## PAGE 226

၁၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ရှင်လောင်း ကျက်ရန်)
ချမ်းပူကို ပယ်ဖျောက်၍ အရှက်အကြောက်ကို
ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို ဝတ်ရုံပါ၏။
အင်း
သင်္ကန်းဝတ်ခါနီး ဩဝါဒ။ ။သင်္ကန်းကို ရှင်လောင်းအား
ပေးပြီးနောက် သင်္ကန်းဝတ်
ခါနီး၌ ဆင်ခြင်ဘို့ရန် ဆရာက ပြောပြဘွယ် ရှိပါသေးသည်၊
(နာမည်ကို ခေါ်၍) မောင်ဌေး.. ဤသင်္ကန်းသည်
အပူကိုလည်း ကာကွယ်နိုင်၏၊ မှက် ခြင် လေ နေတို့ကိုလည်း
ကာကွယ်နိုင်၏၊ သင်္ကန်းမဝတ်ဘဲ ကိုယ်တုံးလုံးနေလျှင် ရှက်
စရာ ကိုယ်အင်္ဂါတွေ ပေါ်နေ၏၊ ထို ရှက်စရာ ကိုယ်အင်္ဂါကို
လည်း ဤသင်္ကန်းသည် ဖုံးထားနိုင်၏၊ ထိုအး, အပူ, လေ
နေတို့နှင့် ရှက်စရာ ကိုယ်အင်္ဂါကို ကွယ်ကာဖုံးလွှမ်းဘို့ရာ ဤ
သင်္ကန်းကို ဝတ်ရုံပါသည်၊ လှပအောင် ဝတ်ဆင်ခြင်း မဟုတ်
ပါ-ဟု စိတ်ထဲမှာ ဆင်ခြင်ပါ၊ ဒီလို ဆင်ခြင်ပြီးဝတ်မှ အပြစ်
လွတ်ကင်းတယ်။
သင်္ကန်းဝတ်ပုံ။ ။ အထက်၌ ပြထားသော စကား အတို
ကလေးအတိုင်း စိတ်ကလည်း ဆင်ခြင်
နှုတ်ကလည်း ရွှတ်စေပြီးမှ သင်္ကန်းကို ဝတ်ပါစေ၊ ဆရာ
ကိုယ်တိုင် ဝတ်ပေးဘို့ရန် အားလပ်ခွင့် ရပါလျှင်လည်း ကိုယ်
တိုင် ဝတ်ပေးပါ၊ သို့မဟုတ် ကောင်းမွန်စွာ ဝတ်ပေးတတ်
သော ရဟန်း, ကိုရင်, လူဝတ်ကြောင်တယောက်ယောက်ကို
ဝတ်ပေးဘို့ရန် စေခိုင်းပါ၊ သို့မဟုတ် ရှင်သာမဏေလောင်း
ကိုယ်တိုင် ညီညွတ်စွာ ဝတ်တတ်လျှင်လည်း “ဝတ်တော့”ဟု
ခွင့်ပြုလိုက်ပါ။
သင်္ကန်းဝတ်ပေးခဏ်း
၁၃
ရဟန်းတော်တပါးက သင်္ကန်းဝတ်ပေးနေပုံ။

## PAGE 227

၁၄
က။
သ
ရုပ်ပုံ ရှင်ကျင့်ဝတ်
၁- လေ့ကျင့်ခဏ်း မေးခွန်း
(ဘုရားလက်ထက်တော်မှ စ၍) ရှင်လောင်းကို ဆံချခါ
နီး၌ အဘယ် ကမ္မဋ္ဌာန်းကိုပေး၍ ဆံချလေ့ရှိပါသနည်း။
ဆံချခါနီးပေးသော ကမ္မဋ္ဌာန်း လင်္ကာကလေးကို ရွတ်
ပြပါ။ [စာဖြင့်ရေး၍ ပုစ္ဆာထုတ်ရာ၌ “ရေးပြပါ”ဟု
ပြင်ပါ။]
ဂ။ ရှင်သာမဏေလောင်းတို့သည် ဆရာက“ဝတ်တော့”
ခွင့်မပြုဘဲ (သို့မဟုတ် ရဟန်းတပါးက ဝတ်မပေးဘဲ) မိမိ
ဘာသာ သင်္ကန်းကို ဝတ်ကောင်းပါသလော။
။ မည်ကဲ့သို့ဆို၍ မိမိလက်မှာရှိသော သင်္ကန်းကို ဆ§ာ့
အား ကပ်ရသနည်း၊ ဆိုပုံ စကားပြင်ကို ပြပါ။
Cl
မည်ကဲ့သို့ဆို၍ ဆရာ့လက်မှ သင်္ကန်းကို ပြန်၍ တောင်း
ရသနည်း၊ ဆိုပုံ စကားပြင်ကို ပြပါ။
စ။ သင်္ကန်းဝတ်သောအခါ မည်ကဲ့သို့ ဆင်ခြင်၍ ဝတ်ရှ
သနည်း၊ ဆင်ခြင်ပုံ စကားအစဉ်ကလေးကို ပြပါ။
ဆ။ သင်္ကန်းဝတ်သောအခါ မည်ကဲ့သို့ ဝတ်ရမည်နည်း။
အမှာ။ ။သင်္ကန်း ဝတ်ပြီးသောအခါ လက်အုပ် ချီလျက်
ဆောင့်ကြောင့် ထိုင်ပါစေ၊ ထို့နောက် (၁) အဟံ
အဟံ ဘန္တေ
စသော သရဏဂုံနှင့် သီလတောင်း၊ (၂) နမော တဿ
ဘဂဝတော-စသော ဘုရားရှိခိုး၊ (၃) သရဏဂုံ၊ (၄) ဆယ်ပါး
သီလတို့ကို အစဉ်အတိုင်း ဆိုပါစေ။
သင်္ကန်းဝတ်ပေးခဏ်း
ဆရာဘုန်းတော်ကြီးက သရဏဂုံ ပေးနေပုံ။
၁၅

## PAGE 228

၃-သရဏဂုံပေးခဏ်း
(ရှင်လောင်း ကျက်ရန်)
သရဏဂုံ သီလတောင်း
၁။ အဟံ ဘန္တေ တိသုဏေနသဟ,ဒသသာမဏေရ
ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ
သီလံ ဒေထ မေ ဘန္တေ။
၂။ ဒုတိယမ္ပိ အဟံ ဘန္တေ…မေ ဘန္တေ။
၃။ တဘိယမ္ပိ အဟံ ဘန္တေ….မေ ဘန္တေ။
မြန်မာပြန်
၁။ အရှင်ဘုရား...တပည့်တော်သည် သရဏဂုံ သုံးပါးနှင့်
တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို တောင်းပါ၏၊
တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါး
သီလ ပေးတော်မူပါကုန်ဘုရား။
၂။ အရှင်ဘုရား...တပည့်တော်သည် သရဏဂုံသုံးပါးနှင့်
တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို ၂-ကြိမ်
မြောက် တောင်းပါ၏၊ တပည့်တော်အား သနား
သောအားဖြင့် ဆယ်ပါးသီလ ပေးတော်မူပါကုန်
ဘုရား။
သရဏဂုံပေးခဏ်း
၁၇
၃။ အရှင်ဘုရား...တပည့်တော်သည် သရဏဂုံသုံးပါးနှင့်
တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို ၃-ကြိမ်
မြောက် တောင်းပါ၏၊ တပည့်တော်အား သနား
သောအားဖြင့် ဆယ်ပါးသီလ ပေးတော်မူပါကုန်
ဘုရား။
(က) ဆရာ။
။ယမဟံ ဝဒါမိ၊ တံ ဝဒေဟိ။
"
(ရှင်လောင်းအများဖြစ်လျှင်
“တံ ဝဒေထ”ဟု ဆို။)
(ခ ) ရှင်လောင်း။ အာမ ဘန္တေ။
(ဂ) ဆရာ။ ။နမော တဿ ဘဂဝေတာ
အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(ဃ) ရှင်လောင်း။ ။လိုက်၍ ၃-ခေါက်ဆို။
မြန်မာလို အဓိပ္ပါယ်
86
(က) ယမဟံ ဝဒါမိ-အကြင်စကားကို ငါဆို၏၊ တံ
ဝဒေဟိ-ထိုစကားကို လိုက်၍ဆို၊ “ငါဆိုတာကို
လိုက်၍ဆို”။
(ခ) အာမ ဘန္တေ=မှန်ပါအရှင်ဘုရား။
(ဂ) အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်
သော။ သမ္မာသမ္ဗုဒ္ဓဿ၊မဖောက်မပြန် ကိုယ်တော်
တိုင်သာ သိတော်မူနိုင်သော။ တဿ ဘဂဝတော၊
ထို မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏။
၂--- --မ-သ-စ

## PAGE 229

၁၇
အမှာ။
ရုပ်ပုံ ရှင်ကျင့်ဝတ်
။“အဟံ ဘန္တေ တိသရဏေန”မှစ၍ “နမော
တဿ”တိုင်အောင် ဤစကားစုလည်း ရှင်သာမဏေ ဖြစ်မှုနှင့်
အရေးတကြီး မဆိုင်သေးပါ၊ ထို့ကြောင့် ဌာန်ကရိုဏ်း မကျန
သော်လည်း ပြီးနိုင်ပါ၏၊ နောက်၌ လာမည့် သရဏဂုံပါဠိသာ
အရေးအကြီးဆုံး ဖြစ်ပါသည်။
သရဏဂုံပေးခြင်း
ဆရာ။ ။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ရှင်လောင်း။ ။ဆရာဆိုသလို လိုက်၍ဆို။
ဆရာ။ ။ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
ရှင်လောင်း။ ။ဆရာဆိုသလို လိုက်၍ဆို။
ဆရာ။ ။တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
ရှင်လောင်း။ ။ဆရာဆိုသလို လိုက်၍ဆို။
ဆရာ။
ရှင်လောင်း။
000
။သရဏဂမနံ ပရိပုဏ္ဏ။(သရဏဂုံ ပြည့်စုံပြီ။)
။အာမူ ဘန္တေ။
အမှာ။ ။ဘုရား တရား သံဃာ (ဤ ရှတနာ) ၃-ပါး
ကိုးကွယ်ရာ.. အစစ်အမှန်ဟု သိတတ်သော စိတ်ကို
သရဏဂုံပေးခဏ်း
၁၉
သရဏဂမန (သရဏဂုံ)ဟု ခေါ်၏၊ မိမိမှာ ထို သရဏဂုံစိတ်
ရှိနေပါသည် ဟု ဝန်ခံသောအားဖြင့် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”
စသည်ဖြင့် ရွတ်ဆိုမှုကို “သရဏဂုံ ဆောက်တည်ခြင်း”ဟု
ခေါ်ကြ၏၊ သာ၍ လေးစားရာ ရောက်အောင် ၃-ခေါက်
ဆိုကြရသည်။
ဤသရဏဂုံပါဠိဝယ် “ဒ္ဓဓမ္မသံစ္ဆာ”တို့၌ ခပ်ပြင်းပြင်း
ချွတ်ရကြောင်း သိဘို့ရန် စာလုံးမဲဖြင့် ပြထား၏၊ ရွတ်ပုံကို
ဆရာက သင်ပြပါ။ ဤ သရဏဂုံ ၃-ပါးကို ပီပီသသ ရွတ်နိုင်
လျှင် “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”လဲဆုံးရော ရှင်သာ
မဏေလဲ ဖြစ်ရော ဟု မှတ်) သို့သော် ဆရာရော တပည့်ပါ
၂-ဦးလုံး ပီဘို့ အရေးကြီး၏၊ တဦးက မပီလျှင်လည်း ရှင်သာ
မဏေအစစ် မဖြစ်သေး၊ ထို့ကြောင့် ဤသရဏဂုံနှင့်စပ်၍
လေးလေးနက်နက် မှတ်ဘွယ်တွေ များသေးသောကြောင့်
နောက်၌ “သရဏဂုံနှင့်စပ်၍ မှတ်ဘွယ်”ဟု အခဏ်း သီးခြား
ပြထားပါသည်။
"
၂-လေ့ကျင့်ခဏ်း မေးခွန်း
က။ သရဏဂုံနှင့် သီလတောင်းသော ပါဠိကို ရွတ်ပြပါ။
ထို သရဏဂုံနှင့် သီလဘောင်းပုံကို မြန်မာလို ပြောပြပါ။
ဂ။. “ယမဟံ ဝဒါမိ တံ ဝဒေဟိ” ပါဠိကို မြန်မာလို ပြော
ပြပါ။
,
ဃ။ “အာမ ဘန္တေ”ဆိုသော ပါဠိကို မြန်မာလို ပြောပြပါ။

## PAGE 230

၂ဝ
ရုပ်ပုံ ရှင်ကျင့်ဝတ်
င။ “နမော တဿ”စသော ပါဠိကို မြန်မာလိုပြောပြပါ။
စ။ သရဏဂုံ သီလတောင်းနှင့် “နမော တဿ” စသော
ပါဠိကို ဌာန်ကရိုဏ်းကျအောင် မရွတ်တတ်လျှင် ကိုရင်
ဖြစ်ပါ့မလား။
ဆ။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် သရဏဂုံယူရာ၌ ခပ်
ပြင်းပြင်းလွှတ်ရမည့် အက္ခရာ(စာလုံး)များကို ဖော်ပြပါ။
ဆယ်ပါးသီလ ပြောပြခြင်း
အမှာ။ ။သရဏဂုံ ပေးပြီးနောက် အောက်ပါအတိုင်း
၁၀-ပါးသီလ ပြောပြပါခလ၊ ရအောင် ကျက်ချိန်ရလျှင်
တဖြည်းဖြည်းပါရော မြန်မာလိုပါ အရှကျက်ပါ၊ “သိက္ခာပဒံ
သမာဒိယာမိ”မပါခြင်း၏ အကြောင်းကိုကား နောက်ဆက်တွဲ
မှာ ကြည့်ပါ။
၁။ ပါဏာတိပါတာ ဝေရမဏိ= သူ့အသက် သတ်ခြင်းမှ
ရှောင်ကြဉ်ရခြင်း။
၂။ အဒိန္နာဒါနာ ဝေရမဏိ= သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်
လုယူခြင်းမှ ရှောင်ကြဉ်ရခြင်း။
၃။ အဗြဟ္မစရိယာ ဝေရမဏိ= မေထုန်အကျင့်မှ ရှောင်
ကြဉ်ရခြင်း။
၄။ မုသာဝါဒါ ဝေရမဏိ = လိမ်လည် လှည့်ပတ်ခြင်းမှ
ရှောင်ကြဉ်ရခြင်း။
သရဏဂုံပေးခဏ်း
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ=မူးယစ်စေ
တတ်၍ မေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော
သေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်
ရခြင်း။
၆။ ဝိကာလဘောဇနာ ဝေရမဏိ=မွန်းလွဲအခါ၌ ထမင်း
မှုံ စသောအစာကို စားခြင်းမှ ရှောင်ကြဉ်ရခြင်း။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိ=(နစ္စ)
ကိုယ်တိုင် ကြခြင်း သူတပါးကို .. အကခိုင်းခြင်း၊
(ဂီတ) ကိုယ်တိုင် သီချင်းဆိုခြင်း သူတပါးကို
အဆိုခိုင်းခြင်း၊ (ဝါဒိတ) ကိုယ်တိုင် တီးမှုတ်ခြင်း
သူတပါးကို တီးမှုတ်ခိုင်းခြင်း၊ ( ဝိသူကဒဿန )
ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် စူပမာ
ဖီလာဖြစ်သော ကြည့်ရှု နားထောင်ခြင်းမှ ရှောင်
ကြဉ်ရခြင်း။
ဂ။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ
ဝေရမဏိ= ( မာလာဓာရဏ ) ရွှေပန်း ငွေပန်းမှ
စ၍ ပန်းအမျိုးမျိုးကို ပန်ဆင်ခြင်း၊ ( ဂန္ဓမဏ္ဍန )
နံ့သာပြစ် တို့ဖြင့် နိမ့်ရာ အရပ်၌ ပြည့်ဖြိုးအောင်
သိပ်ခြင်း၊ (ဂန္ဓ ဝိလေပန ဝိဘူသန) အရောင်တင်
ဆေး ရေမွှေးနံ့သာဆီ မျက်နှာချေ ပေါင်ဒါမှုန့်တို့
ကို လိမ်းကျံခြယ်လှယ်ခြင်းဟူသော (ဌာန) ကိလေ-
သာပွါးကြောင်းအမှုတို့မှ ရှောင်ကြဉ်ရခြင်း။
