## PAGE 111

၂၀၂
ရတနာ့ဂုဏ်ရည်
မကောင်းမှု ပါဏာတိပါတကံကြောင့် သေသောအခါ ထို သိုးမ
ကလေး၏ အမွေး အရေအတွက်နှင့်အမျှ နှစ်ပေါင်းကြာအောင် ငရဲ၌
ကျက်ခဲ့ရ၏၊ ငရဲမှ လွတ်သောအခါလည်း ဘဝများစွာ သူတပါး
အသတ်ခံရ၍ သေရလေသည်။
အပြစ်ကြီး အပြစ်ငယ်။ ။ အပြစ် အကြီး အငယ်မှာ အသတ်
ခံရသော သတ္တာ၏ ခန္ဓာကိုယ် ပမာဏနှင့် ဂုဏ်ကို လိုက်၍ ဖြစ်၏၊
ခန္ဓာကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှု နည်းသောကြောင့်
၎င်း ဂုဏ်မရှိလျှင် သူ၏ဂုဏ်သိက္ခာကို များစွာ ဖျက်ဆီးရာမရောက်
သောကြောင့်၎င်း သတ်ဖြတ်သူမှာ အပြစ်သက်သာ၏၊ အသတ်ခံရ
သူက ခန္ဓာကိုယ်ကြီးလျှင် သတ်ဖြတ်ရာ၌ လုံ့ လ များစွာစိုက်ရသော
ကြောင့်၎င်း ဂုဏ်ကြီးလျှင် သူ၏ ဂုဏ်သိက္ခာအများကို ဖျက်ဆီးရာ
ရောက်သောကြောင့်၎င်း,သူ့ အသက် သတ်သူမှာ ကြီးလေးသော
အပြစ်ကို ခံရမည်။
}
ရှောင်က အပြန် အကျိုးတည်း ။ ရှောင်ကြဉ်လို့ ရှိက ဤ
အပြစ်တွေမှ ပြန်၍… ၁… ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း, ၂− အရုပ်
အဆင်း စိုပြေလှပခြင်း ၃-လျင်မြန် သွက်လက်ခြင်း, ၄-ဘေးရန်ကို
မကြောက်ရွံ့ခြင်း, ၅– သူများလက်ချက်ဖြင့် အသက်မသေရခြင်း
၆-အနာရောဂါကင်းခြင်း, ၇-အခြွေအရံမပျက်စီးခြင်း, ဂ-အသက်
ရှည်ခြင်းစသော အကျိုးများကို ရနိုင်ပေသည်၊ လူတယောက်ကို
မြင်လျှင် ဤအကျိုး အပြစ် ရပုံကို ကြည့်၍ ရှေးက ပါဏာတိပါတကံ
ရှိ-မရှိကို သိနိုင်ပါသည်၊ ဤ အကျိုးအပြစ်တွေကိုဆင်ခြင်၍ ကြိုးစား
ရှောင်ကြဉ်ကြပါကုန်။
၂။ အဒိန္နာဒါန အဖွင့်
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယ။
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
အဒိန္နာဒါနာ - မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရ
မဏိ သိက္ခာပဒံ - ကို၊ သမာဒိယာမိ-ပါ၏။ “သူတပါးဥစ္စာကို ခိုးယူ
ခြင်းမှ ရှောင်ကြဉ်ပါ၏”ဟူလို။
မိမိမှတပါး အခြားသော လူနတ် တိရစ္ဆာန်ဟူသမျှကို သူတပါး
ဟုချည်း မှတ်ပါ၊ ထို သူတပါးဥစ္စာကို ခိုးယူခြင်း ဒါးမြတိုက်ယူခြင်း
ညာဖြန်း လှည့်ပတ်ယူခြင်း, ကူးသန်း ရောင်းဝယ်ရာ၌ တင်းတောင်း
ချိန်ခွင် အလေး စသည်ဖြင့်၎င်း, ရောင်းကုန်တိုးအောင် ရေထိုးခြင်း
စသည်ဖြင့်၎င်း မရိုးမသား ယူခြင်းသည် အဒိန္နာဒါနချည်းတည်း။
[ဆောင်] အဒိန္နာဒါ, ခိုးမိပါမူ, ဥစ္စာနည်းမွဲ, ဆင်းရဲ ငတ်ဘိ
မရ ဘောဂပျက်စီး, ရေ‘မီး- သူခိုး, မွေခံဆိုးနှင့် မင်းဆိုး
အပြား, ရန်မျိုးငါးကြောင့်, ပျက်ပြား ဥစ္စာ, ပြစ်များစွာ
သည်…ရှောင်ခါ အပြန် အကျိုးတည်း။
ကြည့်ရှုရန် အဓိပ္ပယ်
၁။ အဒိန္နာဒါနကို ပြုမိသူသည်...တတ်ခြင်း။။
၂။ ဆင်းရဲတတ်ခြင်း။...။ ငတ်မွတ်ခြင်း။
၄။ အလိုရှိသောအရာကို မရနိုင်ခြင်း။
၅။ ကူးသန်းရောင်းဝယ်မှု မတတ်ခြင်း စသည်တို့ကြောင့်
စည်းစိမ်’ပျက်စီးတတ်ခြင်း။

## PAGE 112

၂၀၄
ရတနာ့ဂုဏ်ရည်
၆။ ရေ မီး သူခိုး အမွေခံ သားသ္မီးဆိုး မင်းဆိုးဟူသော ရန်သူ
မျိုး ၅ ပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာ ပျက်ပြားရခြင်း, ဤ
မကောင်းကျိုးများကို ရတတ်၏။
မူရင်းအပြစ်။ ။ ဤ ပြခဲ့သောအပြစ်တို့ကား ဝဋ်လိုက်သော
အားဖြင့် ဖြစ်ရာဘဝ၌ ရတတ်သော အပြစ်များတည်း၊ ထို အပြစ်
များထက် ကြီးလေးစွာ ငရဲ ပြိတ္တာတို့၌လည်း ဖြစ်တတ်သည်သာ၊
ရှေးတုန်းက ဈေးသည် မိန်းမ ၄ ယောက်တို့သည် အလေး ချိန်ခွင်
စဉ်းလဲခြင်း စသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီးနောက် အရွယ်
ကောင်းတုန်းမှာပင် သေကြ၍ ပြိတ္တာ ဖြစ်ကြလေသော်, မိမိတို့၏
ရှေးဟောင်း နှောင်းဖြစ်တွေကို မြင်ကြရုံသာ မက,
မက, ကျန်ရစ်သော
ယောက်ျားတို့က နောက်မယား ယူကြ၍ မိမိတို့ စုဆောင်းထား
ခဲ့သော ပစ္စည်းတွေ သုံးဖြုန်းနေကြသည်ကို မြင်ရသဖြင့် မခံနိုင်ကြ
သောကြောင့် “တရားရော မတရားရော ငါတို့ စုဆောင်းထားခဲ့တဲ့
ပစ္စည်းတွေကို နောက်သား နောက်မယားတွေက အပင်းဆို ့နေကြ
သဟဲ့၊ ငါတို့တော့ ဒုက္ခရောက်ကုန်ပြီ ”ဟု မြို့ရိုးပေါ်ကနေပြီး ဟစ်
အော်ကြသတဲ့။
ဤသို့ စသည်ဖြင့် အဒိန္နာဒါနအတွက် အပြစ်များစွာရှိ၏။။ ဥစ္စာ
ရှင်က ဂုဏ်ရှိသလောက် အပြစ်ပို၍ ကြီးလေး၏၊ ဥစ္စာ၏ တန်ဖိုး
အလိုက်လည်း အပြစ် အကြီးအငယ် ကွဲပြားသည်၊ ရှောင်ကြဉ်လျှင်
ဤ အပြစ်မျိုးမှလွတ်ကင်း၍ “ဥစ္စာပေါခြင်း”စသော အပြန် အကျိုး
(၆)ပါး စသည်ကို ရနိုင်၏၊ အကျိုးအပြစ်ကို သတိထား၍ ကြိုးစား
စောင့်ထိန်းကြပါကုန်။
"
၃။ ကာမေသုမိစ္ဆာစာရ အဖွင့်
ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ကြည့်ရှု့ရန် အနက်နှင့် အဓိပ္ပါယ်
-
၂၀၅
ကာမေသုမိစ္ဆာစာရာ – ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ, ယုတ်
မာသောအကျင့်မှ၊ ဝေရမဏိသိက္ခာပဒံ - ကို၊ သမာဒိယာမိ - ပါ၏၊
“သူ့မယားကို လွန်ကျူးခြင်း(ကိုယ့်လင်မှ တပါးသောယောက်ျား
နှင့် ဖေါက်ပြားခြင်းမှ) ရှောင်ကြဉ်ပါ၏” ဟူလို။
ကာမဂုဏ်။ ။ မိန်းမ ယောက်ျား နှစ်ဦးသားတို့ ပျော်ပါး
ရွှင်မြူး ကြည်နူး ပေါင်းဘက်ခြင်းကို “ ကာမဂုဏ် ” ဟု ဆိုသည်၊
ဤသို့ ဆက်ဆံမှုကို မပြုမကျင့် ရှောင်ကြဉ်၍ စင်စင် ကြယ်ကြယ်
နေနိုင်က အကောင်းဆုံး ဖြစ်၏၊ သွာက္ခာတဂုဏ်တော် အဖွင့်၌
ပြခဲ့သော
ဥဒယဘဒ္ဒမင်းသား မင်းသ္မီးတို့ကို အတုလိုက်၍ကျင့်ရာ၏၊
မရှောင်ကြဉ်နိုင်ပါမူ ကိုယ်ပိုင် အိမ်သူ အိမ့်ရှင် ( ဇနီးမောင်နှံချင်း )
မွေ့လျော်၍ တင်းတိမ်ရောင့်ရဲရာ၏၊ထိုသို့မွေ့ လျော်ခြင်းကိုလောက
အလိုက် ပညာရှိတို့ မကဲ့ရဲ့ထိုက်ပါ။
။
ကဲ့ရဲ့ ထိုက်စွာ ယုတ်မာသောအကျင့် ။ ။ ကိုယ်ပိုင် ဇနီး
မောင်နှံချင်းမှ လွန်ကျူး ဖေါက်ပြား၍ သူများပိုင် ဇနီးနှင့်၎င်း
ဆွေနီးမျိုးစပ်တို့ စောင့်ကြပ် ထိန်းသိမ်းထားသော အမျိုးသ္မီးများ
နှင့်၎င်း အချင်းချင်း သဘောတူသည် ဖြစ်စေ,မတူသည်ဖြစ်စေ,
လွန်ကျူး ဖေါက်ပြားသော ယောကျ်ား၏ အကျင့် မိမိကို ပိုင်သော
ယောက်ျားမှ ဖေါက်ပြား လွန်ကျူး၍ တပါးသော ယောက်ျားနှင့်

## PAGE 113

၂ ၀ ၆
ရတနာ့ဂုဏ်ရည်
ပျော်မြူးသောမိန်းမ၏ အကျင့်သည် ကဲ့ရဲ့ဘွယ်ရာ ယုတ်မာသော
အကျင့်တည်း။
[ဆောင်] မိစ္ဆာစာရ ကျူးလွန်ကလည်း မုန်းကြသူများ
ရန်သူပွား၍ ရှားပါး လာဘ်တိတ် ချမ်းသာဆိတ်
၏၊ ဣတ္ထိ ပဏ္ဍုက်, မျိုးယုတ်ခါခါ မျက်နှာ မလှ
အရှက်ရလျက်, လက္ခဏ ဣန္ဒြေ ယင်းသူ ချို့သိမ်
စိုးရိမ် များစွာ, ချစ်သူ က္ခာသည်, ရှောင်ခါ
အပြန် အကျိုးတည်း။
☑
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
၁။ ကာမေသုမိစ္ဆာစာရ အားကြီးသောသူ၌ မလိုမုန်းထားသူ
ပေါများခြင်း။
၂။ မုန်းရုံမက ရန်သူလည်း များခြင်း။
၃။ လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း။
၄။ ချမ်းသာမှ ကင်းဆိတ်ခြင်း။
၅။ မိန်းမ ဖြစ်ရခြင်း။
၆။ မိန်းမ မဟုတ် ယောက်ျား မဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း။
၇။ ယောက်ျား ဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း။
မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း။
ဂ။
၉။ အင်္ဂါလက္ခဏာ ဣန္ဒြေတို့ ယွင်းချို့ သေးသိမ်ခြင်း။
စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း။
၁၁။
၁၁။ ချစ်သူနှင့် ကွေကွင်း ကွဲကွာရခြင်း။
(အဋ္ဌမုအကြိမ်)
ကာမေသုမိစ္ဆာစာရ အဖွင့်
၂၀၇
မူရင်းအပြစ်။ ။ဤပြခဲ့သော အပြစ်တို့သည် ဝဋ်လိုက်သော
အားဖြင့် ဖြစ်ရာဘဝ၌ တွေ့ကြုံရတတ်သော အပြစ်များသာတည်း၊
ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏၊ ကာမေသုမိစ္ဆာ
စာရ အားကြီးသော သဌေးသား လေးယောက်တို့၏ “လောဟ
ကုမ္ဘီ”ခေါ် သံရည်ပူငရဲမှ “ ဒု− သ’ န’ သော”ဟု ဟစ်အော်ကြ
ပုံကိုလည်း လူအများပင် ကြားဘူးကြလေပြီ၊ အထူး ဆင်ခြင်ဘွယ်
ကောင်းသော အရှင် အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏၊
အရှင် အာနန္ဒာအလောင်းသည် ကမ္ဘာတသိန်းမျှ ပါရမီ ဖြည့်ပြီး
နောက် ကျွတ်တမ်းဝင်တော့မည့် ဤကမ္ဘာမှာပင် တခုသော
ဘဝ၌
ရွှေပန်းတိမ်သည်သား ဖြစ်၏၊ ထို ဘဝ၌ကား လူလေ လူလယ်တို့နှင့်
ပေါင်းမိ၍ ကာမေသုမိစ္ဆာစာရ အမှုကို ပြုလေသည်။ လူမိုက်နှင့်
ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။ ]
ထိုအကုသိုလ်ကံကြောင့် ရောရုဝငရဲ၌ နှစ်ပေါင်းများစွာ ကျက်
ပြီးနောက် လွတ်မြောက်လာသော အခါ မျောက်ဖြစ်၍ ဝှေးစေ့ကို
ကိုက်ဖေါက် ခံရ၏၊ ထို့နောက် တဘဝ၌ နွားဖြစ်၍ သင်းကွပ်
( ဝှေးစေ့ အထုတ် ) ခံရ၏၊ ထို့နောက် လူဖြစ်သော်လည်း မိန်းမ
မဟုတ်, ယောက်ျား မဟုတ် ပဏ္ဍုက်ဖြစ်ရ၏၊ ထို့နောက် ၅ ဘဝ
မြောက်၌ ကုသိုလ်ကံ အခွင့်ရ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထို
ကာမေသုမိစ္ဆာစာရကံ နှောက်ရှက်မှုကြောင့် နတ်သား မဖြစ်ဘဲ
နတ်သ္မီးချည်း ငါးဘဝလုံးလုံး ဖြစ်ရသေး၏၊ ထိုဘဝတို့ နောက်၌
လူ့ ပြည်မှာ ဘုရင့်သ္မီး ဖြစ်ရှပြန်၏၊ ထိုဘဝ နောက်မှ ယောက်ျား
ဘဝကို ပြန်၍ရလေသည်။
(အဋ္ဌမအကြိမ်)

## PAGE 114

၂၀၀
ရတနာ့ဂုဏ်ရည်
ဤသို့လျှင် ကာမေသုမိစ္ဆာစာရကံအတွက် ပါရမီရှင်ကြီးသော်မှု
ငရဲကျရ ဘဝများစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို
သတိပြုလျက် တသံသရာလုံးက ပါလာခဲ့သော ဝါသနာဆိုးကြီးကို
တရားဖြင့် မထိန်းသိမ်းနိုင်လျှင် တကယ်တမ်းကြည်ဖြူ၍ ချစ်သွေး
တူသော အိမ့်ရှင် အိမ်သူချင်းသာ ပေါင်းသင်းမိဘို့ရာ သတိပြုသင့်လှ
တော့သည်။
-
အိမ်ထောင်စုံ၄ မျိုး။ ။ ၁ – မြင့်မြတ်သော ယောက်ျားက
သီလလုံ၍ အိမ်သူ မယားက သီလ မလုံခြုံလျှင် နတ်သားလင်နှင့်
သူသေ မယားတို့ ပေါင်းသင်းခြင်းနှင့် တူ၏၊ [ သီလ မရှိသူသည်
အသက်ရှင်နေသော်လည်း သေသူနှင့် မထူးပြီ၊ ၂ ‘ယောက်ျားက
သီလမစင်ကြယ်ဘဲ အိမ်ရှင်ဇနီးက သီလစင်ကြယ်နေလျှင် သူသေ
လင်နှင့် အိမ့်ရှင်နတ်သ္မီးတို့ ပေါင်းသင်းခြင်းနှင့်တူ၏၊ ၃-နှစ်ယောက်
လုံး သီလမစင်ကြယ်မူ သူသေချင်း ပေါင်းသင်းရခြင်းနှင့် တူ၏။
၄- ဇနီးမောင်နှံ နှစ်ဥးလုံး သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ
ဩတ္တပ္ပဟူသော သူတော်ကောင်းဥစ္စာ ၇ ပါးနှင့် ပြည့်စုံ၍ စိတ်တူ
သဘောတူ ကြည်ကြည်ဖြူဖြူနှင့် နေထိုင်ကြလျှင် ယခုဘဝ၌လည်း
စည်းစိမ်ဥစ္စာ အရှိန်အဝါ တိုးတက်လျက် နောင် သံသရာ၌လည်း
ချစ်စည်းမပြေဘဲ ဘုရားအလောင်း ဥဒယဘဒ္ဒမင်းသား မင်းသ္မီးနှင့်
မဟာကပ္ပိနမင်း အနော်ဇာမိဘုရားတို့ကဲ့သို့ နိဗ္ဗာန်ကိုပင် အတူတကွ
စံမြန်းရလိမ့်မည်ဖြစ်၍ ယခုအခါ နတ်သ္မီးနတ်သားအသွင် ကြည်လင်
ရွှင်မြူး တဥုးကို တချုး လွန်ကျူး ဖေါက်ပြားခြင်း မရှိပါလျှင်
ပြခဲ့သောအပြစ်မှပြောင်းပြန်ပြန်၍ အကျိုးအတန်တန်ကို စံရပေလိမ့်
သတည်း။
ကာမေသုမိစ္ဆာစာရ အဖွင့်
(၁) လင်နတ်သားနှင့် မယားသူသေ
၂၀၉
*ဓိမိုင်း ရာဇ,သီလ ကျင့်ဝတ်, ဆွတ်ဆွတ် စင်ဖြူ ့ အိမ်သူ မယ်လျှ
သီလ မစင် ဖြစ်ချေလျှင်မူ လင်ကား နတ်သား မယားသူသေ,
မည်ရှာပေ၏။[ဓိမိုင်း=အထွဋ်အထိပ် အမြတ်။]
(၂) သူသေလင်နှင့် အိမ်ရှင် နတ်သ္မီး
ဘုန်းဝေနတ်ရှင်, မစင် သီလ, နန်းမ နေသူ, ဖြူသည့် သီလ,ဖြစ်ချေ
ကမူ ဘဝ သခင်, သူသေ တွင်လျက်, အိမ့်ရှင် ဇနီး, နတ်သ္မီး
အနေ, တည်ရှာလေ၏။
(၃) သူသေ လင်မယား
နှစ်ဆွေလင်မိတ်, သီလဆိတ်မှု ကောင်းဟိတ်မ သူသေချင်းသာ,
မေတ္တာမျှဝေ, ကြည်ရှာလေ၏။
..
(၄) နတ်သား နတ်သ္မီး ဇနီးမောင်နှံ
လူ့ မြေရပ်ခွင်, အိမ့်ရှင် အိမ်သူ မြတ်ရည် တူလျက်, ဆုယူညီမျှ
လှူဒါနနှင့်, သီလ မယိုင်, သဒ္ဓါပြိုင်မူ ဘုန်းလှိုင် ကျော်ကြား
မိုဃ်းနတ်သားနှင့် ဆွေဝါးအနီး နတ်သ္မီးသို့ ကောင်းချီးအံ့ရာ
စုမိရှာလျက်, သံသာနောင်လည်း ချစ်စည်းမပြေ ရှည်ကြာလေ
၏၊ ဘုန်းဝေပြည့်ရှင် မောင့်သခင်လည်း, အင်ခွင် မသုံ တန်ခိုး
ဂုဏ်နှင့်, သုရုဒ္ဓန, ပြည်လုံး ခသည့်, ဥဒယ ဘဒ်, မင်းမြတ်
ထွတ်ချာ, မဟာကပ္ပိန်, နရိန်တို့လို, မညို သဒ္ဓါ, မက္ခာ သီလ
များသုတနှင့် စာဂဝိဇ္ဇာ,ပညာမကွေ့ အနေတော်သင့် ချစ်ပန်း
ပွင့်သည်…နတ်နှင့် တူစေချင်လှသောဝ်။... [ပဉ္စာဝုဓပျို့။
၁၉ (အဋ္ဌမအကြိမ်)

## PAGE 115

၂၃၀
ရတနာ့ဂုဏ်ရည်
၄။ မုသာဝါဒ အဖွင့်
မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကြည့်ရှုရန် အဓိပ္ပါယ်
-
မုသာဝါဒါ…မဟုတ် မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရ
မဏိသိက္ခာပဒံ– ကို၊ သမာဒိယာမိ – ပါ၏၊ “လိမ်လည် လှည့်ပတ်
ခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူလို၊ မဟုတ်မမှန်သောစကား’ဟူရာ၌
နှုတ်ဖြင့်၎င်း စာဖြင့် ရေး၍၎င်း ကိုယ် လက်စသည်ကို လှုပ်ပြ၍၎င်း
လိမ်သမျှ ညာဖြန်းသမျှ ပါဝင်၏။
သို့သော် သူတပါး အကျိုးပျက်သွားအောင် လိမ်သော မုသား
မျိုးသာ အပါယ်ရောက်ကြောင်း ဖြစ်၏၊ ကိုယ့်ဥစ္စာ မပေးလို၍ လိမ်
လည်သော မုသားမျိုး ပြက်ရယ် ပြောင်လှောင်သော မုသားမျိုး
သူတပါး၏ အကျိုးစီးပွားကို မပျက်စေဘဲ မိမိ အပြစ်လွတ်အောင်
လိမ်ရသော မုသား မိမိ၏သားသ္မီးများ ပွဲလမ်း စသည်သို့ သွားလျှင်
အပြစ်ဖြစ်မည်ကိုမြင်၍ မသွားချင်အောင် လှည့်ပတ်ပြောဆို အကျိုး
လိုသောမိဘ၏ မုသားမျိုးမှာ ပြောလောက်အောင်အပြစ်မကြီးပါ၊
သို့သော် သိက္ခာပုဒ်ကား ပျက်ဘွယ် ရှိ၏။
[ဆောင်] မုသား စကား ပြောဆိုငြားမူ စကားမပြီ သွားမညီ
တည်း, ပုပ်ညှီပါးစပ်, ခြောက်ကပ် ကိုယ်ရေ,ဣန္ဒြေ
နောက် ပုံယွင်းဖေါက်၏၊ မရောက် ဩဇာ,နှုတ် လျှာ
ကြမ်းထော်, လျှပ်ပေါ် လောလီ, စိတ်မတည်သည်….
ရှောင်ကြဉ်အပြန် အကျိုးတည်း။
(အဋ္ဌမအကြိမ်)
၁။
မုသာဝါဒ အဖွင့်
ရှေးက မုသားအားကြီးသူသည်...
ယခုဘဝ၌ စကား ပြီပြီသသ မပြောတတ်ခြင်း။
၂။ သွားများ မညီမညွတ် ရှိခြင်း။
၃။ ခံတွင်း ပါးစပ် ပုပ်ညှီခြင်း။
၂ ၁၁
၄။ ကိုယ် အရေအသား ပူရှိန် ခြောက်ကပ် စိုဇိုဖပ်ဖပ် မရှိခြင်း။
၅။ မျက်စိ’နား’စသောဣန္ဒြေများ နောက်ကျုကျုရှိခြင်း။
၆။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖေါက်ပြန်ခြင်း။
၇။ သူတပါးအပေါ်၌ ဩဇာအာဏာ မတည်ခြင်း။
ဂ။ အပြောအဆိုနှုတ်လျှာများ ထော်လော် ကြမ်းတန်းခြင်း။
၉။ စိတ်မတည်ဘဲ လျှပ်ပေါ် လော်လီတတ်ခြင်း၊ ဤသို့စသည်
ဖြင့် အပြစ်များ၏။
[ မုသား ပြောသူသည် ဘယ်ကိစ္စ၌မျှ
မယုံကြည်ရသောကြောင့် အကြီးအကဲ မဖြစ်နိုင်။]
မူရင်းအပြစ်။ ။ဤ ပြခဲ့သောအပြစ်တို့ကား ဝဋ်လိုက်သော
အားဖြင့် ရောက်လေရာဘဝ၌ ရတတ်သောအပြစ်များတည်း၊ တချို့
မုသားစကားမှာ ငရဲရောက်အောင်ပင် အပြစ်ကြီး၏၊အရှင်ဒေဝဒတ်
သည် သံဃာအသင်းခွဲရာ၌မုသားပြော၍ ခွဲရ၏၊ ထိုမုသားကြောင့်
အဝီစိငရဲသို့ ရောက်ရလေသည်၊ ဤသို့လျှင် တချို့ မုသားများသည်
ငရဲသို့ ပစ်ချနိုင်လောက်အောင် သတ္တိကြီးမားလေသည်။
(အဋ္ဌမအကြိမ်)
