## PAGE 236

၃၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
သကြားရည် - ဘိလပ်ရည်နှင့် သန့်ရှင်း စင်ကြယ်စွာ
စစ်ထားသော (မီးနှင့် ချက်ထားသည်လည်း
မဟုတ်
သော)ဖျော်ရည်ကိုသာ သောက်ကောင်းပါသည်။)
(စ) ယခုအခါ တချို့နေရာ၌ ဆီ ကြက်သွန် စသည်ဖြင့်
ရောစပ်၍ ညချင်းသုတ်ကို စားသောက်လေ့ရှိပါသည်၊
ထိုချင်းသုတ်ကား လက်သုတ် သရည်စာတမျိုးဖြစ်
နေသောကြောင့် လုံးလုံး မစားအပ်ပါ၊ ချင်းနှင့် သင့်
မြတ်သော ရောဂါရှိလျင်ကား ချင်းရည်နှင့် ချင်းသက်
သက်ကိုသာ သောက်စားအပ်ပါသည်။
သူ ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ
ဖျော်ရည် ဘိလပ်ရည် စသည်ကို သုံးဆောင်သောအခါ-
မွတ်သိပ် ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သာသနာ့ဝန်ကို
ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ၊ ဤဖျော်ရည်(ဘိလပ်ရည်) ကို
သုံးဆောင်ပါ၏။)
လေနာခြင်း အစာမကြေခြင်း စသည်တို့ကြောင့် ဆေးကို
သုံးဆောင်သောအခါ-(ဤရောဂါ ကင်းပျောက်၍ သာသနာ့
ဝန်ကို ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤဆေးကို သုံးဆောင်
ပါ၏။
ဤဆေးအတွက်ကား သူ့နေရာနှင့်သူ မဆင်ခြင်ဘဲ မသုံး
စွဲရ၊ အကြောင်းမံရှိဘဲ စားသောက်မိလျှင် ရဟန်းများမှာ
အာပတ်သင့်၍ ကိုရင်များမှာ ဒဏ်ထိုက်၏၊ ထို့ကြောင့်
ဆေးကို စားခါနီး၌“ဘာ့ကြောင့် စားပါသည်”ဟု အကြောင်း
ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း
ကို ဆင်ခြင်မိအောင် . သတိပြုပါ၊ ထိုသို့ ဆင်ခြင်ပြီးသော်
လည်း ဘုရားဝတ်တက်ရင်း ပုတီးစိပ်ရှင်း ပြခဲ့သော ဆေး
လင်္ကာကို ဖြည်းဖြည်းလွှတ်၍ ဆင်ခြင်ပါစေ။
၃-- U-2-သ--
၃၃
ကိုရင်များ တောစပ်နား၌ ပုတီးစိပ်ရင်း ပစ္စဝေက္ခဏာ ဆင်ခြင်နေပုံ။

## PAGE 237

...
၃၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
လေ့ကျင့်ခဏ်း မေးခွန်း
က။ သင်္ကန်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။
ခ။
ချမ်း၍ သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။
ဂ ။ လေ နေပူကြောင့်’သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင်
မည်နည်း။
သ။ အပူ အအေး မှက် ခြင် မရှိဘဲ ရိုးရိုးသင်္ကန်းဝတ်သောအခါ
အဘယ်သို့ ဆင်ခြင်မည်နည်း။
C ||
ဆွမ်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။
စ ။ ဆွမ်းစားသောအခါ အတိုချုပ် ဆင်ခြင်ပုံကို ပြပါ။
ဆ။ ကျောင်းကိုဆင်ခြင်သော လင်္ကာကို ပြပါ။
ဇ ။ ချမ်း၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။
ဈ ။ ပူ၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။
ဥ။ ဆေးကို ဆင်ခြင်သော လင်္ကာကို ပြပါ။
ဋ ။ ဆာ၍ ဖျော်ရည် ဘိလပ်ရည် စသည်ကို သောက်လိုလျှင် အဘယ်
သို့ ဆင်ခြင်မည်နည်း။
ဌ ။ ရောဂါကြောင့် ဆေးကို သုံးဆောင်သောအခါ အဘယ်သို့ ဆင်
ခြင်မည်နည်း။
၃။ တစုံတခုမျှ အကြောင်းမရှိဘဲ ဖျော်ရည် ဘိလပ်ရည် သောက်
ကောင်းသလား။
၁ ။ ရောဂါမရှိဘဲ စတုမဓု ထန်းလျက် ကြံသကာ သကြားလုံး စသည်
တို့ကို စားကောင်းသလား။
ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ ပြီး၏။
၅-လိင် ၁၀-ပါး ဒဏ် ၁၀-ပါးကို
သင်ပြစဉ်း
လိင်ကျခြင်း။ ။ရှင်သာမဏေ၏ အသွင်ကို ပါဠိလို “လိင်္ဂ”ဟု
ခေါ်၏၊ “သူ့အသက်ကိုသတ်မှု”စသော ပြစ်မှု
"
ဆယ်ပါးတွင် တပါးပါးကို ပြုကျင့်သော သာမဏေသည် ထို
ရှင်သာမဏေ အသွင်ဖြင့် (သင်္ကန်းဝတ်လျက်)မနေကောင်း၊
ထိုသာမဏေ၏ အသွင်ကို ဖျက်၍ လူဝတ်လဲပေးရသည်၊ ထိုသို့
လူဝတ်လဲရလောက်အောင် ပြစ်မှုကျူးလွန်မိခြင်းကို “လိင်+
ကျသည်”ဟု ခေါ်ကြသည်။ ပြစ်မှုဆယ်ပါးကား
၁။ ပါဏာတိပါတ=သူ့အသက်ကို သတ်ခြင်း။ [ပိုးကောင်
ကလေးများကိုသော်လည်း မသတ်ရ။]
၂။ အဒိန္နာဒါန=လူ့ဥစ္စာကို ခိုးခြင်း။ [မြက်တပင်ကိုသော်မှု
လိမ်၍ ညာ၍ ခိုး၍ လု၍ မယူရ။]
၃။ အဗြဟ္မစရိယ= မေထုန်အကျင့်ကိုကျင့်ခြင်း။ တိရစ္ဆာန်
မ၌သော်မှ မမှီဝဲရ။]
၄။ မုသာဝါဒ=မုသားပြောခြင်း။ [ပြောင်လှောင် ကျီစား
လို၍သော်မှ လိမ်၍ မပြောရ။]
၅။ သုရာမေရယ= သေရည်အရက်ကို သောက်ခြင်း။
၆။ ဗုဒ္ဓဿ အဝဏ္ဏ ဘာသန=ဗုဒ္ဓမြတ်စွာ၏ အပြစ်ကို
ပြောခြင်း။ [ဘုရားမဟုတ်ဘူး, အလုံးစုံကို မသိနိုင်ဘူး
စသည်ဖြင့် မပြောရ။

## PAGE 238

PG
ရုပ်ပုံ ရှင်ကျင့်ဝတ်
၇။ ဓမ္မဿ အဝဏ္ဏ ဘာသန=တရားတော်၏ အပြစ်ကို
ပြောခြင်း။ [ဤ တရားအတိုင်း ကျင့်လို့ ဝဋ်ဆင်းရဲမှ
မလွတ်နိုင်ဘူး စသည်ဖြင့် မပြောရ။]
ဂ။ သံဃဿ အဝဏ္ဏ ဘာသန=သံဃာတော်၏ အပြစ်ကို
ပြောခြင်း။ [အရိယာ ဖြစ်ပြီးသော သံဃာတော်ကို
“ကောင်းမွန်စွာ ကျင့်သူ မဟုတ်ဘူး” စသည်ဖြင့်
သံဃာတော်ကို ထိခိုက်၍ မပြောရ။]
၉။ မိစ္ဆာဒိဋ္ဌိ=မိစ္ဆာအယူရှိခြင်း။ ကံနှင့် ကံ၏ အကျိုးကို
မယုံခြင်း, “မည်သူမဆို ဤဘဝမှ သေလျှင် ဘဝ
ပြတ်တော့၏၊ နောက်ထပ် မဖြစ်ရ” ဟု ဥစ္ဆေဒဒိဋ္ဌိ
စသော အယူရှိခြင်း။]
ဝတ
၁၀။ ဘိက္ခုနီသန=ဘိက္ခုနီမ၌ မေထုန်ကျင့်ခြင်း။
မှတ်ချက်။ ။ဤပြစ်မှု ၁၀-ပါးတွင် တပါးပါးကို ကျူး
လွန်လျှင် ရှင်သာမဏေ အစစ် မဟုတ်တော့
ရှေးကယူထားသော သရဏဂုံ ပျက်တော့၏။ သင်္ကန်း
နှင့်နေသော်လည်း သရဏဂုံမတည်တော့၊ ထို့ကြောင့် ပြောဆို
ဆုံးမ၍ ရမည့်သူမဟုတ်လျှင် လူဝတ်လဲစေ၍ ကျောင်းမှ
နှင်ထုတ်ရမည်၊ ပြောဆိုဆုံးမ၍ ရလောက်သူဖြစ်လျှင်ကား
လူဝတ် မလဲဘဲ ချက်ချင်း သရဏဂုံထပ်၍ ယူစေရမည်။ယခု
ခေတ်၌ မကြာမကြာ သရဏဂုံ ထပ်ယူလေ့ ရှိသည်ကား
ထိုပြစ်မှုများကို မကျူးလွန်မီဘဲ ထပ်လျှင် အကျိုးမထူးလှ၊
ကျူးလွန်မိ၍ နောက်ထပ် မဖြစ်အောင် စောင့်စည်းမည့်သူ
လိင်ဒဏ်များကို သင်ပြခဏ်း
၃၇
ဖြစ်လျှင် အပြစ်ရှိသည်နှင့်တပြိုင်နက် ဆရာ့အထံသွား၍ သရ-
ဏဂုံထပ်သင့်သည်။ [ လိင် ဆယ်ပါး ပါဠိနှင့် အနက်ကို
နောက်ဆက်တွဲကျမှ ပြမည်။]
ရှင်းလင်းချက်။ ။ပြခဲ့သော ပြစ်မှုဆယ်ပါးတွင် ရွှေငါးပါး
သည် ဆယ်ပါးသီလတွင် ပါဝင်သော
သိက္ခာပုဒ်များတည်း၊ ဘိက္ခုနီမကို - မေထုန်ကျင့်မှုသည် ၃-
နံပါတ် (အဗြဟ္မစရိယ) သိက္ခာပုဒ်နှင့် ထပ်နေသော်လည်း
ဘိက္ခုနီမ၌ ကျင့်မှု၏ သာ၍ အပြစ်ကြီးကြောင်း ပြလိုသော
ကြောင့် သီးခြားပညတ်ထားတော်မူသည်။
မှန်၏ အဗြဟ္မစရိယ ရိုးရိုးကို ပြုကျင့်သူသည် နောင်ခါ
စောင့်စည်းလိုသောစိတ် ရှိလျှင် ရှင်သာမဏေ ထပ်၍ ဖြစ်ခွင့်
ရ၏၊ အသက်စေ့လျှင် ရဟန်းပြုခွင့်လည်း ရ၏၊ ဘိက္ခုနီမ၌
ကျင့်မိသူကား (ရဟန်းပြုဘို့ မဆိုထားဘိ) ရှင်သာမဏေ
ထပ်၍ ပြုခွင့်မျှ မရတော့ချေ။)
။
ဒဏ်ထိုက်ခြင်း။ ရေဒဏ် ဆယ်ခေါက် ထမ်းရမည်, သဲ
ဒဏ် ငါးခေါက် ထမ်းရမည်, ကျောင်း
ဝိုင်း အတွင်း၌ အမှိုက်ရှင်းရမည်” စသည်ဖြင့် အပြစ်ပေးမှု
(နောင်မပြုဝံ့အောင် နှိပ်ကွပ်မှု)ကို“ဒဏ်ပေးခြင်း”ဟု
ခေါ်၏၊
ထိုသို့ ဒဏ်ပေးခံရလောက်အောင် ပြစ်မှု ကျူးလွန်မိခြင်းကို
“ဒဏ်ထိုက်သည် ”ဟုခေါ်၏၊ “ဒဏ်ပေးခြင်းငှါ ထိုက်သည်
ဟု ဆိုလိုသည်၊ ထို ဒဏ်ထိုက်လောက်သော ပြစ်မှု ဆယ်ပါး
ကား---

## PAGE 239

၃၇
ရုပ်ပုံ ရှင်ကျင့်ဝတ်
၁။ ဝိကာလဘောဇန သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။
၂။ နစ္စ ဂီတ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။
၃။ မာလာဂန္ဓ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။
၄။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်ကို မစောင့်
ရှောက်ခြင်း။
၅။ ဇာတရူပ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။
[ဤငါးပါးသည် ဆယ်ပါးသီလတွင် ပါဝင်သော
သိက္ခာပုဒ်များတည်း။ ]
၆။ ရဟန်းတော်များကို လာဘ်မရအောင် အားထုတ်
ခြင်း။[ ဆွမ်း သင်္ကန်း စသည်ကို မလှူချင်အောင်
မဟုတ်မမှန်သော အပြစ်ကို လုပ်ကြံ၍ လူတို့အား
ပြောဆိုခြင်း။ ]
၇။ ရဟန်းတော်များကို နေမြဲ ကျောင်း၌ မနေနိုင်အောင်
အားထုတ်ခြင်း။ [ တစုံတခုသော အမှုအပြစ်ကြောင့်
ထိုကျောင်းမှ ထွက်သွားရအောင် အားထုတ်ခြင်း,
ကောင်းမွန်စွာ မနေသူကို ထွက်သွားအောင် ပြုလုပ်
ခြင်း၌ ဒဏ်မထိုက်။ ]
ဂ။
ရဟန်းတော်များကို အကျိုးမဲ့ ( အကျိုးမရှိ ) ဖြစ်
အောင်(ဘေးအန္တရာယ်ဖြစ်အောင်)အားထုတ်ခြင်း။
၉။ ရဟန်းတို့ကို ဆဲခြင်း, ရိုက်မည် နှက်မည် စသည်ဖြင့်
ခြိမ်းချောက်ခြင်း။
လိင်ဒဏ်များကို သင်ပြခဏ်း
၃၉
၁၀။ ရဟန်းတော်ချင်း ကွဲပြားအောင် (မအောင်) ဂုံး
တိုက်ခြင်း=ရန်တိုက်ခြင်း။
ဤ ဆယ်ပါးတွင် တပါးပါးကျူးလွန်သော ရှင်သာမဏေ
ကို “ ဤကျောင်းသို့ မလာနှင့်”ဟု တားမြစ်သော အားဖြင့်
၎င်း သဲဒဏ် ရေဒဏ် ပေးသောအားဖြင့်၎င်း နှိပ်ကွပ် ဆုံးမ
ရမည်။[ ဒဏ် ၁၀-ပါး ပါဠိအနက်ကို နောက်ဆက်တွဲ ကျမှ
ပြမည်။ ]
လေ့ကျင့်ခဏ်း မေးခွန်း
က။ လိင်ဆယ်ပါးကို ရေတွက်ပြပါ။
ခ ။ လိင်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများ
ကို ပြပါ။
၈။
ဒဏ်ဆယ်ပါးကို ရေတွက်ပြပါ။
ဃ။ ဒဏ်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများ
ကို ပြပါ။
၉ ။
0:11
လိင်ဆယ်ပါးတွင် တပါးပါး ကျူးလွန်သူကို အဘယ်သို့
ပြုရမည်နည်း။
ဘိက္ခုနီမ၌ မေထုန်ကျင့်မှုသည် အဗြဟ္မစရိယနှင့် တူပါ
လျက် ဘာကြောင့် သီးခြားပြရသနည်း။
ဆ။ ဒဏ်ဆယ်ပါးတွင် တပါးပါး ကျူးလွန်သူကို အဘယ်သို့
ပြုရမည်နည်း။

## PAGE 240

-သေခိယသိက္ခာပုဒ်များကို
သင်ပြခဏ်း
သေခိယခေါ်ပုံ။ ။“ သေခိယ” ဟူသော ပါဠိစကားသည်
“သင်ထိုက် ကျင့်ထိုက်”ဟူသော အနက်ကို
ဟော၏၊ “ယခုပြမည့် ကျင့်ဝတ်များကို ရဟန်းတော်များနှင့်
ရှင်သာမဏေများပါ နားလည်အောင် ဆရာ့အထံ၌ ပဌမဆုံး
သင်ယူရမည်၊ နားလည်သောအခါ ထို သိက္ခာပုဒ်များအတိုင်း
ကျင့်ရမည်”ဟု ဆိုလိုသည်၊ ထို့ကြောင့် ဤ သေခိယသိက္ခာ
ပုဒ်တော်များကို ရှင်သာမဏေတို့အား အရကျက်ရုံမျှဖြင့်
ကိစ္စမပြီးစေဘဲ အမှန်နားလည်အောင် ဆရာကိုယ်တိုင် လက်
ထပ်သင်ပြထိုက်ပါသည်။
တိုက်တွန်းချက်။ ။ယခု ခေတ်သည် ရွေးချယ် စိစစ်လေ့
ရှိသော ခေတ်ဖြစ်၏၊ ဤခေတ်မျိုး၌
ရဟန်း သာမဏေများသည် သေခိယကျင့်ဝတ်အတိုင်း သွား
လာနေထိုင်ကြမှသာ လူအများ၏ လေးစားခြင်းကိုဆက်လက်
ရရှိကြပေလိမ့်မည်၊ ဤအတိုင်း မနေကြလျှင်ကား ဧကန်မုချ
အထင်သေး ခံကြရမည်သာ မက၊ လောကီဘက်က တိုးတက်
လာသလောက် သာသနာဘက်က တဖြည်းဖြည်း ဆုတ်ယုတ်
ပြီးလျှင် နှစ်ပေါင်းအတော်ကြာသော် အောက်တန်းလူများ၏
ကိုးကွယ်ရာလောက်သာ ဖြစ်သွားစရာ ရှိပါသည်၊ ထို့ကြောင့်
မိမိတို့ အခြေ အနေကို ခိုင်မြဲစေဘို့ရန် အချိန် မလွန်ခင်က
ဤ သေခိယသိက္ခာပုဒ်အတိုင်း ပြင်ဆင်ကြပါစို့။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
က။ ပရိမဏ္ဍလဝဂ်
၄၁
အမှာ။ ။ သိက္ခာပုဒ်အစုကို ပါဠိလို “၀”ဟု ခေါ်၍ မြန်မာ
လို “ဝဂ်=အပေါင်းအစု”ဟု ခေါ်၏၊ ပရိမဏ္ဍလ
သိက္ခာပုဒ်ကို အစထားသောဝဂ်ကို “ပရိမဏ္ဍလဝဂ်”ဟု ခေါ်
၏၊ ဤဝဂ်၌ သိက္ခာပုဒ်ပေါင်း ဆယ်ပါးရှိသည်၊ ဤသေခိယ
သိက္ခာပုဒ်များကို ကိုရင်ကလေးများအတွက် ဖတ်စာ ဖြစ်
အောင် ရေးထားပါသည်၊ ကိုရင်ကလေးများကို အဖတ်ခိုင်း၍
ဆရာဘုန်းကြီးက အဓိပ္ပါယ်နားလည်အောင် သင်ပြပါလေ၊
ကျောက်သင်ပုန်းမှာ ဖြစ်စေ ဗလာစာအုပ်မှာဖြစ်စေ အကူး
ခိုင်း၍ ဖတ်စေလျှင် လက်ရေးသင်ပြီးလည်း ဖြစ်နိုင်ပါသည်။
ကိုရင်၏ နာမည်ကို “ဗုဒ္ဓရက္ခိတ”ဟု မှည့်ထားကြပါစို့။]
ပရိမဏ္ဍလသိက္ခာပုဒ် ၂-ပါး
သင်းပိုင်ဝတ်ပုံ။ ။ ကိုရင် ဗုဒ္ဓရက္ခိတ...ခါးမှာ ဝတ်အပ်သော
အဝတ်ကို “သင်းပိုင်”ဟု ခေါ်သည်၊ အဲဒီ
သင်းပိုင်ကို ဝတ်သောအခါ ချက်ကို ဖုံးမိအောင် ဝတ်ရ၏၊ ခါး
ဘက်က အပေါ်မှာတက်နေ၍ ချက်ဘက်က အောက်လျှော
ကျနေအောင် မဝတ်ရပါ၊ အောက်ပိုင်းမှာလဲ ဒူးဆစ်အောက်
လက်ရှစ်သစ်လောက်ချပြီး ရွှေ့ရောနောက်ရော(ကတ်ကျေးနှင့်
ညှိ၍ ဖြတ်ထားသလို) ဝိုင်းနေအောင် ဝတ်ရသည်၊ အဲဒီလို
ဝတ်ခြင်းကို“ပရိမဏ္ဍလဖြစ်အောင် ဝတ်ခြင်း”ဟု ခေါ်ပါသည်၊
[ပရိ=အထက် အောက် ပတ်ဝန်းကျင်+မဏ္ဍလ= ဝိုင်းနေ
သည်။]
