## PAGE 231

JJ
ရုပ်ပုံ ရှင်ကျင့်ဝတ်
၉။ ဥစ္စာသယနမဟာသယနာ ဝေရမဏိ= မြင့်သော
နေရာ ကြီးကျယ်ဆန်းပြား ခမ်းနားသော နေရာ၌
နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
၁၀။ ဇာတရူပရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ=ရွှေ ကို
ခံယူခြင်းမှ ရှောင်ကြဉ်ရခြင်း။
ဤဆယ်ပါးသီလ၌ မှတ်ဘွယ်ကို နောက်ဆက်တွဲမှာ ပြထားသည်။
ဥပဇ္ဈာယ် ယူစေခြင်း
ဆယ်ပါးသီလကို ပြောပြပြီးနောက် ဥပဇ္ဈာယ်ဆရာ၏အကြောင်း
ကို ပြောပြ၍ ဥပဇ္ဈာယ်ယူပါစေ၊ ဥပဇ္ဈာယ်ယူရခြင်း၏ အကြောင်းကို
နောက်ဆက်တို့၌ အကျယ်ပြထားသည်။]
၀
"
ကိုရင်….“ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ
ဤသို့
၃-ခေါက်ဆို၍ ဥပဇ္ဈာယ်ယူပါ၊ [မြန်မာလို “တပည့်
တော်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါဘုရား”— ဟု
ဆိုလိုသည်။]
ဆရာ...“ပါသာဒိကေန သမ္ပာဒေဟိ”ဤသို့ ဆရာကဆို၍
ဥပဇ္ဈာယ်ယူခြင်းကို လက်ခံလိုက်ရသည်၊ [မြန်မာလို-
ကြည်ညိုဘွယ်ကို ဆောင်သော ကိုယ်အမူအရာ နှုတ်
အမူအရာဖြင့် သီလ သမာဓိ ပညာ သိက္ခာ ၃-ပါးကို
ပြည့်စုံစေလော” ဟု ဆိုလိုသည်၊ တပည့် ၂-ပါး
၃-ပါးစသည်များလျှင် “သမ္ပာဒေထ”-ဟု ဆိုပါ။]
ဤမျှသော အစဉ်ဖြင့် ရှင်သာမဏေပြုပေးခြင်းနှင့် စပ်
သော ကိစ္စများ ပြီးပေပြီ၊ ထို ့နောက် ရှင်သာမ
သရဏဂုံပေးခဏ်း
၂၃
ဏေဘဝ၌ ပြုကျင့်ရမည့် တာဝန်များကို ဆက်လက်
သင်ပြပါဦး။
လေ့ကျင့်ခဏ်း မေးခွန်း
က။ ဆယ်ပါးသီလကို ပါဠိလိုသက်သက် ရေတွက်ပြပါ။
[“ပါဏာတိပါတာ ဝေရမဏိ”စသည်ဖြင့် ရေတွက်ပါစေ။]
ခ။ ဆယ်ပါးသီလတွင် “ဝိကာလဘောဇနာ ဝေရမဏိ”
အထိ ၆-ပါးကို မြန်မာလိုသက်သက် ပြောပြပါ။
ဂ။ နစ္စ ဂီတ, ဝါဒိတ ၃-မျိုးကို မြန်မာလို ပြောပြပါ။
ဃ။ ဝိသူကဒဿနကို မြန်မာလို ပြောပြပါ။
င။ မာလာ, ဂန္ဓ, ဝိလေပန ၃-ပုဒ်ကို ဓာရဏ, မဏ္ဍန
ဝိဘူသန ၃-ပုဒ်နှင့်တွဲ၍ မြန်မာလို ပြောပြပါ။
စ။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်ကို မြန်မာလို
ပြောပြပါ။
ဆ။
C
ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် ရွှေ့
ငွေ ပိုက်ဆံကို အလှူမခံကောင်းပါသနည်း။
ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် ပွဲ
မကြည့်ရ မက သီချင်းမဆိုရပါသနည်း။
ဈ။ ဥပဇ္ဈာယ်ယူပုံကို ပြပါ။

## PAGE 232

၄-ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ
သင်ပြခဏ်း
ရှင်သာမဏေများနှင့် ရဟန်းတော်များ၏ အရေးတကြီး
လိုလားအပ်သော (မရှိလျှင်မဖြစ်သော) ပစ္စည်းများသည်
သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး အားဖြင့် ၄-ပါး ရှိ၏
ပစ္စည်းလေးပါးသည် မိမိကိုယ်တိုင် လုပ်ကိုင်ရှာဖွေ၍ ရသော
ပစ္စည်းများမဟုတ်ကြ၊ လူဝတ်ကြောင်များက (“ငါတို့ထက်
ကောင်းမွန်စွာ နေထိုင်ကြသည်”ဟု ယုံကြည်၍) ပေးလှူ
အပ်သော ပစ္စည်းများ ဖြစ်ကြသည်။ ထို ့ကြောင့် ထိုပစ္စည်း
များကို သုံးစွဲသောအခါ အမှတ်တမဲ့ သုံးစွဲလျှင်၎င်း အဆင်း
လှပအောင် သုံးစွဲလျှင်၎င်း သုံးစွဲသော ရဟန်းသာမဏေတို့မှာ
အပြစ်မကင်းတော့ချေ။
“ဣဏပရိဘောဂ=ကြွေးယူ၍ သုံးစွဲခြင်း”ဟု ကျမ်းဂန်
တို့၌ ဆို၏၊ ကြွေးတင်လျှင် ကြွေးဆပ်ရ၏၊ မဆပ်နိုင်လျှင်
ထောင်ချခံရသကဲ့သို့ နောက်သံသရာရေးအတွက် တာဝန်
တက်လျက် ရှိလေသည်၊ ထို ့ကြောင့် ပစ္စည်း ၄-ပါးနှင့်စပ်၍
ဆင်ခြင်သုံးစွဲဘို့ရာ ဗုဒ္ဓမြတ်စွာသည် “ပစ္စဝေက္ခဏာ”ဟု
ခေါ်သော ၄-ပုဒ်ကို ဟောပြတော်မူ၏၊ ထို ၄-ပုဒ်ကို ရှေးရှေး
သာမဏေတို့သည် ပုတီးစိပ်ရင်း ဆင်ခြင်ကြသောကြောင့်
ပုတီးစိပ် ၄ ပုဒ်ဟုလည်း ခေါ်ကြသည်၊ ထို ၄-ပုဒ်အတွက်
ဤနေရာ၌ ဆရာတော်ကြီးများ၏ လင်္ကာကို အဓိပ္ပါယ်နှင့်
တကွ ပြ၍ နောက်ဆက်ဘွဲ့ကျမှ ပါဠိအနက်ကို ပြပါမည်။
ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း
၂၅
( အရကျက်ရန် သင်္ကန်းလင်္ကာ)
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေ လွှဲသုဉ်၊ ဟိရီ
ဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို
စံပါယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ဖုံးလွှမ်း
ဝတ်ရုံပါသတည်း။
လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ
(က) ငါသည် အချမ်း အားကို ပယ်ဖျောက်၍ နွေးစေခြင်း
အကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။
(ခ) ငါသည် မီးနှင့်စပ်သော အပူနှင့် လေပူ နေပူကို ကွယ်
ကာခြင်းအကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။
(ဂ) ငါသည် မှက် ခြင်နှင့် မြွေကင်းတို့ကို ကွယ်ကာခြင်း
အကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။
(ဃ) ရှက်သင့်သော အရာဌာန၌ ရှက်တတ်ခြင်းကို ပါဠိလို
“ဟိရီ”ဟု ခေါ်၏။ ထိုသို့ ရှက်တတ်ခြင်းကား အမျိုး
ကောင်းသားသမီးတို့၏ ဂုဏ်တမျိုး ဖြစ်လေသည်။
(င) လူတို့၏ ကိုယ်အင်္ဂါအရပ်ရပ်တွင် အင်္ဂါဇာတ် ပေါ်နေ
လျှင် ထိုဟိရီဂုဏ်ကို ကုန်စေ ပျက်စေတော့၏။
(စ) ငါသည် ထိုဟိရီဂုဏ်ကို ကုန်စေ ပျက်စေ တတ်သော
ကိုယ်အင်္ဂါကို လုံခြုံစေခြင်း အကျိုးငှါ ဤသင်္ကန်းကို
ဝတ်ပါသည်။

## PAGE 233

၂၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ဆ) ငါသည် ဤသင်္ကန်းကို ဝတ်၍ ကိုယ်ကို လှပ တင့်တယ်
အောင် ဆင်ပြင်မယ် ဟူသော ရည်ရွယ်ချက်ဖြင့် ဝတ်
ခြင်းမဟုတ်ပါ။
သူ ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ
ဧး၍ ချမ်း၍ သင်္ကန်းခြုံလိုလျင်– “အး အချမ်းကို
ကွယ်ကာဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏”…ဟု ဆင်ခြင်ပါ။
လေပူ နေပူကြောင့် ခြုံလိုလျှင် – “အပူကို ကွယ်ကာဘို့ရာ
ဤသင်္ကန်းကို ဝတ်ပါ၏” ဟု ဆင်ခြင်ပါ။
-
<
မှက် ခြင် ကိုက်၍ ခြုံလိုလျှင် – “မှက် ခြင်ကို ကွယ်ကာ
ဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏”-ဟု ဆင်ခြင်ပါ။
အပူ အး မှက် ခြင် မရှိဘဲ ဝတ်သောအခါ… “ အရှက်
အကြောက်ကို ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို ဝတ်ပါ၏”-ဟု
ဆင်ခြင်ပါ။
ဤသို့ သူ့နေရာနှင့် သူ ဆင်ခြင်သွားလျှင် နောက်ထပ်
မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သို့သော် ဘုရား
ဝတ်တက်သော အခါဖြစ်စေ၊ ပုတီးစိပ်ရင်းဖြစ်စေ ပြခဲ့သော
သင်္ကန်းလင်္ကာကို ဖြည်းဖြည်းချွတ်၍ ရှင်သာမဏေကလေး
များ ဆင်ခြင်ပါစေ။
ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း
(အရကျက်ရန် ဆွမ်းလင်္ကာ)
၂၇
ဤသည့်စားဘွယ်၊ အမယ်မယ်ကို၊ မြူးရယ် မာန်ကြွ၊ လှပ
ရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ ၄-ဖြာဓာတ်ဆောင်၊
ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊အသက်မျှတမ်း၊
မမောပန်းသား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါ
နိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုဒ်မျှလစ်၊
ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံး
ဆောင် မှီဝဲပါသတည်း။
လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ
(က) ငါ၏ရှေ့မှောက် ရောက်ရှိနေသော ဤ စားသောက်
ဘွယ် အမယ်မယ်ကို မြူးတူးပျော်ပါးခြင်း ရယ်ရွှင်
ခြင်း မာန်မာနတက်ကြွ၍ အရေအဆင်း လှပပြည့်ဖြိုး
ခြင်းငှါ စားသောက်သည် မဟုတ်ပါ။
ဓာတ်
(ခ) ပထဝီ အာပေါ တေဇော ဝါယော ဟူသော
ကြီးလေးပါးတို့ စုပေါင်း ဆောင်ရွက်လျက် ရှိသော
ဤ ကိုယ်ကောင်၏ … တာရှည် တည်နေ နိုင်အောင်
အကျိုးငှါ စားသောက်ပါသည်။
(ဂ) အသက်တမ်းပြည့်အောင် တည်နေသမျှ ကျမ်းစာ
ပိဋကတ်ကို သင်အံလေ့ကျက် ဆောင်ရွက်ပို့ချခြင်း
ဟူသော ဂန္ထဓုရ တာဝန်ကို၎င်း၊ ဘာဝနာကမ္မဋ္ဌာန်း
စီးဖြန်းခြင်းဟူသော ဝိပဿနာဓုရ တာဝန်ကို၎င်း
မမောမပန်း ထမ်းဆောင်နိုင်ခြင်း အကျိုးငှါလည်း
သုံးဆောင်စားသောက်ပါသည်။

## PAGE 234

၂၈
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ဃ) မစားသောက်ဘဲနေလျှင် ရောဂါဝေဒနာ အဟောင်း
အသစ် ဖြစ်ပေါ်လာတတ်သောကြောင့် ထိုရောဂါ
အဟောင်း အသစ် တို့ မဖြစ်စေနိုင်ခြင်းငှါ၎င်း၊
ဣရိယာပုတ် ၄-ပါး၌ မျှတ၍ ရောဂါအပြစ်, ကိလေ
သာ အပြစ်တို့ မဖြစ်စေဘဲ ချမ်းမြေ့ ကြည်လင်စွာ
နေနိုင်ခြင်းငှါ၎င်း သုံးဆောင်စားသောက်ပါသည်။
ဆွမ်းစားသောအခါ အတိုချုပ် ဆင်ခြင်ပုံ
“မွတ်သိပ်ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သာသန
ဝန်ကို ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤ ခဲဘွယ် ဘောဇဉ်ကို
သုံးဆောင်စားသောက်ပါသည် ”။
ဆွမ်း မှုံ ခဲဘွယ်များကို စားခါနီးဖြစ်စေ၊ စားနေတုန်း
ဖြစ်စေ၊ စားပြီးနောက်မှဖြစ်စေ၊ ဤ စကားစဉ်အတိုင်း နှုတ်
ဖြင့် တိုးတိုးရွတ်၍ဖြစ်စေ၊ နှုတ်က မရွတ်ဘဲ စိတ်ထဲမှာဖြစ်စေ
ဆင်ခြင်ပါ၊ ဤသို့ တကြိမ်တခါ ဆင်ခြင်ပြီးလျှင် နောက်ထပ်
မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သို့ရာတွင် ဘုရား
ဝတ်တက်ရင်းဖြစ်စေ၊ပုတီးစိပ်ရင်းဖြစ်စေ ပြအပ်ခဲ့သော ဆွမ်း
လင်္ကာကို ဖြည်းဖြည်း ရွတ်ဆို၍လည်း ဆင်ခြင်ပါစေ။
ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း
လေ နေ၊
၂၉
ကင်း မြွေ ဝေးမှု၊
(အရကျက်ရန် ကျောင်းလင်္ကာ)
ချမ်းပူကိုဖျက်၊ ခြင် ငှက်
ဥတု ဘေးဘျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊
နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။
လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ
(က) ချမ်းဧးသောအခါ ကျောင်းတွင်းသို့ ဝင်နေလျှင်
အချမ်းသက်သာ၏၊ ပူသောအခါလည်း ကျောင်း
အောက်စသည်မှာနေလျှင် အပူသက်သာ၏။
(ခ) ခြင် မှက်ကိုက်သောအခါ ကျောင်းတံခါးကို ပိတ်
၍ ကျောင်းတွင်းမှာနေလျှင် ခြင် မှက် မကိုက်နိုင်၊
လေပူ လေအေးနှင့် နေပူတို့ကို၎င်း၊ မြွေကင်းတို့ကို
၎င်း ကျောင်းသည် ကာကွယ်နိုင်၏။
(ဂ) တရံတခါ မခံသာအောင်· ဥတုဖောက်ပြန်လာ
သဖြင့် အပူလွန်ခြင်း အားလွန်ခြင်းများကိုလည်း
ကာကွယ်နိုင်၏။
(ဃ) ထိုသို့ အချမ်းအပူမှစ၍ ဥဘေးရန် အန္တရာယ်
ကာကွယ်နိုင်ခြင်း, မိမိ၌ မကပ် မရောက်
မယှက်မသန်းနိုင်ခြင်းအကျိုးငှါ ဤကျောင်းကို
သုံးဆောင်မှီခိုပါ၏၊
( င ) ကျောင်းတွင်း၌ နေထိုင်ရသောအခါ ပြခဲ့သော
ဘေးရန်အန္တရာယ်တို့မှ လွတ်ကင်းသောကြောင့်

## PAGE 235

၃ဝ
ရုပ်ပုံ ရှင်ကျင့်ဝတ်
စိတ်ကြည်လင်၏၊ ထိုသို့ စိတ်ကြည်လင်ခြင်း၏
အကြောင်းဖြစ်သောကြောင့်လည်း ဤကျောင်း၌
ကိန်းအောင်း မှီခိုပါသည်။
သူ ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ
း၍ ချမ်း၍ ကျောင်းထဲသို့ ဝင်ချင်လျှင် “အေး
အချမ်းကို ` ကွယ်ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါ
သည်” … ဟု ဆင်ခြင်ပါ။
လေပူ နေပူ၍ ကျောင်းထဲသို့ ဝင်လိုလျှင် “အပူ
ကို ကွယ်ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါသည်”ဟု
ဆင်ခြင်ပါ။
မှက် ခြင်စသည်တို့ ကိုက်မည်စိုး၍ ကျောင်းထဲသို့
ဝင်သောအခါ “ခြင် မှက်စသော ဘေးရန်ကို ကွယ်
ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါသည်”ဟု ဆင်ခြင်
ပါ။
ဤသို့ သူ့နေရာနှင့်သူ ဆင်ခြင်သွားလျှင် နောက်ထပ်
မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သို့သော် ဘုရား
ဝတ်တက်သောအခါဖြစ်စေ ပုတီးစိပ်ရင်းဖြစ်စေ ပြခဲ့သော
ကျောင်းလင်္ကာကို ဖြည်းဖြည်းရွတ်၍ ဆင်ခြင်ပါစေ။
ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း
(အရကျက်ရန် ဆေးလင်္ကာ)
၃၁
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊
စွန့်ခွါပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊
ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဘို့၊ ရည်မှန်း သုံးဆောင်
ပါသတည်း။
လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ
(က) လျက်ဆားစသော ဆေးနှင့် ထောပတ်, ဆီဦး, ဆီ
ပျားရည် သကြားသကာ ထန်းလျက်များကို “ဆေး
ဟု ခေါ်ပါသည်။
(ခ) ထိုဆေးများကို လေနာ၍ အခံခက်အောင် ကျင်နာ
ခြင်း, အားနည်းသော ရောဂါတို့၏ နှိပ်စက် ဖိစီးခြင်း
ရှိမှသာ သုံးဆောင်ကောင်းပါသည်။
(ဂ) ထိုကဲ့သို့ ရောဂါဝေဒနာ တခုခုဖြစ်နေခြင်း, သို့မဟုတ်
ဖြစ်လာတော့မည်ဟု သိသာ ထင်ရှားခြင်း ဟူသော
အကြောင်းရှိလျှင်လည်း သုံးစွဲကောင်းပါသည်။
(ဃ) ထိုရောဂါဝေဒနာကို စွန့်ခွါ ပယ်ရှင်း၍ ဆင်းရဲ ဒုက္ခ
ကင်းရှင်းစွာဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ကြည်
သာ ရွှင်လန်း ဖြည့်ကျင့်စွမ်းနိုင်ဘို့ အကျိုးငှါသာ
ဤဆေးများကို သုံးစွဲ ကောင်းပါသည်။
(င) မွတ်သိပ် ဆာလောင်ရုံ သက်သက်ဖြင့် ထန်းလျက်
ကြံသကာ ချိုချဉ် သကြားလုံး စသည်များကို နေလွှဲ
အခါ၌ မသုံးဆောင်ကောင်းပါ၊ ထန်းလျက်ရည်
