## PAGE 141

၂၆ ၂
ရတနာ့ဂုဏ်ရည်
ပေးသောငွေကိုသာ ကိုယ်တိုင်လည်း မကိုင်မယူနှင့် သူများကိုလည်း
အယူမခိုင်းနှင့်, နားလည်သူ ကပ္ပိယကယူထားလျှင် မိမိမှာ အပြစ်
မရှိပါ၊ ၁၀ ပါးသီလ စောင့်ထိန်းနေသောအခါ ရွှေငွေသာ မက
စိန် ကျောက် ပုလဲ ပဒမြားစသော ရတနာများကိုလည်း မကိုင် မခံ
ရချေ။
,
ဤ ၁ဝ ပါးသီလနှင့် စပ်၍ စောင့်ကောင်း‘မစောင့်ကောင်း
ဝါဒကွဲပြား၏၊ အချို့က သစ်ခေါက်ဆိုး ဝတ်၍ အမြဲ စောင့်နိုင်မှ
စောင့်ကောင်းသည်-ဟု ဆိုကြ၏၊ အချို ့ကလည်း မိမိ၌ ရှိနေသော
ရွှေ ငွေ ဥစ္စာများကို စွန့်ပစ်နိုင်မှ စောင့်ကောင်းသည် ဟု ဆိုကြ၏၊
သို့သော် ဒက္ခိဏေယျ သံဃာ့ဂုဏ်တော်၌ပြခဲ့သော မင်းသားတို့ကား
မိမိ၌ ရှိနေသော ရွှေ ငွေ ပစ္စည်းများကို တခါတည်း ပြတ်အောင်
သူတပါးအား အပိုင်မပေးကြဘဲ ကပ္ပိယထံ အပ်နှံထားရုံမျှဖြင့်(တစုံ
တခုကိုမျှလည်း မစီမံတော့ဘဲ) ဆယ်ပါးသီလ စောင့်ကြပေသည်။
ထို့ကြောင့် ရွှေ ငွေ ဥစ္စာကို လုံးဝမစွန့်ပစ်ဘဲ ကပ္ပိယထံ အပ်နှံ
ထားရုံမျှဖြင့် တနေ့ တရက်ဖြစ်စေ ဆယ်ပါးသီလ စောင့်ကောင်း
ကြောင်းကို ဆရာများ ဆုံးဖြတ်ကြသည်၊ အဘိဓမ္မာ သဘောဖြင့်
စဉ်းစားလျှင်လည်း ကုသိုလ်စိတ် ပို၍ ဖြစ်ဘွယ်ရာ ရှိသဖြင့် မစောင့်
ကောင်းစရာ အကြောင်း မမြင်ပါ၊ သို့သော် လက်မှာ ရွှေလက်စွပ်
စသည်ကိုဝတ်ခြင်း နားမှာလည်း ပန်ဆင်ခြင်းသည် မာလာဓာရဏ
တွင် ပါဝင်သောကြောင့် ဆယ်ပါးသီလကို မဆိုထားဘိ, ရှစ်ပါး
သီလနှင့်ပင် မသင့်လျော်ချေ။
ဒုစရိုက်’သုစရိုက် အဖွင့်
+
၂၆ ၃
[ဒု = မကောင်းသော + သု= ကောင်းသော + စရိတ = စရိုက်
(အကျင့်)။ ထိုဒုစရိုက် သုစရိုက်ကား ၁ဝ ပါးစီ ရှိ၏၊ ထို့တွင်…
ဒုစရိုက် ကာယကံ ၃ ပါး
၁။ ပါဏာတိပါတ
၂။ အဒိန္နာဒါန
= သူ့ အသက်သတ်မှု။
=သူ့ဥစ္စာ ခိုးမှု။
၃။ ကာမေသုမိစ္ဆာစာရ =ကာမဂုဏ်တို့၌ ယုတ်ယုတ်
၄။ မုသာဝါဒ
မာမာ ကျင့်မှု။
ဒုစရိုက် ဝစီကံ ၄ ပါး
=မုသားပြောမှု။
၅။ ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်မှု၊ [ ချစ်သူ
၂ ဥုး ကွဲသွားအောင်, သို့မဟုတ် မိမိအား ချစ်ခင်
လာအောင် ချစ်သူ ၂ ဥုးကို ရန်တိုက်ပေးမှု။]
၆။ ဖရုသဝါစာ =အယုတ်တမာ ဆဲဆိုမှု။
၇။ သမ္မပ္ပလာပ =ပိန်ဖျင်းသောစကားကို ပြောဆိုမှု။
စပါးပိန် စပါးဖျင်းသည် အတွင်း၌ အနှစ်အဆန် မရှိသကဲ့သို့ အနှစ်
လည်း မဖက် အနက်အဓိပ္ပါယ်လည်း မဟုတ်မမှန်, ဒဏ္ဍာရီ ဝတ္ထုသွား
ရွှေယုန်နှင့် ရွှေကျားတို့ သက်ကယ်ရိတ် သွားရောတဲ့ ” စသော စကား
တည်း၊ မဟုတ်သော်လည်း ဥပမာသဘောဖြင့် အကျိုး ရှိအောင် ပြောဆို
ရေးသားမှုမျိုးမှာ ““သမ္ဖပ္ပလာပ” မဖြစ်ပါ။
66

## PAGE 142

၂၆၄
ရတနာ့ဂုဏ်ရည်
ဒုစရိုက် မနောကံ ၃ ပါး
"
၈။ အဘိဇ္ဈာ = သူတပါး၏ စည်းစိမ်ကို “ ငါ့ဟာ ဖြစ်လျှင်
ကောင်းလေစွ” ဟု မတရားကြံစည်မှု၊ တောင်း၍ ငှါး၍
ဝယ်၍ယူမည်ဟု ကြံစည်မှုမှာ
အဘိဇ္ဈာအပြစ်မရှိ။]
၉။ ဗျာပါဒ = သေကြေ ပျက်စီးသွားလျှင် ကောင်းလေစွဟု
သူတပါးကို ပြစ်မှားမှု။
၁ဝ။ မိစ္ဆာဒိဋ္ဌိ= အယူမှားမှု၊ [ကံ ကံ၏အကျိုး မယုံမှု။]
ဤ ဒုစရိုက် ၁ဝ ပါးကို “အကုသလကမ္မပထ” ၁၀ပါးဟုလည်း
|
ခေါ်၏။ “အပါယ်ရောက်ကြောင်း မကောင်းသော လမ်းဖြစ်သော
အကုသိုလ်ကံများ”ဟူလို၊ ထိုဆယ်ပါးကို... ၁-ကိုယ်တိုင်ပြုလုပ်ခြင်း
“သာဟတ္ထိက”၊ ၂− သူတပါးကို အပြုခိုင်းခြင်း “အာဏတ္တိက”၊
၃= ဒုစရိုက်ပြုလျှင် ရနိုင်မည့် လောကီကျိုးကို ပြောပြခြင်း “ဝဏ္ဏ
ဘာသန”၊ ၄-သူတပါးတို့ အလို အလျောက်ပြုနေသည်ကို သဘော
တူခြင်း “သမနုည”၊ ဤ ၄ မျိုးဖြင့်မြှောက်လျှင် ဒုစရိုက် ၄ဝဖြစ်၏။
[ဆောင်] ၁။ သက်သတ်´ခိုးမှု့ ကာမေ သုံးခု ကာယကံ။
၂။ လှည့်စား, ရန်တိုက် မိုက်မိုက်ကာဏ်းကာဏ်း
နှုတ်ကြမ်းလေခြင်း ပိန်ဖျင်းစကား ပြောဆိုငြား
လေးပါး ဝစီကံ။
၃။ သူ ့ဥစ္စာမှန်, မတရားကြံ၍ ဖေါက်ပြန် သေကြေ
ပျက်စေလိုငြား, အယူမှား, သုံးပါး မနောကံ။
ဒုစရိုက်-သုစရိုက် အဖွင့်
သုစရိုက် ကာယကံ ၃ ပါး
၂၆ ၅
၁။ ပါဏာတိပါတဝိရတိ=ပါဏာတိပါတမှ ရှောင်ကြဉ်မှု။
၂။ အဒိန္နာဒါနဝိရတိ=အဒိန္နာဒါနမှ ရှောင်ကြဉ်မှု။
၃။ ကာမေသုမိစ္ဆာစာရဝိရတိ= ကာမေသုမှ ရှောင်ကြဉ်မှု။
သုစရိုက် ဝစီကံ ၄ ပါး
၄
၄။ မုသာဝါဒဝိရတိ=မုသာဝါဒမှ ရှောင်ကြဉ်မှု။
၅။ ပိသုဏဝါစာဝိရတိ=ပိသုဏဝါစာမှ ရှောင်ကြဉ်မှု။
၆။. ဖရုသဝါစာဝိရတိ=ဖရုသဝါစာမှ ရှောင်ကြဉ်မှု။
၇။ သမ္ဖပ္ပလာပဝိရတိ=သမ္ဖပ္ပလာပမှ ရှောင်ကြဉ်မှု။
သုစရိုက် မနောကံ ၃ ပါး
၇။
အနဘိဇ္ဈာ=အဘိဇ္ဈာကို မပြုခြင်း။
၉။ အဗျာပါဒ=ဗျာပါဒကို မပြုခြင်း။
၁၀။ သမ္မာဒိဋ္ဌိ=ကောင်းသောအယူကို ယူခြင်း။
o
"
ဤ သုစရိုက် ၁၀ ပါးကို “ကုသလကမ္မပထ” ၁ဝ ပါးဟုလည်း
ခေါ်၏၊[ပထ=လူ့ ပြည် နတ်ပြည်သို့ရောက်ကြောင်း။]၁-ကိုယ်တိုင်
ပြုခြင်း ၂-သူများကိုပြုဘို့ရန် စေခိုင်ခြင်း, ၃’သုစရိုက်၏အကျိုးကို
ပြောပြခြင်း ၄-သူတပါးတို့အလိုအလျောက်ပြုနေသည်ကို သဘော
တူခြင်း ဤ ၄ မျိုးဖြင့် မြှောက်လျှင် ၄ဝ ဖြစ်၏။
[ဆောင်] ဒုစရိုက်နှင့် သုစရိုက်ပြိုင်, ဤဆယ်ခိုင်ကို ကိုယ်တိုင်ပြုငြား,
သူများ ခိုင်းတုံ, ဂုဏ်ကို ပြောပြ, ဝမ်းမြောက်ကြပြန်,
လေးဆယ်မှန်, မြှောက်ဟန် သဘောပိုက်။

## PAGE 143

၂ ၆ ၆
ရတနာ့ဂုဏ်ရည်
ပုညကြိယဝတ္ထု အဖွင့်
[ကြိယ=ပြုထိုက်သော + ဝတ္ထု = စီးပွားချမ်းသာ၏ တည်ရာ။]
စီးပွားချမ်းသာ နောင်သံသရာအကျိုး၏တည်ရာဖြစ်၍ စင်စစ်
ပြုထိုက်သော ကုသိုလ်ကောင်းမှုများလည်း ၁၀ ပါးပင် ရှိ၏။
၃။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၄။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
ဂ။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ
=စွန့်ကြဲပေးကမ်း လှူဒါန်းမှု။
==ဆိုင်ရာသီလများကို စောင့်ထိန်းမှု။
=ဘုရားဂုဏ်တော် စသည်ကို အာရုံပြု
နေမှု၊ (ကမ္မဋ္ဌာန်းအားထုတ်မှု)။
= ရိုသေထိုက်သူကို ရိုသေမှု။
= သူတပါး၏ ကုသိုလ်ကိစ္စ၌ ကူညီမှု။
=မိမိ ကုသိုလ်အဖို့ကို အမျှဝေမှု။
= သူတပါးက အမျှ ပေးဝေသောအခါ
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။
=တရားစကားကို နားထောင်မှု။
=ပစ္စည်းလာဘ် မငဲ့ဘဲ တရားဟောမှု။
=အယူကို ဖြောင့်မှန်စွာ ယူမှု။ [ ကံ-
ကံ၏အကျိုးကို ယုံကြည်မှု။]
အမျှဝေ’သာဓုခေါ် ။ ။ ပတ္တိဒါန ပတ္တာနုမောဒန ဖြစ်ပုံ
ကား‘ကုသိုလ်ကောင်းမှုပြုရာ၌ မိမိ ကုသိုလ်ရသကဲ့သို့ အခြားလူတို့
လည်း မိမိနှင့် အညီအမျှ ကုသိုလ်အဖို့ရစေရန် ဝေငှခြင်းကို “ပတ္တိ
ဒါန = အမျှဝေခြင်း” ဟု ခေါ်သည်၊ ထို အမျှဝေသံကို ကြားရသူ
ပုညကြိယဝတ္ထု၊ အဖွင့်
၂ ၆ ၇
တို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လျှင် ကောင်းမှုရှင်နှင့်အလား
တူစွာ ကုသိုလ်အဖို့ ၎၏၊ ပြိတ္တာ ဖြစ်နေသူတို့ သာဓု ခေါ်ရာ၌ကား
ချက်ခြင်း အကျိုး ခံစားကြရ၏၊ ဝမ်းမြောက် ဝမ်းသာ မဟုတ်ဘဲ
ဝတ်ကြေတမ်းကြေ ခေါ်လျှင် တော်ရုံသာ
အဖို့ရ၏၊ သူတပါးလှူနိုင်
သည်ကို မနာလိုလျှင် “ဣဿာ”အကုသိုလ်ပင် ဖြစ်သေး၏။
-
ပြခဲ့သော ပုညကြိယဝတ္ထု ဆယ်ပါးကို ကိုယ်တိုင်ပြုခြင်း စသော
၄မျိုးဖြင့် မြှောက်လျှင် ၄ဝ ဖြစ်၏၊ တနည်း – ဤ ၁၀ ပါးကို ပုဗ္ဗ
စေတနာ, မုဉ္စစေတနာ, အပရစေတနာဟူသော စေတနာ၃တန်ဖြင့်
မြှောက်လျှင် ပုညကြိယဝတ္ထု ၃ဝဖြစ်၏၊ မပြုခင်ရှေးအဘို့၌ဖြစ်သော
စေတနာကို “ပုဗ္ဗစေတနာ”ဟု ခေါ်၏။ ပြုတုန်း စွန့်လွှတ်တုန်း၌
ဖြစ်သော စေတနာကို – မုဉ္စစေတနာ” ဟု ခေါ်၏၊ ပြုပြီးနောက်၌
ဝမ်းမြောက်မှုကို “အပရစေတနာ”ဟု ခေါ်သည်။
ငါးပါးသီလနှင့် အာဇီဝဋ္ဌမကသီလကို စောင့်ထိန်း၍ ဒုစရိုက်
၁၀ပါးကို ရှောင်ကြဉ်ပြီးလျှင် သုစရိုက် ၁၀ပါး, ပုညကြိယဝတ္ထု
၁၀ပါးကို တွေ့ကြုံရာ၌ ပြုကျင့် အားထုတ်၍ နေသူသည် ဧကန်
သူတော်ကောင်းဖြစ်၍ စင်စစ် သုဂတိဘဝကို ရပေလိမ့်မည်။
[ဆောင်] ၁။ ဒါန သီလ,ဘာဝနာနှင့်, အပစာယနာ, ရိုသေစွာ,
ဝေယျာဝစ္စဖြင့်။
၂။ ပတ္တိဒါန’အပေးဝေ, ခေါ်လေသာဓု-ပတ္တာနုမော,
ဟောလေသမျှ-နာယူက ဓမ္မသဝနနှင့်။
၃။ ကိုယ်တိုင် ဟောပြ’ဓမ္မဒေသနာ, ဖြောင့်စွာယူမှု – ဒိဋ္ဌိ
ကမ်, ဤဆယ်တန်, မှတ်ရန် အဆင့်ဆင့်။

## PAGE 144

၂၆ ဂ
ရတနာ့ဂုဏ်ရည်
ကံ ကံ၏အကျိုး အဖွင့်
ဘုရားရှင် လက်ထက်တော်တုန်းက“သုဘ”လုလင်သည် လူချင်း
တူပါလျက် တဥုးနှင့်တချုး အကျိုးပေး ထူးခြားပုံကို မြင်ရသဖြင့်
မရှင်းလင်းသည့်အတွက် မေးလျှောက်အပ်သော ပြဿနာ တဆယ့်
လေးချက်ကို ဘုရားရှင်ဖြေတော်မူပုံမှာ ယခုခေတ်လူတို့ နားလည်ဘို့
ကောင်းလှသောကြောင့် ပါဠိတော် အတိုင်းဝယ် အနည်းငယ်မျှ
ရွှေနောက်ထား၍ အတိုချုပ် ရေးသားပေအံ့။
[ဆောင်] ထောက်မှန်ပေါ်တွင်, ကိုယ့်အသွင်ကို, ဆင်ပြင်သမှု,
နေ့စဉ်ရှုသို့ ယခုအခဏ်း, မှန်လို မှန်း၍ ရှုစမ်းစေချင်,
စိတ်အစဉ်ကို ဆင်ပြင်လေကွဲ, နေ့စဉ်တဲ့။
(က) သုဘလုလင်၏အမေး
၁-လူချင်းတူပါလျက် အဘယ့်ကြောင့် အချို့မှာ အသက်တို၍
၂-အချို့က အသက်ရှည်ပါသနည်း။...
၁။
ဘုရားရှင်၏ အဖြေ
ဤလောက၌အချို့သော မိန်းမ ယောက်ျားတို့သည် သတွာ
တို့အပေါ်၌ သနားကြင်နာ ကရုဏာ ကင်းလျက် ရက်စက် ဆိုးဝါး
သူများအသက်ကို သတ်ဖြတ်လေ့ရှိကြ၏၊ ထိုသူမျိုးသေလျှင် ငရဲသို့
ရောက်ရတတ်၏၊(ရှေးက ကုသိုလ်ကံတစုံတခု၏ ထောက်ပံ့မှုကြောင့်)
ငရဲသို့မကျဘဲ လူ့ပြည်သို့ရောက်ရလျှင် ကြာရှည်နေခွင့် မရ အသက်
တိုရလေသည်။
ကံ ကံ၏အကျိုး အဖွင့်
၉
၂။ ဤလောက၌အချို့သော မိန်းမယောက်ျားတို့ကား သတွာ
တို့အပေါ်၌ သနားကြင်နာ ကရုဏာ အားကြီးလျက် သူ ့အသက်
သတ်ခြင်းမှ ရှောင်ကြဉ်ကြ၏၊ ထိုသူမျိုး စုတေလျှင် နတ်ပြည်သို့
ရောက်ရတတ်၏၊ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း
အသက်ရှည်စွာ တည်နေရပေသည်။
(ခ) ၃ – အဘယ့်ကြောင့် အချို့မှာ အနာရောဂါများ၍
၄’အချို့မှာ အနာရောဂါ ကင်းရှင်းပါသနည်း။...
၃။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် တပါး
သော သင်္ချာကို လက်ဖြင့်သော်၎င်း ခဲ ဒုတ် ဒါး စသော လက်နက်
ဖြင့်သော်၎င်း ညှဉ်းဆဲလေ့ရှိကြ၏၊ ( သေအောင်ကား မသတ်၊ ) ထို
သူမျိုးသေလျှင်
ငရဲကျတတ်၏၊ ငရဲမကျဘဲ လူ့ ပြည်သို့ရောက်ရလျှင်
ရောဂါထူပြော အနာပေါလေသည်။
I o
၄။ ထိုကဲ့သို့ ညှဉ်းဆဲ နှိပ်စက်လေ့ မရှိသူသည် စုတေလျှင်
နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည်မရောက်ဘဲ လူ ့ပြည်ရောက်
လျှင်ကား အနာရောဂါ ကင်းရှင်းရပေသည်။
(ဂ) ၅ – အဘယ့်ကြောင့် အချို့ မှာ အရုပ်ဆိုး၍
-
၆ – အချို ့မှာ အဆင်းလှပါသနည်း....
၅။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် အလွန်
ဒေါသ ကြီးကြ၏၊ အနည်းငယ် စကားပြောစရာရှိလျှင် သူတပါးကို
ထိပါးပုတ်ခတ်၍ ပြောဆိုလေ့ရှိကြ၏၊ထိုလူမျို းသေလျှင် ငရဲကျတတ်

## PAGE 145

၂၇ဝ
ရတနာ့ဂုဏ်ရည်
၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်ရလျှင် မျက်နှာပုပ်သိုး အရုပ်ဆိုး
တတ်လေသည်။
၆။ ထိုကဲ့သို့ ဒေါသမထွက်ဘဲ စိတ်စက်ကြည်လင် အစဉ်အေးမြ
သူသည် စုတေလျှင် နတ်ပြည်သို့ရောက်ရတတ်၏၊ နတ်ပြည်မရောက်
ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ကြည်လင်လှပသော အဆင်းကို
ရပေသည်။
-
(ဃ) ၇ – အဘယ့်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ
နည်းပါး၍
ဂ – အချို့မှာ တန်ခိုးအာဏာ ကြီးမားပါသနည်း။
-
၇။ ဤလောက၌အချို့သောမိန်းမ ယောက်ျားတို့သည် ဣဿာ
အားကြီးကြ၏၊ ထိုသူမျိုးသေလျှင် ငရဲသို့ ကျတတ်၏၊ ငရဲမကျဘဲ
လူ ့ပြည်သို့ ရောက်ရလျှင် ခြွေရံစိုးမိုး တန်ခိုး နည်းပါးလေ၏။
ဂ။ ထိုကဲ့သို့ ဣဿာမရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်
တတ်၏၊ နတ်ပြည်မရောက်ဘဲ လူ ့ပြည်သို့ ရောက်ရပြန်လျှင် နာမည်
ကျော်ကြား ခြွေရံများ၍ တန်ခိုးအာဏာ ဩဇာကြီးမားပေသည်။
မှတ်ချက်။ ။သူတပါး၏ ကံ ဉာဏ် ဝီရိယအား လျော်စွာ
စည်းစိမ်ဥစ္စာပေါခြင်း, ဂုဏ်သိရ်ကြီးမားခြင်း, ထင်ရှားကျော်စော
ခြင်း, တတ်သိလိမ္မာခြင်း စသည်ကို မနာလိုမှု, စောင်းမြောင်းမှ
မျက်စောင်းထိုး၍ကြည့်မှု ) ငြူစုမူ ( သည်လိုယုန်တော့ ချုံတိုင်း
ရှိ၍ – ဇီးကွက်လောက်တော့ ငှက်တိုင်းလှ၍
) စသည်ဖြင့် နှုတ်ခမ်း
စူ၍ ပြောဆိုမှုများသည် အတွင်းကဣဿာ၏ အစွမ်းပင်တည်း။
(အဋ္ဌမုအကြိမ်)
-
ကံ-ကံ၏အကျိုး အဖွင့်
(င) ၉ – အဘယ့်ကြောင့် အချို့မှာ ဥစ္စာမဲ့မဲ့ ဆင်းရဲ၍
၂၇၁
၁ ၀ – အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။...
၉။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည်စွန့်ကြဲ
ပေးကမ်း လှူဒါန်းလေ့မရှိကြ မစ္ဆေရတရား အလွန်အားကြီးကြ၏၊
ထိုလူမျိုးသေလျှင် ငရဲ၌ဖြစ်တတ်၏။ ငရဲမကျဘဲ လူ့ ပြည်သို့ရောက်ရ
လျှင် ဥစ္စာမဲ့မွဲ ဆင်းရဲရလေ၏။
I o
၁၀။ ထိုသို့ မစ္ဆေရ မရှိဘဲ စွန့်ကြဲ ပေးကမ်း လှူဒါန်းလေ့ရှိသူ
သည် စုတေလျှင်
နတ်ပြည်သို့ရောက်ရတတ်၏၊ နတ်ပြည် မရောက်ဘဲ
လူ့ ပြည် ရောက်ပြန်လျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပေသည်။
[ မိမိ၌ရှိသောပစ္စည်း, မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတပါးနှင့်
မဆက်ဆံစေလိုမှု မပေးကမ်း မလှူဒါန်းရက်မှု ကို၎င်း, မိမိ၏
စည်းစိမ်ဂုဏ်သိရ်မျိုးကို သူတပါးရမှာစိုးခြင်းကို၎င်း, “မစ္ဆေရ” ဟု
ခေါ်သည်။]
2
(စ) ၁ ၁ – အဘယ့်ကြောင့် အချို့မှာ အမျိုးယုတ်၍
၁၂ – အချို ့မှာ အမျိုးမြတ်ပါသနည်း။...
၁၁။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည်
အလွန်မာနကြီးကြ၏၊ (သူတပါးကို အထင်သေး၏၊ ကိုယ့်ကိုယ်ကို
အထင်ကြီး၏၊) ရိုသေ လေးစားထိုက်သူကိုမျှ ရိုသေ လေးစားရမှန်း
မသိတတ်၊ ထိုလူမျိုးသေလျှင် ငရဲသို့ ကျရတတ်၏၊ ငရဲ မကျဘဲ လူ့
ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျနောက်ကျနှင့် ယုတ်ညံ့သော
အမျိုး၌ ဖြစ်ရတတ်သည်။
(အဋ္ဌမအကြိမ်)
