## PAGE 16

၁၂
..
ရတနာ့ဂုဏ်ရည်
၃ ( ၃ ) သဒ္ဓါတရား ထက်သန်သော အမျိုးသား အမျိုးသ္မီး လူကြီး
လူကောင်းတို့သည် ပန်း နံ ့သာ အဝတ်စသော လှူဘွယ်ဝတ္ထုများကို စေတီ
တော်သို့ တင်လှူလျက် – မည်သည့် တန်ခိုးများ ပြပါစေသား ” ဟု ဓိဋ္ဌာန်
တတ်ကြ၏၊ ထိုသို့ သဒ္ဓါထက်သန်သူတို့၏ ထူးခြားသော ဓိဋ္ဌာန်မှုကြောင့်
လည်း စေတီတော်မှ တန်ခိုးထွက်ပေါ် တတ်ပေသည်၊ ဤသို့ မိလိန္ဒမင်းအား
အရှင်နာဂသိန် မိန့်တော်မူသည်။
ဤအမိန့်တော်ကိုထောက်ထားလျှင် ဘုရားရှင်နှင့် ရဟန္တာများ၏ အထူး
အဓိဋ္ဌာန်ထားချက် မရှိသော စေတီတော်မှ ရောင်ခြည်တော်များ ထွက်ဘို့
ရန် မဖြစ်နိုင်၊ အကယ်၍ ရောင်ခြည်တော် ထွက်ရိုးမှန်လျှင်လည်း ဆိုင်ရာ
နတ်များက ဆောင်ပြခြင်းသာ ဖြစ်ရာ၏၊ ဘုရားရှင်၏ ဓိဋ္ဌာန်တော်မူချက်
ကြောင့် မဟာဗောဓိပင်မှ၎င်း, အရိုးဓာတ်တော်များ မှ၎င်း ရောင်ခြည်
တော်များ ခမ်းနားစွာ ကွန့်မြူးကြောင်း, သာသနာ ကွယ်ပသောအခါ
ဓာတ်တော်အားလုံး စုရုံး၍ ဘုရားပွင့်တော်မူရာ မူလ မဟာဗောဓိပင်သို့
ကြွတော်မူပြီးလျှင် ရောင်ခြည်တော်များ ကွန့်မြူးကြလိမ့်မည့် အကြောင်းမျှ
သာ ကျမ်းဂန်၌ လာသည်။
ထို ့ကြောင့် ရုပ်ပွား စေတီတော်များမှ ထွက်သော ရောင်ခြည်တော်ကို
ဖူးရသည်ဖြစ်စေ မဖူးရသည်ဖြစ်စေ ဤ ရောင်ခြည်တော်ဖွင့် ဘုရားရှိခိုးမှာ
လာသည့် အတိုင်း သက်တော်ထင်ရှား ဘုရားရှင်၏ ထက်ဝန်းကျင်ဝယ်
အလွန် ကြည်နူးဘွယ်ကောင်းသော ရောင်ခြည်တော် ခြောက်သွယ် တို့၏
စံပယ် ကွန့်မြူးနေပုံကို စိတ်ကူးဉာဏ်ဖြင့် မှန်းဆ၍ မိမိတို့အိမ်မှာ ဖြစ်စေ
စေတီတော် ဆင်းတုတော် အနီးအပါးမှာ ဖြစ်စေ, ဘုရား အာရုံပြုရင်း
ရောင်ခြည်တော်များ ထွက်တော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာ
အောင် ကြိုးစားကြပါ၊ သူက ငါက လုပ်၍ပြသော အတုရောင်ခြည်များကို
ဘုရားရောင်ခြည်တော်ဟု မထင်မှားမိပါစေနှင့်။
စေတီတော်ဖွင့်
(ကျက်မှတ်ရန်)
စရံ ယော ယဒိဝါ တိဋ္ဌံ
နိသိန္နော ဥဒ ဝါ သယံ၊
နိဗ္ဗာယံ ဓာတုဘာဝေန,
ဟိတံ သတ္တာန မာစရေ။
၁၃
ယော ဘဂဝါ-အကြင်ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
သည်၊ စရံဝါ-သံဃာတော်များ ရွှေတော်ဖျားက ကြွသွား ထိုဤ,
စက်တော်ချီလျက်၎င်း၊ ယဒိဝါတိဋ္ဌိ မကြွမသွား, ရွှေတောင်လား
သို့ မားမားမတ်မတ်, ရပ်တော်မူလျက်၎င်း၊ နိသိန္နောဝါ-ပရိသတ်
အလယ်, ရောင်ခြောက်သွယ်ဖြင့်, ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ
လျက်၎င်း၊ ဥဒဝါ သယံ- အမေးပုစ္ဆာ, ဖြေရှင်းကာဖြင့်, ညဉ့်ခါ
ကျောင်းပေါ်,လျောင်းတော်မူလျက်၎င်း၊
နိဗ္ဗာယံ-ဝါလေးဆဲ့ငါး
သက်တော်အားဖြင့် ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်,
ဝင်စံတော်မူခါနီးသည် ရှိသော်၊ ဓာတုဘာဝေန-နောင်ခါစင်စစ်
ကိုးကွယ်ရစ်ဘို့, အနှစ် အငွေ့ ဓာတ်တော်အနေဖြင့်၎င်း၊ သတ္တာနံ-
သုံးတိုက်ဝေနေ, ဗိုလ်ခြေများစွာ, သတ္မာတို့၏၊ ဟိတံ-လူ့ရွာ နတ်
ဌာန် နိဗ္ဗာန်အထိ ချမ်းသာရှိကြောင်း, ကောင်းသော အစီးအပွား
ကို၊ အာစရေ-ရင်သွေးရာဟု ပမာရှုလျက်, အမှုသင့်စွာ, ပြုကျင့်
ပါပေသည် တကား။
☑
☑
☑
☑

## PAGE 17

၁၄
ရတနာ့ဂုဏ်ရည်
ကြည့်ရှုရန် အဓိပ္ပါယ်
ဘုရားရှင်သည် “သတ္တာအများကို သံသရာရေယဉ်မှ ကယ်တင်
တော်မူမည်” ဟု ရည်ရွယ်တော်မူပြီးလျှင် ဘုရားဖြစ်ဘို့ရန် ပါရမီ
တော်များကို ဖြည့်ကျင့်တော်မူခဲ့သည်အား လျော်စွာ ဘုရားဖြစ်
သောအခါ၌ တည်နေရမည့် အသက်တမ်းကလည်း လွန်စွာ တိုလျှ
သတ္မွာများ၏ သန္တာန်မှာလည်း တရားကင်းမဲ့လှသဖြင့် လေးဆယ့်
ငါးနှစ်ပတ်လုံး နေ့စဉ်နှင့်အမျှ အားလပ်ခွင့် ရတော်မမူဘဲ သတွာ
တို့၏ အကျိုးကို ပြုကျင့်ရင်း အချိန်ကုန်စေတော်မူပါသည်။
နေ့အချိန် ။ ။ ဆွမ်းဘုဉ်းပေးတော် မမူမီ ဆွမ်းခံကြွတော်မူ
ရင်းလည်း လူအပေါင်းကို သင့်လျော်အောင် ဟောပြ ဆုံးမတော်မူ
ရ၏၊ “ဆွမ်းဘုဉ်းပေးတော်မူပြီး”နောက် ရဟန်းသံဃာတော်များ
ဆည်းကပ်လာကြသောအခါ ဆုံးမဩဝါဒနှင့်
ကမ္မဋ္ဌာန်းတရားကို
ပေးတော်မူရ၏၊ ထို ့နောက် ရဟန်းများ ပြန်ကြွကြသဖြင့် ခေတ္တမျှ
ကိန်းအောင်းတော်မူပြီး၍ ထတော်မူသောအခါ တလောကလုံးကို
သိမ်းကျုံးလျက်ချေချွတ်သင့်သော သတ္တာအများကို ကြည့်ရှုတော်
မူရ၏၊ ထို ့နောက် ဆိုင်ရာ မြို့ရွာမှ ရောက်လာသော လူပရိသတ်ကို
တရားဟောတော်မူရ၏၊ ထို ့နောက် ညနေစောင်း၍ လူအများ ပြန်
သွားသောအခါ ရေသုံးသပ်တော် မူပြီးလျှင် ခေတ္တ ခဏနားနေ
တော်မူစဉ် နေဝင်လေ၏။
ညဉ့်အချိန် ။ ၊ နေဝင်ပြီးနောက် ညဉ့်ဥးယာမ် အခါ၌
ရောက်လာသောရဟန်းတော်များတွင်အချို့က ကမ္မဋ္ဌာန်းတောင်း
အချို့က ပုစ္ဆာလျှောက် အချို့ ကလည်း တရားတောင်းလေရာ
စေတီတော်ဖွင့်
၁၅
အားလုံး၏ အလိုဆန္ဒကို ပြည့်ဝစေလျက် ညဉ့်ဥးယာမ်ကို ကုန်စေ
တော်မူပါသည်၊ သန်းခေါင်ယာမ်အခါ ရဟန်းတော်များပြန်ကြွ၍
မကြာမီပင် လူခြေတိတ်ချိန်မှာ စကြာဝဠာတသောင်းမှအချို့သော
နတ် ဗြဟ္မာအပေါင်းတို့ လာရောက်၍ ပုစ္ဆာမေးကြ တရားတောင်း
ပန်ကြပြန်ရာ ဖြေရှင်းရှင်း ဟောပြတော်မူရင်းဖြင့် သန်းခေါင်ယာမ်
အချိန်ကို ကုန်လွန်စေတော်မူ၏။
မိုးသောက်ယာမ်အခါ။ ။မိုးသောက်ယာမ်အခါကို သုံးပိုင်း
ပိုင်း၍ ရှေးဥးတပိုင်း အချိန်၌ စင်္ကြံကြွတော်မူ၏၊ အလယ်ပိုင်း၌
ကျိန်းစက်တော် မူပြီးလျှင် အာရုဏ် မတက်ခင် ခပ်စောစော
အပိုင်း၌ ရှေးရှေးသော သာသနာက ဖြည့်ကျင့်ခဲ့၍ ကောင်းမှု
ပါရမီ စုံညီ ပြည့်ဝသဖြင့် ချေချွတ်သင့်သူတို့ကို ကြည့်ရှု ဆင်ခြင်
တော် မူ၏၊ ထို ့နောက် အလင်းရောက်၍ အချိန်ကျက ဆွမ်းခံ
ကြွတော်မူရ၏၊ ဤသို့လျှင် ရင်သွေးတော် ရာဟုလာနှင့် မခြားဘဲ
သတွာအများကို
သနားတော်မူသဖြင့် သတာတို့၏ အကျိုးကိုသာ
အမြဲ ပြုကျင့်တော် မူပေသည်။
ကြွချီတော်မူပုံ ။ ။ နောက်တော်ပါ သံဃာတော်များ၏
ရွှေတော်က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်ကို ကြွချီ
လျက် ထိုထို ဤဤ ဒေသစာရီ လှည့်တော်မူရင်းလည်း ဝေနေယျ
တို့၏အကျိုးကို သည်ပိုးရွက်ဆောင်တော်မူ၏၊ထို့ကြောင့် ယခုအခါ
ကြွသွားတော်မူပုံ ရေးသား ထုလုပ်ထားအပ်သော ရုပ်ပုံ ရုပ်ပွား
ဆင်းတုတော်များကို ဖူးရသည်ရှိသော် ရုပ်ပွားတော်လောက်သာ
စိတ်မထားဘွဲ့(မိမိအိမ်၌ မိဘ ဘိုးဘွားတို့၏ ဓာတ်ပုံကို မြင်ရလျှင်

## PAGE 18

၁၆
ရတနာ့ဂုဏ်ရည်
ဓာတ်ပုံတွင်မက အသက်ရှင်တုန်းက မိဘဘိုးဘွားကိုပါ တခါတည်း
သတိရလျက် ပြောဆိုဆုံးမပုံတွေပါ ထင်ယောင်မြင်ယောင် ဖြစ်လာ
သကဲ့သို့ ) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံ
ကိုပါ ထင်ယောင်မြင်ယောင်ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ
ဖူးမျှော်ကြပါ။
ရပ်တော်မူပုံ။ ။ကြွသွားတော်မမူဘဲ ရွှေတောင်ကြီးအလား
ကဲ့သို့ မားမားမတ်မတ် တန့်ရပ်တော်မူလျက်လည်း ဝေနေယျတို့၏
အကျိုးစီးပွားကို သည်ပိုး ရွက်ဆောင်တော်မူ၏၊ ထို ့ကြောင့် ယခု
အခါ ရပ်တော်မူနေပုံကို ရေးသားထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွား
ဆင်းတုတော်များကို ဖူးမျှော်ရသည် ရှိသော် သက်တော် ထင်ရှား
ဘုရားရှင် ကိုယ်တော်မြတ်က ရပ်တော်မူလျက် မိမိအား ဆုံးမတော်
မူနေပုံကို
ထင်ယောင်မြင်ယောင်ဖြစ်လာအောင် အလွန် ရိုသေစွာ
ဖူးမျှော်ကြပါ။
ထိုင်နေတော်မူပုံ။ ။ပရိသတ်အလယ်မှာ ရောင်ခြည်တော်
ခြောက်သွယ်ကို တခါတရံလွှတ်တော်မူပြီးလျှင် ထက်ဝယ်တင်ပလ္လင်
ဖွဲ့ခွေတော် မူလျက်လည်း တရား ဟောပြောကာ သတွာများ၏
အကျိုးကို သည်ပိုး ရွက်ဆောင်တော်မူခဲ့ ပါသည်၊ ထို ့ကြောင့်
ယခုအခါ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို ရေးသား ထုလုပ်
အပ်သော ရုပ်ပုံ ရုပ်ပွား ဆင်းတုတော်များကို ဖူးမျှော်ရသည်
ရှိသော် ရုပ်ပွားတော် လောက်တွင်သာ စိတ်မထားဘဲ သက်ထော်
ထင်ရှား မြတ်ဘုရား၏ အနီး၌ တရားဓမ္မ ဩဝါဒတော်ကို နာနေရ
သကဲ့သို့ ထင်မြင်လာအောင် ဖူးမျှော်ကြပါ။
စေတီတော်ဖွင့်
၁၇
လျောင်းတော်မူပုံ ။ ။ ညဉ့်အခါ ဂန္ဓကုဋိတိုက်တော်ဝယ်
ရံဖန်ရံခါ လျောင်းတော်မူလျက်လည်း နတ် ဗြဟ္မာများ၏ လျှောက်
ထားသမျှ ပုစ္ဆာတို့ကို ဖြေရှင်း ဟောပြ၍ သန္နာတို့၏ အကျိုးကို
ဆောင်တော်မူပါသည်၊ ထို့ကြောင့် ယခုအခါ “ရွှေသာလျောင်း
ခေါ်အပ်သော လျောင်းတော်မူပုံကို ဖူးမျှော်ရသည် ရှိသော်
သက်တော်ထင်ရှား မြတ်ဘုရား၏ အမေး ပုစ္ဆာများကို ဖြေရှင်း
ဟောပြနေပုံကို ထင်မြင်လာအောင် ဖူးမျှော်ကြပါ။
ဟု
93
ဓာတ်မွေတော်များ။ ။ဘုရားရှင်သည် ၂၉ နှစ်အရွယ်တော်၌
တောထွက်တော်မူ၍ ၃၅ နှစ်အရွယ်မှာ ဘုရား ဖြစ်တော်မူပြီးလျှင်,
သက်တော် ဂဝ အပြည့်မှာ ပရိနိဗ္ဗာန်စံတော်မူသောကြောင့် ဘုရား
အဖြစ်၌ ဝါတော် ၄၅ ဝါမျှသာ သီတင်းသုံးတော်မူရသည်၊ ထို
၄၅ ဝါမျှဖြင့် ကာလမကြာရကား နောင်အခါ ဗုဒ္ဓသာသနာတော်
ကိုယုံကြည်သူတို့ ကိုးကွယ်ရစ်ကြည့်ရာ အမွေအနှစ်ပေးခဲ့သည့်အနေ
အားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ်
အမွှာမွှာဖြစ်အောင် ဓိဋ္ဌာန်တော်မူခဲ့ပါသည်။ သက်တော်ရှည်သော
ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ် အမွှာမှာ မဖြစ်ဘဲ
တလုံးတခဲတည်း တည်ရပ်တော်မူ၏။]
ထို့ကြောင့် ဓာတ်တော်များကို ဖူးမျှော်ရသောအခါ၌၎င်း
ဓာတ်တော်များကိုဌာပနာထားသော စေတီ ပုထိုးတော်ကိုဖူးမျှော်
ရသောအခါ၌၎င်း ဓာတ်တော် စေတီတော်လောက်တွင် စိတ်မထား
ဘဲ (မိဘ ဘိုးဘွား၏အရိုး, သို့မဟုတ် အရိုးအိုးကို မြင်ရသောအခါ
မိဘ ဘိုးဘွားများလည်း ထင်ယောင်မြင်ယောင် ဖြစ်လာသကဲ့သို့)
သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်အောင် ဖူးမျှော်ကြပါ။
၃ (အဋ္ဌမအကြိမ်)

## PAGE 19

ရတနာ့ဂုဏ်ရည်
စေတီတော် ၄ ပါး။ ။လူတို့၏ အမြတ်တနိုး ကိုးကွယ်ရာ ဌာနကို ပါဠိလို
66
“ စေတိယ” မြန်မာလို “စေတီ”ဟု ခေါ်သည်၊ မိမိတို့ အယူဝါဒအား
လျော်စွာ ကိုးကွယ်အပ်သော သစ်ပင်ကြီး, တောကြီး, တောင်ကြီး
သဲပုံ, အုဌ်ပုံ ရုပ်တု ဟူသမျှတို့ စေတီ မည်ကြသည်သာ၊ ထို ့ကြောင့်
ယခုအခါ မြန်မာနိုင်ငံ၌ အုဌ်ပုံ သဲပုံများကိုသာ စေတီဟု ခေါ်ဝေါ်နေ
ခြင်းသည် မစုံလင်သော ခေါ်ဝေါ်ခြင်းသာတည်း၊ ထိုသို့ စေတီတော်
အမျိုးမျိုး ရှိသည်တွင် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်အပ်သော စေတီ
သည် ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂစေတီ ဟု.၄ မျိုး
ရှိ၏။
ဓာတုစေတီတော်။ ။ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ကျန်ရှိ
ရစ်သော အရိုးဓာတ်တော်များသည် ဓာတုစေတီ မည်၏၊ အရှေ့အနှစ်
အဖြစ်ဖြင့် ဘုရားရှင် ထားတော်မူခဲ့သောကြောင့် “မွေတော်”ဟုလည်း
ခေါ်ကြ၏၊ အမွေအနှစ်တော်.ဟု ဆိုလိုသည်၊ ထို ဓာတ်တော်များတွင်
အကြီးဆုံးသည် ပဲနောက်ခြမ်းခန့် ရှိ၏၊ အလတ်စား ဓာတ်တော်မှာ
ဆန်ကျိုး ဆန်ကွဲခန့် ရှိ၏၊ အငယ်ဆုံး ဓာတ်တော်ကား မုံညင်းစေ့ခန့်
ရှိသည်၊
ဓမ္မ စေတိတော် ။
။ ဘုရားရှင်၏ တရား ပိဋကတ်တော်များသည် ဓမ္မ
စေတီတော် မည်၏၊ ထို ပိဋကတ်တော်ဖြစ်သော တရားဓမ္မများသည်
ရိုသေမြတ်နိုး ရှိခိုးကိုးကွယ်ထားရုံသာမက, ထို တရားတော်အတိုင်း
ကျင့်ကြရသဖြင့် ဗုဒ္ဓဘာသာဝင်တို့အဘို့မှာ လွန်စွာ အားကိုးလောက်
သော စေတီတော်ပါပေတည်း။
-
ဥဒ္ဒိဿစေတီတော်။ ။ ဥဒ္ဒိဿဟူသော ပါဠိသည် ရည်စူးအပ် = ရည်မှန်း
အပ်သော အရာဝတ္ထုကို ဟော၏၊ ထို
 ့ကြောင့် သက်တော်ထင်ရှား
မြတ်ဘုရားကို ရည်မှန်း၍ ဘုရားရှင် ပုံဟန်တော်၏ အတု ပြုလုပ်အပ်
သော ရပ်တော်မူပုံ ထိုင်တော်မူပုံ လျောင်းတော်မူပုံကို ဥဒ္ဒိဿ စေတီ
တော်ဟု မှတ်ပါ၊ ထို ဥဒ္ဒိဿစေတီတော်များကို ရုပ်ပွားတော် ဆင်းတု
စေတီတော်ဖွင့်
"
၁၉
တော်ဟုလည်း အမည် ပေးကြသည်။ [ဘုရားရှင်၏ ရုပ်ပုံတော်ကို အတု
ပွား၍ ထားသောကြောင့် “ ရုပ်ပွားတော် ”ဟု၎င်း, ဘုရားရှင်၏
အဆင်းသဏ္ဌာန်တော်ကို အတူ ပြုထားသောကြောင့် “ဆင်းတုတော်”
ဟု၎င်း အမည်ပေးခြင်းတည်း၊ ရုပ်ပုံတော် ဆင်းတုတော်မပါဘဲ စိတ်
ထည်း၌ မှန်း၍ အာရုံပြုအပ်သော ပုံတော်ကိုလည်း “ ဥဒ္ဒိဿစေတီ
အာရုံပြုအပ်သောပုံတော်ကိုလည်း
တော်”ဟု ခေါ်နိုင်ပါသည်။ ]
"
"
ပရိဘောဂ စေတီတော် ။ ။ ဘုရားရှင်၏ အသုံးအဆောင်ကို ပါဠိလို
“ပရိဘောဂ”ဟု ခေါ်၏၊ ထို ့ကြောင့် ဓာတ်တော်ဌာပနာထားသော
အုဌ်သားစေတီတော်, ရုပ်ပွားတော် ကိန်းဝပ်ရာဖြစ်သော ပြာသာဒ်
စသည်, ဗောဓိပင်, ဘုရားရှင်၏ အသုံးအဆောင် ဖြစ်သော သင်္ကန်း
သပိတ်တော်များကို “ပရိဘောဂစေတီတော်”ဟု မှတ်ပါ။
"
"
6
6
"
"
ဘုရားက ပုထိုး။ ။ “ဘုရား-ပုထိုး”ဟူသော အသုံးအနှုန်းကို ယိုးဓယားမှ
ကူးစက်လာသောအသုံးဟု ကြံကြ၏၊ ယိုးဓယားလူမျိုးများက ဆင်းတု
စေတီတော်များကို စာရေးသောအခါ “ဝရား = ဗုဒ္ဓေါ” ဟု ရေး၍
စာဖတ်သောအခါ
ဖရား = ဗုတ်ထိုး ” ဟု အသံထွက်၏၊ ထို အသံ
ထွက်ကိုလိုက်၍ မြန်မာတို့က “ဘုရား= ပုထိုး”ဟု ရေးဟန်တူ၏။
ထို ယိုးဓယား အသုံးဖြစ်သော “ ဝရား – ဗုဒ္ဓေါ” စကား၌လည်း “ဝရ=
မြတ်သော + ဗုဒ္ဓေါ = ဘုရား၊ မြတ်သောဘုရား = မြတ်စွာဘုရား”
ဆိုလိုသည်၊ ထို ့ကြောင့် “ဝရ = ဗရား = ဘုရား” ၍ ၃ မျိုးသည် ပါဠိ
ယိုးဓယား မြန်မာ အသုံးအားဖြင့် ကွဲပြားသော်လည်း “မြတ်”ဟူသော
အနက်အားဖြင့် တူမျှ၏၊ “ဗုဒ္ဓေါ= ဗုတ်ထိုး= ပုထိုး” ဤ ၃ မျိုးလည်း
ပါဠိ ယိုးဓယား မြန်မာအသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်
ဟူသော အနက်အားဖြင့် တူမျှသည်-ဟု မှတ်ပါ။ [ယခုကာလ၌ “မုခ်ဝ
မပါလျှင် စေတီ, မုခ်ဝပါလျင်ပုထိုး” ဟု ပြောကြသည်မှာ အခြေ
အမြစ်ကို မစဉ်းစားနိုင်ခြင်းကြောင့် ဖြစ်ရလေသည်။ ]
66

## PAGE 20

ရတနာ့ဂုဏ်ရည်
ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ
ဗုဒ္ဓါနုဿတိ။ ။ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်း ပွားများရာ၌
“ဘုရားရှင်၏ ပုံဒြဗ်တော်ကိုအာရုံပြု၍ မစီးဖြန်းရ ဂုဏ်တော်ကိုသာ
အာရုံပြု၍ စီးဖြန်းရမည်”ဟု ပြောကြသည်၊ ဘုရားရှင်၏ ရုပ်ပုံတော်
သပ္ပါယ်ပုံသည် ဘဂဝါဂုဏ်တော်၌ပါဝင်သော သိရီဘုန်းတော်ပင်
တည်း၊ ထို့ကြောင့် ရုပ်ပုံတော်ဖွင့် ရောင်ခြည်တော်ဖွင့် စေတီတော်
ဖွင့် အခဏ်း ၃ ပိုင်းကို ပြန်၍ စဉ်းစားသောအခါ ဗုဒ္ဓရှင်တော်၏
အမျိုးဇာတ်အားဖြင့် ပင်ကိုယ်အတိုင်းပင် အလွန် တင့်တယ်တော်
မူပုံ, တရံတခါ ရောင်ခြည်တော် ၆ သွယ်ဖြင့် သာ၍ သပ္ပါယ်တော်
မူပုံ, ထိုမျှလောက် တင့်တယ် သပ္ပါယ်တော်မူသော ကိုယ်တော်ဖြင့်
အားလပ်ခွင့်မရအောင် သတွာများ၏အကျိုးကို ပရိနိဗ္ဗာန် စံတော်
မူချိန်အထိ ဆောင်တော်မူပုံများကို စိတ်ထည်း၌ ကြည်နူးဘွယ်ရာ
ထင်မြင်လာပါလိမ့်မည်၊ ထိုသို့ ထင်မြင်လာသော ဘုရား အာရုံကို
ပျောက်ကွယ်မသွားစေဘဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမှုကို
“ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတမျိုး”ဟု မှတ်ပါ၊ ဗုဒ္ဓဘုရားကို+အနု =
အဖန်ဖန် အထပ်ထပ် + သတိ= အမှတ်ရနေခြင်း။ ထိုအာရုံယူမှု၏
ရှေး သူတော်ကောင်းတို့ ထုံးဟောင်းတခုဖြစ်ကြောင်းကို မှတ်သား
ဘို့ရာ ဗုဒ္ဓအပဒါန် ပါဠိတော်မှ ထုတ်ပြပါဥးမည်။
IL
"
စကြာမင်း စိတ်ကူးပုံ။ ။ရှေးလွန်လေပြီးသောအခါ ငါတို့၏
ဘုရား အလောင်းတော်သည် တခုသော ဘဝဝယ် “ တိလောက
ဝိဇယ”မည်သော စကြာမင်း ဖြစ်ခဲ့ဘူး၏၊ ထိုမင်းသည် သံဃာတော်
အများနှင့်တကွ ရှေးရှေးသော ဗုဒ္ဓရှင်တော်မြတ်တို့ကို၎င်း, ပစ္စေက
စေတီတော်ဖွင့်
၂ ၁
ဗုဒ္ဓါတို့ကို၎င်း စိတ်ထဲ၌ထင်မြင်လာအောင် စိတ်ကူး၏၊ စိတ်ကူးသည့်
အတိုင်း ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍ ဥးခေါင်းညွတ်
လျက် နှစ်သက်ကြည်ညို ရိုသေစ္စာ ရှိခိုးဥးချ၏၊ ထိုမျှဖြင့် အားမရ
သေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ်အပ်သော “ ဝေဇယန္တာ
မည်သော ရတနာဗိမာန် ပြာသာဒ်တော်ကြီးကို အထပ်ပေါင်း
များစွာဆင့်လျက်.စိတ်ကူးဖြင့် ဖန်ဆင်းလိုက်၏၊ ထိုဗိမာန်ကြီးဝယ်
တင့်တယ် သားနားသော အခင်း အမျိုးမျိုးကိုလည်း စိတ်ကူးဖြင့်
ခင်းထား၏၊ သူ ့နေရာနှင့်သူ ရေပြည့်အိုး ပန်းပြည့် ရေတဂေါင်း
များကိုလည်း တည်ထား၏၊ ထို့နောက် ကျယ်ပြန့်သော တံခါးကြီး
များမှ နောက်ပါ သံဃာတော်များနှင့် တကွ ဘုရားရှင် များစွာ
ပစ္စေကဗုဒ္ဓါ များစွာတို့၏ မိမိ၏ ပင့်ဖိတ်ချက်အရ ကြွတော်မူလာ
ကြ၍ ရွှေသားအတိ ပြီးသော ပလ္လင်တော်များဝယ်
အသီး အသီး
ထိုင်နေတော်မူပုံကို စိတ်ကူးလေသည်။
လှူဒါန်းပုံ။ ။ထိုနောက် လူ့ ပြည် နတ်ပြည်၌ ရှိသမျှအထည်
ကောင်းတို့ကို စုပေါင်း ဆောင်ယူလျက် ထိုဘုရား,ပစ္စေကဗုဒ္ဓါ
ရဟန္တာ သံဃာတော်တို့အား ၃ထည်သော(တိစီဝရိုက်)သင်္ကန်းကို
လှူဒါန်း၍,
မွန်မြတ်သော ခဲဘွယ် ဘောဇဉ် ချိုချဉ်ဩဇာ အဖြာဖြာ
တို့ဖြင့် သပိတ် အသီးအသီးတို့၌ အပြည့်ထည့်၍ ဆက်ကပ်နေပုံကို
စိတ်ကူးပြန်လေသည်၊ အသီးအသီး ဆွမ်း ဘုဉ်းပေးပြီးသောအခါ
ဘုရား ပစ္စေကာ အရိယာသံဃာတော်တို့သည် ဗိမာန်ကြီး၌ အသီး
အသီးသော ရတနာတိုက်ခန်းသို့ဝင်ကာ ခေတ္တခဏမျှ ကိန်းအောင်း
တော်မူကြပြီးနောက် ကိန်းအောင်းရာမှထ၍ တချို့က ဈာန်ဝင်စား
နေပုံ, တချို့က ပြဿနာမေးပုံ ဖြေပုံများကိုပါ စိတ်ကူးလေသည်။
