## PAGE 116

၂၁၂
, L
ရတနာ့ဂုဏ်ရည်
စေတိယဇာတ်
"
ဤကမ္ဘာ၏ ရှေ့ပိုင်းလောက်က စေတိယတိုင်းပြည်ဝယ်“ဥပဝရ
ခေါ် စေတိယမင်း၏ မုသားစကားမှာ ဖြူစင်သော ကောင်းကင်၌
မှိုင်းသောတိမ်တိုက်ပမာ တကမ္ဘာလုံး သစ္စာတည်သောအခါဝယ်
ရှေးဥးစွာ ပေါ်လာသော မုသားဖြစ်၍ နစ်နစ်ကာကာ လွန်စွာ
ဆိုးဝါးလျက်ယခုတိုင်အောင်ပင် ထင်ရှားခဲ့လေသည်၊ ထိုမင်းကား
သာမန်မဟုတ်, ကောင်းကင် ပျံနိုင်ခြင်း, နတ်သား လေးယောက်
သက်တော်စောင့်ရခြင်း, ကိုယ်မှ စန္ဒကူးနံ့မွှေးခြင်း, ခံတွင်းမှလည်း
ကြာညိုနံ့မွှေးခြင်းဟူသော တန်ခိုး ၄မျိုးနှင့် ပြည့်စုံသူတည်း၊ တက္က
သိုလ်၌ ပညာသင်တုန်းက ပုရောဟိတ်ကြီး၏ ညီဖြစ်သော ကောရ
ကလမ္ဗသည် အကျွမ်းတဝင် ချစ်ခင်ရင်းနှီးသူ ဖြစ်၏၊ မိမိ ရှင်ဘုရင်
ဖြစ်လျှင် ကောရကလမ္မကိုပင် ပုရောဟိတ်ရာထူး တင်မည်ဟု ဝန်ခံ
ခဲ့၏၊ သို့သော် ရှင်ဘုရင်ဖြစ်သောအခါ၌ကား ပုရောဟိတ်ဟောင်းကို
ရာထူးမှ မချနိုင်၊ ပူရောဟိတ်ဟောင်းကမူ သူ၏ရာထူးကို သားအား
လွှဲအပ်၍ ရသေ့ ရဟန်း ပြုသွားလေသည်။
ကောရကလမ္မသည် ပုရောဟိတ်ရာထူးကို မရသောကြောင့် သူ၏
နောင်တော် ပုရောဟိတ်ဟောင်းအပေါ်မှာ ရန်ငြိုးဖွဲ့၏၊ ထုံးစံအား
ဖြင့်လည်း ပုရောဟိတ်ရာထူးမှာ နောင်တော်သာ လက်ကိုင် ဖြစ်၏၊
ထို ့ကြောင့် နောင်တော်က အခွင့်မပြုသမျှ ထို ရာထူးကို အတင်း
မပြောင်းလဲ နိုင်ချေ၊ သို့ဖြစ်၍ ထို ရာထူးအတွက် ဘုရင်နှင့် ကောရ
ကလမ္ဗ (သူငယ်ချင်း ၂ ယောက်တို့မှာ) အခက် ကြုံကြရတော့၏၊
တနေ့သ၌ကား – ထို ရာထူးအတွက် စဉ်းစားရင်း ဘုရင်က သူ၏
သူငယ်ချင်းကို ပြောသည်မှာ....
-
မုသာဝါဒ အဖွင့်
၂၁၃
ဘုရင်။ ။ကောရကလမ္မ…ရာထူးအတွက် မပူနှင့်, ငါ့ကိုယ်တိုင်
ပရိသတ်အလယ်မှာ “သင့်ကို အကိုကြီး, သင်၏ နောင်တော်ကို
အငယ်” ဟု မုသားပြောမည်၊ သည်လိုဆိုလျှင် သင်က အကြီး
ဖြစ်၍ ရာထူးကို ရခွင့်ရှိသည်။
ကောရ။ ။မင်းမြတ်…. သည်အကြံဟာ ကောင်းပါ၏၊ သို့သော်
နောင်တော်က တန်ခိုးကြီးသူ ဖြစ်၏၊ ယခုလို မုသားပြောလျှင်
နောင်တော်က အရှင်မြတ်၏ တန်ခိုးတွေကို ( တကယ် မကွယ်
ဘဲ ) ကွယ်ပျောက်သလို ဖြစ်အောင် လုပ်ပါလိမ့်မည်၊ မြေကြီး
ထဲသို့ တကယ် မဝင်ဘဲနှင့် ဝင်သလိုဖြစ်နေအောင် လုပ်ပါလိမ့်
မည်၊ ထိုအခါ၌ အရှင်မင်းမြတ်က မုသားစကား မတည်ဘဲ
စကားပြောင်းလွှဲသွားလျှင် အကျိုးမရှိနိုင်ပါ။
[ဤကား– နောင် ဖြစ်ခဲ့လျှင် ဘုရင် စိတ်မပျက်ရအောင် ကြိုတင်၍
တုပ်နှောင်သော စကားများတည်း။]
ဘုရင်။ ။ကော...သည်လို စကားပြောင်းလိမ့်မည်ဟု မထင်ပါ
နှင့်, မုသားကို ငါ ပြောမြဲ ပြောမည်။
။ဘယ်အခါ ပြောမည်နည်း။
ကောရ။
ဘုရင်။ ။ယနေ့မှ နောက် ၇ ရက်မြောက်၌ ပြောမည်။
ဤသို့ ဘုရင်နှင့် ကောရကလမ္ဗတို့ တိုင်ပင်ကြသော စကားသည်
တမြို့လုံး ပြန့်နှံ့သွား၏၊ ထိုအခါကား မုသားကို မကြားဘူးကြ
အထူး သစ္စာ တည်သောအခါ ဖြစ်၍ ဘုရင်ပြောမည့် မုသား
ဆိုတာ ဘယ်လိုဟာပါလိမ့် “ ညိုညိုလား – ရွှေရွှေလား” ဟု

## PAGE 117

၂၁၄
ရတနာ့ဂုဏ်ရည်
မုသား၏ အဆင်းအရောင် အကောင်အထည်ကိုပင် ကြိုတင်၍
စဉ်းစားကြလေ၏၊ထိုမျှလောက် သတင်းကြီးနေသောမုသားကို
ကြည့်ရှု ကြားသိလိုကြသော မြို့သူမြို့သားတို့သည် ဘုရင် မုသား
ပြောမည့်ဌာန၌ ခတင် ကြီး ငယ် အသွယ်သွယ် ခင်းလျက် အလု
အယက် နေရာယူကာ ၇ ရက်မြောက် နေ့ဝယ် စောစောကပင်
ပရိသတ်တွေ ပြည့်ကျပ် ကျိတ်ခဲနေလေသည်၊ ထိုသို့ ပရိသတ်
စုံညီဝယ် အခြွေအရံများနှင့် တကွ ဘုရင်နှင့် ကောရကလမှုတို့
အပြင် ပုရောဟိတ်ဟောင်း ရသေ့လည်း ဈာန် အဘိညာဉ်ဖြင့်
ကောင်းကင်မှ ဆိုက်ရောက်လာ၏၊ ထိုအခါ……
ရသေ့။ ။မင်းမြတ်…..အငယ်ကို အကြီး အကြီးကို အငယ်ဟု
မုသားပြောမည်ဆိုတာ မှန်ပါသလား။
ဘုရင်။ ။မှန်ပါတယ်။
ရသေ့။ ။မင်းမြတ်…… မုသာဝါဒဆိုတာ လွန်စွာ အပြစ်ကြီးပါ
တယ် ရှိသမျှဂုဏ်ကို ဖျက်ဆီးပစ်ရုံမက, အပါယ်သို့ပင် ချတတ်
ပါတယ်၊ မုသာဝါဒပြောဆိုသူမှန်လျှင် မိမိကိုယ်ကျင့်တရားကို
သတ်ပစ်ရာ ရောက်ပါတယ်၊ ကိုယ်ကျင့်တရားတွေ သတ်ပစ်တဲ့
သူဟာ မိမိကိုယ်လဲ မိမိသတ်ရာ ရောက်ပါတယ်၊ မုသားပြော
သူကို ကိုယ်စောင့်နတ်များလဲ မစောင့်လို ကြပါ၊ ခံတွင်းက
အပုပ်နံ့များလဲ ထွက်တတ်ပါတယ်၊ ရာထူးလဲ လျှောတတ်ပါ
တယ်။ ထိုစကားကိုကြားလျှင် ဘုရင်သည် ကြောက်ရွံ့လာ၏၊
ထို ့ကြောင့် သူ၏သူငယ်ချင်း
ကောရကလမ္မကို (ဘယ့်နှယ်လဲဟု
မေးသောသဘောဖြင့်) ကြည့်ရှာလေသည်။
မုသာဝါဒ အဖွင့်
၂ ၁၅
ကောရ။ ။မင်းမြတ်...အစတုန်းကပင် သည်လို ပြောပါလိမ့်မည်
ဟု တင်ကြို သံတော်ဦးတင်ခဲ့သည် မဟုတ်ပါလား။
ဘုရင်။ ။(အနည်းငယ် ရဲလာ၍ ပုရောဟိတ်ရသေ့ကို ပြောသည်
မှာ) အရှင်ရသေ့….အရှင်က အငယ်, ကောရကလမ္မက် အကြီး
ဖြစ်တယ်။
မုသားကား ယခုကမ္ဘာတွင် ပဌမဆုံး မုသားတည်း၊ ထိုမုသား
စကား ပြောလိုက်သည်နှင့် တပြိုင်နက် ဘုရင်ကို စောင့်နေကျ
ဖြစ်သော သက်တော်စောင့် နတ် ၄ ယောက်တို့ သန်လျက်ကို
ပစ်ချ၍ ကွယ်ပျောက်ကြတော့၏၊ ဘုရင်၏ ခံတွင်းမှ ကြာညိုနံ့
ကွယ်ပ၍ ကြက်အု အပုပ်နံ့ ထွက်လာ၏၊ တကိုယ်လုံးမှာလည်း
စန္ဒကူးနံ့ ကွယ်ပျောက်၍ အိမ်သာနံ့ကြီး ပေါ်ပေါက်လာလေ
သည်၊ ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့
ကျရောက်ရှာလေသည်၊ ထိုအခါ...
ရသေ့။ ။(သနားကြင်နာသော မျက်နှာဖြင့်) မင်းမြတ်….မုသား
မပြောပါနှင့်၊ အမှန်ကို ပြင်၍ပြောလျှင် တန်ခိုးများ မူလ
အတိုင်း ရှိပါလိမ့်မည်။
ဘုရင်။ ။ “ အသင်ရသေ့တို့က ငါ့ကို တန်ခိုးဖြင့် လှည့်ပတ်ကြ
သည်၊ ငါတော့ နောက်ဆုတ်လိမ့်မည် မဟုတ်၊ သင် ရသေ့က
အငယ်, ကောရကလမ္မက အကြီးဘဲ ” ဟု မုသား ပြောပြန်၏။
[ ဤ ဒုတိယ မုသားပြောသည့် အတွက် ခြေမျက်စိ ထိအောင်
ခြေ ၂ ချောင်း မြေသို့ဝင်သွားလေသည်။ “မြေမျိုစ ပြုလေပြီ”
ဟု ဆိုလိုသည်။ ]

## PAGE 118

၂ ၁ ၆
ရတနာ့ဂုဏ်ရည်
ရသေ့။ ။မင်းမြတ်………မုသား မပြောပါနှင့်, မုသားပြောလျှင်
မိုဃ်းလေများလဲ မမှန်မကန်ဖြစ်ကာ သတွာများ ဆင်းရဲတတ်
ပါသည်၊ မှန်မှန်ပြောပါ, ဘယ်သူ အကြီးပါလဲ။
ဘုရင်။ ။“ ငါ့နန်း ငါထိုင်, မခိုင် ကျိုးဟ ” ဆိုသော သဘော
မျိုးဖြင့် – သင်က အငယ်, ကောရကလမ္မက အကြီးဘဲ ” [ဤ
တတိယ မုဘားအပြောတွင် ဒူးဆစ်ထိအောင် မြေသို့ ဝင်သွား
လေသည်။]
ရသေ့။ ။မင်းမြတ်……မုသားပြောသူမှာ မြွေများလို လျှာ ၂ခွ
ဖြစ်တတ်ပါတယ်၊ မှန်မှန် ပြင်ပြောလျှင် နဂိုရ်အတိုင်း ဖြစ်နိုင်ပါ
သေးတယ် မှန်မှန်ပြောပါ ဘယ်သူက အကြီးပါလဲ။
'
,,
ဘုရင်။ ။ “ငါ့လှေ ငါထိုး, ပဲခိုးရောက်ရောက်” ဆိုတဲ့ သဘော
မျိုးဖြင့် – သင်ရသေ့က အငယ်, ကောရကလမ္မက အကြီးဘဲ
[ဤ စတုတ္ထ မုသားအပြောတွင် ခါးထိအောင် မြေသို့ ဝင်သွား
လေသည်။]
ရသေ့။ ။မုသားပြောသူတို့မှာ ဖြစ်လေရာဘဝ၌ စကားပြီပြီသသ
ဖြစ်အောင် မပြောတတ်ဘဲ စကားထစ်အသူ ဖြစ်တတ်ပါတယ်၊
မှန်မှန်ပြောပါ,
ကျွန်ုပ်တို့ ၂ ယောက်တွင် ဘယ်သူက အကြီး
ပါလဲ။
ဘုရင်။
။
6
C
"
ါ့မြင်း ငါစိုင်း, စစ်ကိုင်း ရောက်ရောက် ” ဆိုတဲ့
သဘောဖြင့် “ သင်ရသေ့က အငယ်,ကောရကလမ္မက အကြီး
ဘဲ”ဟု ပြောပြန်၏။ [ဤ ပဉ္စမအကြိမ် မုသားအပြောတွင် ချက်
ထိအောင် မြုပ်သွားလေသည်။]
မုသာဝါဒ အဖွင့်
၂ ၁ ၇
ရသေ့။ ။မင်းမြတ်………… မုသားပြောသူတို့မှာ ဖြစ်လေရာဘဝ၌
သားရတနာ မထွန်းကားဘဲ သ္မီး မိန်းမသာ ရတတ်ပါသည်၊
မှန်မှန်ပြောလျှင် နဂိုရ်အတိုင်း ပြန်ဖြစ်နိုင်ပါသေးသည်၊ မှန်မှန်
ပြောပါ ဘယ်သူ အကြီးပါလဲ။
"
ဘုရင်။ ။ “ ပေါက်တဲ့နဖူးမထူးဘူး ” ဆိုတဲ့သဘောဖြင့် “သင်
ရသေ့က အငယ်, ကောရကလမ္ဗက အကြီး”ဟု ပြောပြန်သည်။
[ဤ ဆဋ္ဌအကြိမ် မုသားအပြောတွင် သားမြတ်ထိအောင် မြုပ်
သွားလေသည်။]
ရသေ့။ ။မင်းမြတ်………… မုသားပြောသူတို့မှာ ဖြစ်လေရာ ဘဝ၌
သားရသော်လည်း သားများက ကျေးဇူးမသိတတ်ဘဲ တော်ရာ
အရပ်သို့ ရှောင်လွှဲ၍ နေတတ်ပါသည်၊ မှန်မှန်ပြောလျှင် နဂိုရ်
အတိုင်း ဖြစ်နိုင်ပါသေးသည်၊ မှန်မှန်ပြောပါ ဘယ်သူ အကြီး
ပါလဲ။
"
ဘုရင်။ ။ “ သန်းခေါင်ထက်ဖြင့်, ညဉ့် မနက်တော့ဘူး” ဆိုတဲ့
သဘောဖြင့် “သင်ရသေ့က အငယ်, ကောရကလမ္မက အကြီး
ဟု ပြောပြန်၏။ [ဤ သတ္တမအကြိမ် မုသားအပြောတွင် အဝီစိမှ
မီးတောက် မီးလျှံတို့က အဝီစိတိုင်အောင် ယူဆောင် သွားလေ
သည်။][အဋ္ဌကနိပါတ်, စေတိယဇာတ်။]
ဝတ္ထုမှတ်ချက်။ ။ ဤဝတ္ထု၌ မုသာဝါဒ၏အပြစ်ကား လွန်လွန်း
လှ၏-ယု မှတ်ထင်ကြပေလိမ့်မည်၊ မလွန်လွန်းပါ၊ ထို စေတိယ
မင်း၏ မုသားပြောသော အချိန်ကား တစုံတယောက်မှ မုသား
ပြောသူ မရှိသေး, အားလုံး သစ္စာတည်သောအခါ ဖြစ်သည်၊

## PAGE 119

၂၁၀
ရတနာ့ဂုဏ်ရည်
ညစ်စုတ်ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်း မထူး
ဖြူစင်သော ပုဝါ၌ကား မြူမှုန်လောက် အကွက် ကလေးပင်
ထင်ရှားသကဲ့သို့ အားလုံး သစ္စာတည်ကြသော ကာလ၌ ပဌမ
ဖြစ်သော ထိုမုသားသည် အလွန်ထင်ရှား၍အပြစ်လည်းကြီးမား
လေသည်၊ ယခုခေတ်ကား အချို့ လူကြီးလူကောင်း ပညာရှိ
သူတော်ကောင်းတွေပင် “မုသားမပါ လင်္ကာမချော” ဟူသော
စကားကို လက်ကိုင်ပြုလျက် ၊ မုသားကို ရေလဲနှင့် သုံးစွဲနေကြ
သောခေတ် ဖြစ်၏။
သို့ကလောက် မုသားပေါသောခေတ်၌ မုသားပြောသူတိုင်း မြေမျို
ရလျှင် မြေကြီးပင် အားလပ်ခွင့်ရတော့မည်မဟုတ်ချေ။ထို့ပြင်-
ကမ္ဘာဥုး၌မုသားလောက်ကြီးသောအပြစ်များလည်းမရှိသေး၊
ယခုခေတ်၌ကား မုသားလောက် အပြစ်မျိုးကို အပြစ် ဟုပင်
မဆိုသာ၊ ထို ့ထက်ဆိုးဝါးသော အပြစ်ကြီးတွေက လွှမ်းမိုးနေ
သဖြင့် မုသားလောက်အပြစ်မှာ သာမန်အပြစ်မျှ ဖြစ်ရသည်။
သို့ရာဝယ် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက် ဘဝ၌
အကျိုး မထင်ရှားစေကာမူ သံသရာ၌ ဝဋ်လိုက်သောအပြစ်မှာ
စေတိယမင်း၏ အပြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့်
အပြင် တကယ့် သူတော်စင် ပါရမီ ရှင်မှန်လျှင်
သစ္စာပါရမီကို
လိုလိုချင်ချင် ဖြည့်ရမည် ဖြစ်သောကြောင့် မုသား မှန်သမျှကို
အသေးအဖွဲကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်
သက်သက် ဖြည့်ကျင့်ကြပါလျှင် မိမိ၌တည်သော သစ္စာကြောင့်
အလိုလို အရှိန်အဝါ တက်လာပါလိမ့် သတည်း။
၅။ သုရာမေရယ အဖွင့်
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
"
၂၁၉
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ-မေ့လျော့ပေါ့ဆခြင်း၏အကြောင်း
စင်စစ် မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ၊
ဝေရမဏိသိက္ခာပဒံ - ကို၊ သမာဒိယာမိ-ပါ၏၊ “ သေရည်အရက်
သောက်ခြင်းမှရှောင်ကြဉ်ပါ၏။”ဟူလို။[သုရာ-သေရည်+ မေရယ=
အရက် + မဇ္ဇ = မူးယစ်စေတတ် + ပမာဒ = ကုသိုလ် ကောင်းမှု၌
မေ့လျော့ခြင်း၏+ ဋ္ဌာန= အကြောင်း။]
သေရည် အရက်။ ။မူးယစ်စေတတ်သော အဆောက်အဥ
ထည့်ခပ်၍ စီရင်အပ်သော ထန်းရည် ပေရည် ဓနိရည် စသည်ကို
“သေရည်”ဟု ခေါ်၏၊ မူးယစ်အောင် စီရင်အပ်သော ပန်းပွင့်ရည်
စပျစ်ရည် စသည်ကို “အရက်” ဟု ခေါ်၏၊ သေရည် အရက်သာ
မက, ယခုကာလ သုံးစွဲနေကြသော ကဇော် ဘိန်း ကုတ်ကင်း
ဆေးခြောက် မာဖိယား စသော အားလုံးကိုလည်း ဤ သိက္ခာပုဒ်၌
ယူကြသည်။
ထို သေရည်အရက်ကို သောက်စားမိလျှင် မူးယစ်၍ တွေးချင်ရာ
တွေးကာ ကုသိုလ်ကောင်းမှုနှင့် အလုပ်ကိစ္စတို့၌ မေ့လျော့တတ်၏၊
ထို့ကြောင့် သေရည်အရက်နှင့် ဘိန်း ကဇော်စသော အစာများကို
“မေ့လျော့ခြင်း၏ အကြောင်း”ဟု ဆိုသည်။

## PAGE 120

၂၂ဝ
ရတနာ့ဂုဏ်ရည်
[ဆောင်] သေရည်သောက်လင့်, သင့် မသင့်၌ ရေးခွင့် မသိ ပျင်းရှိ
မေ့ရူး ကျေးဇူးမဆပ်, ဟိရောတ္တပ်ကင်း, ခပင်းများထို
အကုသိုလ်ကို မငြိုလွယ်စွာ, ပြုကျင့်ရာသည်……ရှောင်ခါ
အပြန် အကျိုးတည်း။
သေရည် အရက်စသည်ကို သောက်စားမိလျှင်..
C
၁။ အရေးအခွင့် သင့် မသင့်ကို မသိတတ်ခြင်း။
၂။ ပျင်းရိတတ်ခြင်း။
နောက်ဘဝ အဆက်ဆက်၌
၃။ မေ့လျော့ မူးရူးတတ်ခြင်း။
အရူးအနှမ်းလည်း ဖြစ်တတ်ခြင်း။]
၄။ သူများက ပြုဘူးသော ကျေးဇူးကို မသိတတ်ခြင်း။
၅။ ဟိရီ ဩတ္တပ္ပဟူသော အရှက်အကြောက်မှ ကင်းခြင်း။
၆။ သေရည် အရက်ကိုသောက်မိလျှင် မည်သည့် အကုသိုလ်မှ
မရှောင်ကြဉ်ဘဲ အလုံးစုံ မကောင်းမှုကို ပြုမိလွယ်ခြင်း။
ကာမေသုမိစ္ဆာစာရကဲ့သို့ ဤသေရည်အရက်သောက်မှုကို မိစ္ဆာ
စာရ တမျိုးဟု ကျမ်းဂန်တို့၌ ဆိုထားသည်၊ ထို ့ကြောင့် သေရည်
အရက်သောက်ခြင်း၌ အပြစ်ရှိသည်မှာ သေချာပြီ၊ သို့သော် မည်မျှ
လောက် အပြစ်ရှိနိုင်ပါလိမ့်မည်နည်း ဟုကား စဉ်းစားဘွယ် ရှိ၏၊
ယခုခေတ် အချို့ ဆေးရည်များ၌ မထင်မရှား အရက် ပါတတ်၏။
သုရာမေရယ သိက္ခာပုဒ်၌ ဟင်းလျာ ကောင်းစေလိုသဖြင့် ဟင်း၌
သေရည် အနည်းငယ်မျှ ခတ်၍ ချက်ရာဝယ် ( သေရည်အနံ့ မထင်
"
သုရာမေရယ အဖွင့်
၂၂၁
ရှားလျှင်) ထိုဟင်းကို ရဟန်းများပင် စားကောင်း၏ ဟု ခွင့်ပြုတော်
မူ၏၊ အမျိုးသ္မီးများကို ဆရာဝန်တို့က အရက်ချိုတမျိုး ပေးကြ၏၊
တကယ့်ကိုယ် ဆေးအဖြစ်ဖြင့် သောက်ကြရ၏။ တချို့လူများကား
အရက်ကို သောက်ချင်လို ့ပင် သောက်ကြ၏။
ဤစကားစုကိုကောက်ချက်ချလိုက်လျှင်, ၁-မထင်မရှား သေရည်
အရက်ပါသော ဟင်း ဆေးများကို စားသောက်မှု ၂−မလွှဲသာ၍
ဆေးအဖြစ်ဖြင့် သောက်မှု ၃ – သောက်ချင်၍ သောက်မှု ဟု ၃မျိုး
ထွက်လာ၏၊ ထို ၃ မျိုးတွင် ၁ နံပါတ်သောက်ခြင်းမျိုးသည် လုံးဝ
အပြစ်မရှိ၊ ၂ နံပါတ် သောက်ခြင်းမျိုးကား တကယ် အရက် ဟုတ်-
မဟုတ်, သောက်ခြင်းကြောင့် မူး - မမူးကို ပဌမဆုံး စဉ်းစားသင့်၏၊
သက္ကတ ဆေးကျမ်းတို့၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည်ကို
“အာသဝ”ဟု ခေါ်၏၊ ထိုအာသဝကို မြန်မာလို“အရက်=စိမ်ရည်”
ဟုပင်ပြန်ဆိုကြ၏။ထို့ကြောင့် မျက်နှာမြင်ပြီးစအမျိုးသ္မီးတို့သောက်
ရသော အရက်ချိုသည် မူးလျှင်
အရက်စစ်, မမူးလျှင် စိမ်ရည်အမျိုး
အစားတည်း၊ အရက်အစစ် ဖြစ်လျှင် ဤ သုရာမေရယ သိက္ခာပုဒ်
ပျက်ဘွယ်ရှိသည်၊ သို့သော် မလွှဲသာ၍ ဆေးအဖြစ် သောက်ရသော
ကြောင့် အပြစ်ကြီးလှမည် မဟုတ်ပါ။
အရက်အစစ်ကို တကယ်သောက်ချင်၍ သောက်သော ၃ နံပါတ်
သောက်ခြင်း၌ မည်မျှအထိ အပြစ်ကြီးသည်ကို ရှင်တော်ဘုရားသာ
သိမြင်တော်မူပေလိမ့်မည်၊ ဘုရား လက်ထက်တော်က ရှင်သာဂတ
မည်သော မထေရ်သည် ဈာန်အဘိညာဉ်ရပြီးသော ပုထုဇဉ်တပါး
ပေတည်း၊ အခါတပါး၌ သရက်ပင်ဆိပ်ဝယ် နဂါးကြီးနှင့် တန်ခိုး
