## PAGE 136

၂၅၂
ရတနာ့ဂုဏ်ရည်
မွေး၍ အသားစားဘို့ရာ သတ်ဖြတ်သူအား ရောင်းမှု၊ မဇ္ဇဝါဏိဇ္ဇာ-
ထန်းရည် အရက် ဘိန်း စသည်ကို ရောင်းမှု၊ (ဘုံဆိုင် တည်မှု)၊ ဝိသ
၀ါဏိဇ္ဇာ-အဆိပ်ရောင်းမှုဟု ကျမ်းဂန်၌ ၅ မျိုးလာ၏၊ ထို ၅မျိုးကို
ရတနာသုံးပါး ကိုးကွယ်သူ ဥပါသကာ ဥပါသိကာမတို့ မပြုရဟု
လည်း ဆိုသည်၊ ထို့ပြင်-မြင်းလောင်း နွားလောင်း ကျွဲတိုက် ဖဲရိုက်၍
ပစ္စည်း ရှာမှုများလည်း မိစ္ဆာဇီဝပင်တည်း၊ မိမိကိုယ်တိုင် မိစ္ဆာ
ဇီဝမှုဖြင့် ပစ္စည်းမရှာပါသော်လည်း စီးပွားတူဖြစ်သော ညီအစ်ကို
မောင်နှမတို့၏ မိစ္ဆာဇီဝကို ဝမ်းမြောက် သဘောတူလျှင် မိစ္ဆာဇီဝ
ပင်ဖြစ်၏၊ သဘောမတူလျှင် မိမိမှာ မိစ္ဆာဇီဝ မဖြစ်။
===
ဓမ္မိယလဒ္ဓပစ္စည်းနှင့် သမ္မာအာဇီဝ။ ။ပြခဲ့သော မိစ္ဆာဇီဝမှ
ရှောင်ကြဉ်၍ တရားသဖြင့် ရရှိသော ပစ္စည်းဥစ္စာကို – ဓမ္မိယလဒ္ဓ
ပစ္စည်းဟု ခေါသည်။ [ ဓမ္မိယ = တရားနှင့်လျော်စွာ + လဒ္ဓ= ရအပ်
သော ပစ္စည်း။] မိဘ စသူတို့အထံမှ အမွေအနှစ်ရသောပစ္စည်း,ကူလီ
လုပ်၍ စာရေး စာချီလုပ်၍ ကျောင်းဆရာလုပ်၍ လယ်လုပ်၍ အတိုး
အပွားချ၍ရသောပစ္စည်းသည်များသောအားဖြင့် ဓမ္မိယလဒ္ဓပစ္စည်း
တည်း ထိုပစ္စည်းဖြင့် အသက်မွေးသူ၏ သမ္မာအာဇီဝဖြစ်ကြောင်းမှာ
ဆိုဘွယ်ရာမရှိပြီ၊
အချို့ ကား နားမလည်ခင် မတရား ပစ္စည်းရှာ၍
အချို့ကား
နားလည်သောအခါ ထို ပစ္စည်းဖြင့် စားသောက် နေထိုင်ရသော
ကြောင့်“ မိမိ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်လေသလား,
မဖြစ်လေသလား” ဟု စဉ်းစားတတ်ကြပေသည်။
သမ္မာအာဇီဝ ၂ မျိုး။
။သမ္မာအာဇီဝသည် သုတ္တန် ပါဠိ
တော်၌လာသော သမ္မာအာဇီဝ, အဘိဓမ္မာ ပါဠိတော်၌လာသော
အာဇီဝဋ္ဌမကသီလ အဖွင့်
၂ ၅ ၃
သမ္မာအာဇီဝဟု ၂ မျိုးရှိ၏၊ ထိုတွင် တရားသဖြင့်ရအပ်သောပစ္စည်း
များကို စားသောက်သုံးစွဲခြင်း - တရားလမ်းအတိုင်း ပစ္စည်းရှာဖွေ
ခြင်းသည် သုတ္တန် သမ္မာအာဇီဝမည်၏၊ မတရားသဖြင့် ပစ္စည်းရဘို့
အခွင့်ကြုံလာလျှင် ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်
နေခြင်းသည် အဘိဓမ္မာ သမ္မာအာဇီဝ မည်၏၊ ထို ့ကြောင့် နား
မလည်ခင်က မတရားသဖြင့်ရအပ်သောပစ္စည်းများကို သုံးစွဲနေသော်
လည်း နားလည်သောအခါ ထိုကဲ့သို့မတရားမှုများကို ရှောင်ကြဉ်နေ
လျှင် အဘိဓမ္မာ သမ္မာအာဇီဝဖြစ်သေး၏၊ ဆိုလိုရင်းကား“မတရား
သဖြင့် ရခဲ့သောပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝ
ဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံသော မတရား ပစ္စည်းရှာမှုကို
ရှောင်ကြဉ်နိုင်လျှင် အဘိဓမ္မာ သမ္မာအာဇီဝ ဖြစ်နိုင်ပါသေး၏”ဟု
ဆိုလိုသည်။
ထို့ကြောင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်ပါလျှင်
အဘိဓမ္မာ သမ္မာအာဇီဝဖြစ်နိုင်အောင် နောက်ထပ် မတရားပစ္စည်း
ရှာမှုမှ ရှောင်ကြဉ်၍ ဤ အာဇီဝဋ္ဌမက သီလကို ထိန်းသိမ်းနိုင်ပါ
သေး၏၊ ဘုရားလက်ထက်တော်တုန်းက “ကုက္ကုဋမိတ္တ” မုဆိုးသည်
တသက်လုံး မုဆိုးလုပ်၍ အသက်မွေးခဲ့သောကြောင့် သူ၏ အသက်
မွေးမှုမှာ မိစ္ဆာဇီဝပင်တည်း၊ သို့သော် ဘုရားနှင့် တွေ့သောအခါ
တရားတော်ကိုနာရ၍ သား ၇ယောက် ချွေးမ ၇ ယောက်တို့နှင့်အတူ
သောတာပန် ဖြစ်လေသည်၊ ထိုသူတို့သည် ရှေးက မိစ္ဆာဇီဝဖြင့်
ရခဲ့သောပစ္စည်းတွေကို ရှောင်ကြဉ် စွန့်ပစ်သည်ဟု ကျမ်းဂန်တို့၌
မလာချေ၊ စွန့်ပစ်မည်လည်း မဟုတ်၊ ထို ့ကြောင့် တတ်သိနားလည်
သောအခါမှစ၍ မိစ္ဆာဇီဝကို ရှောင်လျှင် ဤအာဇီဝဋ္ဌမကသီလ

## PAGE 137

၂၅၄
ရတနာ့ဂုဏ်ရည်
လုံခြုံနိုင်သည်ဟု ဆိုထိုက်ပေသည်၊ သူတော်ကောင်း ဖြစ်လိုသူများ
သတိပြုပါလေ၊ မိစ္ဆာဇီဝဖြင့် ရရှိအပ်သော ပစ္စည်းများကို လှူဒါန်း
ရာ၌လည်း အကျိုးမရဟု မမှတ်ရ၊ ထိုက်တန်သမျှ အကျိုးရသည်သာ၊
သို့သော် ဓမ္မိယလဒ္ဓ ပစ္စည်းများလောက်ကား အကျိုးပေး မထက်
သန်လှချေ။
ရဟန်းများ၏ အာဇီဝ။ ။ရဟန်းများ၌ကား မတရားသဖြင့်
ရအပ်သော ပစ္စည်းများကို လုံးဝ စွန့်ပစ်နိုင်မှသာ သမ္မာအာဇီဝ
ဖြစ်သည်၊ ဆေးကုမှု ဗေဒင်ဟောမှု ကြည်ညိုအောင် ဟိတ်ဟန်
ဆောင်မှုစသော မတရားမှုဖြင့် ရအပ်သောပစ္စည်းကို သုံးစွဲနေလျှင်
သုံးတိုင်း သုံးတိုင်း အာပတ်သင့်ရုံ မက ထို ပစ္စည်းများကို အခြား
ရဟန်းတော်များ သုံးလျှင်လည်း အာပတ်သင့်သည်သာ၊ ထို့ကြောင့်
ရဟန်းတော်များ၏ မိစ္ဆာဇီဝသည် လူတို့၏ မိစ္ဆာဇီဝထက် သာ၍
အပြစ်ကြီးသည်ဟု မှတ်ပါ။ .
ထို ့ကြောင့် 'တကယ်စင်စစ် သူတော်ကောင်းဖြစ်လိုသူ မှန်လျှင်
လူဖြစ်စေ, ရဟန်းဖြစ်စေ မိစ္ဆာဇီဝကို အထူး ရှောင်ကြဉ်လျက်
သမ္မာအာဇီဝဖြစ်အောင် အသက်မွေးကာ ဤအာဇီဝဋ္ဌမကသီလကို
စောင့်ထိန်းမှသာအစစ်အမှန် သူတော်ကောင်း ဟု ဆိုထိုက်ရကား
သူတပါးမြင်လို ့ ကောင်းရုံကောင်းသော သူတော်ကောင်း မဟုတ်
ဘဲ အစစ်အမှန် သူတော်ကောင်းဖြစ်အောင် ကိုယ်တိုင် ကြိုးစားကြ
ပါကုန်။
(အဋ္ဌမှအကြိမ်)
နဝင်္ဂ ဥပုသ်သီလ အဖွင့်
( ကျက်မှတ်ရန် ဆောက်တည်ပုံ)
၂၅ ၅
အဟံ ဘန္တေ တိသရဏေန သဟ, နဝင်္ဂ သမန္နာဂတံ ဥပေါ
ာ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ, သီလံ ဒေထ မေ ဘန္တေ၊
ဒုတိယမ္ပိ – တတိယမ္ပိ စသည်ကို ဆက်၍ ဥစ္စာသယန မဟာသယန
တိုင်အောင် ရှစ်ပါးသီလအတိုင်း ဆိုပါ၊ ထို ့နောက်… “ယထာဗလံ
မေတ္တာသဟဂတေန စေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ဝိဟရာ
မိ” ဟု ဆောက်တည်ရာ၏။
☑
☑
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
☑
“ နဝင်္ဂ သမန္နာဂတံ – အင်္ဂါ၉ပါးနှင့် ပြည့်စုံသော” ဟု ဆိုပါ၊
ထို ့နောက် ရှစ်ပါးသီလအတိုင်းဆို၍ မေတ္တာအတွက် “ယထာဗလံ-
စွမ်းနိုင်သလောက်၊ မေတ္တာသဟဂတေန-မေတ္တာနှင့်တကွဖြစ်သော၊
စေတသာ - စိတ်ဖြင့်၊ သဗ္ဗာဝန္တ- အလုံးစုံ သတွာ အပေါင်းရှိသော၊
လောကံ- သတ္တလောကကို၊ ဖရိတွာ- ပြန့်နှံ့စေ၍၊ ဝိဟရာမိ- နေပါ
“ စွမ်းနိုင်သမျှ မေတ္တာစိတ်ဖြင့် သတာတို့အပေါ်၌ ဖြန့်၍နေ
ပါမည်”ဟု ဆိုလိုသည်။
အ
° "
-
အမှာ။ ။တချို့ကား “မေတ္တာသဟဂတေန စေတသာ သဗ္ဗ
ပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ” ဟု ဆောက်တည်
ပုံကို ပြကြ၏။ ဤကျမ်း၌ကား ပါဠိတော်နှင့် ညီနိုင်သမျှ ညီအောင်
“သဗ္ဗာ၀န္တံ လောကံ ဖရိတွာ ဝိဟရာမိ”ဟု ပြလိုက်ပါသည်။
(အဋ္ဌမအကြိမ်)

## PAGE 138

၂၅ ၆
ရတနာ့ဂုဏ်ရည်
=
,,
နဝင်္ဂ။ ။ [နဝ+အင်္ဂ။ နဝ = ၉ပါး + အင်္ဂ = အစိတ်အပိုင်း၊ အစိတ်
အပိုင်းအားဖြင့် ၉ ပါးရှိသော သိက္ခာပုဒ်များ။ ] ဤ အင်္ဂါ ၉ ပါးရှိသော
ဥပုသ်ကို “ နဝင်္ဂဥပုသ် ” ဟု ခေါ်သည်၊ ယခုကာလ အများစောင့်သုံးရိုး
ရှစ်ပါးသီလတွင် မေတ္တာကိုထည့်လျှင် ၉ ပါးသီလ “ နဝင်္ဂဥပုသ် ” ဖြစ်၏၊
၏ နဝင်္ဂဥပုသ်မှာ နဝကအင်္ဂုတ္တိုရ် ပါဠိတော်၌ တိုက်ရိုက်လာ၏၊ ဤနဝင်္ဂ
ဥပုသ်၌ မေတ္တာကို ထည့်ထားခြင်းမှာလည်း ထို ခေတ်က ဥပုသ်သည်တို့၏
အလိုကျအောင် ထည့်ရခြင်းဖြစ်သည်။
-
66
,,
စင်စစ်မှာ – ပါဏာတိပါတ စသော သိက္ခာပုဒ်များကဲ့သို့ မေတ္တာသည်
သိက္ခာပုဒ်တပါး မဟုတ်ပါ၊ – ပါဏာတိပါတမှ ရှောင်ကြဉ်ပါ၏
ဆောက်တည်ရာ၌ တနေ့လုံး ရှောင်ကြဉ်နိုင်သလို “မေတ္တာဖြင့် နေပါမည်
ဟု ဆောက်တည်သူသည် တနေ့လုံး မေတ္တာစိတ်ဖြင့် မနေနိုင်၊ ထို ့ကြောင့်
မေတ္တာသည် သိက္ခာပုဒ် မဟုတ်၊ သို့သော် မေတ္တာကို အမွှန်းတင်လျက်
စောင့်အပ်သော ဥပုသ်သည် ရိုးရိုး ဥပုသ်ထက် အကျိုးများသောကြောင့်
မေတ္တာနှင့်တကွသော နဝင်္ဂဥပုသ်ကို ဘုရားလက်ထက်တော်မှာပင် အချို့
စောင့်သုံးကြသည်
။
||
:
စောင့်ထိန်းရပုံ၊ ။ ဤ နဝင်္ဂဥပုသ်ကို စောင့်သုံးလိုသူသည် သီလ
ဆောက်တည်ပြီးနောက် စားဘွယ် သောက်ဘွယ်ကို စားသောက်ပြီးလျှင်
ဆိတ်ငြိမ်ရာအရပ်၌ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများနေမှသာ နဝင်္ဂ
ဥပုသ်ကို ကျနစွာ စောင့်သုံးရာ ရောက်မည်၊ ယခု တွေ့ရသလောက်ကား
နဝင်္ဂဥပုသ်ကို ခံယူပြီးနောက် အိမ်ရောက်လျှင် သားသ္မီး စသူတို့ကို ဆူပူ
ကြိမ်းမောင်းလျက် ဒေါသထွက်ရ၏၊ မိမိနှင့် မတဲ့သူများကို တွေ့ရ မြင်ရ၍
ဒေါသဖြစ်ရ၏၊ “မေတ္တာ” ဆိုသည်ကား ဒေါသနှင့် ဆန့်ကျင်ဘက်တည်း၊
ထို ့ကြောင့် အမှတ်တမဲ့ ဒေါသဖြစ်လျှင် ဆောက်တည်မှု မပျက်ရအောင်
“ ယထာဗလံ = စွမ်းနိုင်သမျှ မေတ္တာဖြင့် နေပါမည် ” ဟု ယထဗလံပုဒ်ကို
ထည့်၍ နဝင်္ဂဥပုသ် ဆောက်တည်ပုံကို ပြလိုက်ရပါသည်။
ဆယ်ပါးသီလ အဖွင့်
(ကျက်မှတ်ရန် ခံယူဆောက်တည်ပုံ)
၂၅၇
အဟံ ဘန္တေ တိသရဏေန သဟ, ဒသ ဂဟဋ္ဌသီလံ ဓမ္မံယာစာ
မိ, အနုဂ္ဂဟံ ကတွာ, သီလံ ဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ စသည်
ဆက်၍ဆိုပါ၊ ဝိကာလဘောဇနတိုင်အောင် ရွှေသိက္ခာပုဒ် ၆ ပါးကို
ဂ ပါးသီလအတိုင်း ဆိုပါ။
၇။ နစ္စ ဂီတ ၀ါဒိတ္တ ဝိသူကဒဿနာ ဝေရမဏိ သိက္ခာပဒံ
သမာဒိယာမိ။
ဂ။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ
ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိ
ယာမိ။
၁၀။ ဇာတရူပရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိ
ယာမိ။
ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်
-
ဘန္တေ’အရှင်ဘုရား၊ အဟံ-သည်၊ တိသရဏေန’နှင့်၊ သဟ-
တကွ၊ ဒသဂဟဋ္ဌသီလံ – လူတို့၏ ဆယ်ပါးသီလ ဖြစ်သော၊ ဓမ္မံ’
သိက္ခာပုဒ်တရားတော်ကို၊ ယာစာမိ-တောင်းပါ၏၊ နစ္စ ဂီတစသည်
တို့၏အနက်ကို ရှစ်ပါးသီလ၌ ပြခဲ့ပြီ၊ ဇာတရူပရဇတ ပဋိဂ္ဂဟဏာ’
ရွှေငွေ့ကို ကိုင်ခြင်း,ခံယူခြင်း, စီမံခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ကို၊
သမာဒိယာမိ-ပါ၏။[ ဥစ္စာသယန မဟာသယနအထိ ဂ ပါးသီလ၌
ဖွင့်ပြခဲ့ပြီ။]
၂၂ (အဋ္ဌမအကြိမ်)

## PAGE 139

၂၅၀
ရတနာ့ဂုဏ်ရည်
နစ္စ ဂီတနှင့် မာလာဂန္ဓ
ခွဲခြင်း အကြောင်း
နစ္စ ဂီတ သိက္ခာပုဒ်အရ ကခြင်း သီဆိုခြင်း, တီးမှုတ်ခြင်း
ကြည့်ရှုနားထောင်ခြင်းတို့သည်တခုနှင့်တခု သဘောချင်းဆက်သွယ်
နေ၏၊ ထို့ကြောင့် ထိုအမှုများမှရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ်တပါး
အဖြစ်ဖြင့် ထားသည်၊ မာလာဂန္ဓ သိက္ခာပုဒ်အရ ပန်းပန်မှုစသည်
တို့လည်း တခုနှင့်တခု သဘောချင်းဆက်သွယ်လျက်ရှိ၏၊ ထို ့ကြောင့်
ပန်းပန်မှု စသည်မှ ရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ်တပါး အဖြစ်ဖြင့်
ထားရသည်၊ နစ္စ ဂီတ သိက္ခာပုဒ်၌ ပါဝင်သောအမှုများနှင့် မာလာ
ဂန္ဓသိက္ခာပုဒ်၌ ပါဝင်သော အမှုများကား တခုနှင့်တခု သဘော
ချင်း မဆက်သွယ်လှ၊ ထို ့ကြောင့်နစ္စ ဂီတနှင့် မာလာဂန္ဓဆိုင်ရာကို
ခွဲခြား၍ သိက္ခာပုဒ် ၂ ပါး ဖြစ်ရပေသည်။
ရှစ်ပါးသီလ၌ကား နစ္စ ဂီတ ဆိုင်ရာ မာလာ ဂန္ဓ ဆိုင်ရာ ၂ ရပ်
လုံးကိုပင် (ရှစ်ပါးဖြစ်အောင်) ပေါင်းစပ်ထားရသည်၊ ဆိုလိုရင်း
ကား-နစ္စ ဂီတနှင့် မာလာ ဂန္ဓတို့ သိက္ခာပုဒ် ၂ ပါးအဖြစ်ဖြင့် ဧကန်
ခွဲခြားသင့်၏၊ သို့သော် ရှစ်ပါးသီလ၌ကား ရှေးရိုးစဉ်လာ ထုံးစံ
အားဖြင့် ၉ ပါးမဟုတ်, ဂ ပါးသာဖြစ်၍ ထိုရှစ်ပါးတွင် အားလုံး
ပါဝင်ဘို့ရာ နစ္စ ဂီတနှင့် မာလာ ဂန္ဓကို ပေါင်း၍ ဆောက်တည်ရ
သည်ဟု ဆိုလိုသည်၊ ဤကား ဤကျမ်း၏ အကြံတည်း၊ သည့်ထက်
ကောင်းမွန်၍ သေချာသော အကြံကိုလည်း ပညာရှိတို့ကြံစည်ကြ
ပါလေ။
(အဋ္ဌမအကြိမ်)
ဇာတရူပသိက္ခာပုဒ် အဖွင့်
6
၂၅၉
ဇာတရူပရဇတ ပဋိဂ္ဂဟဏ၁။ ။[ဇာတရူပ = ရွှေ+ ရဇတ=
ငွေ+ ပဋိဂ္ဂဟဏ= ခံယူခြင်း။] ဇာတရူပအရ ရွှေတုံး ရွှေခဲသာမက
ရွှေဖြင့် ပြုလုပ်ထားသော အဝတ်တန်ဆာ အားလုံးကိုပင် မခံယူရ၊
ရဇတ အရလည်း ငွေ့ အသပြာသာ မက, ရောင်းဝယ် သုံးစွဲရိုး
ဖြစ်သော ငွေ့စက္ကူ၊ ပိုက်ဆံ အားလုံးကိုပင် မခံယူရ၊ ပဋိဂ္ဂဟဏအရ
လက်ဖြင့်ကိုင်ခြင်း, ခံယူခြင်းသာမက, ရှောင်ကြဉ်ဘွယ် ၅ မျိုးကို
ကျမ်းဂန်တို့၌ ပြသည်၊ဤနေရာ၌ လွန်စွာ ထင်ရှား ပြတ်သားသော
လယ်တီ ဆရာတော်ဘုရားကြီး၏ သီလဝိနိစ္ဆယ အခဏ်း တခဏ်းကို
ထုတ်ပြပါအံ့။
ရွှေ ငွေ ရတနာနှင့်စပ်၍ ဝိနည်းတော်၌ ပယ်တော်မူသော အမှု
၅ ပါးရှိ၏၊ ဥဂ္ဂဟတပါး, ဥဂ္ဂဟာပဏတပါး, ဥပနိက္ခိတ္တ သာဒယန
တပါး ဒုဗ္ဗစာရဏတပါး, အာမသနတပါး၊ ထိုတွင်...
,
၁။ အရှင် မရှိသော ရွှေငွေ ရတနာကို တွေ့မြင်၍ ကိုယ်တိုင်
ကိုင်ယူခြင်းသည်၎င်း လက်ရောက် လှူသည်ကို ကိုယ်တိုင်
ခံယူခြင်းသည်၎င်း, ဥဂ္ဂဟ မည်၏။ [ ဥဂ္ဂဟ = ကိုယ်တိုင်
ခံယူခြင်း။
၂။ အရှင် မရှိသော ရွှေ ငွေ့ ရတနာကို တွေ့မြင်၍ (သို့မဟုတ်
လာလှူ၍) မိမိဘို့ရာ သူတပါးကို အယူခိုင်းခြင်းသည်၎င်း,
မိမိဘို့ရာ သူတပါးကိုအလှူခိုင်းခြင်းသည်၎င်း, ဥဂ္ဂဟာပဏ
မည်၏။ ဥဂ္ဂဟာပဏ = ယူစေခြင်း။]
(အဋ္ဌမအကြိမ်)

## PAGE 140

၂၆ ဝ
ရတနာ့ဂုဏ်ရည်
=
၃။ ဒါယကာက ရွှေငွေ ရတနာကို ယူဆောင်ခဲ့၍ ရဟန်း၏
၌ ချထားပြီးလျှင် ဤ ရွှေ ငွေကိုအလိုရှိရာ သုံးဆောင်
တော်မူပါဟု၎င်း, သင်္ကန်းဘိုးပါ ဘိနပ်ဘိုးပါ ရထားခ
ပါ သင်္ဘောခပါဟု၎င်း လျောက်၍လှူသည်ကို ကိုယ် နှုတ်
ဖြင့်မပယ်ဘဲစိတ်ဖြင့်သာခံယူခြင်းသည်၎င်း, ဒါယကာက
မိမိ၏ အိမ်တွင်သော်၎င်း, တပါးသော ဌာန၌သော်၎င်း
ရှိ၍နေသော ရွှေ ငွေကို ကိုယ်တော် အလိုရှိသောအခါ
ယူပါ သုံးပါ ဟူ၍ လှူသည်ကို ကိုယ် နှုတ်ဖြင့် မပယ်ဘဲ
စိတ်ဖြင့် သာယာ ခံယူခြင်းသည်၎င်း ဥပနိက္ခိတ္တ သာဒယန
မည်၏။ ဥပနိက္ခိတ္တ = ဘဏ် စသည်၌ ထားအပ်, အနီး၌
ထားအပ်သည်ကို+သာဒယန=သာယာခြင်း။]
၄။ ကပ္ပိယနည်းလမ်းဖြင့် ရှိနေသော (ကပ္ပိယထံ ဝိနည်းတော်
နှင့်အညီ အပ်နှံထားသော) ရွှေ ငွေ့ကို “ ဤ ရွှေ ငွေ့ဖြင့်
ဘယ်ဟာ ဝယ်ချေလော, ဘယ့်လောက် ပေးလိုက်လော
သေတ္တာထဲမှာ ထားလိုက်လော ထုတ်လိုက်လော ယူလိုက်
လော” အစရှိသည်ဖြင့် စီမံခြင်းသည် ဒုဗ္ဗစာရဏ မည်၏။
[ဒု=မကောင်းသော (ဝိနည်းတော်နှင့် မလျော်သော) +
ဝိစာရဏ = စီမံခြင်း။
၅။ သူတပါးဥစ္စာဖြစ်သော ရွှေ ငွေကိုပင် သာယာသောစိတ်
ဖြင့် ထိပါး သုံးသပ်ခြင်းသည် အာမသန မည်၏၊ (ကိုယ့်
ဥစ္စာကို သုံးသပ် ကိုင်ရာ၌ကား ပြောဘွယ်မလို၊) [အာမ
သန = သုံးသပ် ထိပါးခြင်း၊ မသာယာဘဲ မတော်တဆ
ထိမိလျှင် အပြစ်မရှိပါ။
=
,
ဇာတရူပသိက္ခာပုဒ် အဖွင့်
၂၆ ၁
ရဟန်း သာမဏေတို့မှာ ဤ ၅ ပါးစလုံးကို လွတ်ကင်းစေရ၏၊
လူဖြစ်စဉ်ကရှိနေသော ရွှေငွေရတနာ ကပ္ပိယနည်းလမ်းဖြင့် ရဟန်း
ဖြစ်မှရသော ရွှေ ငွေ ရတနာတို့ကို ထို အချက်တို့မှ လွတ်ကင်းစေ၍
ကပ္ပိယနည်းလမ်းဖြင့် နေရာတကျ ပြုပြင်ပြီးလျှင် အသက်ထက်ဆုံး
စိတ်ဖြင့်သာယာ၍ ထို ရွှေငွေမှဖြစ်သော ကပ္ပိယဘဏ္ဍာ (အပ်သော
ပစ္စည်း) များကို သုံးဆောင်၍ နေငြားသော်လည်း ဝိနည်းတော်နှင့်
အပြစ်ဆိုခွင့်မရှိပြီ၊ ဆယ်ပါးသီလ စောင့်ထိန်းကြသူတို့မှာလည်း ထို
ပါးသော အမှုတို့ကို လွတ်ကင်းစေလျှင် ပြီးတော့သည်၊ နဂိုရ်က
ရှိ၍နေသော ရွှေ ငွေ ရဇာနာတို့ကို စိတ်သက်သက်ဖြင့် အာရုံပြုကာ
(ငါ့ရွှေ့ ငါ့ငွေ့) ဟု သာယာသော်လည်း အပြစ်မရှိ, သိက္ခာပုဒ်
မပျက်၊ ဤကား လယ်တီဆရာတော် ဘုရားကြီး၏ သီလဝိနိစ္ဆယမှ
ထုတ်နှုတ် ဖေါ်ပြချက်တည်း။
၅
ဤအချက်ကိုထောက်၍ ဆယ်ပါးသီလစောင့်သူ လူတို့သည် မိမိ၌
ရှိသော ရွှေငွေ့ကို ယုံကြည်လောက်သူ အထံ အပ်၍ ထားရမည်၊
ဆယ်ပါးသီလ စောင့်ထိန်းသည့် အတောအတွင်းမှာ ထို ရွှေ ငွေကို
မကိုင်ရ၊ ဘယ်ထားလိုက်ပါ, သိမ်းထားလိုက်ပါ ဟုလည်း မပြောရ၊
ထို ရွှေငွေ့ဖြင့် “ဘာဝယ်လိုက်ပါ” စသည်ကိုလည်း မပြောရ၊ မိမိ
အသုံးလိုနေသော ပစ္စည်းကိုသာ – ဘာလိုချင်သည်, ဘာစားချင်
သည်” စသည်ဖြင့် ပြောဆိုရမည်၊ သူတပါးက ငွေ လာပေးခဲ့သော်
ထိုငွေကို ကိုယ်တိုင်လည်းမယူရ သူများကိုလည်းမခိုင်းရ နားလည်
သူတယောက် ( သို့မဟုတ် ကပ္ပိယလုပ်သူက)
ယူထားလျှင် မိမိမှာ
အပြစ်မရှိပါ၊ စာတိုက်မှ မန်းနီးအော်ဒါလာလျှင် ငွေ ရရှိကြောင်း
လက်မှတ်ထိုးရုံဖြင့် အပြစ် မရှိပါ၊ လက်မှတ်ထိုးပြီးနောက် စာပို့ က
