## PAGE 146

၂၇၂
ရတနာ့ဂုဏ်ရည်
၁၂။ ထိုသို့ မာန်မာန မကြီးဘဲ ရိုသေ လေးစားထိုက်သူကို
ရိုသေ လေးစားလေ့ရှိသူသည် နတ်ပြည်သို့ ရောက်ရ၏၊ နတ်ပြည်သို့
မရောက်ဘဲ လူ ့ပြည်သို့ ရောက်ရလျှင်လည်း မြင့်မြတ်သော အမျိုး၌
ဖြစ်ရရိုးရှိသည်။
(ဆ) ၁၃-အဘယ့်ကြောင့် အချို့မှာ အသိအလိမ္မာ ဉာဏ်ပညာ
နည်းပါး၍
-
၁၄−အချို့မှာ ဉာဏ်ပညာ ကြီးမားပါသနည်း။
၁၃။ ဤ လောက၌ အချို့သော မိန်းမ ယောက်ျားတို့သည်
ပညာရှိအထံသို့ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကို၎င်း, အပြစ်ရှိ -
မရှိမိမိ မှီဝဲထိုက် – မမှီဝဲထိုက်သော အရာ, နောင် သံသရာဝယ်
ရှည်ကြာလေးမြင့် ဖွင့်ဖွင့်ဖြိုးဖြိုး အကျိုးပေးမည့် တရားအချက်တို့
ခို၎င်း, မေးမြန်းလေ့ မရှိကြ၊ ထိုလူမျိုးသည် ထင်မိထင်ရာ ပြု၍
ဒုစရိုက်များသဖြင့် သေလျှင် ငရဲသို့ သွားရတတ်၏၊ ငရဲသို့ မကျဘဲ
လူ့ပြည်သို့ ရောက်ရလျှင် အသိအလိမ္မာ ဉာဏ်ပညာကင်း လူဖျင်း
လူအ လူမိုက်ဖြစ်ရလေသည်။
၁၄။ ထိုကဲ့သို့သော တရားအချက်ကို နှစ်သက်ကြည်ဖြူ နာယူ
မေးမြန်းလေ့ရှိသူတို့ကား စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်သို့ မရောက်ဘဲ လူ့ ပြည်ရောက်ရလျှင်လည်း အသိအလိမ္မာ
ဉာဏ်ပညာထက်မြက်သူ ဖြစ်ရတတ်ပေသည်။
-
I d
66
လိုရင်းအချုပ်မှာ – “ ဘယ်သူ မပြု မိမိမှု” ဟူသည်နှင့် အညီ
ရှေးက မိမိပြုခဲ့သော ကံအားလျော်စွာ ကောင်းကျိုး = မကောင်း
ကျိုးကို ရကြပေသည်၊ ဤကား အကျဉ်းမျှသာ ဟောအပ်သော
ကံ ကံ၏အကျိုး အဖွင့်
၂ ၇၃
ပါဠိတော်အရတည်း၊ ဤ ပြခဲ့သော အမေး အဖြေများကို စဉ်းစား
ပြီးလျှင် ဆုတောင်းရုံမျှဖြင့် လိုရာအကျိုးကို မရနိုင်သောကြောင့်
ဆုတောင်း အားလျော်စွာ သတိထားလျက် ကြိုးစား၍ ပြင်ဆင်ကြ
ပါကုန်။
နံပါတ်စဉ်အတိုင်း ဆောင်ပုဒ်များ
၁။ သူများအသက်, သတ်သည့်တွက်, အသက် ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား ထိုသူများ ရှည်လျား အသက်ကို။
၃။ နှိပ်စက်ကလူ ညှဉ်းဆဲသူ ပြောသူ ရောဂါဆို။
၄။ သနားစိတ်သွင်း မနှိမ်နင်း, ကင်းရှင်း ရောဂါကို။
၅။ ထန်ပြင်းဒေါသ, ကြီးတတ်က,
အလှ ပျက်မည်ဆို။
၆။ ဒေါသကင်းစင်, မေတ္တာယှဉ် ကြည်လင် လှသကို။
၇။ မနာလိုပြန်, ဣဿာထန်, ခြံရံ ကင်းမည်ဆို။
ဂ။ ဣဿာ မထား ဝမ်းမြောက်ငြား ပေါများ ခြွေရံကို။
၉။ မလှူမဒါန်း မပေးကမ်း ခြောက်ခန်း ဥစ္စာဆို။
၁၀။ စွန့်ကြဲလေ့တုံ ပြုပါကုန် ကုံလုံကြွယ်ဝလို။
၁၁။
မာန်မာနကြွယ်, ထိုသူဝယ်, မျိုးနွယ် ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး, မာန်ကိုချိုး, အမျို းမြတ်သကို။
၁၃။ သိတွယ်ဟူသမျှ မမေးက ဖျင်း အ’ပညာဆို။
၁၄။ ကြားမြင်များအောင်, မေးလေ့ဆောင် ခုနောင် တတ်သိလို။
၂၃ (အဋ္ဌမအကြိမ်)

## PAGE 147

၂၇၄
ရတနာ့ဂုဏ်ရည်
ကံ ဉာဏ် ဝီရိယ အဖွင့်
ကံ- ကံ၏ အကျိုးကို ရေးသားပြီးနောက်, ဉာဏ် ဝီရိယ တို့၏
အကြောင်းကို မရေးသားလျှင် မစုံလင်သေးသောကြောင့် ကံ ဉာဏ်
ဝီရိယ သုံးပါးစုံပေါင်းလျက် အကျဉ်းအမြွက်မျှ ရေးသားဥးအံ့။
ကံအကြောင်း။ ။ ကမ္မ’ဟူသော ပါဠိစကားကို မြန်မာလို
““ကံ”ဟု ခေါ်၏၊ ထို့ကြောင့် ကိုယ်ဖြင့်ပြုလုပ်မှု နှုတ်ဖြင့် ပြောဆိုမှ
စိတ်ဖြင့် ကြံစည်မှုများကို “ကံ” ဟု မှတ်ပါ၊ ထိုကံသည် ရှေးရှေး
ဘဝ၌ ပြုအပ်ခဲ့သောကံ ယခုဘဝမှ ပြုအပ်သောကံဟု နှစ်မျိုးရှိ၏၊
ထိုနှစ်မျိုးတို့တွင် အကျိုးတခုကို ပေးရာ၌ ရှေးရှေးကံသည် လိုရင်း
အကြောင်းတည်း၊ ယခုဘဝကံမှာ ယခုဘဝအတွက် ရှေးကံ အခွင့်
ရအောင်, သို့မဟုတ် အားရှိအောင် ကူညီ ထောက်ပံ့ရုံသာ၊ နောက်
ဘဝများ၌ကား ဆိုင်ရာအကျိုးကို ကိုယ်တိုင်ပေးခွင့် ရှိသည်။
ထို ရှေးကံများသည် အလွန် အားကောင်းသော
ကံ, သာမန်
လောက်သာ အားရှိသောကံဟု နှစ်မျိုးရှိပြန်၏၊ ထိုတွင် ၁-ကံမျိုး၏
အကျိုးပေးပုံသည် အလွန် ထင်ရှား၏။ ဥပမာ – ရှင်ဘုရင် သဌေး
မှူးမတ်စသည်ကို ဖြစ်စေနိုင်၏၊ ဆင်းရဲသားအမျိုး၌ ဖြစ်ရစေကာမူ
တနည်းနည်းဖြင့် ကြွယ်ဝ ချမ်းသာစေနိုင်၏၊ ၂’ကံမျိုး၏ အကျိုး
ပေးပုံမှာ မထင်ရှားလှ၊ သူများနဲတူ အကျိုးမျိုးကိုသာ ရစေနိုင်၏၊
ထိုကံများသည် ဤလူ့ပြည်လောက၌ မိမိတို့ချည်းသက်သက်အကျိုး
ပေးဘို့ ခဲယဉ်းသဖြင့် အကျိုးပေးခွင့်ရအောင် ဉာဏ် ဝီရိယနှင့် သတိ
ဟူသော ပယောဂကို ကူညီပေးရသည်။
(အဋ္ဌမအကြိမ်)
"
ကံ ဉာဏ် ဝီရိယအဖွင့်
၂၇၅
ဉာဏ်အကြောင်း။ ။အဘိဓမ္မာနည်းအရ အကုသိုလ် အပြစ်
မရှိသော တတ်သိ လိမ္မာမှုကိုသာ “ ဉာဏ် ” ဟု ဆိုရသော်လည်း
ကံ အကျိုးပေးခွင့် သာအောင် ကြံဆောင်ရသည့် အရာ၌မူ အပြစ်
ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ တတ်သိမှု, ပါးနပ်မှု, ဖြတ်လတ်
သွက်လက် ချက်ချက်ချာချာနှင့် အရာရာ နှံ့စပ်မှုများကို “ဉာဏ်
ဟုပင် ခေါ်ရပေသည်၊ ထိုဉာဏ်သည် ၁ - မိမိဘာသာ တတ်သိ
လိမ္မာသော “ ဇာတိဉာဏ် ” ၂ – နောက်မှ ဖြစ်ပေါ်လာသော
“ပဝတ္တိဉာဏ်”ဟု နှစ်မျိုးရှိပြန်သည်။
"
-
-
ထိုနှစ်မျိုးတွင် ဇာတိဉာဏ်” ရှိသူမှာ ပြောဘွယ်မလို၊ ဇာတိ
ဉာဏ်ကို အခြေခံ၍ ပဝတ္တိဉာဏ်လည်း တိုးပွားအောင် ကြိုးစား
ပါလျှင် လူတွင်တယောက်ဆိုရလောက်အောင် ထွန်းတောက်လတံ့၊
ဇာတိဉာဏ် မရှိသူတို့ အတွက်မှာမူ ကျမ်းစာ အမျိုးမျိုးကို ကြည့်ရှု
သင်ယူခြင်း, မိမိထက် တတ်သိနားလည်သော
ပညာရှိထံ ဆည်းကပ်
ခြင်းတို့ဖြင့် ပဝတ္တိဉာဏ်ဖြစ်ပေါ်လာအောင် ကြံဆောင် အားထုတ်
ရာ၌ ယခုအခါ စာသင်ခြင်း, ဒေသန္တရ ဗဟုသုတ ရှိခြင်းတို့ကြောင့်
ပဝတ္တိဉာဏ် တိုးပွားလျက် လောကီ ကြီးပွားရေး သံသရာ ကြီးပွား
ရေး၌ ထိပ်တန်းရောက်နေသူများကို ကြည့်ပါ။
[နီတိပျို့ ] ကောင်းစွာမရှောင်, နားထောင်သူကား, အကြားအမြင်,
မြားမြောက်စင်၏၊ ဂုဏ်အင်ပွား၍, ပညာလေ မူ အောက်မေ့
ဉာဏ်ဖြင့်, ဆင့်ဆင့် မနား, ကျိုးစီးပွားကို ထောက်ထား
စာနာ, သိလိမ္မာ၏၊ သိပါသူသည် အရှည်ချမ်းသာ, မင်္ဂလာ
ကို အခါလေးမြင့် ဆောင်နိုင်သင့်။
(အဋ္ဌမအကြိမ်)

## PAGE 148

၂၇၆
ရတနာ့ဂုဏ်ရည်
အသိ အလိမ္မာ ဉာဏ်ပညာနှင့် ကံရှိပါသော်လည်း လုံ ့လ မရှိ
လျှင် မည်သည့်အကျိုးကိုမျှ မပြီးစေနိုင်၊ ဟိ-ထိုစကား မှန်ကြောင်း
ကား၊ သုတ္တဿ– အပျင်း အားကြီး၍ တအိပ်ထည်း အိပ်နေသော၊
သိဟဿ— ခြင်္သေ့၏၊ မုခေ– ပါးစပ်ထဲသို့၊ မိဂါ– သမင်တို့သည်၊
န ပဝိသန္တိ – အလို အလျောက် မရောက်လာကုန်၊ “ထ၍ ဖမ်းမှု
လုံ့လပြုရဥုးမည်”ဟူလို။... [ဟိတောပဒေသ။]
"
-
ဝီရိယအကြောင်း။ ။ကိစ္စတခု ပေါ်ပေါက်လျှင် မကြောက်
မရွံ့ စွန့်စွန့်စားစားအားထုတ်မှုကို “ဝီရိယ-လုံ့ လ”ဟု ခေါ်၏၊ ဤ
ဝီရိယသည် ၁-ပင်ကိုယ် “ဇာတိဝီရိယ” ၂- နောက်မှ ဖြစ်ပေါ်လာ
သော “ပဝတ္တိဝီရိယ”ဟု နှစ်မျိုးရှိ၏၊ ရှေးရှေးဘဝက ဝီရိယအထုံ
ပါခဲ့သဖြင့် ဇာတိဝီရိယရှိသူမှာ ဉာဏ်ရှိပါလျှင် သူတကာနှင့်` မယှဉ်
သာအောင် အကျိုးခံစားရမည်၊ ဇာတိဝီရိယ မရှိသူကား ပတ္တိ
ဝီရိယရှိအောင် ပြုပြင်ရပေလိမ့်မည်။
[ဆောင်] အကျိုးအပြစ်, အမျိုး စစ်လျက်, ဆိုးညစ် ရိပျင်း- သူကို
ကွင်း၍, ထန်ပြင်း လုံ ့လ, ရှိသူခမ္မ… ဝီရိယ ဧကန် တိုး
မည်တည်း။
၁။ လုံ ့လဝီရိယရှိလျှင် ရနိုင်မည့်အကျိုး။
၂။ လုံ့လ ဝီရိယမရှိလျှင် ဤဘဝ နောက်ဘဝ၌ အောက်ကျ
နောက်ကျ ဖြစ်ရမည့်အပြစ်။
၃။ ငါတို့ အမျိုးသည် အထက်တန်း ကျ၍ ထက်မြက်သော
အမျိုး ဖြစ်ခဲ့၏၊ ငါတို့လက်ထက်ကျမှ အောက်မကျထိုက်
ဟု အမျိုးအရိုးကို စိစစ် ဆင်ခြင်ရသည်။
ကံ ဉာဏ် ဝီရိယ အဖွင့်
.
၂၇၇
၄။ ပျင်းရိသူများကို မပေါင်းဘဲ ရှောင်ရမည်၊ ထိုသူများနှင့်
အပေါင်းများလျှင် – တံငါနားနီး တံငါ ” ဟူသကဲ့သို့
အပျင်းဓာတ် ကူးစက်၍ အပျင်းဘက်၌ ပါနေတတ်သည်။
၅။ လုံ ့လပြင်းထန်သူကို ဆည်းကပ် ခ-ယခြင်းပြုလျှင် “ဘုရား
ဒကာနားနီး ဘုရားဒံကာ” ဟူသကဲ့သို့ ဝီရိယဓာတ် ကူး၍
အထူး အားတက်တတ်သည်။
ငါးသုံးကောင်ဝတ္ထု
"
မြစ်တစင်း၌ ကံယုံ ဉာဏ်ယံ, ဝီရိယယံ, ငါးသုံးကောင် ရှိရာ
အခါတပါး၌ တံငါသည်များ ရောက်လာလျှင် ဝီရိယယုံငါးသည်
စောစောက တင်ကြို၍ အဝေးသို့ ပြေးလေ၏၊ ဉာဏ်ယုံ ငါးသည်
စောစောကမပြေးဘဲတံငါသည်များအမိတွင် သေချင်ဟန်ဆောင်၍
နေပြီးလျှင် ““သေပြီ”ဟူသော အမှတ်ဖြင့် ကုန်းပေါ် ရေစ၌ တံငါ
သည်တို့ ချထားသောအခါ ရေနက်ရာသို့ အမြန် ဆင်းပြေးလေ၏၊
“ကံရှိသလို ဖြစ်လိမ့်မည်” ဟု ကံတခုကိုသာယုံသော ကံယုံငါးကား
တံငါသည်များ၏ ပြုသမျှကိုခံကာ အသက် ဆုံးရှာလေသည်။
..
ဤ ငါးသုံးကောင်တို့တွင် ဝီရီယယုံငါး၌ လွှတ်လောက်သော
ကံလည်း ရှိ၏၊ ပြေးလျှင် လွှတ်မည်ဟု ဉာဏ်လည်းရှိ၏၊ ထို့ကြောင့်
ဝီရိယ ထုတ်၍ ပြေးသည့်အတွက် လွတ်၏၊ ဉာဏ်ယုံ ငါးမှာလည်း
လွတ်လောက်သော ကံနှင့် ဉာဏ်သာ မက ု ရေထဲသို့ ဆင်းပြေးမှု
လုံ့လကိုလည်း ပြု၏၊ ထို ့ကြောင့် လွှတ်၏၊ ကံယုံငါးမှာ ( ကံရှိစေ
ကာမူ) ဉာဏ်နှင့် လုံ ့လကို အသုံးမချသောကြောင့် အသက်ဆုံးရ
လေသည်။

## PAGE 149

၂၇၀
ရတနာ့ဂုဏ်ရည်
ထို ့ကြောင့် ကံပေးသမျှ ပဋိသန္ဓေ နေခဲ့ရပြီးနောက် တစုံတခု
ကောင်းကျိုးပေးရာ၌ ကံသည် ဝေးသောအကြောင်း, ဉာဏ်သည်
အလယ် အကြောင်း, ဝီရိယသည် အနီးဆုံးသော အကြောင်း ဟု
သဘောကျပြီးလျှင် ရှေးကံ၏ အကျိုးပေးမှုကို အလေးဂရု မမြှော်
လင့်ဘဲ လောကီ လောကုတ္တရာ ဆိုင်ရာ၌ အသိအလိမ္မာ ဉာဏ်ပညာ
တိုးပွားအောင် ကြိုးစား၍ ကိုယ်နှင့်တန်သော
လုံ့လကို အသုံးချ
ပါမူ ကြက်သရေမင်္ဂလာ အလိုအလျောက် ပေါ်ပေါက်လာပါလိမ့်
မည်။ ဥယျောဂိနံ’ကြိုးစား အားထုတ်လေ့ရှိသော၊ ပုရိသသိ"ဟံ-
ယောက်ျားမြတ်သို့၊ လက္ခံ – ကြက်သရေမင်္ဂလာသည်၊ ဥပေတိ –
ကပ်ရောက်လာ၏။’ ဟိတောပဒေသ။]
သတိအကြောင်း။ ။ကံ အကျိုးပေးခွင့်ရအောင် ဉာဏ် ဝီရိယ
သာမက, ထိုထိုကိစ္စ၌ အမြဲအမှတ်ရသော သတိလည်း အရေးကြီး
၏၊ ပြုဘွယ်ကိစ္စကို အမှတ်မရဘဲ မေ့နေလျှင် ဉာဏ်နှင့် ဝီရိယကို
အသုံးမပြုနိုင်တော့၊ ထို ့ကြောင့် ပယောဂသမ္ပတ္တိကို ပြရာ၌ ဉာဏ်
ဝီရိယ သတိ ၃ မျိုးလုံးကို ပြသင့်ပါသည်။ [ ပယောဂ = ကိုယ်မှု
နှုတ်မှု စိတ်မှု၏+ သမ္ပတ္တိ– ပြည့်စုံခြင်း။]
မဃဒေဝလင်္ကာမှ ထုတ်နှုတ်ချက်
-
၁။ ကံဟုမူလ, သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ, အရှင်းသာရှင့်။
၂။ ဥစ္စာဘောဂ, ဇီဝိတနှင့်, သုခပွားရန်, ဤလူ့ထံ၌, ဉာဏ်
ဝီရိယ, ပယောဂတည်း။
ကံ ဉာဏ် ဝီရိယ အဖွင့်
၂၇၉
၃။ ကာလ ဒေသ, ပုဂ္ဂလကို, နှိုင်းဆ အပ်တုံ,ကံကို ယုံ၍
မီးပုံအတွင်း, မဆင်းထိုက်စွာ၊ ကျားရဲရာလည်း, ကြမာ
အကြောင်း, မရိုးကောင်းဟု သူဟောင်း ရှေးက ဆိုကုန်
ကြ၏။
၄။ လုံ့လမထူဉာဏ်မကူဘဲ, အယူ တစောင်း, ကံတကြောင်း
မျှ မကောင်းလည်း ကံ ကောင်းလည်းကံဟု ကံကိုချည်း
သာ မကိုးရာဘူး။
၅။ ပညာဉာဏ်ဖြင့်, သင့်-မသင့်ကို အခွင့်ရှု၍ အပြု လုံ့လ
ရှိအပ်စွတည့်၊ တံငါ့လက်တွင်း, ရောက်လျင်း တုံငြား
သုံးကောင် ငါးကို မှတ်သား ဝမ်းထဲ နည်းယူစွဲလော။
၆။ ကံမဲ့ဉာဏ်နုံ့မလုံမလ, နတ် မ-မဘူး အလသမျိုးအကျိုး
ယွင်းယို အလို ရော့ရည်း, မကျော့ကျည်းနှင့်၊ ကိုယ်လည်း
လုံ့လ နတ်လည်း မ၍ တောင့်တကြံရာ၊ မြန်မကြာလျှင်
လွယ်ကာ ကိစ္စ ပြီးနိုင်ကြ၏။
IL
၇။ အန္ဓ ဗာလ,လူထိုမျှတို့, ကမ္မ ဝီရိယ, မယုံကြဘူး၊ သိဝ
မ, ပရမေသွာ, ဗြဟ္မာဗိဿဏိုး, ကမ္ဘာစိုးနှင့် တန်ခိုး
ကြီးမား, နတ်ဘုရားတို့ ပေးစား ဖန်ဆင်း, ဖြစ်တုံလျှင်း
ဟု ချွတ်ယွင်းသမျှ အမှားရှုသည်… တောင်သူ ့ ယူလေ့
ယူလာတည်း။
2
o
ဤ ခန္ဓာကိုယ်ကြီး၏ အတွင်း၌ ကောင်းမြတ်သောအရာ မြဲခိုင်
သောအရာဟူ၍ ဘာတခုမျှ မရှိပါ၊ အလိမ္မာစသော ဂုဏ်များကား
အလွန် စင်ကြယ်၏၊ မစင်ကြယ်သော ခန္ဓာကိုယ်ကြီးဖြင့် စင်ကြယ်
သော ဂုဏ်သတင်းများကိုရအောင် အားထုတ်လိုက်ကြလေ၁။

## PAGE 150

၂၈၀
ရတနာ့ဂုဏ်ရည်
ငါတို့ ဗုဒ္ဓဘာသာဝင်များသည် မအို မသေ အမြဲနေရာ နိဗ္ဗာန်
ကိုပင် မြှော်မြင်မှန်းဆ၍ မရ-ရအောင် အားထုတ်ကြကုန် သေး၏၊
ယခုဘဝ ကြီးပွားရေး စီးပွားရေး ပညာရေးလောက်ကို ပဇာမူ၍
ကြေက်ရမည်နည်း၊ လုံ ့လ ဝီရိယကင်း၍ အဖျင်းစား အပေါစား
လုပ်နေသော်လည်း ဤခန္ဓာကိုယ်ကြီး ပို၍ မကျန်းမာ, ပို၍ အသက်
မရှည်တော့ပြီ။
o
စင်စစ်သော်ကား ပျင်းနေသည့် အတွက် ခန္ဓာကိုယ်မှ အခိုး
အငွေ့တွေ အပြင်သို့ မထွက်ရသောကြောင့် အေးစက်စက် ဖြစ်ကာ
ပို၍ မကျန်းမမာ ဖြစ်သေး၏၊ ထို မကျန်းမာမှုကြောင့် အပျင်းထူ
သူမှာ အသက်တိုဘွယ်သာ များ၏၊' ပျင်း၍ အလုပ်-မလုပ်သူသည်
သာ၍ ပျင်းစရာဖြစ်နေပါလိမ့်မည်၊ လုံ့ လ ဝီရိယ မှန်မှန်ဖြင့် အလုပ်
လုပ်နေသူကို လူတွေကလည်း ကြည်ညို, နတ်တွေကလည်း စောင့်
ရှောက်လို၏၊ ရှေးကံတွေကလည်း အကျိုးပေးခွင့် သာ၍ လှလှပပ
အကျိုးပေးကြသည်၊ ထို့ကြောင့် လုံ့လရှိသူတို့ အဖို့မှာ လောက
ကြီး၌ ပျော်စရာကိုသာ တွေ့ရပါလိမ့်မည်။
,
တနေ့အဘို့၌ ၁– ကုသိုလ် ၂- ဥစ္စာ, ၃ – ကျန်းမာရေး, ၄-
အတတ်ပညာ, ၅− တန်ခိုး ဂုဏ်သိရ် ဤ ၅ မျိုးတွင် တမျိုးမျိုးမှ
အကျိုးမရဘဲ ကုန်သွားသောနေ့သည် ဝမ်းနည်းစရာ လွန်စွာ အသုံး
မကျ မသေခင်က အသေဖြစ်ရသော နေ့ပင်တည်း။
[ဆောင်] ကုသိုလ်ဥစ္စာ, ကျန်းခံ့သာ၍, ပညာတန်ခိုး, တမျိုးမျိုးမှ
အကျိုး မထွက်, ထိုနေ့တွက် သက်သက် ဝမ်းနည်းဘွယ်။
ဆုတောင်းခဏ်း အဖွင့်
၂၀၁
ယခုကာလ အမြီးအမောက် ရှေ့ နောက် မတည့်ဘဲ ရောက်မိ
ရောက်ရာ ဆုတောင်း ရှာကြပုံတို့ကို ကြားသိရသဖြင့် အများနှင့်
သင့်လျော်စွာ သံသရာစခန်းဝယ် နိဗ္ဗာန်နှင့် ဖြောင့်တန်းအောင်
ဆုတောင်းခဏ်း ထည့်သွင်း၍ အကျဉ်းမျှ ပြပေအံ့။
[ဆောင်] ဓာတ်မရိုက်ခင်, ကောင်းစွာပြင်မှ ပုံတွင်ကျန, ရုပ်သွင်
လှသို့ မုချမှန်စွာ, သံသရာဟု, ကမ္ဘာရပ်ခွင် ဓာတ်
အပြင်၌ စိတ်စဉ်ကျန, ရုပ်သွင် လှ၍, ခေမ မြို့နန်း
အရောက်မြန်းဘို့ ပြင်စမ်းစေချင် ဆုပန်းစင်ကို ပန်ဆင်
လေကွဲ ’နေ့စဉ်တဲ့။
,
၁။ ပုညေနာ နေန စ, သိဝ
ပတ္ထ တဒန္တရေ၊
ဓီရံ ပ သုဏေ မီရဲ့ မီရေန သဟ သံဝသေ။
အနေန ပုညေန’ယခုခဏ, ပြုစုရသည့်, သုခအကျိုး ကောင်းမှု
မျိုးကြောင့်၎င်း၊ အညေနစ-ရှေးရှေးကပြု, ကောင်းမှုထိုထို ကုသိုလ်
မူလ ဟူသမျှကြောင့်၎င်း၊ သိဝံ-အရိယာအပေါင်း သူတော်ကောင်း
တို့ ပျော်အောင်းရာမှန်, အေး နိဗ္ဗာန်ကို၊ ပစ္စေ ပဇ္ဇေယျာမိ-
ရည်ရွယ်လိုအင်, ဆုထူးဆင်လျက်, ဆောလျင် မြန်စွာ, ပန်ထွ
ဆုတောင်းပါ၏ တဒန္တရေ – ဆုထူး ဂုဏ်အင်, မစုံလင်၍ ကြုံတင်
ပြန် ဘဝဖန်ခါ သံသရာ၌၊ မီရံ- ရိုးသားထက်မြက် အချက်ချက်
၌ သွက်လက် ပေတောင်း, ပညာရှိ သူတော်ကောင်းကို၊
ပယျာမိ … ထို ဤ ဘုံဓလေ့ ကြုံသရွေ့ ပင်, တွေ့မြင်ရပါလို၏၊
ပ
