## PAGE 186

၃ ၅ ၂
လက္ခဏာတော်ကြီး
အကျိုးလက္ခဏာတော် ။ ။ ထိုသို့ ပါဏာတိပါတမှ ရှောင်တော်မူခဲ့
ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ (၁) ဖနောင့်တော်
ရှည်ခြင်းဟူသော ဒီသပဏ္ဍိတာ လက္ခဏာတော်, (၂) ရှည်သွယ်သော
လက်ချောင်းရှိခြင်း ဟူသော အာယတင်္ဂုလိတာ လက္ခဏာတော် ( ၃ )
ဖြောင့်မတ်သောကိုယ် ရှိခြင်းဟူသော ဗြဟ္မဇုဂတ္တတာ လက္ခဏာတော်,
ဤ လက္ခဏာတော် ၃ ပါးကို ရတော်မူသည်။
ဖနောင့်တော်ရှည်ပုံ။ … ။ပါဏာတိပါတကို ပြုသူတို့သည် ချောင်း၍
သူတပါးကို သတ်သောအခါ ခြေသံကြားမည် စိုးသောကြောင့် ခြေဖျား
ထောက်၍ သွားရတတ်၏၊ ထိုသို့ ခြေဖျားထောက်သောအခါ ခြေတို့သည်
ကောက်၍သော်လည်း နေတတ်၏၊ ဖနောင့်တို့၍သော်လည်း နေတတ်၏၊
ဗုဒ္ဓမြတ်စွာ အလောင်းတော်သည် ထိုကဲ့သို့ ခြေဖျားထောက်၍ သွားလျက်
သူတပါးကို မသတ်ခဲ့ကြောင်း ထင်ရှားအောင် ခြေဖနောင့်တော်သည်
ရှည်တော်မူ၏၊ ဖနောင့်တော် အစွန်းသည် လုံးဝိုင်းသော ပုံသဏ္ဌာန်ဖြင့်
လွန်စွာ တင့်တယ်တော်မူ၏။ [ ခြေတော်ကို ၄ ဘို့ခဲ့လျှင် နောက် တဖွဲ့သည်
ဖနောင့်တော်ဖြစ်၏၊ ဒုတိယတဖို့သည် ခြေသလုံးပေါ်ထွက်ဘို့ နေရာဖြစ်၏၊
ရွှေ့ ၂ဖို့သည် ခြေသလုံးနေရာ၏ ရှေ့ဘက်ဖြစ်၏။ ]
လက်ချောင်းများ ရှည်သွယ်ပုံ။ ။ ပါဏာတိပါတကို ပြုသောအခါ
လက်နက်ကို ဆုပ်ကိုင်ရ၏၊ ထိုသို့ ဆုပ်ကိုင်ရသဖြင့် လက်ချောင်းတို့သည်
တိုသကဲ့သို့ဖြစ်ကုန်၏၊ ဗုဒ္ဓမြတ်စွာ၏အလောင်းတော်ကား ထိုကဲ့သို့ လက်နက်
ကို ဆုပ်ကိုင်၍ မသတ်ခဲ့ကြောင်း ထင်ရှားအောင် လက်ချောင်း တို့သည်
အများလူတို့၏ လက်ချောင်းတို့ထက် ရှည်လည်းရှည်၍ အရင်းမှ အဖျား
တိုင်အောင် သွယ်လည်း သွယ်တော်မူသည်။
။
။ ပါဏာတိပါတ. ပြုဘို့ရန်
ဖြောင့်မတ်သော ကိုယ်တော်ရှိပုံ
သွားသောအခါ သူတပါး မြင်မည် စိုးသောကြောင့် ကိုယ်ကို မတ်မတ်
မထားဘဲ ပုအောင် နိမ့်အောင်လုပ်၍ ကောက်လျက် ကျွေးလျက် သွားရ၏၊
ဘုရားရှိခိုး
၃ ၅ ၃
ဗုဒ္ဓမြတ်စွာ အလောင်းတော်သည် ထိုကဲ့သို့ ပုအောင် နိမ့်အောင် လုပ်၍
မသွားခဲ့ရကြောင်း ထင်ရှားဘို့ရာ ကိုယ့်အရပ်တော်သည် ကောက်ကွေး၍
မနေဘဲ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်ဖြောင့်စင်းစင်း မားမား မတ်မတ်
ထောင်ထောင်မောင်းမောင်း ရှိတော်မူရကား လွန်စွာ တင့်တယ် သပ္ပါယ်
တော်မူသည်။
လက္ခဏာတော်၏ အကျိုးဆက်။ … ။ပြခဲ့သော လက္ခဏာတော် ၃ ပါး
သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်
၃ ပါးအတွက် အကျိုးဆက်မှာ အသက်တော် ရှည်ခြင်း ဟူသော အကျိုး
တည်း။ [ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ချွတ်ထိုက်သော ဝေနေယျသတွာ
ရှိသေးလျှင် သက်တော် ၈ဝ ကျော်သည့် အပြင် အာယုကပ်ကုန်အောင်ပင်
တည်နိုင်ပါ၏။ သို့သော် ဘုရားချွတ်မှ ကျွတ်မည့် ဝေနေယျများ ပြည့်စုံပြီ
ဖြစ်သောကြောင့် သက်တော် ရှစ်ဆယ် ပြည့်ရုံမျှဖြင့် ပရိနိဗ္ဗာန် စံတော်မူ
ပါသည်။ ]
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကောင်းမှု, အကျိုး လက္ခဏ၁,
လက္ခဏာတော်၏ အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ– ဗုဒ္ဓမြတ်စွာ၏
လက္ခဏာတော် ၃ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများကြ
ပြီးလျှင် မိမိတို့လည်း သန်းအု ကြမ်းပိုးအု ပိုးမွှားကလေးကိုမျှ ပါဏာတိ
ပါတအမှု မပြုမိအောင် ရှောင်ကြပါလေ။
-
ဆက်ပါဥိးမည်၊ — ပါဏာတိပါတ အမှုကို ပြုရာ၌ အသက်မွေးမှု
ချောင်လည်အောင်ပြုခြင်း, အခြားနည်းဖြင့် အသက်မွေးစရာမရှိ၍ မရှောင်
သာသောကြောင့် ပြုရခြင်း သက်သက် နှိပ်စက်လိုသောကြောင့် ပြုခြင်းဟု
၃ မျိုးရှိ၏၊ ထို ၃ မျိုးတွင် မည်သည့် ပါဏာတိပါတမဆို ငရဲသို့ ချနိုင်၏၊
ပြိတ္တာလည်း ဖြစ်စေနိုင်၏၊ ထို ့ကြောင့် ဘုရားအလောင်းသည် မည်သည့်
အကြောင်းကြောင့်မျှ ဘဝများစွာဝယ် ပါဏာတိပါတကို မပြုခဲ့ပါ။
၂ဂ (အဋ္ဌမအကြိမ်)

## PAGE 187

၃ ၅ ၄
လက္ခဏာတော်ကြီး
သတ္တုဿဒတာ လက္ခဏာတော်
၄။ ပရိဘောဇနဒါနေန ဗုဒ္ဓေါ ပုရိမ ဇာတိယံ၊
-
ဟောတိ သတ္တုဿဒေါစေဝ,ဝရဘောဇီစ တံ နမေ။
ယော ဗုဒ္ဓေါ’အကြင် မြတ်စွာဘုရားသည်၊ ပုရိမဇာတိယံ-ဘပ
များစွာ ရှေးရှေးအခါ၌၊ ဝရဘောဇနဒါနေန’စားဘွယ် ခဲဘွယ်
လျက်ဘွယ်နှင့် သောက်ဘွယ်ဖြာဖြာ, ပေးလှူရာဝယ်, ဩဇာပြည့်ဝ
မွန်မြတ်သော အာဟာရကို ပေးလှူခဲ့ခြင်းကြောင့်၊ သတ္တုဿဒေါ
စေဝ – လက်ဖမိုးတော် ၂ ဖက်, ခြေဖမိုးတော် ၂ ဖက်, ပခုံးတော်
၂ ဖက်, လည်ကုပ်တော်အားဖြင့်, ခုနစ်ပါးသော အရပ်တို့၌ ပြည့်
ဖြိုးသော အသားတော်ရှိသည်၎င်း၊ ဝရဘောဇီစ-ခဲဘွယ်ဘောဇဉ်
ချိုချဉ်ရသာ, မွန်မြတ်သောအစာကို ရတော်မူသည်၎င်း၊ ဟောတိ-
အကြောင်းအလိုက်, အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်း
တော်မူ၏၊ တံ ဗုဒ္ဓံ – သတ္တုဿဒတာ, လက္ခဏာနှင့် ကောင်းစွာ
ကုံလုံ ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ – ဘုရား
တပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး
လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
×
✓
☑
-
✓
အကြောင်း ကောင်းမှု။ ။ ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် စားဘွယ် မူ ခဲဘွယ် သောက်ဘွယ် လျှာဖြင့်
လျက်ဘွယ်ဖြစ်သော အစာအာဟာရတို့ကို ပေးလှူသောအခါ မိမိ တတ်နိုင်
ပါလျှင် အဆီ ဩဇာ အရသာရှိသော အစာ အာဟာရတို့ကိုသာ ပေးလှူ
တော်မူ၏၊ အဆီဩဇာ ခြောက်ခန်းသော အာဟာရတို့ကို မပေးမလှူခဲ့ချေ။
[ အကောင်း မလှူနိုင်သော အခါ၌ကား ထိုကဲ့သို့ အညံ့ကိုလည်း လှူရပေ
(အဋ္ဌမအကြိမ်)
ဘုရားရှိခိုး
၃ ၅ ၅
လိမ့်မည်။ ] ဤသို့ မွန်မြတ်သော အာဟာရတို့ကို ပေးလှူတော်မူခဲ့ခြင်းသည်
ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တပါး ဖြစ်သည်။
၂
အကျိုး လက္ခဏာတော်။ ။ထိုသို့ ဘဝများစွာ၌ အဆီ ဩဇာ အရသာ
ရှိသော အစာအာဟာရတို့ကို ပေးလှူတော်မူခဲ့သောကြောင့် ဘုရားဖြစ်တော်
မူမည့်ဘဝ၌ သတ္တုဿဒတာလက္ခဏာတော်ကို ရတော်မူသည်၊ ဗုဒ္ဓမြတ်စွာ၏
လက်ဖမိုးတော် ၂ ဖက်သည် ပြားချပ်ချပ် မနေဘဲ အသားအရေ ပြည့်၍
မိုမိုမောက်မောက် ရှိတော်မူ၏၊ ခြေဖမိုးတော် ၂ ဘက်လည်း ပိပိပြားပြား
မနေဘဲ အသားအရေ ပြည့်ဖြိုး၍ မိုမောက်တော် မူ၏၊ ပခုံးတော် ၂ ဖက်
လည်း ချိုင့်လျက် မနေဘဲ အသားအရေ ပြည့်ဖြိုးတော်မူ၏၊ လည်ကုပ်
တော်လည်း အရိုး မထင်ပေါ်ဘဲ အသားအရေ ပြည့်ဖြိုးတော်မူ၏၊ ဤသို့
လျှင် ၇ ပါးသော အရပ်တို့၌ သူတပါးတို့ထက် အသားအရေ ပြည့်ဖြိုး၍
မိုမိုမောက်မောက် ရှိတော်မူခြင်းကို သတ္တု ဿဒတာ လက္ခဏာတော် ဟု
ခေါ်သည်။ [သတ္တ - ၇ ပါးသော အရပ်တို့၌၊ ဥဿဒတာ – အသားတို့၏
များသည်၏အဖြစ် (ပြည့်ဖြိုးခြင်း)။
.II.
လက္ခဏာတော်၏ အကျိုးဆက် ။ ပြအပ်ပြီးသော သတ္တုဿဒတာ
လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းပင်တည်း၊ ထို
လက္ခဏာတော်အတွက် မွန်မြတ်သော အဆီဩဇာ အရသာရှိသော စားဘွယ်
ခဲဘွယ်သောက်ဘွယ် လျက်ဘွယ်ဟူသော အကျိုးဆက်ကိုလည်း ရတော်မူ
ပေသည်။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်,
လက္ခဏာတော်၏ အကျိုးဆတ်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏
သတ္တုဿဒတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို
ပွားများပြီးလျှင် မိမိတို့လည်း တတ်နိုင်ပါမူ အဆီဩဇာ ရှိသော မွန်မြတ်
သော အာဟာရတို့ကိုသာ စွန့်ကြဲ ပေးကမ်း လှူဒါန်းကြပါလေ။
(အဋ္ဌမအကြိမ်)

## PAGE 188

၃၅ ၆
လက္ခဏာတော်ကြီး
-
မုဒုတလုဏ ဟတ္ထပါဒတာနှင့်
ဇာလဟတ္ထပါဒတာ လက္ခဏာတော် ၂ ပါး
၅။ ဇနသင်္ဂဟတော ပုဗ္ဗေ, မုဒုဟတ္ထပဒေါ ဇိနော၊
ဇာလဟတ္ထပဒေါစေဝ, သုသင်္ဂဟဇနော နမေ။
ယော ဇိနော-အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝများစွာ
ရှေးရှေးအခါ၌၊ ဇနသင်္ဂဟတော’သင်္ဂဟ ၄-ပါးဖြင့်, လူအများကို
ချီးမြှောက်ခဲ့ခြင်းကြောင့်၊ မုဒုဟတ္ထပဒေါစေဝ – နုပျိုသော လက်
ခြေတော်ရှိသည်၎င်း၊ ဇာလဟတ္ထပဒေါစေဝ – ဇာကွန်ယှက် ပမာ
ညီစ္စာတည်သော လက်ချောင်း ခြေချောင်းတော်
ရှိသည်၎င်း၊ သု
သင်္ဂဟဗနောစ’မခွဲမခွါ, အမြဲပါအောင်, ကောင်းစွာ သိမ်းသွင်း
အပ်သော အခြွေအရံရှိသည်၎င်း၊ ဟောတိ– အကြောင်း အလိုက်
အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဇိနံ-
မုဒုဇာလ, ဟတ္ထပါဒတာ, လက္ခဏာတော် ၂ ပါးနှင့် ပြည့်စုံတော်
မူသော ထို မြတ်စွာဘုရားကို၊ အဟံ– ဘုရားတပည့်တော် (တပည့်
တော်မ) သည်၊ နမေ နမာမိ – ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုး
ကန်တော့ပါ၏ ဘုရား။
-
✗
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် လူတို့ကို သင်္ဂဟ ၄ ပါးဖြင့် ချီးမြှောက်ခဲ့ပေ
သည်၊ ချီးမြှောက်ဟု ဆိုသော်လည်း မိမိကို မမုန်းအောင် ချစ်ခင်အောင်
သိမ်းသွင်းခြင်းပင်တည်း၊ ထို သိမ်းသွင်းနည်းသည် ၄ မျိုး ရှိ၏။ ထို ၄ မျိုး
ကား ဒါန = ပိယဝါစာ= အတ္ထစရိယာ - သမာနတ္တတာတည်း၊ ဤ ၄ မျိုး
ကိုပင် သင်္ဂဟဝတ္ထု ၄ ပါးဟုလည်း ခေါ်သည်။
ဘုရားရှိခိုး
၃ ၅ ၇
ဒါနဖြင့် သိမ်းသွင်းပုံ။ ။အချို့လူများသည် ပစ္စည်းဥစ္စာ မရှိ ဆင်းရဲ
နွမ်းပါး၏၊ ထိုလူတို့သည် ပေးကမ်းခြင်းကို သဘောကျ၏၊ ထိုလူတို့အား
ဘုရားအလောင်းသည် စွန့်ကြဲ ပေးကမ်းခြင်းဖြင့် မိမိကို မမုန်းအောင် ချစ်ခင်
အောင် သိမ်းသွင်းခဲ့ပါသည်။
11.
ပိယဝါစာဖြင့် သိမ်းသွင်းပုံ ။ အချို့ လူတို့သည် အထိုက်အလိုက်
ပြည့်စုံရကား စွန့်ကြဲပေးကမ်းမှုကို မမြှော်လင့်ကြ၊ ချစ်ခင်ဘွယ်ရာ ချိုသာ
သောစကားဖြင့် ပြောဆို ဆက်ဆံမှုကိုသာ အလိုရှိကြ၏။ ဘုရားအလောင်း
တော်သည် ထိုသူတို့ကို သင့်တော်သော စကား အသုံးအနှုန်းဖြင့် ချိုချို
သာသာ သုံးနှုန်း၍ မိမိကိုမမုန်းအောင် ချစ်ခင်အောင် သိမ်းသွင်းခဲ့ပါသည်။
အတ္ထစရိယာဖြင့် သိမ်းသွင်းပုံ။ ။ [ အတ္ထ - အကျိုးစီးပွား တိုးတက်
[
အောင်+ စရိယာ- ပြုကျင့်ခြင်း။] အချို ့လူတို့သည် စွန့်ကြဲပေးကမ်းခြင်းကို
လည်း မလိုလား၊ ပိယဝါစာဖြင့် ပြောဆိုခြင်းကိုလည်း အရေးတကြီး ဟု
သဘောမထား၊ လောကကြီးပွားရေး နောင်တမလွန် ချမ်းသာရေးကိုသာ
နည်းပေး လမ်းပြ ညွှန်ပြ ပြောဆိုခြင်းကို အလိုရှိကြ၏၊ ဘုရားအလောင်း
တော်သည် ထိုသူတို့ကို ပစ္စုပ္ပန်ကြီးပွားရေး တမလွန် ချမ်းသာရေး တို့ကို
နည်းပေး လမ်းပြသောအားဖြင့် သိမ်းသွင်းခဲ့ပါသည်။
သမာနတ္တတာဖြင့် သိမ်းသွင်းပုံ။ ။ [သမာန- မိမိနှင့် တန်းတူသော၊
အတ္တတာ-သဘောရှိသူ၏ အဖြစ်။ ] အချို့ လူတို့သည် စွန့်ကြဲ ပေးကမ်းခြင်း
ကိုလည်း မတောင့်တ၊ ပိယဝါစာကိုလည်း မတောင့်တ၊ အတ္ထစရိယာကို
လည်း ညွှန်ပြဘွယ် မလို၊ သူတို့ဘာသာ ပြည့်စုံပြီးဖြစ်ကြသည်။ ထိုသူတို့သည်
အတူသွား အတူလာ အတူနေ အတူစားခြင်း စသည်ဖြင့် မိမိကို မနှိမ်ချဘဲ
တန်းတူထား၍ ဆက်ဆံခြင်းကို အလိုရှိကြ၏၊ ဘုရားအလောင်းတော်သည်
ထိုသူတို့ကို အရာရာ၌ တန်းတူထား၍ သိမ်းသွင်းခဲ့ပါသည်။
အကျိုး လက္ခဏာတော် ။ ။ ပြအပ်ခဲ့သည့်အတိုင်း သူတပါး စိတ်
ချမ်းသာအောင် စိတ်နုညံ့အောင် အမျိုးမျိုးသောနည်းလမ်းဖြင့် ချီးမြှောက်

## PAGE 189

၃၅၈
လက္ခဏာတော်ကြီး
သိမ်းသွင်းခဲ့ သောကြောင့် ဘုရားဖြစ်တော်မူမည့် ဘဝ၌ မုဒုတလုဏဟတ္ထ
ပါးတာနှင့် ဇာလဟတ္ထပါဒတာ လက္ခဏာတော် ၂ ပါးကို ရတော်မူသည်။
မုဒုတလုဏဟတ္ထပါဒတာ ဖြစ်ပုံ ။ ။ မြတ်စွာဘုရား၏ လက်တော်
၊
ခြေတော်တို့သည် များစွာသော လူတို့၏ လက် ခြေကဲ့သို့ မကြမ်းတန်းဘဲ
(မုဒု) နုနုညံ့ညံ့ ရှိတော်မူ၏၊ သက်တော် ရွယ်တော် ကြီးရင့်သော်လည်း နုပျို
တော်မူ၏၊ ဤသို့ လက်တော် ခြေတော်တို့၏ နုပျိုခြင်းကို မုဒုတလုဏ ဟတ္ထ
ပါဒတာဟု ခေါ်သည်။ [မုဒု နုညံ့သော+ တလုဏ = နုပျိုသော + ဟတ္ထ
ပါဒတာ-လက် ခြေတော်ရှိခြင်း။ ]
-
ဇာလဟတ္ထပါဒတာ ဖြစ်ပုံ ။ ။ မြတ်စွာဘုရား၏ လက်မ ခြေမမှ
တပါးသော လက်ချောင်း ခြေချောင်းတော်တို့သည် အရှည်ပမာဏအားဖြင့်
ညီမျှကြကုန်၏၊ အလွန်ကျွမ်းကျင်သော လက်သွားသည် လေသာပြူတင်း
ပေါက်၌ ဇာကွန်ယှက်ကို တပ်သောအခါ အဖျားညီညီ စီရရီရှိအောင်
တပ်၏။ ထို
 ့ကြောင့် ဗုဒ္ဓမြတ်စွာ၏ လက်ချောင်း ခြေချောင်းတော် ညီပုံကို
လေသာပြူတင်းဝယ် ဇာကွန်ယှက်နှင့် တူ၏-ဟု ဥပမာပြုကြသည်။
လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော မုဒုတလုဏ ဟတ္ထ
ပါဒတာလက္ခဏာ ဇာလဟတ္ထပါဒတာ လက္ခဏာတော် ၂ ပါးသည် ရှေးကံ
ကြောင့် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော် ၂ ပါးအတွက်
ရအပ်သော အကျိုးဆက်ကား မခွဲမခွါ အမြဲပါအောင် ကောင်းစွာ သိမ်း
သွင်းအပ်ပြီးသော ပရိသတ် အခြံအရံ ရှိခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်း ကောင်းမှုအကျိုးလက္ခဏာ
လက္ခဏာအတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏
လက္ခဏာတော် ၂ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီး
လျှင် မိမိတို့လည်း မိမိဆိုင်ရာ လူအများကို သင်္ဂဟ ၄ ပါးဖြင့် ချီးမြှောက်နိုင်
သိမ်း သွင်းနိုင်အောင် အမြဲ,
သတိထား၍ ကြိုးစားကြပါလေ။
ဘုရားရှိခိုး
ဥဿင်္ခပါဒတာ, ဥဒ္ဓဂ္ဂလာမတာ
လက္ခဏာတော် ၂ ပါး
၃ ၅ ၉
၆။ ဗုဒ္ဓေါ ဥဂ္ဂတဝါစာ, ဘာသတုဿင်္ခ ပါဒကော၊
ဥဒ္ဓဂ္ဂလောမ်ကောစေဝ, လောကဂ္ဂေါစာပိ တံ နမေ။
ယော ဗုဒ္ဓေါ--အကြင် မြတ်စွာဘုရားသည်၊ ပုရိမဇာတိယံ-ဘဝ
များစု ရှေးရှေးအခါ၌၊ ဥဂ္ဂတဝါစာယ – လူအများတို့ စီးပွား
မြင့်လျက် တိုးတက်ကြောင်း တရားစကားကို၊ ဘာသတော-ဟော
ပြောတော်မူခဲ့ခြင်းကြောင့်၊ ဥဿင်္ခပါဒကောစ- အောက်သို့မသက်
အထက် တက်သည့်, ဖမျက် အနေ, ခြေတော် ရှိသည်၎င်း၊ ဥဒ္ဓဂ္ဂ
လောမကောစေ၀-ရွှေမျက်နှာတော်, ဖူးမျှော်လိုဘိ, မော်၍ ကြည့်
သို့ အဖျားလှည့်မော်, မွေးညှင်းတော်ရှိသည်၎င်း၊ လောကဂ္ဂေါစာ
ပိ-သတ္တလောက, ဟူသမျှဝယ် အစစအရာရာ အသာဆုံး အမြတ်ဆုံး
သည်၎င်း၊ ဟောတိ-အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်
ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ – ဥဿင်္ခပါဒ, ဥဒ္ဓဂ္ဂလောမ
တာ, လက္ခဏာတော် ၂ ပါးနှင့် ပြည့်စုံတော်မူသော ထို မြတ်စွာ
ဘုရားကို၊ အဟံ- ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ
နမာမိ- ယုံကြည်မြတ်နိုး, လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
✗
*
✓
*
အကြောင်း ကောင်းမှု ။ ။ ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့
ရာ၌ များစွာသောဘဝတို့ဝယ် ဆရာ မိဘအဖြစ် မိတ်ဆွေအဖြစ်ဖြင့် တပည့်
တို့အား၎င်း, သား သ္မီးတို့အား၎င်း, မိတ်ဆွေတို့အား၎င်း ဤဘဝ နောက်
ဘဝ၌ ကြီးမြင့်ကြောင်း ကောင်းသော တရားစကားကိုသာ ဟောလေ့
ပြောလေ့ ရှိခဲ့ပေသည်၊ ဤကား ရှေးရှေး ကောင်းမှုတော်တပါး ဖြစ်သည်။

## PAGE 190

၃၆ ဝ
လက္ခဏာတော်ကြီး
အကျိုးလက္ခဏာတော်
။ ။ ထိုကဲ့သို့ မြင့်မြတ်သော တရားစကားကို
ပြောဟောတော် မူခဲ့ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံး ဘဝ၌
ဥဿင်္ခပါဒတာနှင့် ဥဒ္ဓဂ္ဂလောမတ,လက္ခဏာတော် ၂ပါးကို ရတော်မူသည်။
[ဥ + အထက်သို့ မြင့်တက်သော၊ သင်္ခတာ - ဖမျက်တော်ရှိခြင်း၊ ဥဒ္ဓဂ္ဂ -
အထက်သို့ အဖျားလှည့်သော၊ လောမတာ- မွှေးညှင်းတော်ရှိခြင်း။]
-
မြင့်သော ဖမျက်တော်ရှိပုံ။ ။ များစွာသော လူတို့၌ ခြေမျက်စိဟု
ခေါ်အပ်သော ဖမျက်သည် ခြေဖမိုးနှင့် နီးကပ်၍ အနည်းငယ် အောက်ကျ
လျက်ရှိ၏၊ ဗုဒ္ဓမြတ်စွာ၏ ဖမျက်တော်သည်ကား ခြေဖမိုးအထက်၌ လက်
၂ သစ် (လက် ၄ သစ်) လောက် မြင့်တက်နေ၏၊ ထိုသို့ မြင့်တက်နေသော်
လည်း ဗူကြီးအဖြစ်ဖြင့် ထင်ရှား၍ မနေ၊ မသိမသာ ပြေနေ၏။
မွှေးညှင်းတော်တို့၏ အထက်သို့ အဖျားလှည့်ပုံ ။ ။ များစွာသော
လူတို့၏ မွေးညှင်းတို့သည် အောက်ဘက်သို့ အဖျားလှည့်ကုန်၏၊ ဗုဒ္ဓမြတ်စွာ၏
မွေးညှင်းတော်များကား မျက်နှာတော်ကို မော်၍ ကြည့်သကဲ့သို့ အထက်သို့
အဖျားလှည့်၍ နေကုန်၏။
လက္ခဏာတော် ၂ ပါး၏ အကျိုးဆက်။ ။ ပြခဲ့သော လက္ခဏာတော်
၂ ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရှင်းတည်း၊ ထို လက္ခဏာ
တော် ၂ ပါးအတွက် ရအပ်သော အကျိုးဆက်မှာ လူ နတ် ဗြဟ္မာ သတွာ
ဟူသမျှထက် အသာဆုံး အမြတ်ဆုံး ဖြစ်ရခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကောင်းမှုအကျိုးလက္ခဏာ,
လက္ခဏာတော်အတွက် အကျိုးဆက် ၍ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ
၏ အထက်သို့ မြင့်တက်သော ဖမျက်တော်နှင့် အထက်သို့ အဖျားလှည့်သော
မွေးညှင်းတော်
ဟူသော လက္ခဏာတော် ၂ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ
ဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း လက်အောက်ငယ်သားတို့အား
မြင့်မြတ်သော ဩဝါဒစကားကို ပြောပြကြပါလေ။
ဘုရားရှိခိုး
ဧဏီဇင်္ဃတာ လက္ခဏာတော်
၇။ သက္ကစ္စံ သိပ္ပဝါစေတာ, တေနေဏီဇင်္ဃ လက္ခဏေ ာ၊
အနုစ္ဆဝိကလာဘောစ သမ္ဗုဒ္ဓေါ ဟောတိ တံ နမေ။
ယော သမ္ဗုဒ္ဓေါ– အကြင် မြတ်စ္စာဘုရားသည်၊ ပုရိမဇာတိယံ-
ဘဝများစွာ, ရှေးရှေးအခါ၌၊ သက္ကစ္စံ – တပည့်အပေါင်း ကြာ
မညောင်းဘဲ နည်းကောင်း ခြယ်လှယ် တတ်သိလွယ်မှု ကောင်းစွာ
ပြု၍၊ သိပ္ပံ-ဝိဇ္ဇာသိပ္ပ, စရဏနှင့်, ကမ္မသကတာ,ဉာဏ်ပညာ အထိ
သိဘွယ် တတ်ဘွယ်, ကျင့်ဘွယ် အပေါင်းအတတ် ကောင်းကို၊
ဝါစေတာ… မေတ္တာ ကရုဏာ ရှေးရှုကာဖြင့် ဆရာအနေ ပို့ချခဲ့
ပေ၏၊ တေန-ထိုသို့ လေးလေးစားစား အတတ်များကို သင်ကြား
ပြသ ပို့ချခဲ့ခြင်းကြောင့်၊ ဧဏီဇင်္ဃ လက္ခဏောစ= ဧဏီမည်သော
သားကောင်၏ သလုံးအသွင်, အစဉ်အထက်, လုံး၍ တက်သော
ခြေသလုံးတော် ရှိသည်၎င်း၊ အနုစ္ဆဝိကလာဘောစ= ရဟန်းတော်
သင့်လျော်လျောက်ပတ် ကောင်းသောလာဘ် ရှိတော်မူသည်
၎င်း၊ ဟောတိ – အကြောင်းအလိုက် အကျိုးဆိုက်၍, သိုက်မြိုက်
ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ သမ္ဗုဒ္ဓံ‘ဧဏီဇင်္ဃတာ, လက္ခဏာ
တော်နှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ- ဘုရား
တပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး,
လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
-
X
☑
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် ဆရာသွား အဖြစ်ဖြင့် အတတ်ပညာကို သင်ပေး
သောအခါ မိမိ တပည့်အပေါင်းကို ဒူးတုပ်စေခြင်း အားဖြင့်၎င်း, အစေ
