## PAGE 171

၃၂၂
ရတနာ့ဂုဏ်ရည်
အနောက် ကန်တော်ကြီးတို့၌ ပျံသန်း ပျော်မြူးကြသော ငှက်တို့၏
အသံက ထပ်မံ အေးမြစေသည့် အတွက် အထက် နတ်နန်း၌ စံမြန်း
ရသည့်ပမာ လွန်စွာ ချမ်းမြေ့စေတော် မူပေသည်။
°'
နန်းတော်ကြီး၏ အတွင်းမှာလည်း မကင်းစကောင်းသော ဆန္ဒ
အမတ်တို့လို အမတ်အချို့ က လွဲ၍ အားလုံးသောနေရာ၌ တင့်တယ်
လှပသော အမျိုးသ္မီးများကိုသာ အမှုတော်ထမ်းစေရုံမက “သူအို
သူနာ သူသေတို့ကိုမြင်လျှင် တောထွက်လိမ့်မည်”ဟု နိမိတ်ဖတ်ထား
သဖြင့် ထို သူအိုစသူတို့ကို မမြင်ရအောင် နန်းတော်၏အနီးအပါး၌
အစောင့်အကြပ်များ ထားသည့်ပြင်, တိတ်တဆိတ် ထွက်သွားမည်
စိုးသဖြင့် လူတထောင်ဖွင့်မှပွင့်နိုင်မည့်မြို့တံခါးကြီးကိုလည်း လဲလှယ်
တပ်ဆင်ထားလေသည်။
သုဒ္ဓေါဒနမင်းကြီး၏စီမံချက်အရ အလောင်းဘုရား၏ ရှေးဘုန်း
ရှေးကံကြောင့် စိုးစံတော်မူရသောစည်းစိမ်ကား ကြီးကျယ်လှပါပေ
သည်၊ သာကီဝင် မင်းသ္မီးအပေါင်းတို့၏ အလယ်မှာ ယသော်ဓရာ
မိဖုရား၏ ထူးခြားသော အသရေတော်သည် ကြယ် အပေါင်းတို့၏
အလယ်၌ လရတနာ တင့်တယ်သလို ရှိပါပေ၏၊ ကြီးမားသော
မေတ္တာဖြင့် အရာရာ ယုယလေ့ရှိသော ယသော်ဓရာ မိဖုရားကြောင့်
အလောင်းဘုရား၏ နေက္ခမ္မဓာတ် မြင့်မြတ်သောစိတ်တော်သည်
တ်
အိပ်ပျော်နေသကဲ့သို့ ထင်စရာရှိပေ၏။
သို့သော် အလောင်းဘုရားကား ထိုမျှနီးနီး လူ စည်းစိမ်ကြီးကို
ဘဝပေါင်းများစွာ၌ စွန့်ခဲ့ပေါင်း များပြီးဖြစ်၍ ထိုကဲ့သို့ စည်းစိမ်
ကြီးများကို စွန့်ခွါရာ၌ လွန်စွာ ကျင့်သားရပြီး ဖြစ်၏၊ မူလဓာတ်ခံ
(အဋ္ဌမအကြိမ်)
ဆုတောင်းခဏ်း အဖွင့်
၃၂ ၃
မှာလည်း သတာတို့ကို ချမ်းသာအောင် ကယ်တင်လိုသော မဟာ
ကရုဏာဓာတ်တော်ကြီး ပေတည်း၊ ထို မဟာကရုဏာတော် အလို
ကျအောင် သတ္တာ အများကို မကယ်ရသေးသမျှ အေးအေးလူလူ
စည်းစိမ်ခံစားနိုင်မည်
စီးလာသော ရေအယဉ်သည် လမ်းတွင်တွေ့သမျှ အရာဝတ္ထုတွေကို
ဒလဟော တိုက်လွှင့်၍ သမုဒြာရောက်အောင် စီးသကဲ့သို့ ဘုရား
အလောင်း၏ သဗ္ဗညုတာဉာဏ် ဘုရားဖြစ်ရန်အကြောင်း စုဆောင်း
ခဲ့သော ပါရမီတော် အဟုန်သည်လည်း ကာမဂုဏ် စည်းစိမ်ကြီးကို
အပြီးသတ် တိုက်လွှင့်၍ တောထွက်ခွင့်ရဘို့ရန် စီမံပါလိမ့်မည်။
ဒလဟော တိုက်လွှင့်၍ ၁ မှ
အဟုန်ပြင်းစွာ
X
*
X
☑
သံဝေဂ ယူတော်မူခဏ်း
☑
အလောင်းဘုရားသည် ပြခဲ့သော ထီးနန်းစည်းစိမ်ကြီးကို ခံစား
တော်မူစဉ်သက်တော် ၂၉ နှစ်အရွယ်သို့ ရောက်သောအခါ များစွာ
သော အခြွေအရံတို့ဖြင့် ဥယျာဉ်သို့ ထွက်တော်မူလေသော်
အလောင်းဘုရား၏ တောထွက်ဘို့အခွင့်အခါကို မကြာခဏ ကြည့်ရှု
နေကြသော ဗြဟ္မာမင်းတို့က သူအို သူနာ သူသေ ရဟန်းဟု ၄ ပါး
နိမိတ်ကြီးများကို အစဉ်အတိုင်း ဖန်ဆင်းလျက် အလောင်း
ဘုရားနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။
သော
ထိုအခါ သူအို သူနာ သူသေတို့ကိုတကြိမ်တခါမျှမမြင်ခဲ့ရဘူးသော
အလောင်းဘုရားသည် ကိုယ်တော်နှင့် တကွ ဆွေတော် မျိုးတော်
အားလုံးပင် အိုကြရ နာကြရ သေကြရဥုးမည့်အချက်ကိုဆက်လက်
တွေးဆ သံဝေဂဖြစ်တော်မူတုန်းဝယ် သပ္ပါယ်သောရဟန်းတော်ကို
(အဋ္ဌမအကြိမ်)

## PAGE 172

ရတနာ့ဂုဏ်ရည်
၃၂ ၄
ဖူးမျှော်ရသောအခါ ကမ္ဘာအဆက်ဆက်က နှစ်သက်ခဲ့သော အသွင်
ဖြစ်ပေရကား အားရ ရွှင်လန်းလျက် ရဟန်း ပြုဘို့ရန် အဓိဋ္ဌာန်
ပြုတော်မူလေသည်၊ ထို ့နောက် ညနေချမ်း၌ ဥယျာဉ်တော်မင်္ဂလာ
ရေကန်မှ ရထားစီး၍ပြန်တော်မူလေသည်၊ထိုပြန်ခါနီး၌ သားတော်
ရတနာ ဖွားမြင်တော် မူကြောင်းကို သံတော်ဥုး တင်လာသဖြင့်
“ရာဟုဇာတော=အနှောင်အဖွဲ့ ဖြစ်ပါပကော”ဟု ငြီးတွားတော်
မူလေသည်။
☑
☑
တောထွက်တော်မူရန် အစီအစဉ်
☑
အလောင်းဘုရားသည် နန်းတော်သို့ ရောက်တော်မူပြီးနောက်
ကချေသည် မောင်းမတို့ ကပြ တီးမှုတ်လျက် ဖြေဖျော်ကြသည်ကို
ရှေးကလိုစိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက်တော်
မူလေသည်၊ ထိုအခါ ကချေသည် မောင်းမအပေါင်းလည်း သီဆို
တီးမှုတ်မှုများကိုရပ်တန့်၍ အိပ်ပျော်နေကြစဉ် ဒူးပေါ် ပေါင်ပေါ်
စသည်တို့ဖြင့် မလျော့သော အိပ်ပျော်နေကြပုံကိုအလောင်းဘုရား
စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူရ၍ ရှေးကထက် သံဝေဂ
ရပြီးလျှင် – ယနေ့ညပင် တောထွက်တော့အံ့” ဟု ကြံတော်မူကာ
ငယ်ကျွန်တော်ရင်း ဆန္ဒ အမတ်မင်းကို နှိုးလျက် ကဏ္ဍကမြင်းကို
ဆက်ဘို့ရန် အမိန့်ပေးလေသည်။
☑
*
66
×
☑
☑
*ရာဟုဇာတော’ဟူသော စကားတော်ကြောင့် သားတော်ကို
“ရာဟုလာ”ဟု နာမည်မှည့်ကြလေသည်။
<
ဘုရားအဖြစ်တော်စဉ်
၃၂၅
ထိုအခါ နန်းတော်၏ အတွင်း အပြင်၌ နတ် ဗြဟ္မာအများတို့
ရောက်နေကြ၏၊ နန်းတော်တွင်းရှိ လူများနှင့်တကွ တမြို့လုံး မနိုး
ကြအောင် နတ်များက စီမံထား၏၊ ကဏ္ဍကမြင်းတော်ကို ဆက်သ
ဘို့ရန် ဆန္ဒသည် အတော် ဝန်လေး၏၊ တောထွက်မည်ကို အမှန်ပင်
မလိုလား၊ သူ၏သခင် စကြာရှင်ဖြစ်သည်ကိုသာ မြင်လို၏၊ သို့သော်
အမိန့်တော်ကို မလွန်ဆန်ဝံ့ရုံသာမက မည်သူမျှလည်း မနိုးကြ
သဖြင့် ကဏ္ဍကစီးတော်မြင်းကို ပြင်ဆင်ရရှာလေသည်။
,
အလောင်းဘုရားသည် တောသို့ ထွက်ခွါတော် မူခါနီးဝယ်
သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာ မိဖုရား၏
အဆောင်တော်သို့ ကြွတော်မူလေသည်။ ထိုအခါ အဆောင်တော်
အတွင်းဝယ် နံ့သာတိုင်များကို ညှိထွန်းထား၏၊ ယသော်ဓရာမိဖုရား
သည် မြလေးပန်းတို့ဖြင့် ရောပြွမ်းနေသော သလွန်ပေါ်၌ သားတော်
ကလေး၏ ဥုးခေါင်းပေါ်မှာ ရွှေလက်တော်တင်လျက် စက်တော်
ခေါ်နေ၏။
အလောင်းဘုရားသည် အဆောင်တော်၏ တံခါးခုံ အတွင်းသို့
ချင်းနင်းမိသောအခါ လွန်စွာ ကြက်သရေရှိသော တိုက်ခန်းဝယ်
တင့်တယ်သော သလွန်တော်ထက်၌ မြလေးပန်းတို့၏ အလယ်တွင်
ရှင်သွေးတော် ရတနာနှင့် ကြင်ယာတော် မိဖုရား စက်တော်ခေါ်
နေပုံကို ရှုစားတော်မူရသောအခါ တော်တော်တန်တန် ပါရမီ ရှင်
ဆိုလျှင် ထိုနေရာတချက်နှင့် တောထွက်ဘို့ အထမြောက်တော့မည်
မဟုတ်ပါချေ။
မိဖုရားကား ရှိသမျှ အမျိုးသ္မီး တို့တွင် အသာဆုံး ဖြစ်ရုံသာ
မက ု လေးအသင်္ချေနှင့် ကမ္ဘာတသိန်းထက်ကစ၍ ပါရမီကို ကူညီ

## PAGE 173

ရတနာ့ဂုဏ်ရည်
၃၂ ၆
လာခဲ့ရှာသူဖြစ်သည့်ပြင် မီးရှူးသန့်စင်ပြီးခါစအားတော် ခပ်နွဲ့နွဲ့ဖြင့်
သားတော်ကလေး အပေါ် လက်တော်တင်လျက် တောထွက်မည့်
အကြောင်းကို လုံးလုံးမသိရှာဘဲ စက်တော်ခေါ်နေ၏၊ သားတော်
ကလေးကား ရင်သွေးတော်ရတနာ စကြာမင်းလောင်းလျာကလေး
ဖြစ်ရုံသာမကတခါမျှလည်း အားရပါးရ ရှုစားတော်မမူရသေး၊
ရင်သွေးတော်ရတနာကို အားရပါးရ ယူတော်မူလိုသော်လည်း
မိဖုရား နိုးတော်မူလျှင် ထွက်နိုင်ဘို့ လမ်းမမြင်သောကြောင့်“ဘုရား
ဖြစ်မှ သားချစ်ကို ရှုတော့အံ့”ဟု အာရုံတော် ရုပ်သိမ်း၍ အဆောင်
တော်မှ ထွက်ခွါပြီးလျှင် မင်္ဂလာ မြင်းတော်ထက်သို့ ရွှေစက်တော်
တင်ရလေသည်။
တောထွက်တော်မူခဏ်း
မင်္ဂလာ မြင်းတော်ထက်သို့ ရောက်ပြီးနောက် ကဆုန်လပြည့်
သန်းခေါင်အချိန်မှာ နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဘက်တော် ဆန္ဒ
အမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် မြို့တော် တံခါးအနီးသို့
ရောက်သောအခါ မြို့တံခါးစောင့်နတ်များက အဆင်သင့် တံခါးကို
ဖွင့်ကြလေသည်၊ ထိုအခါ မာရ်နတ်မင်းက “ အသင်မင်းသား…..
တောထွက်ဘို့ မလိုပါ၊ မကြာခင် ၇ ရက်မြောက်၌ စကြာရတနာ
ဆိုက်ရောက်ပါ လိမ့်မည် ” ဟု ပြော၍ တားသော်လည်း ဂရုမပြု
စကြာမင်း စည်းစိမ်ကိုပင် လျစ်လျူရှုတော်မူလျက် မင်္ဂလာတံခါးမှ
ထွက်တော်မူလေသည်။
"
ထိုအခါ အချို ့ နတ်ဗြဟ္မာတို့သည် မီးရောင်စုံများကို ရွှေနောက်
ဝဲ ယာ ညှိထွန်းလျက်, အချို့က ပန်းနံ့သာများကို ကြဲဖြန့် ပူဇော်
ဝဲယာ
ဘုရားအဖြစ်တော်စဉ်
၃၂ ၇
ပြီးလျှင်, အချို့ က ဘုန်းတော်ဘွဲ့ သီချင်းနှင့် တူရိယာမျိုးစုံတို့ကို
တီးမှုတ် သီဆိုကာ လွန်စွာ ကြည်နူးဘွယ် ကောင်းပါပေသည်။
ရဟန်းပြုတော်မူခဏ်း
ထို အစီအစဉ်ဖြင့် ထွက်တော်မူလာရာ အနော်မာ မြစ်ကမ်းသို့
ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘလောက်
ဝေးသော ဟိုဘက်ကမ်းသို့ ပျံသန်း စေပြီးနောက် ထိုဘက်ကမ်း
အရောက်တွင် ငွေသားအဆင်းရှိသော သဲသောင်ပြင်ဝယ် ထိုင်တော်
မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင် ပယ်တော်မူ လေသည်၊
ထို ့နောက် ဆံတော်ကို ကောင်းကင်သို့ မြှောက်လိုက်သော အခါ
သကြားမင်း ခံယူ၍ တာဝတိံသာ နတ်ပြည်၌ – စူဠာမဏိစေတီ
တည်ထားလေသည်၊ထို ့နောက် ဃဋိကာရ ဗြဟ္မာမင်းက ကပ်လှူ
အပ်သော ရဟန်း ပရိက္ခရာတို့ကို ဆင်မြန်းတော်မူပြီးလျှင် ဝတ်လဲ
တော်ကို ကောင်းကင်သို့ မြှောက်ပြန်ရာ ဃဋိကာရဗြဟ္မာမင်း ခံယူ၍
ဗြဟ္မာ့ပြည်၌ “ဒုဿစေတီ” တည်ထား ကိုးကွယ်လေသည်။
"
,,
အလောင်းဘုရားသည် ရဟန်း ပြုတော်မူပြီးနောက် ဆန္ဒအား
တိုင်းပြည်သို့ ပြန်ဘို့ရန် အမိန့်ပေးသံကို ကဏ္ဍကမြင်းတော် ကြားရ
သဖြင့် မိမိ၏သခင်နှင့် ခွဲခွါရမည့် အချက်ကြောင့် စိတ်မသက်သာ
နှလုံးနာဖြင့် စုတေရှာပြီးနောက် တာဝတိံ သာ နတ်ပြည်သို့ ရောက်
လေ၏၊ ဆန္ဒအမတ်လည်း မိမိသခင်ကို ခွဲရမှာကတဖက်, မြင်းတော်
စုတေသည်က တဖက်နှင့် အခက်ကြုံကာ တိုင်းပြည်သို့ မပြန်လိုပါ
သော်လည်း အရှင်၏ အာဏာကို မလွန်ဆန်ဝံ့သော ကြောင့်သာ
တိုင်းပြည်သို့ ပြန်ရရှာလေသည်။

## PAGE 174

၃၂ ဂ
ရတနာ့ဂုဏ်ရည်
နန်းတော်၌ ဖြစ်ပျက်ပုံ
အလောင်းဘုရား တောထွက်သွားတော်မူပြီးနောက် အလင်းသို့
ရောက်သောအခါ အလောင်းဘုရားကို မတွေ့မြင်ရ၍ ယသော်ဓရာ
မိဖုရား ရုတ်ခနဲ တ-သ ငိုကြွေးလိုက်သောအသံကို မောင်းမအများ
ကြားသဖြင့် ဆင့်ကာဆင့်ကာ ငိုကြွေးကြလေရာ အလောင်းဘုရား၏
တနန်းတော်လုံး ဆူညံသွားလေသည်၊ အလောင်းဘုရား၏ စံနန်းက
ဆူညံသံကို ခမည်းတော်မင်းကြီး ကြားသဖြင့် ချက်ခြင်း စေလွှတ်၍
မေးမြန်းစေရာ အလောင်းဘုရားမရှိကြောင်းကိုကြားတော်မူရလျှင်
မြို့တံခါးတို့ကို အပိတ်ခိုင်း၍ လိုက်လံ ရှာဖွေကြစဉ် မိထွေးတော်
ဂေါတမီသည် လူးကာလှိမ့်ကာနှင့် သားတော်ကိုရှာပေးရန် သုဒ္ဓေါ
ဒနမင်းကြီးထံပူဆာလေသည်၊ သုဒ္ဓေါဒနမင်းကြီးလည်း မိဖုရားကြီး
ပူဆာသည်က တတန်, ယသော်ဓရာ စုဖုရားတို့ လှိုက်လှိုက် လှဲလှဲ
ငိုသံက တဖက်, သားတော် ထွက်သွား၍ ရတက်မအေးရသည်က
တဖုံနှင့် ဝိုင်းအုံ၍နေသော ဒုက္ခတွေ အကြားဝယ် မြင်းလျင်တော်
များကို ဆင့်ခေါ်စေ၍ သားတော်ကို မတွေ့-တွေ့အောင် ရှာဘို့ရန်
အမြန် စေခိုင်းတော်မူရလေသည်။
မြင်းလျင်တော်များသည် မင်္ဂလာတံခါးမှ အထွက်တွင် ညဉ့်က
ပူဇော်ကြသောပန်းတွေကိုမြင်၍ လမ်းစဉ်အတိုင်း
လိုက်သွားကြရာ
ပြန်လာသော ဆန္ဒအမတ်နှင့် တွေ့ကြသဖြင့် အကြောင်းစုံကို သိကြ
ရသောကြောင့် အတင်းပင့်သော်လည်း လိုက်တော့မည် မဟုတ်ဟု
ရာနှု၏ပြောချက်အရ တိုင်းပြည်သို့ပြန်ခဲ့ကြရလေသည်၊ ဆန္ဒအမတ်
ဥယျာဉ်တော်သို့ရောက်လျင်သုဒ္ဓေါဒနမင်းကြီးနှင့်တွေ့၍အလောင်း
ဘုရားအဖြစ်တော်စဉ်
၃၂ ၉
ဘုရားက ခမည်းတော် မယ်တော်များထံ မှာလိုက်သောစကားနှင့်
အဖြစ်အပျက်ကိုသံတော်ဥးတင်ပြီးနောက် အလွန် ပူဆွေးနေသော
ယသော်ဓရာကို သက်သာနိုင်သမျှ သက်သာစေဘို့ရာ ယသော်ဓရာ
စံနန်းသို့ ဆက်လက် သွားလေသည်။
ယသော်ဓရာ တမ်းတခဏ်း
အလောင်းဘုရား တောထွက် သွားသော်လည်း ယသော်ဓရာ
မိဖုရား၏စိတ်၌ “သုဒ္ဓေါဒနမင်းကြီး အရှာခိုင်းလိုက်သော မြင်းလျင်
တော်များနှင့်အတူ ဆန္ဒရော အလောင်းတော်ဘုရားပါ ပြန်ပါလာ
လိမ့်မည်” ဟု မြှော်လင့်ချက်ဖြင့် စိတ်သက်သာခွင့် ရရှာပေသေး၏၊
ထိုကဲ့သို့ မြှော်လင့်ချက်ဖြင့် အလောင်းဘုရား ပြန်လာမည့် လမ်းသို့
စိတ်အားထက်သန်စွာ မျှော်နေစဉ် ဆန္ဒတယောက်ထည်း ပြန်လာ
သည်ကို မြင်လိုက်ရလျှင်ပင် ရွှေရင်မှာ အပူသဖြင့် မျော၍
သွားရှာတော့သည်၊ ရံရွေတော်များက နှာတော်ဆက်သ၍ သတိရ
သောအခါ အလောင်းဘုရား၏ဂုဏ်ကိုဖွဲ့နွဲ့ကာ ပြင်းစွာငိုကြွေးလျက်
“ညဉ့်အခါတုန်းက မောင်တော်ဘုရား တောထွက်တော့မည် ဟု
မြင်းတော်ကိုတောင်းတဲ့အခါ အနှိုးတော် မဆက်ကောင်းလား”ဟု
ဆန္ဒကို အပြစ်တင်လေသော်...
"
ဆန္နအမတ်က သံတော်ဥုးတင်သည်မှာ− သခင်မဘုရား… ညဉ့်
အခါ၌ ဖြစ်ပျက်ခဲ့ရပုံကို အလုံးစုံ သံတော်ဥုး တင်ပါမည်, ရွှေနား
ဆင်တော်မူပါ၊ သန်းခေါင်ယာမ်အချိန်လောက်တွင် အားလုံးသော
ရံရွှေတော်များ အိပ်ပျော်နေကြစဉ်ဝယ် ဘုရာ့ကျွန်ကိုခေါ်တော်
မူ၍ “ကဏ္ဍက မြင်းတော်ကို ဆက်ရမည်” ဟု အမိန့်ပေးပါသည်၊

## PAGE 175

ရတနာ့ဂုဏ်ရည်
၃၃ ဝ
ထိုအခါတုန်းက သလွန်ပေါ်မှာစက်တော်ခေါ်နေသော သခင်မ
ဘုရားကို ဘုရာ့ကျွန် အမှန်ပင် အနှိုးတော်ဆက်ပါသည်၊ သို့ရာဝယ်
နတ်အများက ပိတ်ချုပ်ထားသဖြင့် မည်သူတယောက်မျှမနိုးကြပါ၊
“သခင်မဘုရား… ငိုကြွေးခြင်းဖြင့် အကျိုးမရှိတော့ပါ၊ အမြတ်ဆုံး
ဘုရား အဖြစ်ကို မကြာခင် ရပါတော့မည်၊ ထို ဘုရားအဖြစ် ကျမှ
အားရပါးရဖူးမျော်ဘို့ရာ ဤ ရွှေနန်းတော်ကနေ၍ မျှော်လင့်တော်
မူပါ”ဟု သံတော်ဦးတင်လေသည်။
လလိတဝိတ္ထာရ ကျမ်းလာ
ယသော်ဓရာ တမ်းတပုံ
ဟာ မယှ ဒီတိ
ဟာ မမ.
ဇနာ,
နရပုဂံဝါ၊
ဟာ မမ သုရူပ ရူပါ, ဟာ မမ ဝရလက္ခဏာ။
မယုံ’မဒ္ဒီအဖြစ်, မောင့်ကိုချစ်၍ တောပြစ်ကိုခံ, တောမှာစံလျက်
တောဒဏ်ဖြင့်ပျော် နှမတော်၏၊ ပီတိဇနနာ’ အသုံးယဉ်ယဉ်
မမုန်းချင်အောင် ပြုံး ရွှင်စေတတ်, အို…မောင်တော်မြတ်ဘုရား၊
ဟာ’ ယခုမှပင်, မပျော်ရွှင်အောင် တမင်ရှောင်လျက်, တော
မောင်သာခန်း, မောင်တော်လှမ်း၍ မြန်းရက်လေခြင်းဘုရား။
မမ-ကိန္နရီဘဝတုန်းက ချုံးချုံးချလျက်, တမ်းတနှောင့်နှေး မောင့်
အရေးကြောင့်, တွေးကာတွေးကာ ငိုကြွေးရပါသော နှမတော်
၏၊ နရပုင်္ဂဝါ-လူ နတ် ကောင်းအောင်, သောင်း အထောင်၏
ခေါင်းဆောင်ရွှေ့သွား, အို…မောင်တော်မြတ်ဘုရား၊ ဟာ-
တဖန်ယခု ငိုအောင်ပြုလျက် စုစုကို ရှောင် တောတောင်သာ
ခန်း မောင်တော်လှမ်း၍ မြန်းရက်လေခြင်း ဘုရား။
ဘုရားအဖြစ်တော်စဉ်
၃၃ ၁
မမ – အမရာမည်, အခါဆီဝယ်, သာကြည်ရွှင်ပျော်, အရှင်ကျော်
အောင် ထင်ပေါ်စေမှု့ ကူညီ၍ ပြုခဲ့ရသော နှမတော်၏၊ သုရူပ
ရူပါ - ပန်းတော် အင်ကြင်း,
ပင်လုံးဝင်းမျှ ပွင့်လင်း ယှက်ဝေ,
ကြက်သရေမင်္ဂလာ, စုဝေးကာဖြင့်, လွန်စွာ ရှုပျော်, အို…
မောင်တော်မြတ်ဘုရား၊ ဟာ - သွေးတော်နုနု, သားရွှေဥမျ
မရှုနိုင်အောင် တမင် ရှောင်လျက်, တော တောင် သာခန်း,
မောင်တော်လှမ်း၍ မြန်းရက်လေခြင်း ဘုရား။
လေးသင်္ချေထက်, ဟို ့ဟိုဘက်က, မပျက်နှစ်ကိုယ်, မောင်
တော့်ကိုပြု မောင်တော် ရှုလျက် ယခု ယသော် နှမတော်၏၊
ဝရလက္ခဏာ- ယောက်ျားမြတ်၏ အမှတ် တံဆိပ်ဖြင့် ခတ်နှိပ်
စုံလင်, ဂုဏ်အင်ပြည့်မော်, အို…မောင်တော်မြတ်ဘုရား၊ ဟာ-
တရားအသစ် ဘုရားဖြစ်မှ သားချစ်နှင့်အတူ နာယူမည် မှန်းဆ
လျက်, တမ်းတကာ တကိုယ်ရေးဖြင့် ငိုကြွေး၍ ကျန်ရစ်ရချေပေါ့
ဘုရား။
အောင်
အမှာ။ ။ကျမ်းရင်းက မဖွင့်သော်လည်း တမ်းတပုံ သရုပ်ပေါ်
အမရာ, ကိန္နရီ, မဒ္ဒီဘဝနှင့် ယသော်ဓရာ ဘဝတို့ကို
တန်ဆာဆင်လျက် အနက်ရေးထားသည်။
ထို့နောက် ယသော်ဓရာမိဖုရားသည် အလောင်းဘုရား ဝတ်စား
နေထိုင်တော်မူပုံကို မေးလေရာ ညဉ့်စာ မစား, ပန်းနံ့သာ မဆင်
ခမ်းနားသော အိပ်ရာတွင် မအိပ်ကြောင်းကို ကြားရသောကြောင့်
အလောင်းဘုရားကို အတုလိုက်ပြီးလျှင် ညဉ့်စာ အတွက် ပွဲတော်
တည်မှု, ပန်း နံ့သာလိမ်းကျံမှု ကြီးကျယ် ခမ်းနားသော အိပ်ရာ
