## PAGE 21

၂၂
မွမ်းမံခြယ်လှယ်ပုံ။
ရတနာ့ဂုဏ်ရည်
။ဘုရားပစ္စေကာ အရိယာသံဃာတော်
တို့သည် ဈာန်ဝင်စားမှုစသော အလိုတော်ရှိရာ ကိစ္စဖြင့် မွေ့ လျော်
တော်မူနေကြစဉ် ထို အရှင်မြတ်တို့၏ အထက်တွင် ရတနာထီးဖြူ
ဆောင်းလျက် မွှေးကြိုင်သော ပန်းမျက်နှာကြက်တွေ တဝေဝေနှင့်
ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီမြန်းသော ဇာပန်းတွေ တွဲလျားကျ
နေပုံ ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့၌ ကြာမျိုးငါးပါးဖြင့်
တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ, ပတ်ဝန်းကျင်ဝယ်
တည်ရှိနေသော ပန်းဥယျာဉ်၏ ပန်းပင်များမှ ပန်းဝတ်မှုန်တို့သည်
အထက်သို့ လွှင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ ့ ရွှေခုံ
ပေါ်၌ ရောင်စုံမီးတိုင်များကို စကြာဝဠာအနှံ့စိုက်၍ ညှိထွန်းထားပုံ
သစ်ပင်ဖျားနှင့် တောင်ထိပ်တိုင်း၌ အလံတလူလူ စိုက်ထူထားပုံတို့
ကိုပါ စိတ်ကူးလေသည်။
ပရိသတ်များ။ ။ထိုမျှလောက် ကြည်နူးဘွယ်ကောင်းသော
ဗိမာန်တော်ကြီး၏ အနီးအပါး၌ သီဆိုတတ် ကပြတတ်သူတို့လည်း
မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသောစိတ်ဖြင့် ကကြသီဆိုကြ
တီးမှုတ်ကြပုံ, လူ နတ် သကြား နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗ
မကျန် သူတော်ကောင်း မှန်သမျှလည်း အသီးသီး လက်အုပ်ချီကာ
အရိယာတို့ သီတင်းသုံးရာဖြစ်သော ထိုဗိမာန်အနီးသို့ ချဉ်းကပ်လာ
ကြပျံ့ ထိုပရိသတ်အား စကြာမင်းကြီးက မိမိပြုအပ်သော ကုသိုလ်၏
အဘို့ကို အမျှဝေစကား ပြောကြားနေပုံ ဤနေရာသို့ မရောက်လာ
သေးသူတို့အား နတ်များက တဆင့် ပြောပြနေပုံတို့ကိုပါ စိတ်ကူး
လေသည်။
စေတီတော်ဖွင့်
I o
၂၃
အကျိုးရပုံ။ ။ထိုကဲ့သို့ အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူ
သော စကြာမင်းကြီးသည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထို
ကောင်းမှုကြောင့် တာဝတိံသာ၌ ဖြစ်ရလေသည်၊ ထို ကောင်းမှ
စေတနာစုကြောင့် နတ်ပြည်မှ လူ့ ပြည်သို့၎င်း, လူ့ ပြည်မှ နတ်ပြည်
သို့၎င်း, စုတေ ရွှေ့ ပြောင်း၍ ဖြစ်လေရာ၌ ပညာ အရည်အခြ
ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်းသာလွန်,လူချင်းလည်းသာလွန်
သူသာ ဖြစ်ခဲ့ရလေသည်၊ ထို ့ကြောင့် ယခုအခါ သူတော်ကောင်း
စိတ်ဓာတ်ကိန်းဝပ်တည်ရှိသော အမျိုးသားအမျိုးသ္မီး လူကြီးသူမ
တို့သည် သန့်ရှင်းသော ဘုရားအနီးမှာ ဖြစ်စေ အခြားတနေရာမှာ
ဖြစ်စေ သက်တော်ထင်ရှားဘုရားရှင်ကို ထင်မြင်လာအောင်စိတ်ကူး
လျက် အထူးကြည်ညိုသော သဒ္ဓါတရားဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
ဖြစ်အောင် စီးဖြန်းပွားများ၍ ပန်းဆီမီး အမွှေးတိုင်စသော ပူဇော်
ဘွယ်များကို ပူဇော်ကြပါကုန်။
။
ပုံအတွင်း ဂုဏ်သွင်းပါ ။ ။ သက်တော်ထင်ရှား မြတ်စွာ
ဘုရားကို ထင်မြင်လာအောင် မှန်းဆနိုင်သူသည် ဘုရားရှင်ကို အထူး
ကြည်ညိုလေးစားသူ ဖြစ်ပေရကား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွား
ဆင်းတုတော်နှင့် ဓာတ်တော် ဌာပနာထားသော စေတီတော်များ
အနီးအပါး၌ မလေးမစား မနေဝံ့တော့ပါ၊ ဘာသာရေး၌ အလွန်
အချိုးကျသောလူကောင်းရှင်ကောင်း ဖြစ်လောက်ပါပြီ၊သို့ရာဝယ်
လောက၌ ပုဂ္ဂိုလ်တဥုးအပေါ်မှာ ဂုဏ်ထူးကို မသိခင်က ကြည်ညို
ပြီးနောက် ဂုဏ်ထူးကို သိရပြန်သော အခါ အတိုင်းထက် အလွန်
ကြည်ညို လေးစား အားထား ကိုးကွယ်လိုသောစိတ်များ ဖြစ်ပေါ်
လာသကဲ့သို့ ထို ့အတူ မြတ်စွာဘုရား၏ ချီးမွမ်း၍ မကုန်နိုင်သော

## PAGE 22

၂၄
ရတနာ့ဂုဏ်ရည်
ဂုဏ်တော်များတွင် လူချင်း နတ်ချင်း ဗြဟ္မာချင်း ပြောကြလျက်
တသောသော ချီးမွမ်းအပ်သော ဂုဏ်တော် ၉ ပါးလောက်ကိုပင်
မိမိဉာဏ်မှီသမျှ သိရှိကြရလျှင် သဒ္ဓါ ပညာတို့သည် ရှေးကထက်
တိုးပွားကြပါလိမ့်မည်။
ဆက်ပါဥုးမည် – မိမိတို့သည် ဘဝများစွာ သံသရာဝယ်
ကျင်လည်ခဲ့ရ သော်လည်း မိမိတို့ စိတ်ထဲ၌ ဤ ဘုရားရှင် ဟူသော
အာရုံမျိုးကို ယူနိုင်ဘို့ရာ ခဲယဉ်းပါသည်၊ ယခုအခါ ကံကောင်းလှ
သဖြင့် ဘုရားရှင်၏ အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိ
ရပါသည်၊ ထို ့ကြောင့် အေးအေးဆေးဆေး မိမိအိမ်၌ ဘုရားရှင်ကို
အာရုံပြုရင်း ချွတ်ဖတ် ရှိခိုးကြဘို့ရာ မကျဉ်းမကျယ် အနက်များကို
နှုတ်တက်ဆောင်ထား၍ အဓိပ္ပါယ်များကိုကြည့်ရှုမှတ်သားပြီးလျှင်
ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ ဤ ပြအပ်လတံ့
သော ဂုဏ်တော်များကို သွင်း၍ သန့်ရှင်း စင်ကြယ်သော သီလကို
ဆောက်တည်ကာ ကြိုးစား၍ အာရုံပြုကြပါကုန်။
အမှာ။ ။ဂုဏ်တော်အနက်များကို ကျက်သောအခါ အရွတ်
အဖတ်ကောင်းသောဆရာသမားထံ၌ စနစ်ကျကျဖတ်ပြီးမှ
ကျက်ကြပါလေ၊ အရွတ်အဖတ်လည်း မမှန်, အသံလည်း
မကောင်းလျှင်ကား အသံကျယ်ကျယ် ရှိမခိုးဘဲ ခပ်တိုးတိုး
ရွတ်ဆို၍ ရှိခိုးကြပါလေ၊အရ မကျက်နိုင်လျှင် ဘုရားစေတီ
တော် ရှေ့၌ စာအုပ်ကြည့်၍ ဖတ်ကြပါလေ။
ဘုရား ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရ)
ဂုဏ်တော် ၉ ပါး ပါဠိတော်
ဣတိပိ သောဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိ
အနုတ္တရော ပုရိသဒမ္မ သာရထိ သတ္ထာ ဒေဝမနုဿာနံ
ဗုဒ္ဓေါ ဘဂဝါ။
6
☑
ကြည့်ရှုရန် အဓိပ္ပါယ်
,,
၂၅
“ ဣတိပိ သောဘဂဝါ ”၌ “ ဣတိပိ ” သည် မိမိ၏ ဉာဏ်
ထဲမှာ ထင်လာသော အကြောင်း တခုခုကို ညွှန်ပြအပ်သော ပါဠိ၊
သောဘဂဝါ” ကား မြတ်စွာဘုရားကို ညွှန်ပြသော ပါဠိတည်း၊
ထို့ကြောင့် ထိုပါဠိ ၂ ရပ်ကို ဂုဏ်တော် ၉ ပါးလုံးနှင့် တွဲစပ်ပါ။
"
၁။ ဣတိပိ သောဘဂဝါ အရဟံ
၂။ ဣတိပိ သောဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ
၃။ ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော,
၄။ ဣတိပိ သောဘဂဝါ သုဂတော,
၅။ ဣတိပိ သောဘဂဝါ လောကဝိ
၆။ ဣတိပိ သောဘဂဝါ အနုတ္တရော-ပုရိသဒမ္မ သာရထိ
၇။ ဣတိပိ သောဘဂဝါ သတ္ထာ-ဒေဝမနုဿာနံ,
ဂ။ ဣတိပိ သောဘဂဝါ ဗုဒ္ဓေါ
၉။ ဣတိပိ သောဘဂဝါ ဘဂ၀ါ။
၄
(အဋ္ဌမအကြိမ်)
ill

## PAGE 23

ရတနာ့ဂုဏ်ရည်
အရဟံ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
(၁) သောဘဂဝါ- ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ဣတိပိဣမိနာစ ကာရဏေန – တထောင့်ငါးရာ
ကိလေသာတို့ ဝါသနာဓလေ့, အထုံငွေ့မျှ, မမရိပ် ဝင်းဝင်း
ဖိတ်သို့ ရွှေစိတ်ပျံ့သင်း, လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ့ ကြည်ဖြူ
ကော်ရော်, အလှူတော်မှန်, အပူဇော်ကို ခံတော်မူထိုက်သော ဤ
အကြောင်းကြောင့်လည်း၊ အရဟံ- အရဟံဟူသော ဂုဏ်တော်ကြီး
ဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင် ကျော်ကြား
ထင်ရှားတော်မူပါပေသည် တကား။
☑
ကြည့်ရှုရန် အဓိပ္ပါယ်
အရဟံ ဂုဏ်တော်သည်...
C
☑
၁။ “ကိလေသာတို့မှ ဝေးကွာတော်မူ၏” ဟူသောအနက်,
၂။ “လှူဒါန်း ပူဇော်သမျှကို ခံယူတော်မူထိုက်၏” ဟူသော
အနက်ကို ပြသည်။
တထောင့်ငါးရာ ကိလေသာတို့ ။ ။ ပုထုဇဉ်တို့၏ သန္တာန်၌
ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၍, အကျယ်အားဖြင့်
တထောင့်ငါးရာ ရှိ၏။
[ ထို ၁၅ ဝ ဝ တွက်ပုံကို အလိုရှိက သင်္ဂြိုဟ် သင်ဘူးသူများကို မေးပါ၊
အခြေပြုသင်္ဂြိုဟ် သမုစ္စည်းပိုင်းမှာလည်း ပြထားသည်။ ]
အရဟံဂုဏ်တော်ဖွင့်
၂၇
ဝါသနာဓလေ့ အငွေ့များ ။သတ္တာတို့၏ သန္တာန်၌ အငွေ့
အသက် ထုံလျက်ပါသော ကိလေသာတို့၏ သတ္တိကို “ဝါသနာ=
အထုံ”ဟု ခေါ်သည်၊ ရဟန္တာများသန္တာန်၌ ကိလေသာကုန်သွား
သော်လည်း ဘဝဆက်တိုင်းက ပါလာသော အထုံ ဝါသနာမှာ
မကုန်တတ်ချေ၊ ဥပမာ’စူးရှသော အရက်ထည့်ရာပုလင်း၌ အရက်
ကုန်သွားသော်လည်း အရက်အနဲ ့ အထုံ မပျောက်သကဲ့သို့တည်း၊
ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက်အထုံဝါသနာပါ
ပျောက်ကင်းအောင် ပယ်တော်မူပြီး ဖြစ်၍ စိတ်တော် အစဉ်သည်
အမြဲအားဖြင့် ဝင်းဝင်းဖိတ်ဖိတ်အရောင်တောက်နေသလိုကြည်လင်
သန့်ရှင်းတော်မူပေသည်။
ပူဇော် ခံထိုက်ပုံ ။ ။ ထို ့ကြောင့် အမှိုက်သရိုက် ကင်း၍
သန့်ရှင်းသော ဥယျာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည်
သန်မာ ကြီးမားထွားကျိုင်း ဖွင့်ဖြိုး အကျိုးများသောကြောင့် ထို
မြေမျိုး၌သာ စိုက်ပျိုး ကြဲချသင့်သကဲ့သို့, ထို့အတူ ကိလေသာ
အနောက်အကျ မရှိသဖြင့် စိတ်တော်အစဉ် ကြည်လင် နေသော
ဘုရားရှင်၌ လှူဒါန်း ပူဇော်ခြင်း ဟူသော မျိုးစေ့များကို ကြဲချ
စိုက်ပျိုးလိုက်လျှင် ရည်ရွယ်သလောက် အကျိုး ရနိုင်သောကြောင့်
ရှင်တော်ဘုရားသည် လှူဒါန်း ပူဇော်သမျှကို ကောင်းစွာ ခံယူတော်
မူထိုက်ပါပေသည်။
"
"
ဤသို့ အမင်းမင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော
အရဟံ ” ဂုဏ်တော်ကြောင့် ဘုရားရှင် လက်ထက်တော်အခါ၌
“ သဟမ္ပတိ” ဗြဟ္မာမင်းကြီးသည် မြင့်မိုရ်တောင်မျှ ပမာဏရှိသော
ရတနာပန်းကုံးကြီးဖြင့် ပူဇော်ဘူးလေပြီ၊ “ဗိမ္ဗိသာရ” မင်းလည်း

## PAGE 24

၂၀
ရတနာ့ဂုဏ်ရည်
ဝေဠုဝန်ကျောင်းတိုက်တော်ကြီးဖြင့် ပူဇော်ဘူးလေပြီ၊ ပရိနိဗ္ဗာန်
စံတော်မူပြီးမှလည်း“ဓမ္မာသောက”မင်းသည် ၉ ၆ကုဋေသောဥစ္စာ
တို့ကို(စုတေခါနီးမှ ၄ကုဋေထပ်ဖြည့်၍ ကုဋေတရာသောဥစ္စာတို့ကို
အကုန်အကျခံလျက် ရှစ်သောင်းလေးထောင်သော ကျောင်းတို့ဖြင့်
ရှင်တော်မြတ်ဘုရားကို ရည်မှန်း၍ လှူဒါန်း ပူဇော်ဘူးလေပြီ။
ယခုအခါ ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနပြုမှုတို့၌လည်း ဘုရား
ရှင်ကို ကြည်ညိုမှုက အရင်းခံလျက် ရှိ၏၊ ယခုတိုင်အောင် အပူဇော်
ခံနေရပါသည်- ဟူလို၊ ဤသို့လျှင် ဘုရားရှင်၏ “အရဟံ”ဂုဏ်တော်
ရနံ ့သည် လူအဆင့်ဆင့် နတ်အဆင့်ဆင့် သင်းပျံ့လျက် ဗြဟ္မာ့ပြည်
တိုင်အောင် ပျံ့နှံ့ မွှေးကြူပါသည်။
တိုက်တွန်းချက် ။ ။ ဘုရားရှင်၏ “ အရဟံ ” ဂုဏ်တော်ကို
”
အောက်မေ့ ကြည်ညိုသူသည် ပြအပ်ခဲ့သော ဘုရားရှင်၏ ပုံတော်
အတွင်း၌ ရင်ချိုင့်အလယ် နှလုံးအိမ်ဝယ် ဘုရားရှင် စိတ်တော်၏
ကိလေသာ အနောက်အကျတို့မှ ကင်းသဖြင့် သန့်ရှင်း ကြည်လင်
တော်မူပုံကို ထင်မြင်အောင်အာရုံပြုပါ၊ထိုကြည်လင်သောစိတ်တော်
ကို အတုယူကာ မိမိစိတ်၌လည်း လောဘ, ဒေါသ, မာန်မာနနှင့်
ဣဿာ မစ္ဆရိယစသော ကိလေသာအနောက်အကျုကင်းစင်၍ အမြဲ
ကြည်လင်
သန့်ရှင်းအောင် သတိထားကြပါလေ၊ ဤသို့ ဘုရားရှင်၏
ကိလေသာကင်း၍ စိတ်တော်သန့်ရှင်းပုံကို အာရုံပြုဖန်များလာလျှင်
ထို သန့်ရှင်းမှုသည် မိမိစိတ်၌ ဓာတ်သဘောကူးစက်၍ မိမိမှာလည်း
သန့်ရှင်းသော စိတ်များ ဖြစ်လာပါလိမ့်မည်၊ ဥပမာ – သူတော်
ကောင်းနှင့် ပေါင်းသူသည် သူတော်ကောင်း ဖြစ်သကဲ့သို့တည်း။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
၂၉
(၂) သောဘဂဝါ- ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန - သဗ္ဗဉ်ဉာဏ်အား စွမ်း
ပကားဖြင့် များသင်္ခါရ ဝိကာရနှင့်, လက္ခဏပညတ်, နိဗ္ဗာန်ဓာတ်
ဟု, ငါးရပ်သိရန်, ဉေယျဓမ်ကို ဖေါက်ပြန်မရှိ ကိုယ်တော်တိုင်
သိတော်မူသော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-
သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံ
တိုင်အောင်ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပေသည်
☑
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
တကား။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်သည် – အလုံးစုံသော တရားကို ကိုယ်တော်တိုင်
သိတော်မူနိုင်၏ ” ဟူသော အနက်ကို ပြသည်။ [ သမ္မာ+သံ+
ဗုဒ္ဓ၊ သမ္မာ = မဖေါက်မပြန် ( အမှား မရှိအောင် ) + သံ =
ကိုယ်တော်တိုင် + ဗုဒ္ဓ = သိတော်မူနိုင်သည်။ ]
သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့် ။ ။ ဘုရားရှင်သည် သဗ္ဗ
ညုတာဉာဏ်ကိုရဘို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း တိုင်အောင်
ကောင်းမှုပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည်အားလျော်စွာ ဘဝ
အဆင့်ဆင့် ရင့်လာသောပညာသည် ဘုရားဖြစ်သည့် အခါ သဗ္ဗ
ညုတာဉာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်
ပါပေသည်။

## PAGE 25

၃ ဝ
...
ရတနာ့ဂုဏ်ရည်
ယခုလောက၌ သေးငယ်သော မြူမှုန်ကို လူအပေါင်းတို့ ဝိုင်း၍
ကြည့်သော အခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမှုန်သူတို့
ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိက္ခယ်နေ
သူတို့မှာ ဆိုဘွယ်ရာ မရှိတော့သကဲ့သို့ ထို ့အတူ သိဘွယ် အာရုံ
ထို
များကို သတွာ ဟူသမျှတို့ သိဘို့ရန် အားထုတ်ကြ ပါသော်လည်း
ပင်ကိုယ်ဉာဏ်မျက်စိ ရှိသလောက်သာ သိမြင်နိုင်ကြသည်၊ လုံးလုံး
ဉာဏ်မျက်စိ မရှိသူတို့မှာ အရှေ့ အနောက် တောင် မြောက်နှင့်
တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။
ဗုဒ္ဓရှင်တော်၏ ဉာဏ်တော်သည်ကား သိသင့် သိဘွယ် အသွယ်
သွယ်ကို မည်သူနှင့်မျှ ယှဉ်၍မရအောင် ရှင်းရှင်းလင်းလင်း သိတော်
မူပါသည်၊ ထို သိဘွယ် တရားများကို “ ဉေယျဓမ်” ဟု ခေါ်၏။
[ ဉေယျ = သိသင့်သိထိုက်သော+ဓမ်=ဓမ္မ
တရား။ ]
66
ဉေယျဓမ်တရား ၅ ပါးကား
၁။ သင်္ခါရ = စိတ် စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ။
၂။ ဝိကာရ = ဝိကာရရုပ် ငါးပါး။
၃။ လက္ခဏ= လက္ခဏရုပ် လေးပါ။
ရေ
၄။ ပညတ် = လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ
စသော ပညတ်များ။
၅။ နိဗ္ဗာန် = ရုပ်နာမ်ပညတ်မှတပါး ငြိမ်းအေးသော ဓာတ်ကြီးတမျိုး
[ဤငါးမျိုးမှတပါးသိဘွယ်ရာ မရှိပြီ၊ ဝိကာရနှင့် လက္ခဏကို
ရုပ်ချင်း တူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်
သောကြောင့်တည်း။ ဤ ဉေယျဓမ် ငါးပါးသည် ဇိနာ
လင်္ကာရဋီကာအသာဓာရဏကထာ၌ ပါသည်။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်
2
၃ ၁
ဖေါက်ပြန် မရှိ ကိုယ်တော်တိုင်သိ။ ။ ဤ ဉေယျဓမ်တရား
၅ ပါးကို ဘုရားရှင် သိတော်မူရာ၌ ဖေါက်ပြန် မှားယွင်းသွားသည်
ဟူ၍ မရှိ၊ နည်းပေး လမ်းပြမည့် ဆရာလည်း မရှိ ကိုယ်တော်တိုင်
သိတော်မူပေသည်။ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓ
ရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း၌ “အရဟံ
ဂုဏ်တော်”အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ ထိုကြည်လင်
နေသော စိတ်တော်အစဉ်ဝယ်
အလွန် ထက်မြက်သော ဉာဏ်တော်
တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို ပွားများကြ
ပါလေ။
တိုက်တွန်းချက် ။ : ။ အသိ အလိမ္မာ ဉာဏ်ပညာ ဟူသည်
အလွန်အရေးကြီး၏၊ ပညာသင်ရာဝယ် ဆရာတဥုးထံမှာ အတူတူ
သင်ယူပါလျက် အတတ်ချင်း ကွာခြား နေပုံကို၎င်း, စီးပွားဥစ္စာ
ရှာဖွေရာဝယ် အရင်းအနှီးချင်းတူပါလျက် ဉာဏ်ရှိသူမှာ ကြီးပွား၍
ဉာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဉာဏ်မရှိသူမှာ
ဆုံးရှုံးရပုံကို၎င်း
မိဘချင်းတူပါလျက် အချို့ သားသ္မီးများ လိမ္မာ၍ အချို့ယုတ်မာပုံ
ကို၎င်း, ထိုကဲ့သို့ ကွာခြားသည်အားလျော်စွာ လောကီဆိုင်ရာနှင့်
သံသရာရေးတို့၌ ဉာဏ်ရှိသူက
ကြီးကျယ်ထွန်းကား, ဉာဏ်မရှိသူက
ပျက်ပြားနစ်မှန်းရပုံကို၎င်း စဉ်းစား၍ ဤ“သမ္မာသမ္ဗုဒ္ဓ”ဂုဏ်တော်
ကြည်ညိုကာ မိမိ၏ပညာပါရမီကို အမြဲတိုးပွားအောင် ကြိုးစား
ကြပါလေ။
“မရှိတာထက် မသိတာခက်၏”။
