## PAGE 191

၃ ၆၂
လက္ခဏာတော်ကြီး ဘုရားရှိခိုး
အပါး ခိုင်းခြင်းအားဖြင့်၎င်း, ဒူးတို့ကို ညောင်းစေ၍ ကြာရှည်စွာ မသင်ရဘဲ
တတ်လွယ်အောင် နည်းကောင်း လမ်းကောင်း စည်းမျဉ်းကောင်း တို့ကို
ညွှန်ပြလျက် သင်ပေးခဲ့၏၊ ဤသို့ တတ်လွယ်အောင် သင်ပေးတော်မူခဲ့ခြင်း
သည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေး ကောင်းမှုတော်တပါး ဖြစ်သည်။
အကျိုး လက္ခဏာတော်။ ။ ထိုသို့ အတတ်ပညာ တတ်လွယ်အောင်
သင်ပေးခဲ့သော ကောင်းမှုကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌
ဧဏီဇယ် လက္ခဏာတော်ကို ရတော်မူ၏။ [ ဧဏီဇယ် … ဧဏီ မည်သော
သားကောင်၏ ခြေသလုံးနှင့်တူသော ခြေသလုံးတော်။]
သလုံးမြင်းခေါင်း၏ တင့်တယ်ပုံ။ ။ များစွာသော လူတို့၏ ခြေသလုံး
သည် နောက်ဘက်က ဆန်အိတ်ကလေးကဲ့သို့ တွဲ၍ ရှေ့ဘက်၌ အရိုး ချောင်း
ချောင်း ပေါ်ထင်နေ၏၊ ဘုရားရှင်သည်ကား ထို ခြေသလုံးကို မညောင်း
စေအောင် အတတ်ပညာ သင်ပြခဲ့သောကောင်းမှုကြောင့် ရွှေရော နောက်ပါ
အသားမျှလျက် တခဲနက် လုံးဝန်း၍နေ၏၊ ထိုကဲ့သို့ လုံးဝန်း၍ နေပုံကို ဧဏီ
မည်သော တောဆိတ်နက်၏ ခြေသလုံးဖြင့် ဥပမာပြုကြသည်။
လက္ခဏာတော်၏ အကျိုးဆက်။ … ။ပြခဲ့ပြီးသော လက္ခဏာတော်သည်
ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်အတွက်
အကျိုးဆက်ကား မင်းဖြစ်လျှင် မင်းနှင့် ထိုက်တန်သော အသုံးအဆောင်ကို
ရ၍ ရဟန်း ဖြစ်လျှင် ရံဟန်းတော်နှင့် ထိုက်တန်သော ပစ္စည်း လာဘ်ကို
ရတော်မူခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်း ကုသိုလ်, အကျိုး လက္ခဏာ,
လက္ခဏာတော် အတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓ
မြတ်စွာ၏ ထို ဧဏီဇင်္ဃတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ
ဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း ဆရာ ဖြစ်သောအခါ တပည့်တို့အား
တတ်လွယ်အောင် သင်ပြကြပါလေ။
ဘုရားရှိခိုး
သုခုမစ္ဆဝိတာ လက္ခဏာတော်
ဂ။ ပရိပုစ္ဆနတော ပုဗ္ဗေ ပဏ္ဍိတံ ကုသလာဒိကံ၊
သုခုမစ္ဆဝိကော ဗုဒ္ဓေါ မဟာပညောစ တံ နမေ။
ယော
--
-
၃၆၃
ဗုဒ္ဓေါ- အကြင် မြတ်စွာဘုရားသည်၊ ပုရိမဇာတိယံ-ဘဝ
များစွာ, ရှေးရှေးအခါ၌၊ ပဏ္ဍိတံ - လောကဓမ္မ ၂ဌာန, ကျန
မြင်သိ ပညာရှိ ပုဂ္ဂိုလ်ကို၊ ကုသလာဒိကံ – ကုသိုလ် အကုသိုလ်
ထိုထိုများစွာ အကြောင်းအရာကို၊ ပရိပုစ္ဆနတော = အမှန်သိရေး
အဖန်ဖန် မေးခဲ့ခြင်းကြောင့်၊ သုခုမစ္ဆဝိကော – နုညံ့ သိမ်မွေ့ သော
အသားအရေတော် ရှိသည်၎င်း၊ မဟာပညာစ = ကြီးကျယ်သော
ပညာတော် ရှိသည်၎င်း၊ ဟောတိ – အကြောင်း အလိုက်, အကျိုး
ဆိုက်၍ သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ- သုခုမစ္ဆဝိ
တ, လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊
အဟံ – ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ=
ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။
☑
☑
X
-
☑
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသောဘဝတို့ဝယ် ပညာရှိပုဂ္ဂိုလ်အထံ ချဉ်းကပ်၍“ကုသိုလ်တရား
ဟူသည် အဘယ်ပါနည်း၊ အကုသိုလ်ဘရာ. ဟူသည် အဘယ်ပါနည်း၊ အဘယ်
တရားကို ပြုကျင့်လျှင် မကောင်းကျိုးကိုရ၍, အဘယ်တရားကို ပြုကျင့်လျှင်
ကောင်းကျိုးကို ရပါသနည်း” ဟု သိမ်မွေ့သော အကြောင်း အရာတို့ကို
းမြန်းလေ့ ရှိ၏။ ထိုသို့ မေးမြန်း ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေး
အကြောင်း ကောင်းမှုတော်တပါး ဖြစ်သည်။

## PAGE 192

၃၆ ၄
လက္ခဏာတော်ကြီး
သော
အကျိုးလက္ခဏာတော်။ ။ထိုကဲ့သို့ မိမိထက်တတ်သိသော ပညာရှိ
အထံ၌ သိမ်မွေ့သော အကြောင်းအရာ တရားစကားကို မေးမြန်းခဲ့ခြင်း
ကြောင့် ဘုရားဖြစ်မည့် နောက်ဆုံးဘဝ၌ သုခုမစ္ဆဝိတာ ( သိမ်မွေ့
အသားအရေတော် ရှိခြင်းဟူသော) လက္ခဏာတော်ကို ရတော်မူပေသည်။
[သုခုမ− သိမ်မွေ့သော နုညံ့သော၊ ဆဝိတာ- အသားပေါ်က အရေတော်
ရှိခြင်း။]
.00
L L
သိမ်မွေ့ သော အရေတော်ရှိပုံ ။ ။ များစွာသော လူတို့၏ အသား
အရေသည် သိမ်မွေ့နုညံ့ခြင်း မရှိလှ၊ တချို့မှာ ကြမ်း၍ပင် နေသေး၏၊
ပျိုပျိုလည်း မရှိ၊ မှဲ့ခြောက်ခြောက် ဖြစ်နေတတ်၏။ ဗုဒ္ဓမြတ်စွာ၏ အသား
အရေတော်ကား သိမ်မွေ့ သော အကြောင်းအရာကို မေးမြန်း၍ ကျင့်လည်း
ကျင့်ခဲ့သော ကုသိုလ်ကံကြောင့် သိမ်မွေ့ နုညံ့တော်မူပေသည်။
I
လက္ခဏာတော်၏အကျိုးဆက် ။ ၊ ပြခဲ့သော လက္ခဏာတော်သည်
ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်အတွက်
အကျိုးဆက်မှာ အရာရာ၌ သူတပါးထက်- သာအောင် ကြီးကျယ်သော
ဉာဏ်ပညာ ရှိတော်မူခြင်းတည်း။
တိုက်တွန်းချက် ။ ။ ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ,
လက္ခဏာတော်အတွက် အကျိုးဆက်, ဤ၃ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏
ထို သုခုမစ္ဆဝိတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို
ပွားများပြီးလျှင် မိမိတို့လည်း ပညာရှိများအထံ ချဉ်းကပ်၍ ကုသိုလ်
အကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးရပုံကို မေးမြန်းကြပါလေ။
ကံနှင့် ကံ၏အကျိုးအဖွင့်၌ အောက်ပါလင်္ကာကို ဆိုခဲ့ပါသည်။
၁။ သိရန် မှန်သမျှ မမေးက ဖျင်း အ ပညာဆို။
အ
၂။ ကြားမြင် များအောင်, မေးလေ့ဆောင်, ခုနောင် တတ်သိလို။
ဘုရားရှိခိုး
သုဝဏ္ဏဝဏ္ဏတာလက္ခ ဏာတော်
-
၃၆၅
၉။ သုခုမဝတ္ထဒါနေန, အက္ကောဓေန ပုရေဘဝေ၊
ဟေမဝဏ္ဏော ဇိနော လာဘီ, မုဒုဝတ္ထာနဉ္စ တံ နမေ။
ယော ဇိနော - အကြင်မြတ်စွာဘုရားသည်၊ ပုရေဘဝေ – ဘဝ
များစွာ, ရှေးရှေးအခါ၌၊ သုခုမဝတ္ထဒါနေန - သိမ်မွေ့ နုညံ့သော
အဝတ်အကျွံ အခွံအခင်းတို့ကို ပေးလှူခဲ့ခြင်းကြောင့်၄င်း၊ အက္ကောဓေ
နစ- အမျက်ဒေါသ မထွက်ရအောင်, နိစ္စချုပ်တည်း, စောင့်စည်းခဲ့
ခြင်းကြောင့်၎င်း၊ ဟေမဝဏ္ဏော ‘ရွှေအဆင်းကဲ့သို့ ဝါဝင်းသော
အဆင်းတော် ရှိသည်၎င်း၊ မုဒုဝတ္ထာနံ – နုညံ့သော အဝတ်အခွံ
အခြုံ အခင်းတို့ကို၊ လာဘီစ - ရခြင်း ရှိတော်မူသည်၎င်း၊ ဟောတိ-
အကြောင်းအလိုက် အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်း
တော်မူ၏၊ တံ ဇိနံ − သုဝဏ္ဏဝဏ္ဏတာ, လက္ခဏာတော်နှင့် ပြည့်စုံ
တော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ =
ဘုရား တပည့်တော်
(တပည့်တော်မ)သည်၊ နမေ နမာမိ– ယုံကြည်မြတ်နိုး, လက်စုံမိုး၍
ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
-
☑
-
✗
အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် အဝတ်ကို လှူသောအခါ လှူဘို့ရန် အဆင်သင့်
ရှိလျှင် နုညံ့သော အဝတ်အရုံခြုံထည် အခင်းတို့ကို ပေးလှူလေ့ရှိ၏၊ [ ထိုသို့
အနုအညံ့ မရှိလျှင်ကား ကြမ်းသောအဝတ်ကိုလည်း ပေးလှူရပေလိမ့်မည်။ ]
ထို့ပြင် – များစွာသောဘဝတို့၌ အမျက်ဒေါသကို မဖြစ်အောင် ဖြစ်ပြန်
လျှင်လည်း အပြင်မထွက်အောင်, စောင့်စည်းချုပ်တည်းလေ့ ရှိခဲ့ပေသည်။
ဤသို့ နုညံ့သောအဝတ်တို့ကိုပေးလှူခဲ့ခြင်းနှင့် အမျက်ဒေါသ မဖြစ်ရအောင်

## PAGE 193

၃ ၆၉
လက္ခဏာတော်ကြီး
ဖြစ်ပြန်လျှင်လည်း အပြင် မထွက်ရအောင် စောင့်စည်းချုပ်တည်းခဲ့ခြင်းသည်
ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တပါးဖြစ်သည်။
အကျိုးလက္ခဏ၁။ ။ထိုကဲ့သို့သော ကောင်းမှုကြောင့် ဘုရားဖြစ်တော်
မူမည့် နောက်ဆုံးဘဝ၌ သုဝဏ္ဏဝဏ္ဏတာ လက္ခဏာတော်ကို ရတော်မူသည်၊
များစွာသော လူတို့၏ အရေအဆင်းသည် အမျိုးမျိုး ရှိကြသော်လည်း
ရွှေအဆင်းရှိသူကား နည်းပါးလှ၏၊ ဗုဒ္ဓမြတ်စွာ၏ အရေအဆင်းတော်သည်
ဇမ္ဗူရာဇ်ရွှေ သိင်္ဂီရွှေ နာရဏီရွှေ အဆင်းတို့ကဲ့သို့ ဝင်းဝင်းဝါ၀ါ လွန်စွာ
တင့်တယ်တော်မူသည်။
အမှာ။ ။ဆွမ်း စသော အာမိသ အကောင်းအမှုန်ကို ပေးလှူခဲ့ခြင်း,
ဘုရားတန်ဆောင်း အတွင်း ကျောင်းဝိုင်း အတွင်းတို့၌ ဖြစ်စေ, လူအများ
သွားလာရာလမ်း၌ ဖြစ်စေ, သန့်သန့်ရှင်းရှင်းရှိအောင် တံမြက်လှည်းလေ့
ရှိခြင်းကြောင့်လည်း ထိုကဲ့သို့ ရွှေအဆင်းရှိသူများ ဖြစ်တတ်ပါသည်။
လက္ခဏာတော်၏ အကျိုးဆက် ။ ။ ပြခဲ့သော လက္ခဏာတော်သည်
ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်အတွက်
အကျိုးဆက်ကား နုညံ့ သိမ်မွေ့သော အဝတ် အရုံ အခြုံ အခင်းတို့ကို
ရတော်မူခြင်းတည်း။
။
ဘိုက်တွန်းချက် ။ ဤသို့ အကြောင်းကုသိုလ် အကျိုးလက္ခဏာ,
လက္ခဏာတော်အတွက် အကျိုးဆက် ဤဥချက်ကိုစဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏
ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ကိုယ်တော်ရှိပုံကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ
ဘာဝနာပွားပြီးလျှင် မိမိတို့လည်း တတ်နိုင်ပါလျှင် နုညံ့သော အဝတ်အရုံ
အခွံအခင်းတို့ကို ပေးလှူနိုင်အောင် ကြိုးစားကြပါလေ၊ ထိုသို့ ပေးလှူရာ၌
ရွှေအဆင်းရဘို့ အရေးကို တွေးတော၍ ဆုမတောင်းမိစေဘဲ နိဗ္ဗာန်ကိုသာ
ရည်စူးကြပါလေ။
(အဋ္ဌမအကြိမ်)
ဘုရားရှိခိုး
၃၆ ၇
ကောသောဟိတဝတ္ထဂုယှတာ လက္ခဏာတော်
၁၀။ ဉာတိမိတ္တေ သမာနေတာ, ပုဗ္ဗေ တေန တထာဂတော၊
ကောသောဟိတ
ဝတ္ထဂုယှာ, ဗဟုပုတ္တောစ နမေ။
-
တံ
ယော တထာဂတော - အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ- ဘဝ
များစွာ ရှေးရှေးအခါ၌၊ ဉာတိမိတ္တေ-အမိတခြား သားတခြားသို့
ကွဲပြား၍နေ ဆွေမျိုးမိတ်ဆွေတို့ကို၊ သမာနေတာ-ပြန်၍ပေါင်းဆုံ
တွေ့ကြုံမိအောင်, ပိုဆောင်တော်မူ၏၊ တေန – ထိုသို့ ပြန်၍တွေ့
အောင်, ပို့ဆောင်ခဲ့ခြင်းကြောင့်၊ ကောသောဟိတဝတ္ထဂုယောစ
ဥသဘနွားမြတ်, အင်္ဂါဇာတ်သို့, အအိမ်ဖြင့်ဖုံးအပ်သောအင်္ဂါဇာတ်
တော်ရှိသည်၎င်း၊ ဗဟုပုတ္တောစ- များသော သားတော်ရှိသည်၎င်း၊
ဟောတိ- အကြောင်းအလိုက် အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်,
ဖြစ်ထွန်းတော်မူ၏၊ တံတထာဂတံ-ကောသောဟိတ, ဝတ္ထဂုယှတာ,
လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-
ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ – ယုံကြည်
မြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
.။
☑
-
X
အကြောင်းကောင်းမှု။ ။ ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် မိဘနှင့်ကွဲနေသော သားသ္မီးတို့ကို၎င်း သားသ္မီး
နှင့် ကွဲနေသော မိဘတို့ကို၎င်း ကွဲနေသော ဆွေမျိုးတို့ကို၎င်း, အချင်းချင်း
ပြန်၍တွေ့အောင် ကိုယ်တိုင်လည်း ပို ့ဆောင်ခဲ့၏။ ရှင်ဘုရင် စသည် ဖြစ်
သောအခါ ကွဲနေသူတို့ကို ပြန်၍တွေ့အောင် ဆောင်ပေးဘို့ရာ မြို့တံခါး
ပေါက် စသော အရပ်တို့၌ မင်းချင်းယောက်ျား အစေအပါးတို့ကို
ခဲ့၏၊ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေးကောင်းမှုတည်း။
(အဋ္ဌမအကြိမ်)
ထားပေး

## PAGE 194

၃၆ ၇
လက္ခဏာတော်ကြီး
အကျိုး လက္ခဏာတော်။ ။ထို ကုသိုလ်ကောင်းမှုကြောင့် ဗုဒ္ဓဖြစ်မည့်
နောက်ဆုံးဘဝ၌ နွားလားဥသဘ၏ အင်္ဂါဇာတ်ကဲ့သို့ အအိမ်ဖြင့် ဖုံးအပ်
သော အင်္ဂါဇာတ်တော်ရှိ ခြင်းဟူသော လက္ခဏာတော်ကို ရတော်မူသည်၊
ဆက်ဥးအံ့၊ – သားသ္မီးနှင့် မိဘ ဆွေမျိုးအချင်းချင်း တို့သည် တယောက်
အပြစ်ကို တယောက် ကာကွယ်´ ဖုံးထားလေ့ရှိ၏၊ ထို ့ကြောင့် ဆွေမျိုး
အချင်းချင်း ပေါင်းမိအောင် ဆောင်တော်မူခြင်းသည် အပြစ်ကို ကာကွယ်
နိုင်ခြင်း၏ အကြောင်းကို ပြုရာရောက်၏၊ လူတို့ အင်္ဂါဇာတ်လည်း မမြင်အပ်
သော အပြစ်တမျိုး ပင်တည်း၊ ထိုအင်္ဂါဇာတ်ကို တိုးလိုတွဲလဲ မနေစေဘဲ
နွားလားဥသဘ၏ အင်္ဂါဇာတ်ကဲ့သို့ အိမ်ဖြင့် ဖုံးထားခြင်းသည် အပြစ်ကို
ဖုံးကွယ်ရာ ရောက်၏၊ ထို ့ကြောင့် ဤလက္ခဏာတော်သည် အများယောက်ျား
တို့ထက် ထူးခြားသော လက္ခဏာတော် ဖြစ်ရပေသည်၊၊ [ကောသ- အအိမ်၌၊
ဩဟိတ-ထားအပ်သော၊ ဝတ္ထဂုယှ’အင်္ဂါဇာတ်။ ]
လက္ခဏာတော်၏အကျိုးဆက် ။ ။ ပြခဲ့သော လက္ခဏာတော်သည်
ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်အတွက်
အကျိုးဆက်မှာ သားရံတနာ များစွာနှင့် ပြည့်စုံခြင်းတည်း၊ မှန်၏… လူမင်း
ဖြစ်လျှင် တဖက် စစ်တပ်ကို အလွယ်တကူ နှိမ်နင်းနိုင်သော သားပေါင်း
တထောင်နှင့် ပြည့်စုံနိုင်၏၊ ဗုဒ္ဓမြတ်စွာ ဖြစ်သောအခါလည်း အရှင်သာရှိ
ပုတြာအစရှိသော သားရတနာ များစွာနှင့် ပြည့်စုံတော်မူသည်။
တိုက်တွန်းချက် ။ ။ ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ,
လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ
မြတ်စွာ၏ ကောသောဟိတဝတ္ထဂုယှတာ လက္ခဏာတော်ကို အာရုံပြု၍
ဗုဒ္ဓါနုဿတိဘာဝနာကိုပွားပြီးလျှင် မိမိတို့လည်း ဆွေမျိုးချင်း သားအမိ
သားအဖချင်း သ္မီးခင်ပွန်းချင်း ကွဲနေသည်ကို မြင်ရသောအခါ ပြန်၍ပေါင်း
မိအောင် စွမ်းနိုင်သမျှ ရွက်ဆောင်ကြပါလေ။
ဘုရားရှိခိုး
နိဂြောဓပရိမဏ္ဍလ, ဇာဏုပရာမသန
လက္ခဏာတော် ၂ ပါး
၁၁။ ဂုဏာနုရူပကာရတော, နိဂြောဓ ပရိမဏ္ဍလော၊
ဌိတောဝါမသန္တောဇာက္ခ မဟဒ္ဓနောစတီနမေ။
--
၃ ၆ ၉
ယော တထာဂတော-အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝ
များစွာ, ရှေးရှေးအခါ၌၊ ဂုဏာနရူပ ကာရတော… သူ၏ ဂုဏ်နှင့်
လျော်ကန်သင့်အောင်, ချီးမြှင့်မှုကို ပြုခဲ့ခြင်းကြောင့်၊ နိဂြောဓ ပရိ
မဏ္ဍလောစ = ဝန်းဝိုင်းသော ပင်ညောင်ပင်ကဲ့သို့ ကိုယ်တော်နှင့်
အလံ, လျော်ကန်ညီညီ, ဝန်းဝိုင်းတော်မူသည်၎င်း၊ ရှိတောဝ -
မကိုင်းမညွတ်, မတ်မတ် ရပ်တော်မူလျက်သာလျှင်၊ ဇာဏ’ ပဆစ်
ဒူးဝန်း, ၂ ဖက်တို့ကို၊ အာမသန္တော’သုံးသပ်တော်မူနိုင်သည်၎င်း၊
မဟဒ္ဓနောစ‘ပြည့်စုံရုံမျှ မကတိုးပွား, အလှုန်များသော လောကီ
လောကုတ္တရာ ဥစ္စာရှိသည်၎င်း၊ ဟောတိ - အကြောင်း အလိုက်,
အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏၊ တံ တထာ
ဂတံ – နိဂြောဓပရိမဏ္ဍလတာ, ဇာဏုပရာမသန လက္ခဏာတော်
၂ ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ– ဘုရား
တပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ- ယုံကြည် မြတ်နိုး
လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
X
X
X
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် သူတပါး၏ဂုဏ်ကို အမှန်အတိုင်း သိတော်မူရှ
ကား ဂုဏ်ထူးရှိသူတို့ကို ဂုဏ်ထူးအလိုက် ပေးကမ်း ချီးမြှောက်ခဲ့၏၊ လျှော့၍
၂၉ (အဋ္ဌမအကြိမ်)

## PAGE 195

၃၇၀
လက္ခဏာတော်ကြီး
လည်း မချီးမြှောက်, ပို၍လည်း မချီးမြှောက်ပါ၊ ဥပမာ− တကျပ် တန်သူ
အား ငါးမူးလည်း မပေး, ၂ ကျပ်လည်း မပေး, တကျပ်သာ ပေးသကဲ့သို့
တည်း၊ ဤသို့ သူ၏ ဂုဏ်အားလျော်စွာ ချီးမြှောက်ခြင်းသည် ဗုဒ္ဓမြတ်စွာ၏
ရှေးရှေးအကြောင်း ကောင်းမှုတော်တပါး ဖြစ်သည်။
၂
အကျိုးလက္ခဏာတော် ၂ ပါး။ ။ ထို အကြောင်း ကောင်းမှုကြောင့်
ဗုဒ္ဓ ဖြစ်မည့် နောက်ဆုံးဘဝ၌ နိဂြေဓပရိမဏ္ဍလ လက္ခဏာနှင့် ဇာဏုပရာ
မသနလက္ခဏာတော် ၂ ပါးကို ရတော်မူ၏၊ အရပ်တော် ၄ တောင် ရှိလျှင်
လက် ၂ ဖက် အလံတော်လည်း ကိုယ်လုံးနှင့်တကွ ၄ တောင်ပင် ရှိ၏၊ ဤသို့
အရပ်တော်နှင့် အလံတော် ညီမျှခြင်းကို အဝန်းညီမျှသော ပင်ညောင်ပင်နှင့်
တူသောကြောင့် နိဂြောဓပရိမဏ္ဍလလက္ခဏာ ဟု ခေါ်၏၊ [ ပင်ညောင်ပင်
Į
သည် အမြင့် အတောင်ငါးဆယ် ရှိလျှင် ဘေးပတ်ဝန်းကျင် အပြန့်လည်း
အတောင်ငါးဆယ်ပင် ရှိ၏။ ] ထို့ပြင်’ဗုဒ္ဓမြတ်စွာသည် မကိုင်းမညွတ်ဘဲ
မတ်မတ် ရပ်တော်မူလျက် ပုဆစ်ဒူးဝန်း ၂ ဖက်တို့ကို လက်တော် ၂ ဖက်ဖြင့်
ထိအောင် သုံးသပ်တော်မူနိုင်၏။
လက္ခဏ၁တော်၏ အကျိုးဆက် ။ ။ ပြအပ်ပြီးသော လက္ခဏာတော်
၂ ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရှင်းတည်း၊ ထို လက္ခဏာ
တော် ၂ ပါးအတွက် အကျိုးဆက်မှာ လူမင်းဖြစ်လျှင် လောကီ ဥစ္စာရတနာ
တို့နှင့် ပြည့်စုံခြင်း, တရားမင်း ဘုရားဖြစ်လျှင် သဒ္ဓါ သီလစသော လောကု
တ္တရာ ရတနာတို့နှင့် ပြည့်စုံခြင်းတည်း။
ဘိုက်တွန်းချက်။ ။ ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏ၁,
လက္ခဏာတော် အတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓ
မြတ်စွာ၏ လက္ခဏာတော် ၂ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို
ပွားများပြီးလျှင် မိမိတို့လည်း ကိုယ့်အောက် ငယ်သားတို့ကို ဂုဏ်အား
လျော်စွာ ချီးမြှောက်တတ်ကြပါစေ။
(အဋ္ဌမအကြိမ်)
5000
ဘုရားရှိခိုး
ဝတ္တက္ခန္ဓတာ, စိတန္တ ရတာ,
သီဟပုဗ္ဗဒ္ဓကာယတာ လက္ခဏာတော် ၃ ပါး
၁၂။ မဟာဇနတ္ထကာမေန, ဝတ္တက္ခန္ဓော စိတန္တရော၊
သီဟပုဗ္ဗဒ္ဓကာယောစ, အဟာန်ယောစ တံ နမေ။
-
.
-
၃ ၇ ၁
ယော တထာဂတော’အကြင် မြတ်စွာဘုရားသည်၊ ပုရေဘဝေ-
ဘဝ များစွာ, ရှေးရှေး အခါ၌၊ မဟာဇနတ္ထကာမေန − သတွာ
အပေါင်း ကြီးပွားကြောင်းကိုငဲ့စောင်းလိုလား, ကြိုးစားတော်မူခဲ့
ခြင်းကြောင့်၊ ဝတ္တက္ခန္ဓောစ = ရွှေမရိုးစည်ကဲ့သို့ အညီပတ်ဝင်း
လုံးသော လည်ပင်းတော် ရှိသည်၎င်း၊ စိတန္တရောစ – လက်ပြင်ရိုး
၂ ဖက်အကြား၌ စီ၍ထားသကဲ့သို့ ပြည့်သောအသားတော်ရှိသည်
၎င်း၊ သီဟပုဗ္ဗဒ္ဓကာယောစ’ခြင်္သေ့မင်း၏ ရွှေ့ထက်ဝက် ကိုယ်ကဲ့သို့
အထက် အောက် ၂ ဌာန၌ ပြည့်ဝသော ကိုယ်တော် ရှိသည်၎င်း၊
အဟာနိယောစ – သဒ္ဓါစသည်, အလီလီနှင့်, လောကီဓန, ဟူသမျှ
လည်း လျှောကျ ဆုတ်ယုတ်ခြင်းမရှိသည်၎င်း၊ဟောတိ-အကြောင်း
အလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊
တံ တထာဂတံ– ဝတ္တက္ခန္ဓ စိတန္တရနှင့်, သီဟပုဗ္ဗဒ္ဓကာယာ, ၃ ဖြာ
သော လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊
အဟံ’ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ, နမာမိ–
ယုံကြည်မြတ်နိုး, လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။
☑
-
✗
☑
X
အကြောင်း ကောင်းမှု။ … ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် သတာများ၏ ကြီးပွားချမ်းသာကြောင်းကို အလို
(အဋ္ဌမအကြိမ်)
