## PAGE 211

အရှင် ဇနကာဘိဝံသ၏ ရိုက်နှိပ်ပြီး ကျမ်းစာများ
၁။
ရတနာ့ဂုဏ်ရည်။
၃။ အခြေပြုသဒ္ဒါ။
၂။ အခြေပြုသင်္ဂြိုဟ်။
၄။ သင်္ဂြိုဟ်ဘာသာဋီကာ။
၅။ ဝီထိနှင့် ၃ ချက်စုဘာသာဋီကာ။ ၆။ ကိုယ်ကျင့် အဘိဓမ္မာ။
၇။ ပါတိမောက်ဘာသာဋီကာ
၉။ ကစ္စည်းဘာသာဋီကာ ( ဒု)
၁၁။ ရုပ်ပုံ ရှင်ကျင့်ဝတ်။
၁၃။ ဗြဟ္မဇာလသုတ် မြန်မာပြန်
၁၅။ ဗုဒ္ဓဝင် အမေး အဖြေ။
၁၆။ မူလတန်းသဒ္ဒါနှင့် ပါဠိသိက္ခာ။
၁၇။ ကင်္ခါဘာသာဋီကာ ( ဒု)
၁၀။ အလင်္ကာဘာသာဋီကာ
၁၉။ ဘုရားဥပဒေတာ်ကြီး
၂၀။ ဘာသာသွေး
၂၁။ ပါရာဇိကဏ်ဘာသာဋီကာ (ပ,
၂၂။ သဒ္ဓတ္ထဘေဒစိန္တာ ဘာသာဋီကာ
၂၃။ ကစ္စာယနသာရှ ဘာသာဋီကာ
၂၄။ ဋီကာကျော် နိဿယ
ဂ။ ရူပသိဒ္ဓိဘာသာဋီကာ- ဒု
၁၀။ အနာဂတ်သာသနာရေး
၁၂။ အခြေပြုမင်္ဂသုတ်။
၁၄။ သာမညဖလသုတ် မြန်မာပြန်
0.)
တ,
၂ အုပ်တွဲ
၂၅။ ပါစိတ်ဘာသာဋီကာ
၂၆။ မဟာဝဂ္ဂ ဘာသာဋီကာ
၂၇။ စူဠဝဂ္ဂတာသာဋီကာ
၂၈။ ပရိဝါရဘာသာဋီကာ
၂၉။ အဋ္ဌသာလိနီဘာသာဋီကာနှင့်
၃၀။ မူလဋီကာနိဿယ
} ပ ုစ
0
၃၁။ သီလက္ခန်ဘာသာဋီကာ (,, တ, စ)
၃၂။ ခုဒ္ဒသိက္ခာဘာသာဋီကာ

## PAGE 212

၁၃၃၉-ခု၊
အဋ္ဌမအကြိမ် အုပ်ရေ(၂၀၀၀)။
ထုတ်ဝေသူ’ (မောင်အောင်ခန့်)
မှတ်ပုံတင်နံပါတ် (ဝ ၁၆၂ ၄)။
အမှတ်(၅၀၇), ၈၂ လမ်း၊ ၃၆/၃၇ လမ်းကြား မန္တလေးမြို့။
ပုံနှိပ်သူ…““လွင်”ပုံနှိပ်တိုက် မြီ(၀၂၀၈၄)။
အမှတ် (၅၀၇), ၈၂-လမ်း ၃ ၆ / ၃ ၇ လမ်းကြား မန္တလေး။
[ သရိုင်စာပေမှ ထုတ်ဝေသည်။ ]
ခွင့်ပြုချက်အမှတ် [ ၉၁၄၈ ]
တာဝန်ခံ ဖြန့်ချိသူ
မောင်အောင်ခန့်’ (နယူးဘားမား စာအုပ်ချုပ်လုပ်ငန်း)
အမှတ် (၅၀၇), ဂ၂-လမ်း, မန္တလေး။

## PAGE 213

သ
Nat 988
အရှင်ဇနကာဘိဝံသ
ဂန္ဓီစားဖို့ ၁၇ ရကျ၊ ၄ ၅ မျိုး
ဒီညီမောင်စု ဆိုရှယ်လစ် သမ္မန်မာနိုင်ငံလင်
JOPE
GODDES OPPR.
စ စဝဝ၇ ဩဂုတ် ၁၉၅၅

## PAGE 214

ရုပ်ပုံ ရှင်ကျင့်ဝတ်
အခြေခံ နိုငန်း
ရှင်သာပဏမအစ။ ။ဘုရားပွင့်တော်မူစ၌ သာသနာဝင်လို
သူများသည် ရှင်သာမဏေ ဘဝ၌
ရပ်နားခြင်းမရှိဘဲ တခါတည်း ရဟန်းဘဝသို့ ရောက်ကြကုန်
၏၊ နောက်မှသာ “အသက်-၂၀ မပြည့်လျှင် ရဟန်းမပြုရ”ဟု
ပညတ်တော်မူသောကြောင့် ရှင်သာမဏေများ ဖြစ်ပေါ်လာ
ရပေသည်။ ထိုအခါ သာမဏေအရွယ် အစားစား ရှိနေပြန်ရာ
အမျိုးတမျိုး၌ “အဟိဝါတ” မည်သော ကူးစက်တတ်သော
ရောဂါကြောင့် တမျိုးလုံး သေဆုံး၍ သားအဘ ၂-ယောက်
သာ ကျန်ရစ်သဖြင့် ထိုသားအဘ ၂-ယောက်လုံးပင် ရှင်
ရဟန်း ပြုကြလေသည်။
အဘ
ထို့နောက် နံနက်အခါ ဆွမ်းခံသွားလတ်သော်
ရဟန်းအား ဆွမ်းလောင်းသောအခါ နောက်ကျန်ရစ်သော
သား ကိုရင်ကလေးသည် ပြေးလာ၍ “အဘောအဘေရတဲ့
ထမင်းကို ကျုပ်လဲ ပေးပါဦး”ဟု တောင်းရှာ၏၊ ထိုသို့ဖြစ်ပုံကို
မြင်၍ သနားတတ်သူတို့က သနားကြမည် ဖြစ်သော်လည်း
အတွေးနက်သူတို့ကမူ“ဤရဟန်းတွေဟာ မေထုန်ကို မရှောင်
ဣဒီ ကိုရင်ကလေးလဲ ဘိက္ခုနီမ့်က မွေးတာဘဲ” ဟု အလဲ
ထင်၍ ပြစ်တင် ကဲ့ရဲ့ကြလေသည်။ ထိုအကြောင်းကို

## PAGE 215

GL
ရုပ်ပုံ ရှင်ကျင့်ပဟီ
( ခ )
ကြားသိတော်မူ၍ “ တဆယ့်ငါးနှစ် အသက်ပြည့်မှ ကိုရင်ဝတ်
ပေးရမည်ဟု ပဌမ ပညတ်တော်မူသည်။
ကျီးချောက်နိုင်လျှင် ရှင်ပြုတော့။ ။ထိုသို့ပညတ်ဇောာ်မူပြီး
နောက် အရှင်အာနန္ဒာ
၏ ဒါယကာ အမျိုးလည်း ထို“အဟိဝါတ” ရောဂါဆိုးကြောင့်
ပင်ပျက်စီးကြလေရာ လူမမယ်ကလေး ၂-ယောက်သာ ကျန်
ရှစ်၏၊ ထိုကလေး ၂-ယောက်သည် မိဘများ လက်ထက်က
ရဟန်းများနှင့် အရောတဝင်နေလေ့ ရှိသည့်အတိုင်း ထိုအချိန်
မှာ ရဟန်းတော်များကို သာ၍ အားကိုးရှာသဖြင့် ရဟန်း
တော်များ မြင်လျှင် ပြေးလာကြကုန်၏၊ ထိုအခါ ကရုဏာ
ကင်းမဲ့သော ရဟန်းတို့က ငေါက်ငမ်းကြသော ကြောင့်
ကလေးတွေ ငိုကြရှာလေသည်။
ထိုဖြစ်ပုံကို အရှင်အာနန္ဒာ မြင်ရ၍ သနားခြင်း ပြင်းပြ
သော်လည်း တဆယ့်ငါးနှစ် မပြည့်သေးရကား ရှင်ပြုပေးလိုပါ
လျက် မပေးသာသောကြောင့် ဘုရားရှင်အား အကြောင်းစုံ
ကို လျှောက်ရလေသည်၊ ထိုအခါ “ကျီးချောက်နိုင်လောက်ပြီ
လား=(မိမိရှေ့၌ ချထားသော ဆွမ်းကို ကျီးမနှိုက်အောင်
ချောက်၍ စားနိုင်လောက်ပြီလား )” ဟု မေးတော်မူ၍
“ချောက်နိုင်လောက်ပါပြီ” ဟု လျှောက်ထားသဖြင့် “ကျီး
ချောက်နိုင်လောက်သော ကလေးကို တဆယ့်ငါးနှစ် မပြည့်
သေးသော်လည်း ရှင်ပြုပေးနိုင်၏”ဟု ခွင့်ပြုတော်မူသည်။
ကျင့်နိုင်ခြင်းသာ ပဓာန။ ။ဤ ခွင့်ပြုတော် မူချက်သည်
သနားစဘွယ် ကလေးများ၏
အခြေခံ နိဒါန်း
၁
( ဂ )
အားကိုးရာမဲ့ပုံကို င့်တော်မူသောကြောင့် ဖြစ်၏၊ ယခုကာလ
၌ကား ဤ ခွင့်ပြုတော်မူချက်အရ အရွယ်ကို ပမာဏ မထား
တော့ဘဲ ရှင်ပြုလေ့ရှိကြ၏၊ သို့သော် အရှင်အာနန္ဒာကဲ့သို့
ဆရာကောင်း ဖြစ်သူတို့က အမြဲ ကြည့်ရှုနိုင်မှ ရှင်ပြုရကျိုး
နပ်ပေလိမ့်မည်၊ ထိုသို့ မကြည့်ရှုနိုင်လျှင်၎င်း, ကြည့်ရှုနိုင်
သော်လည်း ကိုရင်ကလေးက မလိုက်နာလျှင်၎င်း ယခုပြမည့်
ရှင်ကျင့်ဝတ်နှင့် ပြဒါး တလမ်း သံတလမ်း ဖြစ်ဘွယ်ရှိရကား
မိမိသားငယ် တပည့်ငယ်များကို လောကဓမ္မ မနစ်နာရအောင်
(သနားစဘွယ် ငယ်လွန်းသောကလေးများကို ကျောင်းသား
ဖိုးသူတော်အဖြစ်ဖြင့် ထိန်းသိမ်းထား၍) ရှင်ကျင့်ဝတ်အတိုင်း
နေနိုင်လောက်မှသာ ရှင်ပြုပေးသင့်ကြပါသည်၊ ဤသို့ တိုက်
တွန်းရခြင်း အကြောင်းကို အောက်ပါအချက်များဖြင့် ရှင်းပြ
ပါဦးမည်။
၁။ လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံတော်
ဝယ် ဌာနတိုင်း၌ စံနစ်တကျရှိအောင် ရှေးဦးစွာ
ထူထောင်ပြီးလျှင် စံနစ်တကျရှိပြီးသော ဌာနကို
လည်း ဆင့်တက်တိုးပွါးအောင် ကြိုးစားဘို့ အရေး
ကြီးပါသည်၊ ထို ဌာနပေါင်း များစွာတို့တွင် ဗုဒ္ဓ
မြတ်စွာ၏ သာသနာရေးဌာနလည်း အပါအဝင်
ဖြစ်၏၊ ဤဌာနကို စံနစ်တကျ ဖြစ်စေပြီးနောက်
တိုးတက်အောင် ပြုပြင်နိုင်ပါလျှင် နိုင်ငံတော်မှာ
လွန်စွာ ကျေးဇူးများသော အထွတ်အထိပ်ဌာန
ဖြစ်နိုင်ပါသည်။
