## PAGE 156

၂ ၉ ၂
"
ရတနာ့ဂုဏ်ရည်
,,
ဘုရားအဖြစ်တော်စဉ်
နိဒါန်း
ဤမျှလောက်သော စကားအစဉ်ဖြင့် ဘုရား ဖြစ်တော်မူသော
အခါ ရရှိသော ဂုဏ်တော်များနှင့် တရား သံဃာတော် အပြင် ဗုဒ္ဓ
ဘာသာဝင်တို့၏ကျင့်စဉ်သိတွယ် အသွယ်သွယ်သောအချက်များကို
ထင်ရှားပြခဲ့ပြီ၊ ထိုကဲ့သို့ ဂုဏ်ရှိသော တရား သံဃာတော်တို့၏ အရှင်
ဗုဒ္ဓဘာသာဝင်အပေါင်း၏ အားထားကိုးကွယ်ရာမြတ်စွာဘုရား
ဟူသည် “လူလော’ နတ်လောက ဗြဟ္မာလော, အဘယ်အရပ်မှာ
ဖွားမြင်သော ဘယ်အမျိုးသားဖြစ်သနည်း, ဘုရားဖြစ်ဘို့ရာ အဘယ်
မျှလောက် အချိန်ကစ၍ အဘယ် အရာများကို အားထုတ်တော်မူခဲ့
သနည်း ထိုသို့ အားထုတ် ဆည်းပူးတော်မူအပ်သောအရာကို အခြား
သော လူ – နတ် – ဗြဟ္မာတို့က ထို ဘုရားရှင်နှင့် တန်းတူအောင်
အားထုတ်နိုင်မည်လော, ဘုရားဖြစ်အောင် အားထုတ်တော်မူခြင်း
သည် သံသရာမှာ ကြာရှည်စွာ နေလို၍ပေလော, သို့မဟုတ် ဂုဏ်
ပကာသနအတွက် သူတပါး
အထက်က သက်သက် ကိုးကွယ်ခံလို၍
ပေလော” ဤသို့သော မေးမြန်းဘွယ် စဉ်းစားဘွယ် အချက်တွေကို
ဖြေဆို ရှင်းလင်းပြီးဖြစ်အောင် ထိုထို ကျမ်းဂန်တို့မှ ထုတ်ဆောင်၍
“ဘုရား အဖြစ်တော်စဉ်”ကို ပြဥုးအံ့။
-
X
☑
[အချို့ မကြားနာဘူး ထူးဆန်းသော စကားများကို မြောက်ပိုင်း
ဗုဒ္ဓဘာသာဝင် တို့၏ “ လလိတဝိတ္ထာရ သုတ္တန်စကား” ဟု
မှတ်ပါ။ ]
ဘုရားအဖြစ်တော်စဉ်
သဌေးသားသုမေဓာ
၂၉ ၃
ဤကမ္ဘာမှပြန်၍ရေတွက်သည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာ
တသိန်း အထက်၌ ““ အမရဝတီ” မင်းနေပြည်တော်ဝယ် သဌေး
အမျိုးအရိုး အစဉ်အဆက်မှ ဆင်းသက်၍ လာခဲ့သော သတို့သား
တယောက်သည် “သုမေဓာ”ဟူသော အမည်ဖြင့် ထင်ရှားခဲ့လေ၏၊
ထိုသတို့သားငယ်စဉ်ကပင် မိဘများကွယ်လွန်ကြသဖြင့် ရွှေ ငွေ စိန်
ကျောက် အစရှိသော ရတနာတိုက်ပေါင်းများစွာကို ဘဏ္ဍာတော်
ထိန်း အမတ်က ထိန်းသိမ်း စောင့်ရှောက်ထားရလေသည်။
ထို သတို့သားသုမေဓာသည် အတတ်ပညာကို သင်ကြားလေရာ
၁၆ နှစ် အရွယ်မှာပင် ဆိုင်ရာ အားလုံးတို့ကို ပြီးဆုံး လုံလောက်
တဘက်ကမ်းရောက်မျှ တတ်မြောက်ပြီးဖြစ်၍ ပစ္စည်းများကို စာရင်း
နှင့်တကွ ပစ္စည်းထိန်းအမတ်က လွှဲအပ်သည်ကို လက်ခံပြီးနောက်
ပစ္စည်းရှင်ဖြစ်ကြသော မိဘ ဘိုးဘွားတို့ အဆက်ဆက် ကွယ်လွန်ကြ
ကာ ပစ္စည်းတွေသာ ကျန်ရှစ်ပုံကို အကြောင်းပြုလျက် ပင်ကိုယ်က
ပညာပါရမီဓာတ်ခံ ရင့်သန်ပြီး အပေါ်ဝယ် သင်ယူ တတ်မြောက်
ထားသော ကျမ်းစာ အသိတို့ကိုပါ ရောစွက်၍ ဆိတ်ငြိမ်ရာ အရပ်
အုဌ်တိုက်၏ အထက်ထပ်သို့ တက်ပြီး ကမ္မဋ္ဌာန်း အားထုတ်သည့်
အသွင် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေလျက် လေးနက်စွာ စဉ်းစားလေ
သည်။ [ပင်ကိုယ်ဉာဏ် ရှိ၍ ကျမ်းစာတတ်သိသူ၌ ထူးထူးခြားခြား
စဉ်းစားဉာဏ် ပေါ်လာတတ်သည်မှာ ထုံးစံ ဖြစ်၏၊ သို့သော် သင်ယူ
အပ်သောပညာသည် လမ်းမှန်ကို
ညွှန်ပြနိုင်သောပညာ ဖြစ်မှ အမှန်
ကို စဉ်းစားနိုင်ပေမည်။ ]

## PAGE 157

၂၉၄
ရတနာ့ဂုဏ်ရည်
စဉ်းစားတော်မူခဏ်း
အိုကြရနာဖျားကြရ မိန်းမော တွေဝေလျက် သေကြေပျက်စီး
ကြရ သေလွန်ပြီးနောက် ပဋိသန္ဓေ တည်နေကြရသဖြင့် ဤ သတ္တ
လောကကြီးသည် သက်သာခွင့် မရလောက်အောင် ဆင်းရဲလှပါ
တကား၊ ငါသည်လည်း ဤ ဆင်းရဲမျိုးမှ မလွတ်သေး၊ ဤ ဆင်းရဲ
မျိုးမှ လွတ်ရာလွတ်ကြောင်း ဖြစ်၍ ကောင်းမြတ်သော သဘော
တမျိုးကား ဧကန်မုချ ရှိရပေလိမ့်မည်၊ အပူရှိလျှင် အအေးလည်း
ရှိ မကောင်းမှုရှိလျှင် ကောင်းမှုလည်းရှိ ဆင်းရဲရှိလျှင် ချမ်းသာ
လည်း ရှိရသကဲသို့ အို နာ သေရေး ဒုက္ခဘေးတို့ဖြင့် ကြီးလေးစွာ
ဆင်းရဲခံနေရသောဤခန္ဓာကိုယ်ရှိလျှင် မအို မနာ မသေရာဖြစ်သော
ဓာတ်တမျိုးလည်း ဧကန် ရှိသင့်သေး၏၊ ထို တရားထူးကို မရမနေ
ရှာဖွေတော့အံ့။
ထင်ရှားရှိသော တရားကိုမရှာဘဲနေခြင်းသည် တရား၏ အပြစ်
မဟုတ်၊ မရှာသူ၏ အပြစ်သာတည်း၊ မိဘ ဘိုးဘွား အဆက်ဆက်
ဆွေမျိုးများသည် စီးပွား ဥစ္စာတွေကို ရှာဖွေ စုဆောင်းပြီးလျှင်
အနည်းငယ်မျှ မယူနိုင်ဘဲ စွန့်ခဲ့ကြရကုန်ပြီ၊ ငါ၏ ဆွေမျိုးများသည်
ပစ္စည်းကို ရှာသာ ရှာတတ်၍ မယူတတ်ကြပေ၊ ငါကား ဤပစ္စည်း
ဥစ္စာတွေကို စွန့်ကြဲ ပေးကမ်းသောအားဖြင့် ယူသွားတော့အံ့၊ ဤ
ကြံစည် စဉ်းစားလေသည်။ [“လှူဒါန်း ပေးကမ်းလျှင် မိမိသန္တာန်၌
ဒါနကုသိုလ် ကျန်ရစ်၏၊ ထိုဒါနဖြင့် နောက်နောက်ဘဝ၌ ဤ
သို့သော ပစ္စည်းများကို ရနိုင်သည်” ဟု ကြံစည်လိုရင်း ဖြစ်သည်။
ထိုသို့ ကြံစည်ပုံကို ထောက်လျှင် “ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်
ရနေပြီဟု သိသာ၏။]
ဘုရားအဖြစ်တော်စဉ်
တောထွက်၍ ဈာန်အဘိညာဉ်
ရတော်မူခဏ်း
၂ ၉ ၅
ဤသို့လျှင် သတို့သား သုခမိန်သည် မအို မနာ မသေရာကို
ရှာလိုသော ဇောဆန္ဒက ပြင်းထန် ကြီးမားလှသောကြောင့် မရေ
မတွက်နိုင်အောင် မြားမြောင်လှသော စည်းစိမ်တွေ အပေါ်မှာ
အနည်းငယ်မျှ တွယ်တာတော်မမူဘဲ ရွှေငွေဘဏ္ဍာ ရတနာအပြည့်
ဖြစ်သော တိုက်ကြီးများကို ဖွင့်လှစ်ကာ “ အလိုရှိရာကို ယူရစ်ကြ
တော့”ဟု စွန့်ကြဲတော်မူပြီးနောက် ဝတ်ဆင်မြဲ အဝတ်တစုံမျှဖြင့်
ဟိမဝန္တာသို့ မြန်းကြွပြီးလျှင် ဝိသကြုံနတ်သား ဖန်ဆင်း၍ထားနှင့်
သော ကျောင်းသင်္ခမ်းနှင့် ရဟန်း ပရိက္ခရာတို့ကို တွေ့မြင်၍ ရသေ့
ရဟန်းအသွင်ကို ယူတော်မူလေသည်။
ထို့နောက် ကမ္မဋ္ဌာန်းကို အားထုတ်လေရာ ပင်ကိုယ် ထက်မြက်
သော ဉာဏ်ပါရမီနှင့် သင်ကြား တတ်မြောက်ထားသော ကျမ်းစာ
တို့၏ အစွမ်းအပြင် ဈာန်အဘိညာဉ်တို့အထက် ဟိုဘက် နိဗ္ဗာန်ကို
ရှာကြံလိုသော ဆန္ဒတော်ကြောင့် * လောကီ ဈာန်အဘိညာဉ်
အတွက်မှာ ရက်များစွာ မကြာဘဲ ခုနစ်ရက်အတွင်းဝယ် အလွယ်
တကူ ထမြောက်တော်မူလေသည်။
☑
*
☑
* အဘိညာဉ်၏အစွမ်းကား မြေလျှိုး-မိုးပျံ, ပုံသဏ္ဌာန်အမျိုးမျိုး ဖန်ဆင်း
ခြင်းနှင့်တကွ ဝေးပေးလန်လန် သေးငယ်သောအသံကို ကြားနိုင်ခြင်း,
သေးငယ်သော အဆင်း, ငရဲသူ ငရဲသား ပြိတ္တာများနှင့် အသတ်နတ်
များကို မြင်နိုင်ခြင်း စသည်တည်း။

## PAGE 158

၂၉ ၆
ရတနာ့ဂုဏ်ရည်
ထို့နောက် ရအပ်ပြီးသော ဈာန်အဘိညာဉ်ဖြင့် မွေ့လျော်ကာ
နိဗ္ဗာန်ကို ရှာကြံသော်လည်း ကောင်းစွာ အထမမြောက်သေးချေ၊
သို့သော် ပင်ကိုယ် ပညာပါရမီခံ ရင့်သန်ပြီး ဖြစ်သည့်အပြင် ဈာန်
အဘိညာဉ်တို့၏အတွက် တိုးတက်လာသော ဘာဝနာ ဉာဏ်အစွမ်း
ကြောင့် အနည်းငယ်မျှ သဲလွန်စရလျှင် နိဗ္ဗာန်ကို ဘွားကနဲ မြင်နိုင်
ဘို့ရာ ကောင်းကောင်းကြီး လုံလောက်သော အခြေအနေသို့ရောက်
လေပြီ။
ဘုရားဆု ပန်တော်မူခဏ်း
<
ထိုသို့ ဈာန်အဘိညာဉ်ဖြင့်မွေ့ လျော်ကာ တရံတခါ ကောင်းကင်
ခရီးဖြင့် လှည့်လည်တော်မူလေရာ, နှစ်ပေါင်း အတော်ကြာလျှင်
“ဒီပင်္ကရာ” ဘုရားရှင်လည်း ပွင့်တော်မူလာသောကြောင့် “ရမ္မာ
နေပြည်တော်သားတို့သည် ဘုရားရှင်ကို ပင့်ဖိတ်လျက် ကြွတော်
မူရန်
လမ်းပြင်နေကြသည်ကိုမြင်သဖြင့် ကောင်းကင်မှ ဆင်းသက်၍
မေးမြန်းလေလျှင် အကြောင်းအရာကို ကောင်းစွာသိရသည့်အတွက်
နှစ်သက် ဝမ်းမြောက်ခြင်း ပြင်းစွာဖြစ်ရကား မိမိလည်း လမ်းပြင်
လိုကြောင်း ခွင့်တောင်းလေသည်၊ ထိုအခါ “ဤရသေ့သည် တန်ခိုး
ကြီးသူဖြစ်၏၊ တန်ခိုးဖြင့် လမ်းကိုပြင်လိမ့်မည်,
ရွှံ့ညွှန်ရှိသောနေရာ
ကို ပေးကြစို ့ရဲ့” ဟု တိုင်ပင်လျက် အပြုအပြင်ခက်သော နေရာကို
ပေးကြလေ သတဲ့။
"
အရှင်ရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာ ပြီးနိုင်
သော်လည်း ကိုယ်ဖြင့် ပင်ပန်းခံ၍ ပြုမှ သာ၍ အကျိုးများဘွယ်ရှိ
သောကြောင့် သူများနည်းတူ .မြေကိုထမ်း၍ ရွှံ့ညွှန်ဘက်ကို ပို့နေစဉ်
ဘုရားအဖြစ်တော်စဉ်
၂ ၉ ၇
ရဟန္တာ ၄ သိန်း အခြံအရံဖြင့် ဘုရားရှင် ကြွတော်မူလာလေသည်၊
ထိုအခါ ဘုရားရှင်၏ ကြက်သရေတော်ကို ဖူးမျှော်ရ၍ လွန်စွာ
ဝမ်းမြောက်လှသဖြင့် ယခင်က မပြီးသေးသော ရွှံ့ညွှန်အပြင်ဝယ်
ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန္တာအပေါင်းကို
နင်းတော်မမူ
စေဘဲ မိမိအပေါ်၌ နင်း၍ ကြွတော်မူရန် တံတားအသွင် ခင်းလျက်
ဝပ်စင်းနေလေသည်။
ထို့နောက် မိမိဥးခေါင်းရှင်းသို့ ဘုရားရှင် ရောက်တော်မူလာ
သောအခါ ဆင်ခြင် စဉ်းစားတော်မူသည်မှာ “ငါသည် တကိုယ်ရေ
တကာယဖြင့် နိဗ္ဗာန်ကို အလိုရှိလျှင် ယခုပင် ကိလေသာအာသဝေါ
တို့ကို ကုန်ခန်းစေလျက် ရဟန္တာအဖြစ်သို့ ရောက်နိုင်လောက်ပေပြီ၊
သို့သော် အို နာ သေရေး ဒုက္ခဘေးတို့ဖြင့် နစ်မွန်းမျောပါးနေကြရ
ရွာသော သတ္တာတွေကို ကယ်ဆယ်နိုင်လောက်သော စွမ်းရည်သတ္တိ
ရှိသူတယောက်က မကယ်မယူ လျစ်လျူ၊ ပစ်ထား၍ ကိုယ်လွတ်ရုန်း
သွားခြင်းကို တရားနည်းလမ်း ကျသည် ဟု မဆိုနိုင်ချေ၊ ဥပမာ
–
လူပေါင်းများစွာ ပင်လယ်ကြောဝယ် မျောနေကြရာ၌ ကိုယ်ပိုင်
သင်္ဘောဖြင့် လာသူက မကယ်ဆယ်ဘဲ ရှောင်လွှဲ၍ သွားသကဲ့သို့
ရှိရာ၏” ဟု ကြံတော်မူသည်။ [ဤအကြံသည် သတွာများအပေါ်
ကရုဏာအားကြီးသူမှန်လျှင် ဧကန် ဖြစ်ထိုက်သော အကြံတည်း။]
ဤသို့လျှင် အရွှင် ရသေ့သည် ရှေးတုန်းက မိမိ အတွက်သာ
နိဗ္ဗာန်ကို ရှာခဲ့ပါသော်လည်း နိဗ္ဗာန်ကို ညွှန်ပြမည့် ဘုရားရှင်နှင့်
တွေ့ရသောအခါ သတ္မွာအပေါင်းကို ကယ်တင်နိုင် လောက်သော
ဘုရားရှင်၏ အသရေတော်ကိုလည်း ဖူးမျှော်, အပါယ်လေးပါး၌

## PAGE 159

၂၉ဂ
ရတနာ့ဂုဏ်ရည်
အလွန်အမင်း ဆင်းရဲနေကြရှာသော သတ္မွာတွေကို အဘိညာဉ်
အစွမ်းဖြင့် မျက်ဝါးထင်ထင် လှမ်း၍လည်း မြင်ရ, မိမိ၏ စွမ်းရည်
ကိုလည်း ယုံကြည် စိတ်ချသောကြောင့် သတွာတို့၌ လွန်မင်းစွာ
သနားတော်မူသော မဟာကရုဏာတော်က အားကြီးလှသဖြင့် ဆန္ဒ
တော်တမျိုးတက်ကာ ကြာပန်း ၅ စည်းကို လှူပြီးလျှင် ဘုရားဆုကို
ပန်တော်မူလေသည်။
အမှာ။ ။ ဒီပင်္ကရာ ဘုရားရှင်ကို ဖူးမျှော် ကန်တော့ရန် ထွက်လာ
ကြသော အမျိုးသ္မီးများတွင် “သုမိတ္တာ”မည်သော အမျိုးသ္မီး
သည် အလောင်းတော် ရှင်ရသေ့ကို မြင်လျှင် မြင်ခြင်း ရေစက်
မကင်းသည့်အတွက် ထူးခြားသော မေတ္တာစနက်ဖြင့် သွယ်ဆက်
မိလေသည်၊ ထို ့ကြောင့် မိမိမှာပါသော ကြာပန်းရှစ်စည်းတွင်
မိမိပူဇော်ဘို့ ၃ စည်း ချန်ထား၍ အလောင်းတော် ရသေ့အား
ကြာ ၅ စည်းကို ဆက်ကမ်းလေ သတဲ့။
ဗျာဒိတ် ရတော်မူခဏ်း
66
ဒီပင်္ကရာဘုရားရှင်သည် အရှင်ရသေ့၏ ဥုးခေါင်းရှင်း၌ ရပ်တန့်
တော်မူပြီးလျှင်
နောင်ရေးနောင်တာကို ဆင်ခြင်တော်မူရာ ရသေ့၏
ဘုရားအလောင်း ဖြစ်ကြောင်းကို မြင်တော်မူသောကြောင့် – မိမိ
ကိုယ်ကို တံတားလို
ခင်းလျက် ထက်မြက်သောအကျင့်ဖြင့် တင့်တယ်
သော ဤရသေ့ကို ကြည့်ရှုကြလော၊ ဤရသေ့သည် လေးအသင်္ချေ
နှင့် ကမ္ဘာတသိန်း လွန်သောအခါ ငါဘုရားကဲ့သို့ “ဂေါတမ ဗုဒ္ဓ
ဟူသော အမည်ဖြင့် ဘုရားတဆူ ဖြစ်လိမ့်မည်၊ ဤရသေ့နှင့် အဝ
ကြာပန်းပူဇော်သူအမျိုးသ္မီးကား ပါရမီကိုကူညီဖြည့်ဘက် အသက်
ဘုရားအဖြစ်တော်စဉ်
,,
၂ ၉ ၉
ပမာ ကြင်ရာတော် ဖြစ်လိမ့်မည် ” ဟု ဘုရားတံဆိပ် ဗျာဒိတ်တော်
မြတ်ကို ခပ်နှိပ်တော်မူပြီးလျှင်
ယခင် ကြာပန်းရှစ်စည်းဖြင့် ရသေ့
အပေါ် ကြဲဖြန့်ကာ ရသေ့၏နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူသည်။
ဗျာဒိတ်တော်ပွဲသို့ ရောက်လာကြသော လူရောနတ်ပါ ဗြဟ္မာ
အပေါင်းလည်း ကောင်းချီးဩဘာ
မင်္ဂလာစကားကို အသီးအသီး
ပြောဆိုချီးကျူးရုံသာမက ရှေးရှေးက ဗျာဒိတ်ပွဲကိုနွှဲလိုဘူးသော
ဗြဟ္မာမင်းတို့ကမူ မိမိတို့တွေ့ဘူးသော စနည်း တဘောင် အထောက်
အထားတို့ဖြင့် “ ဧကန်မုချ ဗုဒ္ဓ ဖြစ်ပါလိမ့်မည်” ဟု အားပေးကြ
လေသည်။
ပါရမီတော်များကို
ဆင်ခြင်မဟာ်မူခဏ်း
အလောင်းတော်သည် ဗျာဒိတ်ရတော်မူပြီးနောက် ညွှန်ပြောင်းမှ
ထတော်မူ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူကာ စဉ်းစား ဆင်ခြင်
သည်မှာ
- “များစွာသော သတ္တာအပေါင်းကို သံသရာ ရေအယဉ်မှ
ကယ်တင်ဘို့ရာ လွန်စွာ မြင့်မြတ်သော ဘုရားအဖြစ်သည် သာမန်
ကောင်းမှုပါရမီဖြင့် ပြည့်နိုင်သော အဖြစ်မျိုး မဟုတ်၊ ဘုရားဖြစ်ဘို့
အကြောင်း ကောင်းမှု ပါရမီတော်ကား ဘယ်လောက် များပါလိမ့်
မည်နည်း” ဤသို့ စဉ်းစား ဆင်ခြင်တော်မူရာ….
ဒါနံ သီလဉ္စ နေက္ခမ္မံ, ပညာ ဝီရိယပဉ္စမံ၊
ခန္တိ သစ္စာ အဓိဋ္ဌာန, မေတ္တု - ပေက္ခာတိမာ ဒသ။
ဟူသော ဤပါရမီဆယ်ပါးကို အစဉ်အတိုင်း မြင်တော်မူလေ
သည်၊ “ ပါရမီ ” ဟူသည် မြင့်မြတ်သူတို့၏ နိဗ္ဗာန်ကို ရည်မှန်း၍
"

## PAGE 160

၃ဝဝ
ရတနာ့ဂုဏ်ရည်
လှူဒါန်းမှု သီလစောင့်မှု စသည်တို့သာတည်း၊ လောကီ စည်းစိမ်
ချမ်းသာကို ရည်မှန်း၍ လှူဒါန်းမှုစသည်ကို ပါရမီကုသိုလ် ဟု မဆို
ထိုက်၊ ထို ပါရမီများတွင်..
၁။ ဒါနဟူသည် စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းတည်း။
၂။ သီလဟူသည် ၅ ပါး ဂပါး ၁ဝ ပါးစသော ဆိုင်ရာ သီလ
များကို စောင့်ထိန်းမှုတည်း။
၃။ နေက္ခမ္မဟူသည် စည်းစိမ်ကို စွန့်ခွာ၍ တောထွက်မှုတည်း။
၄။ ပညာဟူသည် အရာရာ၌ တတ်သိ နားလည်မှုတည်း။
၅။ ဝီရိယ ဟူသည် ကုသိုလ်ကိစ္စတို့၌ မကြောက်မရွံ့ သက်စွန့်
ကြိုးပမ်း အားထုတ်မှုတည်း။
၆။. ခန္တီ ဟူသည် သူတပါးက နှိပ်စက်လျှင် သည်းညည်းခံနိုင်
မှုနှင့် အအေး အပူစသောဒဏ်ကို ခံနိုင်မှုတည်း။
၇။ သစ္စာ ဟူသည် မှန်ကန် ဖြောင့်မတ်စွာ ပြောဆို လုပ်ကိုင်
မှုတည်း။
ဂ။ အဓိဋ္ဌာန ဟူသည် မိမိ ရည်မှန်းအပ်သော ကောင်းသော
အလုပ်၌“မဖြစ်မနေ”ဟု စွဲစွဲမြဲမြဲ ဇွဲကောင်းမှုတည်း။
၉။ မေတ္တာ ဟူသည် သတွာတို့အပေါ်၌ ချစ်ခင်သောအားဖြင့်
ကောင်းကျိုး လိုလားမှုတည်း။
၁၀။ ဥပေက္ခာ ဟူသည် မုန်းအောင် ပြုသည်ကိုလည်း မမုန်း
ချစ်အောင်ပြုသည်ကိုလည်း မချစ်ဘဲ လျစ်လျူရှုမှုတည်း။
<
ဘုရားအဖြစ်တော်စဉ်
"
၃ဝ၁
ဤ ဆယ်ပါး၌ သာမန် ဖြည့်ကျင့်မှုကို – ပါရမီ ” ဟု ခေါ်၏၊
မျက်စိ နား နှာအင်္ဂါ ခြေ လက်တို့ အပျက်အစီးခံ၍ ဖြည့်ကျင့်မှုကို
“ဥပပါရမီ”ဟု ခေါ်၏၊ အသက်ကိုပင် မငဲ့ညှာဘဲ လွန်စွာ ဖြည့်ကျင့်
မှုကို“ပရမတ္ထပါရမီ” ဟု ခေါ်၏၊ ယခင် ဆယ်မျိုးကို ဤ ၃ မျိုးဖြင့်
မြောက်လျှင် ပါရမီ ၃ဝ ဖြစ်၏၊ ထို ပါရမီများ၏ အရေးတကြီး
ဖြည့်ကျင့်ထိုက်ကြောင်းကို ဉာဏ်မြင်သည့်အတိုင်း ပြပါဥုးမည်။
ဒါနပါရမီ။ ။သတွာ အပေါင်းကို ပိုင်နင်း အုပ်စိုး လွှမ်းမိုး
ဆုံးမလိုလျှင် စွန့်ကြဲ ပေးကမ်း လှူဒါန်းမှု၌ အထူး ရက်ရောမှ သင့်
လျှော်၏၊ ပေးကမ်းမှုဟူသည် မယဉ်ကျေးသူကို ယဉ်ကျေးစေနိုင်၏၊
ရန်သူပင် ဖြစ်သော်လည်း ထိုက်တန်သော ဝတ္ထုကို ပေးလျှင် မိမိ
အလိုသို့ပါလာရှ၏ ပေးကမ်းမှုတခုဖြင့် များစွာသော အကျိုးကို
ပြီးစေနိုင်၏၊ အားရပါးရ ပေးကမ်း စွန့်ကြဲနေရခြင်းသည် အလွန်
ပျော်စရာကောင်း၏၊ ပေးသူကလည်း အားရ ရသူကလည်း ရွှင်ပျ
သဖြင့် ဤဘဝ၌ အရှိန်အဝါ ဩဇာအာဏာ တိုးတက်လျက် ဂုဏ်
သတင်း ပြန့်နှံ့ဘို့အချက်မှာ
ပေးကမ်းမှုထက်သာသောအရာ မရှိချေ။
သံသရာဝယ် ကြီးကျယ် ခမ်းနား ပေါများလေသမျှ၌ ဤ ဒါနမှု၏
လက်ရာ ခြေရာတွေသာ များပေသည်။
"
အူမတောင့်မှ သီလ စောင့်နိုင်သည် ” ဟု ပြောဆိုရိုးအတိုင်း
ဒါန မရှိလျှင် သီလပါရမီကိုပင် လုံခြုံအောင် စောင့်ဘို့ ခဲယဉ်း၏၊
ပညာပါရမီ ဖြည့်ဘို့ရာ လုံလောက်သော အထက်တန်း ပညာကို
ရှာလျှင်လည်း ဒါနချို့ငဲ့ ပစ္စည်းမဲ့သူမှာ တော်ရာက မျှော်ရှာရ၏။
ပစ္စည်းမရှိလျှင် သူတပါးက ရိုးရိုးသားသား ပြောသည်ကိုပင် အလွှဲ
