## PAGE 176

၃၃၂
ရတနာ့ဂုံဏ်ရည်
နေရာ၌ စက်တော်ခေါ်မှု ဟူသော ဝိကာလဘောဇန, နစ္စ ဂီတ,
ဥစ္စာသယန မဟာသယန သိက္ခာပုဒ်တော်များကို စောင့်ထိန်းကာ
၂၉ နှစ် အရွယ်တော်မှာပင် ဥပုသ်သည်ကလေးဖြစ်၍ နေရစ်ရှာလေ
သတည်း။
ဒုက္ကရစရိယာ ကျင့်တော်မူခဏ်း
ဘုရားအလောင်းတော်သည် ရဟန်း ပြုပြီးနောက် ဒေသစာရီ
လှည့်လည်တော်မူစဉ် အာဠာရနှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရား
ထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထို ရသေ့တို့
အထံမှ ရရှိသဖြင့် တင်းတိမ် အားရတော်မမူသေးသောကြောင့် ဥရု
ဝေဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူသည်။
☑
☑
☑
☑
☑
*ဒုက္ကရ = ပြုကျင့်နိုင်ခဲသောအကျင့်ကို+စရိယာ = ပြုကျင့်ခြင်း၊ အခြား
သူတို့ ပြုကျင့်နိုင်ခဲသောအကျင့်ကို ကျင့်တော်မူခြင်းသည် “ ဒုက္ကရစရိယာ”
မည်၏။ “ဒုက္ခစရိယာ”ဟု ပြောကြသည်မှာ ကျမ်းဂန်လာ မဟုတ်ပါ။
အလောင်းတော်၏ ၆ နှစ်မျှ ခန္ဓာကိုယ်ကို အလွန် ပင်ပန်းစေလျက်
ကျင့်တော်မူခြင်းသည် စင်စစ် လမ်းမှန်ကျသော အကျင့် မဟုတ်ပါ၊ ထိုစဉ်က
ခန္ဓာကိုယ် ပင်ပန်းခံနိုင်သော ( အတ္တကိလမထ ) အကျင့်ဖြင့် အသားယူ၍
ဘုရားတဆူ လုပ်နေကြသော ခေတ်ကြီးပေတည်း၊ အလောင်းတော်လည်း
ဇောတိပါလဘဝက
ကဿပ ဘုရားရှင်အား “ ဗောဓိဉာဏ်နှင့် ဝေးပါ
သေးရဲ့ ”ဟု နှုတ်ကြွေးတော် ဝစီပြစ်ကြောင့် ထို အတ္တကိလမထ အကျင့်
မှားကိုပင် ကျင့်မိတော် မူလေသည်။ …………. ဇောတိပါလ, ဖြစ်စဉ်ကလျှင်
ကဿပဘုန်းရှိ စောမုနိကို ဗောဓိဉာဏ်ရေး, အလွန်ဝေး – ဟု, နှုတ်ကြွေး
တင်လစ်, ဝစီပြစ်ကြောင့် ခြောက်နှစ်ဒုက္ကရ ကျင့်လွဲရ၏။
ဘုရားအဖြစ်တော်စဉ်
"
၃ ၃ ၃
ကျင့်တော်မူပုံ အစီအစဉ်မှာ – ရှေးဥးစွာ “သေနာ”မည်သော
နိဂုမ်းသို့ ဆွမ်းခံဝင်ကာ ဆွမ်း ဘုဉ်းပေးတော်မူပြီးလျှင် မေတ္တာ
ဘာဝနာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်၊
ထို့နောက် ဆွမ်း အာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလို့
အလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်း
ပေးတော်မူ၏၊ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည်
ကောက်ယူ၍ စားရခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့်
ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီး
များဖြင့် မျှတတော်မူလေသည်။
ထို့နောက် အစာအာဟာရ စားသောက်နေရခြင်းကိုပင် အလုပ်
ပျက်သည်ဟု ထင်တော်မူ၍ လုံးလုံး အစာမစားဘို့ရန် ကြံစည်သော်
လည်း “အစာမစားဘဲနေလျှင် နတ်သြဇာ သွင်းပေးမည်” ဟု နတ်
ဟိုက လျှောက်ထားကြသဖြင့် နတ်ဩဇာအသွင်းလည်း မခံ လိုသော
ကြောင့် တလက်ခုပ်လောက် ပဲရည်-ဆီးသီးကလေးမျှကို ဘုဉ်းပေး
တော်မူလေသည်။
ထိုသို့ အာဟာရလည်းဆုတ်ယုတ်, တရားကိုလည်း အားထုတ်
မှုကြောင့် အလောင်းဘုရား၏ ရွှေအဆင်းသို့ ဝါဝင်း ပြည့်ဖြိုးသော
ကိုယ်တော်သည် ညိုမဲ ခြောက်ကပ်၍ နေလေတော့၏၊ သွေးသား
ဟူ၍ မရှိတော့ဘဲ
အရိုးနှင့် အရေသာ ကျန်လေတော့သည်၊ ထိုကဲ့သို့
ခြောက်ကပ်မှုကြောင့် ဝစ္စမဂ် (စအို)သည် အတွင်းသို့တွန့်နေရကား
ကျင်ကြီး စွန့်လိုသောအခါ မစွန့်နိုင်ဘဲ မူးမိုက်၍ ထိုင်နေရာမှာပင်
လဲရှာလေသည်။

## PAGE 177

၃၃၄
ရတနာ့ဂုဏ်ရည်
ဤသို့သော နည်းများဖြင့် ၆ နှစ်ခန့်ကြာအောင် ဒုက္ကရစရိယာ
ကျင့်တော်မူသော်လည်း တရားထူးကို မရနိုင်သောကြောင့် အတိုင်း
ထက်အလွန် ခန္ဓာကိုယ်ကို အပင်ပန်းခံခြင်းသည် သမာဓိ ရဘို့ရန်
နည်းလမ်းမဟုတ်သေးသဖြင့် နောက်တဖန် သေနာနိဂုမ်း၌ ဆွမ်းခံ၍
အာဟာရကို မှီဝဲပြန်ရာ မကြာခင် အားအင်တိုးပွား၍ ပင်ကိုယ်က
အရေ အသားများ ဖြစ်ပေါ်လာလေသည်။
မာရ်နတ်ကို အောင်မြင်တော်မူခဏ်း
ဘုရားအလောင်းတော်သည် ၂၉ နှစ် အရွယ်တွင် တောထွက်
တော်မူ၍ ၆ နှစ်ပါတ်လုံး ဒုက္ကရစရိယာကို ကျင့်တော်မူပြီးနောက်
၃၅ နှစ် အရွယ်တော်သို့ ရောက်တော်မူရာ, ကဆုန်လပြည့်နေ့ဝယ်
သေနာနိဂုမ်းသူ သဌေးကတော်ကလေး သုဇာတာ၏ *နို့ဃနာ
ဆွမ်းကို ရွှေခွက်ပါ ခံယူတော်မူ၍ နေရဉ္စရာမြစ်ကမ်း၌ ၄၉ လုတ်မျှ
ဘုဉ်းပေးတော်မူပြီးလျှင် …………ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤ
ရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား”ဟု ဓိဋ္ဌာန်၍ မျှောလိုက်
ရာ, ရွှေခွက်လည်း ဝမ်းဘဲအလား ရေညာသို့ ဆန်သွား၍ ကာဠ
*
X
✗
X
"
☑
သုဇာတာသည် အပျိုဘဝတုန်းက “ အမျိုးတူ သဌေးသားနှင့် ရ၍
သားဥးဖွားအောင် စောင်မလျှင် အရှင် နတ်မင်းအား နှစ်စဉ်ပူဇော်ပါ
မည်” ဟု ဝန်ခံခဲ့၍ သူတောင့်တတိုင်း အကျိုးရသောကြောင့် ညောင်ပင်
စောင့်နတ်က မ-စ သည်ဟု ထင်၍ နှစ်စဉ် ညောင်ပင်ကို ပူဇော်၏၊ ထိုနှစ်၌
ဘုရားအလောင်းနှင့် တွေ့၍ ညောင်ပင်စောင့်နတ် ဟုပင် မှတ်ထင်လျက်
နို ့ဃနာကို ရွှေခွက်ပါ ပူဇော်သွားလေသည်။
(အဋ္ဌမုအကြိမ်)
ဘုရားအဖြစ်တော်စဉ်
၃ ၃ ၅
နဂါးမင်း ဗိမာန်တွင်းသို့ သက်ဆင်း နစ်မြုပ်လျက် ရှေးဘုရားရှင်တို့
ရွှေခွက်အောက်၌ တည်လေသတဲ့။
ထို ့နောက် ဘုရား အလောင်းသည် နေရဉ္ဇရာ မြစ်ကမ်းဝယ်
အင်ကြင်းဥယျာဉ်၌ နေ့အဘို့ သီတင်းသုံး၍ ညနေချိန်တွင် ဗောဓိ
ပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြား မြက်ရိတ်သွား ပုန်ဏား
အထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့
ရောက်သောအခါ ထို မြက်များကိုပင် * ခင်းတော်မူကာ ထက်ဝယ်
ဖွဲ့ခွေ ထိုင်နေတော်မူသည်။
ထိုကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်အခင်းပေါ်မှာ အေးမြ
သာယာသော ဗောဓိညောင်ပင်ရိပ်၌“ဘုရားမဖြစ်သမျှ ဤထက်ဝယ်
တင်ပလ္လင်ကို မဖျက်တော့အံ့ ” ဟု ဓိဋ္ဌာန်၍ ထိုင်နေသော အခါ
သကြားမင်းသည်“ဝိဇယုတ္တရ”မည်သော ခရုသင်းကြီးကိုမှုတ်လျက်
အောင်သံပေးနေ၏၊ ပဉ္စသီခနတ်သားကား“ ဗေဠုဝ ” မည်သော
စောင်းကြီးကို တီးလျက် နေ၏၊ သုယာမ နတ်မင်းနှင့် သန္တု သိတ
နတ်မင်းတို့ကမူ သားမြီးယပ်နှင့်ပဒမြားယပ်များကိုတငြိမ့်ငြိမ့်ခတ်၍
နေ၏၊ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏၊
ကာဠနဂါးမင်း၏ကိုယ်ရံတော် နဂါးပျိုမကလေးများက ဘုန်းတော်
X
"
X
✗
☑
* ဤနေရာ၌ – မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းသောအခါ ၁၄ တောင်မြင့်သော
ပလ္လင်တော် ပေါက်လာသည် ဟု၎င်း, ၁၄ တောင် ပြန့်ကျယ်သော
ပလ္လင်ဖြစ်နေသည် ဟု၎င်း ”ဝါဒကွဲပြားလျက် ရှိသည်။ အမြင့်မဟုတ်,
အကျယ်ဖြစ်ကြောင်းကို သီလက္ခန် ဋီကာသစ် ဗြဟ္မဇာလသုတ် အဖွင့်၌
ဆုံးဖြတ်၏။
(အဋ္ဌမအကြိမ်)

## PAGE 178

၃ ၃ ၆
ရတနာ့ဂုဏ်ရည်
ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏၊ အခြားသော နတ် ဗြဟ္မာ
အပေါင်းတို့သည် ပန်းနံ့သာ အမျိုးမျိုးဖြင့် ပူဇော်ကာ ကောင်းချီး
ပေးကြလေသည်။
ထိုကဲ့သို့ အခြင်းအရာကို မာရ်နတ်မင်း မြင်လျှင်မြင်ခြင်း နတ်ပြည်
တက်၍ မိမိ စစ်သည်တပ်သားများကို စုရုံးလျက် မိမိကိုယ်တိုင်က
လက်နက်အမျိုးမျိုးစွဲကိုင်သော လက်ရုံးတထောင် ဖန်ဆင်းပြီးလျှင်
“ဂိရိမေခလာ”မည်သော ဆင်ပြောင်ကြီးကိုစီးနင်းကာ ဗောဓိပင်သို့
ရှေးရှုလာ၍ မိမိစစ်သည်များကို “ တက်ကြလော, လက်ရဖမ်းကြ
လော”ဟု တိုက်တွန်းဆော်ဩလေသည်၊ သို့သော် ဗောဓိပင်နားသို့
မကပ်ဝံ့ကြ၊ အဝေးကနေ၍သာ အမျိုးမျိုးသော လက်နက်များဖြင့်
ပစ်ခတ်ကြလေသည်။
မာရ်နတ်၏ စစ်သည်များ တက်လာခါစကပင် ဗြဟ္မာ သကြား
စသည်တို့လည်း ဝေးရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှု
နေကြ၏၊ ဘုရားအလောင်းတော်မှာ တပါးတည်း ကျန်ရစ်တော်မူ
သော်လည်း အနည်းငယ်မျှ စိုးရွှံ့တော်မမူဘဲ“သားသည် မိခင်သည်
ရင်ခွင်ထဲမှာနေသော သားငယ်က ဆံပင်ကို ဆွဲ,မျက်နှာကို ကုပ်
ပါးကို ပုတ်လျက်, တလှုပ်လှုပ် နှိပ်စက်သော်သည်း မပျက်နိုင်သော
အချစ်မျိုးဖြင့် တိုး၍သာ ပွေ့ ပိုက်သကဲ့သို့ ” ထို့အတူ မာရ်နတ်ကို
မေတ္တာမကင်းဘဲ သနားသော ကြည့်ခြင်းဖြင့် ကြည့်တော်မူလျက်
နှစ်သက်ဘွယ် စကားများကို တုန့်ပြန် ပြောဆိုတော်မူပြီးလျှင် “ဤ
ပလ္လင်နေရာကို ရဘို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက
စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဥးတော့, နောက်ဆုံးဖြစ်သော
ဝေဿန္တရာ ဘဝဝယ် ကြင်ယာတော်မြောက်သား မဒ္ဒီမိဖုရားကို
•
ဘုရားအဖြစ်တော်စဉ်
၃၃ ၇
လှူတုန်းက ဤ မဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီး
ဆော်ခတ် အသိအမှတ် ပြုခဲ့ဘူးလေပြီ”ဟု မိန့်တော်မူလျက် လက်
တော်ဖြင့် မြေကို သုံးသပ်တော်မူသောအခါ ယန္တရားစက်ခလုတ်ကို
ဖြုတ်လိုက်သည့်ပမာ ပြင်းစွာ တုန်လှုပ်လေသည်။ [ ဤနေရာဝယ်
လလိတဝိတ္ထာရသုတ္တန်က“မြေစောင့်နတ်သားသည် ကိုယ်တဝက်မျှ
ဖေါ်ထွက်ပြ၍ သက်သေခံသည်”ဟု ဆို၏၊ထိုအဆိုအတိုင်းပင် ဘုရား
ပရဝုဏ်အတွင်း၌ “ဝသုန္ဓေအရုပ်” လုပ်ထားကြလေသည်။
"
မဟာပထဝီ မြေကြီး၏ တုန်လှုပ်သံမှာ ပဲ့တင်ထပ်မျှ တောသံ
တောင်သံတို့ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တပြင်လုံးလည်း
တဂျုံးဂျုံး ထစ်ကြိုးလျက် မိုဃ်းကြိုးများ ကျရောက်လေ၏၊ ထိုသို့
တပြိုင်နက် အကြီးအကျယ် ကြောက်မက်ဘွယ်များ ဖြစ်ပေါ်သော
အခါ“ဂိရိမေခလာ”ဆင်ပြောင်ကြီးသော်မှ မကြည့်ရှုအားတော့ဘဲ
လက်ရုံးပေါင်းတထောင်ကို ဖယ်ရှား၍ မာရ်နတ်ကြီး ထွက်ပြေးလေ
ရာ နောက်လိုက်နောက်ပါ စစ်သည်တော်အားလုံးလည်း အစုအရုံး
ပျက်ပြား၍ ဝသဝတ္တိနတ်ပြည်သို့ တက်ပြေးကြလေသော်, သကြား
ဗြဟ္မာတို့၏ အောင်သံဖြင့် ဆူညံ၍ သွားလေသတည်း။
ဘုရား ဖြစ်တော်မူခဏ်း
66
အလောင်းဘုရားသည် “ ဒေဝပုတ္တမာရ် ” ဟု ခေါ်အပ်သော
မာရ်နတ်၏ရန်ကို နေမဝင်မီ အောင်မြင်တော်မူ၍, တရားတော်ကို
အားထုတ်တော်မူရာ ညဉ့်ဥးယာမ် အချိန်၌ ရှေးဖြစ်ဟောင်းကို
အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏၊
ထို ့နောက် သန်းခေါင်ယာမ် အချိန်ဝယ် တလောကလုံး၌ ရှိသော
၂၇ (အဋ္ဌမအကြိမ်)
Lo

## PAGE 179

၃၃၀
ရတနာ့ဂုဏ်ရည်
သတွာအပေါင်းတို့ကို မျက်ဝါးထင်ထင် သိမြင်နိုင်သော ဒိဗ္ဗစက္ခု
ဉာဏ်ကို ရတော်မူ၏၊ ထို ့နောက် အတွင်း သန္တာန်က တထောင့်
ငါးရာ ကိလေသာမာရ် သူပုန်ရန်ကို အနည်းငယ်မျှ မကျန်ရအောင်
ဖြိုဖျက်နိုင်ဘို့ရာ သဒ္ဓါ ပညာ ဝီရိယ သမာဓိ သတိဟူသော တရား
၅ ဥုးကို ဗိုလ်မှူးတင်၍ မဂ်လေးပါး တည်းဟူသော စက်အမြောက်
များကို အသုံးပြုလျက် ဖြိုဖျက်တော်မူလေရာ အရုဏ်တက်မည့်ဆဲဆဲ
အချိန်မှာ ကိလေသာအားလုံး ပြုတ်ပြုတ်ပြုန်းသဖြင့် သုံးလောက
ခပင်း အမင်းမင်းတို့၏ ဝပ်စင်း ပူဇော်ရာ သဗ္ဗညုတာ ဉာဏ်ပညာ
တည်းဟူသော ထီးဖြူတော်ကို စိုက်ထူဆောင်နွှဲ၍ အောင်ပွဲယင်တော်
မူသတည်း။
မှတ်ချက်။ ။ဘုရားဖြစ်တော်မူပြီးနောက် နတ် ဗြဟ္မာတို့ ပူဇော်
ရာတွင် “အချို့က မြေပြင်ကို ကောင်းစွာ ရှင်းလင်း၍ နံ့သာရေဖြင့်
သွန်းဖြန်းလျက် ပန်းများဖြင့်ပူဇော်ကြသည်၊အချို့က ဗောဓိပင်နှင့်
တကွ ဘုရားရှင်ကို ရေသပ္ပါယ်ကြ၍ ဘုရားရှင်မှ
ကျလာသောရေဖြင့်
မိမိတို့ကိုယ်ကို သုတ်လိမ်းကြသည် ” ဟု လလိတဝိတ္ထာရက
ထိုအဆိုကို လိုက်၍ ယခုအခါ သင်္ကြန်တွင်း၌ ရေသပ္ပါယ်ကြခြင်း,
ကဆုန်ညောင်ရေ သွန်းခြင်းကို ပြုကြဟန်တူသည်။
ဥုံ နမော·တေ ဝိတုံ မေ, ဇယတော ဒဒတော ဇယံ၊
နဋ္ဌထမံ သဗ္ဗသန္တ ကရ မေ ဇယမင်္ဂလံ။
ဥုံ-အန္တရာယ်ကင်း, ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ကာ, မယှဉ်
သာအောင်, မင်္ဂလာကြီး ဖြစ်ပါစေသတည်း၊… နဋ္ဌထမ္ဘ-ထောက်ပံ့
မည့်လူ, ကူညီမည့်နတ်, ရံပတ် ဝဲ ယာ, ဗြဟ္မာလည်း မရှိပါဘဲ၊ သဗ္ဗ
(အဋ္ဌမအကြိမ်)
-
ဘုရား အဖြစ်တော်စဉ်
၃ ၃ ၉
IL IL
သန္တ – ကိုယ်နေ ရှိန်မပျက်,တသိရ်ထွက်ဘို့, ငြိမ်သက် ဖွေးဖြူ,
အေးအေးလူလူသာလျှင်၊ ဇယတော – ပါရမီ စက်ဟုန် လက်နက်
စုံဖြင့် ချက်ကုန်မလဲ ပွဲတိုင်းမရှောင်, နွှဲတိုင်းပင် အောင်တော်မူပေ
ထသော၊ ဇယံ ဒဒတော-အောင်ရာစည်းကမ်း, အောင်နည်းလမ်း၌
မှီးငြမ်းမလစ် အသစ်အဆန်း တစ်ဂဏန်းက မှန်းဆ၍မြှော်, ပန်းရ
အောင်လည်း, လမ်းပြ ပေးသနားတော်မူပေထသော၊ တေ -
မကိုဋ်ရောင်လျှံ သျှောင်ပျံမှာ, အောင်လံ စွင့်စွင့်, လွှင့်တလူ...
အောင်တော်မူမြတ်ဘုရားအား၊မေ-မအောင်သေးခင် အောင်ကြွေ
တင်၍ အောင်မြင်ရန်မျှော်,တပည့်တော်၏၊ ဝိဇေတုံ – မရှောင်
ခပင်း အခေါင်နင်း၍ အောင်ခြင်းကြီး အောင်ပါရခြင်းအကျိုးငှါ၊
နမော’ အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးစုံ မှန်းဆ၍ တမ်းတ
ရှိခိုးပါ၏ ဘုရား၊ မေ – မအောင်သေးခင်, အောင်ကြွေး တင်၍
အောင်မြင်ရန်မြေ၌ တပည့်တော်အား၊ ဇယမင်္ဂလံ – အောင်ရန်
အတိတ်, အောင်နိမိတ်ဖြင့်, အောင် ဘိသိက်သွင်း, အောင်ဟိတ်
ကျင်း၍ အောင်ခြင်းဆင်က မင်္ဂလာကို၊ ကရ-သပြေအချို့ ငွေခရု
ဖြင့် ဇေယတုပုံ မေရုတုန်အောင်, အဖုံဖုံ အမှုအေးဘို့
ပြုပေးတော်
မူပါ့....အောင်တော်မူ အရှင်မြတ်ဘုရား။
,
-
-
အမှာ။ ။ပါဠိရော အနက်ပါ ဤဂါထာကိုကောင်းစွာ နှုတ်တက်
အရကျက်၍ ဘုရားရှင်၏ အောင်မြင်တော်မူပုံကို အာရုံပြုကာ
အိပ်ရာဝင်
အိပ်ရာထ ရွတ်ဆိုကြပါလေ။
ဘုရားအဖြစ်တော်စဉ် ပြီး၏။
(အဋ္ဌမအကြိမ်)

## PAGE 180

၃ ၄ ဝ
<
ရတနာ့ဂုဏ်ရည်
ကျမ်းပြီး နိဂုံး
ယခုအခါ ဗုဒ္ဓဘာသာဝင်ဟူသမျှတို့ မသိလျှင် မတော် သိမှသာ
လျော်မည်ဖြစ်သော ဘာသာရေးနှင့် ဆိုင်ရာတို့ကို လုံလောက်စွာ
စီစဉ်ပြီးပေပြီ၊ ဤကျမ်း၏ ညွှန်ပြချက်များကို လိုက်နာမှု မလိုက်နာ
မှုမှာ ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်သာ ဖြစ်၏၊ အို..ဗုဒ္ဓဘာသာဝင်
အပေါင်းတို့…… “ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်
ဘုရား” ဟူသည် ဘာသာခြား ဘုရားကဲ့သို့ “ အရေးပေါ်မှ ကိုယ်
တော်တိုင် ကယ်ဆယ်မည်”ဟု တာဝန်ခံထားသော ဘုရား မဟုတ်၊
စောစောစီးစီးက ကိုယ်စီကိုယ်င ကျင့်ကြဘို့ရန် လမ်းမှန် ကမ်းမှန်
ညွှန်ပြတော်မူသော ဘုရားဖြစ်သည်၊ ထိုကဲ့သို့ ညွှန်ပြတော်မူသဖြင့်
အားရသင့်သော အချက်ကို အမြွက်မျှ ပြဥးအံ့။
သမုဒ္ဒ၀ါဏိဇဇာတ်
ရှေးတုန်းက
ကုန်သည်တထောင်ကို ခေါင်းဆောင်နှစ်ယောက်
ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒြာအလယ် ကျွန်းငယ် တခုကို
တွေ့၍ ပျော်မွေ့စွာ နေထိုင်စဉ်, အတော်ကြာလျှင် ကျွန်းပေါ်မှာ
အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့်
ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေး တိုင်ပင်သော
အခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တကျွန်းလုံး ဆေးကြော
လျက် လူတွေကို မျှောပစ်ဘို့ရန် ဆုံးဖြတ်ကြလေသည်။
ထို့နောက် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက်
ကောင်းကင်မှ ကိုယ်ထင်ပြ၍ “နောက် ၁၅ ရက်လောက်ကြာလျှင်
ပင်လယ်ရေလွှမ်းသဖြင့် နစ်မှန်း မျောပါကုန်လိမ့်မည်၊ စောစောက
"
ကျမ်းပြီးနိဂုံး
၃၄ ၁
တင်ကြိုလျက် လှေများကို အဆင်သင့် ပြင်ထားကြကုန်လော” ဟု
ပြောဆို၍ကွယ်သွားပြီးနောက်လူအများလည်း ညှိုးငယ်စွာကျန်ရစ်
ကြလေသည်။
ထို ့နောက် အဓမ္မနတ်သားက တောင်အရပ်မှ ကိုယ်ထင်ပြ၍
ယခင် နတ်သား ပြောသွားတဲ့စကားဟာ မဟုတ်ဘူး၊ အသင်တို့
ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ”ဟု ပြောဆိုပြီးနောက်
ကွယ်ပျောက်သွားလေသော်, ခေါင်းဆောင်လူကြီး ၂ ယောက်တွင်
တယောက်က “ ပဌမ နတ်သားသည် ငါတို့ကို သက်သက် လာ၍
ချောက်လှန့်ခြင်း ဖြစ်သည်၊ သင်တို့ ပျော်ပျော်ပါးပါးသာ နေကြ”
ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နောက်လိုက်
ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။
ခေါင်းဆောင်တယောက်ကမူ မိမိနောက်လိုက်များကို ပြောဆို
သည်မှာ “အမောင်တို့ လှေများ တက်များကို အဆင်သင့် ရှာထား
ကြစို့ရဲ့ ဒုတိယနတ်သား၏ စကားက မှန်လျှင်လည်း လှေ တက်
များကို ရှာရသည့်အတွက် ငါတို့မှာ တာဝန် မတက်လှပါ၊ အလိုရှိ
သောအခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်၊ ပဌမနတ်သား၏ စကား
မှန်လျှင် ပြင်ဆင်ထားသော လှေ တက်များဖြင့် အဆင်သင့် ထွက်
သွားကြရလိမ့်မည်။
ဤသို့ ပြောဆိုပြီးလျှင် လပြည့်နေ့အချိန်ဝယ် ခါတိုင်းထက်ပိုမို၍
ရေတက်လာကတည်းက အသင့်ရှာထားသောလှေပေါ်သို့ တက်ကြ
ပြီးလျှင် ရေလွှမ်း၍အလာတွင် လွတ်ရာကို ထွက်သွားကြလေသည်၊
အခြား ခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက်
