## PAGE 166

၃ ၁၂
ရတနာ့ဂုဏ်ရည်
<
မဟာသုတသောမဇာတ်နှင့် သစ္စာပါရမီ ။ ။ အလောင်း
တော်၏ မဟာ သုတသောမမင်း ဖြစ်စဉ်တုန်းက သစ္စာပါရမီကို
ဖြည့်ကျင့်တော်မူပုံမှာလည်း အတုယူစရာ ကြည်ညိုစရာ ကောင်းလှ
ပေသည်၊ ဗြဟ္မဒတ်မင်း
အဖြစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေရာမှ
လူသားစားမှုအတွက် တိုင်းပြည်က နှင်ထုတ်ခံရ၍ “ပေါရိသာဒ”
ဟု ထင်ရှားခဲ့သော နန်းကျဘုရင်သည် ပြည်ညောင်ပင်အောက်မှာ
နေလျက် တောသွား တောလာလူများကို ဖမ်းယူ စားသောက်လေ့
ရှိ၏၊ အခါတပါးဝယ် အတော် ဝဖြိုးသော ပုန်ဏားကို ဖမ်းယူ၍
ပြေးစဉ် ရှားငုတ်တိုစူးသဖြင့် မသွားနိုင်၍ လူသားကိုမစားရသော
ကြောင့် ညောင်ပင်စောင့်နတ်အား “အရှင်နတ်မင်း...ကျွန်ုပ် အနာ
ပျောက်အောင် စောင့်ရှောက်တော်မူပါ, ၇ ရက်အတွင်း အနာ
ပျောက်လျှင် တရာ့တယောက်သော မင်းတို့၏ အသွေးအသားဖြင့်
ယဇ်ပူဇော်ပါမည် ” ဟု တိုင်ကြားလေသည်၊ အစာမစားရသဖြင့်
၇ ရက်အတွင်းမှာ အနာ သွေ့ခြောက်၍ အလိုလို ပျောက်သည်ကို
ညောင်ပင်စောင့် နတ်က ကယ်မသည် ဟု ထင်သဖြင့် မဟာသုတ
သောမမင်းမှတပါး အခြားသောမင်းများကို ဖမ်းယူပြီးလျှင် *ယဇ်
ပူဇော်ရန် ပြင်ဆင်၍ ထားလေသည်။
☑
*ရှင်ဘုရင်များကို ဖမ်းရာ၌ ရှေးဘဝက မိတ်ဆွေ ဖြစ်ခဲ့ဘူးသော ဘီလူး
ထံမှ မန္တန်ကို ရ၍ ထို မန္တန်အစွမ်းဖြင့် အလွယ်တကူ ဖမ်းယူနိုင်သည်၊
သုတသောမမင်း ကိုကား တက္ကသိုလ်ပြည်၌ ပညာ သင်စဉ်တုန်းက
မိတ်ဆွေလည်းဖြစ်, လက်ထောက် ဆရာလည်း ဖြစ်ဘူးသောကြောင့်
မဖမ်းယူဘဲ ချန်ထားလေသည်။
ဘုရားအဖြစ်တော်စဉ်
၃ ၁ ၃
ထို ့နောက် ညောင်ပင်စောင့် နတ်ကလည်း မင်းတို့၏ အသွေး
အသားများကို ပူဇော် မခံလိုသောကြောင့် သကြားမင်း၏ အကြံ
ပေးချက်အရ ကိုယ်ထင်ပြလျက် သုတသောမမင်း
မပါလျှင် သင်၏
အပူဇော် မခံနိုင်ကြောင်းကို ပြောပြလေသော်, ထိုစကားအရ သုတ
သောမမင်းကို မဖမ်းလျှင် မဖြစ်တော့၊ ထို့ကြောင့် သုတသောပမင်း
ခေါင်းဆေးမင်္ဂလာ ပြုမည့်နေ့၌ မင်္ဂလာ ကန်တော် အတွင်းဝယ်
ပုန်းအောင်းလျက် ရေသုံးသပ်အပြီးတွင် ဗြုံးကနဲ ထွက်၍ “ငါဟ’
ပေါရိသာဒတဲ့ ” ဟု ကျယ်စွာသောအသံကို ပြုလျက် သန်လျက်ကို
ဝင့်ကာ သုတသောမမင်းကို ထမ်း၍ စစ်တပ်အကြားမှ ထွက်သွား
လေသည်။ထိုခေတ်က ပေါရိသာဒဆိုလျှင် အားလုံးလိုလို လန့်နေ
ကြသောခေတ်ဖြစ်၍မည်သူမျှမလှုပ်ဝံ့ဘဲပြားပြားဝပ်နေကြသတဲ့။]
"
"
သုတသောမမင်း ခေါင်းဆေးမင်္ဂလာပြုရန် ထွက်လာစဉ်တုန်းက
ပုန်ဏားတယောက်သည် တဂါထာလျှင် တရာ တန်သော ဂါထာ
ပုဒ်ကို ရွှေနားတော် သွင်းလိုကြောင်း ခွင့်တောင်းလေသော်,
“ခေါင်းဆေးမင်္ဂလာ ပြုပြီး နောက်တရက်မှ ကြားနာပါမည်” ဟု
ဝန်ခံထား၏၊ ပေါရိသာဒကဖမ်းသွားစဉ် ထို ဝန်ခံချက်ကို သတိရ၍
ညောင်ပင်အောက်သို့ ရောက်သောအခါ ထိုဂါထာကိုနာယူပြီးလျှင်
ပြန်လာခဲ့ပါမည်ဟု ယုံကြည်လောက်အောင် ပြောပြ၍ ပေါရိသာဒ
ထံမှ ခွင့်ရလေသည်။
ထို ့နောက် တိုင်းပြည်သို့ ပြန်သွား၍ ဂါထာများကို နာယူကာ
တဂါထာကို တထောင်ကျ ဆုတော်များကို ပေးသနားလေသည်၊
ထို့နောက် တိုင်းပြည်ကို ခမည်းတော်ထံ အပ်နှံ၍ တိုင်းသူပြည်သား

## PAGE 167

၃ ၁ ၄
"
ရတနာ့ဂုဏ်ရည်
"
လူအများတို့က တားကြသော်လည်း “ ပြန်လာပါမည်” ဟူသော
ကတိသစ္စာကို မဖျက်ဘဲ “ ဧကန် သတ်မှာဘဲ ” ဟု . သိတော်မူပါ
လျက်နှင့် ပေါရိသာဒအထံသို့ ဆက်ဆက်ကြီး ပြန်လာတော် မူခဲ့
ပေသည်။ [ ဤနေရာ၌ အသက်စွန့်၍ သစ္စာပါရမီ ဖြည့်ပုံကို သတိ
ထားရာ၏။
ဟု
ပေါရိသာဒလည်း မကြောက်မရွံ့ ရဲဝံ့စွာ ပြန်လာပုံကို အံ့ဩ၍
ဘယ်အတွက် မကြောက်ပါလိမ့် မည်နည်း” ဟု စဉ်းစားရာ
နာယူခဲ့သော ဂါထာ၏ တန်ခိုးများပင် ဖြစ်လေရော့ သလား ဟု
အောက်မေ့၍ ထိုဂါထာများကို နာယူလိုကြောင်း ခွင့်တောင်းလေ
သည်၊ ထိုဂါထာများကို နာယူပြီးသောအခါ စိတ်ပြောင်းသွားကာ
“ထိုဂါထာများကို ဟောပြသည့်အတွက် အလိုရှိရာဆုကိုယူပါ” ဟု
တောင်းပန်လေသော်……သုတသောမမင်းသည် ဖမ်းထားသော မင်း
အများကို လွှတ်ဘို့နှင့်တကွ အခြားဆုများကို တောင်း၏၊ ထိုအခါ
အစက ငြင်းသော်လည်း တဖြည်းဖြည်း စိတ်ပြောင်းကာ တရာသော
မင်းအပေါင်းကို-လွှတ်ပြီးနောက် သုတသောမမင်း၏ အဆုံးအမကို
နာခံ၍ လူသားစားမှုကိုပါ ရှောင်ကြဉ်လေသည်၊ ထို့နောက် မူလ
တိုင်းပြည်သို့ ပြန်ရောက်၍ မင်းအဖြစ်ကို ရပြီးနောက်မှ တရာသော
မင်းများလည်း ဆိုင်ရာတိုင်းပြည်သို့ ပြန်သွားကြလေသည်။
အမှာ။ ။ဤဇာတ်၌ အလောင်းတော်၏ သစ္စာပါရမီသည်
အသက်ကိုစွန့်၍ ဖြည့်ကျင့်အပ်သော ပါရမီတော်တည်း၊ ထို ပါရမီ
တော်၏ အစွမ်းကြောင့် အားလုံးသော မင်းများလည်း လွတ်လပ်
ချမ်းသာခွင့် ရကြလေသည်။
ဘုရားအဖြစ်တော်စဉ်
၃၁၅
အဓိဋ္ဌာန်ပါရမီ စသည်။ ။အလောင်းတော်၏ တေမိမင်းသား
ဘဝတုန်းက တောထွက်လိုသော ဆန္ဒတော်ကြောင့် – အ-ယောင်
ဆွီယောင် နားပင်းယောင် ဆောင်မည် ” ဟု အဓိဋ္ဌာန် ပြုပြီးလျှင်
တဆယ့်ခြောက်နှစ် တိုင်အောင် စမ်းသပ်မှု အမျိုးမျိုးကို သည်းခံ
အောင့်အည်းလျက် အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်တော်မူပုံမှာလည်း
အံ့ဩဘွယ် ကောင်းလှပါသည်။
မေတ္တာပါရမီ ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော် မူခဲ့ရသည်
မှာလည်း ဘဝပေါင်း များစွာတည်း၊ ထို ပါရမီ ၁၀ ပါးကို လေး
အသင်္ချေနှင့် ကမ္ဘာတသိန်းတိုင်အောင် ဖြည့်ကျင့်တော် မူပြီးနောက်
ဝေဿန္တရာမင်းအဖြစ်သို့ အရောက်မှာ ပြည့်စုံ လုံလောက်ပြီ ဖြစ်၍
ထိုမှတဖန် တုသိတာနတ်ပြည်၌ နတ်မင်း အဖြစ်ဖြင့် စိုးစံတော်မူ
လေသည်။
ပဋိသန္ဓေ တည်နေတော်မူခဏ်း ။
နတ်သက် စေ့သော
အခါ တသောင်းသော စကြာဝဠာမှ နတ်ဗြဟ္မာ အပေါင်းတို့သည်
လူ့ပြည်၌ ပဋိသန္ဓေ တည်နေတော်မူလျက် ဘုရား ဖြစ်တော်မူ၍
သတ္တာအများကို ကယ်ဆယ်တော်မူပါရန် တောင်းပန်ကြသဖြင့်
ကပိလဝတ် * နေပြည်တော်ဝယ် “ မယ်တော်မာယာ” မိဖုရား၏
ဝမ်းတိုက်၌ စွဲပိုက်သန္ဓေ တည်နေတော်မူလေသည်။
။
။
☑
*ကပိလဝတ်နေပြည်တော်ကား ယခုအခါ အိန္ဒိယမြောက်ပိုင်း နီပေါ
နယ်တွင်းမှာ ရှိ၏၊ ဟိမ၀န္တာနှင့် တော်တော်နီးသတဲ့၊ ထိုစဉ်က ကပိလဝတ်
နေပြည်ကို သုဒ္ဓေါဒနမဟာရာဇာသည်“မာယာဒေဝီ, ဂေါတမီ” ဟူသော
ညီမတော် ၂ ပါးကို သိမ်းပိုက်၍ စိုးစံတော် မူလေသည်၊ ကမ္ဘာဥုးက

## PAGE 168

၃ ၁၆
ရတနာ့ဂုဏ်ရည်
မီးရှူး သန့်စင်တော်မူခဏ်း ။ ။ ဝါဆိုလပြည့်နေ့ဝယ် ပဋိ
သန္ဓေ နေတော်မူခဲ့၍ ဆယ်လစေ့ရာ ကဆုန်လပြည့်နေ့၌ မယ်တော်
မာယာသည် ဆွေတော် မျိုးတော်များနေထိုင်ရာ ဒေဝဒဟပြည်သို့
သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းထံခွင့်တောင်း၍ မင်းခမ်းမင်းနား
ခင်းကျင်းလျက် ထွက်တော်မူခဲ့ပြီးလျှင် “ လုမ္ဗိနီ ” ခေါ် အင်ကြင်း
ဥယျာဉ်တော်၏ သာယာပုံကို မြင်တော်မူသဖြင့် ရှုစားတော်မူရန်
ခေတ္တ ဝင်တုန်းမှာပင် ကမ္မဇလေ လှုပ်ရကား အင်ကြင်း ခက်ကို
လက်တဖက်ဖြင့် ကိုင်ကာ ကောင်းမွန်စွာ ရပ်တော်မူနေရင်းမှာပင်
အလောင်းဘုရားကို မိးရှူးသန့်စင်ဖွားမြင်တော်မူလေသည်။*
သန့်စင်သောအခါ သုဒ္ဓါဝါသဘုံသား ရဟန္တာဗြဟ္မာမင်း
များက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော်၏ရှေ့၌ ပြကာ “ အရှင်
မိဖုရား……ဝမ်းမြောက်တော်မူပါ, သားရတနာကို ဖွားမြင်ပါပြီ”ဟု
X
✗
☑
မင်းမျိုး အစဉ်အဆက်မှ ဆင်းသက်လာခဲ့သော သာကီဝင်မင်းမျိုး ဖြစ်၍
အမျိုးအားဖြင့် အမြတ်ဆုံးဟု ထင်ရှားကျော်စောလေ၏၊ မြန်မာများလည်း
ထို သာကီဝင်မင်းမျိုးနှင့် အဆက်အနွယ်တူသည်ဟု ရာဇဝင်က ယူရုံသာ
မက လူပုံပန်းနှင့် တချို ့စကားသုံးများ ခပ်ဆင်ဆင် ဖြစ်ပုံကိုထောက်၍
ယုံမှား မရှိသင့်။
*အချို့က ဘုရားအလောင်းကို နားမှဖွားသည်ဟု ထင်ကြလေသည်၊
မြောက်ပိုင်း ဗုဒ္ဓဘာသာကျမ်းစာ၌ကား လက်ျာနံပါးမှဖွားသည် ဟု ဆို၏၊
မဟုတ်ပါ၊ : ထုံးစံအတိုင်းသာတည်း၊ ဘုရားအလောင်း ဖွားမြင်ပြီးနောက်
၇ ရက်မြောက်မှာ မယ်တော်မာယာ နတ်ရွာစံ၏၊ သို့သော် ဖွားမြင်ရခြင်း
ကြောင့် စံရသည်မဟုတ်၊ ကံကုန်၍ စံရခြင်းဖြစ်သည်။
"
ဘုရားအဖြစ်တော်စဉ်
၃ ၁ ၇
ပြောဆိုကြလေ၏၊ ထို ့နောက် စတုမဟာရာဇ် နတ်မင်းကြီးများက
သစ်နက်
သားအမွှေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်သို့ လှမ်းလိုက်
လေသည်၊ ထို ့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌ တည့်မတ်စွာ
ရပ်တော်မူ၍ အရပ်ဆယ်မျက်နှာကို ရှုစားတော်မူလေရာ အားလုံး
သော နတ် ဗြဟ္မာတို့က အရိုအသေ ပေးကြသဖြင့် မြောက်အရပ်သို့
ခုနစ်လှမ်းလောက် ကြွလှမ်းပြီးလျှင် “ အဂ္ဂေါဟ မသ္မိ လောကဿ=
တလောကလုံး၌ ငါသာလျှင် အမြတ်ဆုံး ” ဟူသော စကားသံကို
ခန့်ခန့်ညားညား မိန့်မြွက်တော်မူလေသည်။
၂
အကျိုးအားလုံးကိုပြီးစီးစေနိုင်သောကြောင့် အလောင်းဘုရားကို
“ သိဒ္ဓတ္ထ ” ဟု နာမည်တော် တင်သကြလေသည်၊ ထို ့နောက် ရုပ်
လက္ခဏာကို ကြည့်ရှုစစ်ဆေးကြသော
ပုရောဟိတ် ပုန်ဏားတို့တွင်
ပုန်ဏားခုနစ်ယောက်တို့က လက် ၂ ချောင်း ထောင်ပြလျက် “လူ့
ဘောင်မှာ နန်းစံလျှင် စကြာမင်း, တောထွက်တော် မူလျှင်ကား
ဘုရား ဖြစ်လိမ့်မည်” ဟု ဟောကြ၍ အညာသိကောဏ္ဍညမထေရ်
အလောင်းဖြစ်သော အငယ်ဆုံးပုန်ဏားကမူ လက်တချောင်းသာ
ထောင်ပြလျက် – ဧကန်မုချ ဗုဒ္ဓဖြစ်လိမ့်မည်” ဟု ဟောလေသည်။
[ ထို အဟောကို အခြား ပုရောဟိတ် တို့ကလည်း သဘောတူကြ
လေသည်။ ]
ကြင်ယာတော် ရွေးခဏ်း
အလောင်းဘုရားသည် ၁၆ နှစ် အရွယ်သို့ ရောက်သောအခါ
သာကီဝင် မင်းမျိုး အားလုံးကပင် တောထွက် သွားမည်ကို စိုးရိမ်
ကြ၏၊ စကြာမင်း စည်းစိမ်ကြီးဖြင့် လေးကျွန်းလုံးကို အုပ်စိုးလျက်

## PAGE 169

၃၁၀
ရတနာ့ဂုဏ်ရည်
သာကီဝင် တမျိုးလုံး အထက်တန်းက နေလိုကြ၏၊ ထို ့ကြောင့်
တနေ့သ၌ သုဒ္ဓေါဒနမင်းကြီးထံ ညီလာခံရင်း စကားစပ်မိကြသဖြင့်
“အလောင်းဘုရားကို သင့်လျော်သော ကြင်ယာတော်နှင့် ဖက်စပ်၍
ထီးနန်းကိုအပ်နှင်းမှ သာ၍စိတ်ချရမည်၊ သို့မဟုတ်လျှင် တောထွက်
သွားလိမ့်မည်”ဟု ပြောဆိုကြရာ, သ္မီးရှင်ဖြစ်သော မင်းကြီးအများ
ကပင် မိမိ၏သ္မီးတော်နှင့်သင့်လျော်ကြောင်းကို အသီးအသီးပြောဆို
ကြသတဲ့။
ထိုအခါ သုဒ္ဓေါဒနမင်းက “ သားတော်၏အလိုကို သိဘို့ခဲယဉ်း
ပေသည်၊ သားတော်၏ အလိုမကျလျှင် သင့်လျော်မည် မဟုတ်၊
သားတော်ကို စုံစမ်းကြရမည် ” ဟု အမိန့်တော်ရှိ၍ အလောင်း
ဘုရားအထံ စုံစမ်းကြလေရာ ရှေးဥးစွာ “ ထီးနန်း မစံလိုကြောင်း
ငြင်းပယ်သော်လည်း အမျိုးမျိုးတောင်းပန်ကြသဖြင့်“ဤဂုဏ်အင်္ဂါ
များနှင့် ပြည့်စုံသော ကြင်ယာတော်ကိုရလျှင် ထီးနန်း လက်ခံပါ
မည် ” ဟု ခမည်းတော်ထံ သံတော်ညူးတင်လေသည်။
☑
X
ကြင်ယာတော်၏ ဂုဏ်အင်္ဂါများ
၁။ အဆင်းအရွယ် တင့်တယ် လှပခြင်း,
၂။ အလှဆုံး ဖြစ်သော်လည်း ရုပ်အဆင်းအတွက် မာန် မာန
မတက်ခြင်း
၃။ မိမိ အပေါ်မှာ မိခင်အလား မေတ္တာစိတ် များများဖြင့်
လေးလေးစားစား ယုယတတ်ခြင်း
(အဋ္ဌမှအကြိမ်)
ဘုရားအဖြစ်တော်စဉ်
JIL
၃ ၁ ၉
၄။ စွန့်ကြဲပေးကမ်း လှူဒါန်းနေရသည်ကိုပင် အလွန်ပျော်စရာ
ဟု မှတ်ထင်လေ့ရှိခြင်း
၅။ သူတပါးကို မထီလေးစား မပြုသည့်ပြင် မာယာသာဌေယျ
အမှုမှလည်း ကင်းရှင်းခြင်း, မိမိမှာရှိသော အပြစ်ကို မရှိ
ဟန်ဆောင်ခြင်းကို “မာယာ”ဟု ခေါ်၍
မရှိသောဂုဏ်ကို
ရှိဟန်ဆောင်ခြင်းကို“သာဌေယျ”ဟုခေါ်သည်။
၆။ မာန် မာန မကြီးရသော်လည်း သူတပါး၏ အစေအပါး
ကဲ့သို့ အောက်ကျနောက်ကျလည်း မရှိရခြင်း, [ အားလုံး
အပေါ်၌ သဘောထားကြီးကြီးဖြင့် ခန့်ခန့်ကြီး နေတတ်ရ
မည်-ဟူလို။]
၇။ လောကီအာရုံ ကာမဂုဏ်၌ မက်မက်မောမော မရှိရခြင်း
ဂ။ မိမိ၏ စီးပွားဥစ္စာ, မိမိ၏ အရှင်သခင်နှင့်သာ တင်းတိမ်
ရခြင်း
၉။ ယောက်ျားတပါးနှင့် ဆိုလျှင် အိပ်မက်ကိုသော်မျှ မမက်
မိအောင် စောင့်စည်းရခြင်း,
၁၀။ သစ္စာကတိ ကောင်းစွာရှိ၍ တရားပြည့်ဝခြင်း
၁၁။ ကိုယ် နှုတ် နှလုံး သုံးပါးလုံး စောင့်စည်းလေ့ ရှိရခြင်း
ဤသို့ စသော ဂုဏ်အင်္ဂါများတည်း။
"
ဤဂုဏ်တို့နှင့် ပြည့်စုံသော မင်းသ္မီးကို လှည့်လည် ရှာဖွေစေရာ
သုပ္ပဗုဒ္ဓမင်း၏ အိမ်တော်သို့ ရောက်သောအခါ “ ယသော်ဓရာ
အမည်ရှိသော မင်းသ္မီးကို တွေ့လေလျှင် မင်းသ္မီးက စတင်၍ စုံစမ်း
(အဋ္ဌမအကြိမ်)

## PAGE 170

"
၃၂ဝ
ရတနာ့ဂုဏ်ရည်
လာသောအမတ်တို့ကို လောကွတ်ပျူငှါပြုလျက် “မည်သည့်ကိစ္စဖြင့်
အိမ်တော်သို့ ကြွလာကြပါသလဲ ”ဟု မေး၍ အကြောင်းစုံကို သိရ
လေသော်……………တော်တော်သွက်လက်သော အာဇာနည် မင်းသ္မီး
ဖြစ်သည်အားလျော်စွာ ဂုဏ်အင်္ဂါတို့ကို တောင်းယူ ကြည့်ရှုပြီးလျှင်
“ဤဂုဏ်များနှင့် ပြည့်စုံသူမှာ မိမိတယောက်သာ ရှိကြောင်းကို’”
မောင်တော်ဘုရားအား သံတော်ဥုးတင်လိုက်ကြပါ“မောင်တော်
ဘုရားမှာ ဂုဏ်မဲ့သိရ်ကင်း ညံ့ဖျင်း ရိုးအသော ကြင်ယာနှင့်အတူ
ထီးနန်းစံနေတာကို မမြင်ပါရစေနှင့် ” ဟု မှာထား ပြောဆိုလိုက်
လေသည်။
,,
"
မှတ်ချက်။ ။ယသော်ဓရာ မင်းသ္မီးကား သာမည ပါရမီ ရှင်
မဟုတ်ပေ၊ ဘုရားအလောင်း သုမေဓာဘဝက ကြာပန်းများကို
ဆက်ပြီးလျှင် အတူ ဆုပန်လာခဲ့သော “ သုမိတ္တာ”
အမျိုးသ္မီးပင်
ဖြစ်သည်၊
လေးအသင်္ချေနှင့် ကမ္ဘာတသိန်းတိုင်အောင် အလောင်း
တော်၏ပါရမီကို ကူညီခဲ့ရသဖြင့် သူ့ အတွက် ပါရမီတွေမှာ ပိုလွန်၍
နေလေပြီ၊ ပရိနိဗ္ဗာန်စံခါနီး၌ မိန်းမအများတွင် မိမိသည် အလှဆုံး
အချောဆုံးဟု ထုတ်ဖေါ်၍ ပြောဆိုသွားသဖြင့် ရုပ်အဆင်းဘက်က
“မိန်းမ အားလုံးတို့၏ မျက်နှာဖုံး”ဟု ဆိုရပေမည်။
ပါရမီတော် ဖြည့်စဉ် အခါဝယ် အလောင်းတော် ဘုရား၏
တတွတ်တွတ် သွန်သင်ပြသ ဆုံးမသံတွေကို စိတ်ရောကိုယ်ပါ နာခံ
ခဲ့ရလှသဖြင့် လိမ္မာရေးခြား ပါးပါးနပ်နပ် ဖျပ်လပ်သည့်ဘက်ကမူ
မည်သူနှင့်မျှ မတူနိုင်ပါ၊ ဣန္ဒြေ စောင့်စည်းသည့်ဘက်ကမူ ဆိုလျှင်
အမရာဒေဝီ ကိန္နရီနှင့် မဒ္ဒီမိဖုရား စသော ဘဝတုန်းကပင် အားရ
ဘုရားအဖြစ်တော်စဉ်
၃၂ ၁
ကျေနပ်ဘွယ် ကောင်းလှပြီ ဖြစ်၍ အထွဋ်အထိပ် ရောက်နေသော
ယခုဘဝမှာ အပြစ် ရှာသော်လည်း တွေ့ရတော့မည် မဟုတ်ပါ၊
အချုပ်အားဖြင့် ဆိုရလျှင် “အမျိုးသ္မီးအားလုံး၏ တမျိုးစီ တမျိုးစီ
အစွမ်းကုန်ရှိနေသော ဂုဏ်အင်္ဂါတွေကို ယသော်ဓရာ တယောက်
ထည်း၌ အပြည့်အစုံ ခြုံပြီးဖြစ်နေသည်”ဟု ဆိုလိုပါသည်။
ထီးနန်း စံတော်မူခဏ်း
ခမည်းတော် သုဒ္ဓေါဒန မင်းသည် ပြခဲ့သော ဂုဏ်အင်္ဂါတို့နှင့်
ပြည့်စုံသောယသော်ဓရာမင်းသ္မီးကို သာကီဝင်မင်းသ္မီးလေးသောင်း
တို့၏ ထိပ်ထား မိဖုရားခေါင်အရာ၌မြှောက်စား၍ အလောင်းတော်
ဘုရားနှင့်အတူ ဘိသိက်ခံစေတော်မူပြီးလျှင် ဆောင်းဥတုအခါတွင်
စံမြန်းတော်မူရန် “ရမ္မ”မည်သော ၉ ဆင့် တိုက်နန်းကို၎င်း နွေဥတု
အခါတွင် စံမြန်းတော်မူရန် “သုရမ္မ” မည်သော ၅ ဆင့် တိုက်နန်း
ကို၎င်း မိုဃ်းဥတုအခါတွင် စံမြန်းတော်မူရန် “သုဘ” မည်သော
၇ဆင့် တိုက်နန်းကို၎င်း, ခမ်းနားစွာတည်ဇဆာက်စေတော်မူသည်။
ဇိနာလင်္ကာရဋီကာ။]
၅
ဆောင်း နွေ မိုဃ်း ဥတုသုံးပါးအလိုက် သိုက်မြိုက်သော အသုံး
အဆောင် ဥယျာဉ် ရေကန်တို့ကို တည်ဖန်ပြီးနောက် နွေဥတု ရောက်
သောအခါ စိတ်ကြည်နူးဘွယ်ရာ ရေပြွန်တို့မှ ရေပန်းတို့ကို ထွက်ဖြာ
စေလျက် အထက် ကောင်းကင်၌လည်း သားရေများ ကြက်ပြီးလျှင်
ထို သားရေ မျက်နှာကြက်တို့ အပေါ်၌ မိုဃ်းရွာသံ ထင်ရအောင်
ကျောက်ခဲကလေး များဖြင့် အသံပေးကာ ဥယျာဉ်၏ အလယ်မှာ
စိတ်ဓာတ်ကို လွန်စွာ အေးမြစေသည့် အပြင်, နန်းတော်၏ အရှေ့
၂၆ (အဋ္ဌမအကြိမ်)
