## PAGE 131

၂၄ ၂
ရတနာ့ဂုဏ်ရည်
မပေါက်= အဝတ်၌ အလယ်က ပေါက်သကဲ့သို့ သိက္ခာပုဒ်တို့တွင်
အလယ်က တပါးပါးပျက်လျှင်“ပေါက်သည်”ဟု ခေါ်၏၊ထိုသို့
မပျက်လျှင် “မပေါက်” သည် မည်၏။
[ဆောင်] အင်္ဂါရှစ်ပါး, အလယ်ကြားက, အပါးပါးပျက် ဥပုသ်
တွက် “ပေါက်ပျက်”သည်ဟု ခေါ်။
မက
မပြောက်− ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အလယ်၌ တပါးလည်း
အစဉ်အတိုင်း တဆက်တည်းလည်း မဟုတ်ဘဲ, နွား၌
“ဝါစေ့” ပြောက်ကဲ့သို့ အဒိန္နာဒါနနှင့်
မုသာဝါဒသော်၎င်း,
အဗြဟ္မစရိယနှင့် သုရာမေရယသော်၎င်း, ဤသို့ ပြောက်ကျား
- ပြောက်ကျား ပျက်သည်ကို “ပြောက်သည်”ဟု ခေါ်၏။
[ဆောင်] အင်္ဂါရှစ်ပါး တမျိုးအားဖြင့်, ကျိုးကျား-ပြိုးပြောက်,
ယွင်းသွေဖေါက် “အပြောက်”ဥပုသ် ခေါ်။
မကျား’ ရှစ်ပါးသောသိက္ခာပုဒ်တို့တွင် ပါဏာတိပါတနှင့် အဒိန္နာ
ဒါန ဆက်၍၎င်း အဗြဟ္မစရိယနှင့် မုသာဝါဒဆက်၍၎င်း,ဤသို့
နှစ်ပါး သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင် နွားကျား
ကဲ့သို့ “အကျားထင်သော ဥပုသ်”ဟု ခေါ်၏။
[ဆောင်] နွားကြောင်- နွားကျား, ပုံအလားသို့ နှစ်ပါး သုံးပါး
အများဆက်လျက် တရားပျက်,“ကျား ကွက်”သည်
ဟု ခေါ်။
ဤသို့သော နည်းဖြင့် မိမိဥပုသ်၏ မကျိုး မပေါက် မပြောက်
မကျားပုံကို အာရုံပြု၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကိုပင်
“သီလဥပုသ်” ဟု ခေါ်သည်။
66
(အဋ္ဌမအကြိမ်)
ဥပုသ် အမျိုးမျိုး
၂ ၄ ၃
မှတ်ချက်။ ။ယခုကာလ သီလဆောက်တည်တုန်းက တပါးစီ
ခွဲ၍ ဆောက်တည်ကြသောကြောင့် ရှစ်ပါးသီလတွင် တပါးပါးပျက်
သော်လည်း ကျန်သီလအတွက် အကျိုးရှိသေး၏၊ တပါးပျက်ရုံဖြင့်
အားလုံးပျက်သွားသည်ဟု မမှတ်နှင့်။
၅။ နတ်ဥပုသ်။ ။သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိ
သန္တာန်၌ရှိသော သဒ္ဓါ သီလစသော သူတော်ကောင်းတရားများကို
အောက်မေ့ ဆင်ခြင်လျက် ကြည်လင် ဝမ်းမြောက်နေခြင်းကို “နတ်
ဥပုသ်”ဟု ခေါ်သည်။
ဘာ
ဆင်ခြင်ပုံ။။“နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ရှိသော နတ် ဗြဟ္မာ
တို့သည် လူ့ ပြည်တုန်းက သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီဩတ္တပ္ပ
ဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံကြသောကြောင့်
အသစ် ကူးသောအခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ ချမ်းသာစွာ
ဖြစ်ကြရ
သည်၊ ထို သူတော်ကောင်း ဥစ္စာများသည် ငါ့မှာလည်း ရှိ၏၊ ဗုဒ္ဓ
မြတ်စွာ၏ တရားတော်နှင့်ညီစွာ မိဘ ဆရာတို့၏ အဆုံးအမကြောင့်
ဤသို့ သူတော်ကောင်း ဖြစ်ရခြင်းသည် နောင်ရေး နောင်တာ
သံသရာအတွက် စိတ်ချဘွယ်ရာ လွန်စွာ လူဖြစ်ကျိုးနပ်ပါပေစွ
တကား”ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ဝမ်းမြောက်စွာ ဆင်ခြင်
ရာ၏၊ ရံဖန်ရံခါ ဆင်ခြင်ရုံမျှဖြင့် အားမရသေးဘဲ အလွန့် အလွန်
ဝမ်းမြောက်လာအောင် အောက်၌ ပြထားသော ဥဒါန်းဂါထာကို
ကျူးရင့်ရာ၏။
ယေဟိ သဒ္ဓါဒိဂုဏေဟိ, ဒေဝတာ ဒေဝတ္တံ ဂတာ၊
မယှံပိ တေ သံဝိဇ္ဇန္တိ အဟော မေ ဂုဏဝန္တတာ။
(အဋ္ဌမအကြိမ်)

## PAGE 132

၂၄၄
,
ရတနာ့ဂုဏ်ရည်
ဒေဝတာ’စတုမဟာ,ဝတိ ံသာနှင့်, နတ်ရွာခြောက်လီ,ဗြဟ္မာ့
ပြည်ဝယ် ကိုယ်စီစံစား, နတ်ဗြဟ္မာ အများတို့သည်၊ ယေဟိ သဒ္ဓ
ဂုဏေဟိ’သဒ္ဓါ သီလ, များသုတနှင့်, စာဂ ပညာ, စဉ်လာပြည့်စုံ
အကြင် ဂုဏ်တို့ကြောင့်၊ ဒေဝတ္တံ – ရောဂါမကပ်, ဥပါဒ် မတွယ်
စားသောက်ဘွယ်ရေး, ဝတ်ဆင်ရေးနှင့် မင်းဘေးစိုးတာ, ကင်းစင်
ကွာလတ်, ဗြဟ္မာနတ်၏အဖြစ်သို့၊ ဂတာ- ဤ လူပြေမှ စုတေကြ
လျှင် ခဏမနေ, ကပ်ရောက်ကြရလေကုန်ပြီ၊ တေ ဂုဏာ – နတ်
ဗြဟ္မာနန်း, ကပ်ခါမြန်းဘို့, အစွမ်းလောက်လုံ, ထိုကဲ့သို့ ဂုဏ်တို့
သည်၊ မယှံပိ’ ဘုရားအကြိုက် တရားလိုက်၍, အားစိုက်နှစ်လို့, ဤ
ငါ့ကိုယ်မှာလည်း၊ သံဝိဇ္ဇန္တိ — အမြဲမပြတ်, သတိချပ်သဖြင့်, မလပ်
ပုံသေ, ရှိကြပေကုန်၏၊ မေ-ငါ၏၊ ဂုဏဝန္တတာ-သဒ္ဓါ သီလ များ
သုတနှင့်, စာဂ ပညာ, စဉ်လာလောက်လုံ, ဂုဏ်ပေါင်းစုံသူတို့၏
အဖြစ်သည်၊ အဟောဝတ − တမလွန်အရေး, ကြံတိုင်း အေးဘို့
လေးလေးပင်ပင်, အစဉ်မျိုးမှန်, ဪ..အဖိုးတန်လေစွာ့တကား။
66
ဤသို့ ဥဒါန်းကျူးကာ နတ်တို့ကို သက်သေအရာ၌ ထားလျက်
မိမိ၏ သူတော်ကောင်းဖြစ်ပုံကိုအာရုံပြု၍ ဝမ်းမြောက်နေခြင်းသည်
နတ်ဥပုသ် ”မည်၏၊ ဤ ဗြဟ္မဥပုသ် စသည်ကို ပုဗ္ဗာရုံတိုက်အမ
ဝိသာခါအား ဘုရားရှင် ဟောတော်မူသည်၊ တိတ္ထိ တက္ကဒွန်းတို့
စောင့်ကြသော နိဂဏ္ဏဥပုသ် တမျိုးလည်း ရှိသေး၏၊ အများနှင့်
မဆိုင်၍ မရေးတော့၊ ဗုဒ္ဓဘာသာဝင်တို့ စောင့်အပ်သော ဥပုသ်
ကား အရိယဥပုသ် ဖြစ်လျှင်ဖြစ်, မဖြစ်လျှင် ဂေါပါလဥပုသ်သာ
ဖြစ်စရာရှိသည်။...[တိကအင်္ဂုတ္တိုရ်။]
ဥပုသ်အမျိုးမျိုး
၂၄၅
ဥပုသ်အကျိုး။ ။ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယ
ဥပုသ်မျိုး၏အကျိုးမှာ ဇမ္ဗူ ဒိပ်တကျွန်းလုံးကို အုပ်စိုးရသော မင်း
မိဖုရားအဖြစ်မျိုးထက် ကြီးကျယ် ခမ်းနားသည်ဟု ဟောတော်မူ၏၊
မှန်၏ … မင်းမိဖုရား အဖြစ်ဖြင့် ဇမ္ဗူ ဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ
လူ့စည်းစိမ်မျှသာ ဖြစ်၍ နတ်စည်းစိမ်ကိုထောက်လျှင် အောက်ကျ
နောက်ကျ သေးနုပ်လှ သေး၏၊ ထို စည်းစိမ်လည်း တဘဝသာ၊
ကျနစွာ စောင့်ထိန်းအပ်သောဥပုသ်၏အကျိုးကား လူမင်း နတ်မင်း
စည်းစိမ် အကြိမ်အများပင်တည်း၊ ထို့ကြောင့် ကောင်းမွန်စွာစောင့်
အပ်သော ဥပုသ်၏အကျိုးကို “ ဇမ္ဗူ ဒိပ်တကျွန်းလုံး အုပ်စိုးရခြင်း
ထက်ပင် သာ၏”ဟု ဟောတော်မူပေသည်။
ကောင်းစွာစောင့်မှ အကျိုးရ။ ။ ဥပုသ် စောင့်ရာ၌ ရှစ်ပါး
သီလ စောင့်ရုံမျှဖြင့် အကျိုး များသင့်သလောက် မများသေးပါ
သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို စင်ကြယ် သန့်ရှင်းနေ
အောင် အားထုတ်နိုင်မှသာ အကျိုး များပါသည်။ [ တိကင်္ဂုတ္တရ
ဒုတိယပုံ, မဟာဝဂ္ဂဋ္ဌ။ ဥပမာ’ဥုးခေါင်းကို တန်ဆာဆင်လိုသော
အမျိုးသ္မီးသည် ဆံပင်ကိုစင်ကြယ်အောင် ခေါင်းလျှော်ရ၏၊ခေါင်း
မလျှော်ဘဲ ဖီးလိမ်း ပြင်ဆင်လျှင် အနံ့မကောင်း၊ ထို ့အတူ
တန်ဆာဖြင့် ဆင်ထားသူသည် မိမိ၏စိတ်ကို လောဘ ( တဏှာ
ရာဂ)-ဒေါသ− မာန်မာန’ဣဿာ’မစ္ဆရိယစသော ကိလေသာ
အညစ်အကြေးတို့မှ စင်ကြယ်အောင် ဗြဟ္မဥပုသ်ကိုဖြစ်စေ ဓမ္မဥပုသ်
စသည်တို့တွင် တမျိုးမျိုး ဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့်သမျှ
အကျိုးကို အပြည့်အစုံ ရနိုင်ပါသည်။
သီလ

## PAGE 133

၂၄၆
ရတနာ့ဂုဏ်ရည်
ထို ့ကြောင့် နဂိုရ်က (လောဘ) ကြီးသူ ဖြစ်လျှင် ဥပုသ်စောင့်ရင်း ထို
လောဘကြောင့် ယခုဘဝ တွေ့ခဲ့ရ ( တွေ့တတ်ကြသော ) အပြစ်ကို၎င်း
နောက်ဘဝ၌ အပါယ်ငရဲ အထိ ဖြစ်နိုင်သည့် အပြစ်များကို၎င်း ဆင်ခြင်၍
လောဘနည်းအောင် အထူး ကြိုးစား၍ ဘုရားဂုဏ်တော်စသည်ကို ပွားများ
နေပါလော့၊ ထိုသို့ ဥပုသ်စောင့်ပြီးနောက် ဥပုသ်ထွက်သော အခါလည်း
လောဘကြောင့် အမှားအယွင်း မရှိရအောင် နေ့စဉ် သတိထားပါလော၊
ဤသို့ ကြိုးစားလျှင် မကြာခင် လောဘနည်းသူ ( တဏှာရာဂ နည်းသူ )
ဖြစ်လာပါလိမ့်မည်၊ ဒေါသ- မာန - ဣဿာ– မစ္ဆရိယ'အားကြီးသူများ
လည်း ဤနည်းအတိုင်း ကြိုးစားပါ။
-
"
နွားကျောင်းသား ဥပုသ်။ ။ထိုကဲ့သို့ ကျနစွာ မစောင့်နိုင်ဘဲ “ယနေ့
မည်သည့်နေရာ၌ နွားများ ရေသောက်ကြ၏၊ နက်ဖန် မည်သည့်နေရာ၌
မြက်စား၍ မည်သည့်နေရာ၌ ရေသောက်လိမ့်မည်”ဟု နွားကျောင်းသား၏
ကြံစည်ခြင်းကဲ့သို့ – ယနေ့ မည်သည့်စားဘွယ်ကို စား၍ နက်ဖန် မည်သည့်
စားဘွယ်ကို စားသောက်မည် ” ဟု အစားအသောက်နှင့် လောကီရေးရာ
ကိုသာ ကြံစည်နေသောဥပုသ်သည် “ဂေါပါလဥပုသ်”(နွားကျောင်းသား
ဥပုသ်) မည်၏၊ ဤ နွားကျောင်းသားဥပုသ်ကို လုံးလုံး အကျိုးမရှိဟု မဆိုရ
သော်လည်း အကျိုးမများလှဟု ဟောတော်မူသည်။
"
သတိပေးချက်။ ။ထို ့ကြောင့် နွားကျောင်းသားဥပုသ် မဖြစ်စေဘဲ
အရိယဥပုသ်မျိုးဖြစ်အောင်ကြိုးစားလျက် စောင့်သုံးမှသာ လောကအကျိုး
သံသရာအကျိုး ၂ ပါးစုံ တိုးဘွယ်ရှိ၏၊ ယခုအခါ၌ကား ဥပုသ်စောင့်ရင်း
စားကြ သောက်ကြ ပျော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူအဘို့မှာ စိတ်ပျက်
စရာ ကောင်းလှသည့်အပြင် ဘာသာခြားတို့ကမူ များစွာသော မြန်မာတို့
ဥပုသ်စောင့်ပုံကိုကြည့်ကာ “ဆင်ခြင် စဉ်းစားဉာဏ် မရှိသော လူမျိုး” ဟု
အထင်သေးကြပေ လိမ့်မည်၊ ထို ့ကြောင့် အမျိုးဘာသာ အဆင့်အတန်း
မြင့်ရေးကိုတွေးကာ စည်းကမ်းကျကျ ဥပုသ်စောင့်ဘို့ သတိပေးပါသည်။
အာဇီဝဋ္ဌမကသီလ အဖွင့်
(ကျက်မှတ်ရန် ဆောက်တည်ပုံအစဉ်)
66
၂၄၇
အဟံ ဘန္တေ တိသရဏေန သဟ, အာဇီဝဋ္ဌမကသီလံ
ယာစာမိ အနုဂ္ဂဟံကတွာ, သီလံ ဒေထ မေ ဘန္တေ၊ ဒုတိယမ္ပိ
အဟံ ဘန္တေ” စသည်ဖြင့် ၅ ပါးသီလတောင်းပုံအတိုင်း “တတိယမ္ပိ
သံဃံ သရဏံ ဂစ္ဆာမိ”တိုင်အောင် ဆိုပါ။
"
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ ပိသုဏဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဖရုသဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ သမ္ဖပ္ပလာပါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
။ ပ
☑
☑
☑
ကြည့်ရှုရန် အဓိပ္ပါယ်
✗
ဘန္တေ – အရှင်ဘုရား၊ အဟံ - တပည့်တော် (တပည့်တော်မ)
သည်၊ တိသရဏေန – သရဏဂုံသုံးပါးနှင့်၊ သဟ’ အာဇီဝ
ဋ္ဌမကသီလံ-အာဇီဝဋ္ဌမကသီလဟူသော၊ ဓမ္မံ– သိက္ခာပုဒ် အကျင့်
• တကူ၊

## PAGE 134

၂၄၈
ရတနာ့ဂုဏ်ရည်
ကို၊ ယာစာမိ-တောင်းပါ၏၊ ဤသို့ စသည်ဖြင့် ရွှေအတိုင်း ဆိုပါ၊
ပါဏာတိပါတာ စသည်၏ အနက်ကိုလည်း ၅ ပါးသီလ အတိုင်း
ဆိုပါ၊ ပိသုဏဝါစာ-ပိသုဏဝါစာမှ၊ ဖရုသဝါစာ-ဖရုသ၀ါစာမှ၊
သမ္ဖပ္ပလာပါ – သမ္ဖပ္ပလာပမှ၊ မိစ္ဆာဇီဝါ- ယုတ်မာသော အသက်
မွေးမှုမှ၊ ဝေရမဏိသိက္ခာပဒံ– ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်
သော သိက္ခာပုဒ်တော်ကို၊ သမာဒိယာမိ’စိတ်၌မြဲစွာ ဆောက်တည်
ပါ၏။
6
•
သတိပြုရန်။ ။ရဟန်းများထံ သီလမတောင်းဘဲ မိမိဘာသာ
ရုပ်ပွားတော် စေတီတော် ရွှေဝယ် ဆောက်တည်ကြရာ၌ “ အဟံ
ဘန္တေ” စသော သီလတောင်းများကို ဆိုဘွယ်မလို၊ “ ဗုဒ္ဓံ သရဏံ
ဂစ္ဆာမိ ”က စ၍ “ မိစ္ဆာဇီဝါ ဝေရမဏိ” တိုင်အောင် ဆိုပါလေ၊
ငါးပါးသီလ’ရှစ်ပါးသီလ တမျိုးမျိုးကိုယူပြီးမှ အာဇီဝဋ္ဌမက
သီလကို ဆက်၍ ဆောက်တည်ရာ၌ကား မုသာဝါဒါ ဝေရမဏိ
တိုင်အောင် ရွှေ သီလများ၌ ပါဝင်ပြီးဖြစ်၍ နောက်ထပ် ဆိုဘွယ်
မလို၊ “ပိသုဏဝါစာ ဝေရမဏိ” က စ၍ နောက်သိက္ခာပုဒ် ၄ ပါး
ကိုသာ ဆက်၍ဆိုရာ၏။
ဤအာဇီဝဋ္ဌမကသီလလည်း တကြိမ်လောက် ဆောက်တည်ပြီး
ဖြစ်လျှင် အသက်မွေးစင်ကြယ်သမျှ ပိသုဏဝါစာ စသည်ကို မပြော
ဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ် ဆောက်တည်ဘွယ် မလို၊
အခြားသော ၅ ပါး ဂ ပါး သီလများလည်း မကျိုး မပျက်သမျှ
ထပ်၍ ဆောက်တည်ဘွယ် မလို၊ သို့သော် ထပ်၍ ဆောက်တည်ခြင်း
ကြောင့်ကား အပြစ်မရှိပါ။
အာဇီဝဋ္ဌမကသီလ အဖွင့်
· ။
၂၄၉
အာဇီဝဋ္ဌမက။ အသက်မွေးဝမ်းကြောင်း အတွက် ပစ္စည်း
ဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်း အဝယ် ဟူသမျှကို
ပါဠိလို “အာဇီဝ” ဟု ခေါ်၏၊ မတရားသော ပစ္စည်းရှာဖွေမှုကို
“မိစ္ဆာဇီဝ” ဟု ခေါ်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရား
သဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို “သမ္မာအာဇီဝ” ဟု
ဟု ခေါ်၏၊
ရှစ်ပါးမြောက် သိက္ခာပုဒ်တော်ကို ပါဠိလို “ အဋ္ဌမ” ဟု.ခေါ်၏၊
ပါဏာတိပါတာ ဝေရမဏိမှ စ၍ ရေတွက်လျှင် မိစ္ဆာဇီဝါ ဝေရ
မဏိသည် ရှစ်ပါးမြောက် သိက္ခာပုဒ်တည်း၊ ထို့ကြောင့် မိစ္ဆာဇီဝမှ
ရှောင်ကြဉ်မှုလျှင် ရှစ်ပါးမြောက်ရှိသော သီလကို “အာဇီဝဋ္ဌမက
သီလ”ဟု ခေါ်သည်။
ဤ အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံကို ပါဠိတော်နှင့် အဋ္ဌ
ကထာတို့၌ တိုက်ရိုက် မပြကြ၊ ငါးပါးသီလ စသည် ဆောက်တည်
ပုံကို နည်းယူ၍ ရှေးပညာရှိတို့ ဆောက်တည်ပုံကို ပြထားကြသည်၊
“ပါဏာတိပါတာ ပတိဝိရမာမိ” စသည်ဖြင့်လည်း ဆောက်တည်
နိုင်ပါ၏၊ ထိုသိက္ခာပုဒ် ရှစ်ပါးတွင် ၁ နံပါတ်မှစ၍ ၇ နံပါတ် အထိ
သိက္ခာပုဒ်တို့မှာ သုစရိုက် ၁၀ ပါးတွင် ကာယကံ ၃ ပါးနှင့် ဝစီကံ
၄ ပါးတည်း၊ ထို ၇ ပါး လုံခြုံပြီးသော သူတော်ကောင်း၌ အသက်
မွေးဝမ်းကြောင်းနှင့် ဆိုင်သော အရာင်း အဝယ် အလုပ်အကိုင်
များလည်း စင်ကြယ်ပါမူ အာင် ပဋ္ဌမကသီလ ဆောက်တည်သည်
ဖြစ်စေ မဆောက်တည်သည် ဖြစ်စေ အမြဲ လုံခြုံနေပါသည်။ ထို
သိက္ခာပုဒ်များတွင် ၁-၂-၃-၄ နံပါတ် သိက္ခာပုဒ်များကို ငါးပါး
သီလ၌ ဖွင့်ပြခဲ့ပြီ၊ ၅ – ၆ – ၇ နံပါတ် သိက္ခာပုဒ်များကို ဒုစရိုက်
သုစရိုက်အဖွင့်ကျမှ ပြမည်။]
-

## PAGE 135

၂၅ဝ
ရတနာ့ဂုဏ်ရည်
သီ
ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်
ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့, ဤ အာဇီဝဋ္ဌမကသီလကို
လည်း ဆောက်တည်သည် ဖြစ်စေ – မဆောက်တည်သည် ဖြစ်စေ
လွန်ကျူးလျှင် အပြစ်ရှိ၏၊ ငါးပါးသီလသည် သူတော်ကောင်းတို့
အမြဲ စောင့်ထိန်းရမည့် ကိုယ်ကျင့်သီလ ဖြစ်သကဲ့သို့, ဤ အာဇီဝ
ဋ္ဌမကသီလလည်း အထက်တန်း သူတော်စင်တို့ အမြဲ ထိန်းရမည့်
ကိုယ်ကျင့်သီလ ဖြစ်သည်၊ ဤ အာဇီဝဋ္ဌမကကို ကျမ်းဂန်၌ အာဒိ
ဗြဟ္မစရိယကသီလ ဟုလည်း ခေါ်သေး၏။ [ ဗြဟ္မစရိယ– မဂ္ဂဗြဟ္မ
စရိယ၏+ အာဒိ= အစဖြစ်သော သီလ။] ဤ အာဇီဝဋ္ဌမက
လုံခြုံမှ မဂ်ဖိုလ်ကိုရနိုင်၏၊ အာဇီဝဋ္ဌမကသီလ မလုံခြုံလျှင် မဂ်ဖိုလ်
မရနိုင်၊ ထို ့ကြောင့် “ ဤ အာဇီဝဋ္ဌမက သီလသည် မဂ်ဟူသော
မြတ်သောအကျင့်၏ အစ အခြေခံသီလဖြစ်သည်”ဟု မှတ်ပါ။
အမှာ။ ။ဤ အာဇီဝဋ္ဌမကသီလကို စောင့်ကောင်း – မစောင့်
ကောင်း ငြင်းခုံကြ၏၊ မစောင့်ကောင်းစရာအကြောင်းကိုရှာ၍
မရပါ၊ ပါဠိတော်မှာ တိုက်ရိုက်သီလအဖြစ်ဖြင့် မပြသော်လည်း
အာဇီဝ စင်ကြယ်ဘို့ နည်းလမ်းနှင့် အာဇီဝ စင်ကြယ်ခြင်း၏
(သမ္မာအာဇီဝဖြစ်ခြင်း၏) အကျိုးကို များစွာ ပြရုံမျှမက ဝိသုဒ္ဓိ
မဂ် အဋ္ဌကထာဋီကာတို့၌ကား အာဇီဝဋ္ဌမကသီလကို “ပုဗ္ဗေဝ
ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိ သုဒ္ဓေါ
ဟောတိ” ဟူသော ပါဠိတော်အရ အကျယ်ထုတ်ပြလျက် ရှိ၏။
ထို့ကြောင့် အာဇီဝဋ္ဌမကသီလကို အမြဲလုံခြုံအောင် စောင့်ထိန်း
သင့်ကြပါသည်။
LO
မိစ္ဆာဇီဝ အဖွင့်
၂၅၁
မုဆိုး တံငါ အလုပ်တို့ဖြင့် သူ့ အသက်ကို သတ်၍ ပစ္စည်း ရှာဖွေ
ရသော ပါဏာတိပါတမှ သူခိုး ဒါးမြလုပ်၍ ပစ္စည်းရှာဖွေရသော
အဒိန္နာဒါနမှ သူတပါးက ပစ္စည်းဥစ္စာပေးသဖြင့် ဖျက်ဆီးရသော
ကာမမှ မတရားရှေ့နေ မတရားသက်သေလိုက်၍ဖြစ်စေ လိမ်လည်
လှည့်ပတ် ရောာင်းဝယ်၍ ဖြစ်စေ, ပစ္စည်းရှာရသော မုသာဝါဒမှ
ပစ္စည်းရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု, ကွက်စိပ်
စာပြောဆရာ လူပျက် အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုး မရှိသော
(ကြားရသူတို့ ပျော်ရွှင်ရရုံ စိတ်လေလွှင့်ရုံသာ ဖြစ်သော) ဒဏ္ဍာရီ
ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မိစ္ဆာဇီဝ
မှုများတည်း၊ ဤမိစ္ဆာဇီဝမျိုးကို ပါဏာတိပါတာ ဝေရမဏိစသော
ရွှေ သိက္ခာပုဒ် ၇ ပါးဖြင့် ရှောင်ကြဉ်ပြီး ဖြစ်တော့သည်၊ သို့သော်
“ မြဲရာသံပတ် ” ဆိုသလို ရွှေသိက္ခာပုဒ်များဖြင့် ရှောင်ကြဉ်ရာဝယ်
သာ၍ ခိုင်မြဲအောင် ဤ မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပုဒ်ဖြင့်လည်း
ရှောင်ကြဉ်ရသည်။
ရွှေ သိက္ခာပုဒ် ၇ ပါးဖြင့် မရှောင်ကြဉ်ရသေးသော မိစ္ဆာဇီဝ
များလည်း ရှိသေး၏၊ ထို မိစ္ဆာဇီများကားသတ္တဝါဏိဇ္ဇာ-ဒါး
လှံ သေနတ် ပိုက်ကွန်စသော လက်နက်ရောင်းမှု၊ သတ္တဝါဏိဇ္ဇာ-လူ
သတာကို သွေးဆောင် ခေါ်ယူလျက် သူတပါးထံ ကျွန်အဖြစ်ဖြင့်
ရောင်းမှု၊(ပြည့်တန်ဆာများကိုမွေး၍ခေါင်းလုပ်မှုများလည်းပါဝင်
၏၊)မံသဝါဏိဇ္ဇာ-နွား ကျွဲ, ဝက်, ဆိတ်, ကြက်, ငှက် စသည်တို့ကို
