## PAGE 206

၃ ၉ ၂
လက္ခဏာတော်ငယ်
၁၄။ သမန္တတောစာရူဇာဏု မဏ္ဍလတာ-ပုဆစ်ဒူးဝန်း၏ ဝန်းကျင်အရပ်
ဝယ် တင့်တယ် ဝန်းဝိုင်းတော်မူခြင်း။… ဤကား ပုဆစ်ဒူးဝန်း
တော်အတွက် လက္ခဏာတော်ငယ် တပါးတည်း။
၁၅။ ပရိပုဏ္ဏပုရိသ ဗျဉ္စနတာ-ယောက်ျားအင်္ဂါဇာတ်၏ အောင်မြင် ပြည့်ဝ
လှပတော်မူခြင်း၊… ဤကား အင်္ဂါဇာတ်တော်အတွက် လက္ခဏာ
တော်ငယ် တပါးတည်း။
၁၆။ အစ္ဆိဒ္ဒနာဘိတာ’ချက်တော်၌ အပေါက်မရှိခြင်း။
၁၇။ ဂမ္ဘီရနာဘိတာ- ( အပေါ်သို့ စူ၍မထွက် ) နက်သော ချက်တော်
ရှိခြင်း။
၂
၁၈။ ဒက္ခိဏာဝနာဘိတာ – လက်ျာရစ် လည်သော ချက်တော် ရှိခြင်း၊
ဤကား ချက်တော်၏ လက္ခဏာတော်ငယ် ၃ ပါးတည်း။
၁၉။ ဒွိရဒကရသဒိသမ္ဗုရုဘုဇတာ… ဆင်၏ အရင်း၌တုတ်၍ အဖျားသေး
သော နှာမောင်းသဘွယ် သွယ်တန်းသောပေါင်တော် လက်မောင်း
တော် ရှိခြင်း။…… ဤကား ပေါင်တော် လက်မောင်းတော်၏
လက္ခဏာတော်ငယ် တပါးတည်း၊ ဒွိ + ရဒ = ၂ ချောင်းသော
အစွယ်ရှိသော ဆင်၊ ကရ-လက်၊ ဝါ-နှာမောင်း။]
၂၀။ သုဝိဘတ္တ ဂတ္တတ၁ — ဆိုင်ရာ ကိုယ်အင်္ဂါတို့၌ သူ ့အပိုင်းနှင့် သူ
ကောင်းစွာ ဝေဘန်အပ်သော ကိုယ်တော်ရှိခြင်း။
၂၁။ အနုပုဗ္ဗတ္တတာ- ဦးခေါင်းနှင့် လည်ပင်းတော် လိုက်လျောခြင်း
လည်ပင်းတော်နှင့် ပခုံးတော် လိုက်လျောခြင်း, စသည်ဖြင့် ကိုယ်
အင်္ဂါအစိတ်အပိုင်းတို့ လိုက်လျောသော ကိုယ်တော် ရှိခြင်း။ [ပုဗ္ဗ=
ရွှေအင်္ဂါအား (အထက်အင်္ဂါအား ) + အနု - လိုက်လျောသော
နောက် (အောက်) အင်္ဂါတော် ရှိခြင်း။ ]
-
လက္ခဏာတော်ငယ်
၃ ၉ ၃
၂၂။ မဋ္ဌဂတ္တတ၁ - အင်္ဂါ အစိတ်အပိုင်းတိုင်းမှာပင် ပြေပြစ် ညက်ညော
ချောမောသောကိုယ်တော်
ရှိခြင်း၊ [ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို
“လူချောကြီး” ဟု ခေါ်ကြသည်။
"
၂၃။ အနုဿဌာနာနုဿဌဂတ္တတာ-တကိုယ်လုံးဝယ် အသားနည်းသင့်ရာ
ဌာန၌ နည်း၍ များသင့်ရာဌာန၌ များသောကိုယ်တော် ရှိခြင်း။
[များမှ ကြည့်ကောင်းမည့်နေရာ၌ အသားများ၍ နည်းမှ ကြည့်
ကောင်းမည့်နေရာ၌ အသားနည်းခြင်း’ ဟူလို။ ]
-
၂၄။ အလီနဂတ္တတာ – လူအများ စုမိရာဝယ် တိမ်မြုပ် ငုပ်၍ မနေဘဲ
ပေါ်လွင် ထင်ရှားသောကိုယ်တော် ရှိခြင်း။ [လူအများ စုမိရာတွင်
ဤကဲ့သို့သော ကိုယ်မျိုးကိုသာ ပဌမဆုံး မြင်ကြရသည်။]
၂၅။ တိလကာဒိဝိရဟိတ ဂတ္တတာ – မဲပြောက် တင်းတိတ် ဝက်ခြံ အစ
ရှိသော အညစ်အကြေးတို့မှ ကင်း၍ သန့်ရှင်းသော ကိုယ်တော်
ရှိခြင်း။
၂၆။ အနုပုဗ္ဗရုစိရဂတ္တတာ = ကိုယ်အင်္ဂါ အစိတ်အပိုင်းဝယ် ရှေ့ နောက်
လိုက်လျော တင့်တယ်သောကိုယ်တော်ရှိခြင်း။
၂၇။ ဝိသုဒ္ဓဂတ္တတာ— အလွန် ဖြူစင်သောကိုယ်တော် ရှိခြင်း။...ဤကား
ကိုယ်တော်နှင့် တိုက်ရိုက် သက်ဆိုင်သော လက္ခဏာတော်ငယ်
၉ ပါးတည်း။
၂၈။ ကောဋိ သဟဿ ဟတ္ထိဗလ ဓာဂုဏတာ — ကုဋေ တထောင်သော
-
ကာဠာဝက ဆင်ပြောင်အားကို ဆောင်သော အားခွန် ရှိခြင်း။
[ ယခုခေတ်၌ အနုမြူတို့၏အားကို သိကြရသကဲ့သို့ ဗုဒ္ဓမြတ်စွာ၌
လည်း သာမန်လူတို့ထက် ထူးခြားသောဓာတ်အားတော်ရှိကြောင်း
ကို သိနိုင်ပါသည်။ ....ဤကား ကာယဗလအားတော် အတွက်
လက္ခဏာတော်ငယ် တပါးတည်း ။

## PAGE 207

၃၉ ၄
လက္ခဏာတော်ငယ်
"
၂၉။ တုင်္ဂနာသတာ-အချို ့ လူတို့၏ နှာတံသည် နိမ့်၍၎င်း, အဖျား
ပု၍၎င်း နေတတ်သော်လည်း ဗုဒ္ဓမြတ်စွာ၏ နှာတံတော်ကား ထိုသို့
မနိမ့် မပုဘဲ မြင့်မြင့်မားမား ရှည်လျားတော်မူခြင်း။... ထိုကဲ့သို့
မြင့်ခြင်းကို ဆင်ထိန်းသော ချွန်းနှင့် တူသောကြောင့် “ နာသာ
ဟေမကိုသော’မပိမပြား ရွှေချွန်းလားသို့”ဟု အလင်္ကာကျမ်း၌
ဆိုသည်…… ဤကား နှာတံတော်အတွက် လက္ခဏာတော်ငယ်
တပါးတည်း။
၃၀။ သုရတ္တဒိဇမံသတာ- အလွန် နီသော သွားဖုံးတော်ရှိခြင်း။.ဤကား
သွားဖုံးတော် အတွက် လက္ခဏာတော်ငယ် တပါးတည်း။ [ ဒိဇ
မံသ-သွား၏ အသား၊ ဝါ-သွားဖုံး။ ]
၃၁။ သုဒ္ဓဒန္တတာ- စင်ကြယ်သောသွားတော် ရှိခြင်း။
၃၂။ သိနိဗ္ဗဒန္တတာ - ညက်ညော ချောမောသော သွားတော် ရှိခြင်း။..
ဤကား သွားတော်၏ လက္ခဏာတော်ငယ် ၂ ပါးတည်း။
၃၃။ ဝိသုဒ္ဓဣန္ဒြိယတာ’မျက်စိ နား နှာခေါင်း လျှာဟူသော ဣန္ဒြေတို့၏
သန့်ရှင်း စင်ကြယ်ခြင်း။ [ ကာယိန္ဒြေအတွက်မှာ ရှေ့၌ “ဂတ္တ
ဟူသောနာမည်ဖြင့် ဆိုခဲ့ပြီ။]
"
,,
၃၄။ ဝူဒါဌတာ-လုံးသော စွယ်တော်ရှိခြင်း။ [“လုံး”ဟူရာ၌ မြတ်လေး
ပန်းငုံကဲ့သို့ လုံးခြင်းဟု မှတ်ပါ။]... ဤကား စွယ်တော်အတွက်
လက္ခဏာတော်ငယ် တပါးတည်း။
၃၅။ ရတ္တဩဋ္ဌတာ— နီမြန်းသော နှုတ်ခမ်းတော် ရှိခြင်း။...[ဤကား
နှုတ်ခမ်းတော်အတွက် လက္ခဏာတော်ငယ်တပါးတည်း၊“အဓရော
ရက္ခိတာရုဏော- နှုတ်ခမ်းအစုံသည် ဆေးမဆိုးရဘဲ
အရုဏ်ရောင်
အသွေးကဲ့သို့ နီတွေးတော်မူသည်”ဟု သုဗောဓာလင်္ကာရကျမ်း၌
ဆိုသည်၊ ဤစကားအရ ဆေးဆိုးထားသဖြင့် ရဲနေအောင် နီသော
အနီမျိုး မဟုတ်ဟု မှတ်ပါ။ ]
လက္ခဏာတော်ငယ်
-
၃၉ ၅
၃၆။ အာယတဝဒနတာ – ရှည်လျား၍ ကျယ်ပြန့်သော ခံတွင်းတော်
ရှိခြင်း။ … ဤကား ခံတွင်းတော်အတွက် လက္ခဏာတော်ငယ်
တပါးတည်း။
၃၇။ ဂမ္ဘီရပါဏိလေခတ၁ -
လက်၌ အရေးအသားတို့၏ နက်ခြင်း။
[ လက္ခဏာ ဟု ခေါ်အပ်သော အရေးအသားတို့သည် အချို့
လူများ၌ မထင်ရှားဘဲ တိမ်၍ နေတတ်၏၊ ဘုရားရှင်၏ လက်
အရေး အကြောင်းတို့ကား ထိုသို့ တိမ်၍မနေဘဲ နက်သည်၊ -
ဟူလို။
-
MONS
၃၈။ အာယတနလေခတာ – ရှည်သော လက်အရေးအကြောင်း ရှိတော်
မူခြင်း။[[လက္ခဏာဟု ခေါ်သော အရေးအသားတို့သည် အချို
ပုဂ္ဂိုလ်တို့၌ ခပ်တိုတိုနှင့် ပြတ်၍ နေတတ်၏။ ]
-
၃၉။ ဥကလေခတ၁ – ဖြောင့်မတ်သော အရေးအကြောင်းရှိခြင်း။
၄၀။ သုရုစိရသဏ္ဌာနလေခတာ — လက္ခဏာ အရေး အကြောင်းတို့၏
အလွန်တင့်တယ်သော ပုံသဏ္ဌာန်ရှိခြင်း။ … ဤကား
လက္ခဏာ
ဟု ခေါ်ရသော အရေးအကြောင်းတို့၏ လက္ခဏာတော်ငယ်
၄ ပါးတည်း။
၄၁။ ပရိမဏ္ဍလကာယ ပဘာဝန္တတာ - ကိုယ်တော်၏ ပတ်ဝန်းကျင်၌
တလံမျှလောက် အရောင်အဝန်းရှိခြင်း။ ဤကား ကိုယ်တော်
အရောင်၏ လက္ခဏာတော်ငယ် တပါးတည်း။
၄၂။ ပရိပုဏ္ဏကပေါလတာ - ပြည့်ဖြိုးသော ပါးစောင်တော် ရှိခြင်း။ …
ဤကား ပါးတော်အတွက် လက္ခဏာတော်ငယ် တပါးတည်း။
အချို့ လူတို့၏ ပါးစောင်သည် ပိုမိုမောက်မောက် မရှိဘဲ
ပြားချပ်ချပ် နေတတ်၏။

## PAGE 208

၃၉
လက္ခဏာတော်ငယ်
-
၄၃။ အာယတဝိသာလနေတ္တတာ - ရှည်လည်းရှည်. ကျယ်လည်းကျယ်
သော မျက်လုံးတော်ရှိခြင်း။
၄၄။ ပဉ္စပသာဒဝန္တနေတ္တတာ - အကြည်ဓာတ် ၅ မျိုးပါသော မျက်လုံး
တော်ရှိခြင်း။ [ရောင်ခြည်တော်ဖွင့် ဂါထာ၌ ပြခဲ့သည့်အတိုင်း
နီလ ပီတ လောဟိတ သြဒါတ မဉ္ဇိဋ္ဌအရောင် ၅ မျိုးပါသည်ကို
ဆိုလိုဟန် တူပါသည်။ ] ဤကား မျက်လုံးတော် အတွက်
လက္ခဏာတော်ငယ် ၂ ပါးတည်း။
***
၄၅။ အာကုက္ကိုတဂ္ဂပခုမတာ — ကော့၍ အထက်သို့ အဖျားလှည့်သော
မျက်တောင်မွေးတော်ရှိခြင်း။ ...ဤကား မျက်တောင်မွေးတော်
အတွက် လက္ခဏာတော်ငယ် တပါးတည်း။
-
၄၆။ မုဒုတနုကရတ္တဇိဝှတာ — နုလည်းနု ပါးလည်းပါး နီလည်းနီသော
လျှာတော်ရှိခြင်း။ … ဤကား လျှာတော်၏ လက္ခဏာတော်ငယ်
တပါးတည်း။
၄၇။ အာယတရုစိရှကဏ္ဏတာ – ရှည်သော တင့်တယ်သော နားရွက်တော်
ရှိခြင်း။ …… ဤကား နားရွက်တော် အတွက် လက္ခဏာတော်ငယ်
တပါးတည်း။ [“ရှည်”ဟု ဆိုသော်လည်း အချို့ ဆင်းတုတော်
များ၌ ထုထားသကဲ့သို့ ပခုံးတော်ထောက်အောင် ရှည်လျားသည်
မဟုတ်ပါ၊ ကျိုး၍ မသွားအောင် ရုပ်တုတော် ပြုလုပ်သော
ဆရာတို့က ထောက်ထားဟန် တူပါသည်။ ]
-
၄ဂ။ နိဂ္ဂဏ္ဌိသိရတာ – အဖုအထစ်မရှိသော အကြောတော် ရှိခြင်း။
၄၉။ နိဗ္ဗူဠသိရတာ … အသားအထက်၌ ပေါ်တက်၍မနေဘဲ အသား
အတွင်း၌ မြုပ်နေသော အကြောတော်ရှိခြင်း။ [များစွာသော
လူတို့၏ အကြောကား ပေါ်ထင်နေသည်။ ]
လက္ခဏာတော်ငယ်
-
၃၉၇
၅၀။ ဝူဆတ္တနိဘစာရူသီသတာ - လုံးဝိုင်းသော ထီးကဲ့သို့ အရောင်ဖြင့်
တင့်တယ်သော ဦးခေါင်းတော်ရှိခြင်း = ဦးခေါင်းတော်၌ ထီး
ဝိုင်းကဲ့သို့သော အရောင်ဝိုင်းရှိတော်မူခြင်း။ [သီဟိုဠ်ရေးရုပ်တု
တော်များ၌ ဤကဲ့သို့သော အရောင်ဝိုင်းပုံသဏ္ဌာန် ဥုးခေါင်း
တော်၌ ပါရှိသည်။ … ဤကား ဥုးခေါင်းတော်၏ လက္ခဏာ
]
တော်ငယ် တပါးတည်း။
-
၅၁။ အာယတပုထုနလာဠ သောဘတာ – ရှည်လျား ပြန့်ကျယ်သော နဖူး
တော်ဖြင့် တင့်တယ်တော်မူခြင်း။ ဤကား နဖူးတော်၏ လက္ခဏာ
တော်ငယ် တပါးတည်း။
-
၅၂။ သုသဏ္ဌာနဘမုကတာ – ကောင်းသောပုံသဏ္ဌာန်ရှိသော မျက်ခုန်း
တော် ရှိခြင်း။ [သုဗောဓာလင်္ကာရကျမ်း၌ “ သမာနတာ ဘမှ
-
66
စၥယံ, ဇိနာ နဝတ္ထိတာ တဝ ( အို မြတ်စွာဘုရား ) ရှင်တော်
ဘုရား၏ မျက်ခုန်းတော်သည် မဆွဲမငင်အပ်ပါဘဲ လ၏ အရေး
ကဲ့သို့ ကွေး၍နေပါသည် ဘုရား”ဟု ဆိုသည်။ ]
-
=
၅၃။ သဏှဘမုကတာ – သိမ်မွေ့သော မျက်ခုန်းတော်ရှိခြင်း = မျက်ခုန်း
မွေးများ မကြမ်းတန်းဘဲ သိမ်မွေ့ သော မျက်ခုန်းတော်ရှိခြင်း။
၅၄။ အနုလောမဘမုကတာ
တော် ရှိခြင်း။
၅၆။
-
-
အရှင်း အဖျား လျော်သော မျက်ခုန်း
၅၅။ မဟန္တဘမုကဘာ— ကြီးသော မျက်ခုန်းတော်ရှိခြင်း။
အာယတဘမုကတာ – ရှည်သော မျက်ခုန်းတော် ရှိခြင်း။
ဤကား မျက်ခုန်းတော်၏ လက္ခဏာတော်ငယ် ၅ ပါးတည်း။
၅၇။ သုခုမာလဂတ္တတာ - ကိုယ်တော်၏ အလွန်နုပျိုခြင်း။ [ သက်တော်
ကြီးစေကာမူ အိုရုပ် ပုံသဏ္ဌာန် မပေါ်, နုပျိုသော ပုံသဏ္ဌာန်
ရှိတော်မူခြင်း။]

## PAGE 209

၃ ၉ ဂ
လက္ခဏာတော်ငယ်
၅၈။ အတိဝိယ သောမ္မဂတ္တတာ
ရှိခြင်း။
အလွန် အေးမြသော ကိုယ်တော်
၆၈။
၅၉။ အဘိဝိယ ဥဇ္ဇလိတ ဂတ္တ
ဂတ္တတာ
ညိုညို မှိန်မှိန် မဟုတ်ဘဲ အလွန်
တောက်ပသော ကိုယ်တော်ရှိခြင်း။
-
၆၀။ ဝိမလဂတ္တတာ – ညစ်ကြေးမတင် သန့်စင်သော ကိုယ်တော်ရှိခြင်း။
၆၁။ ကောမလဂတ္တတာ- နုညံ့သော ကိုယ်တော်ရှိခြင်း။ [ “ပါဒေ တုမှ
နမဿာမိ, ဒုဝေ ကမလကောမလေ … အရှင်ဘုရားတို့၏ ကြာ
ပဒုမ္မာကဲ့သို့ နုညံ့သော ခြေတော်တို့ကို ရှိခိုးပါ၏” ဟု ရှေး
ပညာရှိတို့ စပ်ဆိုကြသည်။ ]
-
၆၂။ သိနိဒ္ဓဂတ္တတာ — ပြေပြစ် ညက်ညော ချောမောသော ကိုယ်တော်
ရှိခြင်း။
....
၆၃။ သုဂန္ဓတနုတာ - ကောင်းသောအနံ ့ရှိသော ကိုယ်တော်ရှိခြင်း။
ဤကား ကိုယ်တော်၏ဂုဏ်နှင့်စပ်၍ လက္ခဏာတော်ငယ် ၇ ပါး
တည်း။ [ရှေ့၌ ကိုယ်ဒြဗ်နှင့်စပ်၍ လက္ခဏာတော်ငယ် ဂပါးကို
ပြခဲ့သည်။ ]
၆၄။ သမလောမတာ – အနိမ့်အမြင့် ညီမျှသော မွေးညှင်းတော်ရှိခြင်း။
[များစွာသော လူတို့၏ မွေးညှင်းများသည် အနိမ့်အမြင့် မညီ
ကြချေ။]
၆၅။ ကောမလလောမတာ − နုညံ့သော အမွှေးတော်ရှိခြင်း။ [ တချို့
လူများ၏ အမွှေးသည် ကြမ်းနေ၏။ ]
၆၆။ ဒက္ခိဏာဝလောမတာ’လက်ျာရစ်လည်သော အမွှေးတော်ရှိခြင်း။
-
၆၇။ ဘိန္နန သဒိသနီလကောမလတာ – ကွဲသော မျက်စဉ်းကျောက်
အဆင်းနှင့်တူသော ညိုသော အမွေးတော်ရှိခြင်း။
(အဋ္ဌမအကြိမ်)
လက္ခဏာတော်ငယ်
ဝဇ္ဇလောမတာ’လုံးသော အမွေးတော်ရှိခြင်း။
-
၃ ၉ ၉
၆၉။ သိနိဒ္ဓလောမတာ − ညက်ညောသော မွေးညှင်းတော်ရှိခြင်း။
ဤကား မွေးညှင်းတော်၏ လက္ခဏာတော်ငယ် ၆ ပါးတည်း။
၇၀။ အတိသုခုမအဿာသ ပဿာသဓာရဏတာ − အလွန် သိမ်မွေ့ သော
ထွက်သက် ဝင်သက်ကို ဆောင်တော်မူခြင်း၊ “ အသက် အရှူ
အရှိုက် မကြမ်း ” ဟူလို၊ … ဤကား အဿာသပဿာသ၏
”
လက္ခဏာတော်ငယ် တပါးတည်း။
"
မှတ်ချက် ။ ။ အာနာပါနကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်များ၏
ထွက်သက် ဝင်သက်များလည်း တဖြည်းဖြည်း ငြိမ်သက်၍ ကမ္မဋ္ဌာန်း
အသားကျသောအခါ ရှူမှန်းရှိက်မှန်း မသိရလောက်အောင် ငြိမ်သက်
ကြပေသည်။
၇၁။ သုဂန္ဓမုခတာ = ကောင်းသောအနံ့ ရှိသော ခံတွင်းတော်ရှိခြင်း။
ဤကား . ခံတွင်းတော်၏ လက္ခဏာတော်ငယ် တပါးတည်း။
[ သဒ္ဓမ္မဒေသနာကာလေ, သာဓု သာဓုတိ ဘာသတော၊ မုခ
တော ဇာယတေ ဂမ္မော, ဥပ္ပလံဝ ယထောဒက = သူတော်
ကောင်းတရားကို ဟောတော်မူသောအခါ “သာဓု”ခေါ်သော
ကောင်းမှုသည် နောက်ဘဝ ဝယ် အာခံတွင်းမှ ကြာညိုပန်းနံ့
သင်းပါသတဲ့။ ]
၇၂။
coll.
သုဂန္ဓဗုဒ္ဓနတာ-ဥးထိပ်တော်၏ မွှေးကြိုင်သော အနံ့ရှိခြင်း
ဤကား ဥုးထိပ်တော်၏ လက္ခဏာတော်ငယ် တပါးတည်း။
၇၃။ သုနီလကေသတာ − အလွန်ညိုသော ဆံတော်ရှိခြင်း။
၇၄။ ဒက္ခိဏာဝဇ္ဇကေသတာ
-
-
လက်ျာရစ်လည်သော ဆံတော်ရှိခြင်း။
၇၅။ သုသဏ္ဌာနကေသတာ – ကောင်းသော ပုံသဏ္ဌာန်ရှိသော ဆံတော်
ရှိခြင်း။
(အဋ္ဌမအကြိမ်)

## PAGE 210

၄၀၀
"
လက္ခဏာတော်ငယ်
၇၆။ သိနိဒ္ဓသဏှ ကေသတာ− ညက်ညော သိမ်မွေ့သော ဆံတော်ရှိခြင်း။
[စာအုပ်တို့၌ “သိနဒ္ဓကေသတ, သဏှကေသတာ” ဟု ၂ ပုဒ်
ခွဲလျက်ရှိသည်။ ]
၇၇။ အလုဠိတကေသတာ - မရှုပ်သော ဆံတော်ရှိခြင်း။
၇၈။ သမကေသတာ - အနိမ့် အမြင့် ညီမျှသော ဆံတော်ရှိခြင်း။
၇၉။ ကောမလကေသတာ – နုညံ့သော ဆံတော်ရှိခြင်း။
ဆံတော်၏ လက္ခဏာတော်ငယ် ၇ ပါးတည်း။
ဤကား
ဂဝ။ ကေတုမာလာရတနဝိစိတ္တတာ’“ကေတုမာလာ”ဟု ခေါ်အပ်သော
ရတနာရောင်ဖြင့် လွန်စွာသပ္ပါယ် ဆန်းကျယ်တော်မူခြင်း။
မှတ်ချက်။ ။ဥုးခေါင်းတော်မှထွက်၍ အထက် ဥးထိပ်၌ အစုံဖြစ်လျက်
ထင်းလင်းနေသော အရောင်ကို “ ကေတုမာလာရောင် ”ဟု ခေါ်ကြ၏၊
ထို အရောင်တော်ကို ပုံသဏ္ဌာန်ပေါ်အောင် ယခုခေတ် ဆင်းတုတော်
များ၏ ဥုးထိပ်တော်၌ စုနေသောအရောင်ပုံကို ထုလုပ်ကြ၏၊ သို့သော်
ထို အရောင်ပုံသည် များသော အားဖြင့် ဆံပင်တော် အရောင်ကဲ့သို့
ညိုမှောင်နေရကား တချို့က “ယောင်ပုံ-ယောင်ထုံးပုံ”ဟု ထင်မှားကြ
လေသည်၊ ထိုသို့ မထင်မှားရအောင် ဥုးထိပ်တော်၌ အရောင်အဝါ
စုနေပုံကို ပြနိုင်လျှင် သာ၍ သဘာဝကျပေ လိမ့်မည်။
လက္ခဏာတော်ငယ် (၈၀) ပြီးပြီ။
၄၀၁
တိုက်တွန်းချက် ။ ။ ဤ လက္ခဏာတော်ငယ်များကိုလည်း တပါးစီ
တပါးစီ စဉ်းစား၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများကြပါလေ၊ ဤနေရာ
ဝယ် ရတနာ့ဂုဏ်ရည်၏ အစ၌ ပြအပ်ခဲ့သော အောက်ပါ ဂါထာကိုလည်း
အနက်နှင့်တကွ ဘုရားအာရုံရအောင် ရှုတ်ကြ ဖတ်ကြပါလေ။
ပစ္ဆိမံ ဖလဒါနေန,
ဗဟုံ ပစိတပါရမီ၊
တဿ ဝေသံ သုမာပေန္တိ
ကေနာပိ အသမံ သမီ။
ဗဟုံ - ဤ၍ ဤမျှ ဂဏန်းချ၍, မရနှိုင်းညှိ အတိုင်းမရှိရလေအောင်
ပစိတပါရမီ-လေးသင်္ချေကိန်း ကပ်တသိန်းက ထိန်းသိမ်းစုဆောင်း ပါရမီ
တော်အပေါင်းတို့သည်၊ ပစ္ဆိမံဖလဒါနေန’ ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်,
ခန္ဓာကိုယ်ရေး, အဆုံးစွန် အကျိုးပေးသောအားဖြင့်၊ တဿ ဘဂဝတော-
ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဝေသံ-ရွှေမျက်နှာတော်
လက် ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်
ကို၊ ကေနာပိလူမင်း နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတယောက်နှင့်မျှ၊
အသမံ – လက္ခဏာတော် ကြီးငယ် အသွယ်သွယ်ဖြင့်, ဘယ်ဝယ်တိုင်းကာ
မနှိုင်းသာသည်ဖြစ်၍၊ သမံ - တကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်
သိင်္ဂီ နာရဏီမျှ သာကီစင်သွေး အယဉ်ကျေးဆုံးဖြစ်ရလေအောင်၊ သုမာ
ပေန္တိ- တက်သစ်နေဝန်း, ထွန်းသစ် လစန်း, ပွင့်သစ်ပန်းသို့… ဆန်းအဖုံဖုံ
စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား။
-
-
၁ ၃ ၃၂-ခု၊
၃ ၁ (အဋ္ဌမအကြိမ်)
