## PAGE 216

( ဃ )
-
ရုပ်ပုံ ရှင်ကျင့်ဝတ်
မှန်၏ … များစွာသော တိုင်းသူပြည်သားတို့သည် ဗုဒ္ဓ
မြတ်စွာ၏ တရားတော်ကို လေးစားသော ဗုဒ္ဓဘာသာဝင်
တို့သာ ဖြစ်ကြသည်၊ ထို ဗုဒ္ဓဘာသာဝင် အများတို့သည်
ကောင်းမွန်စွာ နေထိုင်သော ရဟန်းသံဃာတော်များကို
ကြည်ညိုကိုးစား အားထားကြသဖြင့် ထို သံဃာတော်များ၏
ဩဝါဒကိုလည်း လေးစား ယုံကြည်ကြတုန်းပင် ဖြစ်သည်။
၂။ ယခုအခါ နိုင်ငံတော်၌ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ဘို့ရာ
ကျယ်လောင်စွာ ကြွေးကြော်လျက်ရှိ၏၊ ဗုဒ္ဓရှင်တော်
မြတ်၏ ဩဝါဒဒေသနာတော်သည် ထို စာရိတ္တပြုပြင်
မှုကို အခြေအမြစ်ကစ၍ တိကျပြတ်သားစွာ ညွှန်ပြ
တော်မူ၏၊ ထိုဝါဒအတိုင်း မလိုက်နာသူ, သို့မဟုတ်
ပင်ကိုယ်ကောင်းမဟုတ်သူသည် ထိုစာရိတ္တကို ပြုပြင်
ထားစေကာမူ“ခွေးမြီးကောက် ကျည်တောက်စွပ်”
သကဲ့သို့ မကြာမီပင် နဂိုရ်ပျက်မြဲတိုင်း ပျက်ဘွယ်
ရှိ၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒကို လိုက်နာသူကား
တမင်္ဂလာ ဖျက်စေကာမူ စာရိတ္တမပျက်ရုံသာ မက
ဆတက်တိုး ထမ်းပိုး သာ၍ ပြောင်ပါလိမ့်မည်၊
[ပင်ကိုယ်ကောင်းနေသူလည်း မည်သည့် ဘာသာဝင်
မဆို ဘုရားအလိုတော်နှင့် သင့်လျော်ပြီးသူပင်
ဖြစ်၏။]
၃။ ဩဝါဒကို အခြေအမြစ်ကစ၍ ထိန်းသိမ်းစောင့်ရှောက်
ရသော ဆရာတော် သံဃာတော်များသည်
တိုင်းသူ
ပြည်သားတို့၏ စာရိတ္တပြုပြင်မှု၌ အထူး ကြောင့်ကြ
စိုက်ကြပါမူ တိုင်းသူပြည်သားတို့သည် အဘယ်မှာ
"
အခြေခံ နိဒါန်း
( င )
စာရိတ္တမကောင်းဘဲ ရှိနိုင်ပါမည်နည်း၊ သို့သော်
“တိုင်းသူပြည်သားတို့၏ စာရိတ္တကို ပြုပြင်ကြတော့
မည်”ဟု ကြံစည်သည်နှင့် တပြိုင်နက် မိမိတို့၏
စာရိတ္တကိုလည်း အဘက်ဘက်က အချက်ကျအောင်
ပြုပြင်ပြီး ဖြစ်မှသာ အပြုပြင်ခံရသော တိုင်းသူ
ပြည်သားတို့ လိုက်နာလိုကြပေမည်၊
မိမိတို့ စာရိတ္တက
မလုံလောက်ပါဘဲ “ငါဆို-မဆိုနဲ့ နင်ဆို-ဆို”ဟူသော
ပြောဟော ပြုပြင်ခြင်းမျိုးကား အကျိုးမရသည့်ပြင်
အပြစ်တင်သာ ခံရတတ်ပါသည်။
"
အတ္တာနမေဝ ပဌမံ၊ ပဋိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿယျ ပဏ္ဍိတော။
ပဌမ ရှေးဦးစွာ မိမိကိုယ်ကို သင့်တော်သော ဂုဏ်၌
သွင်းထားရမည်၊ ထို့နောက်မှ သူတပါးကို မိမိကဲ့သို့ ဖြစ်
အောင် သွန်သင် ဆုံးမ နည်းလမ်းပြရမည်၊ မိမိသော်မှ မပြု
နိုင်သော ကိစ္စဝယ် သူတပါးကို တိုက်တွန်းလျှင် အကျိုးမရဘဲ
သူတပါးအထံမှ အကဲ့ရဲ့ကိုသာ ခံရတတ်သည်၊ အကြောင်း
အကျိုး မြင်သိသော ပညာရှိသည် ထိုသို့ အကဲ့ရဲ့ခံရခြင်းဖြင့်
မိမိကိုယ်ကို မပင်ပန်းပါစေလင့်။ (ဓမ္မပဒ, အတ္တဝဂ်, ဥပနန္ဒ
ဝတ္ထု
၄။ ထို့ကြောင့် တိုင်းသူပြည်သားတို့ အကိုးကွယ်ကို ခံယူ
ကာ ဆရာလုပ်၍ နေကြရသော ရဟန်း သံဃာတော်
များသည် မိမိတို့၏ ကိုယ်ကျင့် စာရိတ္တကို ပဌမဦးစွာ
ပြုပြင်ရာ၌ ရှင်သာမဏေဘဝမှစ၍ ပြုပြင်သင့်သော

## PAGE 217

O
( စ )
ရုပ်ပုံ ရှင်ကျင့်ဝတ်
ကိုယ်ကျင့်များကို ပြုပြင်နှင့်ဘို့ရာ ရှေး ဆရာတော်
များသည် ”“ ရှင်ကျင့်ဝတ်” ဟူသော နာမည်ဖြင့်
( )
(ရဟန်းတော်များလည်း ကျင့်ရမည့် ) “ သေခိယ
သိက္ခာပုဒ်”များကို ဝိနည်းပါဠိတော်ကြီးမှ ထုတ်ဖော်
ညွှန်ပြခဲ့ကြပေသည်။ ထို ရှင်ကျင့်ဝတ်၌ ` သင်္ကန်း
ဝတ်ပုံ ရုံပုံ စားပုံ သောက်ပုံ မြို့ရွာအတွင်း နေထိုင်ပုံ
မှစ၍ စုံလင်စွာပင် ဘုရားရှင် ပညတ်တော်မူထား
ပေသည်။
၅။ ထို ရှင်ကျင့်ဝတ်အတိုင်းသာ နေထိုင် သွားလာ စား
သောက်ကြပါလျှင် “ရဟန်းကျင့်ဝတ်၊ တပါးတတ်က၊
လူ နတ် ဦးခိုက်၊ ရှိခိုးထိုက်၏” ဟု ရှေး ဆရာမြတ်တို့
မိန့်တော်မူအပ်သည်နှင့် အညီ လူကြီး လူကောင်း
အများပင် ရှိခိုးဦးချချင်စရာ လွန်စွာ ကြည်ညိုဘွယ်
ကောင်းသော ရှင်သာမဏေကလေးတပါး ဖြစ်ပါ
လိမ့်မည်။
"
၆။ ထို ရှင်ကျင့်ဝတ်များကို တပါးတလေ ချွတ်ယွင်းနေ
ပြန်လျှင်လည်း “ရဟန်းကျင့်ဝတ်၊ တပါးချွတ်က၊ လူ
နတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏” ဟူသော ရှေးဆရာတော်
ကြီးများ၏ အမိန့်တော်နှင့်အညီ မြန်မာတိုင်းသွား
ဗုဒ္ဓဘာသာဝင်များပင် ကြည်ညိုချင်ဘွယ် မကောင်း
သော မောင်ရှင်ကလေး
ဖြစ်မည်သာမက နိုင်ငံခြား
သားတို့ကမူ ပြည်ထောင်စုအမျိုးသား အားလုံးကိုပင်
သိမ်းကျုံး၍ “ဤ လူမျိုးကား အဝတ်ဝါ ဝတ်သူ
အခြေခံ နိဒါန်း
( ဆ )
တွေကို ရှိခိုးဦးချ ကိုးကွယ်ကြသောလူမျိုး” ဟု
လက်ညှိုးထိုးကြပါလိမ့်မည်။
၇။ ဤ ပြခဲ့သော အကြောင်းများကို အခြေခံထားပြီး
လျှင် ရှင်သာမဏေဘဝမှစ၍ နေပုံ ထိုင်ပုံ ဝတ်ပုံ
စားပုံအားဖြင့် သာသနာတော်နှင့် အမျိုး၏ကျက်သ
ရေဆောင် ဖြစ်ကြစေလိုခြင်း၊ ထိုသို့ ကျက်သရေ
ဆောင် သံဃတော်များ၏ ဩဝါဒကို နာယူရသော
အမျိုးသား အမျိုးသမီးများ၏ ကိုယ်ကျင့် စာရိတ္တ
မြင့်စေလိုခြင်းကြောင့် – ရှင်ကျင့်ဝတ်” ဟု ထင်ရှား
ပြီးသော သိက္ခာပုဒ်များကို လေးစားသောစိတ်ဖြင့်
သားနားသစ်လွင်အောင် ရုပ်ပုံပေါင်းများစွာ
ဆာဆင်၍ “ ရုပ်ပုံ ရှင်ကျင့်ဝတ်” ဟူသော အမည်
သစ် ထွင်ကာ စီစဉ် ရေးသားလိုက်ရပါသည်။
ရေးသားပုံ အစီအစဉ်
(က) ရှေးဦးစွာ ခေါင်းရိတ်မှုမှစ၍ ပါဠိတော်နှင့် အဋ္ဌက
ထာလာသည့်အတိုင်း မြန်မာလို နားလည်အောင်
ရေးသားထား၏၊ စိတ်ဝင်စားဘွယ် ကောင်းသော
တချို့ အချက်၌ ရုပ်ပုံများကိုလည်း ပြထား၏၊[ရုပ်
ပုံများကို သားသားနားနားနှင့် များများထည့်မည်
ဟု ရည်ရွယ်သော်လည်း ရည်ရွယ်ချက် မကိုက်ဘဲ ဖြစ်
နေပါသည်။]
( ခ ) ထို့နောက် ရှင်သာမဏေများ အတုယူဘွယ်ကောင်း၍
(အလှူကြီးမှ မပေးရလျှင် ကိုရင် မဝတ်ကောင်း

## PAGE 218

( ခ )
ရုပ်ပုံ ရှင်ကျင့်ဝတ်
သလောက် အထင်ရောက်နေရှာသော) မိဘတို့လည်း
သတိပြုယ်ကောင်းသော ရှေးရှေးက ရှင်သာမဏေ
များ၏ ဝတ္ထုကြောင်းကိုလည်း ပြထား၏။
(ဂ) ထို့နောက် ရှင်သာမဏေများကို ဩဝါဒပေးရမည့်
ဆရာသမားတို့အတွက် လေးနက်သော မှတ်ချက်
အဓိပ္ပါယ်များကို နောက်ဆက်တဲ့ အနေအားဖြင့် ပါဠိ
အဋ္ဌကထာ,ဋီကာတို့မှ ထုတ်ဖော်ညွှန်ပြထား၏။
(ဃ) ထို့နောက် အမြဲနေနိုင်လောက်သော ရဟန်းလောင်း
သာမဏေများနှင့် ဝိနည်းစာပြန်ပွဲများအတွက် လက်
မလွတ်ရအောင် ရှင်ကျင့်ဝတ် ပါဌ်အနက် စသည်ကို
လည်း ပြထားပါသည်။
( င) ဤသို့ စုံလင်စွာ ပြထားသဖြင့် ဤရုပ်ပုံ ရှင်ကျင့်ဝတ်
ကျမ်းစာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို
မြှင့်တင်ရာဝယ် သာသနာရေးဌာနအတွက် လေးနက်
သော အထောက်အပံ့ ဖြစ်ပါစေသတည်း။
အရှင် ဇနကာဘိဝံသ
ကဆုန်လဆန်း ၅-ရက်
၁၃၁၄-ခုနှစ်။
ဦးရေ
မာတိကာ
အကြောင်းအရာ
၁။ ခေါင်းရိတ် ဆံချခဏ်း
(က) သံဃာ့အထံ ခွင့်ပန်ခြင်း
(ခ) ကမ္မဋ္ဌာန်း ပြောပြပုံ
စာမျက်နှာ
(ဂ) ခေါင်းရိတ်ပြီးနောက် နံ့သာဖြင့် ပွတ်တိုက်
ပေးခြင်း
၂။ သင်္ကန်း ဝတ်ပေးခဏ်း
(က) ဆရာ့အထံ သင်္ကန်းကပ်ခြင်း
(ခ) ဆရာ့ထံမှ သင်္ကန်းကို ပြန်၍တောင်းခြင်း
(ဂ) သင်္ကန်းဝတ်ခါနီး ဩဝါဒပေးခြင်း.
(ဃ) သင်္ကန်း ဝတ်ပေးပုံ
၃။ သရဏဂုံပေးခဏ်း
(က) သရဏဂုံနှင့် သီလတောင်းခြင်း
(ခ ) သရဏဂုံ ပေးခြင်း
(ဂ) ဆယ်ပါးသီလ ပြောပြခြင်း...
(ဃ) ဥပဇ္ဈာယ် ယူစေခြင်း
၁
၅
....
ဂ
....
....
....
၉
၁၁
၁၂
• ၁၂
၁၆
၁၈
8 9 3
၂ဝ

## PAGE 219

( ည )
ရုပ်ပုံ ရှင်ကျင့်ဝတ်
မာတိကာ
(ဋ)
ဦးရေ
အကြောင်းအရာ
စာမျက်နှာ
ဦးရေ
အကြောင်းအရာ
စာမျက်နှာ
၄။ ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း
(က) သင်္ကန်းလင်္ကာ (အဓိပ္ပါယ်နှင့်တကွ)
(ခ) ဆွမ်းလင်္ကာ
(ဂ) ကျောင်းလင်္ကာ
၉။ ကမ္မဋ္ဌာန်းဘာဝနာကို သင်ပြခဏ်း
_82
(ဃ) ဆေးလင်္ကာ
....
၂၅
၂၇
၂၉
၃၁
323 2
၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်း
၁၀၃
၁၀။ ရှင်သာမဏေများ ဝတ္ထု
(က) ရှင်ရာဟုလာ အကြောင်း
၁၂၇
(ခ) ရှင်ရေဝတ အကြောင်း
၁၃၉
(ဂ) ရှင်ပဏ္ဍိတ အကြောင်း
၁၄၄
....
22
၃၅
၃၇
၅။ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သင်ပြခဏ်း
(က) လိင်ကျခြင်း
(ခ) ဒဏ်ထိုက်ခြင်း
၆။ သေခိယ သိက္ခာပုဒ်များကို သင်ပြခဏ်း
(က) ပရိမဏ္ဍလဝဂ် သိက္ခာပုဒ်ဆယ်ပါး
(ခ) ဥဋ္ဌိကဝဂ် သိက္ခာပုဒ် ဆယ်ပါး
(ဂ) ခမ္ဘကတဝဂ် သိက္ခာပုဒ် ဆယ်ပါး
(ဃ) သက္ကစ္စဝဂ် သိက္ခာပုဒ် ဆယ်ပါး
(င) ကဗဠဝဂ် သိက္ခာပုဒ် ဆယ်ပါး
(စ) သုရုသုရုဝဂ် သိက္ခာပုဒ် ၁၀-ပါး
(ဆ) ပါဒုကဝဂ် သိက္ခာပုဒ် ၁၅-ပါး
၇။ ခန္ဓကဝတ် ၁၄-ပါးကို သင်ပြခဏ်း
၈။ ကိုယ်ကျင့်တရားတော်များ
ဒသဓမ္မသုတ် ပါဌ်-အနက်
၄၁
၅ဝ
၅၁
၅၆
၆၂
၆၅
၆၉
2J
2230502
☐☐
၉၃
၁၁။ ဆရာများအတွက် မှတ်ဘွယ်
၁၂။ ရှင်ကျင့်ဝတ် ပါဌ်-အနက် စသည်
၁၃။ ကျမ်းပြီး နိဂုံး
၁၅၄
၁၈၈
....
၂၃၇

## PAGE 220

O-CC-A-0-C
"
ရုပ်ပုံရှင်ကျင့်ဝတ်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
--ခေါင်းရိတ်ခဏ်း
(ရှင်လောင်း ကျက်ရန်)
တစပဉ္စက ကမ္မဋ္ဌာန်းလင်္ကာ
ငါ၏ကိုယ်မှာ၊ နံ့သာမွှေးကြိုင် ၊ မြဲခိုင်လှစွာ
ကောင်းရာမမြင်၊ ဆံပင်သာရှိ ၊ အမွေးရှိ၍ ၊ ရှိသည့်
လက်သည်း၊ ခြေအသည်းနှင့်၊ သွားလည်းတထွေ၊
အရေတမျိုး ၊ ညှီနံ ့ဆိုးသည်၊ အသိုးအပုပ်ချည်းပါ
တကား။
သံဃာ့ထံ ခွင့်ပန်ခြင်း။ ။ရှင် သာမဏေ လောင်းအား
ဦးခေါင်း ရိတ်ပေးခြင်းကို
“ဆံချခြင်း”ဟုခေါ်၏။“ဆံပင်ကိုအောက်သို့ရိတ်၍ချခြင်း”ဟု
ဆိုလိုသည်၊ ထိုသို့ ဆံမချမီ သာသနာတော်မှာ ထုံးစံတခု
ရှိသေး၏၊ ထို ထုံးစံကား-ကျောင်းတိုက်ရှိ သံဃာတော်
အများထံရှင်လောင်းကို ဆံချမည့်အကြောင်း လျှောက်ထား
ခွင့်ပန်ရခြင်းတည်း၊
