## PAGE 121

JJJ
ရတနာ့ဂုဏ်ရည်
ပြိုင်လေရာ နဂါးကို အနိုင်ရကြောင်း ကောသမ္ဘီပြည်သူတို့ ကြား
သဖြင့် လွန်စွာကြည်ညိုကြ၍ ဆွမ်းခံဝင်လာသောအခါ အိမ်ပေါက်
စေ့လိုပင် သေရည်ကိုကပ်လှူကြ၏။ ထိုအခါ သိက္ခာပုဒ် ပညတ်တော်
မမူသေးသောကြောင့် ကပ်လှူသမျှ သေရည်များကို အရှင်သာဂတ
သောက်လေရာ သေရည်မူးသဖြင့် ဈာန်အဘိညာဉ် ကွယ်ပလျက်
မြိုပေါက်ဝတွင် လဲရှာလေ၏၊ ထို ့နောက် ဘုရားရှင် တွေ့မြင်တော်
မူ၍ တွဲခေါ်ဘို့ရန် အမိန့်ပေးသဖြင့် ရဟန်းတော်များ တွဲယူလာ
ပြီးလျှင် ဘုရားရှင်ဘက်သို့ ဥုးခေါင်းလှည့်၍အချတွင် ဥုးခေါင်းကို
ပြောင်းပြန် ပြန်လျက် ဘုရားဘက်သို့ ခြေလှည့်ထားလေသည်။
ဤမျှလောက် တန်ခိုးရှင်ကိုပင် အရှက်တကွဲ အကျိုးနဲဖြစ်အောင်
ပြုတတ်သော သေရည် အရက်သည် ယခုခေတ် သာမန်လူမျိုးကို
အဘယ်မှာအကျိုးများအောင်ပြုနိုင်တော့အံ့နည်း၊ရှေးအခါတုန်းက
ဘုရင်တဥုးသည် သေရည်မူးခိုက်၌ အသားဟင်းမပါသော ပွဲတော်
စာကို ဆက်လာသဖြင့် ရင်ခွင်ထက်က သားငယ်ကို သတ်၍ ချက်စေ
အပ်ဘူးလေသည်၊ သောက်ချင်၍သောက်သူမှာ တခါ ၂ ခါသောက်
ရုံမျှဖြင့် တင်းတိမ်မည်မဟုတ်၊ သောက်စရှိလျှင် သောက်ချင်ချင်ပင်
ဖြစ်လိမ့်မည်၊ တိကအင်္ဂုတ္တိုရ်ပါဠိတော်၌“သေရည်အရက်သောက်မှု
မေထုန်မှ အိပ်မှု”ဤ၃ခုကို မတင်းတိန်နိုင် အားမရနိုင် မဝနိုင်သော
အမှုများ ဟု ဟောတော်မူသည်၊ ထို့ပြင် – သေရည်အရက် များစွာ
သောက်သူသည် အပါယ် ကျတတ်၏, အပါယ်မှလွတ်၍ လူဖြစ်
လာသော် အရူးအနှမ်း ဖြစ်တတ်၏ ” ဟုလည်း ဟောတော်မူ၏၊
ထို ့ကြောင့် သိက္ခာရှိသူဖြစ်လိုလျှင် ဘုရား မကြိုက်သော သေရည်ကို
ရှောင်ကြဉ်ထိုက်ပါသည်။
(အဋ္ဌမအကြိမ်)
6
သုရာမေရယ အဖွင့်
အေ, စီ, ဆလ်မုန်းမည်သော ဆရာဝန်ကြီး၏
“ပါဏာဝုဓ”ဆေးကျမ်းမှ ထုတ်နှုတ်ချက်”
၂ ၂ ၃
၁။ အရက်သောက်ခြင်းသည် မူရင်းရှိ မေတ္တာကို လျော့ပါး
စေ၍ သား လင်တို့၏ ဝတ္တရားကို တိမ်းပါးစေပါသည်။ မိမိအလုပ်
အကိုင်၌ ညံ့ဖျင်းစေပြီး ခိုးခြင်း လုယက်ခြင်း စသော ရာဇဝတ်မှု
များကို ကျူးလွန်စေပါသည်၊ ရောဂါ အချို ့တို့မှာ – သူကျာပါဒ
(အင်္ဂါသေခြင်း) အစာအိမ်ရောင်ခြင်း, အသံ ကျောက်ကပ် အဆုပ်
ရောင်ခြင်း, ချောင်းဆိုး သွေးပါနှင့် ရူးသွပ်တတ်သော ရောဂါများ
ဖြစ်ပွားစေပါသည်။
-
၂။ အရက်သောက်သူတို့က “ အရက်သောက်ခြင်းသည် မိမိတို့
စိတ်ကူးကို ထက်မြက်စေသည်”ဟု ထင်မြင်တတ်ကြ၏၊ မုချအားဖြင့်
အရက်သောက်စ ၁ဝ မိနစ်လောက်၌ စိတ်ကူးသွက်လာဟန် ရှိသော်
လည်း သူ၏ ထင်မြင်ချက်နှင့် နှုတ်ထွက် စကားတို့မှာ ဘရမ်းဘတာ
မလိမ်မာသောအနက်ကို ပေးကြသည်၊ နှုတ်စောင့်စည်းသူ အကျင့်
ကောင်းသူပင် မူးယစ်လာသောအခါ လုံးလုံး တမျိုးဖြစ်သွားသည်၊
စကားနည်းသူ အရက်သောက်လျှင် စကား ပေါလာ၏။ အရက်
သောက်ပြီး မူးဝေ ခေါင်းလေးသဖြင့် အိပ်ချင်လာ၏။
၃။ အရက်သည် သောက်သူ၏ သားသ္မီးများကိုလည်း ရောဂါ
ဖြစ်စေတတ်၏၊ ကလေးအရူးထောင်တွင် တရာလျင် ၄ ၁ ယောက်
သည် အရက်သမား၏ သားသ္မီးများ ဖြစ်ကြ၏။ အရက်သမားသည်
မသောက်သူတို့ထက် ၂ ဆလောက် ရောဂါထူကြောင်းကို တွေ့ရ၏၊
များမကြာမီကာလတုန်းက ဆေးဆရာတို့သည် ရောဂါကို သက်သာ
(အဋ္ဌမအကြိမ်)

## PAGE 122

၂၂၄
ရတနာ့ဂုဏ်ရည်
စေလိမ့်မည် အထင်နှင့် အရက်ကိုပေးကြ၏ သို့သော် အရက်သည်
ရောဂါကို မသက်သာစေသည့် အပြင် သာ၍ တိုးတက်စေကြောင်း
သိကြရ၏၊ ဤသို့စသည်ဖြင့် အရက်၏ အပြစ်များကို ရေးသားထား
ပေသည်။
"
☑
☑
☑
☑
☑
[ ဤသိက္ခာပုဒ်အဆုံး၌ ငါးပါးသီလပေး ကိုယ်တော်က……….
“တိသရဏေန သဟ, ပဉ္စသီလံ သာဓုကံကတွာ အပ္ပမာဒေန သမ္ပါ
ဒေထ ”ဟု ဆို၏။ ]
အနက်။ ။တိသရဏေန’ သရဏဂုံသုံးပါးနှင့်၊ သဟ− တက္ခ၊
ပဉ္စသီလံ - ငါးပါးသီလကို၊ သာဓုကံ - လေးလေးစားစား၊ ကတွာ-
ပြု၍၊ အပ္ပမာဒေန-မမေ့မလျော့သော သတိတရားဖြင့်၊ သမ္ပါဒေထ-
ကောင်းစွာ ပြီးစီးစေကြကုန်လော... ယခု ဆောက်တည်အပ်သော
သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလအကျင့်ကို လေးလေးစားစား
ပြု၍ စောင့်ထိန်းကြ”ဟု တိုက်တွန်းသောစကား ဖြစ်သည်။
"
,,
ထိုနောက်… လူများက “ အာမဘန္တေ ”ဟု လိုက်ဆိုကြပြန်၏။
မှန်ပါ ဘုရား စောင့်ထိန်းပါမည် ”ဟု ဝန်ခံသောစကား ဖြစ်၏၊
ထို ့ကြောင့် ဘုရားရွှေ့တော်မှာ ကိုယ့်ဘာသာ သီလယူရာ၌ ရုပ်ပွား
တော်က တိုက်တွန်းစကားကို မိန့်တော် မမူသောကြောင့် “ အာမ
ဘန္တေ”ဟု ဆိုဘွယ်မလို၊ အချုပ်မှာ - ဘုရားရွှေ သီလယူရာ၌“အာမ
ဘန္တေ” ဟူသော စကားကို “မည်သည့်နေရာ၌မျှ ထည့်သွင်းဘွယ်
မလိုတော့”ဟု မှတ်ပါ။
"
ဥပုသ်သီလတောင်းအဖွင့်
(ကျက်မှတ်ရန်)
အဟံ ဘန္တေ တိသရဏေန သဟ, အဋ္ဌင်္ဂ သမန္နာဂတံ,
ဥပေါသထသီလံ, ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ, သီလံ
ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ…မေ ဘန္တေ…စသည် ဆက်ဆို။
(ကြည်ရှု ရန်အဓိပ္ပါယ်)
Dan
၂ ၂၅
(၁) ဘန္တေ-အရှင်ဘုရား၊အဟံ-တပည့်တော်(တပည့်တော်မ)
သည်၊ တိသရဏေန = သရဏဂုံသုံးပါးနှင့်၊ သဟ – တကွ၊ အဋ္ဌင်္ဂ
သမန္နာဂတံ-ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော၊ ဥပေါသထသီလံ–
ဥပုသ်သီလ တည်းဟူသော၊ ဓမ္မံ’သိက္ခာပုဒ်တရားတော်ကို၊ ယာစာ
မိ−တောင်းပါ၏၊ ဘန္တေ-အရှင်ဘုရား၊ မေ- တပည့်တော် (တပည့်
တော်မ)အား၊ အနုဂ္ဂဟံ’ ချီးမြှောက်ခြင်းကို၊ ကတွာ-ပြု၍၊ သီလံ-
သီလကို၊ ဒေထ – ပေးတော်မူပါကုန် ဘုရား၊……….“ အရှင်ဘုရား
တပည့်တော်သည် သရဏဂုံသုံးပါးနှင့် တကွ အင်္ဂါရှစ်ပါး ရှိသော
ဥပုသ်သီလကိုတောင်းပါ၏, တပည့်တော်အား သနားသဖြင့် သီလ
ပေးတော်မူပါ” ဟု ဆိုလိုသည်။
ဤသို့ စသည်ဖြင့် ငါးပါးသီလ၌ ပြခဲ့သည့်အတိုင်း သိရာ၏၊
သရဏဂုံ ဆောက်တည်ပုံ တိုင်အောင် မထူးပါ၊ “ အင်္ဂါရှစ်ပါးနှင့်
ပြည့်စုံသော”ဟူရာ၌ “ပါဏာတိပါတာ ဝေရမဏိ”စသော သိက္ခာ
ပုဒ် ရှစ်ပါးကို “အင်္ဂါရှစ်ပါး” ဟု ဆိုသည်။
၂ဝ (အဋ္ဌမအကြိမ်)

## PAGE 123

၂၂ ၆
ရတနာ့ဂုဏ်ရည်
ရှစ်ပါးသီလ
(ကျက်မှတ်ရန် သိက္ခာပုဒ်များ)
၁။ ပါဏာတိပါတာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။
၂။ အဒိန္နာဒါနာ, ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ, ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ, ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ။
၆။ ဝိကာလဘောဇနာ, ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ-ဂီတ-ဝါဒိတ္တ-ဝိသူကဒဿန- မာလာ-ဂန္ဓ-ဝိလေပန’
ဓာရဏ— မဏ္ဍန – ဝိဘူသနဋ္ဌာနာ, ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ။
ဂ။ ဥစ္စာသယန မဟာသယနာ, ဝေရမဏိသိက္ခာပဒံ သမာဒိ
X
ယာမိ။
X
[ ၁-၂- ၄– ၅ သိက္ခာပုဒ်များ၏ အဓိပ္ပါယ်ကို ပြခဲ့ပြီ။ ]
( အဋ္ဌမအကြိမ်)
၃။ အဗြဟ္မစရိယ အဖွင့်
အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
"
0.66
JJ2
အဗြဟ္မစရိယာ-မမြတ်သော မေထုန်အကျင့်မှ၊ ဝေရမဏိသိက္ခာ
ပဒံ-ကို၊ သမာဒိယာမိ-ါ၏၊ “မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏”
ဟူလို၊ “မမြတ်သော မေထုန်အကျင့်” ဟူရာ၌ “မေထုန” ဟူသော
ပါဠိကို မြန်မာလို “မေထုန်”ဟု ခေါ်သည်။ “အချင်းချင်းကိစ္စ”ဟု
အဓိပ္ပါယ်ရ၏၊ ထို့ကြောင့် မိန်းမ-ယောက်ျား နှစ်ဦးတို့၏ ပျော်မြူး
ပေါင်းဘက် ဆက်ဆံခြင်းကို “ မမြတ်သော မေထုန်အကျင့် ” ဟု
မှတ်ပါ။
"
9.9
ကာမေသုမိစ္ဆာစာရအတွက်မှာ မိမိတို့ သ္မီးခင်ပွန်း အချင်းချင်း
ပေါင်းသင်း ဆက်ဆံခွင့် ရသေး၏၊ ဤ အဗြဟ္မစရိယ သိက္ခာပုဒ်ကို
စောင့်ရှောက်သူကား သ္မီး ခင်ပွန်းချင်း ဆက်ဆံမှုကိုသော်မှ ရှောင်
ကြဉ်ရသည်၊ ထို့ကြောင့် ဥပုသ်စောင့်သူများသည် ကာမေသုမိစ္ဆာ
စာရ သိက္ခာပုဒ်အရာ၌ အဗြဟ္မစရိယသိက္ခာပုဒ်ကို ဆောက်တည်ကြ
ရှ၏၊ အိမ်ထောင် မရှိသော သူတော်စင်များကား ကာမေသုမိစ္ဆာ
စာရသိက္ခာပုဒ်ကို အထူး မဆောက်တည်တော့ဘဲ ဤ အဗြဟ္မစရိယ
“
သိက္ခာပုဒ်ကို ဆောက်တည် ထားလျှင် သာ၍ အကျိုး များ၏။
[ဆောက်တည်ပုံကို နောက်၌ ပြထားသည်။]
ညီမခုနစ်ဖေါ်။ ။ကဿပဘုရားရှင် လက်ထက်တော်၌ ခေမာ
ထေရီ, ဥပလဝဏ်ထေရီ, ပဋာစာရီ, ဓမ္မဒိန္နာ, ကုဏ္ဍလကေသီ
ကိုသာဂေါတမီ ဝိသာခါတို့၏ အလောင်းအလျာများဖြစ်ကြသော
(အဋ္ဌမအကြိမ်)
,,

## PAGE 124

၂၂၀
ရတနာ့ဂုဏ်ရည်
ညီမခုနစ်ဖေါ် ကိကီမင်း၏ သ္မီးတော်တို့သည် ငယ်စဉ်ကပင် အနှစ်
၂ သောင်းတိုင်အောင် ငယ်သွေးငယ်မူ ဖြူဖြူစင်စင်ဖြင့် ဤသိက္ခာ
ပုဒ်ကို စောင့်သုံးလျက် အသက်ထက်ဆုံး နေခဲ့ကြလေသည်၊ ဤ
အကျင့်မျိုးကို မိန်းမများ၌ “ ကောမာရိဗြဟ္မစရိယ” ဟု ခေါ်၍
ယောက်ျားများ အတွက် “ ကောမာရဗြဟ္မစရိယ ” ဟု
(ကောမာရ= ငယ်သွေးငယ်မူ ဖြူစင်သူတို့၏ ဥစ္စာဖြစ်သော+ ဗြဟ္မ
စရိယ=ကောင်းမြတ်သောအကျင့်။)
ခေါ်၏၊
ဤ မေထုန်အကျင့်မျိုးသည် လူ့ ဘဝ၌သာ ရှိသည်မဟုတ်, နတ်
ပြည်မှာလည်း ခမ်းနားစွာ ရှိ၏၊ အောက်တန်းကိုကြည့်လျှင် ရေနေ-
ကုန်းနေ-ကောင်းကင်နေသော တိရစ္ဆာန်တွေမှာလည်းရှိ၏၊ မျက်စိ
ဖြင့် ကြည့်၍မမြင်နိုင်လောက်အောင် သေးငယ်သောပိုးမွှားကလေး
များမှာလည်း ရှိကြပေသည်၊ ဤအကျင့်ကို မစွန့်နိုင်ကြ၍ သံသရာ
ဆင်းရဲ၌ တဝဲလည်လည် နေရရုံမက, ယခုမျက်မြင်ပင် ရိုက်နှက်
သတ်ပုတ် ထိုးခုတ် လုယက်မှုကြောင့် ထောင်တန်းကျရ, အသက်
ဆုံးရသူတွေအများပင် ရှိကြသည်၊ဆင်းရဲဟူသမျှသည် ဤအကျင့်ကို
မရှောင်နိုင်မှုမှ စ၍ဖြစ်၏။
တကယ် သူတော်ကောင်းဖြစ်သူတို့ကား ဤအကျင့်၏ ဆိုးဝါး
ပုံကို အလုံးစုံ မြင်ကြသဖြင့် ရပြီးသော အာရုံများကို စွန့်လွှတ်၍
တောထွက်တော် မူကြသည်။ သွာက္ခာတဂုဏ်အဖွင့်၌ ပြအပ်ခဲ့သော
ဥဒယဘဒ္ဒ မင်းသား မင်းသ္မီး အလောင်းတော်ကြီး ၂ ပါးကား
ထီးနန်းစည်းစိမ်ကြီး၏ အလယ်မှာ ခန်းဆောင်ကြီး တခုထည်းဝယ်
စက်တော်ခေါ်ရပါသော်လည်း ကျူးကျော် ဖေါက်ပြားခြင်း မရှိ
ပကတိ ခိုင်မြဲသော မေတ္တာစိတ်ဓာတ်ဖြင့် ရစ်ပတ် ဖွဲ့နှောင်လျက်
အဗြဟ္မစရိယ အဖွင့်
၂၂၉
အသက်ဆုံးသည့်တိုင်အောင် စောင့်စည်း၍ နေကြသည်မှာ လွန်စွာ
နည်းယူဘွယ် ကောင်းပါပေသည်၊ ထို ့ကြောင့် သူတော်စင်တို့
စက်ဆုပ်ဘွယ်ရာ ယုတ်မာသော
ဤ အကျင့်ကို ယခုလို လူ့ ဘဝ
ကျေကျေနပ်နပ် ရှောင်ရှား၍ ပါရမီကိုသာ အားရပါးရ ဖြည့်ကျင့်
လျက် အဆင့်ဆင့် မြင့်မြတ်အောင် အထူး သတိဆောင်နိုင်မှ ပါရမီ
ရှင် ပြီသကြပေလိမ့်မည်။
ကောမာရဗြဟ္မစရိယ သီလ
ဆောက်တည်ပုံ
အဟံ ဘန္တေ တိသရဏေန သဟ, ကောမာရဗြဟ္မစရိယ သီလံ,
ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံကတွာ သီလံဒေထ မေ ဘန္တေ၊ ဒုတိယ...
တတိယမြို့ ဆက်ဆို။
အနက်။ ။“ကောမာရ ဗြဟ္မစရိယသီလံ – ငယ်သွေး ငယ်မူ
ဖြူစင်သူတို့၏ မြတ်သော အကျင့်သီလဟူသော၊ ဓမ္မံ – သိက္ခာပုဒ်
အကျင့်ကို” ဟု အနက်ဆိုပါ၊ ဤမှနောက်၌ ငါးပါးသီလအတိုင်း
ဆို၍ ကာမေသုမိစ္ဆာစာရနေရာ၌ အဗြဟ္မစရိယကို ထည့်၍ ဆိုရုံသာ
ထူးသည်။
အမှာ။ ။ပါဠိလိုမဆိုတတ်လျှင် မြန်မာလို “တပည့်တော်မသည်
အဗြဟ္မစရိယကို ရှောင်ကြဉ်သော ငါးပါးသီလကိုဆောက်တည်ပါ
၏”ဟု ဘုရားရှေ့မှာ ဆိုပါ…သဒ္ဒါနည်းမှန်မှန်ဆိုလိုလျှင် အမျိုးသ္မီး
များအတွက် “ကောမာရိဗြဟ္မစရိယသီလံ ဓမ္မံ ယာစာမိ”ဟု ဆိုပါ။

## PAGE 125

၂၃၀
"
ရတနာ့ဂုဏ်ရည်
ဝိကာလဘောဇန အဖွင့်
ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကြည့်ရှုရန် အနက်နှင့်အဓိပ္ပါယ်
"
ဝိကာလဘောဇနာ’ နေလွှဲအခါ စားခြင်းမှ၊ ဝေရမဏိသိက္ခာ
ပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ “နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်
ပါ၏ ” ဟူရာ၌ နေ့လည် မွန်းတည့် ၁၂ နာရီ အချိန်မှ နောက်ကို
“နေလဲ’မွန်းလွဲ”ဟု ဆို၏၊ ထို နေလွှဲသည်ကစ၍ ညဉ့်အတွက်
ခြင်းသာ မက အရုဏ်တက်သည့် တိုင်အောင် အဖျော်ရည် ဆေး
စတုမဓူ စသည်တို့မှတပါး ထမင်း ဟင်းလျာ ကွမ်း ဆေး
သစ်သီးဟူသမျှ မစားရတော့ပြီ။
လဘက်
ထမင်း ဟင်း (ဟင်းချက်၍ရသော, သရည်စာဖြစ်သော)အသီး
အရွက်များကိုစားလျှင် ဤ ဝိကာလဘောဇန သိက္ခာပုဒ် ပျက်၏၊
အကြောင်းမရှိဘဲ ဖျော်ရည် စတုမဓူ ထန်းလျက် သကြား ဂျင်းသုပ်
ကွမ်း ဆေးစသည်ကိုစားသောက်လျှင် ဤသိက္ခာပုဒ် ညှိုး၏ လုံးလုံး
ကား မပျက်ပါ၊
သစ်ပင်ညှိုးလျှင် အသီးနည်းသကဲ့သို့ ဥပုသ်ညှိုးလျှင်
အကျိုးရ နည်း၏။
စသော
ဆာလောင် မွတ်သိပ်လျှင် မန်ကျည်းဖျော်ရှည် ဘိလပ်ရည်
အရည်ကို သောက်ကောင်း၏၊ အဖတ်ကို မစားကောင်း၊
မိမိအိမ်မှာစိမ်သော မန်ကျည်းဖျော်ရည်စသည်ကို အမှုန်အဖတ်မပါ
အောင် စင်ကြယ်စွာ စစ်ပြီးမှ သောက်ရသည်၊ လေနာသော်၎င်း,
အခြားသော တစုံတရာ ရောဂါရှိသော်၎င်း, စတုမဓူ ထန်းလျက်
ဝိကာလဘောဇန အဖွင့်
၂၃၁
သကြားစသော ဆေးဘက်ဝင်သည့် အရာဝတ္ထုနှင့် ဆေးအမျိုးမျိုး
ကိုသာ စားသောက် ကောင်း၏၊ ထိုသို့ စားသောက်ခြင်းကြောင့်
သီလညှိုးသည် ဟု မမှတ်ပါနှင့်၊ နေမလွှဲခင်၌ကား မည်သည့်အရာ
မဆို စားသောက်ကောင်းပါသည်။
ညစာ မစားခြင်းအကျိုး။ ။ဤ ဝိကာလဘောဇနသိက္ခာပုဒ်
အရညစာ မစားဘဲ ကျင့်ခြင်းသည် ဘာအကျိုးရှိသနည်း ထမင်း
အငတ်ခံခြင်းကိုပင် ဥပုသ်စောင့်သည်- ကျင့်သည်ဟု ဆိုလိုသလား”
ဟုမေးကြ၏၊ ညစာမစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါး
ရှိသော
ဥပုသ်သီလတွင် တပါးမျှသာ ဖြစ်၏၊ ညစာ မစားမှု တခု
တည်းကို “ဥပုသ်စောင့်”ဟု မဆိုနိုင်၊ ထို ညစာမစားမှုသည် ရှစ်ပါး
သီလတွင်အပေါ့ဆုံးအကျင့်မျှသာဖြစ်သည်၊ထိုသီလ၏ရည်ရွယ်ချက်
အကျိုးကား… ၁’ကိစ္စနည်း၍ တရားအာရုံပြုဘို့ရန် အချိန်များစွာ
ရစေခြင်း ၂-လောကီအာရုံ ကာမဂုဏ်သို့ စိတ်စက်မဝင်စားအောင်
ချုပ်တည်းပြီးသား ဖြစ်ခြင်း, ဤ ၂ မျိုးတည်း။
ထင်ရှားအောင် ပြပါဥုးမည်၊’ညစာစားဘို့
ချက်ပြုတ်မှုစသော
အလုပ်သည် အတော် ကိစ္စများသောအလုပ် ဖြစ်၏၊ ထို အလုပ်
များကို လုပ်ကိုင် စားသောက်နေရာ အချိန်အတွင်း၌ ဘုရား အာရုံ
တရားအာရုံ စသည်တို့ကို အာရုံပြုနိုင်ဘို့ရာ အချိန်မရတော့၊ (ယခု
အခါ အများစောင့်နည်း မဟုတ်ဘဲ) တကယ် စောင့်ရမည့် အရိယ
ဥပုသ်ကား သီလဆောက်တည်ပြီးနောက် ဘုရားအာရုံစသောအာရုံ
တမျိုးမျိုးကိုသာ အာရုံပြုနေရသည်၊ ထို့ကြောင့် ညစာ မစားခြင်း
သည် ကိစ္စနည်း၍ တရားအာရုံကိုယူနေရာ၌ အချိန်များစွာရစေခြင်း
