## PAGE 11

ရတနာ့ဂုဏ်ရည်
ကြည့်ရှုရန် အဓိပ္ပါယ်
ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည်“ဤ၍ဤမျှရှိ၏”ဟု
ဂဏန်းချလျက် နှိုင်းဆရေတွက်၍မရလောက်အောင် မြားမြောင်လှ
ပေ၏၊ ကမ္ဘာလောက၌ ရှိသမျှ သတ္မာအပေါင်း၏ ကောင်းမှုပါရမီ
တွေကို စုပေါင်း၍ အဆတရာ မြှောက်ပြီးလျှင် တဆူသော ဘုရား
ရှင်၏ ပါရမီကုသိုလ်နှင့် နှိုင်းယှဉ်သည်ရှိသော် ဘုရားရှင် တဆူ၏
ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဘွယ်ရှိသည် ဟု ကျမ်းဂန်
များ၌ ဆို၏၊ ထိုမျှလောက် များပြားသော ပါရမီတော်တို့ကို လေး
အသင်္ချေနှင့် ကမ္ဘာတသိန်းကာလပတ်လုံး စုဆောင်းတော်မူခဲ့သော
ကြောင့်“ဤ၍ဤမျှ = မည်၍ မည်မျှရှိသည်” ဟု ပါရမီတော်များကို
ရေတွက်၍ မရနိုင်တော့ပြီ။
အသင်္ချေ တွက်ပုံ ။ ။ ကမ္ဘာကြီး တည်၍ ပျက်စီးသည့်တိုင်
အောင်သော အခါကို “တကပ်– တကမ္ဘာ” ဟု
ခေါ်၏၊ အလျား
အနံ တယူဇနာရှိသော “ဂိုဒေါင်” တိုက်ကြီး အတွင်း၌ မုံညင်းစေ့
များကိုသွင်းပြီးလျှင် အနှစ်တရာကြာမှ တစေ့ကျယူပစ်ရာ ထိုမုံညင်း
စေ့များ ကုန်သွားသော်လည်း တကမ္ဘာ မကုန်သေးဟု ဘုရားရှင်
မိန့်တော်မူသည်။ [ နိဒါနဝဂ္ဂ – အနမတဂ္ဂသံယုတ်၊ သာသပသုတ်
ပါဠိတော်။ ထိုမျှကြာသောကမ္ဘာပေါင်း မည်မျှရှိပြီဟု ရေတွက်၍
မရလောက်အောင် မြားမြောင်သောကမ္ဘာကို အသင်္ချေဟုဆိုသည်၊
ထိုသို့ ရေတွက်၍မရသောကြောင့် ဘုရားတဆူနှင့် တဆူ အကြား၌
တသင်္ချေဟု မှတ်ထားရသော လေးကြိမ်ကို “လေးအသင်္ချေ” ဟု
ဆိုရသည်၊ ထို လေးအသင်္ချေနှင့် ကမ္ဘာတသိန်းသည် ဘုရား တဆူ
-
ရုပ်ပုံတော်ဖွင့်
၃
တဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံးအချိန်အခါတည်း၊ အချို့ ဘုရားရှင်
များမှာ ပါရမီပြည့်ဘို့ရန် ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း တဆယ့်
ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်း ကြာသည်။
ထို လေးအသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး စုဆောင်းတော်
မူအပ်ခဲ့သော ပါရမီတော်တို့သည် အလွန့် အလွန် များပြားရကား
အကျိုးပေးခွင့် အလှည့်မရဘဲ အကျိုးပေးမည်ဟု တခဲခဲ နေခဲ့ကြရာ
သိဒ္ဓတ်မင်းသား ဘုရားဖြစ်မည့် ဘဝ၌ကား ခန္ဓာကိုယ် အရေးနှင့်
စပ်၍ နောက်ထပ် အကျိုးပေးခွင့်မရှိ အဆုံးစွန် အကျိုးပေးရမည့်
အခါကြီး ဖြစ်ပေသည်။
ထို့ကြောင့် ထိုပါရမီများသည် ရှင်တော်ဘုရားကို မျက်နှာတော်
ကြက်သရေရှိအောင်၎င်း, လက်တော်ခြေတော် ပြေပြစ် ညက်ညော
ချောမောအောင်၎င်း, ကိုယ်လုံးတော်နှင့် အရပ်တော် ခန့်ညား
ညီညွတ်အောင်၎င်း, ဤသို့အားဖြင့် တကိုယ်လုံး၏ အသွင်အပြင်
အရပ်ရပ်၌ ယောက်ျားမြတ်တို့၏ အမှတ်အသားဖြစ်သော လက္ခဏာ
တော်ကြီး ၃၂ ပါး, ရှစ်ဆယ်သော လက္ခဏာတော်ငယ် များဖြင့်
တံဆိပ်ခတ်လျက် အလွန် တင့်တယ်သပ္ပါယ်စွာ ဖန်ဆင်းလိုက်ရကား
လူမင်း နတ်မင်း ဗြဟ္မာမင်းဝယ် ဘယ်သူတယောက်နှင့်မျှ နှိုင်းပြိုင်၍
မရဘဲ ဇမ္ဗူရာဇ်သိင်္ဂီ- နာရဏီ ရွှေတုံး
ရွှေနှစ်ကဲ့သို့ သာကီဝင်မင်း
မျိုးတွင် အလှပဆုံး အယဉ်ကျေးဆုံး ဖြစ်ပါပေသည်။
ထိုသို့ ဖန်ဆင်းရာ၌ ပါရမီတော်များသည် သူမရ ငါမရ အလု
အယက် အကျိုးပေးကာ လောက၌ ဆန်းလေသမျှ စခန်းစုံအောင်
အစွမ်းကုန် ဖန်ဆင်းလိုက်သည့် အခါကြီးဖြစ်၍ ဘုရားရှင်၏ ပုံဟန်

## PAGE 12

ရတနာ့ဂုဏ်ရည်
တော်သည် ဖူးမျှော်၍မဝနိုင်အောင် တက်သစ်စနေဝန်း ထွန်းသစ်စ
လစန်းနှင့် ပွင့်ကာစပန်းကဲ့သို့ လန်းလန်းဆန်းဆန်း ရွှန်းရွှန်းဝေဝေ
အလွန် ကြက်သရေ ရှိတော်မူပါပေသည်၊ ဘုရားရှင်သည် ဘုရား
ဖြစ်တော်မူပြီး၍ တာဝတိံသာ နတ်ပြည်ဝယ် နတ် ဗြဟ္မာ တို့၏
အလယ်မှာ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ ထို နတ်
ဗြဟ္မာတို့၏ရုပ်အဆင်းထက် ဘုရားရှင်၏အဆင်းတော်က သာလွန်၍
တင့်တယ်တော်မူပါသတဲ့။
ထိုစကားကို ဆိုသင့်ပါပေ၏၊ နတ် ဗြဟ္မာတို့သည် အလွန်လှကြ
ပါပေလိမ့်မည်၊ သို့သော် သူတို့၏ကိုယ်တွင်း၌ ရာဂ ဒေါသစသော
အညစ်အကြေး မကင်းပါ၊ ဘုရားရှင်ကား အညစ်အကြေး ကင်း၍
သန့်ရှင်းသော စိတ်တော်ဝယ် သဗ္ဗညုတာဉာဏ်တော်နှင့် မေတ္တာ
ကရုဏာတော် ထုံမွှမ်းလျက်ရှိသောကြောင့် သာလွန်နိုင်ပါသည်။
ထိုမျှလောက် သပ္ပါယ်၍ တင့်တယ်သော ရုပ်ပုံတော်သခင် ဘုရား
ရှင်ကို မျက်မြင် ကိုယ်တွေ့ ဖူးမျှော်၍လျှင် တရားစစ် တရားမြတ်ကို
အနားဝပ်လျက် မြတ်နိုးလှစွာ မနာလိုက်ရခြင်းမှာ ယခုခေတ် ဗုဒ္ဓ
ဘာသာဝင်တို့ လွန်စွာ ကံဆိုးလှချေတကား၊ သို့သော် ဘုရားရှင်၏
ဓမ္မစကြာ အနတ္တလက္ခဏသုတ် သတိပဋ္ဌာန် စသည်ဖြင့် အဖိုးတန်
တရားတော်ကြီးများ မပျက်မပြား တည်ရှိနေသေးသောကြောင့်
ထို တရားတော်များကို ကိုယ်တွေ့ လိုက်စား၍ တရားထူးရအောင်
တရားထူး မရသေးလျှင် နောင်ပွင့်တော်မူလာမည့် အရိမေတ္တေယျ
ဘုရားရှင်ကို ဖူးမြင်နိုင်အောင် ယခုကပင် ကြိုးစားကြပါလေ။
ယော
ရောင်ခြည်တော်ဖွင့်
( ကျက်မှတ်ရန်)
နီလာယော နီလဋ္ဌာနမှာ,
ပီတော.ဒါတာစ လောဟိတာ၊
တမှာ တမှာစ မဉ္ဇိဋ္ဌာ
နိက္ခမိ
ယဿ ဘဂဝတော မှ ပဘဿရာ။
-
၅
0°
ဘုရား၏၊ နီလဋ္ဌာနမှာ - ဆံမုတ်ဆိတ်တော်, မျက်နက်တော်မှ စ၍
ထိုထို ညိုရောင် ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ၊ နီလာ
နီလာရဲ့ညို ပဲ အညိုနှင့်ကြာညို ပွင့်ချပ် မြညိုယပ်သို့
လျှပ်လျှပ်စိုပြောင် ညိုမှောင်သော ရောင်ခြည်တော်တို့သည်၊ နိက္ခမိ
သု - ဝန်းကျင် အထက်, ဝဲယာယှက်၍, မြန်းထွက် ကွန့်မြူးတော်မူ
ကြလေကုန်ပြီ၊ ပီတဋ္ဌာနမှာ– ကိုယ်အရေတော်, မျက်လုံးတော်မှ
စ၍ ထွေထွေ ရွှေရောင်ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ
ပီတာစ-ရွှေနှစ်သင်္ဂီ ရွှေအထည်နှင့် ရွှေရည်ယဉ်သန်း, ရွှေစင်ပန်း
လျှမ်းလျှမ်းထိန်ဝါရွှေသောရောင်ခြည်တော်တို့သည်လည်း၊
နိက္ခမိ ံသု - ဝန်းကျင် အထက်, ဝဲယာယှက်၍, မြန်းထွက် ကွန့်မြူး
တော်မူကြလေ ကုန်ပြီ၊ ဩဒါတဋ္ဌာနမှာ- အရိုးတော် သွားတော်
မျက်ဖြူတော်မှ, စ၍ ဖွေးလူ, ဖြူရောင်ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော်
အစိတ် စိတ်မှ၊ ဩဒါတာစ - ငွေလရောင်ခြည်,ငွေအထည်နှင့်,
သို့

## PAGE 13

103
ရတနာ့ဂုဏ်ရည်
ငွေရည်ယဉ်သန်း, ငွေစင်ပန်းသို့ လျှမ်းလျှမ်းဖွေးလူ ဖြူဝင်းသော
ရောင်ခြည်တော်တို့သည်လည်း၊ နိက္ခမိ”သု-ဝန်းကျင်အထက် ဝဲယာ
ယှက်၍, မြန်းထွက် ကွန့်မြူးတော်မူကြလေကုန်ပြီ။
လောဟိတဋ္ဌာနမှာ-အသားတော်အသွေးတော် နှုတ်ခမ်းတော်
မှ စ၍ ထိုဤ နီရောင် ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော် အစိတ်အစိတ်မှ၊
လောဟိတာစ-ကမ္ဗလာနီ သန္တာနီနှင့် ကြာနီပွင့်ချပ် ပဒမြားယပ်
သို့ လျှပ်လျှပ် ထိန်ကြည် နီသော ရောင်ခြည်တော်တို့သည်လည်း၊
နိက္ခမိ ၱသု-ဝန်းကျင်အထက်, ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူးတော်
မူကြလေကုန်ပြီ၊ တမှာတမှာ- လက်ခြေ ဖဝါးတော်, လက်သည်း
တော်မှစ၍ ခပင်း, မကြွင်းထိုထို ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ၊
မဉ္ဇိဋ္ဌာစ - ထန်းကျင့် နီပဆေး ပန်းရောင်သွေးသို့ နီတွေးလွင်လွင်
ဝါကြင်ကြင်လောင်း, မောင်းသော ရောင်ခြည်တော် အပေါင်းတို့
သည်၎င်း၊ ပဘဿရာစ – နဘံအဇဋာ*, ဝသန္တာဝယ်, သံဝါ
ထစ်ချုန်း,မိုဃ်းရွာတုန်း၌ ရုန့်ရင်း ပြက်သန်း လျှပ်စစ်ပန်းသို့
ပျံမြန်း ပြိုးပြက်, တလက်လက်ထွက်သော ရောင်ခြည်တော်တို့သည်
၎င်း၊ နိက္ခမိ သု- ဝန်းကျင်အထက်, ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူး
တော်မူကြလေကုန်ပြီ။
"
☑.
X
*မှတ်ချက် ။ ။ အထက်ကောင်းကင်ကို – နဘံအဇဋာ” မိုဃ်းအခါကို
ဝသန္တာ” ဟု ခေါ်သည်၊ မိုဃ်းလအခါ အထက်ကောင်းကင်ဝယ်
မိုးရွာတုန်း၌ လျှပ်စစ်များ ပျံသန်းသလို ဝင်းကနဲ လက်ကနဲလည်း
ရောင်ခြည်တော်များ ထွက်တော်မူကြသည်။
ရောင်ခြည်တော်ဖွင့်
ကြည့်ရှုရန် အဓိပ္ပါယ်
2
နီလရောင်ခြည်တော်။ ။ဘုရားရှင်၏ ဆံမုတ်ဆိတ်တော်နှင့်
မျက်လုံးတော် အတွင်းက မျက်နက်ဝန်းတော်တို့သည် အညိုရောင်
တောက်ပ၍ တင့်တယ်တော်မူကြကုန်၏၊ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့်
ညိုမှောင်နေသောကိုယ်အင်္ဂါတော်၏အစိတ်အပိုင်းမှ နီလရောင်ခြည်
တော်များ ထွက်တော်မူကြသည်။
ဤ နီလရောင်ခြည် ထွက်တော်မူသောအခါ ဣန္ဒနီလာကျောက်
ရတနာအဆင်း, ရွှဲညိုအဆင်း, တဖိတ်ဖိတ်တောက်သော ဖဲပုဝါညို
အဆင်း, ကြာညို ပွင့်ချပ်အဆင်း, မြရတနာဖြင့် ပြုအပ်သော
ယပ်တောင် အဆင်း စသည်နှင့် တူစွာ အလွန် ကြည်နူးဘွယ်
ကောင်းသော ညိုညို မှောင်မှောင် အရောင်တို့သည် ရှင်တော်
ဘုရား၏ ဝဲယာဘက်နှင့် အထက်အောက် (ထက်ဝန်းကျင်) အရပ်
တို့၌ အိမ်လုံး တောင်လုံးခန့်မျှ၎င်း, ထို ့ထက် ကြီးမားစွာ၎င်း
အနှံ့အပြား ပျံသန်း ကွန့်မြူးကာ အထူး ကြက်သရေရှိပါပေသည်။
ပီတရောင်ခြည်တော်။ ။ဘုရားရှင်၏ ကိုယ် အရေတော်နှင့်
မျက်လုံးတော်
အထက်က မျက်ခွံတော် စသော အရေတော်တို့သည်
ဝါဝါဝင်းဝင်း ရွှေအဆင်းကဲ့သို့ လွန်မင်းစွာ တင့်တယ်ကြကုန်၏၊
ထိုသို့ ပင်ကိုယ်အားဖြင့် ရွှေအဆင်းရှိနေသော ကိုယ်အင်္ဂါ အစိတ်
အပိုင်းမှ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။
"
ဤ ပီတရောင်ခြည် ထွက်တော်မူသော အခါ “ သိင်္ဂနိက် ” ဟု
ခေါ်သော သိင်္ဂီရွှေစင် ရွှေနှစ်အဆင်း ရွှေပြား ရွှေထည် အဆင်း
တသွင်သွင်စီးသွားသောရွှေရည်အဆင်း-ရွှေပန်းအဆင်းစသည်နှင့်

## PAGE 14

ဂ
ရတနာ့ဂုဏ်ရည်
တူစွာ အလွန်ကြည်နူးဘွယ်ရှိသော ဝါရွှေရွှေအရောင်တော်တို့သည်
ဘုရားရှင်၏ ထက်ဝန်းကျင် အရပ်၌ အိမ်လုံး တောင်လုံးခန့်မျှ၎င်း
ထို့ထက် ကြီးမားစွာ၎င်း, ပျံသန်းကွန့်မြူးလျက် အထူး ကြက်သရေ
ရှိပါပေသည်။
ဩဒါတ ရောင်ခြည်တော် ။ ။ ဘုရားရှင်၏ အသားတော်
အတွင်း၌ရှိသော အရိုးတော် သွားတော် မျက်ဖြူတော်စသည်တို့မှာ
လွန်စွာ ဖြူဝင်း သန့်ရှင်း တင့်တယ်ပါပေကုန်၏၊ ထိုသို့ ပင်ကိုယ်
အားဖြင့် ဖြူဝင်းသော ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ ဩဒါတ
ရောင်ခြည်တော်များ ထွက်တော်မူကြသည်။
စာ
ဤ ဩဒါတရောင်ခြည် ထွက်တော်မူသော အခါ ငွေ့အရောင်
တောက်ပသောလရောင်အဆင်း ငွေ့ပြားထည်အဆင်း
ကူးသန်း
သွားလာသော ငွေ့ရည်အယဉ်-ငွေပန်းအဆင်း စသည်တို့နှင့်တူစွ
အလွန် ကြည်နူးဘွယ်ရှိသော ဖြူဝင်းသော အရောင်တို့သည် ဘုရား
ရှင်၏ ထက်ဝန်းကျင် အရပ်တို့၌ အိမ်လုံး တောင်လုံးခန့် မျှ၎င်း
ထို့ထက် ကြီးမားစွာ၎င်း အနှံ့အပြား ပျံသန်းကွန့်မြူးလျက် အထူး
ကြက်သရေရှိပါပေသည်။
လောဟိတ ရောင်ခြည်တော် ။ ။ ဘုရားရှင်၏ အရေတော်
အတွင်းက အသားတော် အသွေးတော်နှင့် နှုတ်ခမ်းတော် စသည်
တို့မှာ လွန်စွာနီမြန်းပါပေကုန်၏၊ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့် နီနီ
တွေးတွေး ဟင်္သပြဒါးသွေးနှင့်တူသော ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ
လောဟိတ ရောင်ခြည်များ ထွက်တော်မူကြသည်၊ ဤ လောဟိတ
ရောင်ခြည် ထွက်တော်မူသောအခါ ကမ္ဗလာနီအဆင်း“သန္တာ”ဟု
ရောင်ခြည်တော်ဖွင့်
၉
ခေါ်အပ်သော ရတနာနီ အဆင်း, ကြာနီပွင့်အဆင်း, ပဒမြားယပ်
အဆင်း စသည်တို့နှင့်တူစွာ ကြည်နူးဘွယ်ကောင်းသောအနီရောင်
တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌ အိမ်လုံး တောင်လုံးခန့်
မျှ၎င်း, ထို့ထက် ကြီးမားစာ၎င်း, ပျံသန်း ကွန့်မြူးလျက် အထူး
ကြက်သရေရှိပါပေသည်။
မဉ္ဇိဋ္ဌ ရောင်ခြည်တော် ။ ။ မောင်းသောအဆင်း ရှိသော
မဉ္ဇိဋ္ဌ ရောင်ခြည်တော်များကား အဝါဘက်လည်း မကျ အနီရင့်
ဘက်လည်း မကျ,နီကြင်ကြင် ဝါကြင့်ကြင့် ရှိသော ကိုယ်အင်္ဂ
တော်၏ ထိုထိုအရပ်မှ ထွက်တော်မူကြသည်။ ဤ မဉ္ဇိဋ္ဌရောင်ခြည်
ထွက်တော်မူသောအခါ အချို့ အရပ်တို့၌ ရှိသော ထန်းကျင့်ပင်,
သို့မဟုတ် “နီပဆေး” ဟု ခေါ်အပ်သော သစ်ပင်၏ အတွင်းသား
အဆင်းကဲ့သို့ အဝါရင့် ပန်းရောင်အစု, အနီနုပုံသဏ္ဌာန် အင်မတန်
ကြည်နူးဘွယ်ကောင်းသော ရောင်ခြည်တော်တို့သည် ဘုရားရှင်၏
ထက်ဝန်းကျင် အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှ၎င်း, ထိုထက်
ကြီးမားစွာ၎င်း အနှံ့အပြား ကွန့်မြူးလျက် အထူး ကြက်သရေ ရှိပါ
ပေသည်။
။
ပဘဿရ ရောင်ခြည်တော် ။ ပြိုးပြိုးပြက် ထွက်သော
“ပဘဿရ”ရောင်ခြည်တော်၏အဆင်းကား ရှေး ရောင်ခြည်တော်
ငါးသွယ်၏ အဆင်းပင် ဖြစ်သည်၊ ထွက်တော်မူပုံ ထူးသောကြောင့်
ရောင်ခြည်တော်တပါးဟု ခွဲထားရသည်၊ ရွှေ ရောင်ခြည်တော်များ
မှာ အဆက်မပြတ်ဘဲ အိမ်လုံး တောင်လုံးခန့် စသည်ဖြင့် ကြီးကြီး
မားမား ကျယ်ဝန်းစွာ ပျံ့နှံ့ ကွန့်မြူးလျက် ထွက်တော် မူကြသည်၊
၂ (အဋ္ဌမအကြိမ်)

## PAGE 15

၁၀
ရတနာ့ဂုဏ်ရည်
ဥပမာ - ညိုသောရောင်ခြည်တော် ဆိုလျှင် လကွယ် သန်းခေါင်
အခါ၌ ညိုမှောင်နေသကဲ့သို့ တဆက်တည်း ညိုမှောင်နေသည်။
ဤ “ပဘဿရ” ရောင်ခြည်တော်ကား တဆက်တည်း မဟုတ်,
ကောင်းကင်ဝယ် လျှပ်စစ် ပြက်သလို ပြိုးကနဲ ပြက်ကနဲ လက်ကနဲ
ဖြစ်ကာ အရောင်အမျိုးမျိုး ဖြာလျက် တမျိုးအားဖြင့် ကြက်သရေ
ရှိအောင် ထွက်တော်မူကြသည်၊ ဤကဲ့သို့ လင်းကနဲ လက်ကနဲနှင့်
ပြိုးပြိုးပြက် ထွက်တော်မူရာဝယ် “ပိုးစုန်းကြူး”ဟု ခေါ်အပ်သော
ပိုးကောင်ကလေးများ ညအခါ၌ လက်သလို သေးသေး သိမ်သိမ်
မဟုတ်, မှန်အပြင် ကြေးမုံ အပြင်ပေါ်မှာ လရောင် ဓာတ်မီးရောင်
ဟပ်သကဲ့သို့, ကတ်ကတ်သတ်သံတ် မထင်မရှားဖြင့် မလင်းတလင်း
မျိုးလည်း မဟုတ် ကြီးကြီးမားမား ထင်ရှားစွာ ထွက်တော်မူကြ
ပေသည်။
ရောင်ခြည်တော် ပြဿနာ။ ။ပြခဲ့သည့်အတိုင်း “ရောင်ခြည်
တော်”ဟူသည် ဘုရားရှင်၏ ကိုယ်ခန္ဓာ၌တည်ရှိသော အဆင်းတော်
နှင့်တူစွာ အတွင်းစိတ်တော်၏ ကြည်လင်
သန့်ရှင်းမှုကြောင့် တန်ခိုး
ဣဒ္ဓိပါဒ်တော် အစွမ်းဖြင့် အဆက်ဆက်ဖြာ၍ ထွက်သော အရောင်
များပင် ဖြစ်သည်၊ ယခုအခါ၌ လရောင် ဓာတ်မီးရောင် စသည်တို့
ဟပ်သဖြင့် ဘုရားရှင်နှင့်စပ်သော အရာဝတ္ထုများ၌ တခုခုအရောင်
ကလေး တွေ့လျှင်“တကယ် ရောင်ခြည်တော်ဘဲ”ဟု ပြောကြ ဆို
ကောလာဟလဖြစ်နေကြသည်မှာ ဘာသာခြားလူမျိုးတို့ ပြက်ရယ်
ပြောင်လှောင်စရာ ဖြစ်သောကြောင့် အဆင်ခြင်နည်းပါးသူ အချို့
လူများအတွက် ဘုရားရှင် ကိုယ်တော်မြတ်မှာ ဂုဏ်တော် မတက်ဘဲ
ရောင်ခြည်တော်ဖွင့်
၁၁
ဂုဏ်ပျက်ဘွယ်သာ ရှိသဖြင့် ဝမ်းနည်းဘွယ် ကောင်းလှချေသည်၊
မင်းတုန်းမင်းတရားကြီး လက်ထက်က ရွှေသည်များ၏ပယောဂဖြင့်
မန္တလေး’
မဟာမြတ်မုနိ ရုပ်ပုံတော်မှ ခဏခဏ ရောင်ခြည်တော်
လွှတ်နေကြောင်းကို မင်းတရားကြီး ကြားသိတော်မူ၍ – ယနေ့က
စပြီး ဘုရားက ရောင်ခြည်တော် မလွှတ်စေနှင့်” ဟု တားမြစ်ရဘူး
သတဲ့။
မိလိန္ဒမင်းအား အရှင်နာဂသိန် ဖြေပုံ
[ဤနေရာဝယ် စေတိယပါဋိဟာရိယအခဏ်း၌ မိလိန္ဒမင်းအား
အရှင်နာဂသိန် မိန့်တော်မူပုံကို မှတ်သားသင့်၏။ ]
ရှင်နာဂ သိန်။ ။ မဟာရာဇာ… အကြောင်း ၃ မျိုးတွင် တမျိုးမျိုး
ကြောင့် စေတီတော်မှ ရောင်ခြည်တော် စသော တန်ခိုးများကို ဖူးမြင်ကြ
ရသည်။
(၁) ရဟန္တာတပါးသည် ပရိနိဗ္ဗာန် စံတော်မမူမီကပင် လူ နတ် တို့ကို
သနားတော်မူသောကြောင့် “ငါ၏ အရိုးဓာတ် ထာပနာရာ စေတီတော်မှ
မည်သည့်တန်ခိုးမျို း ထွက်ပေါ်ရစ်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူတတ်၏၊
ထို ဓိဋ္ဌာန်တော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော်စသော
တန်ခိုးများ ပေါ်ထွက်တတ်ပေသည်။
(၂) သာသနာကျိုးကို များစွာ လိုလားသော နတ်တို့သည် “ စေတီ
တော်၌ တန်ခိုးပြရလျှင် သာသနာတော်ကို ပိုမို၍ ကြည်ညိုကြ လိမ့်မည်၊
ကြည်ညိုသူတို့မှာ ကုသိုလ်တရား တိုးပွားလိမ့်မည်” ဟု ကောင်းမြတ်သော
ဆန္ဒဖြင့် တန်ခိုးပြတတ်ကြ၏၊ ထိုသို့ နတ်များ၏ တန်ခိုးပြမှုကြောင့်လည်း
စေတီတော်မှ တန်ခိုးပေါ်ထွက်တတ်ပေသည်။
