## PAGE 161

66
၃ဝ၂
ရတနာ့ဂုဏ်ရည်
,,
ထင်လျက် မခံချင်တတ်သဖြင့် ခန္တီပါရမီ ပြည့်ဘို့ရန် အနှောက်
အရှက် များလှ၏၊ “ ဥစ္စာ
မရှိ — ကတိ မတည် ” ဆိုသည့်အတိုင်း
“ ဂတိသစ္စာ” ခေါ်သော သစ္စာပါရမီပြည့်ဘို့ အရေးမှာ သာ၍
ဝေးလေတော့၏၊ မိမိက အောက်ကျနောက်ကျ နေပြန်လျှင်လည်း
“ကိုယ့်ထက်သာ မနာလိုတတ်သည့်အတိုင်း ” တွေ့သမျှ အပေါ်မှာ
မေတ္တာ ပါရမီရောက်ဘို့ ခဲယဉ်းပြန်၏၊ ထို့ကြောင့် “ဒါနပါရမီသည်
ပါရမီအားလုံး၏ အခြေခံ ” ဟု ဆိုထိုက်ရကား အလောင်းတော်
အရှင်ရသေ့သည် ဖြည့်ကျင့်ဘွယ် အများတွင် ဤဒါနပါရမီကို ပဌမ
မြင်တော်မူသည်။
သီလပါရမီ။ ။မည်သူမဆို ကောင်းသော သုဂတိဘဝသို့
ရောက်ဘို့အတွက် သီလကိုသာ အားထားရ၏၊ ဒါန အဆောက်
အပြုံးက မည်မျှကြီးကျယ်နေသော်လည်း သီလမလုံခြုံလျှင်(ဒုစရိုက်
မလုံခြုံလျှင်) အပါယ်လေးဘုံက တက်နိုင်ဘွယ် မရှိချေ၊ အပါယ်
လေးပါး၌ ဖြစ်သမျှသည် သီလကင်းမဲ့မှု၏ လက်ချက်သာတည်း၊
မြောက်ကျွန်းသူ ကျွန်းသားတို့သည် ၅ ပါးသီလ အမြဲ လုံခြုံနေကြ
သောကြောင့် တစုံတယောက်မျှ အပါယ် မကျပေ၊ သီလအတွက်
ဂတိကောင်းသို့ ရောက်ပြီးမှ ဒါနက စည်းစိမ်ဥစ္စာကို ကြွယ်ဝ
ချမ်းသာစေသည်၊ ထို့ကြောင့် မြင့်မြတ်လိုသူ မှန်လျှင် ဤ သီလ
ပါရမီကိုလည်း အရေးတကြီး အားထုတ်ရမည် ဖြစ်သောကြောင့်
ဒါန၏ အခြားမဲ့၌ သီလပါရမီကို ဆက်၍ မြင်တော်မူကာ ကိုယ်
နှုတ် နှလုံး သုံးပါးလုံးကို ကောင်းစွာ စောင့်သုံးလျက် လုံခြုံသော
ကိုယ်ကျင့်သီလဖြင့် နေထိုင်ဘို့ရာ ဆုံးဖြတ်တော်မူသည်။
(အဋ္ဌမှအကြိမ်)
ဘုရားအဖြစ်တော်စဉ်
၃ဝ ၃
နေက္ခမ္မပါရမီ။ ။လောကီအာရုံ ကာမဂုဏ်ထူထပ်သော လူ
တို့၏အရပ်၌ အလွန်မြင့်မြတ်သော အထက်တန်းတရားကို မရနိုင်၊
လူသူ မခို မြိုင်ညိုစိမ့်စမ်း တောတောင်တန်း၌ ပန်းရနံ့တကြုံနှင့်
သမာဓိကို မွေးမြူပြီးလျှင် ဖြူစင်သော သီလဖြင့် တကယ်တမ်း
အားထုတ်မှ အထက်တန်းတရားကို ရနိုင်၏၊ ထို့ကြောင့် “နေက္ခမ္မ
ဟု တောထွက်မှုကိုလည်း ဂရုတစိုက် ပြုကျင့်ထိုက်သည်-ဟု ဆုံးဖြတ်
တော်မူသည်။
"
ပညာပါရမီ။ ။အသိအလိမ္မာ ပညာဉာဏ် ရှိမှသာ ဒါန
သီလစသော ပါရမီများ၏ အကျိုးကို သိမြင်၍ ဖြည့်ကျင့်လိုသော
စိတ်များ ဖြစ်ပေါ်နိုင်ပေမည်၊ “ ပညာရဲရင့် ပွဲလယ်တင့် ” ဆိုသည့်
အတိုင်း တကယ့် ပညာရှိသူတို့၏အလယ်မှာ တကယ် ပညာရှိသူသာ
တင့်တယ်နိုင်သည်၊ ဗူးလုံး နားမထွင်း အဖျင်း အ-အ ပညာပိုင်းက
အောက်တန်းကျနေလျှင် စည်းစိမ်ရှင်ပင် ဖြစ်သော်လည်း အထက်
တန်းသို့ မတက်လှမ်းနိုင်၊ ကမ္ဘာကိုလွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ္တိ
မှာ ဉာဏ်ပညာသာတည်း၊ မြေလျှိုးမိုးပျံနိုင်သော ဈာန်အဘိညာဉ်
ဟူသည်လည်း ဤဉာဏ်ပင်ဖြစ်၏။
တသံသရာလုံးက ပါလာသော ကိလေသာ အာသဝေါတွေကို
ကုန်ခန်းစေနိုင်သောတရား ဟူသည်လည်း မဂ်ပညာ ဖိုလ်ပညာပင်
ဖြစ်၏၊ အချုပ်အားဖြင့် ဘုရားအဖြစ် ဟူသည်မှာ သဗ္ဗညုတဉာဏ်
ပညာတော်ကြီးပင် ဖြစ်၏၊ ဤ ပညာပါရမီ ရင့်သန်လာအောင်ကား
ထိုထို ကောင်းမှုကို ပြုတိုင်းလည်း မိမိစိတ်က ဉာဏ်ပညာဘက်သို့
ညွတ်ကိုင်း တောင့်တလျက်ရှိရမည်၊ တကယ့် ပညာရှိထံ ချဉ်းကပ်၍
(အဋ္ဌမအကြိမ်)

## PAGE 162

၃ဝ၄
ရဟနာ့ဂုဏ်ရည်
မပြတ်မလတ် စုံစမ်းမေးမြန်းလေ့ ရှိရမည်၊ ထို့ကြောင့် အလောင်း
တော် အရှင်ရသေ့သည် ဤ ပညာပါရမီကိုလည်း ၄ ကြိမ်မြောက်
မြင်တော်မူ၍ ကောင်းစွာဖြည့်ကျင့်ဘို့ ဆုံးဖြတ်တော်မူပြန်သည်။
ဝီရယပါရမီ။။ပညာက မည်မျှလောက် ရှိနေသော်လည်း
လုံ့လဝီရိယ ကင်းမဲ့ပြန်လျှင် စိတ်ကူးနေရုံမျှဖြင့် မည်သည့် အကျိုး
ကိုမျှ ရလိမ့်မည် မဟုတ်ပါ၊ ယခင်က ပညာတွေသည် ဝီရိယအဖေါ်
ကောင်းမှသာ လိုရာအကျိုးကို ပြီးစေနိုင်ပါသည်၊ အထက်တန်း
ရောက်သူဟူသမျှ ဝီရိယကင်းသည့် အပျင်းသမား အပြောသမား
မဟုတ်ကြချေ၊ ထို့ကြောင့် ပညာနှင့် အတူ ဝီရိယပါရမီ
ကိုလည်း
ဖြည့်ကျင့်တော်မူဘို့ရန် ၅ ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
ခန္တီပါရမီ။ ။မြင့်မြတ်သော အထက်တန်းကို ရည်မှန်းသော
ပုဂ္ဂိုလ်သည် ဆန့်ကျင်ဘက် ရန်သူနှင့် မတွေ့နိုင် ဟူ၍ မမှတ်သင့်၊
ကိုယ့်ထက်သာလျှင် မနာလိုလေ့ ရှိကြသော ဤ သံသရာကြီးထဲမှာ
သာ၍ပင် တွေ့ကြုံတတ်သေး၏၊ မိမိ၏ ဆန့်ကျင်ဘက်တွေကို တုပြိုင်
နေပြန်လျှင်လည်း ခရီးတွင်မည် မဟုတ်ပါ၊ မိမိကို မနာလိုသူဟူသမျှ
ရန်သူဟု သဘောမထားဘဲ ခန္တီပါရမီပြည့်အောင် တဖက်တလမ်း
က ကူညီနေသူဟုသာ သဘောထားလျှင် အလွန် စိတ်သက်သာပါ
သည်၊ ထို့ကြောင့် ခန္တီပါရမီကိုလည်း တွေ့ကြုံရာတိုင်း၌ ဖြည့်ကျင့်
ဘို့ရန် ၆ ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
"
သစ္စာပါရမီ ။ ။ ဤ လောကဝယ် သစ္စာ မရှိသူလောက်
ကြောက်စရာကောင်းသူ မရှိပါ၊ “ လူရုံသတ် သေတတ် ” ဟူသော
စကားသည် သစ္စာမတည်သူများကို စွဲ၍ဖြစ်လာသော စကားတည်း၊
ဘုရားအဖြစ်တော်စဉ်
၃ဝ၅
သစ္စာမရှိသူသည် မည်သည့်အခါမျှ အထက်တန်းသို့ မရောက်နိုင်၊
သစ္စာတရားသည် လွန်စွာ အစွမ်းထက်မြက်၏။ လောင်လာသောမီး
တိုးလာသော, တက်နေသော အဆိပ်ကိုပင် သစ္စာ စကားဖြင့်
လျှောကျစေနိုင်’ရပ်တန့်စေနိုင်သည်၊ တကယ် မြင့်မြတ်သူမှန်လျှင်
ဧကန်သစ္စာရှိထိုက်ရကား သစ္စာပါရမီ ဖြည့်ဘို့ရန်ကိုလည်း ၇ ကြိမ်
မြောက် ဆုံးဖြတ်တော်မူပြန်သည်။
အဓိဋ္ဌာနပါရမီ။ ။မြင့်မြတ်သောအကျိုးကို မြှော်ကိုးသူသည်
တော်တော်တန်တန်နှင့် စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲဇွဲကောင်းကောင်းနှင့်
အားထုတ်ရ၏၊ထိုသို့အားထုတ်မှသာ ထိထိရောက်ရောက်ပြီးမြောက်
နိုင်၏၊ ထို
 ့ကြောင့် ကုသိုလ်ကောင်းမှု၌ ဇွဲကောင်းဘို့ရန် အဓိဋ္ဌာန်
ပါရမီကိုလည်း ရှစ်ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
မေတ္တာပါရမီ။ ။မြင့်မြတ်သောအဖြစ်ကို ရလိုပါလျှင် သတွာ
တိုင်း၏ အပေါ်၌ မေတ္တာကင်းမဲ့လို ့ မတော်ပါ၊ အချို့ အပေါ်မှာ
အကျိုးလိုလား မေတ္တာပွားလျက် အချို့ အတွက်မှာ မေတ္တာကင်း
ပြီးလျှင် ကွက်တိ ကွက်ကျား မေတ္တာပွားသူကို မြင့်မြတ်သူဟု မဆို
ထိုက်ပါ၊ ထို ့ကြောင့် အားလုံး သတွာတို့၏ အကျိုးကို အညီအမျှ
လိုလားသော မေတ္တာပါရမီ ကိုလည်း ကြိုးစား ဖြည့်ကျင့်ဘို့ရန်
၉ ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။
ဥပေက္ခာပါရမီ။ မြင့်မြတ်သော တရားထူးကို ကြိုးစား၍
ရှာဖွေသူသည် မိမိကို ဂရုစိုက်ကာ အရေးပါနေသူများ
အတွက်
နောက်ဆံတင်းလျက် မခွါရက်အောင် ဗျာပါရ များနေလို ့လည်း
မဖြစ် မလိုမုန်းထားသူများ ကိုလည်း ဂရုတစိုက် အရေးမယူထိုက်၊
၂၅ (အဋ္ဌမအကြိမ်)

## PAGE 163

၃ဝ၆
ရတနာ့ဂုဏ်ရည်
ပန်း နံ့သာ တင်သ၍နေသော်လည်း ဝမ်းမသာ, မစင်ဘင်ပုပ် စွန့်
သွားသည်ကိုလည်း အရေးမကြီးသော မဟာပထဝီ မြေကြီးကဲ့သို့
မုန်းချစ်မပြု လျစ်လျူ ရှုနိုင်ရပေသည်၊ ထို ့ကြောင့် ဥပေက္ခာပါရမီ
ကိုလည်း အခွင့်အားလျော်စွာ ဖြည့်ကျင့်ဘို့ရန် ၁ဝ ကြိမ်မြောက်
ဆုံးဖြတ်တော်မူပြန်သည်။
အလောင်းဘုရားသည် ဤ ပါရမီတော်များအပြင် ဆင်ခြင်သော်
လည်း ဖြည့်စရာ မြင်တော်မမူသောကြောင့် ဤ ပါရမီဆယ်ပါးကို
အစက အဆုံး, အဆုံးက အစ, ထပ်ကာ ထပ်ကာ ဆင်ခြင်တော်
မူပြန်ရာ လွန်စွာအားရတော် မူလှသဖြင့် ဆင်ခြင်တော် မူသော
ဉာဏ်တော်၏ အစွမ်းကြောင့် ဤ မဟာပထဝီ မြေကြီးသည် (မြေ
စောင့်နတ်သည် ) ကောင်းချီးမင်္ဂလာ ဩဘာပေးသော အနေဖြင့်
ယန္တရားစက်ကို လှည့်လိုက်သကဲ့သို့ သွက်သွက်ခါအောင် တုန်လှုပ်
ရလေသည်၊ အလောင်းဘုရားလည်း ထို ပါရမီများကို ဖြည့်ကျင့်
ဘို့ရန် ဟိမဝန္တာသို့ ပြန်ကြွတော်မူလေသည်၊ ထိုဘဝမှ စုတေသော်
ဗြဟ္မာ့ပြည်သို့ ရောက်၍ ထို့နောက် ကမ္ဘာပေါင်း များစွာ၌ သင့်ရာ
သင့်ရာ ပါရမီတော်များကိုလည်း ထူးထူးခြားခြား ဖြည့်ကျင့်တော်
မူခဲ့ပေသည်။
သိဝိဇာတ်တော်နှင့် ဒါနပါရမီ။ အလောင်းဘုရားသည်
ဝိမင်းဘဝ၌ နေ့စဉ်နှင့်အမျှ သိန်းပေါင်း များစွာကို အကုန်ခံ၍
လှူနေရသော်လည်း တင်းတိမ် အားရတော် မမူနိုင်သောကြောင့်
ငါ့မှာ လူရိုးလှူစဉ် ဒါန၌ မလှူဘူးတာ မရှိတော့ပြီ၊ ယခုအခါ
မျက်လုံးကို အလှူခံလာလျှင် လှူချင်စမ်းပါဘိတော့” ဟု အကြံဖြစ်
(အဋ္ဌမအကြိမ်)
66
ဆုတောင်းခဏ်း အဖွင့်
၃၀ ၇
လေသည်၊အကြံကို သကြားမင်းသိသဖြင့် မျက်မမြင်ပုန်ဏားယောင်
ဟန်ဆောင်ပြီးလျှင် မျက်လုံးတဖက်ကို အလှူခံရန် လာလေသော်
“ငါ၏အကြံ အထမြောက်တော့မည်”ဟု ဝမ်းမြောက်တော်မူလျက်
သမားတော်ကို ခေါ်စေပြီးလျှင် မျက်လုံး တဖက်ကိုသာ အလှူခံ
သော်လည်း ၂ ဖက်လုံးကို ထုတ်၍ ဆက်သဘို့ရန် အမိန့်ပေးတော်
မူသောအခါ…
သမားတော်။ ။အရှင်မင်းမြတ်…မျက်လုံးတော်ကို မလှူသင့်ပါ၊
အခြားသော နည်းဖြင့် ဤ ပုန်ဏားကို ချမ်းသာအောင်
ထားနိုင်ပါသည်၊ ဘုရင်မင်းမြတ်ဆိုသည်မှာ မျက်လုံး ကွယ်
နေလို ့ မတင့်တယ်ပါ။
မင်းတရား။ ။သမားတော်… စကားမများနဲ, မျက်လုံးကိုသာ
ထုတ်၍ဆက်ပါ။[ ့အမျိုးမျိုးသော နည်းဖြင့် တောင်းပန်
သော်လည်း မရသောကြောင့် သမားတော်သည် မျက်လုံး
အစုံကို ´ဆေးဖြင့် သုတ်လိမ်း လိုက်ရာ တခါထည်းဖြင့်
မျက်လုံးများ စူ၍လာလေသည်။]
သမားတော်။ ။အရှင်မင်းမြတ်... ပင်ကိုယ်အတိုင်း ဖြစ်အောင်
တတ်နိုင်ပါသေးသည်၊ စဉ်းစားတော်မူပါ။
မင်းတရား။ ။သမားတော်..စကားမများနဲ ့ထုတ်သာထုတ်လိုက်၊
ထို့နောက် ဆေးဖြင့် ထပ်၍ တို့လိုက်ပြန်ရာ မျက်လုံးတော်
ဖက် အပြင်သို့ထွက်၍ မျက်ကြောမျှင်များဖြင့် အောက်သို့
ကျလာလေသည်။]
၂
(အဋ္ဌမအကြိမ်)

## PAGE 164

၃၀၀
ရတနာ့ဂုဏ်ရည်
သမားတော်။ ။အရှင်မင်းမြတ်….စဉ်းစားတော်မူပါ၊ ပင်ကိုယ်
အတိုင်း ဖြစ်အောင် တတ်နိုင်ပါသေးသည်။
မင်းတရား။ ။ ( ဆတ်ဆတ်တုန်အောင် နာကျင်သည်ကိုမျှ ဂရု
စိုက်တော်မမူဘဲ) စကားမများနဲ့ သမားတော်, ဖြတ်သာ
ဖြတ်လိုက်ပါ။
ထို့နောက် မည်သည့်နည်းနှင့်မျှ တောင်းပန်၍ မရသောကြောင့်
မျက်ကြောများကို
ဒါးဖြင့်ဖြတ်လျက် မျက်လုံး ၂ ဖက်ကို ဆက်ရရှာ
လေသည်၊ ထိုအခါ မင်းတရားသည် မျက်စိမမြင်ဘဲလျက် နှစ်သက်
ရွှင်ပျစွာ မျက်လုံးတော် ၂ ဖက်ကို ပုန်ဏားလက်သို့ လှူတော်မူရှာ
သည်။ [သိဝိမင်းကား ဘုရားအလောင်း, သမားတော်ကား အရှင်
အာနန္ဒာအလောင်းတည်း။]
ဤသို့လျှင် မျက်လုံးကို ထုတ်၍ထုတ်၍ လှူခဲ့သည်မှာ မိုးပေါ်က
ကြယ်တွေထက်ပင် များပါသေး၏၊ အသားတော်ကို လှူခဲ့သည်မှာ
ဤ မဟာပထဝီ မြေကြီးထက်ပင် များပါသေး၏၊ အသွေးတော်ကို
လှူခဲ့သည်မှာ သမုဒြာရေထက်ပင် များပါသေး၏၊ ဝေဿန္တရာမင်း
အဖြစ်၌ကား ဘုရားရှင်၏ ဒါနတော်ကို ကြည်ညို၍ အားမရအောင်
ရှိပါတော့သတည်း။
။ ဘုရား
အလောင်း
သင်္ခပါလ နဂါးမင်းနှင့် သီလပါရမီ ။
တော်သည် သင်္ခပါလနဂါးမင်း ဖြစ်စဉ်က “ ငါ၏ အရေ အသား
အကြော
အရိုးများကို အလိုရှိသူ ယူစေတော့”ဟု မိမိကိုယ်ကို စွန့်၍
လူတို့ သွားလာရာ လမ်း၏အနီး တောင်ပို့ ကြီး အပေါ်မှာ သီလ
ဘုရားအဖြစ်တော်စဉ်
၃ ဝ ၉
ဆောက်တည်၍ နေလေသည်၊ မုဆိုး၏ သားတို့သည် ထို နဂါးမင်းကို
မြင်လျှင် အနီးသို့ချဉ်းကပ်၍ အချို့က လှံဖြင့်ထိုး, အချို့က စိုဖြ
နှက် နှာခေါင်းနှစ်ဖက်ကိုထိုး၍ နဖါးကြိုးတပ်သူကတပ်ပြီး ဆိုင်းဖြင့်
ထမ်းဆောင် သွားကြလေရာ, ရန်မူလိုပါလျှင် နှာခေါင်းမှ လေကို
မှုတ်လိုက်ရုံမျှဖြင့် တော တောင်နှင့်တကွ သမုဒြာ ရေအပြင်ကိုပါ
မီးဟုန်းဟုန်း ထစေနိုင်ပါသော်လည်း အသက်ကို စွန့်၍ သီလကို
စောင့်တော်မူရှာ ပေသည်၊ ဤသို့ သီလပါရမီ ဖြည့်ကျင့်တော်မူရာ
ဇာတ်တော်ပေါင်း များစွာကိုလည်း ကြည်ညို၍ အားမရနိုင်အောင်
ရှိပါတော့သတည်း။
မဟာဇနကဇာတ်တော်ကဲ့သို့ ထီးနန်း စည်းစိမ်ကြီးကိုပင် စွန့်ခွါ
တော်မူလျက် တောသို့ ထွက်ကြွ၍ နေက္ခမ္မပါရမီကို ဖြည့်ကျင့်တော်
မူပုံ, မဟောသဓ ဇာတ်တော်ကဲ့သို့ ပညာပါရမီတော် အစွမ်းဖြင့်
သတ္မွာများချမ်းသာအောင် ရွက်ဆောင်တော် မူခဲ့ပုံတို့မှာ အားကျ
ဘွယ်ရာ ကြည်ညိုဘွယ်ရာ ကောင်းလှပါပေသည်။
L
ဝီရိယပါရမီနှင့် မဟာဇနက။ ။အလောင်းဘုရားသည် မဟာ
ဇနကမင်းသား ဖြစ်စဉ်က ၁၆ နှစ်အရွယ်၌ ကြီးကျယ်သော ရွက်
သ င်္ဘောကြီးဖြင့် လူပေါင်း ခုနစ်ရာနှင့်အတူ သမုဒြာကို ကူးတော်
မူလေသည်၊ ခုနစ်ရက်လောက် အကြာ၌ လှိုင်းလေဟုန် အတွက်
ရွက်သင်္ဘောကြီး
ပျက်သဖြင့် လှိုင်းဂရက် အလယ်မှာ လူပေါင်း
ခုနစ်ရာလုံး ပြုတ်ပြုတ်ပြုန်းလျက် လုံးလုံးကြီး ငါး လိပ်တို့၏
ဖြစ်ကြလေသည်၊ ကျယ်ဝန်းသော ရေအပြင်သည် သွေးချင်းချင်း
နီနေ၏၊ အလောင်းတော့ကလေးကား အနည်းငယ်မျှ ကြောက်ရွံ့
အစာ

## PAGE 165

၃၁၀
ရတနာ့ဂုဏ်ရည်
တွန့်ဆုတ်ခြင်း
မရှိဘဲ ဝီရိယသန်သန်ဖြင့် မှန်မှန်ကြီး ကူးတော်မူကာ
ဝီရိယအစွမ်းကို ပြတော်မူခဲ့ပါသည်။
ဘုရားအလောင်း
ဓမ္မပါလ ဇာတ်တော်နှင့် ခန္တီပါရမီ ။
တော်၏ ဓမ္မပါလမင်းသားကလေးဘဝတုန်းက ခန္တီပါရမီဖြည့်ကျင့်
တော်မူပုံမှာ ကြားရသူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေ ပါသည်၊
ခမည်းတော်သည် ဒေဝဒတ်အလောင်း ဖြစ်သော မဟာပတာပမင်း
ဖြစ်၍ မယ်တော်ကား မိထွေးတော်ဂေါတမီအလောင်း ဖြစ်သော
စန္ဒာဒေဝီ မိဖုရားတည်း။
တနေ့သ၌ မိဖုရားသည် ၇ လ အရွယ်မျှသာ ရှိသေးသော
လ
သားတော်ကလေးကို ရေမိုဃ်းချိုးပေးကာ နံ့သာလိမ်းကျံ၍ အလွန်
ပျော်ရွှင်စွာဖြင့် ချော့မြူနေတုန်းဝယ် မိမိအဆောင်တော်သို့ မဟာ
ပတာပမင်း ရောက်လာသည်ကို ခရီးဥုးကြို မပြုမိချေ၊ ထိုအခါ၌
66
,,
သူ ့သား ငယ်စဉ်ကပင် ငါ့ကို ဂရုမစိုက်လျှင် သူ့ သား ကြီးရင့်
သောအခါ ငါ့ကို လူထင်တော့မှာ မဟုတ် ” ဟု မဆိုင်သော သား
အပေါ်မှာ ရန်သူလုပ်လျက် ပြင်းစွာ အမျက်ထွက်၍ မိမိ အဆောင်
တော်သို့ ပြန်သွားပြီးလျှင် သူသတ်ယောက်ျား အာဏာသားတို့ကို
ခေါ်၍ သားတော်ကို အယူခိုင်းပြီးနောက် နန်းကြမ်းပြင်မှာ ချထား
စေလေသည်။
မိဖုရားသည်လည်း ရှင်ဘုရင်စိတ်ဆိုးသွားသည်ကို သိ၍ ပြင်းစွာ
ငိုကြွေးလျက် သားတော်ကလေးနောက်မှ လိုက်လာ၍ အမျိုးမျိုး
တောင်းပန်တုန်းမှာပင် လက်ကလေးနှင့် ခြေကလေးများကို အဖြတ်
ခိုင်းလေ၏၊ ထိုအခါ မိဖုရားက လက်ပြတ် ခြေပြတ်ကလေးများကို
မှား,
ဘုရားအဖြစ်တော်စဉ်
"
၃၁၁
ကောက်ယူလျက် ရင်ခွင်မှာ ထားပြီးလျှင် “ ကိုင်း……… ယခုမှဖြင့်
သားတော်ကလေးက အရှင်မင်းကြီးကို ရန်မပြုနိုင်တော့ပါ၊ သည်
ကလေးနှင့်ပင် တော်ရာကို သွားပြီး လုပ်ကိုင် စားသောက်ပါရစေ
တော့” ဟု ပြောဆိုကာ သားတော်ကို တောင်းရှာလေသည်။
သားကလေးကား မိမိဘခင် ရှင်ဘုရင့်အပေါ်မှာ စိတ်မျှ မပြစ်
လက် ခြေကို ဖြတ်ထားသော်လည်း သနားစဘွယ်မျက်ရည်မျှ
မလယ်မူ၍ တင့်တယ်သော မျက်နှာဖြင့် သည်းခံခြင်း တရားကိုသာ
များများကြီး အသုံးပြုတော်မူရှာပေသည်။ [... အလောင်းတော်
ကလေး ဘုရာ့ “အားရပါးရ နှိပ်စက်သောဒဏ်ကို သည်းခံ၍ နေရ
ခြင်းသည် ခန္တီပါရမီတမျိုး ပြည့်တာဘဲ ” ဟု စိတ်ထဲ၌ တွေးကာ
စိတ်မနာဘဲ ဝမ်းသာတော်မူပါသလား ဘုရာ့၊ ဤမျှလောက် ဒုက္ခ
ကြီးကိုပင် ပါရမီပြည့်မဲ့ အရေးကို တွေးကာ ကျေနပ်တော်မူနေပါ
သလား ဘုရာ့။
ထိုမျှနှင့် အားမရသေးဘဲ ဥုးခေါင်းကို အဖြတ်ခိုင်းပြန်လေရာ
မယ်တော်မှာ မခံသာလှ၍ “ မိမိ၏ ဥုးခေါင်းကိုသာ ဖြတ်လိုက်ပါ
တော့”ဟု အာဏာသားအထံ ချဉ်းကပ်ကာ ဥုးခေါင်းကို စင်းထား
လေ၏၊ သို့သော် မိဖုရားကို မဖြတ်ဘဲ သားတော်ကလေးကို အဖြတ်
လိုက်တွင် မိဖုရား အသဲကွဲ၍ စုတေပွဲ ဝင်ရှာလေသည်၊ မိဖုရားကြီး
စုတေပြီးနောက် ရှင်ဘုရင်လည်း မနေတံတ်မထိုင်တတ်ဖြစ်ကာ ရာဇ
ပလ္လင်ပေါ်မှဆင်း၍ နန်းကြမ်းပြင်သို့ လျှောက်လေရာ ပျဉ်ချပ်တွေ
ကွဲရာမှ မြေသို့အကျတွင် မြေတွင်းသို့ဝင်ကာ အဝီစိသို့ သွားရလေ
တော့သည်။
