## PAGE 241

၄၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ ……… ပရိမဏ္ဍလ ဖြစ်အောင်
သင်းပိုင်ဝတ်ထားသော ကိုရင်ကလေးများ၏ ပုံကို
ကြည့်ပြီး သင်းပိုင်ကို ဝတ်စမ်းပါ။
(၁) သင်းပိုင်အစ ၂-ဖက်ကို ညီညီထားပါ။
(၂) မခေါက်ခင် ဗိုက်နှင့်ကပ်နေသော သင်းပိုင်၏ ယာဘက်
အဖျားကို အထက်သို့ နဲနဲဆွဲတင်ပါ။
(၃) ၂-လွှာ ပူးထားသော သင်းပိုင်ကို ၂-ခေါက်ဖြစ်အောင်
ခေါက်၍ ဗိုက်မှာ ကပ်ပါ။
(၄) ထိုအခေါက်၏ အဖျားကို ညီညီကိုင်ပြီး အထက်သို့ နဲနဲ
ဆွဲ၍ လိပ်ပါ။
(၅) လိပ်သောအခါ ဒူးဆစ်အောက် လက်ရှစ်သစ်လောက်
ကျနေအောင် မှန်းပြီး လိပ်ပါ။
အမှာ။ ။အလိပ်မှာ ၂-လိပ် သို့မဟုတ် ၃-လိပ်လောက်သာ
တော်၏၊ ထို့ထက် များနေလျှင် ဘုကြီး ဖြစ်နေ၍
ကြည့်လို့လည်း မကောင်း, နေလို့လည်း မကောင်းပါ၊
ထို့ကြောင့် သင်းပိုင်က ရှည်လွန်းလျှင် ကိုရှင်နှင့် သင့်တော်
အောင် ဖြတ်ပေးကြပါလေ။
ဧကသီကိုလည်း ကိုရင်နှင့် အရွယ်တော်သော ဧကသီ
ကိုသာ ဝတ်ပါစေ၊ အလွန်ရှည်နေသော ဧကသီကို ညီအောင်
ရန်းသော်လည်း ညီညီ ညွတ်ညွတ်ဖြစ်အောင် မရုန်းနိုင်ကြ
သဖြင့် အချိုးမကျဘဲ ဖြစ်ပါလိမ့်မည်။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၄၃
သင်းပိုင်ကို အထက် အောက် ညီနေအောင် ဝတ်ထားပုံ။

## PAGE 242

99
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဧကသီ ရှန်းပုံ။ ။ကိုရင် ဗုဒ္ဓရက္ခိတ... ကိုယ်မှာ
ခြုံထားသော
သင်္ကန်းကို ““ဧကသီ” လို့ ခေါ်သည်၊
ကိုယ်ပေါ်မှာ ဧကသီခြုံထားခြင်းကို “သင်္ကန်းရန်းခြင်း”ဟု
ခေါ်သည်။
(၁) ဧကသီ၏ အထက်ပိုင်းအဖျားကို လက် ၂-ဖက်ဖြင့်
ခပ်စုစုကိုင်၍ ဆန့်တန်းပါ၊ အောက်မှာလဲ ညီနေပါစေ။
(၂) ဧကသီ ဝဲယာ ၂-ဖက်၏ အလယ်ပိုင်းလောက်သည်
ကျောနှင့် တည့်နေပါစေ။
(၃) ညာဘက်အစကို (ချိုင်းအောက်) သွင်းပြီး ဝဲဘက်
ပခုံးပေါ်တင်ပါ။
(၄) ဝဲဘက်အစကိုလည်း ဝဲဘက်ပခုံးပေါ် ထပ်၍ တင်ပါ။
(၅) ဤသို့ ရန်းထားသောသင်္ကန်းသည် အောက်ပိုင်းမှာ
လည်း သင်းပိုင်အထက်၌ လက် ၄-သစ်လောက် တက်
လျက် ပတ်ဝန်းကျင် ညီနေပါစေ၊ ဤကား ယခုခေတ်
သင်္ကန်းရန်းပုံ ဖြစ်၏။ (စာ၌ပါသော ရှန်းပုံတမျိုးကိုမူ
နားလည်သောဆရာများထံ သင်ကြပါလေ။)
ညီစွာဝတ်ရမည့်ဌာန။ ။“ဝန်းဝိုင်း ညီညွတ်အောင် သင်းပိုင်
ဧကသီကို ဝတ်ရမည်”ဟု ပညတ်
တော်မူသည့်အတိုင်း (တပါးတည်းနေသောအခါ အိပ်သော
အခါ စသည်တို့၌ ညီစ္စာ မဝတ်နိုင် မရန်းနိုင်သော်လည်း)
သံဃာ့အစည်းအဝေး ဘုရားဝတ်တက် စာတက်, ဆွမ်းစား
ကျောင်း, ဘုရားရှေ့တော်, ဆရာသားနှင့်, မထေရ်ကြီးများ
အထံသို့ သွားသောအခါတို့၌ ဤသိက္ခာပုဒ် ၂ ပါးနှင့်ညီ
အောင် ဝန်းဝိုင်း ညီညွတ်စွာ ဝတ်ရ ရှန်းရပါသည်။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၄၅
သင်းပိုင် ဧကသီကို ညီစွာဝတ်ထားပုံ။

## PAGE 243

၄၉
ရုပ်ပုံ ရှင်ကျင့်ဝတ်
"
သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ... မြို့တွင်း
ရွာတွင်းသို့ သွားသောအခါ
သင်္ကန်းရုံ၍ သွားရသည်၊ “သင်္ကန်းရုံ” ဆိုသည်မှာ-လည်
ပင်း၏နောက်ပိုင်းကိုလည်း ဖုံးမိအောင်, လက်ကောက်ဝတ်
အထိ လက်ကိုလည်း ဖုံးမိအောင် ဧကသီခြုံခြင်းတမျိုးကို
ဆိုလိုသည်၊ သင်းပိုင်ဝတ်ပုံမှာ ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်းပင်
ဖြစ်သည်။
<
သင်္ကန်းရုံပုံ။ ။ကိုရင် ဗုဒ္ဓရက္ခိတ……… သင်္ကန်းရုံသောအခါ
ဧကသီကို သိပ်လဲ မပူစေရ၊
သိပ်လဲ မကြပ်
စေရ၊ “ဂုတ်ပိုး”ဟု ခေါ်သော လည်ပင်းအဖုံးကိုလည်း မပူ
မကြပ်စေရ၊ လက်လိပ်ကိုလည်း လက်အောက်မှာ အရှည်ကြီး
တွဲ၍ မကျစေရ၊ အကောင်းဆုံးရုံတတ်သော ရဟန်းသာမဏေ
များထံ နည်းခံ၍ သပ်သပ်ယပ်ယပ်ဖြစ်အောင် သင်္ကန်းရုံပုံကို
သင်ပါ။
သင်္ကန်းရုံ၍ ထိုင်ပုံ။ ။ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်းရွာတွင်း၌
ထိုင်နေသောအခါ သိက္ခာပုဒ်တော်
နှင့် ညီညွတ်အောင် ထိုင်ရသည်၊ လည်ပင်းအထက်က
ဦးခေါင်း၊ လက်ကောက်ဝတ်ပြင်ဘက်က လက်ဖျား၊ခြေသလုံး
ကြွက်သားပြင်ဘက်က ခြေအဖျား ဤ ၃-နေရာလောက်သာ
ဖော်ထား၍ ကျန်သောကိုယ်အစိတ်အပိုင်း ဖုံး၍ ထိုင်ခြင်းကို
“သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်တော်နှင့်အညီ ထိုင်ခြင်း”ဟု ခေါ်
သည်၊ [သု=ကောင်းစွာ+ပဋိစ္ဆန္န=ကိုယ်ကို ဖုံးထားခြင်း။]
(ထိုင်ပုံကို ဆရာက သင်ပြပါ။)
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၄၉
သုသံဝုတသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ.မြို့တွင်း
ရွာတွင်းသို့ သွားသောအခါ
လက်ရောခြေရော ဟိုယမ်း သည်ယမ်းနှင့် လက်ဆော့ခြေဆော့
လုပ်မသွားရ၊ ထိုင်တဲ့အခါလည်း လက် ခြေတို့ကို ငြိမ်ငြိမ်
သက်သက်ထား၍ ထိုင်ရသည်။ [သု=ကောင်းစွာ+သံဝုတ=
လက် ခြေတို့ကို စောင့်စည်းသူ။]
ဩက္ခိတ္တစက္ခုသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်း
ရွာတွင်းသို့သွားသောအခါ
ဟိုကြည့် သည်ကြည့် မကြည့်ရ၊ ရထားထမ်းပိုး၏ တပြန်
လောက်သာ(၄-တောင်ခန့်လောက်သာ)ကြည့်၍သွားရသည်၊
ဤနည်းဖြင့် သွားခြင်း ထိုင်ခြင်းကို “စက္ခုနြေချပြီး သွားခြင်း
ထိုင်ခြင်း”ဟု ခေါ်သည်။ [ဩက္ခိတ္တ=အောက်၌ ချအပ်
သော+စက္ခု=မျက်စိ ရှိသူ။
။
ဥက္ခိတ္တကသိက္ခာပုဒ် ၂-ပါး။ ။ ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်း
ရွာတွင်းသို့ သွားသောအခါ
သင်းပိုင်ကိုဖြစ်စေ ဧကသီကိုဖြစ်စေ အထက်သို့ မြှောက်ပင့်၍
(စွန်တောင်ဆွဲ၍)မသွားရ၊ ထိုင်ခါနီးမှာလည်း ဧကသီကို
ခါးပေါ်နေအောင် မြှောက်ပင့်၍ မထိုင်ရ။ [ ဥက္ခိတ္တ=
မြှောက်ပင့်။
အမှာ။ ။သွားခြင်းအတွက် ၁-ပါး၊ ထိုင်ခြင်းအတွက် ၁-ပါး၊
ဤသို့အားဖြင့် သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်မှ စ၍ ၂-ပါးစီ
ရှိသည်။

## PAGE 244

၄၈
ရုပ်ပုံ ရှင်ကျင့်ဝတ်
ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီ
မြို့ရွာတွင်းသို့ စက္ခုနြေချပြီး သင်္ကန်းရုံ၍ သွားပုံ။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
လေ့ကျင့်ခဏ်း မေးခွန်း
ဘာကြောင့် “သေခိယ”ဟု ခေါ်သနည်း။
၄၉
ခ ။ သေခိယ ကျင့်ဝတ်များကို မသင်ဘဲနေလျှင် အပြစ်
ကင်းပါမည်လော။
ဂ ။ သင်းပိုင်ကို ဝတ်သောအခါ ဒူးဆစ်အောက်၌ ဘယ်
လောက်ချပြီး ဝတ်ရမည်နည်း။
ဃ။
C ll
0.11
ဆ။
.0 11
.
သင်းပိုင်ကို ပရိမဏ္ဍလ(ထက်ဝန်းကျင်ဝိုင်းဝိုင်းစက်စက်)
ဖြစ်အောင် ဘယ်လိုဝတ်ရမည်နည်း။
ဧကသီကို ပရိမဏ္ဍလဖြစ်အောင် ဘယ်လိုရှန်းရမည်နည်း။
မြို့ရွာအတွင်းသို့ သွားသောအခါ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်
နှင့် ညီအောင် ဘယ်လိုသွားရမည်နည်း။
မြို့ရွာအတွင်း၌ ထိုင်သောအခါ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်နှင့်
ညီအောင် ဘယ်လိုထိုင်ရမည်နည်း။
မြို့ရွာအတွင်း၌ သွားလာနေထိုင်သောအခါ ၊ ဩက္ခိတ္တ
စက္ခုသိက္ခာပုဒ်နှင့် ညီအောင် ဘယ်လိုသွားရ ထိုင်ရ
သနည်း။
ဈ။ မြို့ရွာအတွင်း၌ သွားလာနေထိုင်သောအခါ သင်းပိုင်
ဧကသီကို မြှောက်ပင့်ကောင်းသလော၊ ဘယ်သိက္ခာပုဒ်
က မမြှောက် မပင့်ဘို့ရန် တားမြစ်ပါသနည်း။
၄-
0-0-0-0-

## PAGE 245

၅ဝ
..
ရုပ်ပုံ ရှင်ကျင့်ဝတ်
၁။
ဥတ္ထိကဝဂ်
ဥဒ္ဓိက သိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ ……မြို့တွင်း
ရွာတွင်း၌ သွားသောအခါ
ကျယ်လောင်စွာရယ်၍ မသွားရ၊ ထိုင်သောအခါလည်း
ကျယ်လောင်စွာ ရယ်မနေရ၊ အကယ်၍ ရယ်စရာတွေ့ကြုံလျှင်
ပြုံးရုံသာ ပြုံးရသည်၊ ဥ=ကျယ်စွာ+တတ္ထိက= ရယ်ခြင်း။]
အပ္ပသဒ္ဒသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ … မြို့တွင်း
ရွာတွင်း၌ သွားသောအခါ
(အချို့လူတွေ ကျယ်လောင် ကျယ်လောင်နှင့် စကားပြော
သလို)ရဟန်း သာမဏေ အချင်းချင်း အသံကျယ်စွာ မပြော
ရ၊ ထိုင်နေသောအခါလည်း အသံကျယ်စွာ စကားပြော၍
မနေရ၊ စကားပြောစရာကိစ္စရှိလျှင် အနီးအပါး ကြားလောက်
ရုံသာ ပြောရသည်၊ တရားကိုကား အများကြားအောင်
ဟောကောင်းပါ၏။ [အပ္ပ=တိုးသော+သဒ္ဓ=အသံ။
ကာယပ္ပစာလကသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ
မြို့တွင်း ရွာတွင်း၌
သွားသောအခါ ကိုယ်ကို လှုပ်၍ ယမ်း၍ မသွားရ၊ ထိုင်သော
အခါလည်း ကိုယ်ကို မလှုပ်မယှက် ငြိမ်သက်စွာထား၍ ထိုင်ရ
သည်၊ “ကိုယ်”ဆိုသော်လည်း သွားတဲ့အခါ တကိုယ်လုံးကို
မဆိုလို၊ အထက်ပိုင်းကိုယ်ကိုသာ ဆိုလိုသည်။ အောက်ပိုင်း
ကိုယ်ကား လှုပ်လှုပ်ရှားရှား သွားနိုင်ပါသည်။ [ကာယ
ကိုယ် +ပစာလက=အမျိုးမျိုးလှုပ်စေ၍။
၅၁
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
ဗာဟုပ္ပစာလက သိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ.မြို့
ရွာ အတွင်း၌ သွား
သောအခါ လက်ရုံးလက်မောင်းကို မလှုပ်မရှား ငြိမ်သက်စွာ
ထား၍ သွားရသည်၊ ထိုင်သောအခါလည်း လက်ရုံး လက်
မောင်းကို မလှုပ်မရှားဘဲ ထိုင်ရသည်၊ [ဗာဟု လက်ရုံး
လက်မောင်း။]
သီသပ္ပစာလက သိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ..
မြို့တွင်း ရွာတွင်း၌
သွားသောအခါ
ဦးခေါင်းကိုလှုပ်၍ ခါ၍ သွားလည်း မသွားရ
ထိုင်လည်း မထိုင်ရ၊ ဦးခေါင်းကို ငြိမ်ငြိမ်သက်သက်ထား၍
သွားရ ထိုင်ရသည်။ [သီသ=ဦးခေါင်း
၈။ ခမ္ဘကတဝဂ်
ခမ္ဘကတ သိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်း
ရွာတွင်း၌ သွားသောအခါ
ခါးကို လက်ဖြင့် ထောက်၍ မသွားရ၊ ထိုင်သောအခါလည်း
ခါးထောက်၍ မထိုင်ရ၊ ခမ္ဘကတ=ခါးထောက်ခြင်း။
ဩဂုဏ္ဏိတ သိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်း
ရွာတွင်း၌ သွားသောအခါ
ဦးခေါင်းကို ခြုံ၍ မသွားရ၊ ထိုင်သောအခါလည်း ခေါင်းမြီး
ခြုံ၍ မထိုင်ရ၊ [ဩဂုဏ္ဌိတ=ခြုံအပ်သော ဦးခေါင်းရှိသူ။
ဥက္ကုဋိက သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ.ခြေဖျားဖြင့်သာ
မြေ၌ နင်း၍ ခြေဖနောင့်က မြေ၌
