## PAGE 221

၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ရွှေပန်းထိမ်သည်သား ဝတ္ထု
ဘုရားလက်ထက်တော်၌ ရွှေပန်းထိမ်သည်၏သားကလေး
တယောက်သည် မိဘနှင့်စိတ်ဆိုး၍ ကျောင်းသို့ ထွက်ပြေးကာ
ရှင်သာမဏေ ပြုနေ၏၊ မိဘတို့သည် ကျောင်းတိုက်သို့ လာ၍
ကလေး၏ ပုံသဏ္ဌာန်ကို ပြောပြပြီးလျှင် “သည်လို ပုံသဏ္ဌာန်
ရှိသော ကလေးတယောက်ကို မမြင်ကြပါဘူးလားဘုရား”ဟု
လိုက်၍ မေးကြလေသည်၊ရဟန်းတော်များကလည်း အမှန်ပင်
မမြင်သောကြောင့် “မမြင်ဘူး”ဟု ပြောလိုက်ကြလေသည်။
«
ထို့နောက် လိုက်၍ရှာသော မိဘတို့သည် ရှင်သာမဏေ
ဖြစ်နေသည်ကိုတွေ့ရသောအခါ“ကိုယ်တော်တွေလိမ်တယ်”ဟု
ကဲ့ရဲ့ကြလေသည်၊ ထိုဝတ္ထုကို အကြောင်းပြု၍ ဆံချခါနီး၌
ဆံချမည့်အကြောင်းကို (သို့မဟုတ် ရှင်ပြုမည့်အကြောင်းကို)
သံဃာများထံ ခွင့်ပန်လျှောက်ထားဘို့ရာ ဘုရားရှင် ပညတ်
တော်မူလေသည်။ [ဝိနည်းမဟာဝါ, မဟာခန္ဓက,ကမ္မာရှ-
ဘ ဝတ္ထု။]
ထိုသို့ ခွင့်ပန်ရာ၌—
(၁) ရဟန်းသံဃာ နည်းပါးသောကျောင်းဖြစ်လျှင် ထိုရဟန်း
တော်များ နေရာအသီးအသီးသို့ (ရဟန်းတပါးပါး
ဖြစ်စေ,သာမဏေတပါးပါးဖြစ်စေ) ရှင်လောင်းကို
ခေါ်သွား၍ “ဤကလေးကို ဆံချမလို့ပါ”ဟု ဖြစ်စေ
“ဤ ကလေးကို ရှင်သာမဏေ ဝတ်ပေးမလို့ပါ”ဟု
ဖြစ်စေ လျှောက်ထားရသည်။
ခေါင်းရိတ်ခဏ်း
(၂) သံဃာများသော ကျောင်းတိုက်ဖြစ်လျှင် သံဃာတော်
အားလုံးကို တနေရာ၌ စုဝေးစေ၍ ရှေးနည်းအတိုင်း
လျှောက်ထား ခွင့်ပန်နိုင်၏။
(၃) ရှင်လောင်းကို သံဃာ့အထံ မခေါ်ဘဲလည်း ရဟန်း
တပါးပါး သို့မဟုတ် ကိုရင် တပါးပါးကို စေလွှတ်၍
“မည်သည့်ကလေးကို ရှင်ပြုပေးမလို့ပါ” စသည်ဖြင့်
ရှေးနည်းအတိုင်း ခွင့်ပန်နိုင်၏။
(၄) သာ၍များသော ကျောင်းတိုက်ဖြစ်၍ အားလုံးကို
ခွင့်ပန်ဘို့ ခဲယဉ်းလျှင် ကျောင်းတိုက်အတွင်းရှိ “ခဏ္ဍ
သိမ်” ခေါ်သော သိမ်အတွင်းသို့ ခေါ်သွား၍လည်း
မည်သူကိုမျှ ခွင့်မပန်ဘဲ ဆံချနိုင်၏။ [ထိုသိမ်၌ ရဟန်း
ရှိလျှင်ကား ထို ရဟန်းကို ခွင့်ပန်ရဦးမည်။]
၃
(၅) အိမ်တုန်းကပင် ဆံချပြီးခဲ့သူ သို့မဟုတ် လက်နှစ်သစ်မျှ
ဆံပင် မရှည်သေးသူဖြစ်လျှင် ဆံချဘွယ်မလို၊ ဆံကို
ထပ်၍ ရိတ်စေကာမူ ခွင့်ပန်ဘွယ်လည်း မလို။ ရဟန်း
သာမဏေများမှာ ဆံပင်ကို လက် ၂-သစ်ထက်ရှည်
အောင် မထားရ။
တစပဉ္စက ကမ္မဋ္ဌာန်း။ ။သံဃာ့အထံ ခွင့်ပန်ပြီးနောက်
ရှင်လောင်းကို ဆံချခါနီး၌ ဆရာ့
ရွှေမှာ ရိုသေစွာ ထိုင်စေ၍ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြေးပြ
ပါ၊ ထိုသို့ ပြောပြခိုက်၌ မိဘဉာတိများ လာနိုင်လျှင် မိဘ
ဉာတိတို့ သဒ္ဓါတရားဖြစ်အောင် အနားမှာ နေပါစေ၊ မအား၍
မလာနိုင်သူကိုကား မခေါ်ပါနှင့်။

## PAGE 222

00
ရုပ်ပုံ ရှင်ကျင့်ဝတ်
«
အမှာ။ ၊ကေသာ လောမာနခါ ဒန္တာ တစော”ဟု
တစောကို အဆုံးထားသော ငါးပါးကို “တစပဉ္စက=တစလျှင်
ငါးခုမြောက်ရှိသော အစု” ဟု ခေါ်၏၊ ထို ကမ္မဋ္ဌာန်းကို
ပါဠိလို နားလည်မည် မဟုတ်သောကြောင့် မြန်မာလိုသာ
အကျဉ်းမျှ နားလည်အောင် ပြောပြပါလေ။
မိဘများရှေ့မှာ ဆရာဘုန်းတော်ကြီးက ရှင်လောင်းအား
ကမ္မဋ္ဌာန်း ပြောနေပုံ။
ခေါင်းရိတ်ခဏ်း
၅
ကမ္မဋ္ဌာန်း အကျဉ်းမျှ ပြောပုံ။ ။(ရှင်လောင်း၏ နာမည်
ခေါ်၍ ) “မောင်ဌေး….
မင်းကိုယ်တွင်းမှာ ဘာတွေ ရှိသလဲလို့ ခဏလောက် စဉ်း
စားလိုက်စမ်း၊ ဆံပင်ရှိတယ်၊ လက်မောင်းတို့ ခြေသလုံး
တို့မှာ အမွှေးအမျှင်ရှိတယ်၊ ခြေသဲ, လက်သဲရှိတယ်၊ သွား
တွေရှိတယ်၊ တကိုယ်လုံးမှာ ဖုံးထားတဲ့ အရေရှိတယ်၊ အဲဒီ
အားလုံးကိုစုပြီး ခွက်တခုထည်းမှာ ထည့်ထားလျှင် ဒီဟာ
တွေဟာ ရွံ့စရာတွေလား သိမ်းထားစရာတွေလား”။
မောင်ဌေး။ ။ရွှံစာတွေပါဘုရား။
ဆရာ။ ။း ဧး, အားလုံး ရွှံ့စရာတွေဘဲ၊ ဒီ အား
လုံးရဲ့ အဆင်းအရောင်တွေကလဲ မလှဘူး၊ အနံ့
ကလဲ မကောင်းဘူး၊ ဤ “ဆံပင် အမွေး
ခြေသည်း, လက်သည်း သွား အရေ” တို့လို
မကောင်းတာတွေ သင်၏ ကိုယ်ထဲမှာ ပြည့်နေ
တာဘဲ၊ နံ့သာတို့ အမွှေးအကြိုင်တို့ ဘာတခုမျှ
မရှိဘူးနော်။
မောင်ဌေး။ ။မှန်ပါ့ဘုရား။
ဆရာ။ ။အဲဒီမကောင်းတာတွေ စုပေါင်းနေတဲ့မင့်ကိုယ်
ဟာလဲ ခိုင်မြဲတဲ့ အနှစ်တုံး မဟုတ်ဘူး၊
တဖြေး
ဖြေး
ရွတ်တူ ယိုယွင်း အိုမင်း ဆွေးမြေ့ရမယ်၊
ဒါကြောင့် ခေါင်းရိတ်နေတုန်းမှာ အစ၌ ပြခဲ့
သော ကမ္မဋ္ဌာန်းလင်္ကာကလေးကို ရွတ်ရင်း
စိတ်ထဲမှာ စဉ်းစားနေပါကွယ်။

## PAGE 223

ရုပ်ပုံ ရှင်ကျင့်ဝတ်
အမှာ။ ။ဤ တစပဉ္စက ကမ္မဋ္ဌာန်း လင်္ကာကလေးကို
အရ မကျက်ရသေးလျှင် လက်ရေးကောင်းကောင်းနှင့် ရေး
ပေး၍ ဖြစ်စေ၊ ဤ ရှင်ကျင့်ဝတ် စာအုပ်ကို ကြည့်၍ ဖြစ်စေ၊
ခေါင်းရိတ်တုန်းမှာ ခပ်တိုးတိုး ရွတ်ဆိုနေပါစေ။
ကမ္မဋ္ဌာန်းအကျိုး။ ။ဤကမ္မဋ္ဌာန်းအကျိုးကို ဝိနည်းမဟာဝါ
အဋ္ဌကထာ၌ အလွန်အားတက်ဖွယ်ရာ
ညွှန်ပြလျက် ရှိ၏၊ ရှေးရှေးဘဝများစွာက ကမ္မဋ္ဌာန်း အခြေခံ
ပါလာသူဖြစ်လျှင် မိုးကြိုးစက်သည် ကျောက်တောင်ကို ခွဲဖျက်
လိုက်သကဲ့သို့ ကလေးမှာရှိသော ကိလေသာ အတုံးအခဲတွေ
အမှုန့်အမှုန့်ပြိုကွဲကာ ခေါင်းရိတ်အပြီးမှာပင် ရဟန္တာဖြစ်နိုင်ပါ
သည်၊ ဘုရားလက်ထက်တော်၌ ခေါင်းရိတ်အဆုံးမှာ ရဟန္တာ
ဖြစ်သွားသော သာမဏေတို့သည် ဤကဲ့သို့ ကမ္မဋ္ဌာန်းပေး၍
ခေါင်းရိတ်ကြသော ဆရာကောင်းများကို အမှီရကြသူများ
သာ ဖြစ်ပါသည်။
ထို့ကြောင့် ခေါင်းရိတ်ခါနီး၌ ဤ တစပဉ္စက ကမ္မဋ္ဌာန်း
မျှကို ပြောပြပါလေ-ဟု အဋ္ဌကထာဆရာတို့ တိုက်တွန်းကြပါ
သည်၊ယခုခေတ် ကလေးများသည် ရှေးရှေးဘဝက ကမ္မဋ္ဌာန်း
အထုံမရ၍ ရဟန္တာမဖြစ်စေကာမူ. ဤ ကမ္မဋ္ဌာန်းသည်ပင်
သာမဏေဘဝ၌ နေသမျှ နှလုံးသွင်းကာ အထုံပါစေရမည်
ဖြစ်၍ နောက် သာသနာအတွက် အဆက်ကောင်း ရဘို့ရာ
ယခုခေတ် ဆရာကောင်းဖြစ်သူများသည်
ယခုခေတ် ကလေး
များအား ပြောပြဖြစ်အောင် ကြိုးစားကြပါလေ။
ခေါင်းရိတ်ခဏ်း
ကမ္မဋ္ဌာန်း ရွတ်ဆို၍ ခေါင်းရိတ်ခံနေပုံ။
2

## PAGE 224

ရုပ်ပုံ ရှင်ကျင့်ဝတ်
အဋ္ဌ-
ခေါင်းရိတ်ပြီးနောက်။ ။တချို့ မိဘများသည် ရှင်လောင်း
ကိုကျောင်းပို့သောအခါ ကလေး
ကို ပန်းနံ့သာတို့ဖြင့် လိမ်းကျံ ပြင်ဆင်ကာ ပို့တတ်ကြ၏၊
ထိုအခါ ကလေး၏ကိုယ်၌ လူတို့၏ အမွှေးအကြိုင် အနံ့တွေ
ရှိနေရကား ဦးခေါင်းရိတ်ပြီးသောအခါ ထို အနံ့တွေ ပျောက်
ကင်းအောင် ဦးခေါင်းနှင့်တကွ ကိုယ်ကို နနွင်းမှုန့်ဖြင့် ဖြစ်စေ
နံ့သာမှုန့်ဖြင့် ဖြစ်စေ ပွတ်တိုက်ပေးရမည်-ဟု မဟာပါ
ကထာ (ပဗ္ဗဇ္ဇကထာ) ၌ ဆိုထားပါသည်၊ နံ့သာမှုန့်ဟူရာ၌
ကား သနပ်ခါးမှုန့် ပေါင်ဒါမှုန့်မျိုး စသော လူသုံးအမှုန့်မျိုး
မဟုတ်တန်ရာ၊ ယခုခေတ်အတိုင်းဆိုသော် ဆပ်ပြာမွှေးဖြင့်
ပွတ်တိုက်၍ ရေချိုးပေးလိုက်လျှင် လူနံ့ပျောက်သွားဘွယ်
ရှိ၏၊ ဤအချိန်မှာ နံ့သာမှုန့် စသည်ကို ပွတ်တိုက်ပေးသော်
လည်း ကိုရင် မဝတ်ရသေး၍ မာလာဂန္ဓ သိက္ခာပုဒ်အရ
အပြစ်မရှိသေးပါ။
နိဂုံး။ ။ဤမျှသော စကားအစဉ်ဖြင့် ဆံချခြင်းနှင့်ဆိုင်ရာ
အစီအစဉ်များ ပြီးပါပြီ၊ ကလေး၏ မိဘများသည်
သာသနာတော်၏ ထုံးစံအတိုင်း ကမ္မဋ္ဌာန်းရွတ်ဆိုလျက် ဆံချ
(ခေါင်းရိတ်) ခံနေသော ကလေး၏ မြင့်မြတ်သော အခြေ
အနေကို မရှရအောင် ကြိုးစားကြပါလေ၊ သားကလေး
အတွက် ဤ ကုသိုလ်ကား နောက် သာသနာတော်ဝယ်
ရဟန္တာဖြစ်ဘို့အကြောင်း အလွန်ကောင်းသော အထုံဖြစ်ပါ
သည်၊ မိမိတို့ကိုယ်တိုင်လည်း ဤ အချက်ကို အလွန်နှစ်သက်
ကြည်နူးပါမူ ဤ အထုံသည် မဏ္ဍပ်ကြီးထိုး၍ အလှူ ပေးရ
ခြင်းမျိုးထက် သာလွန်သော ကုသိုလ် ဖြစ် ကြောင်း ကို
ကောင်းကောင်းကြီး ယုံကြည်ကြပါလေ။
၂-သင်္ကန်းဝတ်ပေးခဏ်း
(ရှင်လောင်း ကျက်ရန်)
သင်္ကန်းကပ်လှူရန် ပါဠိ
သကလ ဝဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိ-
ကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ
မံ ဘန္တေ, အနုကမ္မံ ဥပါဒါယ။
သင်္ကန်းကပ်ပြန်မာ။ ။အရှင်ဘုရား...အလုံးစုံသော
သော
ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန်ကို
မျက်မှောက်ပြုပါရခြင်းအကျိုးငှါ တပည့်တော်၏လက်၌
ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနား
စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေး
တော်မူပါကုန်ဘုရား။
ဤသို့ဆိုပြီးလျှင် ရှင်သာမဏေလောင်း၏လက်မှာရှိသော
သင်္ကန်းကို ဆရာဘုန်းတော်ကြီး၏လက်သို့ ကပ်လိုက်ရသည်။]
အမှာ။ ။မိဘစသူတို့ ဝယ်ပေးထားသဖြင့် ရှင်လောင်း
ပိုင် သင်္ကန်းပင်ဖြစ်သော်လည်း ဆရာဖြစ်သော ဘုန်းတော်
ကြီးက ဝတ်ခွင့် မပြုလျှင် မိမိဘာသာ သင်္ကန်း မဝတ်ကောင်း
သောကြောင့် မိမိလက်မှာရှိသောသင်္ကန်းကို ဆရာ့ထံကပ်ပြီးမှ
ပြန်တောင်း၍ ဝတ်ရသည်။

## PAGE 225

၁
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဆရာဘုန်းတော်ကြီးအား သင်္ကန်းကပ်နေပုံ။
သင်္ကန်းဝတ်ပေးခဏ်း
(ရှင်လောင်း ကျက်ရန်)
ဝဇ္ဇဒုက္ခ
သင်္ကန်းတောင်းပါဠိ။ ။သကလ ဒုက္ခ နိဿရဏ နိဗ္ဗာ-
နဿ သစ္ဆိကရဏတ္ထာယ ဧတံ
ကာသာဝံ ဒတွာ, ပဗ္ဗာဇေထ မံ ဘန္တေ, အနုကမ္မံ ဥပါဒါယ။
သင်္ကန်းတောင်းမြန်မာ။ ။အရှင်ဘုရား….အလုံးစုံသော ဝဋ်
ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန်
ကို မျက်မှောက် ပြုပါရခြင်းအကျိုးငှါ အရှင်ဘုရား လက်၌
ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနား
စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေး
တော်မူပါကုန်ဘုရား။
[ဤသို့ ဆိုစေပြီးလျှင် ဆရာက မိမိလက်မှာရှိသောသင်္ကန်း
ကို ရှင်လောင်းအား ပေးလိုက်ရသည်။
အမှာ။ ။ဤသင်္ကန်းကပ်နှင့် သင်္ကန်းတောင်းကိစ္စသည်
အရေးကြီးသောကိစ္စ မဟုတ်သေးပါ၊ ဘာမျှ အထူးမဆိုဘဲ
ဆရာက“ဝတ်တော့” ဟု ခွင့်ပြုလိုက်လျှင်ပင် ကိုယ့်ဘာသာ
ဝတ်ကောင်းပါသည်၊ ထို့ကြောင့် ဤသင်္ကန်း ကပ်မှ သင်္ကန်း
တောင်းမှုကို မြန်မာလို ဆိုနိုင်သည်ဟုယုံကြည်စွာ မှတ်ပါလေ၊
ကျက်ချိန်ရသော ကလေးများကို မြန်မာလိုသာ ကျက်ပါစေ
ကျက်ချိန်မရသော ကလေးတို့အား မြန်မာလိုသာ ချပေး
ကြပါလေ၊ သို့သော် ပါဠိကို ဆိုစေရမှ ကျေနပ်မည့် ပုဂ္ဂိုလ်
များအတွက် ပါဠိကို အထက်က ပြထားပါသည်။
