## PAGE 106

၁၉၂
ရတနာ့ဂုဏ်ရည်
သရဏဂုံ တင်ရိုးပြုကြသည်၊ စိတ်မရှိသော အလောင်းအတွက်ကား
သရဏဂုံတင်သော်လည်း သရဏဂုံ မရပါ။
သတိပြုဘွယ် ။ ။ ယခုကာလ သရဏဂုံ ဆောက်တည်သူ
တို့တွင် တချို့ မှာ – ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော ပါဠိကို ရွှတ်နေ
သော်လည်း မြန်မာလို ဘာကိုဆိုလိုကြောင်း မသိကြ၊ ဗုဒ္ဓံ ဓမ္မံ သံဃံ
ဟု နှုတ်က ရွတ်နေသော်လည်း ဘုရား တရား သံဃာ အစစ်ကို
နားမလည်ကြချေ၊ ထိုသို့ နားမလည်သူတို့မှာ ဉာဏ်နှင့် ယှဉ်သော
ဉာဏသမ္ပယုတ် မဟာကုသိုလ် သရဏဂုံ မရနိုင်၊ အတော်အတန်
နားလည်သူ ဘုရား တရား သံဃာကို ကိုးကွယ်လိုစိတ် ရှိသူ၌ကား
ဉာဏဝိပ္ပယုတ် သရဏဂုံမျှသာ ရဘွယ်ရှိ၏၊ လုံးလုံး နားမလည်သူ
တို့မှာ သရဏဂုံကိုမျှ လုံးလုံးရဘွယ် မရှိ၊ သရဏဂုံ မတည်လျှင်
ဗုဒ္ဓဘာသာဝင် မဟုတ်သေး၊ ထို ့ကြောင့် သရဏဂုံ အကြောင်းကို
ကောင်းကောင်း နားလည်အောင် လေ့လာကြပါကုန်။
ရတနာ ၃ ပါးနှင့်စပ်၍ မှတ်ဘွယ်
ဘုရား တရား။ ။ယခုအခါ စဉ်းစားလေ့ ရှိသူတို့သည် “ ဗုဒ္ဓံ
သရဏံ ဂစ္ဆာမိ” စသော သရဏဂုံ၌ “သက်တော်ထင်ရှား မြတ်စွာ
ဘုရားကို ကိုးကွယ်ရမည်၊ စေတီတော်များကား ဘုရားရှင်၏ အရိုး
ဓာတ်တော်ကို ထာပနာထားရာ ဖြစ်၍၎င်း, ရုပ်ဖုံ ဆင်းတုတော်
များမှာ ဘုရားရှင်၏ ပုံတော်ကိုစွမ်းနိုင်သမျှ အတုပြုလုပ်ထားသော
ပုံတော်များဖြစ်၍၎င်း ဘုရားရှင်ကို ရည်မှန်း၍ ကိုးကွယ် ပူဇော်ရာ
ဌာနများ ဖြစ်ကြသည် ”ဟု နားလည်ကြပေပြီ၊ တရားကို ကိုးကွယ်
သရဏဂုံ အဖွင့်
၁၉၃
ရာ၌လည်း ကိလေသာ အညစ်အကြေးတို့ကို ပယ်ရှားနိုင်သော မဂ်
တရား’ဖိုလ်တရား— နိဗ္ဗာန်တရားတော်များနှင့် ဘုရားဟောတော်
မူအပ်သော တရားစစ် တရားမှန်များကိုသာ ကိုးကွယ်ရမည် ” ဟု
နားလည်ကြပေပြီ။
သံဃာ။ ။“သံဃာကို ကိုးကွယ်ပါ၏” ဟု သရဏဂုံ ဆောက်
တည်ရာ၌ကား စိတ်ထဲမှာ ရဟန်း သံဃာအမျိုးမျိုး ပေါ်လာသော
ကြောင့် ကျေကျေနပ်နပ် ဆည်းကပ် ကိုးကွယ်လိုစိတ် မဖြစ်နိုင်ကြ၊
ထိုသို့ ဖြစ်ရာ၌. ဘုန်းကြီးတို့ ကလေးအရွယ်က စိတ်နေစိတ်ထားကို
ပြန်၍သတိရတော့သည်၊ ဘုရားရှိခိုးရာ၌ ကလေး၏စိတ်သည် ရွှေ့မှာ
ရှိသော စေတီတော် ဆင်းတုတော်ထက် ပိုလွန်၍ ဘုရားရှင် အစစ်
တိုင်အောင် မမှန်းနိုင်ခဲ့ပါ၊ အထက်တန်းစာကို သင်ရသော အခါ
ကျမှ စေတီတော် ဆင်းတုတော်များကို ရှိခိုးတိုင်း ဘုရားရှင် အစစ်
ရောက်အောင် ထွင်းဖေါက်၍ အာရုံပြုနိုင်ပါသည်။
ထို ့အတူ ပုထုဇဉ် ရဟန်းသံဃာများကို စေတီတော် ဆင်းတု
တော်များကဲ့သို့သဘောထား၍ အရိယာဖြစ်ပြီးသော ရဟန်းသံဃာ
များကို ဘုရားအစစ်လို သဘောထားလျက် စဉ်းစား ကြည့်သော
အခါ အတော်စိတ်ရှင်းသွားပါလိမ့်မည်၊စေတီတော် ဆင်းတုတော်
များကို ရွှေတိဂုံ– မဟာမြတ်မုနိတို့ကဲ့သို့ အလွန် အဆင့် အတန်း
မြင့်နေသည်ကိုလည်း ဖူးတွေ့ကြရ၏၊ ဘုရားဒကာ ဘုရားအမနှင့်
ကိုးကွယ်သူ ရွာသားတို့ အပြုအပြင်မတတ်မှုကြောင့် မသပ္ပါယ်သော
စေတီတော် ဆင်းတုတော်များကိုလည်း (မလွှဲမရှောင်သာ) မြင်ရ
တွေ့ရ၏။
၁ဂ (အဋ္ဌမအကြိမ်)

## PAGE 107

၁၉ ၄
ရတနာ့ဂုဏ်ရည်
သပ္ပါယ်သော စေတီတော် ဆင်းတုတော်များကိုဖူးမျှော်ရသော
အခါ လွန်စွာအားရ၍ သက်တော်ထင်ရှား ဘုရားကိုလည်း သတိရ
သကဲ့သို့ အဆင့်အတန်းမြင့်မြင့်နှင့် တရားကျင့်နေသော, သာသနာ့
တာဝန်ကို အားသွန် ကြိုးစားနေသော ရဟန်း သံဃာတော်များကို
ဖူးမျှော်ရသောအခါ “ဪ………… ဘုရားလက်ထက်တော်၌ အရှင်
မဟာကဿပစသော သံဃာတော်များသည် ဤသို့ကျင့်တော်မူကြ
ပေလိမ့်မည်၊ အရှင် သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်, အရှင်ဥပါလို့
အရှင်အနုရုဒ္ဓါ,အရှင်အာနန္ဒာ, အရှင်ရာဟုလာစသော
သံဃာတော်
များသည် ဤသို့ပင် သာသနာ့တာဝန်ကို အားသွန် ကြိုးစားတော်
မူကြပေလိမ့်မည်”ဟု အရိယာသံဃာတော်များ ထင်မြင်လာအောင်
နှစ်သက်ခြင်းကိုဆောင်နိုင်ကြပါလိမ့်မည်၊ ထိုကဲ့သို့ ထင်လာမြင်လာ
အောင်လည်း သတိထားမိကြပါစေ။
မသပ္ပါယ်သော စေတီ ဆင်းတုတော်များကို တွေ့ရသောအခါ
“ဒီရပ်သူနယ်သားတွေ အသိအလိမ္မာ နည်းသေးလို ့ ယခုလို စေတီ
ဆင်းတုတော်များ မသပ္ပါယ် မတင့်တယ်ဘဲ ရှိနေကြရသည်၊ ရပ်သူ
နယ်သားတို့ အသိအလိမ္မာ တိုးပွားလာလျှင် ဤစေတီ ဆင်းတုတော်
များကို သားနား သပ္ပါယ်အောင် ခြယ်လှယ်နိုင်ပေလိမ့်မည် ” ဟု
ရပ်သူ နယ်သားတို့၏ အသိဉာဏ်ကို မြှင့်တင်လိုသော စိတ်ဆန္ဒသာ
ဖြစ်ပေါ်လာ၍ ဆင်းတု စေတီတော်များ၏ မသပ္ပါယ်မှုကို အပြစ်
မမြင်နိုင်တော့သကဲ့သို့, ထို ့အတူ အဆင့်အတန်း မမြင့် မကြွယ်
မသပ္ပါယ်သော ရဟန်း သံဃာတော်များကို တွေ့ရပြန်လျှင်လည်း
သာသနာကို ကိုးကွယ်သော လူတစု၏ အသိဉာဏ် နည်းမှုကိုသာ
(အဋ္ဌမအကြိမ်)
"
သရဏဂုံ အဖွင့်
၁၉၅
အပြစ်တင်ကာ မတော်မလျော် သွားလာ နေထိုင်သူတို့ အပေါ်မှာ
အပြစ်မတင်သာဘဲ ရှိပါလိမ့်မည်။
"
"
-
"
ဘုရားပေးသော သရဏဂုံ ။ ။ ဘုရားရှင်သည် “ ဆတ္တ
မည်သော တက္ကသိုလ် ကျောင်းသား တယောက်အား ဗုဒ္ဓ – ဓမ္မ
သရဏဂုံ ပေးတော်မူပြီးနောက် သံဃာ့ သရဏဂုံ ပေးတော်မူရာ၌
“အရိယာသံဃာတော်ကို ကိုးကွယ်ဆည်းကပ်လော”ဟု မိန့်တော်မူ
ပါသည်၊ ( ဆတ္တမာဏဝက ဝိမာနဝတ္ထု၊ ) ထို့ကြောင့် ယခုအခါ
“သံဃံ သရဏံ ဂစ္ဆာမိ= သံဃာတော်ကို ဆည်းကပ် ကိုးကွယ်ပါ၏”
ဟု သရဏဂုံ ဆောက်တည်ရာ၌ အရိယာသံဃာကိုသာ ရည်မှန်း၍
ဆောက်တည်ကြပါလေ၊ သံဃာနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းသော
အခါလည်း သုပ္ပဋိပန္နတာ စသော ဂုဏ်တော်များနှင့် ပြည့်စုံပြီး
သော အရိယာသံဃာတော်များကိုသာ အာရုံပြုရပါသည်၊ သံဃာ့
ဂုဏ်တော်ဖွင့်၌ အရိယာ သံဃာတော်များချည်း ပါဝင်ပုံကို ပြန်၍
သတိပြုပါ၊ ရတနာ့သုတ် ပရိတ်တော်လာ သံဃာ့ဂုဏ်ကို ပြရာ၌
လည်း အရိယာသံဃာတော်များသာ ဖြစ်ပါသည်။
ပုထုဇဉ်သံဃာလည်း မလွတ်။ ။သက်တော်ထင်ရှား ဘုရား
မရှိသော ယခုအခါ၌ ဘုရားရှင်ကို လှူဒါန်း ပူဇော်လိုလျှင် ဘုရားကို
ရည်မှန်း၍ စေတီတော် ဆင်းတုတော်ကိုသာလှူဒါန်း ပူဇော်ရတော့
သကဲ့သို့, ထို ့အတူ အရိယာသံဃာကို ရည်မှန်း၍ လှူဒါန်း ပူဇော်
လိုလျှင် တွေ့ရာကြုံရာ ပုထုဇဉ် သံဃာကိုလည်း လှူဒါန်း ပူဇော်ကြရ
တော့သည်၊ “ အနုတ္တရံ ပုညက္ခေတ္တံ = အရိယာ သံဃာတော်သည်
အတူမရှိ ကောင်းသော လယ်ယာမြေပင်တည်း”ဟု မိန့်တော်မူချက်
(အဋ္ဌမအကြိမ်)

## PAGE 108

၁၉၆
ရတနာ့ဂုဏ်ရည်
အရ ပဌမတန်း လယ်ယာမြေကို မရလျှင် ဒုတိယတန်း လယ်ယာ
မြေမှာပင် စိုက်ပျိုးရသကဲ့သို့, ပဌမတန်း သံဃာကို မရလျှင် သီလ
သမာဓိ ပညာအားဖြင့် ဒုတိယတန်း ပုထုဇဉ် သံဃာတော်ကို ရှာ၍
ကိုးကွယ် ဆည်းကပ်ဘို့တာဝန်မှာ တိုင်းသူ ပြည်သားတို့ အသိဉာဏ်
ပေါ်၌သာ တည်၏၊ အချုပ်မှာ – ပုဂ္ဂိုလ်ကောင်းကို ရွေးချယ်၍
ကိုးကွယ်နိုင်မှသာ အကျိုးများများရမည်ဟု ဆိုလိုပါသည်။
ထ
ဒုတိယတန်း လယ်ယာမြေမရှိလျှင်
တတိယတန်း လယ်ယာမြေ
၌လည်း စိုက်ပျိုးကြရ သကဲ့သို့ ထို ့အတူ တတိယတန်း ပုထုဇဉ်
သံဃာများကိုလည်း (သံဃာကိုရည်မှန်း၍ လှူဒါန်းပူဇော်နိုင်လျှင်)
ထိုက်သင့်သမျှ အကျိုးရမည့် အကြောင်းကိုလည်း ချဲ့ထွင် စဉ်းစား
ကြပါလေ၊ သာသနာ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ် လာသော
အခါ – လည်ပင်း၌ သင်္ကန်း ပတ်ထားသော ရဟန်း အတုကိုပင်
သံဃာမှန်း၍
လှူဒါန်းနိုင်လျှင် မရေမတွက်နိုင်အောင် အကျိုးရနိုင်
၏”ဟု ဒက္ခိဏဝိဘင်္ဂသုတ်၌ ဟောတော်မူပါသည်။
-
,,
ဤ သရဏဂုံကို ဆောက်တည်ပြီးသည့် အဆုံး၌ သီလပေး
ကိုယ်တော်က…… “ သရဏဂမနံ ပရိပုဏ္ဏ ” ဟု ဆို၏၊ သရဏဂမနံ–
သရဏဂုံသည်၊ ပရိပုဏ္ဏ – သင်တို့သန္တာန်မှာ ပြည့်စုံပြီ၊ “ သရဏဂုံ
တည်ပြီ”ဟု ဆိုလိုသည်၊ ထို့နောက်လူများက“အာမ ဘန္တေ-မှန်ပါ့
ဘုရား” ဟု လိုက်ကြပြန်၏။ ဘုရားရှေ့မှာ မိမိဘာသာ သရဏဂုံကို
ဆောက်တည်ရာ၌ကား ရုပ်ပွားတော်က “သရဏဂမနံ ပရိပုဏ္ဏ”ဟု
မိန့်တော် မမူသောကြောင့် ““တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
အဆုံး၌ “အာမ ဘန္တေ”ဟု ဆိုဘွယ် မလိုတော့ပါ။
"
ငါးပါးသီလ
( ကျက်မှတ်ရန် သိက္ခာပုဒ်များ)
၁၉၇
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိ
ယာမိ။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၅) သုရာ—မေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ, ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ။
(ကြည်ရှု ရန်အဓိပ္ပါယ်)
☑
ဤ သိက္ခာပုဒ်ငါးပါးကို “ငါးပါးသီလ” ဟူ၍၎င်း, လူတို့အမြဲ
စောင့်ထိန်းကြရသောကြောင့် “နိစ္စသီလ” ဟူ၍၎င်း, တသက်လုံး
မကျိုးမပေါက်ရအောင် သူတော်ကောင်းတို့အလေးပြုရမည့်အကျင့်
ဖြစ်သောကြောင့် “ဂရုဓမ္မသီလ”ဟူ၍၎င်း အမျိုးမျိုးပင် ခေါ်ကြ
ပါသည်၊ သရဏဂုံတည်သူ ( ရတနာသုံးပါး ဆည်းကပ် ကိုးကွယ်
သူ) ကို ဥပါသကာ- ဥပါသိကာမဟု
ခေါ်၏၊ ထို ဥပါသကာ ဥပါ
သိကာမ မှန်လျှင် ၅ ပါးသီလကို လုံခြုံစေမှသာ သင့်လျော်ပါသည်၊
ထို့ကြောင့် သူတော်ကောင်းပီသအောင် ၅ ပါးသီလကိုလည်း လုံခြုံ
စေရပါသည်။

## PAGE 109

၁၉ဂ
ရတနာ့ဂုဏ်ရည်
၁။ ပါဏာတိပါတ အဖွင့်
ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
ပါဏာတိပါတာ’ သူတပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိ
သိက္ခာပဒံ-ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊
သမာဒိယာမိ-စိတ်၌မြဲစွာ
ဆောက်တည်ပါ၏၊ “သူတပါးအသက်
သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူလို။
သူတပါးအသက် သတ်ခြင်းမှာ ဟူရာ၌ လူ၏ အသက်ချည်းသာ
မကမိမိမှတပါး အသက်ရှိသော သတွာအားလုံး၏ အသက်ကို
သူတပါးအသက် ” ဟု ဆိုလိုသည်၊ ထို ့ကြောင့် သက်ရှိသတ္မွာ
မှန်လျှင် တိရစ္ဆာန်အမျိုးမျိုး, ကြမ်းပိုး, သန်းဥ, ခ, ယောက်သွား
ကျွဲ နွား စသည်တို့၏ အသက်ဟူသမျှကို မသတ်ရ။
သတ်— ဟူရာ၌ တကယ် သေစေလို၍ ကိုယ်တိုင် သော်၎င်း
သူတပါးကို စေခိုင်း၍သော်၎င်း သတ်မှသာ သတ်ရာရောက်သည်၊
လမ်းသွားရင်း မတော်တဆ နင်းမိ၍ သေသွားခြင်း စသည်များမှာ
သတ်ရာ မရောက်ပါ။
ရှောင်ကြဉ်ရကြောင်း, ကောင်းမြတ်သော’ ဟူရာ၌ ဤ သိက္ခာ
ပုဒ်ကို ဆောက်တည်ထားလျှင် သူ့ အသက် သံတ်မှုမှ ရှောင်ကြဉ်ရ
သည်၊ မရှောင်ကြဉ်လျှင် သိက္ခာပုဒ် ပျက်၏၊ ထို
 ့ကြောင့် ဤသိက္ခာ
ပုဒ်သည် သူ့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း၏ အကြောင်း
ဖြစ်သည်။
ပါဏာတိပါတ အဖွင့်
၁ ၉ ၉
သိက္ခာပုဒ်။ ။ကုသိုလ်အကျင့်ကို “ သိက္ခာ” ဟု ခေါ်သည်၊
ပုဒ်-ဟူသည်ကား မြန်မာလို“တည်ရာ”ဟူသောစကားနှင့် အဓိပ္ပါယ်
တူသော (ပဒ) ပါဠိပျက်စကားတည်း၊ ထို ့ကြောင့် များစွာသော
ကုသိုလ်အကျင့်တို့၏ တည်ရာကို “သိက္ခာပုဒ်”ဟု မှတ်ပါ၊ ဤသိက္ခာ
ပုဒ်တပါး လုံခြုံလျှင် ကုသိုလ်အကျင့်တွေ များစွာ တိုးတက်၍ရမည်
ဖြစ်သောကြောင့်“များစွာသော ကုသိုလ်တရား၏တည်ရာ အခြေခံ
ဖြစ်သော အကျင့်သိက္ခာ”ဟု ဆိုလိုသည်။
G
ဆောက်တည်ပါ၏။ ။“ဤသိက္ခာပုဒ်ကို
လုံခြုံအောင် စောင့်
ထိန်းမည်” ဟု ( ခိုင်မြဲအောင် အိမ်ကြီး တိုက်ကြီးများကို မြေ၌
ဆောက်စိုက် တည်ထားသလို) စိတ်ထဲ၌ စွဲစွဲမြဲမြဲ နှလုံး သွင်းထား
ခြင်းကို “ဆောက်တည်” ဟု ခေါ် သည်၊ ထို့ကြောင့် သူတပါးထံသို့
မသွားဘဲလည်း မိမိဘာသာ “ ပါဏာတိပါတာ ဝေရမဏိ သိက္ခာ
ပဒံ သမာဒိယာမိ” ဟု ပါဠိလို ရွတ်ဆို၍ဖြစ်စေ “သူ ့အသက်သတ်
ခြင်းမှရှောင်ကြဉ်ပါ၏”ဟု မြန်မာလိုရွတ်ဆို၍ဖြစ်စေ ဆောက်တည်
ကောင်း၏။ ဇနကမင်းသားလေး ပင်လယ်ကြော၌ မျောနေစဉ်က
ကိုယ့်ဘာသာ ဆောက်တည်၍ ၇ ရက်ပတ်လုံး ဥပုသ် စောင့်သုံးခဲ့
ပါသည်။ ]
"
ယခုကာလ၌ကား “ ဘုရားရှေ့တော် ရဟန်း သံဃာတော်များ
ရှေ့၌ ဆောက်တည်မှ သီလရသည်”ဟု ထင်နေကြ၏၊ သို့သော် ဘုရား
ရွှေတော် ရဟန်းသံဃာ၏ ရှေ့၌ ဆောက်တည် ထားလျှင် ဘုရားနှင့်
သံဃာကို ရိုသေသောအားဖြင့် သိက္ခာပုဒ်ကို လုံခြုံအောင် အထူး
စောင့်ရှောက်ဘွယ် ရှိရကား စေတီတော် ရုပ်ပွားတော်နှင့် သံဃာ

## PAGE 110

၂၀၀
ရတနာ့ဂုဏ်ရည်
တော်၌ ဆောက်တည်ခြင်းသည် သာ၍ ခိုင်မြဲဘွယ်ရှိသောကြောင့်
ယခုကာလ ဆောက်တည်ကြပုံကိုလည်း အပြစ် မရှိ၍ ကောင်းလှပါ
ပေသည်။
။
,
မဆောက်တည်သူ လွန်ကျူးပြစ် ။ ။ ဤ သိက္ခာပုဒ်ကို
မဆောက်တည်ဘဲ သူ ့အသက်ကိုသတ်လျှင် အပြစ်ရှိ– မရှိ စဉ်းစား
ရာ၏၊ ငါးပါးသီလ ခေါ်သော သိက္ခာပုဒ်များသည် ဆောက်တည်
သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပါယ်
၄ပါးသို့ ကျရောက်စေနိုင်သောကြောင့် မည်သူမဆို အမြဲစောင့်ထိန်း
ရမည့် ကိုယ်ကျင့်တရား ဖြစ်သည်၊ “ဝိကာလဘောဇန နစ္စ’ဂီတ”
စသော အခြား သိက္ခာပုဒ်များ ကိုကား မဆောက်တည် နိုင်လျှင်
အပြစ်မကြီးလှ အပါယ်သို့ မကျစေနိုင်၊ ဆောက်တည်နိုင်လျှင်ကား
ဆောက်တည်ထားသော သိက္ခာပုဒ်ကို အကြောင်းပြု၍ အကုသိုလ်
ဖြစ်ခွင့် မရတော့ဘဲ ကုသိုလ်တရားသာ တိုးပွားဘွယ်ရှိသောကြောင့်
မည်သည့် သိက္ခာပုဒ်မဆို ဆောက်တည်နိုင်လျှင် အကျိုး များ၏၊
အပြစ်နှင့် အကျိုးကို ပြသော အောက်ပါ ဆောင်ပုဒ်ကို နှုတ်တက်
ဆောင်ထားပါ။[ နောက် သိက္ခာပုဒ်များ၌ တူသော ပါဠိများ၏
အဓိပ္ပါယ်ကို မရေးတော့ဘဲ ထူးရာကိုသာ ရေးတော့မည်။]
[ဆောင်] ပါဏာတိပါတ်, သူ ့သက် သတ်က,ချို ့တတ် အင်္ဂါ
မွဲပြာ ရုပ်သွင်, အားအင် ချို့ ယွင်း, လျင်ခြင်းလည်း
ဝေး, ဘေးကို ကြောက်တတ်, အသတ်ခံရာ, အနာ
များလျက်, ခြွေရံ ပျက်၍, အသက်တိုလျှ, ပြစ်များ
စာ့သည်……ရှောင်က အပြန် အကျိုးတည်း။
ပါဏာတိပါတ အဖွင့်
ကြည့်ရှုရန် အဓိပ္ပါယ်
၂၀၁
ပါဏာတိပါတပြုလျက် သူ့ အသက်ကို သတ်လို့ ရှိက….
၁။ မျက်စိ-နားနှာ-အင်္ဂါ ခြေလက် ချို ့ယွင်းတတ်ခြင်း။
၂။ ဖြစ်ရာဘဝ၌ အရုပ်-အသွင် မွဲပြာခြောက်ညှိုး၍ စိုစိုပြေပြေ
မရှိတတ်ခြင်း။
၃ ။
။ အားအင် ချို့ယွင်းခြင်း (အားနည်းခြင်း)။
၄။ လျင်မြန် ဖြတ်လတ်ခြင်းလည်း ကင်းဝေးခြင်း။
၅။ ဘေးရန် ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း။
၆။ သူများ အသတ်ကို ခံရတတ်ခြင်း, ကိုယ့်ကိုယ်တိုင် အဆိပ်
စသည် စားလျက် သေရတတ်ခြင်း။
၇။ အနာရောဂါများတတ်ခြင်း။
ဂ။ အခြွေအရံ ပျက်စီးတတ်ခြင်း။
၉။ အသက်တိုတတ်ခြင်း,ဤသို့စသည်ဖြင့် အပြစ်တွေများပြား
လှလေ၏။
မူရင်းအပြစ်။ ။ပြခဲ့သောအပြစ်တို့မှာ ဝဋ်လိုက်သော အနေ
အားဖြင့် ဖြစ်လေရာဘဝ၌ ရတတ်သော အဖျားအနား အပြစ်များ
တည်း၊ ထိုအပြစ်များအပြင် ငရဲ၌ကျရခြင်း စသော ကြီးလေးသော
အပြစ်လည်း ရှိသေး၏၊ ရှေးတုန်းက အိမ့်ရှင်မ တယောက်သည်
ဧည့်သည်အတွက် ချက်ပြုတ် ကျွေးဘို့ရာ ဟင်းလျာ မရှိသောကြောင့်
အိမ်မှာရှိသော သိုးမကလေးကိုသတ်လျက် ချက်ပြုတ်ကျွေးခဲ့၏၊ ထို
