## PAGE 196

၃၇၂
လက္ခဏာတော်ကြီး
ရှိတော်မူရကားပြုလေသမျှ ကိစ္စ အဝဝတို့၌ ပရဟိတ အမှုကိုသာ ပြုကျင့်
တော်မူခဲ့ပေသည်၊ လောက ကြီးပွားရေးသာမက သဒ္ဓါ သီလ သုတ စသော
သူတော်ကောင်း ဥစ္စာတို့၏ တိုးပွားရေးကိုလည်း မြှော်တွေး၍ ဟောပြော
ပြသ ဆုံးမတော်မူခဲ့ပေသည်၊ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေးရှေး အကြောင်း
ကောင်းမှုတော်တပါး ဖြစ်သည်၊
။
စရိယာ ၂ ပါး ။
ဗုဒ္ဓမြတ်စွာ၏ စရိယာ ၃ ပါးတွင် အလောင်း
အလျာ ဘဝတုန်းက ဉာတတ္ထစရိယာ = ဆွေမျိုးတို့၏ စီးပွားကို ကျင့်ခြင်း
လောကတ္ထစရိယာ = ဆွေမျိုး ဟု မခွဲခြားဘဲ သတ္တာအများ၏ စီးပွားကို
ကျင့်ခြင်း ဤ ၂ပါးကိုများစွာသောဘဝတို့၌ ပရဟိတအကျိုးငှါ ကျင့်တော်
မူခဲ့ပါသည်။
လက္ခဏာ
-
အကျိုး လက္ခဏာတော် ၃ ပါး။ ။ ထို အကြောင်းကောင်းမှုကြောင့်
ဗုဒ္ဓ ဖြစ်မည့် … နောက်ဆုံးဘဝ၌ ဝတ္တက္ခန္ဓတာ လက္ခဏာ, စိတန္တရတာ
သီဟပုဗ္ဗဒ္ဓကာယတာ လက္ခဏာအားဖြင့် လက္ခဏာ ၃ ပါးကို
ရတော်မူသည်။ [ ဝတ္တ- လုံးသော၊ ခန္ဓတာ- လည်ပင်းတော်ရှိခြင်း၊ စိတ-
အသားတွေကို စီထားသကဲ့သို့ ပြည့်သောအသား ရှိသော၊ အန္တရတာ
လက်ပြင်ရိုး ၂ ဖက်၏ အကြားရှိခြင်း၊ (လက်ပြင်တော် ၂ ဖက်၏
အကြား၌
အသားတော် ပြည့်ခြင်း)၊ သီဟပုဗ္ဗဒ္ဓ - ခြင်္သေ့မင်း၏ ရှေ့ထက်ဝက် ကိုယ်
ကဲ့သို့ အထက်ပိုင်း အောက်ပိုင်း ၂ ပိုင်းလုံး၌ ပြည့်ဖြိုးသော ကိုယ်တော်
ရှိခြင်း။ ]
လုံးသော လည်ပင်းတော်ရှိခြင်း ။ ။ အချို ့သူတို့၏ လည်ပင်းသည်
ကြိုးကြာ (ဂျိုးဂျာ)၏ လည်ပင်းကဲ့သို့ ရှည်၍ နေတတ်၏၊ အချို့ လည်ပင်း
ကား ဗျိုင်း၏ လည်ပင်းကဲ့သို့ ကောက်၍ နေတတ်၏။ အချို ့ လည်ပင်းမှာ
တောဝက်၏ လည်ပင်းကဲ့သို့ ပြန့်ကျယ်၍ နေတတ်၏။ ဘုရားအလောင်း၏
လည်ပင်းသည် လည်ကုတ်တော် လှပရကား ကောင်းစွာ လုံးအပ်သော
ရွှေမရိုးစည်ကဲ့သို့ တင့်တယ်တော်မူ၏၊ စကား ပြောသောအခါ လည်ပင်း
ဘုရားရှိခိုး
၃ ၇ ၃
အကြောများ မထင်ရှားဘဲ မိုးခြိမ်းသကဲ့သို့ အသံတော်လည်း ဟိန်း၍
နေပါသည်။
လက်ပြင်ရိုး ၂ ဖက်အကြား၌ အသားပြည့်ပုံ။ ။ နောက်ကြောပြင်
ဝယ် လည်ကုတ်၏ အောက်၌ ပေါ်ထွက်၍နေသော အရိုး ၂ ဖက် ရှိ၏၊
လက်ပြင်ရိုးဟု ခေါ်၏၊ များစွာသောလူတို့၏ လက်ပြင်ရိုး ၂ ဖက် အကြား၌
များသောအားဖြင့် အသားမပြည့်ချေ၊ ဘုရားအလောင်းမှာ ခါးမှ အထက်
ပခုံး တိုင်အောင် အသားလွှာ ပြည့်နေသောကြောင့် ထို လက်ပြင် ၂ ဖက်
အကြား၌လည်း ရွှေပျဉ်ပြားကဲ့သို့ အသားပြည့်လျက် ရှိပေသည်။
ခြင်္သေ့မင်း၏ကိုယ်နှင့် တူပုံ။ ။ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်သာ တုတ်ခိုင်
၏၊ နောက်ပိုင်း ကိုယ့်ကား သေးငယ်သည်၊ ဗုဒ္ဓမြတ်စွာကား အထက်ပိုင်း
အောက်ပိုင်း ၂ ပိုင်းလုံးမှာပင် တုတ်တုတ်ခိုင်ခိုင် ရှိတော်မူ၏။ [“တုတ်တုတ်
ခိုင်ခိုင်” ဟု ဆိုသော်လည်း ကြည့်ရှု၍ မလှပအောင် ဝ ဝ ဖိုင့်ဖိုင့် ဘုတ်
ထိုင်းထိုင်း မဟုတ်ပါ။ ပြည့်ပြည့်ဖြိုးဖြိုး ပြေပြေပြစ်ပြစ် သွက်သွက်လက်လက်
သာတည်း။ ]
လက္ခဏာတော်၏ အကျိုးဆက်။ ။ ပြအပ်ပြီးသော လက္ခဏာတော်
၃ ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရှင်းတည်း၊ ထို လက္ခဏာ
တော် ၃ ပါးအတွက် အကျိုးဆက်မှာ လူဖြစ်လျှင် ပြည့်စုံပြီးသော ရွှေ ငွေ
စသော ရတနာတို့မှ မဆုတ်ယုတ်ခြင်း,တရားမင်း ဖြစ်သောအခါ သဒ္ဓါ
စသော ဥစ္စာတို့မှ ယုတ်လျော့၍ မသွားခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်,
လက္ခဏာတော်အတွက် အကျိုးဆက် ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ
၏ လက္ခဏာတော် ၃ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများပြီး
လျှင် မိမိတို့လည်း လူအများ၏အကျိုးစီးပွားကို လိုလိုလားလား ဆောင်ရွက်
ကြပါလေ။

## PAGE 197

၃၇၄
လက္ခဏာတော်ကြီး
ရသဂသဋ္ဌိတာလက္ခဏာတော်
၁၃။ အဝိဟေဌနတော ပုဗ္ဗေ ပါဏီနံ ပါဏိ အာဒိနာ၊
ဇိနောရသဂသဂ္ဂီစ, အပ္ပါဗာဓောစ တံ နမေ။
ယောဇိနော’အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝများစွာ,
ရှေးရှေးအခါ၌၊ ပါဏီနံ’သဟ္မာတို့ကို၊ ပါဏိအာဒိနာ‘လက် အစ
ရှိသည်ဖြင့်၊ အဝိဟေဌနတော’မညှဉ်းဆဲခဲ့ခြင်းကြောင့်၊ ရသဂသဂ္ဂီ
စ’ အရသာကို ဆောင်ယူနိုင်သော
အကြောတို့တွင် အမြတ်ဆုံးဖြစ်
သော ခုနစ်ထောင်သော အကြောတော်ရှိသည်၎င်း၊ အပ္ပါဗာဓော
စ – အနာရောဂါ များစွာလွတ်ကင်း, ကျန်းမာခြင်း ရှိသည်၎င်း၊
ဟောတိ- အကြောင်းအလိုက် အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်
ဖြစ်ထွန်းတော်မူ၏၊ တံ ဇိနံ - ရသဂသတ္တိတာ, လက္ခဏာတော်နှင့်
ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ - ဘုရားတပည့်
ထို
တော် ( တပည့်တော်မ ) သည်၊ နမေ နမာ – ယုံကြည် မြတ်နိုး
လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
-
☑
☑
-
X
☑
☑
အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် လက်ဖြင့်၎င်း, လက်နက် တစုံတခုဖြင့်၎င်း သတွာ
တို့ကို မညှဉ်းဆဲမိ မနှိပ်စက်မိအောင် ရှောင်ကြဉ်တော်မူ၏၊ ညှဉ်းဆဲ နှိပ်စက်
လျှင် ညှဉ်းဆဲခံရသူ၏အကြောတို့သည်ပျက်စီးကုန်၏၊ အကြောတွေ ပျက်စီး
လျှင် စားအပ်သမျှ အစာတို့၏ အရသာကို ကောင်းစွာ မခံယူနိုင်၊ မနှိပ်စက်
မညှဉ်းဆဲခြင်းကြောင့်ကား ထိုအကြောတို့ကို မပျက်စီးစေ,အကြောများ
မပျက်စီးလျှင် စားလိုက်သမျှ အစာတို့၏ အရသာကို ခံယူနိုင်၏၊ ဤကား ဗုဒ္ဓ
မြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တည်း။
ဘုရားရှိခိုး
}}
၃ ၇၅
အကျိုး လက္ခဏာတော် ။ ထို အကြောင်း ကောင်းမှုကြောင့် ဗုဒ္ဓ
ဖြစ်မည့် နောက်ဆုံးဘဝ၌
စားအပ်သမျှ အစာ၏ အရသာကို ကောင်းစွာ
ဆောင်ယူနိုင်သော အကြောပေါင်း ခုနစ်ထောင်သည် အထက်သို့ အဖျား
လှည့်၍ လည်ပင်းမှာ စွပ်ထားသကဲ့သို့ တည်ကုန်၏၊ ထို အကြောပေါင်း
ခုနစ်ထောင်ကြောင့် နှမ်းတစေ့မျှလောက်သော အာဟာရကို လျှာဖျား၌
တင်၍ ဝါးလိုက်လျှင် အရသာ၏ အဆီ ဩဇာသည် တကိုယ်လုံး နှံ့အောင်
ပြန့်နိုင်ပါသတဲ့၊ ထို ့ကြောင့် ဒုက္ကရစရိယာကျင့်တော်မူသောအခါ၌ ဆီးသီး
တလုံး, ပဲပြုတ်ရေတခွက် စသော အာဟာရဖြင့် မျှတတော် မူနိုင်ပါသည်။
[ရသ – အရသာကို၊ ဂသ = ဆောင်နိုင်သော အကြောတို့တွင်၊ အဂ္ဂ –
မြတ်သော အကြောတော်များ။ ]
လက္ခဏာတော်၏ အကျိုးဆက် ။ ။ ပြအပ်ပြီးသော လက္ခဏာတော်
သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်
အတွက် အကျိုးဆက်မှာ အနာရောဂါကင်း၍ ကျန်းမာခြင်းတည်း။
မှတ်ချက်။ ။ယခုအခါ များစွာသောလူတို့၏ အသီး အရွက် အစာ၌
ချက်ရိုးချက်စဉ်အားဖြင့် အရသာ မရှိသောကြောင့် အရသာ ရှိစေအောင်
သားငါးတို့ကို များစွာထည့်၍ ချက်ကြရ၏၊ ထိုကဲ့သို့ ချက်ပါလျက်လည်း
အရသာ မရှိ၊ ထိုသို့ အရသာမရှိခြင်းသည် အစာကြောင့်ချည်း မဟုတ်ပါ
အစာကလည်း ရှေးကလောက် အဆီ အရသာမရှိခြင်း မိမိမှာရှိသောအကြော
များကလည်း ချို့ယွင်းခြင်း, ဤ ၂ မျိုးကြောင့်ဖြစ်သည်ဟု မှတ်ပါ။
တိုက်တွန်းချက် ။ ။ ဤသို့ အကြောင်း ကုသိုလ်, အကျိုး လက္ခဏာ
၊
တော်, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓ
မြတ်စွာ၏ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကိုပွားပြီးလျှင်
မိမိတို့လည်း သတ္မာတို့ကို မညှဉ်းဆဲမိအောင် သတိထားကြပါလေ။

## PAGE 198

၃၇၆
လက္ခဏာတော်ကြီး
အဘိနီလနေတ္တတာ, ဂေါပခုမတာ
လက္ခဏာတော်၂ ပါး
၁၄။ ဩလောကနေန သတ္တာနံ ပိယက္ခိနာ နီလက္ခိကော၊
ဗုဒ္ဓေါ ဂေါပခုမော စေဝ, ပိယဒာစ တံ နမေ။
ယော ဗုဒ္ဓေါ… အကြင် မြတ်စွာဘုရားသည်၊ ပုရေဘဝေ− ဘဝ
များစွာ, ရှေးရှေးအခါ၌၊ သတ္တာနံ– တွေ့ရာ မြင်ရာ, သဟ္မာတို့ကို၊
ပိယက္ခိနာ – ချစ်ဘွယ်သော မျက်လုံးတော်ဖြင့်၊ ဩလောကနေန’
မေတ္တာ အပြည့်, ကြည့်တော်မူခဲ့ ခြင်းကြောင့်၊ နီလက္ခိကောစ –
အောက်မဲညိုပွင့်, နှမ်းကြတ်ပွင့်သို့, ညိုသင့် ထိုထို ရွှမ်းရွှမ်းစိုမျှ
ညိုသောမျက်လုံးတော်ရှိသည်၎င်း၊ဂေါပခုမောစေ၀-ပွေးစအရွယ်
နွားနီငယ်၏ တင့်တယ်ကြည်အေး, မျက်လုံးကလေးသို့, မျက်မွေး
စီရရီ အလွန်ကြည်သောမျက်လုံးတော် ရှိသည်၎င်း၊ ပိယဒဿ၁၈-
ချစ်ခင်ကြည်နူးဖူး၍မ, လှပတင့်တယ်, အလွန်သပ္ပါယ်သည်၎င်း၊
ဟောတိ’အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ်,
ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ– နီလနေတ္တ ဂေါပခုမတာ, လက္ခဏာ
တော် ၂ ပါးနှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ’
ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ– ယုံကြည်
မြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
✓
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် တွေ့ရာ ကြုံရာ သတာတို့ကို ကြည့်သောအခါ
မေတ္တာအပြည့် ချစ်ဘွယ်သော မျက်စိဖြင့် ကြည့်လေ့ ရှိတော်မူခဲ့၏၊ ဤသို့
ဘုရားရှိခိုး
၃၇၇
ကြည့်တော်မူခြင်းကား ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်
တပါးပေတည်း။
အကျိုးလက္ခဏာတော် ၂ ပါး။ ။ထို အကြောင်း ကောင်းမှုကြောင့်
ဗုဒ္ဓဖြစ်မည့် နောက်ဆုံးဘဝ၌ မျက်လုံးတော်၏ညိုသင့်ရာအရပ်ဝယ် အောက်မဲ
ညိုပန်း နှမ်းကြတ်ပန်း အသွေးကဲ့သို့ ညိုသော မျက်လုံးတော်လည်း ရှိတော်
မူ၏၊ မွေးဖွားခါစ နွားနီငယ်၏ မျက်လုံးကဲ့သို့ မျက်တောင်မွှေး စီရင်ဖြင့်
အလွန် ကြည်လင်သောမျက်လုံးလည်း ရှိတော်မူ၏။ [အဘိနီလ- ညိုသင့်ရာ
အရပ်၌ အလွန်ညိုသော၊ နေတ္တတာမျက်လုံးတော်ရှိခြင်း ၊ ဂေါပခုမတာ-
မွေးဖွားခါစ နွားနီငယ်၏ မျက်တောင်မွေးနှင့် တူသော မျက်တောင်မွေး
တော် ရှိခြင်း။ ]
11
လက္ခဏာတော်၏ အကျိုးဆက်။ ပြအပ်ပြီးသော လက္ခဏာတော်
၂ ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာ
တော် ၂ ပါးအတွက် အကျိုးဆက်မှာ ဖူးမြင်၍ မဝအောင် လှပ တင့်တယ်
သပ္ပါယ်တော်မူခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ,
လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓ
မြတ်စွာ၏ လက္ခဏာတော် ၂ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို
ပွားများပြီးလျှင် မိမိတို့လည်း ချစ်ဘွယ်သောမက်လုံးဖြင့် သူတပါးကို ကြည့်
မိအောင် မေတ္တာဘာဝနာအလုပ်ကို အားထုတ်ကြပါလေ။
ဆက်ပါဥးမည်’ သတွာအများကို ချမ်းသာစေဘို့ရန် နေ့စဉ်မှန်မှန်
မေတ္တာပို ့နော မေတ္တာဘာဝနာ ပွားများနေပါလျှင် ရှေးဥးစွာ မိမိစိတ်
ကြည်လင်၏၊ စိတ် ကြည်လင်သောအခါ စိတ်ကြောင့်ဖြစ်သော ရုပ်လည်း
ကြည်လင်၏၊ ဤနည်းအားဖြင့် မျက်နှာတရပ်လုံး ကြည်လင်ရကား သူတပါး
တို့ကို ကြည်လင်သောစက္ခုဖြင့်သာ ကြည့်ရှုလေ့ ရှိရပါတော့သည်။

## PAGE 199

၃၇၈
လက္ခဏာတော်ကြီး ဘုရားရှိခိုး
ဥဏှီသသီသတာ လက္ခဏာတော်
၁၅။ ဒါနာဒိ ပုညကမ္မေသူ, ပုဗ္ဗင်္ဂမော တထာဂတော၊
တေန ဥဏှီသသီသောစ, ဇနာနုဝတ္တီစ တံ နမေ။
ယောတထာဂတော-အကြင် မြတ်စွာဘုရားသည်၊ပုရေဘဝေ-
ဘဝများစွာ, ရှေးရှေးအခါ၌၊ ဒါနာဒိ ပုညကမ္မေသု=ဒါန စသည်
အလီလီသော ကုသိုလ် ကောင်းမှုတို့၌၊ ပုဗ္ဗင်္ဂမော – တက်တက်
ကြွားကြွားရွှေကသွား၍ အများလိုက်အောင် ခေါင်းဆောင်တော်
မူ၏၊ တေန – ထိုသို့ ကုသိုလ်ကောင်းမှု ကိစ္စစု၌ လူထုပါအောင်
ခေါင်းဆောင်တော်မူခဲ့ခြင်းကြောင့်၊ ဥဏှီသသီသောစ= သင်းကျစ်
အပြား ဖွဲ့ပတ်ထားသို့ သီးခြားဆန်းထူး, မဟာနဖူးကြောင့် ဖူးရ
ရွှင်ပျော်, လုံးသော ဥုးခေါင်းတော်ရှိသည်၎င်း၊ ဇနာနုဝတ္တီစ’လူ
နတ် ဗြဟ္မာ, သတ္မွာတို့, နောက်မှာစိုက်စိုက်, လိုက်ပါခြင်းရှိသည်
၎င်း၊ ဟောတိ — အကြောင်းအလိုက်, အကျိုးဆိုက်၍ သိုက်မြိုက်
ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ တထာဂတံ – ဥဏှီသသီသတာ
လက္ခဏာနှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ-ဘုရား
တပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး,
လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
X
☑
☑
☑
-
X
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် ဒါန် အစရှိသော ကုသိုလ်ကောင်းမှုကို ပြုသော
အခါ ခေါင်းဆောင်၍ ပြုလေ့ရှိ၏၊ ကောင်းသော အလုပ်ဝယ် ရွေ့သွား
ခေါင်းဆောင် ဖြစ်သောကြောင့်လည်း ပရိသတ်အပေါင်းဝယ် ဥုးခေါင်း
ဘုရားရှိခိုး
၃၇၉
တမော်မော်နှင့် ပျော်ပျော်ကြီး လှည့်လည်နိုင်ခဲ့၏၊ ဤကား ဗုဒ္ဓမြတ်စွာ၏
ရှေးရှေးအကြောင်း ကောင်းမှုတော်တပါး ဖြစ်သည်။
အကျိုး လက္ခဏာတော်။ ။ထိုအကြောင်း ကောင်းမှုကြောင့် ဥိးခေါင်း
တော်၏ လှပတင့်တယ်ဘို့ရာ နဖူးတော်အပြင်ဝယ် သင်းကျစ်ပြား ဖွဲ့ပတ်
ထားသကဲ့သို့ လွန်စွာ တင့်တယ်တော်မူ၏၊ ထင်ရှားစေအံ့ – လက်ျာနား
အစွန်းမှ စ၍ တက်သော အသားလွှာသည် အထက်သို့ တက်ပြီးလျှင် နဖူး
တော် အပြင်ကိုပြည့်စေလျက် လက်ဝဲနားအစွန်းတိုင်အောင် တည်တော်မူ၏၊
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ နဖူးတော်သည် လွန်စွာ တင့်တယ်တော်မူ၏၊
ထို တင့်တယ်ပုံကို အတူပြု၍ ယခုအခါ အချို့ ဆင်းတုတော်၏ နဖူးတော်၌
၎င်း, ရှင်ဘုရင်တို့၏ နဖူး၌၎င်း, သင်းကျစ်အပြားကို ဖွဲ့တပ်ထားကြသည်၊
နဖူးတော်၌သာ မက ထိုနဖူးတော်ကို အကြောင်းပြု၍ ဦးခေါင်းတော်
တရပ်လုံးလည်း ပွတ်ဆောက်အဖျားဖြင့် လှည့်ပတ်၍ ပွတ်ခံ ထားသကဲ့သို့
ရေပွက်လုံးကလေးပမာ လွန်စွာ လုံးဝန်းတော်မူပါသည်။
လက္ခဏာတော်၏ အကျိုးဆက်။။ပြအပ်ခဲ့ပြီးသော လက္ခဏာတော်
သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်
အတွက် အကျိုးဆက်မှာ လူ နတ် ဗြဟ္မာ သတ္မာတို့၏ နောက်တော်ပါးက
ခစားမက္ခာ လိုက်ပါရခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်,
လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ
၏ ဥဏှီသသီသတာလက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို
ပွားများပြီးလျှင် မိမိတို့လည်း ကုသိုလ်ကောင်းမှု ကိစ္စစု၌ ခေါင်းဆောင်
နိုင်လျှင် ခေါင်းဆောင်၍ ခေါင်းမဆောင်နိုင်လျှင် မခိုမကပ်ဘဲ တက်တက်
ကြွကြွ ကြိုးစားကြပါလေ။

## PAGE 200

၃၇၀
လက္ခဏာတော်ကြီး
ဧကေကလောမာ, ဥဏ္ဏ
လက္ခဏာတော် ၂ ပါး
၁၆။ မုသာဝါဒဝိရတိယာ, ဗုဒ္ဓေါ ဧကေကလောမကော၊
သောဒါတ ဥက္ကလောမောစ, ဇနောပဝတ္တိ တံ နမေ။
ယော ဗုဒ္ဓေါ-အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝများစွာ,
ရှေးရှေးအခါ၌၊ မုသာဝါဒ ဝိရတိယာ’မဟုတ် မတရား, မုသား
ပြောခြင်းမှ ရှောင်တော်မူခဲ့ခြင်းကြောင့်၊ ဧကေကလောမကောစက
မွေးတွင်းတတွင်းလျှင်, တပင်စီ တပင်စီသော အမွှေးတော်ရှိသည်
၎င်း၊ သောဒါတ ဥက္ကလောမောစ-မျက်ခုန်းတော် ၂ပါး, အလယ်
ကြား၌၊ ထူးခြား ပေါ်လွင်, အလွန် ဖြူစင်သော မွေးရှင်တော်
ရှိသည်၎င်း၊ ဗနောပဝတ္တိစ = လူအများပင် ဘုရားရှင်၏ အစဉ်
လိုသမျှ လိုက်ပါရခြင်း
ရှိသည်၎င်း၊ ဟောတိ- အကြောင်း အလိုက်
အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ’
ဧကေကလောမ, ဥက္ကာလောမတာ,လက္ခဏာတော် ၂ ပါးနှင့်
ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ- ဘုရားတပည့်တော်
(တပည့်တော်မ)သည်၊ နမေ နမာမိ- ယုံကြည်မြတ်နိုး လက်စုံမိုး၍
ရှိခိုး ကန်တော့ပါ၏ ဘုရား။
-
☑
✗.
*
အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသောဘဝတို့ဝယ် မုသာဝါဒမှ ရှောင်ကြဉ်တော်မူ၍ မှန်ကန်သော
သစ္စာစကားကိုသာ ပြောဆိုတော်မူခဲ့သည်၊ ဟိုတမျိုး – သည်တမျိုး စကား
၂မျိုးကို ပြောလေ့မရှိခဲ့ပါ၊ ဤသို့ မုသာဝါဒမှရှောင်ခြင်းသည် ဗုဒ္ဓမြတ်စွာ၏
ရှေးရှေးအကြောင်း ကောင်းမှုတော်တပါးတည်း။
ဘုရားရှိခိုး
၃၇၁
အကျိုးလက္ခဏာတော်။ ။ထို အကြောင်း ကောင်းမှုကြောင့် ဘုရား
ဖြစ်တော်မူမည့်ဘဝ၌ မွေးညှင်းတော်တို့သည် မွေးညှင်းတတွင်းလျှင် တပင်စီ
သာ ပေါက်ခြင်း ဟူသော ဧကေကလောမတာ လက္ခဏာတော်ကို၎င်း
ဥဏ္ဏလုံမွေးရှင်တော်ဟူသော ဥဏ္ဏလောမထာ လက္ခဏာတော်ကို၎င်း ရတော်
မူသည်။
ဥက္ကလုံမွေးရှင်တော် ။ ။ ဥဏ္ဏာလောမဟူသော ပါဠိကို မြန်မာလို
“ဥဏ္ဏလုံ”ဟု ပြန်ဆိုကြသည်၊ ထို အမွေးတော်သည် မျက်ခုန်းတော်၂ သွယ်၏
အလယ်ဗဟိုဝယ် နှာခေါင်းတော်၏ အဆုံး အထက်၌ ပေါက်တော်မူပြီးလျှင်
အထက်သို့တက်၍ နဖူးအလယ်မှာ လဲဝါဂွမ်းအစုကဲ့သို့ အလွန်ဖွေးဖွေးမြူလျက်
တင့်တယ်တော်မူ၏၊ ဆွဲ၍ဆန့်လိုက်သောအခါ လက်ျာရစ် လည်၍ လုံးသွား
ပြီးလျှင် အထက်သို့ အဖျားလှည့်လျက် တည်တော်မူသောကြောင့်
အသက်ရှင်
နေသကဲ့သို့ ထင်ရ၏။ ထို ့ကြောင့် “ဥဏ္ဏလုံမွေးရှင်တော်” ဟု ခေါ်စမှတ်
ပြုကြသည်၊ ရွှေအဆင်းရှိသော နဖူးတော် အပြင်၌ တည်ရကား နံနက်
စောစောအခါ အရုဏ်ရောင် ဖြာခိုက်ဝယ် သောကြာ ကြယ်ကဲ့သို့ လွန်စွာ
တင့်တယ်တော်မူပါသတဲ့။
လက္ခဏာတော်၏ အကျိုးဆက်။ ။ ပြအပ်ခဲ့ပြီးသော လက္ခဏာတော်
သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်
အတွက် အကျိုးဆက်မှာ နောက်တော်ပါးက ခစားမကွာ လိုက်ပါသူဟူသမျှ
တို့၏ ဘုရားအလိုတော်ကျအောင် နေကြ ကျင့်ကြခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်,
လက္ခဏာတော်အတွက် အကျိုးဆက် ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏
လက္ခဏာတော် ၂ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများ
ပြီးလျှင် မိမိတို့လည်း မုသားမှရှောင်ကြဉ်၍ စကား ၂ခု မပြောကြဘဲ သစ္စာ
စကားကိုသာ ပြောမိအောင် သတိပြုကြပါလေ။
