## PAGE 126

၂၃ ၂
ရတနာ့ဂုဏ်ရည်
အကျိုးရှိသည်၊ ထိုသို့ ညစာ မစားဘဲ ရှောင်ကြဉ်နေသော်လည်း
ဆာလောင်လျှင် ဖျော်ရည် စသည်ကို စားသောက် နိုင်သေးသော
ကြောင့် မွတ်သိပ် ဆာလောင်လျက်နှင့် … အငတ် ခံနေရမည်လည်း
မဟုတ်ပါ။
ထို့ပြင်’လူအများထုံးစံမှာ နံနက်စာနှင့် ညစာတွင် နံနက်စာကို
သင့်တော်ရုံသာ စီမံ၍ ညစာကိုကား အထူးတလည်စီမံစားသောက်
ရိုးရှိသည်ဟု ကျမ်းဂန်တို့၌ ဆို၏၊ [ ယခုအခါ ဟော်တယ်များ၌
ညစာက တန်ဘိုး များသည်ကိုလည်း သတိပြုရာ၏၊ ] “ထိုသို့ ညစာ
ကိုမှ အထူးတလည် စီမံ စားသောက်ခြင်းသည် အဘယ် အကျိုးငှါ
နည်း”ဟု စဉ်းစားသော် ( မကွယ်မထောင့် ဖြောင့်ဖြောင့် ဖြေဆိုရ
လျှင်) ကောင်းမွန်သော အစားအသောက်များကိုစား၍ ပျော်ပါး
သို့ပင် ဖြစ်၏။
ထို့ကြောင့် ညစာမစားမှုသည် လောကီအာရုံ ကာမဂုဏ်ဘက်
ကိုသာ စိတ်စက် ညွတ်စေတတ်ရကား အဗြဟ္မစရိယသိက္ခာပုဒ်တော်
ထိန်း၍ မေထုန် စောင့်စည်းလျှင် ညဉ့်စာ စားမှုကိုလည်း ရှောင်နိုင်
မှသာ
အမြီးအမောက် အဖုံးအပိတ် ညီသော အကျင့်ကို ကျင့်ရာ
ရောက်ပေမည်။ [အစာအာဟာရ ကောင်းကောင်းစားရလျှင် ကာမ
စိတ်ကို အားပေးတတ်၏။]
ထို့ကြောင့် ဤဝိကာလဘောဇနသိက္ခာပုဒ်သည် ၁-ကိစ္စနည်း၍
တရားကို အာရုံပြုရာ၌ အချိန်များစွာ ရစေခြင်း, ၂’လောကီအာရုံ
ကာမဂုဏ်ဘက်သို့ စိတ်စက် မဝင်စားရအောင် ချုပ်တည်းပြီးသား
ဖြစ်ခြင်းဟူသော အကျိုးနှစ်မျိုးကို ရစေနိုင်သည်ဟု မှတ်ပါ။
၇။ နစ္စ ဂီတ သိက္ခာပုဒ်
၂၃၃
နစ္စ ဂီတ ဝါဒိတ္တ ဝိသူကဒဿန မာလာဂန္ဓ ဝိလေပနာရဏ
မဏ္ဍန ဝိဘူသနဋ္ဌာန, ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
မဏ္ဍန
နစ္စ
ဂီတ ဝါဒိတ္တ ဝိသူကဒဿန, မာလာ ဂန္ဓ ဝိလေပနာရဏ
ဝိဘူသနဋ္ဌာနာ-အကုသိုလ်များကြောင်းမကောင်းမှုဖြစ်သော
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း, ဘုရား အဆုံးအမတော်၏ ဆန့်ကျင်
ဘက် စုံ ပမာ ဖီလာဖြစ်သော ကြည့်ရှုနားထောင်ခြင်း ပန်းပန်ခြင်း
နံ့သာပျစ်ကို နိမ့်ရာအရပ်သို့ ဖိသိပ်ခြင်း,နံ့သာရည် နံ့သာမှုန့်တို့ကို
လိမ်းကျံ ခြယ်လှယ်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-၏။
နစ္စ=ကိုယ်တိုင်ကခြင်း သူတပါးကိုအကခိုင်းခြင်း။ မျောက် ဒေါင်း
စသောတိရစ္ဆာန်များ၏ ကခြင်းများကိုပါယူ။]
-
-
ဂီတ=ကိုယ်တိုင် သီဆိုခြင်း, သူတပါးကို အဆိုခိုင်းခြင်း။
ဝါဒိတ္တ=ကိုယ်တိုင် တီးမှုတ်ခြင်း, သူတပါးကို တီးမှုတ်ခိုင်းခြင်း။
ဝိသူကဒဿန = [ ဝိသူက = ဘုရား ၁.အမ၏ ဆန့်ကျင်ဘက်
စိုပမာ ဖီလာဖြစ်သော + ဒဿန = ကြည့်ရှု နားထောင်ခြင်း။]
သူတပါးတို့ အလိုအလျောက် သော်၎င်း, အခြားသူက ခိုင်း၍
သော်၎င်း, က− ဆို … တီးမှုတ်နေသည်ကို တမင်္ဂလာ သွား၍
ကြည့်ရှုနားထောင်ခြင်း။ [ မိမိဘာသာ နေစဉ် မြင်လောက်
ကြားလောက်သောအရပ်သို့ လာ၍ ကပြသီဆို တီးမှုတ်သံကို
ကြည့်ရှုမိ– နားထောင်မိ၍သော်၎င်း, အခြား အလုပ်ကိစ္စဖြင့်

## PAGE 127

၂ ၃ ၄
ရတနာ့ဂုဏ်ရည်
သွားရင်း လာရင်း တွေ့မြင်နေသော်၎င်း, သီလ မပျက်ပါ၊
သို့သော် မမြင်-မြင်အောင် တမင်္ဂလာလှည့်၍မကြည့်ရ။မာလာ
ဂန္ဓ စသည်၌ “မာလာနှင့် ဓာရဏ, ဂန္ဓနှင့် မဏ္ဍန ဝိလေပနနှင့်
ဝိဘူသန”ကို အစဉ်အတိုင်း တွဲ၍၎င်း, ဖြစ်သင့်သလို တွဲ၍၎င်း
အဓိပ္ပါယ်ယူကြသည်။]
ဝ
မာလာ=ပန်းအမျိုးမျိုး+ဓာရဏ=ပန်ဆင်ခြင်း။
ဂန္ဓ= နိမ့်ရာအရပ်၌ ဖို့သိပ်၍ ရကောင်းသော သနပ်ခါး စသော
နံ့သာပျစ်’နံ့သာပျောင်းကို+မဏ္ဍန=ကျောက်ပေါက်မစသော
နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း။
==
ဝိလေပန= လိမ်းကျံ ခြယ်လှယ်ခြင်းငှါ၎င်း, အနံ့ ထုံခြင်းငှါ၎င်း
ရကောင်းသောအရောင်တင်ဆေး ရေမွှေး နံ့သာဆီ မျက်နှာချေ
ပေါင်ဒါကို+ ဝိဘူသန = လိမ်းကျံ ခြယ်လှယ်ခြင်း အနံ့ထုံခြင်း၊
[ဆပ်ပျာမွှေးလည်း မတိုက်ကောင်း။]
ဌာနာ=ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်း။
အမှာ။ ။ဤနံ ့သာလိမ်းမှု စသည်ကို သာယာသောအားဖြင့် မပြု
ကောင်း၊ အနာရောဂါရှိသော် လိမ်းကျံကောင်း၏၊ အနာရောဂါ ဆိုသော်
လည်း ထိုနံ့သာများနှင့် သင့်မြတ်သောရောဂါ ရှိမှ လိမ်းကောင်းသည်၊
မဖြစ်လောက်သောရောဂါကို ရိုးမယ်ဖွဲ့ကာ မျက်နှာစသော မဆိုင်ရာအရပ်၌
နံ့ သာမလိမ်းကောင်း၊သို့သော် ရဟန်းများ၌ ကိုယ် မကောင်းလျှင် နံ့သာ
( ရေမွှေးဆပ်ပျာ စသည် ) ကို ခွင့်ပြုသောကြောင့် ဥပုသ်သည် များလည်း
ကိုယ်၌ အနံ့ မကောင်းသောအခါ ထိုအနံ ့ကို ကာကွယ်ဘို့ရာ လိမ်းကောင်း,
ဆပ်ပျာမွှေးကို သုံးကောင်းသည်ဟု ဆိုသင့်သည်။
၈။ ဥစ္စာသယန မဟာသယနအဖွင့်
၂၃၅
ဥစ္စာသယန မဟာသယနာ, ဝေရမဏိသိက္ခာပဒံ သမာဒိယခံမိ။
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
ဥစ္စာသယန မဟာသယနာ - မြင့်သောနေရာ မြတ်သောနေရာ၌
အိပ်ခြင်း နေထိုင်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ကို၊ သမာဒိယာမိ-၏။
ဥစ္စာသယန=မြင့်သောနေရာ၌ အိပ်ခြင်း နေထိုင်ခြင်း။ [အခြေ
တတောင့်ထွာထက် ရှည်သော အိပ်ရာ ခတင် ကုလားထိုင်ကြီးများ
တည်း၊ “လူကြီးက အောက်အနိမ့်မှာ နေလျှင် ဥပုသ်သည် လူငယ်က
အထက်အမြင့်၌ မနေကောင်း” ဟူသော အမြင့်မျိုးမဟုတ်။ ]
မဟာသယန = မြတ်သောနေရာ၌ အိပ်စက် နေထိုင်ခြင်း။ [ဤ
နေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစား စံစားလေ့ ရှိကြသော
စည်းစိမ်ရှင်ကြီးများ၏ အိမ်ဝယ် ရှိတတ်သော လက်လေးသစ်မက
အမွေးရှည်သော သားမွေးအခင်း, ခြင်္သေ့ သစ် ကျား အရုပ်များဖြင့်
ခမ်းနား ဆန်းကြယ်သော သားမွေးအခင်း, ရွှေချည် ငွေချည်တို့ဖြင့်
ချုပ်လုပ်အပ်သော ပိုးအခင်း (ရိုးရိုးႏိုးခင်း မဟုတ်၊) လဲ ဝါဂွမ်း
မျိုး သွတ်ထားသော မွေ့ ရာတည်း။
a
မှတ်ချက်။ ။ဤမွေ့ရာကို ခုကာလ ဥပုသ်သည်များ သုံးစွဲနေကြ
သည်မှာ မသင့်တော်ပါ၊ အုန်းဆံသွတ် မွေ့ရာ, အဝတ်အဆာ ပိုး ချည်
အဆာပါသော မွေ့ရာကိုကား သုံးကောင်းပါ၏၊ သင်ဖြူး ချောချော
ကော်ဇောနုနု စသည်နှင့် ရဟန်းသံဃာ ဂုဏ်ဝါကြီးသူတို့၏နေရာ စသည်
များကို ဤသိက္ခာပုဒ်အရ “မြတ်သောနေရာ” ဟု မဆိုထိုက်။

## PAGE 128

၂ ၃ ၆
ရတနာ့ဂုဏ်ရည်
ဥပုသ်သီလများ၌ စဉ်းစားဘွယ်။ ။ ဥပုသ်စောင့်သောအခါ
ရိုးရိုး ငါးပါးသီလထက် အပိုယူကာ ကာမေသုမိစ္ဆာစာရ အရာ၌
အဗြဟ္မစရိယကို သွင်း၍ ဆောက်တည်ရ၏၊ ထို ့နောက် ဝိကာလ
ဘောဇန-နစ္စ-ဂီတ - ဥစ္စာသယန သိက္ခာပုဒ်များကို ဆောက်တည်
ရ၏။ ဤသိက္ခာပုဒ် ၄ ပါးကို ခြုံ၍ စဉ်းစားလျှင် ဥပုသ်စောင့်သော
အခါ မဖြစ်အောင် ထိန်းရမည့် အကုသိုလ်စိတ်များ ထင်ရှားစွာ
ပေါ်လာသည်၊ ထိုစိတ်များကား ကာမဂုဏ်စိတ်(ကိလေသာ တဏှာ
စိတ်) ပင်တည်း။ ထင်ရှားစေအံ့ – ခမ်းနားသော အိပ်ရာ နေရာ၌
အိပ်စက်နေထိုင်ခြင်း, ဖီးလိမ်းပန်ဆင်ခြင်း,ကပြ သီဆို တီးမှုတ်ခြင်း
ညစာထမင်းစားခြင်းတို့သည် ကိလေသာ (တဏှာလောဘ) စိတ်ကို
သွေးဆောင် ခေါ်ယူသော အပြုအမူများတည်း။
-
ဆိုပိ
ထို့ကြောင့် တဏှာလောဘ ကိလေသာ ကာမစိတ်ကို ဆို့ ပိတ်
ဘို့ရာ ဥစ္စာသယန သိက္ခာပုဒ်ဖြင့် ခမ်းနားသော အိပ်ရာ နေရာတို့၌
အိပ်စက် နေထိုင်ခြင်းကို တားမြစ်၏၊ နစ္စ ဂီတ သိက္ခာပုဒ်ဖြင့် ကပြ
သီဆို တီးမှုတ်မှုနှင့် တကွ ဖီးလိမ်းပန်ဆင်မှုများကို တားမြစ်၏။
ဝိကာလ ဘောဇန သိက္ခာပုဒ်ဖြင့် ညစာထမင်း စားမှုကို တားမြစ်၏၊
ထို သိက္ခာပုဒ် ၃ ရပ်ဖြင့် ကာမစိတ်ဓာတ်ကို တွန်းလှန် ပိတ်ဆို့ မှသာ
အဗြဟ္မစရိယ သိက္ခာပုဒ်တော်အရ မေထုန်အမှုမှ ကျကျနန ရှောင်
ကြဉ်နိုင်မည်၊ ထို ့ကြောင့် ဥပုသ်စောင့်သောအခါ အဗြဟ္မစရိယ
စသော သိက္ခာပုဒ်တော်များကို(ငါးပါးသီလထက် ပို၍) ထိန်းခြင်း
သည် အဖုံးအပိတ် ညီညွတ်သော အကျင့်ကောင်းဖြစ်ပေသတည်း။
ဥပုသ်စောင့်ပုံ အစီအစဉ်
၂၃ ၇
ဥပုသ်စောင့်ပုံ။ ။“ ဥပုသ်” ဟူသော စကားသည် “ ဥပေါ
သထ ” ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း၊
“ဥပ + ဝသထ” ဟု ပုဒ်ခွဲ၊ ဥပ = ညစာ မစားခြင်း, သူ ့အသက်
မသတ်ခြင်းစသော အကျင့်ကောင်းနှင့် ပြည့်စုံ၍+
ဝသထ=နေခြင်း၊
ညစာမစားခြင်း, သူ ့အသက် မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနှင့်
ပြည့်စုံသောသီလကို ခံယူ ဆောက်တည်၍ ဘုရားဂုဏ်တော်, တရား
ဂုဏ်တော်စသော အာရုံများကို အာရုံပြုကာ(ဘာဝနာပွားလျက်)
အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ် စင်ကြယ်အောင် စောင့်စည်း
နေထိုင်မှုကို“ဥပုသ်စောင့်” ဟု ခေါ်သည်။
[ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်
သီလခံ၍ ခြိုးခြံအောင့်အည်း တဖြောင့်တည်းဖြင့်
စောင့်စည်း အားထုတ်, တရားကုတ်, ဥပုသ်စောင့်
ဟု မှတ်။
၁။ နက်ဖန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည်
ဥပုသ် စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင်ခြင်းငှ
မလျော်သောကြောင့် ယနေ့လိုအခါကပင်အိမ်မှုကိစ္စများကို တာဝန်
ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖန် မိမိ
စားဘို့အတွက် ပြောပြ စီစဉ်ထားရာ၏။ ဥပုသ်စောင့်ခိုက် ခါတိုင်း
ထက် ကောင်းကောင်းစားဘို့ကား မစီမံသင့်။

## PAGE 129

၂၃၀
ရတနာ့ဂုဏ်ရည်
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျှင် နက်ဖန် ကိစ္စနည်းအောင်
ပြီးစီးကောင်းသော စားဘွယ်သောက်ဘွယ်များကို ပြီးစီးအောင်
စီမံထားရာ၏။
၄။ နက်ဖန်နံနက် အရုဏ်တက်ချိန်ကပင် ကိုယ် လက်များကို
စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို
ဝတ်ဆင်ရာ၏။
၅။ ပန်းပန်မှု, နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို
မပြုရာ။
၆။ ထို့နောက် ခပ်စောစောကပင် သီလ ဆောက်တည်ရာ၏။
[သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို
ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလနှုတ်တက် မရလျှင် “ ဘုရား
ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ” ဟု
နှုတ်က မိမိဘာသာဆို၍လည်း ဆောက်တည်နိုင်၏။]
၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေးလှူဒါန်းဘွယ် ကိစ္စ
ရှိက ထိုကိစ္စကို ပြုလုပ်၍, မရှိက မိမိအတွက် သင့်တင့်ရုံသာ စီမံ၍
စားသောက်ရာ၏။ တထပ်သာ မက ညစာမစားဘဲ နေနိုင်လောက်
အောင်ပင် စားသောက်ခွင့်ရှိ၏။
ဂ။ ကျွေးမွေးစားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က
ရေချိုးရာ၏။ [ ကိုယ် စင်ကြယ်မှ စိတ်ကြည်လင်, စိတ်ကြည်လင်မှ
တရားအာရုံပြု၍ ကောင်းသည်။]
၉။ ထို့နောက် မိမိတကိုယ်တည်း နေသင့်သူဖြစ်လျှင် တကိုယ်
တည်း နေ၍ အဖေါ်နှင့် နေသင့်သူဖြစ်က သဘောတူ အဖေါ်နှင့်
နေ၍,
(အဋ္ဌမအကြိမ်)
ဥပုသ်စောင့်ပုံ အစီအစဉ်
၂၃ ၉
တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မဥပုသ်ကိုစောင့်လိုလျှင်
ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း
ကြည့်ရှု ရွတ်ဖတ်နေရာ၏။ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို့ လှဲကာ
စင်္ကြံသွားကာ အမျိုးမျိုး မျှတအောင် နေစေလို၏။
၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ်ရှိလျှင် တရားနာ
ရာ၏။
၁၂။ အ လည်း တရားစကားဆွေးနွေးမေးမြန်းစုံစမ်း
ရာ
၁၃။ ညဉ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍
ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့်
ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
,,
အောက်မေ့ပုံ ။ ။ “ ရဟန္တာအရှင်မြတ်သည် သူ့ အသက်ကို
သတ်ခြင်း, သူ ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ
ရှောင်ကြဉ်၍ ညဉ့်စာ စားမှု ပန်း နံ့သာ စသည် လိမ်းကျံမှုများကို
မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဘို့၌ ထို အမှု အမျိုးမျိုးကို
ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား
ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာယောက်ျား ရဟန္တာ
မိန်းမစိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်း
နေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်
ရာ၏။
(အဋ္ဌမအကြိမ်)

## PAGE 130

၂၄၀
ရတနာ့ဂုဏ်ရည်
၁၄။ နံနက် အရုဏ်တက်၌ မိမိ ရည်မှန်းထားသော အချိန်စေ့
သောအခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါး
သီလသာ ကျန်ရစ်တော့သည်။ [ ယခုကာလ အချို့ အရပ်မှာလို
ငါးပါးသီလယူကာ ဥပုသ်ချနေဘွယ် မလိုပါ။ ] ဤကား ဥပုသ်
စောင့်ပုံ အစီအစဉ်တည်း။
ဥပုသ်ကာလ အပိုင်းအခြား ။ ။ ဥပုသ်သည် ကာလပိုင်း၍
စောင့်အပ်သော ဥပုသ် - အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်
ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက်
၃ ရက် စသည်ဖြစ်စေ, တနေ့ တညလုံးဖြစ်စေ, နေ့ဝက် ညဉ့်ဝက်
ဖြစ်စေ, တခဏမျှ (တရားနာခိုက်) ဖြစ်စေ, စောင့်ကောင်းပါသည်၊
အနာထပိဏ်သဌေး၏ အလုပ်သမား တယောက်သည် ဥပုသ်နေ့၌
လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း
သိရကား ထမင်းကို မစားတော့ဘဲ နေ့တဝက်မျှ ဥပုသ်စောင့်စဉ်
လေနာထ၍ စုတေလေသော် ရုက္ခဇိုဝ်းနတ် ဖြစ်ရသည်၊ ထို့ကြောင့်
တသက်လုံး မစောင့်နိုင်လျှင် လ ရက်, အချိန် ပိုင်းခြား၍လည်း
စောင့်ကောင်းပါသည်။
"
'
"
သို့သော် ယခုကာလ အချို့ တရားပွဲ အလှူမဏ္ဍပ် စသည်၌ကား
“မဏ္ဍပ်က မထွက်ခင် ဂ ပါးသီလ ဆောက်တည်ကြ” ဟု ဆိုပြီးလျှင်
ဖီးလိမ်းပြင်ဆင် ထားသူတို့အားမာလာဂန္ဓ ဝိလေပနစသော သိက္ခာ
ပုဒ်ကို ဓမ္မကထိကတို့က ချပေးကြ၏၊ “ဥပုသ်မစောင့်ခင်က ဖီးလိမ်း
ထားမှုကြောင့် မာလာဂန္ဓ ဝိလေပနသိက္ခာပုဒ် မပျက်” ဟုလည်း
ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျ-မကျ စဉ်းစား
ကြပါလေ။
||
ဥပုသ်အမျိုးမျိုး
) ၂၄၁
ဥပုသ်အမျိုးမျိုး ။ ။ ဥပုသ်သည် အချုပ်အားဖြင့် အရိယ
(မြတ်သော) ဥပုသ်, ဂေါပါလ (နွားကျောင်းသား စောင့်နည်း)
ဥပုသ်ဟု ၂ မျိုးရှိ၏၊ ထိုတွင် အရိယဥပုသ်သည် ဗြဟ္မဥပုသ် ဓမ္မဥပုသ်
စသည်ဖြင့် အမျိုးမျိုးရှိ၏။
၁။
ဗြဟ္မဥပုသ်။ ။ဘုရားရှင်သည် “ဗြဟ္မ” မည်တော်မူ၏၊
ရှစ်ပါးသီလ ယူပြီးလျှင် ထို ဗြဟ္မမည်သော ဘုရားရှင်ကို အာရုံပြုနေ
ခြင်းကို “ ဗြဟ္မဥပုသ်” ဟု ခေါ်၏၊ အလွတ် အာရုံမပြုတတ်လျှင်
ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ် ကြည့်ရှုနေရာ၏။
။
}
၂။ ဓမ္မဥပုသ်။ ။ဥပုသ်သီလကို ခံယူပြီးလျှင် တရားတော်၏
ဂုဏ်တော်တပါးပါးကို အာရုံပြု၍၎င်း, တရားဂုဏ်တော် အဖွင့်ကို
ကြည့်ရှု ရွတ်ဖတ်၍၎င်း, နေခြင်းကို “ဓမ္မဥပုသ်” ဟု ခေါ်သည်။
၃။ သံဃာ့ဥပုသ် ။ ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့
ဂုဏ်တော်တပါးပါးကို အာရုံပြု၍၎င်း, သံဃာ့ဂုဏ်တော် အဖွင့်ကို
ကြည့်ရှု ရွတ်ဖတ်၍၎င်း, နေခြင်းကို “သံဃာ့ဥပုသ်”ဟု ခေါ်သည်။
၄။ သီလဥပုသ်။ သီလ ယူပြီးလျှင် မိမိသီလ၏ မကျိုး
မပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ဝမ်းမြောက်စွာ နေထိုင်
ခြင်းကို “သီလဥပုသ်” ဟု ခေါ်သည်။
"
မကျိုး = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစ သိက္ခာပုဒ်သော်
၎င်း, အဆုံး သိက္ခာပုဒ်သော်၎င်း ပျက်စီးလျှင် “ဥပုသ်ကျိုး”သည်
မည်၏၊ ထိုသို့ မပျက်စီးလျှင် ဥပုသ် မကျိုး မပြတ်သည် မည်၏။
[ဆောင်] အင်္ဂါရှစ်ပါး စွန်အဖျားက တပါးပါးကျိုး, ဥပုသ်မျိုး,
“အကျိုး အပြတ်”ခေါ်။
၂၁ (အဋ္ဌမအကြိမ်)
