## PAGE 181

၃ ၄၂
ရတနာ့ဂုဏ်ရည်
အလာတွင် မျက်လုံးများ ပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒြာထဲသို့
မျောရှာကြလေသည်။
ဤဇာတ်တော်၌ ဓမ္မနတ်သား၏ လမ်းမှန်ကို ညွှန်ပြမှုအတွက်
မည်မျှ ချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှုအတွက်
မည်မျှ အသက် ဆုံးရှုံးရပုံကို စဉ်းစားပြီးလျှင်, ဘာသာခြားတို့
ဘုရားက“ကယ်တင်မည်”ဟု ဝန်ခံရာ, ဝန်ခံသည့်အတိုင်း ကယ်တင်
မည် မှန်ပါလျှင် တော်တန်ဘို့ ရှိပါသေး၏၊ အချက်ကျမှ မကယ်
တင်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။
"
ဘုရားက
ငါတို့ ဘုရားကား “ကယ်တင်မည်” ဟု ဝန်မခံပေ။ ကိုယ်တိုင်
ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့် ညွှန်ပြတော်မူ၏၊
လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ အပြင် နိဗ္ဗာန်ကိုပင်
လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကို ညွှန်ပြတော်မူသည်။
အပါယ်လေးပါးသွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင်
ညွှန်ပြတော်မူ၏။ ကယ်တင်မည်ဟု ဝန်ခံထားအပ်သော
ကယ်တင်နိုင်တယ်ဘဲ ဆိုဥုးတော့, သူနှင့် အလားတူ ဖြစ်အောင်
ဘယ်တော့မှ မကယ်, သူ ့အောက် ရောက်ရုံသာ ကယ်တင်မည်၊
ငါတို့ဘုရားကား တကယ် ကျင့်နိုင်လျှင် ကိုယ်တော်နှင့် အလားတူ
ဘုရားတဆူ ဖြစ်အောင်ပင် ညွှန်ပြတော်မူ၏၊ ထိုမျှလောက် အဆိုး
အကောင်းကို အကျိုးအကြောင်း စုံစွာဖြင့် ညွှန်ပြတော်မူခြင်းထက်
သာလွန် လုံလောက်သောအချက် ရှိဥုးမည်လော။
ယခုကာလ၌ သေမည့်ဘေးမှ တခါလောက် ကယ်ဆယ်ဘူးလျှင်
အင်မတန့် အသက်သခင် ကျေးဇူးရှင်ကြီးပေ ” ဟု ပြောဆိုကာ
ကျမ်းပြီးနိဂုံး
၃ ၄ ၃
လွန်စွာ အားထားကြ, မြတ်နိုးကြ အသက်ကိုပင် အပ်နိုင်ကြ၏၊
ဘုရားရှင်ကား တသက် တဘဝ လောက်ကိုသာ ကယ်ဆယ်သည်
မဟုတ်သေး၊ ဘဝပေါင်းများစွာ တသံသရာလုံး ကယ်မ၍ နိဗ္ဗာန်
ရသည့် ဘဝတိုင်အောင် စောင့်ရှောက်ရာကျသဖြင့် အသက်ပေါင်း
များစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။
•
"
ဤနေရာ၌ “ ကယ်တင်မည်” ဟူသော စကားနှင့် “ကိုယ်တိုင်
ကျင့်” ဟူသော စကားနှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင်
ကယ်တင်မည့် ဆိုသောစကားက အဓမ္မ နတ်သား၏ “အေးအေး
နေကြ” ဟူသော စကားမျိုး ဖြစ်၍ “ ကိုယ်တိုင်ကျင့်” ဟူသော
စကားက ဓမ္မနတ်သား၏စကားမျိုးဖြစ်၏၊ ကိုယ်တိုင်ကျင့်ခြင်းသည်
လှေ တက်များကို အဆင်သင့် ရှာထားခြင်းနှင့် တူ၏၊ ထိုကဲ့သို့
ကိုယ်တိုင်ကျင့်ရသည့်အတွက် တာဝန်လည်း မတက်လှပါ။
လှေတက်များကို ရှာကြရသကဲ့သို့ မကောင်းမှုတို့မှ ရှောင်ရ
ကောင်းမှုတို့ကို ပြုကျင့်နေရသောကြောင့် အနည်းငယ် တာဝန်တက်
သည်မှာ မှန်ပါ၏။ သို့သော် ထို တာဝန်တက်မှုသည်ကား ဤဘဝ
အတွက် လူကောင်း သူကောင်းဖြစ်ဘို့အချက်သာ ဖြစ်၍ အချည်းနှီး
အကျိုးမဲ့မဖြစ်ဘဲ ကောင်းကျိုးရဘို့အကြောင်းသာ
ဖြစ်ပါပေသည်၊
ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်း၏ ညွှန်ပြချက်ကို
ဥုးထိပ်ရွက် ပန်ဆင်ကာ မိမိလိုရာ ဆုထူးဖြင့် နိဗ္ဗာန် ကူးလိုလျှင်
ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန် ပါရမီတရား သင်္ဘော
လှေ တက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီး
အစီး တည်ထောင်ထားနှင့်ကြစေ-ခလို။

## PAGE 182

၃၄၄
OL
ရတနာ့ဂုဏ်ရည်
နိဂုံးချုပ် လင်္ကာ
ကျမ်းပြီး မှတ်ထုံးကမ္ပတ်ဖုံး၍ နိဂုံးအရာ အကျဉ်းမှာပိမ့်၊ မြန်မာ
ဘို့ဆွေ့ မွန်တို့တွေကား, တို့မြေဌာနီ, နေပါပြီလည်း, မဆီ
မဆိုင်, မသီနိုင်ဘဲ, ဤတိုင် အောက်ကျ ဖြစ်ကုန်ရ၍ ဒေသ
ဘာသာ, သာသနာလည်းအာဏာ တန်ခိုး,ညှိုးကြီး ညှိုးခဲ့။
လူမျိုး ကွယ်ပျောက်, အပါယ်ရောက်ဘို့ အနောက် တိုင်းသား
ဘာသာများက ထိပါး ထိုဤ, လွှမ်းမိုးပြီမို ့ ကိုယ်စီဆောင်
စွမ်းတာဝန်လမ်းကို ထမ်းမှ သင့်မည်,
ထင်မိသည်ကြောင့်
တိုင်းပြည် အတွက် ဘာသာဘက်က ရာသက်ပန်မှု ကောင်း
အောင် ပြုဘို့ ဂရုတစိုက်, ရေးသားလိုက်၏။
,
သိထိုက် သိရာ, သိပြီးခါဝယ်, စဉ်လာ ထင်မြင်, ပြင်ကာဆင်၍
စည်ပင်သာယာ,သာသနာနှင့်, ဘာသာအမျိုး တိုးကြီး တိုးဘို့
ကိုယ်ကျိုးလည်းအောင်, သူ့ ကျိုး ဆောင်လျက် နောက်နောင်
ဂတိ ကောင်းစေဘို့လော။
မရှိမခက်, မသိ ခက်မို့ သိချက် ဖွယ်ဖွယ် ဖွင့် သွယ်သွယ်ကို
ဘယ်ဝယ် မလပ်, စဉ်တိုင်းလှပ်၍ လက်ထပ်ပြီးစ ဇနီးလှသို့
ကျန စေ့ငု တွေ့တိုင်း ရှုက သိမှုကုန်စင်, ခန်းတိုင်းမြင်မည်
ဤတွင် မှာတမ်း နိဂုံးတည်း။
ရတနာ့ဂုဏ်ရည် ပြီးပြီ။
"6"
လက္ခဏာတော်ကြီး ဘုရားရှိခိုး
နိဒါန်း
၃၄၅
လက္ခဏ။ ။“လက္ခဏ” ဟူသော ပါဠိစကားသည် မြန်မာလို
အမှတ်အသား” ဟု အဓိပ္ပါယ် ထွက်၏၊ ထို အမှတ်အသာ.သည်
ရှေးဘဝက ကံနှင့် ဆိုင်၏၊ မျက်လုံး မျက်ခုန်း, လက်, ခြေစသော
ကိုယ်ခန္ဓာ အစိတ်အပိုင်းနှင့် တကိုယ်လုံး ပုံသဏ္ဌာန်တို့ဝယ် ရှေး
ကံအားလျော်စွာ ကောင်း-မကောင်း အမှတ်အသားများ ပါရှိ၏၊
ထို အမှတ်အသားကို ကြည့်၍ ဝေဒသိမြင် ဗေဒင် ပညာရှိတို့သည်
ယောက်ျားမြတ်— ယောင်္ကျားယုတ်, မိန်းမမြတ် – မိန်းမယုတ် ဟု
အတ ဟောနိုင်ကြကုန်၏။ [ ယခုအခါ လက် ခြေကိုသာ ကြည့်၍
ဟောခြင်းမှာ မပြည်စုံသေးပါ။]
ဗုဒ္ဓလက္ခဏ၁။ ။ဝေဒကျမ်းတို့၌ ဗုဒ္ဓဖြစ်ထိုက်သော(သို့မဟုတ်-
စကြာမင်း ဖြစ်ထိုက်သော ) ယောက်ျားမြတ်၏ လက္ခဏာများကို
ဖေါ်ပြထား၏၊ ထို ့ကြောင့် ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသော သေလ
မည်သော ဝေဒပညာရှိသည် ဗုဒ္ဓကို မြင်သောအခါ “ စကြာမင်း
ဖြစ်ထိုက်သော ပုဂ္ဂိုလ်ပါတကား စကြာမင်း လုပ်တော်မူပါ” ဟု
လျှောက်ထားလေသည်။
သပ္ပါယ်ခြင်း၏ အကြောင်း။ ။ဗုဒ္ဓမြတ်စွာ၏ သပ္ပါယ်တော်
မူခြင်းသည် ယခု ပြအပ်လတ္တံ့သော လက္ခဏာတော်ကြီး – လက္ခဏာ
တော်ငယ် များကြောင့်သာ ဖြစ်ရကား ထို လက္ခဏာတော်များ
အကြောင်းအရာတို့ကို ကောင်းကောင်းသိလေ “ငါတို့ဘုရား” ဟု

## PAGE 183

၃၄ ၆
လက္ခဏာတော်ကြီး ဘုရားရှိခိုး
အားရပါးရ ကိုးကွယ်၍ကောင်းလေ့ ဖြစ်ရုံသာမက, ဗုဒ္ဓါနုဿတိ
ဘာဝနာ ကမ္မဋ္ဌာန်းကို ကြိုးပမ်းသော ယောဂီပုဂ္ဂိုလ်အတွက်လည်း
ဗုဒ္ဓမြတ်စွာကိုအာရုံပြု၍ အလွန်ထင်လွယ်သောကြောင့် ယောက်ျား
မြတ်၏ ၃၂ ပါးသော အထိမ်းအမှတ် လက္ခဏာတော်များကို ဘုရား
ရှိခိုးအဖြစ်ဖြင့် ရှေးဆရာတို့ ရေးသားတော်မူခဲ့ကြ ပါသည်။
ဗုဒ္ဓါနုဿတိ ဘာဝနာ ။ ။ ထို လက္ခဏာတော်ကြီး ဘုရား
ရှိခိုးကိုရွတ်ဆို၍ ဘုရားရှိခိုးသောအခါ ဗုဒ္ဓမြတ်စွာ၏ ထူးခြားသော
လက္ခဏာတော်ကို စိတ်ထည်း၌ အလွန် ထင်မြင်လာပါ လိမ့်မည်၊
ထိုသို့ ထင်မြင်လာသောအာရုံကို အာရုံပြုနေခြင်းသည် ဗုဒ္ဓမြတ်စွာ၏
သိရီဘုန်းတော်ကို အာရုံပြုခြင်း ဖြစ်သောကြောင့် အလွန် လွယ်ကူ
စွာဖြင့် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများရာလည်း ရောက်ပါသည်၊
ထို့ကြောင့် ဤ လက္ခဏာတော်ကြီးဘုရားရှိခိုးကို နှုတ်တက်ရအောင်
မကျက်နိုင်သေးလျှင် စာအုပ်ကိုကြည့်၍ ရွတ်ဆို ရှိခိုးကြပါလေ။
မှီရာကျမ်းဂန်။ ။ ရှေးဆရာတော် များသည် ဤ လက္ခဏာ
တော်ကြီး ဘုရားရှိခိုးကိုရေးသားခဲ့ရာ၌ သုတ်မဟာဝဂ္ဂ-မဟာပဒါန
သုတ် ပါဠိတော်နှင့် အဋ္ဌကထာတို့ကို၎င်း, သုတ်ပါထေယျ-လက္ခဏ
သုတ် ပါဠိတော်နှင့် အဋ္ဌကထာ တို့ကို၎င်း အမှီပြုခဲ့ကြရ ပါသည်၊
ထို့ကြောင့် ဤ ဘုရားရှိခိုးသည် အလွန် အခြေခံ ကောင်းရကား
မိမိငယ်စဉ်က သင်ခဲ့ရသည်ကို ကျေးဇူးဆပ်သော အားဖြင့် အကူး
အပြောင်းများ၍ မှားနေသောအချို့ကို ပြင်ဆင်၍၎င်း ဘုရားရှိခိုး
မူရင်းကို အဓိပ္ပါယ်ပေါ်လွင်အောင် တန်ဆာဆင်၍၎င်း စီစဉ်ထား
သဖြင့် သူတော်ကောင်းများကို အားရ နှစ်သက်စေပါလိမ့်မည်။
လက္ခဏာတော်ကြီး ဘုရားရှိခိုး
သုပ္ပတိဋ္ဌိတ ပါဒတာ လက္ခဏာတော်
၁။ ပုဗ္ဗေ ပုညေသု သမ္ဗုဒ္ဓေါ သမာဒါနေန ဒဠတော၊
သုပ္ပတိဋ္ဌိတ ပါဒေါစ, အက္ခတ္တိယောစ တံ နမေ။
-
-
၃၄၇
ယော သမ္ဗုဒ္ဓေါ-အကြင်မြတ်စွာဘုရားသည်၊ပုဗ္ဗေ-ဘဝများစွာ,
ရှေးရှေးအခါ၌၊ ပုညေသု – ဒါန သီလ စသည် ပေါင်းစု, ကုသိုလ်
ကောင်းမှုတို့၌၊ ဒဠတော – မတွန့်ဆုတ်ဘဲ ခိုင်မြဲသော အားဖြင့်၊
သမာဒါနေန-အားရရွှင်ပျော်, ဆောက်တည်တော်မူခဲ့ခြင်းကြောင့်၊
သုပ္ပတိဋ္ဌိတပါဒေါစ- ခြေတော်ချရာ ရပ်တိုင်းမှာဝယ်, ကောင်းစွာ
အညီ တည်သော ခြေတော်ရှိသည်၎င်း၊ အက္ခတ္တိယောစ - ရလတံ့
ရပြီး ကျိုးသီးသီးဝယ်, ဘယ်ရန်သူမျှ ခွါ၍ မချနိုင်သည်၎င်း၊
ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ်
ဖြစ်ထွန်းတော်မူ၏၊ တံ သမ္ဗုဒ္ဓံ - သုပ္ပတိဋ္ဌိတ, ပါဒတာခေါ်, လက္ခ
တံ
ဏာတော်ကြီးနှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ-
ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ - ယုံကြည်
မြတ်နိုးလက်စုံမိုး၍, ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
☑
X
အကြောင်းကောင်းမှု ။ ။ ဗုဒ္ဓမြတ်စွာသည် အလောင်းအလျာ
ဖြစ်ခဲ့သော ဘဝများစွာတို့၌ ကုသိုလ်ကောင်းမှု ကိစ္စကို ပြုလုပ်ရာဝယ်
လွန်စွာခိုင်မြဲတော်မူ၏၊ မိမိပြုနေသောကောင်းမှုကို အခြားသူတို့က နောက်
ဆုတ်အောင် ပြောကြသော်လည်း မည်သည့်အခါမျှ တွန့်ဆုတ်ခြင်းမရှိချေ၊

## PAGE 184

၃၄၈
လက္ခဏာတော်ကြီး
ဤသို့ ကုသိုလ်ကောင်းမှု ကိစ္စစု၌ နောက် မဆုတ်ဘဲ ခိုင်မြဲတော်မူခြင်းသည်
ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တပါး ဖြစ်ပါသည်။
အကျိုးလက္ခဏာတော်။ · ။ထိုကဲ့သို့ ကုသိုလ်ကောင်းမှု ကိစ္စစု၌ ခိုင်မြဲစွာ
ဆောက်တည် ခဲ့ခြင်းကြောင့် ဘုရား ဖြစ်တော်မူမည့် နောက်ဆုံး ဘဝ၌
ခြေတော်၏ခိုင်မြဲစွာတည်ခြင်းဟူသော(သုပ္ပတိဋ္ဌိတပါဒတာလက္ခဏာတော်)
အကျိုးကို ရတော်မူသည်၊ မြတ်စွာဘုရား၏ ခြေတော်သည် မည်သည့်အရပ်၌
မဆို `နင်းတော်မူ သောအခါ ဖနောင့်တော်ဘက်ကလည်း အလျင်မကျ၊
ခြေဖျားတော်ဘက်ကလည်း အလျင်မကျ၊ ခြေဖဝါးတပြင်လုံး တပြိုင်နက်
ကျ၍ တည်ရာအရပ်၌ ဖဝါးတော်တပြင်လုံး ထိတော်မူ၏၊ ယခုလူများ၏
ခြေဘဝါးကဲ့သို့ အလယ်၌ ဟာ၍ ဟိုက်၍မနေ။ [သုပ္ပတိဋ္ဌိတ’ ကောင်းစွာ
တည်သော၊ ပါဒတာ- ခြေတော်ရှိခြင်း။ ]
လက္ခဏာတော်၏ အကျိုးဆက်။ ။ ပြအပ်ပြီးသော လက္ခဏာတော်သည်
ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်ကို ရတော်
မူခြင်း၏ အကျိုးအဆက်မှာ အကျိုးပေးဘို့ရန် ရှေးရှုနေသော အကျိုးကို
မာရ်နတ် တိတ္ထိဆရာကြီးစသော မည်သည့်ရန်သူမျှ မတားမြစ်နိုင်ခြင်း
ပေးအပ်ပြီးသော အကျိုးကိုလည်း မည်သည့်ရန်သူမျှ ဖယ်၍ ခွာ၍ မချနိုင်
ခြင်းတည်း။
။
တိုက်တွန်းချက် ။ ဤသို့ အကြောင်း ကုသိုလ်ကောင်းမှ အကျိုး
လက္ခဏာတော်, လက္ခဏာတော်၏ အကျိုးဆက်, ဤသုံးချက်ကိုစဉ်းစားကာ
ဗုဒ္ဓမြတ်စွာ၏ သုပ္ပတိဋ္ဌိတပါဒတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ
ဘာဝနာကို ပွားများကြပြီးလျှင် မိမိတို့လည်း ကုသိုလ်ကောင်းမှု ကိစ္စစုဝယ်
ပြုဘို့ရန် အခွင့်ရောက်လာလျှင် နောက်မဆုတ်ဘဲ ခိုင်မြဲအောင် ကြိုးစ
ကြပါလေ။
းစား
ဘုရားရှိခိုး
စက္ကေနကိတပါဒတာ လက္ခဏာတော်
၂။ သပရိဝါရက ဒါနေန, တထာဂတော ပုရေဘဝေ၊
စက္ကေန ကိတပါဒေါစ ပရိဝါရောစ တံ နမေ။
-
၃ ၄၉
ယော တထာဂတော-အကြင် မြတ်စွာဘုရားသည်၊ပုရေဘဝေ-
ဘဝများစွာ ရှေးရှေးအခါ၌၊ သပရိဝါရက ဒါနေန-ဆိုင်ရာ မချန်
အခြံအရံနှင့်တကွ ပြုအပ်ခဲ့သော အလှူဒါနကြောင့်၊ စက္ကေန-တရာ့
ရှစ်ကွက်, ခြေတော်စက်ဖြင့်၊ အကိတပါဒေါစ - အမှတ်တံဆိပ်
ခပ်နှိပ်အပ်သော ခြေတော်ရှိသည်၎င်း၊ ပရိဝါရောစ = ဗြဟ္မာ လူ
နတ် ပရိသတ်တို့ မပြတ်မှန်မှန် အခြံအရံရှိသည်၎င်း၊ ဟောတိ
အကြောင်းအလိုက်, အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်း
တော်မူ၏၊ တံ တထာဂတံ - စက္ကေနကိတ, ပါဒတာခေါ်, လက္ခဏာ
တော်နှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ -
တပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး
လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။
☑
☑
☑
X
ဘုရား
အကြောင်း ကုသိုလ်ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ
ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် အလှူဒါန ပြုသောအခါ မူလဒါန၏
အခြံအရံအဖြစ်ဖြင့် ဆိုင်ရာပစ္စည်းကိုပါ ထည့်၍ လှူလေ့ရှိတော်မူ၏၊ ဥပမာ–
သင်္ကန်းလှူသောအခါ အခြံအရံအဖြစ်ဖြင့် ဆွမ်းကိုထည့်၍လှူခြင်း ကျောင်း
လှူသောအခါ ကျောင်းအသုံးအဆောင်ကိုပါ ထည့်၍လှူခြင်းတည်း။
အကျိုး လက္ခဏာတော်။ ။ ထိုကဲ့သို့ အခြံအရံနှင့်တကွ ပေးလှူလေ့
ရှိခဲ့ခြင်းကြောင့် ဘုရား ဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ခြေဖဝါးတော်
အပြင်ဝယ် ခြေတော်၏ အခြံအရံ အဖြစ်ဖြင့် စက် လက္ခဏာတော်များ

## PAGE 185

၃ ၅ ဝ
လက္ခဏာတော်ကြီး
ပေါ်ထင်၍လာခြင်း တည်းဟူသော အကျိုးကို ရတော်မူသည်၊ မြတ်စွာ
ဘုရား၏ ခြေဖဝါး အပြင်တော်၌ စက်ဝိုင်းပုံသဏ္ဌာန် ပါသော အရပ်ဝယ်
အမျိုးမျိုးသော အရုပ်များ ပေါ်လွင် ထင်ရှားနေသည်ကို စက္ကလက္ခဏ
(စက်လက္ခဏာ)ဟု ခေါ်၏၊ ထို စက်လက္ခဏာသည် လူအများ၏ ခြေဖဝါး၌
မပါဘဲ ဘုရားအလောင်း စကြာမင်းလောင်းတို့၌သာ ပါနိုင်သော ထူးခြား
သော လက္ခဏာတော်တည်း။ စက္ကေန - စက်လက္ခဏာဖြင့် + အကိတ
ပါဒတာ – အမှတ်တံဆိပ် ခတ်နှိပ်အပ်သော ခြေတော်ရှိခြင်း။ ]
-
-
လက္ခဏာတော်၏ အကျိုးအဆက်။ ။ဤ ပြအပ်ပြီးသော လက္ခဏာ
တော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရှင်းတည်း၊ ထို လက္ခဏာ
တော်ကို ရတော်မူခြင်း၏ အကျိုးဆက်မှာ လူ ့အဖြစ်၌ များစွာသော လူ
အခြံအရံတို့ကို ရခြင်း, ဗုဒ္ဓဖြစ်သော အခါလည်း ဗြဟ္မာ နတ် လူ ဘိက္ခု၊
ဘိက္ခုနီ ပရိသတ်ဟူသော များသော အခြံအရံတို့ကို ရတော်မူခြင်းတည်း။
တိုက်တွန်းချက် ။ ဤသို့ အကြောင်းကုသိုလ်ကောင်းမှု အကျိုး
လက္ခဏာတော်, လက္ခဏာတော်၏ အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစား
ကာ ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာ
ကို ပွားများပြီးလျှင် မိမိတို့လည်း ကုသိုလ်ပြုရာအခါ၌ ကုသိုလ်ဒါန၏ အခြံ
အရံပါအောင် သတိပြုကြပါလေ။
11
၃
မှတ်ချက်။ ။ဤ စက်လက္ခဏာတို့ ပါသော ခြေတော်ရာသည် နင်းတော်
မူရာ အရပ်တိုင်း၌ ထင်တော်မမူပါ၊ ဘုရားရှင်က ထင်စေတော် မူလိုမှသာ
ထင်ပါသည်၊ ထိုသို့ စက်လက္ခဏာအပြည့်အစုံ ထင်တော်မူခြင်း မှာလည်း
သုပ္ပတိဋ္ဌိတပါဒတာ လက္ခဏာတော်အတွက် ခြေချတော်မူရာ အရပ်၌ ခြေ
ဖဝါးအပြင်တော်၏ အညီအမျှ ထိတော်မူခြင်းကြောင့်သာ ဖြစ်ပါသည်၊ ယခု
လူတို့ကဲ့သို့ အလယ်၌ ဟာနေလျှင် စက်လက္ခဏာများ ထင်နိုင်မည်မဟုတ်ပါ၊
ဤသို့ လက္ခဏာတော် ၂ ရပ် ဆက်စပ် နေပုံကို သတိပြုပါ။
(အဋ္ဌမုအကြိမ်)
ဘုရားရှိခိုး
ဒီဃပဏ္ဍိတာ, အာယတင်္ဂုလိတာ
ဗြဟ္မဇုဂတ္တတာ လက္ခဏာတော် ၃ ပါး
၃။ ပါဏသာတ ဝိရတိယာ, ဒီဃပဏီ ယတင်္ဂုလိ၊
-
I a
၃၅ ၁
ဗုဒ္ဓေါ ဗြဟ္မဇုဂတ္တောစ ဒီဃာယုကောစ တံ နမေ။
ယော ဗုဒ္ဓေါ… အကြင် မြတ်စွာဘုရားသည်၊ (ပုရေဘဝေ- ဘဝ
များစွာ, ရှေးရှေးအခါ၌၊) ပါဏဃာတဝိရတိယာ - သူ ့အသက်ကို
သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ ခြင်းကြောင့်၊ ဒီဃပဏီစ = ရှည်သော
ဖနောင့်တော်ရှိသည်၎င်း၊ အာယတင်္ဂုလိစ – ရှည်သွယ်သော လက်
ချောင်းတော် ရှိသည်၎င်း၊ ဗြဟ္မဇုဂတ္တောစ’ဗြဟ္မာမင်းလို့ ဖြောင့်
မတ်သော ကိုယ်တော် ရှိသည်၎င်း၊ ဒီဃာယုကောစ - ရှည်သော
အသက်တော် ရှိသည်၎င်း၊ ဟောတိ- အကြောင်းအလိုက်, အကျိုး
ဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ – ဒီဃ
ပဏ္ဍိတာ, အစဖြာသည့်, လက္ခဏာ ၃ ဘော်, ပြည့်စုံတော်မူသော
ထို မြတ်စွာဘုရားကို၊ အဟံ- ဘုရားတပည့်တော် ( တပည့်တော်မ )
သည်၊ နမေ နမာမိ – ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုး ကန်တော့
ပါ၏
ဘုရား။
☑
☑
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် ပါဏာတိပါတမှ ရှောင်ကြဉ်တော်မူ၏၊ [ဘဝ
တိုင်း ရှောင်ကြဉ်တော်မူခဲ့သည် ဟု မဆိုလိုသော်လည်း များစွာသော ဘဝ
တို့၌ ရှောင်တော်မူခဲ့သည် ဟု ဆိုလိုပါသည်၊ ] ဤသို့· ပါဏာတိပါတမှ
ရှောင်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်
တပါးဖြစ်၏။
(အဋ္ဌမအကြိမ်)
ဂ
