## PAGE 201

၃ ၇၂
လက္ခဏာတော်ကြီး
စတ္တာလီသဒန္တတ, အဝိရဠဒန္တတာ
လက္ခဏာတော် ၂ ပါး
၁၇။ ပေသုည ဝိရမဏတောသမစတ္တာလီသ ဒန္တော၊
ဇိနော
အဝိရဠဒန္တောစ, အဘဇ္ဇပရိသော နမေ။
ယော ဇိနော – အကြင် မြတ်စွာဘုရားသည်၊ ပုရေဘဝေ-ဘဝ
များစွာ, ရှေးရှေးအခါ၌၊ ပေသုညဝိရမဏတော− ချစ်ခင်သူများ
ကွဲ၍သွားလျက် ကိုယ့်အား ချစ်အောင်, ချောပစ် ကုန်းတိုက်ချင်းမှ
ရှောင်တော်မူခြင်းကြောင့်၊ သမစတ္တာလီသဒန္တော-အမျှလေးဆယ်
လွန်တင့်တယ်သော, သွားတော် ရှိသည်၎င်း၊ အဝိရဠဒန္တေ ာစ –
ရွှေပြားအပြင်, ဝရဇိန်တင်သို့ အစဉ်မကွဲ မကျဲသော သွားတော်ရှိ
သည်၎င်း၊ အဘဇ္ဇပရိသောစ-မပျက်မကွဲ သံဖြင့်တဲသို့ တခဲနက်လုံး
စည်းရုံးသော ပရိသတ်ရှိသည်၎င်း၊ ဟောတိ- အကြောင်း အလိုက်
အကျိုးဆိုက်၍ သိုက်မြိုက် ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံဇိနံ
သမစတ္တာလီသဒန္တ, အဝိရင္ငံဒန္တတာ, လက္ခဏာတော် ၂ ပါးနှင့်
ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော်
(တပည့်တော်မ) သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး လက်စုံမိုး၍
ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
✓
✓
☑
*
×
အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် ချစ်သူ ၂ ယောက် ကွဲအောင်၎င်း, ထိုသို့ ကွဲပြီး
နောက် မိမိကို ချစ်အောင်၎င်း, ကုန်းတိုက်ခြင်း ဟူသော ပိသုဏဝါစာမှ
ရှောင်တော်မူ၍ သူတပါးတို့ ညီညီမျှမျှ ချစ်ခင်နေသည်ကို တွေ့ မြင်လျှင်
(အဋ္ဌမအကြိမ်)
ဘုရားရှိခိုး
၃၇၃
ဝမ်းမြောက် နှစ်သက်ခဲ့၏၊ ချစ်ခင်နေသူများကို ကွဲ၍ မသွားစေသည့်ပြင်
စည်းလုံးညီညွှတ်ခြင်း၏ အကျိုးကိုသာ ဟောပြောလေ့ ရှိ၏၊ ဤသို့ ပိသုဏ
ဝါစာမှ ရှောင်ကြဉ်တော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း
ကောင်းမှုတော် တပါးတည်း။
အကျိုးလက္ခဏာတော်။ ။ ပိသုဏဝါစာမှ မရှောင်ဘဲ ချစ်သူတွေ
စည်းစည်း လုံးလုံး မနေနိုင်အောင် ကုန်းတိုက်ခဲ့သူတို့၏ သွားတို့သည် မပြည့်
မစုံ ဖြစ်ရုံသာ မက ကျိုးတိုကျဲတဲလည်း ဖြစ်တတ်၏။ များစွာသော လူတို့၏
သွားသည် အများဆုံးအားဖြင့် ၃၂ ချောင်းသာရှိ၏၊ ဗုဒ္ဓမြတ်စွာသည်ကား
ပါရမီဖြည့်စဉ်အခါဝယ် သူတပါးကို ကွဲပြားအောင် ကုန်းတိုက် စကားကို
မပြောမဆိုဘဲ အချင်းချင်းညီညွတ်အောင် ပြောဆိုခဲ့ခြင်းကြောင့် ဗုဒ္ဓဖြစ်မည့်
ဘဝ၌ သွားတော် ၄၀ တိတိ ပြည့်ပြည့်စုံစုံရှိခြင်း ဟူသော သမစတ္တာလီသ
ဗန္တတာ,သွားအကြားတိုင်း၌ မကျဲသော အဝိရဠဒန္တတာ လက္ခဏာတော်
၂ ပါးကို ရတော်မူသည်။ [ဤနေရာ၌ သမ သဒ္ဒါသည် ၄ဝ
အတိအကျ
အပြည့်ဟူသော အနက်ကိုဟော၏၊ သင်္ဂြိုဟ်၌လာသော သမဝီသတိ မဂ္ဂစိတ္တာနိ
၌ သမသဒ္ဒါကဲ့သို့တည်း။ ]
လက္ခဏာတော်၏အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော်သည်
ရှေးကံအတွက် ရအပ်သော အကျိုးရှင်းတည်း၊ ထို လက္ခဏာတော် ၂ ပါး
အတွက် အကျိုးဆက်ကား အခြွေအရံ ပရိသတ်တို့ မကွဲမပြားဘဲ တသားတည်း
စည်းစည်းလုံးလုံး ရှိကြခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်,
လက္ခဏာတော်အတွက် အကျိုးဆက် ဤ၃ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏
ဤလက္ခဏာတော် ၂ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများ
ပြီးလျှင် မိမိတို့လည်း ကုန်းတိုက်ခြင်း ပိသုဏဝါစာမှ ရှောင်ကြဉ်မိအောင်
အမြဲ သတိပြုကြပါလေ။
(အဋ္ဌမအကြိမ်)

## PAGE 202

၃၈၄
လက္ခဏာတော်ကြီး
ပဟူတဇိဝှတာ, ဗြဟ္မဿရတာ
လက္ခဏာတော် ၂ ပါး
-
-
၁ဂ။ ဖရုသဝါစာဝိရတိယာ, ပုဗ္ဗေ ပဟူတဇိဝှကော၊
ဗြဟ္မဿရောစ သမ္ဗုဒ္ဓေါ, အာဒေယျဝစနော နမေ။
ယော သမ္ဗုဒ္ဓေါ – အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ – ဘဝ
များစွာ, ရှေးရှေးအခါ၌၊ ဖရုသဝါစာဝိရတိယာ - စိတ်ကြမ်း နှုတ်
ကြမ်း ငေါက်ငမ်းဆဲမှ ဖရုသဝါစာမှရှောင်တော်မူခဲ့ခြင်းကြောင့်၊
ပဟူတဇိဝှကောစ’ ရှည်လျား နုနယ်, ပြန့်ကျယ်သော လျှာတော်ရှိ
သည်၎င်း၊
ဗြဟ္မဿရောစ- ဗြဟ္မာမင်း၏အသံကဲ့သို့ သာယာနာပျေ
အသံတော် ရှိသည်၎င်း၊ အာဒေယျဝစနောစ = အများ ကြည်ဖြူ
နာယူဘွယ် စကားတော်ရှိသည်၎င်း၊ ဟောတိ-အကြောင်းအလိုက်
အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ သမ္ဗုဒ္ဓံ
ပဟူတဇိဝှ, ဗြဟ္မဿရတာ, လက္ခဏာတော် ၂ ပါးနှင့် ပြည့်စုံတော်
မူသော ထိုမြတ်စွာဘုရားကို၊ အဟံ– ဘုရားတပည့်တော် ( တပည့်
ဧတော်မ)သည်၊ နမေ နမာမိ– ယုံကြည် မြတ်နိုး, လက်စုံမိုး၍ ရှိခိုး
ကန်တော့ပါ၏ ဘုရား။
☑
☑
×
-
X
။ ဗုဒ္ဓမြတ်စွာသည် ဘဝများစွာ ဖြစ်ခဲ့ရာ၌
အကြောင်းကောင်းမှု ။
များစွာသောဘဝတို့ဝယ် သူတပါးတို့စိတ်ကို ထိခိုက်အောင် ဆဲဆိုငေါက်ငန်း
ကြမ်းတန်းသော ဖရုသဝါစာမှ ရှောင်တော်မူ၍ ကြားရသူတို့ ချမ်းသာဘွယ်
ရာ နုညံ့သော စကားကိုသာ ပြောဆိုတော်မူခဲ့၏။ ဤသို့ ဖရုသဝါစာမှ
ရှောင်တော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်
တပါးပေတည်း။
၂
ဘုရားရှိခိုး
၃၈၅
အကျိုးလက္ခဏာတော်။ ။ဖရုသဝါစာမှ မရှောင်ဘဲ ဆဲဆိုခဲ့သူတို့၏
လျှာသည် တစုံတခုဖြင့် ဖွဲ့ထားသကဲ့သို့ လေးတွဲတွဲ ဖြစ်နေ၏၊ အချိုလျှာ
ကား တိုနေသကဲ့သို့ဖြစ်၏၊ အချို့မှာ စကားပြောရာ၌ လျှာ ဒရွတ်ဆွဲလျက်
မန်းစွဲသကဲ့သို့ ဖြစ်နေ၏၊ ဗုဒ္ဓမြတ်စွာသည်ကား ဖရုသဝါစာမှ ရှောင်၍
နုညံ့သောစကားကို ပြောဆိုခဲ့သောကြောင့် ဘုရားဖြစ်မည့်ဘဝ၌ လျှာတော်
၏ နုနုညံ့ညံ့ ပြန့်ပြန့်ကျယ်ကျယ် ရှိတော်မူခြင်း ဟူသော ပဟူတဇိဝှဘာ
လက္ခဏာတော်နှင့်, နုညံ့သောစကားသံကို ပြောဆိုခဲ့ခြင်းကြောင့် သာယာ
သော အသံတော်ရှိခြင်း ဟူသော ဗြဟ္မဿရတာ လက္ခဏာတော် ၂ ပါးကို
ရတော်မူသည်။ [သာယာနာပျော်သောအသံကို “ ဗြဟ္မာမင်း၏ အသံနှင့်
တူသော အသံ” ဟု ပြောစမှတ်ပြုကြသည်။ ]
လက္ခဏာတော်၏ အကျိုးဆက် ။ ။ ပြခဲ့ပြီးသော လက္ခဏာတော်
ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရှင်းတည်း၊ ထို လက္ခဏာ
ဟော် ၂ ပါးအတွက် အကျိုးဆက်မှာ ပြောဟောသမျှ၌ ယုံကြည်ထိုက်သော
စကားတော် ရှိခြင်းတည်း။
တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်,
လက္ခဏာတော်အတွက် အကျိုးဆက် ဤ ၃ပါးကိုစဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏
လက္ခဏာတော် ၂ ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများစေ
ပြီးလျှင် မိမိတို့လည်း ဖရုသဝါစာမှ ရှောင်ကြဉ်ဘို့ရန် အမြဲ သတိပြုကြ
ပါလေ။
ဆက်ဦးအံ့၊ – ဖရုသဝါစာသည် ဝစီဒုစရိုက် ၄ ပါးတွင် ဒေါသကို
အရင်းခံ၍ဖြစ်ရသော ဒုစရိုက် ၁ ပါးတည်း၊ နဂိုရ်က ဒေါသစရိုက် ဓာတ်ခံ
ရှိသော ပုဂ္ဂိုလ်သည် ဒေါသဖြစ်စရာ ကိစ္စ ကြုံလာတိုင်း ဖရုသဝါစာဖြင့်
ပြောဆိုတတ်ရကား နောက်နောက်ဘဝ၌ ဒေါသနည်းအောင် ယခုဘဝက
မေတ္တာကို လေ့လာကြပါလေ။
၃၀ (အဋ္ဌမအကြိမ်)

## PAGE 203

၃ ၇ ၆
လက္ခဏာတော်ကြီး
သီဟဟနုတာ လက္ခဏာတော်
၁၉။ သမ္ဖပ္ပလာပဝိရတော, ပုရေ တေန တထာဂတော၊
မိဂိန္ဒဟနုရူပေါစ အခံသိယောစ တံ နမေ။
ဒ
-
ယော တထာဂတော – အကြင် မြတ်စွာဘုရားသည်၊ ပုရေ –
ဘဝများစွာ ရှေးရှေးအခါ၌၊ သမ္ဖပ္ပလာပဝိရတော– သုခ မဖက်
စီးပွားပျက်ဘို့ သက်သက်အပျော်, ပျက်ချော် ပြောင်လှောင်,
ပိန်ဖျင်းသောစကားကိုရှောင်တော်မူ၏၊ တေန-ထိုသို့ ပိန်ဖျင်းသော
စကားကို ရှောင်တော်မူခဲ့ခြင်းကြောင့်၊ မိဂိန္ဒဟနုပေါစ - ခြင်္သေ့
မင်း၏, အောက်မေးအလား, ထက်အောက် အားဖြင့်, ၂ ပါး
ထင်ပေါ်, ပြည့်ဝသောမေးတော် ရှိသည်၎င်း၊ အဓံသိယောစ-ရပြီး
ရာထူးဂုဏ်အထူးမှ, တဥ္းတယောက်မျှ မဖယ်ချ မဖျက်ဆီးနိုင်
သည်၎င်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်
ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ တထာဂတံ – သီဟဟနုတာ
လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-
ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်
မြတ်နိုး,
လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
☑
,,
အကြောင်း ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသောဘဝတို့ဝယ် သမ္ဖပ္ပလာပမှ ရှောင်တော်မူ၏။ [အကျိုးလည်း
မရှိ မှန်လည်း မမှန်ဘဲ ပျော်ရရုံ ရယ်မောရရုံမျှသာ ဖြစ်သော အပျက်အချော်
စကား အပြောင်အလှောင်စကးကို ပြောဆိုခြင်းကို “ သမ္ဖပ္ပလာပ
ခေါ်သည်။ ] ဤသို့သော သမ္ဖပ္ပလာပမှ ရှောင်ကြဉ်တော်မူခြင်းသည် ဗုဒ္ဓ
မြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တပါး ဖြစ်သည်။
(အဋ္ဌမအကြိမ်)
,
ဘုရားရှိခိုး
၃၈၇
အကျိုး လက္ခဏာတော် ။ ။ သမ္ဖပ္ပလာပမှ မရှောင်ဘဲ မေးကလေး
လှုပ်ခါလှုပ်ခါ အပျက်အချော် ပြောဆိုခဲ့သူတို့၏ မေးသည် အတွင်းသို့ ပု၍
သော်လည်း ဝင်နေတတ်၏၊ ကောက်၍သော်လည်း နေတတ်၏၊ အတွင်းသို့
ချိုင့်၍သော်လည်း နေတတ်၏၊ ဗုဒ္ဓမြတ်စွာသည်ကား ထို သမ္မပ္ပလာပမှ
ရှောင်တော်မူခဲ့ ခြင်းကြောင့် ခြင်္သေ့မင်း၏ မေးနှင့် တူစွာ ပြည့်သောမေး
ရှိတော်မူ၏၊ ဆက်ဦးအံ့ — ခြင်္သေ့မင်း၏ မေးသည် အောက်ဘက်၌သာ
ပြည့်၏၊ ဘုရားရှင်၏ မေးတော်ကား အောက်ဘက် အထက်ဘက် ပြည့်၍
နေသောကြောင့် လဆန်း(၁၂)ရက် ညဉ့်အခါ၌ ထွက်ပေါ်လာသောလနှင့်
တူတော်မူ၏၊ ထို ့ကြောင့် ခြင်္သေ့မင်း၏မေးထက်ပင် သာ၍ တင့်တယ်တော်
မူပါသည်။
--
လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော်
သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်
အတွက် အကျိုးဆက်မှာ ရအပ်ပြီးသောဂုဏ်, ရအပ်ပြီးသော ဌာနန္တရရာထူး
ကို မည်သည့်ရန်သူမျှ မဖျက်ဆီးနိုင်ခြင်းတည်း။
တိုက်တွန်းချက်။ ။ ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏ၁
လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓ
မြတ်စွာ၏ (၁၂) ရက်ညဉ့်၌ ထွက်သောလကဲ့သို့ ပြည့်ဝသော မေးတော်ကို
အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားစေပြီးလျှင် မိမိတို့လည်း အကျိုးမရှိ
သော အပျက်အချော် အပြောင်အလှောင် စကားကို ရှောင်ကြဉ်မိအောင်
သတိထားကြပါလေ။
ဆက်ဦးအံ့’ အတွင်း၌ အနှစ်အဆန်မပါသော စပါးခွံကို “ ဖွဲ့ အနုပ်
အဖွဲ့, အဖျင်း” ဟု ခေါ်၏၊ ထို ့အတူ ပြောအပ်သောစကား၌ အကျိုးမရှိ
အနက်မမှန်ဘဲ ပြောင်လှောင်သောစကားကိုလည်း “ပိန်ဖျင်းသောစကား’
ခေါ်သည်၊ ဝစီဒုစရိုက် တပါးပင်တည်း။
ဟု
(အဋ္ဌမအကြိမ်)
,,

## PAGE 204

၃၈၀
လက္ခဏာတော်ကြီး
သမဒန္တတာ, သုသုက္ကဒါဌတာ
လက္ခဏာတော် ၂ ပါး
၂၀။ မိစ္ဆာဇီဝ ဝိရတိယာ, သမဒန္တော တထာဂတော၊
ဟောတိ သုသုက္ကဒါဌောစ, ဝိသုဒ္ဓပရိသော နမေ။
ယော တထာဂတော’အကြင် မြတ်စွာဘုရားသည်၊ ပုရေ-ဘဝ
များစု, ရှေးရှေးအခါ၌၊ မိစ္ဆာဇီဝဝိရတိယာ– ကိုယ် နှုတ် ဖေါက်
ပြား ဒုစရိုက်များဖြင့် မှားမှားယွင်းယွင်း, အသက်မွေးခြင်းတို့မှ
ရှောင်တော်မူခဲ့ခြင်းကြောင့်၊ သမဒန္တောစ- ဝရဇိန်များ, စီ၍ထား
သို့ထက်ဖျား စီရရီ ညီသောသားတော် ရှိသည်၎င်း၊သုသုက္ကဒါဌော
စ - သောကြာ ကြယ်ဝန်း ထွန်းသည့်အသွင်, အလွန် ဖြူစင်သော
စွယ်တော်ရှိသည်၎င်း၊ ဝိသုဒ္ဓပရိသောစ - စင်ကြယ်သပ်ရပ်, လွန်စွာ
မြတ်သည့်, ပရိသတ် အခြံအရံရှိသည်၎င်း၊ ဟောတိ - အကြောင်း
အလိုက် အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊
တံ တထာဂတံ – သမဒန္တတ, သုသုက္ကဒါဌတ, လက္ခဏာတော်
၂ ပါးနှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို၊ အဟံ… ဘုရား
တပည့်တော် (တပည့်တော်မ) သည်၊ နမေ နမာမိ- ယုံကြည်မြတ်နိုး,
လက်စုံမိုး၍, ရှိခိုး ကန်တော့ပါ၏ ဘုရား။
☑
-
☑
☑
အကြောင်းကောင်းမှု။ ။ ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌
များစွာသော ဘဝတို့ဝယ် မိစ္ဆာဇီဝမှ ရှောင်ကြဉ်တော်မူ၏။ [ ပါဏာတိ
ပါတစသော ကာယဒုစရိုက် ၃ ပါး တပါးပါးဖြင့်ဖြစ်စေ, မုသာဝါဒစသော
ဝစီဒုစရိုက် ၄ ပါး တပါးပါးဖြင့်ဖြစ်စေ ပစ္စည်းဥစ္စာရှာ၍ အသက်မွေးမှုကို
မိစ္ဆာဇီဝ ဟု ခေါ်သည်။] ဤသို့သော ဒုစရိုက်တို့မှ ရှောင်ကြဉ်တော်မူ၍
ဘုရားရှိခိုး
၃၈၉
လယ်ယာလုပ်ကိုင်ခြင်း တရားသဖြင့် ကူးသန်းရောင်းဝယ်ခြင်း ကိုယ့်တွက်
သူ့ တွက် မျှအောင် အတိုးအပွား ချထားခြင်း ဟူသော သမ္မာအာဇီဝဖြင့်
အသက်မွေးခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်
တပါး ဖြစ်သည်။
အကျိုး လက္ခဏာတော် ။ ။ မိစ္ဆာဇီဝဖြင့် အသက်မွေးသူ တို့သည်
ညစ်နွမ်းသော အသက်မွေးမှုကို ပြုရာရောက်၏၊ သူ ့တွက် ကိုယ့်တွက် မညီ
မမျှသော အသက်မွေးရာလည်း ရောက်၏၊ ထိုကဲ့သို့ အသက်မွေးခဲ့သူတို့၏
သွားသည် အတို အရှည် အနိမ့် အမြင့် ဖြစ်နေတတ်၏၊ ဖြူဖြူစင်စင်လည်း
မရှိဘဲ ညစ်ပုတ်ပုတ် ဖြစ်နေတတ်၏၊ ဗုဒ္ဓမြတ်စွာသည်ကား သန့်ရှင်း စင်ကြယ်
စွာ သူ တို့ကိုယ့်ဘို့မျှအောင် အသက်မွေးခဲ့ခြင်းကြောင့် သွားတော်စွယ်တော်
တို့သည် ရွှေနီအင်းပျဉ်ပေါ်ဝယ် ဝရဇိန်တင်၍ စီထားသကဲ့သို့ နီမြန်းသော
သွားဖုံးတော်ဝယ် ဖွေးဖွေးညီညီ စီရရီ ရှိတော်မူ၏။
လက္ခဏာတော်၏ အကျိုးဆက်။ ။ ပြအပ်ပြီးသော လက္ခဏာတော်
သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်
အတွက် အကျိုးဆက်မှာ သန့်ရှင်း စင်ကြယ်သော ရဟန်းတော် ပရိသတ်,
ဥပါသကာ, ဥပါသိကာပရိသတ် ရှိတော်မူခြင်းတည်း။
တိုက်တွန်းချက်။ ။ ဤသို့ အကြောင်းကုသိုလ်, အကျိုး လက္ခဏာတော်,
လက္ခဏာတော် အတွက် အကျိုးဆက်, ဤ ၃ ချက်ကို စဉ်းစားကာ ဗုဒ္ဓ
မြတ်စွာ၏ ဖွေးဖွေးညီညီ စီရရီရှိသော သွားတော် စွယ်တော်များကို အာရုံ
ပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားစေပြီးလျှင် မိမိတို့လည်း မတရားသဖြင့်
အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝကို ရှောင်ကာ တရားသဖြင့် အသက်မွေး
ခြင်း ဟူသော သမ္မာအာဇီဝဖြင့်သာ အသက်မွေးကြပါလေ။
လက္ခဏာတော်ကြီးဘုရားရှိခိုး ပြီးပြီ။

## PAGE 205

၃ ၉ ဝ
၁။
လက္ခဏာတော်ငယ်
(ဂ)သော လက္ခဏာတော်ငယ်
အမှာ။ ။ဇိနာလင်္ကာရဋီကာ ဝိဇာတမင်္ဂလာအဖွင့်၌ တွေ့ရသော ဗုဒ္ဓ
မြတ်စွာ၏ လက္ခဏာတော်ငယ် (ဂ၀) တို့ကို ပြပါဥးမည်။
စိတင်္ဂုလိတာ- စီ၍ ထားအပ်သကဲ့သို့ လက်ချောင်း ခြေချောင်းတော်
များ၏ တင့်တယ်တော်မူခြင်း။
၂။ အနုပုဗ္ဗင်္ဂုလိတာ - တချောင်းစီ တချောင်းစီမှာလည်း အရင်းက စ၍
အစဉ်အတိုင်းသွယ်လျက် တင့်တယ်သော လက်ချောင်း ခြေချောင်း
တော် ရှိခြင်း။
-
၃။ ဝဇ္ဇင်္ဂုလိတာ – ( လူအများ၏ လက်ချောင်း ခြေချောင်းများကဲ့သို့
ခပ်ပြားပြား မနေဘဲ) လုံးသော လက်ချောင်း ခြေချောင်းတော်
ရှိခြင်း၊…. ဤကား လက်ချောင်း ခြေချောင်းတော်၏ လက္ခဏာ
တော်ငယ် ၃ ပါးတည်း။
၄။ တမ္မနခတာ- နီသောလက်သည်း ခြေသည်းတော်ရှိခြင်း။ [က်သည်း
ခြေသည်းတော်အတွင်းက အသားတော်များသည် နီ၍ နေသော
ကြောင့် ထို အရောင်ဟပ်သဖြင့် ခြေသည်း လက်သည်းတော်များ
လည်း နီရောင်သန်းလျက် ရှိရပေသည်။ ]
-
၅။ ပုဂံနခတ၁ – ရှည်သော လက်သည်းတော် ရှိခြင်း။ [ များစွာသော
လူတို့၏ လက်သည်းသည် များစွာ မရှည်လှ၊ တချို ့ လက်သည်း
များမှာ တို၍ပင် နေသေး၏၊ ဗုဒ္ဓမြတ်စွာ၏ လက်သည်းတော်
ကား တင့်တင့်တယ်တယ် သပ္ပါယ်ရုံမျှ ရှည်တော်မူသည်၊ ထို
လက်သည်း ရှည်ခြင်းကို သဘောကျ၍ အချို ့သော အမျိုးသ္မီး
များသည် လက်သည်း မဖြတ်ဘဲ ရှည်အောင် ထားတတ်ကြပါ
သေးသည်။]
လက္ခဏာတော်ငယ်
၃ ၉ ၁
၆။ သိနိဒ္ဓနခတာ – ညက်ညက်ညောညော … ချောမောသော လက်သည်း
ခြေသည်းတော် ရှိခြင်း။ [ များစွာသော လူတို့၏ လက်သည်း
ခြေသည်းသည် ချောချောမောမော မရှိသည့်ပြင် ခပ်ကြမ်းကြမ်း
ဖြစ်နေပါသေးသည်။ …………ဤကား လက်သည်း ခြေသည်းတော်
အတွက် လက္ခဏာတော်ငယ် ၃ ပါးတည်း။
၇။ နိဂုဠဂေါပုကတာ-များစွာသောလူတို့၏ ဖမျက်ကဲ့သို့(ထင်ထင်ရှားရှား
ပေါ်ထွက်၍ မနေဘဲ ) အသားတော် အတွင်းဝယ် မြုပ်လျက်
မထင်ရှားသော ဖမျက်တော် ရှိခြင်း။ ဤကား ဖမျက်တော်
အတွက် လက္ခဏာတော်ငယ် တပါးတည်း။
........
ဂ။ သမပါဒတာ- ညီညီမျှမျှ လှပသောခြေတော် ရှိခြင်း။ [ လူအများ၏
ခြေကဲ့သို့ အလယ်၌ ဟိုက်မနေဘဲ ညီ၍နေသည်ကို ဆိုလိုဟန်တူပါ
သည်၊ ဇာလဟတ္ထပါဒတာ လက္ခဏာတော်နှင့် ယှဉ်ကြည့်ပါ။ ]
ဤကား ခြေ၏ပုံသဏ္ဌာန် လက္ခဏာတပါးတည်း။
၉။ ဂဇသမာနက္ကမတာ- ဆင်၏ ခြေလှမ်းပုံနှင့်တူစွာ ညင်ညင်သာသာ ခြေ
လှမ်းတော်ရှိခြင်း။ (ခြေသံမကြားရ-ဟူလို။)
၁၀။ သီဟသမာနက္ကမတာ - ခြင်္သေ့မင်း၏ ခြေလှမ်းနှင့်တူစွာ ဣန္ဒြေရရ
လှမ်းကြွတော်မူခြင်း။
၁၁။ ဟံသသမာနက္ကမၻာ – ဟင်္သာမင်း လှမ်းပုံကဲ့သို့ မကျဲ မစိပ်သော
ခြေလှမ်းတော်ရှိခြင်း။
၁၂။ ဥသဘသမာနက္ကမတာ နွားလားဥသဘ၏ ခြေလှမ်းပုံကဲ့သို့ ခြေ
အချင်းချင်း မထိမိဘဲ ရှင်းလင်းသော ခြေလှမ်းတော်ရှိခြင်း။
၁၃။ ဒက္ခိဏာဝဋဂတိတာ-လက်ျာရစ်လည်သည့်ပမာ လက်ျာခြေတော်ကို
စ၍ ကြွတော်မူခြင်း။... ဤကား ခြေလှမ်းခြင်းနှင့် စပ်၍ လက္ခဏာ
တော်ငယ် ၅ ပါးတည်း။
