## PAGE 151

၂၈၂
ရတနာ့ဂုဏ်ရည်
မီရံ– ပညာရှိများ ဆိုစကားကို၊ သုဏေ, သုဏေယျာမိ - နှစ်သက်
ကြည်ညို နာယူရပါလို၏၊ မီရေနံ-ရိုးသားထက်မြက် အချက်ချက်၌
သွက်လက်ပေတောင်း,ပညာရှိသူတော်ကောင်းနှင့်၊ သဟသံဝသေ-
ရေစက်ဟောင်းချင်း, အကြောင်းရှင်းကြောင့် ပေါင်းသင်း နေထိုင်
ရပါလို၏။
[ ပညာရှိ သူတော်ကောင်း ပညာရှိ သူယုတ်မာဟု နှစ်မျိုးရှိရာ ဤဂါထာ
ဖြင့် (၁) နိဗ္ဗာန်ကို လိုအပ်သောဆုဖြင့် ရဘို့ရန် (၂) ပညာရှိ သူတော်
ကောင်းကို တွေ့မြင်ဘို့ရန်, ( ၃ ) ထိုသူ၏ စကားကို နာယူဘို့ရန်,
( ၄ ) ထို ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်း ဆက်ဆံမိဘို့ရန်
ဆုတောင်းသည်၊ မရိုးမသား ဆိုးဝါးသော ပညာရှိသူ များကား
သူယုတ်မာထက်ပင် ကြောက်စရာကောင်း၏။ ]
-
၂။ ဓီရော အသံ သယံစာပို့, ဝီရော ကုသလ ကရဏေ၊
ဥစ္စေ အစ အခဏ္ဍ’ပဉ္စသီလောဝံ ဇာတိယာ။
သယံစာပိ – မိမိကိုယ်တိုင်ကလည်း၊ မီရော-ရိုးသာထက်မြက်
အချက်ချက်၌ သွက်လက် ပေတောင်း, ပညာရှိ သူတော်ကောင်း
သည်၊ အဿံ – စင်စစ်မက္ခာ, ဖြစ်ရပါလို၏၊ ကုသလ ကရုဏေ =
ကုသိုလ်ပြုရန် ပေါ်ပေါက်ပြန်သည်ရှိသော်၊ ဝီရော- မကြောက်မရွံ့
နောက်မတွန့်ဘဲ, သက်စွန့် ကြိုးပန်း, ရဲစွမ်း သတ္တိ,လုံ ့လရှိသည်
ဖြစ်၍၊ ဇာတိယာ – မီးရှူးသန့်စင်, ဖွားမြင်သည်မှစ၍၊ အခဏ္ဍ ပဉ္စ
သီလေ၁ဝ – ကိုယ်ဝတ်သဘွယ်, မကွယ် မပ, ငါးဝ ပဉ္စသီ, အစဉ်
တည်လျက်သာလျှင်၊ ဥစ္စစ’ ဂုဏ်သိရ် မောက်မိုး, မြင့်မြတ်သော
ဆုတောင်းခဏ်း အဖွင့်
၂၈၃
အမျိုး၌၎င်း၊ အဓေစ - ဥစ္စာ ပြည့်ဖြိုး ကြွယ်ဝသော အမျိုး၌၎င်း၊
အသံ - တမြင့်ထဲမြင့်, ဆင့်ကဲတင့်၍ အသင့်မက္ခာ, ဖြစ်ရပါလို၏။
[ ဤဂါထာဖြင့် ( ၁ ) မိမိကိုယ်တိုင်လည်း ပညာရှိသူတော်ကောင်းဖြစ်ဘို့
ရှန် (၂) ကုသိုလ်ကောင်းမှုပြုစုရေး၌ ရဲရင့်ဘို့ရန် (၃) မြင့်မြတ်သော
အမျိုး ( ၄ ) ကြွယ်ဝသော အမျိုး၌ ဖြစ်ဘို့ရန်, ( ၅ ) ဝတ်ဆင်
ထားအပ်သော အဝတ်ကဲ့သို့ ငယ်စဉ်က စ၍ ငါးပါးသီလ မြဲဘို့ရန်
ဆုတောင်းသည်၊ ( အမျိုးမသန့်လျှင် စိတ်ဓာတ်လည်း ညံ့တတ်၏။ )]
၃။ ဒဒတော မေ န ခီယေထ, ဒတွာ နာနု တပေယျ ဟံ၊
ဒဒုံ စိတ္တံ ပသာဒေယျုံ, အဒိန္နံ န ဗလံ ဟရေ။
မေ-တပည့်တော်၏၊ ဓနံ-စည်းစိမ်ဥစ္စာ ရတနာသည်၊
စွန့်ကြဲပေးကမ်း, လှူဒါန်းပါသော်လည်း၊ န ခီယေထ- မကုန်ခန်းနိုင်
ပါစေသတည်း၊ တူ-စွန့်ကြဲပေးကမ်း လှူဒါန်းပြီး၍လည်း၊ နာနု
တပေယျံ- နောင်တ တဖန် မပူပန်ရပါလို၊ အဟံ- တပည့်တော်သည်၊
ဒဒံ-စွန့်ကြဲ ပေးကမ်း လှူဒါန်းဆဲအခိုက်မှာလည်း၊ စိတ္တံ- မိမိစိတ်ကို၊
ပသာဒေယျ - ကြည်လင် ရွှင်လန်းဝမ်းမြောက်စေနိုင်ရ ပါလို၏။
အဒိန္န-ကိုယ်ထိ လက်ရောက်, မျက်မှောက်ကြည်ဖြူ မလှူ မပေးအပ်
သည်ရှိသော်၊ န ဗလံ ဟရေ - အနိုင်အထက်, နှိပ်စက်ကလူ,
မဖျက်, မခိုးဝှက်နိုင်ပါစေသတည်း။
န
,
ဒဒတော-
မယ
[ ဤဂါထာဖြင့် ( ၁ ) စွန့်ကြဲ လှူဒါန်း၍ မကုန်ခန်းနိုင်ဘို့ရန် ( ၂ )
ပေးကမ်း လှူဒါန်းပြီးနောက် “လှူဒါန်း ပေးကမ်းမိတာ မှားလေခြင်း”ဟု
နောင်တ တဖန် မပူပန်ဘို့ရန် ( ၃ ) လှူဒါန်းပေးကမ်းဆဲ အခိုက်မှာလည်း
ဝမ်းမြောက်ဝမ်းသာ ရှိဘို့ရန် ( ၄ ) ကြည်ကြည်ဖြူဖြူ မပေးဘဲ ရန်သူများ
မဖျက်ဆီးနိုင်ဘို့ရန် ဆုတောင်းသည်။
IL

## PAGE 152

၂၈၄
-
ရတနာ့ဂုဏ်ရည်
၄။ ဖုသိတေ လောကဓမ္မေဟိ
ယထာကမ္မံ ဘဝါ ဘဝေ၊
ယေန စိတ္တေန ကမ္မုန္တိ
တံ စိတ္တံ န မယီ ဝသေ။
ဘဝါဘဝေ … ဘဝကြီးငယ်, အသွယ်သွယ်၌၊ ယထာကမ္မံ-
ရှေးရှေးက ဖန်, အကြောင်းကံအား လျော်စွာ၊ လောကဓမ္မေဟိ-
ဖြစ်က ပျက်တုံ့ တွေ့ကြုံရရိုး, လောကဓမ် တရားမျိုးတို့သည်၊ ဖုံသိ
တေ – တနေ့မထိ, တနေ့ထိဖြင့် တွေ့ထိ နှိပ်စက်အပ်သည်ရှိသော်၊
ယေန စိတ္တေန – မတည်တံ့နိုင်, မခံ့ခိုင်လတ်, အကြင်သို့သော စိတ်
ဓာတ်ကြောင့်၊ ကမ္ပန္တိ-တရားမမြင်, နားမဝင်ဘဲ အားအင် ရှိနွမ်း
ပင်ပန်း တုန်လှုပ်ကြရလေကုန်၏၊ တံ စိတ္တံ - ထိုကဲ့သို့သော စိတ်မျိုး
သည်၊ မယိ-တပည့်တော်၏သန္တာန်၌၊ န ဝသေ – တရံတဆစ်မျှ
မဖြစ်ရပါစေသသည်း။
-
-
[ဤဂါထာဖြင့် ဆွေမျိုးဉာတိ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း ဟူသော
လောကဓမ်နှင့် တွေ့ကြုံလျှင် မတုန်လှုပ်ဘို့ ဆုတောင်းသည်။ ]
၅။ အဘိဇ္ဈာဣဿာ မစ္ဆေရ-
မိစ္ဆာဒိဋ္ဌိဘိ ပါပတော၊
မာနကောဓာ ကာမလောလာ
ယာပျရောဂါ ဂတော သဒါ။
ပါပတော - အပါယ်လေးတန်, ရောက်ရန်ညစ်ကျ မကောင်းမှု
ဖြစ်သော၊ အဘိဇ္ဈာစ-သူများစည်းစိမ်ကို မတရား လိုချင်တတ်သော
လောဘမှ၎င်း၊ ဣဿာစ - သူများဂုဏ်သိရ်, သူ့စည်းစိမ်ကို မမြိန်
ဆုတောင်းခဏ်း အဖွင့်
၂၈၅
နိုင်တောင်း, စောင်းမြောင်း ငြူစူတတ်သော ဣဿာမှ၎င်း၊ မစ္ဆေရ
မိစ္ဆာဒိဋ္ဌိဘိစ - ကိုယ့်စည်းစိမ်ကို ဝန်တိုတတ်ခြင်း, မှားယွင်းသော
အယူတို့မှ၎င်း၊ မာနကောဓာ – မောက်မာတက်ကြွ မာန်မာနနှင့်
ဒေါသထန်ပြင်း, ကြမ်းတန်းခြင်းမှ၎င်း၊ ကာမလောလာ-ကာမဂုဏ်
ပွက်, အာရုံတွက်ကြောင့် ရောက်ရက်ခတ်ပျော် လျှပ်ပေါ် လော်လီ
ခြင်းမှ၎င်း၊ ယာပျရောဂါ-ကုစားပေးမ, မအေးရအောင် ဘေးဘယ
ရေမတင်သို့ ကင်းစင် လွင့်ပျောက်, မကပ်ရောက်ပါစေသတည်း။
[ဤဂါထာဖြင့် အဘိဇ္ဈာ ဣဿာ မစ္ဆရိယ မိစ္ဆာဒိဋ္ဌိ မာန ဒေါသတို့နှင့်
ကာမဂုဏ်အတွက် လျှပ်ပေါ် လော်လီခြင်း အနာရောဂါ များခြင်းမှ
ကင်းဘို့ရန် ဆုတောင်းသည်။]
ရာလာ လာ ရောက်မှ၎င်း၊ သဒါဂတော-ပိန်းကြာဖက်ပြင်,
၆။ ပါယေန ပေါရာဏာ သန္တာ,
0
နေက္ခမ္မာဘိရတာ သဒါ၊
တသ္မာ နေက္ခမ္မ နိန္နောမှိ
သုဒိဋ္ဌာဒီနဝေါဃရေ။
-
ပေါရာဏာ - ရှေးအထက်က, ဖြစ်ပေါ်ကြကုန်သော၊ သန္တာ
–
ပါရမီနှင့်,ညာညီတင့်၍, အရင့်အမာ, လောင်းလျာ ဂိုဏ်းဝင်,
သူတော်စင်တို့သည်၊ ပါယေန - တွေ့ကြ ဆုံကြ ဘုံဘဝဝယ် ကြုံရ
လေငြား များသောအားဖြင့်၊ သဒါ-ဖြစ်ရဖန်ခါ သံသရာဟု, ခန္ဓာ
ဖြင့် ပိုင်း, ဘဝတိုင်း၌၊ နေက္ခမ္မာ ဘိရတာ- ရွက်ဟောင်း ကျကြွေ
ရွက်သစ်ဝေသည့်, အောင်မြေရှဂုံရိပ်မြုံ ခင်တန်း ကျောင်းသင်္ခမ်း၌
ရွှင်လမ်းမွေ့ လျော် စံပျော်တော်မူကြလေကုန်ပြီ၊ တသ္မာ-ရှေးသော

## PAGE 153

၂၀ ၆
ရတနာ့ဂုဏ်ရည်
ခါတွင်, သူတော်စင်တို့, တောဝင် အောင်းခို, ဗြဟ္မစိုရ်ဖြင့်, အလို
ပြည့်ဝ, ဖြည့်တော်မူကြလေ သောကြောင့်၊ သရေ – စားသောက်
နေရေး ဖွေရှာရေးနှင့်, မင်းဘေးစိုးတာ, လွန်စွာမြားမြောင်,လူတို့
ဘောင်၌၊ သုဒိဋ္ဌာဒီနဝေါ-ပစ္စည်းဥစ္စာ, အရာရာဝယ် မရှာမကောင်း
ရှာမကောင်းနှင့်, မစုဆောင်းခက် စုဆောင်းခက်သည့် သက်သက်
ဖြစ်ခြေ အပြစ်တွေကို စစ်လေ ရိပ်မိ, တွေးတိုင်းသိသည် ဖြစ်၍၊
နေက္ခမ္မ နိန္နော - အခွင့် အခါ, မသင့်ပါလည်း ချင့်စားရော်ယမ်း
တောကိုမှန်းသည်၊ အမှိ-စင်စစ်မက္ခာ, ဖြစ်ရပါလို၏။
[သူတော်ကောင်းတို့သည် လူ့ဘောင်၌ နေရသော်လည်း မပျော်မွေ့ ကြ၊
ထို ့ကြောင့် ဤဂါထာဖြင့် တောထွက်ခွင့် မရှိစေကာမူ ဘဝတိုင်း
တောထွက်လိုသောစိတ် ဖြစ်ဘို့ရန် ဆုတောင်းသည်။ ]
·
၇။ သံသာရမှာ သာမညေန,
န မုစ္ဆေယျ တဟိ" တဟိ
ဂတိ• ဂတိ" ဘဉ္ဇနတ္ထာပိ,
သဉ္စယဿာမိ ပါရမိ။
၊
--
တဟိံ တဟိ— တွေ့ကြ ဆုံကြ ဘုံဘဝဝယ်, ကြုံရလေတောင်း,
သောင်းပြောင်း အာရုံ အဖုံဖုံ၌၊ သာမညေန – သူများ နည်းတူ
သူ့ မူ မပျက်, သူ့ ထက်မသာ, လိမ္မာဟန်ပြ စံမပြလောက်သေးပါ
မူကား၊ သံဃာရမှာ - မဟာဗြဟ္မီ လျှာ ကုဋေဖြင့်, ရှာဖွေ မှန်းဆ
ဂဏန်း ပြဘို့, နှမ်းမျှ မလွယ်, တကယ် မှန်စွာ, မကြံသာသည့်
သံသရာခရီး ကန္တာကြီးမှ၊
န မုစ္စေယျ-ဘုန်းစ ကံချွန်, သမ္ဘာမှုန်၍
(အဋ္ဌမုအကြိမ်)
ဆုတောင်းခဏ်း အဖွင့်
၂၈၇
တံခွန်ဆောက်ကိုင်, မလွန် မြောက်နိုင်သေးရာ၊ အမုတ္တတ္တာ- လွတ်ဘို့
ဝေးရဲ့ မတွေးနဲ ့တော့, ဘေး တကဲ့စုံ အဖုံဖုံ ဇာတ်ပြား၍ ထပ်
မနား အပါယ်ခရီး၌ တလယ်တည်း လယ်နေရမည့်အရေးကြောင့်၊
ဂတိဂတိ - ဒေဝ
မနုဿ, နိရယနှင့် ပေတ တိရစ္ဆာန်လားရန်
အရှိ ငါးတန် ဂတိကို၊ ဘဉ္စနတ္ထာပိ – ကောင်းရာ မြန်းလင့်, စခန်း
တင့်လည်း ငြမ်းဖြင့် တက်ပြီး ငြမ်းဖျက်နည်းသို့ ဖျက်ဆီးလွန်
မြောက်, နိဗ္ဗာန်ရောက်ဘို့ အကျိုးငှါ၊ ပါရမိ -နိဗ္ဗာန်နန်းခွင်, စခန်း
ဝင်တို့ လမ်းစဉ်အကျ, ဒါန စသည် ပါရမီ အကျိုး ကောင်းမှုမျိုး
ကို၊ သဉ္စယိဿာမိ – တမြင့်ထဲမြင့်, ဆင့်ကဲ တင့်တို့ အသင့် မက္ခာ,
ချင့်စာတိုးပွား, တမျိုးအားဖြင့်, ကြိုးစား ဖြည့်ကျင့်ပါတော့မည်
ဘုရား။
[ဤဂါထာ၌ သာမည အနေမျိုးဖြင့် သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်
မရောက်နိုင်သောကြောင့် ငြမ်းဖြင့် အထက်ရောက်အောင် တက်ပြီးလျှင်
အထက်သို့ ရောက်က ငြမ်းကို ဖျက်ချလိုက် သကဲ့သို့ အထက်တန်း
ဂတိကောင်း ဂတိမြတ်၌ဖြစ်လျက် ပါရမီကို ဖြည့်ပြီးလျှင် ပါရမီပြည့်က
ဂတိကောင်းတွေကိုပင် ဖျက်ဆီးကာ နိဗ္ဗာန် ရောက်ဘို့ရန် အရာရာ
သတိထားလျက် အများထက် သာအောင် ပါရှမီ ဖြည့်ပါမည် – ဟု
ဝန်ခံသည်။ ]
ဤကား ဖြည်းဖြည်းသက်သာ ဆုတောင်းဘို့ရာ အများနှင့်
ဆက်ဆံသော ဆုတောင်းတည်း၊ ထိုထို ကောင်းမှုကို ပြုတုန်းအခါ
ကြည်ညိုလျက် ပရိသတ်အလယ်မှာ ဖြစ်လျှင်, တိုးတိုးရွတ်ဆို၍ ဆု
တောင်းရန် အကျဉ်းချုပ်ကား….
(အဋ္ဌမအကြိမ်)

## PAGE 154

၂၀၀
ရတနာ့ဂုဏ်ရည်
ဆွမ်းလှူသောအခါ ဆုတောင်း
ရသာ မွှေးကြူ ဆွမ်းဖွေးဖြူကို ပေးလှူပါရ ုဤပုညကြောင့်
ဘဝတိုင်းဝယ်, ပညာကြွယ်လျက်, မြနှယ်ရွှေနှင့် အနေတင့်,
ဆင့်ဆင့် မြင့်ရလို။
ပန်းလှူသောအခါ ဆုတောင်း
အနံ့လည်းသင်း, အဆင်းလည်း လှ ပန်းလှူရ၍ ဘဝတိုင်းဝယ်
ပညာ ကြွယ်လျက်, သွယ်သွယ် ဂုဏ်နှင့်, အစုံတင့်, ထုံသင့်
ကြိုင်ရလို။
ရေချမ်းလှူသောအခါ ဆုတောင်း
ကြည်လင်အေးမြ ရေလှူရ၍, ဘဝတိုင်းဝယ်, ပညာကြွယ်လျက်
ကိုယ်ဝယ် တွင်းပြင်, ညစ်ကြေးစင်, ကြည်လင် အေးမြလို။
[ကိလေသာကို “ အတွင်း အညစ်အကြေး”ဟု ဆိုသည်။]
ဆီမီးလှူသောအခါ ဆုတောင်း
ထွန်းလင်း တောက်ပ, မီးလှူရ၍, ဘဝတိုင်းဝယ်, ပညာကြွယ်
လျက်, လနှယ် နေနှင့် အသရေ တင့်, ဆင့်ဆင့် ထွန်း
တောက်လို။
နံ့သာတိုင်လှူသောအခါဆုတောင်း
သင်းပျံ့ လွှမ်းကြိုင်, ဤပန်းတိုင်ကို, လှိုင်ပစေ, ပူဇော်ပါရ
ဤ ပုညကြောင့်, ဘဝ စဉ်လာ, မယှဉ်သာအောင်, ပညာ
ဆင်းနံ့ သတင်းနံ့ သင်းပျံ့ ကြိုင်ရလို။
ဆုတောင်းခဏ်း အဖွင့်
၂၀၉
ဆုတောင်းမှု။။ဆုတောင်းဟူသည် မိမိလိုသော အကျိုးကို
စိတ်ဖြင့် မှန်းဆ၍ဖြစ်စေ နှုတ်ဖြင့် တမ်းတ၍ဖြစ်စေ, တောင်းဆိုခြင်း
ဖြစ်သည်၊ ကောင်းမှုကိုလည်းပြု,ဆုကိုလည်း တောင်းလျှင် လိုရာ
အကျိုး ပြီးစီးတတ်၏၊ တောင်းသောဆုနှင့် ထိုက်တန်အောင်ကား
ကုသိုလ်ကောင်းမှုကို ပြုကြရပေမည်၊ ဘုရားအဖြစ်ကို အလိုရှိလျှင်
လေးအသင်္ချေနှင့် ကမ္ဘာတသိန်း တိုင်အောင်, အရှင် သာရိပုတြာ
ကဲ့သို့ အဂ္ဂသာဝက အဖြစ်ကို အလိုရှိလျှင် တသင်္ချေနှင့် ကမ္ဘာ
တသိန်းတိုင်အောင်, အရှင် မဟာကဿပ အရှင် အာနန္ဒာ စသည်
ကဲ့သို့ မဟာသာဝက အဖြစ်ကို၎င်း, မိထွေးတော် ဂေါတမီ-ခေမာ-
ဥပ္ပလဝဏ်ထေရီမတို့ ကဲ့သို့ ထင်ရှားသော ရဟန္တာမိန်းမ အဖြစ်
ကို၎င်း, အလိုရှိလျှင် ကမ္ဘာတသိန်း တိုင်အောင် ပါရမီ ဖြည့်ကြရ
လိမ့်မည်။
အထူးအထွေ ဂုဏ်ထူးကို မလိုလားဘဲ သာမည အနေမျိုးဖြင့်
နိဗ္ဗာန်ကို အမြန်လိုချင်သူကား ကြိုးကြိုးစားစား အားထုတ်ပါမူ ယခု
ဘဝမှာပင် ရနိုင်ခွင့် ရှိပါ၏၊ မရနိုင်သေးလျှင် ဤ ဘုရားရှင်၏
သာသနာမှာပင် ရခွင့်ရှိ၏၊ အရိမေတ္တေယျ ဘုရားရှင်၏ လက်ထက်
တော်ကျလျှင်ကား မုချ ရနိုင်စရာရှိ၏၊ ဆုတောင်းသောအခါလည်း
မိမိအလိုရှိရာ ဆုကို မိမိဘာသာ တောင်းခြင်းသာလျှင် လမ်းမှန်
ကျ၏၊ ယခုကာလ၌ကား ကောင်းမှု ပြုရာဝယ် ဘုန်းတော်ကြီးက
ရေစက်ချနှင့် ဆုတောင်းကို ချပေးသောကြောင့် ဘုန်းကြီးနှုတ်တက်
ရသော ဆုတောင်းနှင့် အလှူ ရှင်၏ အလိုမှာ သဘောတူဘို့ ခဲယဉ်း
၏၊ စိတ်မပါဘဲ လိုက်နေရလျှင်လည်း ပြည့်စုံဘို့ ခဲယဉ်းလှ၏။
၂၄ (အဋ္ဌမအကြိမ်)
a

## PAGE 155

၂ ၉ ၀
ရတနာ့ဂုဏ်ရည်
•
အောက်နိုင်ငံ ရှင်ပြုတခု၌ တော်တော်နာမည်ကြီးသော ဘုန်းကြီး
တပါး ရေစက်ချပေးရာဝယ် အဂ္ဂသာဝက မဟာသာဝကကြီးများ
ရသမျှ အကျိုးဂုဏ်များကို အလှူ ့ဒကာ တဥုးထည်းက အစုံအလင်
ရဘို့ရန် ရေစက်ချ၍ ( ဆုတောင်း ) ပေးသောကြောင့် အတော်
နားလည်သော ဒကာ တယောက်က “ တကယ့် ရဟန္တာကြီးများ
တောင်မှ တမျိုးစီသာ ရနိုင်ကြတဲ့အကျိုးကို အရှင်ဘုရာ့ ဒကာမှာ
အားလုံးစုံ ရနိုင်ပါမည်လား ဘုရား” ဟု လျှောက်ထားသဖြင့် ထို
ဆရာတော်မှာ မျက်နှာညို၍ အလိုမကျဘဲ ရှိဘူးသတဲ့။
ရွှေတိဂုံ ကုန်းတော်ပေါ်ကဲ့သို့ အချို့ သော မြို့ကြီးများ၏ ဘုရား
၌ကား ရေလှူ ပန်းလှူသည့်အခါမှစ၍ ဆုတောင်းကို ရေသည်အား
ငွေပေး၍ခိုင်းကြသေး၏၊အားလုံးလုပ်ငန်းများ နည်းလမ်းမကျချေ။
ရှေးက  ် အလောင်းအလျာတို့ ကောင်းမှုပြုကြရာ၌ ရေ အဆင်သင့်
ရှိလျှင် ရေစက်သွန်းချ၍ ရေမရှိလျှင် ရေစက်ပင် မချတော့ဘဲ လိုရာ
ဆုကို အတိုချုပ်မျှ တောင်းကြ၏၊ ယခုကာလလို “ဘန္တေ - အရှင်
ဘုရား၊ မယံ-အကျွန်ုပ်တို့သည်”ဟု တခမ်းတနား သွယ်ဝိုက်နေသည်
မဟုတ်၊ ထို့ကြောင့် မိမိဘာသာ လိုရာဆုကို တောင်းခြင်းသာလျှင်
ရှေးထုံးကျသဖြင့် ဘုန်းကြီးချပေးတိုင်း လိုက်ဆိုရသော ယခုကာလ
ဆုတောင်းနည်းကို ရှောင်ကြဉ်သင့်ကြ ပေသည်။
}}
"
ရေစက်ချ စဉ်းစားဘွယ်။ ။ ယခုခေတ် အလှူဒါန ပြုကြသောအခါ
ရေဖလား ရေကရား စသည်၌ ရေထည့်၍ အောက်ခံခွက်တခုပေါ်မှာ ရေ
တစက်တစက် ချရင်း ဘုန်းကြီးချပေးသော “ဘန္တေ- အရှင်ဘုရား၊ မယံ−
တပည့်တော်တို့သည်၊ သံသာရဝဋ္ဋ ဒုက္ခတော - သံသရာ ဝဋ်ဆင်းရဲမှ
စသော စာတမ်းကို လိုက်၍ ဆိုကြရ၏၊ ထိုသို့ ရေ တစက်တစက် ချရင်း
(အဋ္ဌမအကြိမ်)
ဆုတောင်းခဏ်း အဖွင့်
၂၉ ၁
ဆိုနေခြင်းကိုပင် “ရေစက်ချ”ဟု ခေါ်တွင်နေသည်၊ ထို ရေစက်ချနည်းကို
ဘုန်းကြီး မသင်္ကာသလို ဖြစ်နေသောကြောင့် ကျမ်းစာများကို ကြည့်ရှု
ပို့ချရင်း ကျမ်းစာ အသုံးအနှုန်းများကို သတိထားလေ့ရှိရာ..
၁။ ဝေဿန္တရာဇာတ်ဝယ် ဆင်ဖြူတော် လှူခဏ်း၌ “ သုဂန္ဓောဒက
ပူရိတံ သုဝဏ္ဏဘိင်္ကာရံ ဂဟေတြာ ဟတ္ထိသောတ္ထံ ဂဟေတွာ တေသံ ဟတ္ထ
ထပေတွာ ဥဒကံ ပါ့တေတွာ အဒါသိ= နံ ့သာရေဖြင့်ပြည့်သော ရွှေကရား
ကို ယူ၍ ဆင်ဖြူတော်၏ နှာမောင်းကို ကိုင်ပြီးလျှင် ထိုပုန်ဏားတို့ လက်၌
ထား၍ ရေကို ကျစေလျက် လှူပြီ”.ဟု တွေ့ရ၏၊ သားတော် သ္မီးတော်
လှူခဏ်း မဒ္ဒီမိဖုရားကို လှူခဏ်း၌လည်း ဤနည်းပင်တည်း။
,,
၂။ ဝိနည်းမဟာဝါ, စီဝရက္ခန္ဓကအဖွင့် ဝိမတိဋီကာ၌ “ ပဌမံ ဥဒကံ
ပါတေတွာ ပစ္ဆာ ဒေန္တိ = ရေကို ပဌမ ကျစေ၍ နောက်မှ (သင်္ကန်းတို့ကို)
လက်ရောက် လှူကုန်၏ ” ဟု၎င်း, ပဉ္စက အင်္ဂုတ္တိရ်- ဗြာဟ္မဏဝဂ် ဋီကာ၌
“ ဥဒကံ ပါတေတွာ ဒေန္တီတိ - ဗြာဟ္မဏဿ ဟတ္ထိ ဥဒကံ အာသိဉ္စန္တာ
ဒေန္တိ = ပုန်ဏား၏ လက်၌ ရေကို လောင်းထည့်၍ ( သတို့သ္မီးကို ) ပေးလှူ
ကုန်၏”ဟု၎င်း တွေ့ရ၏။
--
ဤအားလုံးကို ကောက်ချက်ချလိုက်လျှင် ရှေးအခါက အလှူဒါန ပြုရာ
တိုင်းဝယ် ကြည်လင်အေးမြသော လက္ခဏာကို ဖေါ်ပြဘို့ရာ ရေကို အလှူခံ
ပုဂ္ဂိုလ်၏ လက်၌ လောင်းထည့် သွန်ချ၍ ပေးလှူလေ့ရှိကြဟန် တူသည်၊
ယခုကာလ တစက်တစက် ချနေသော ရေစက်ချသည် ထိုထုံးစံကို လိုက်ဟန်
ရှိသော်လည်း ထို ရှေးစံနစ်နှင့် မတူချေ၊ ထို ့ကြောင့် ဘာသာရေးကိစ္စ၌
သဘာဝကျကျ ပြုပြင်လိုသော အမျိုးသား အမျိုးသ္မီးတို့သည် ဘုန်းကြီးက
ချပေးတိုင်း လိုက်ဆိုရသော ဆုတောင်းနှင့် တစက်တစက် ချရသော ရေစက်
ချနည်းကို ပြုပြင်၍ ကြည်လင်သောရေကို အလှူခံပုဂ္ဂိုလ်၏ လက်ပေါ်မှာ
ဖြစ်စေ, မြေပေါ်မှာဖြစ်စေ, သွန်းလောင်း၍ အလိုရှိရာဆုကို ကိုယ့်ဘာသာ
တောင်းသော ရှေးအကျဆုံး မူဟောင်းကိုသာ လိုက်သင့်ကြပါသည်။
(အဋ္ဌမအကြိမ်)
