် ရှေးရှေး
ဘဝတို့၌လည်း တောင်းဘူးလှသည်သာ မက, ယခုဘဝ၌ ယုံကြည်
လောက်သော ဘုရားဒကာ ကျောင်းအမ လူဝင်စားတွေမှာလည်း
လွန်ခဲ့သောဘဝက အကြိမ် ရာ ထောင်မက ဆုတောင်းခဲ့လှပြီဖြစ်၍
ထို ဆုတောင်းအား လျော်စွာ ယခုဘဝ၌ ကြွယ်ဝ ချမ်းသာသော
ရွှေသဌေးတွေ ဖြစ်နေဘွယ်ရှိသည့် အပြင်, ယနေ့ နက်ဖန် ဆိုသလို
မဂ်ဖိုလ်နိဗ္ဗာန်ကို (အလျင်အမြန်) ရသူတွေ ဖြစ်ပေရာ၏၊ သို့ရာတွင်
ယခုအခါ၌ ထိုသို့ ဖြစ်သူကို မတွေ့မြင် မကြားသိရပါ တကား..
“နိဗ္ဗာန်ကို မြန်မြန်ရမည်” ဟု ဆိုလျှင်လည်း. သူတို့တတွေ လိုချင်
ကြမည် မဟုတ်ပါချေ။
ထို့ကြောင့် စိတ် မပါ့တပါနှင့် တောင်းသောဆု ဘုန်းကြီးက
နှုတ်တက်ချပေးသော ဆုများကို အားကိုးနေကြခြင်းထက် “မိမိတို့
ကိုယ်တိုင် ပိုင်ပိုင်ကြီး အလုပ်လုပ်ခြင်းက အကျိုးရမည်”ဟုမှတ်ပါ၊
သို့သော် အများနှင့် မဆန့်ကျင်အောင် ထုံးစံအတိုင်း “သြကာသ”
ရှိခိုးပြီးနောက် ဆုတောင်း၍ ဘုန်းကြီးပေးသောဆုကိုလည်း“အာမ
ဘန္တေ” လိုက်ကြပါလေတော့။ [အပြစ်မရှိသော ကိစ္စ၌ အများနှင့်
မဆန့်ကျင်သင့်ပါ။ ]
သရဏဂုံနှင့်
ငါးပါးသီလတောင်း အဖွင့်
(ကျက်မှတ်ရန်)
၁၈၅
( ၁ ) အဟံ ဘန္တေ, တိသရဏေန သဟ, ပဉ္စသီလံ ဓမ္မံ
)
ယာစာမိ၊ အနုဂ္ဂဟံကတွာ သီလံ ဒေထ မေ ဘန္တေ။
(
( ၂ ) ဒုတိယမ္ပိ, အဟံ ဘန္တေ………မေ ဘန္တေ။
( ၃ ) တတိယမ္ပိ အဟံ ဘန္တေ…………မေ ဘန္တေ။
☑
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
-
(၁) ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော် (တပည့်တော်
မ)သည်၊ တိသရဏေန – သရဏဂုံသုံးပါးနှင့်၊ သဟ … တက္ခ၊ ပဉ္စ
သီလံ-ငါးပါးသီလဟူသော၊ ဓမ္မံ-သိက္ခာပုဒ်တရားတော်ကို၊ ယာစာ
မိ-တောင်းပါ၏၊ ဘန္တေ’အရှင်ဘုရား၊ မေ… တပည့်တော် (တပည့်
တော်မ)အား၊ အနုဂ္ဂဟံ-ချီးမြှောက်ခြင်းကို၊ ကတွာ‘ပြု၍၊ သီလံ’
သီလကို၊ ဒေထ’ ဘာ်မူပါကုန်ဘုရား။
( ၂ ) ဒုတိယမ္ပိ’နှစ်ကြိမ်မြောက်လည်း၊ ဘန္တေ-အရှင်ဘုရား
စသည်…..ရွှေ့အတိုင်းဆို။
( ၃ ) တတိယမ္ပိ-သုံးကြိမ်မြောက်လည်း၊ ဘန္တေ-အရှင်ဘုရား
စသည်...ရွှေ့အတိုင်းဆို။

## PAGE 103

၁၉၆
ရတနာ့ဂုဏ်ရည်
ဤ သီလတောင်းပုံ၌ မြန်မာလို ဆိုလိုရင်းမှာ’“အရှင်ဘုရား...
တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကိုတောင်း
ပါ၏၊ တပည့်တော်အား သနားသဖြင့် သီလ ပေးတော်မူပါ ” ဟု
ဆိုလိုရင်း ဖြစ်၏၊ အလေးပြုရာ ရောက်အောင် သုံးကြိမ်တောင်းရိုး
ပြုကြသည်၊ ပါဠိလို မဆိုဘဲ “တပည့်တော်အား သီလ ပေးတော်မူ
ပါ”ဟု မြန်မာလို ရိုးရိုးတောင်းလျှင်လည်း ပြီးစီးနိုင်၏။ ယခုအခါ
အချိန်တိုတိုနှင့် လိုရာကိစ္စ၏ ပြီးစီးခြင်းကို လိုလားသောအခါ ဖြစ်
ကြောင်းကို သတိပြုသင့်ပြီ။]
လူတို့က သီလတောင်းပြီး အဆုံး၌ သီလပေး ကိုယ်တော်က…
“ယ မဟံ ဝဒါမိ တံ ဝဒေထ”ဟု ဆိုပြန်၏၊ ယံ-အကြင် စကားကို၊
အဟံ-ငါသည်၊ ဝဒါမိ-ဆို၏၊ တံ’ထို ငါဆိုသွားသောစကားကို၊
ဝဒေထ-လိုက်၍ ဆိုကြကုန်၊ “ငါဆိုတာကို လိုက်ဆိုကြ” ဟု ဆိုလို
သည်၊ ထို့နောက် လူတို့က “အာမ ဘန္တေ” ဟု လိုက်ကြ၏၊ ဘန္တေ-
အရှင်ဘုရား၊ အာမ– အမိန့်တော် အတိုင်းပါ၊ “မှန်ပါ အရှင်ဘုရား
ဆိုသွားသမျှကို လိုက်၍ဆိုပါမည်”ဟု ဝန်ခံခြင်းဖြစ်သည်။
"
"
ဤစကားဖြင့် “သင်တို့သည် သရဏဂုံကိုလည်း ကိုယ့်ဘာသာ
မဆောက်တည်တတ်ကြ၊ သီလကိုလည်း မယူတတ်ကြ၊ ထို့ကြောင့်
ငါကရွှေက
ဆိုပေးမည်, လိုက်ဆိုကြ” ဟု ဆိုရာရောက်၏၊ ဗုဒ္ဓ
သာသနာတော် ရောက်စက သရဏဂုံ – သီလကိုမျှ မဆောက်တည်
တတ်, မခံယူတတ်၍ နှုတ်ဖြင့် ချပေးရသောအခါမှ ဖြစ်လာခဲ့သော
စကား ဖြစ်ဟန်တူသည်၊ ကိုယ့်ဘာသာကိုယ် ဆိုတတ်လျှင် ယခုလို
နှုတ်တက်ချပေးဘွယ်မလိုပါ၊ သီလတောင်းများကိုလည်း ဆိုဘွယ်
မလိုပါ။
ငါးပါးသီလတောင်း အဖွင့်
"
၁၈၇
သီလပေးမှု။ ။ ရဟန်း တပါးပါးက“သီလပေးသည်”ဟူရာ၌
ထိုရဟန်းက မိမိမှာရှိသော သီလကို “ ဝေငှပေးတဲ့ ” အပေးမျိုး
မဟုတ်၊ သီလတောင်းပုံကို မဆိုတတ်၍ “ ချပေးတဲ့ ” အပေးမျိုး
ဖြစ်သည်၊ ထို ့ကြောင့် လူအချင်းချင်းလည်း သီလပေးကောင်း၏၊
ကိုယ့်ဘာသာ ဆိုတတ်လျှင် ရုပ်ပွားတော် စေတီတော် အထံ၌ မိမိ
ဘာသာလည်း သရဏဂုံသီလကို ဆောက်တည်ကောင်း၏၊ ထိုသို့ မိမိ
သီလယူရာ၌ “ယ မ ဝ ဒါမိ တံ ဝဒေထ”ဟု မိန့်တော်
မမူသောကြောင့် “အာမ ဘန္တေ”လိုက်နေဘွယ်မလို။
ဘာသာ
"
,,
ထို့နောက် သီလပေးပုဂ္ဂိုလ်က – – နမော တဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟုချပေး၍ လူအများက ၃ ခေါက်
လိုက်ဆိုကြပြန်၏၊ ဤ “ နမော တဿ ဘဂဝတော ” စသည်ကို
ရှေးက သူတော်ကောင်းမျာ ဘုရားရှင်ကို သတိရသောအခါ ရွတ်ဆို
လေ့ရှိသောကြောင့် ယခုကာလနေရာတိုင်းမှာမင်္ဂလာရှိသောစကား
တမျိုးအနေဖြင့် အသုံးပြုကြပေသည်။
နမော တဿ အနက်။
အနက်။ ။အရဟတော – ပူဇော်သမျှကို ခံယူ
တော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓဿ – အလုံးစုံသော တရားတို့ကို
မဖေါက်မပြန် ကိုယ်တော်တိုင်သိတော်မူသော၊ တဿ ဘဂဝတော-
ထို မြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
.
ရှေးထုံးကိုမပယ်။ ။ “ဩကာသ ဩကာသ”မှ စ၍ “နမော
တဿ” တိုင်အောင် စကားများသည် သရဏဂုံသီလ ဆောက်တည်
ရာ၌ အရေးတကြီး သက်ဆိုင်သော စကားများမဟုတ်၊ ရှေးဆရာတို့
သိုင်းသိုင်းဝိုင်းဝိုင်း ရှိအောင် စီစဉ်ခဲ့သော စကားများသာ ဖြစ်၏၊

## PAGE 104

၁၇
ရတနာ့ဂုဏ်ရည်
သို့သော် အပြစ်လည်း မရှိ၊ ဩကာသ စသည်ကို ရွတ်ဆိုခိုက်၌
ထိုက်သင့်သမျှ ကုသိုလ်ရဘွယ်လည်း ရှိသောကြောင့် ယခုအခါ
စဉ်းစားဉာဏ် ရှိသူတို့က ( အပိုမှန်း သိပါလျက်)
မပယ်ဖျက်ကြဘဲ
ရှေးစဉ်လာအတိုင်း လိုက်နေကြသည်။
86
ဗုဒ်ဂိုဏ်းနှင့် ဘန်းဂိုဏ်း
ရှေးအခါက အောက်နိုင်ငံမှာ အဟံ ဘန္တေ ဟု ဘန္တေကစသော
ကြောင့် “ဘန်းဂိုဏ်း”ဟု၎င်း ဗုဒ္ဓံ သရဏံဟု ဗုဒ္ဓက စသောကြောင့်
ဗုဒ်ဂိုဏ်း” ဟု၎င်း, ၂ ဂိုဏ်း ကွဲဘူးသတဲ့၊ သရဏဂုံ သီလကို
ဆောက်တည်သောအခါ ဘန်းဂိုဏ်းဝင်သူများသည် “ အဟံ ဘန္တေ
တိသရဏေန” က စပြီး ယခု ဆိုရိုးအတိုင်း ဆို၍ ဗုဒ်ဂိုဏ်း ဝင်သူ
“
အဟံ ဘန္တေ” စသည်ကို မဆိုတော့ဘဲ “ ဗုဒ္ဓံ သရဏံ
ဂစ္ဆာမိ”က စ၍ ဆိုလေ့ရှိကြသတဲ့၊ ဤ ၂ နည်းတွင် ဗုဒ်ဂိုဏ်းနည်းက
လိုရင်းပြီးအောင် အကျဉ်းရုံး၍ ဘန်းဂိုဏ်းနည်းက ရှေးစနစ်အတိုင်း
လိုက်သောနည်းဖြစ်သည်။
များက
"
အမှာ။ ။အပြစ်မရှိသော ရှေးနည်းကို လိုက်သင့်ပါ၏၊ သို့သော်
ဩဇာအာဏာနှင့် ပညာရှိသူ ဖြစ်လျှင် အကျိုး မများသော
ရှေးစံနစ်တို့ကိုပြင်ရမည်သာ၊ ထိုသို့ ပြင်သည့်အတွက် အငြင်း
ပွား၍ခိုက်ရန်မများအောင်အုပ်စီးနိုင်ဘို့ကားအရေးကြီး၏၊
မအုပ်စီးနိုင်ဘဲ ရှေးစနစ်ကိုပြင်လျှင်ကား မိမိလည်း ကုသိုလ်
မရ လူအများလည်း အကုသိုလ်ပွား၍ အကျိုးမဲ့သာ ဖြစ်ပါ
လိမ့်မည်။
=
သရဏဂုံ အဖွင့်
(ကျက်မှတ်ရန်)
(၁) ဗုဒ္ဓံ ဓမ္မံ
သရဏံ ဂစ္ဆာမိ တရန်)
✓
ဂစ္ဆာမိ။
၁၀၉
ဂစ္ဆာမိ သံဃံ သရဏံ
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ..ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တတိယမ္ပိ..ဂစ္ဆာမိ။
☑
*
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
*
(၁) ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် လည်းလျောင်း
ပုန်းအောင်း မှီခိုရာဟူ၍၊ ဂစ္ဆာမိ-မှီဝဲ ဆည်းကပ်, သိမှတ်
ပါ၏၊ ဓမ္မံ - တရားတော်မြတ်ကို၊ သရဏံ- ဟူ၍၊ ဂစ္ဆာမိ-
၏။ သံဃံ - အရိယာ သံဃာတော်မြတ်ကို၊ သရဏံ- ဟူ၍၊
ဂစ္ဆာမိ-၏။
+
ဟူသော
ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း...ရွှေအတိုင်း ဆို။
တတိယမ္ပိ-သုံးကြိမ်မြောက်လည်း....အတိုင်းဆို။
သရဏဂုံ။ ။ သရဏ ဂမန” ပါဠိမှ “သရဏဂုံ”
ဟု မြန်မာစကား ဖြစ်လာသည်၊ ( သရဏ = ကိုးကွယ်ရာ ဟူ၍
ဂမန = အသိအမှတ် ပြုလျက် ဆည်းကပ်ခြင်း။ ) “ ဘုရား တရား
အရိယာသံဃာသည် ကိုးကွယ်ရာအစစ် ဖြစ်၏ ” ဟု အသိအမှတ်
ပြုလျက် ရိုသေလေးမြတ် ဆည်းကပ် လိုသော ကုသိုလ် စေတနာကို
“သရဏဂုံ”ဟု ခေါ်၏၊ ၁-ဘုရားကိုးကွယ်မှု ၂- တရားကိုးကွယ်မှု
၃- အရိယာသံဃာ ကိုးကွယ်မှုအားဖြင့် ၃ ပါးရှိသည်၊ “ သရဏဂုံ

## PAGE 105

၁၉၀
ရတနာ့ဂုဏ်ရည်
၃ပါး”ဟု ယခုကာလ ခေါ်ကြသည်မှာလည်း ဤ ဥပါးပင်တည်း၊
မိမိသန္တာန်၌ ထို ရတနာ ၃ ပါးကို ဆည်းကပ်
ကိုးကွယ်လိုသော
စိတ်စေတနာဖြစ်နေကြောင်းထင်ရှားပြဘို့ရာ“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
စသော ပါဠိစကားကို ဖြစ်စေ “ ဘုရား ကိုးကွယ်ပါ၏ ” စသော
မြန်မာစကားကို ဖြစ်စေ,ရွှတ်ဆိုခြင်းသည် သရဏဂုံဆောက်တည်
ခြင်းမည်၏၊ ထိုသို့ ဆောက်တည်ရာဝယ်..
66
,,
ဗုဒ္ဓံ။ ။ဗုဒ္ဓံ - အရ ဘုရားဟု ဆိုရာ၌ ရုပ်ပုံ ရုပ်ပွား ဆင်းတု
စေတီတော်များလောက်တွင် စိတ်မထားဘဲ ဘုရားဂုဏ်တော်ဖွင့်၌
ပြခဲ့သော“ဘုရားရှင်”ကို ရည်မှန်း၍ ထားရာ၏။
ဓမ္မံ။ ။ဓမ္မံ-အရ တရားဟု ဆိုရာ၌ ယခုကာလ ဓမ္မကထိကတွေ
သံရှေ့သံတိုဆွဲ၍ ယပ်လှဲယပ်ထောင်တရားများနှင့် စာအုပ်ပေစာတွေ
လောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ အနတ္တလက္ခဏသုတ် မဟာ
သံတိပဋ္ဌာန် စသော ဘုရားဟော ပါဠိတော် အဋ္ဌကထာကျမ်းစာ
အစဉ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို ရည်မှန်းထားရာ၏။
သံဃံ။ ။သံဃံ - အရ သံဃာ ဟု ဆိုရာ၌ ယခုကာလ ရဟန်း
သံဃာလောက်တွင် စိတ်မထားဘဲ သံဃာ့ဂုဏ်၌ပြခဲ့သော အရိယာ
သံဃာကို ရည်မှန်းထားရာ၏၊ ဤသို့ ရည်မှန်းနိုင်မှသာ “သရဏဂုံ”
အစစ်အမှန်ကို ရမည်။
-
-
-
ကိုး — ကွယ် – လည်းလျောင်း – ပုန်းအောင်း – မှီခိုရာ။
ရတနာမြတ်သုံးပါးသည် အပါယ်ဆင်းရဲ သံသရာ ဆင်းရဲတို့၌ မကျ
မရောက်အောင် ဟောတော်မူသော အားဖြင့် စောင့်ရှောက်တော်မူ
ပေရကား
(အဋ္ဌမအကြိမ်)
သရဏဂုံ အဖွင့်
၁၉ ၁
ကိုး=ရတနာသုံးပါးကို ကိုးစားရာ ( အားကိုးစရာ ) ဟူ၍၎င်း
ကွယ်=ဘေးရန်ပေါ်လာလျှင် ကာကွယ်ဘို့ရာဟူ၍၎င်း
လည်းလျောင်း ၊ ( မိဘအပေါ်မှာ ယုံကြည်၍ သားသ္မီးများ
လဲလျောင်း အိပ်နေသလို ) ရတနာသုံးပါးကို ကောင်းစွာ
ယုံကြည်၍ လဲလျောင်းဘို့ရာဟူ၍၎င်း
====
ပုန်းအောင်း = အပါယ်ဘေး မရောက်အောင် ပုန်းအောင်းနေ
ဘို့ရာ ဟူ၍၎င်း
မှီခို=မိဘကို သားသ္မီးက မှီခိုသကဲ့သို့ မှီခိုဘို့ရာဟူ၍၎င်း,
အသိအမှတ်ပြုလျက်“နှစ်နှစ်သက်သက် မှီဝဲ ဆည်းကပ်ပါ၏”
ဟု ဆိုလိုသည်။
။
11
တကြိမ်ဆောက်တည် တသက်တည် ဤသို့ ယုံကြည်
လေးမြတ်စွာ တကြိမ်လောက် ဆောက်တည်ထားလျှင် ယုံကြည်စိတ်
မပျက်သမျှ တသက်လုံး “ သရဏဂုံတည်သူ ” မည်တော့၏၊ ထပ်ခါ
ထပ်ခါ ဆောက်တည်နေဘွယ် မလိုပါ၊ ယခုကာလ၌ကား သီလ
ဆောက်တည်တိုင်း ထပ်၍ သရဏဂုံ ဆောက်တည်လေ့ ရှိကြသည်၊
သို့သော် အပြစ်မရှိ၍ ထိုနည်းကို မပယ်ဖျက်လိုပါ။
သရဏဂုံတင်ကြပုံ။ ။ရတနာသုံးပါးကို မကိုးကွယ်လိုသော
အခါနှင့် အသက်ဆုံးသော အခါ၌ သရဏဂုံပျက်၏၊ ထို့ကြောင့်
တစုံတယောက် အနိစ္စရောက်သောအခါ “ ရောက်ရာဘဝက သတိ
ရနေလျှင် သရဏဂုံ ယူပါစေတော့ ” ဟု ရည်မှန်း၍ အလောင်းကို
(အဋ္ဌမအကြိမ်)
9
