## PAGE 246

၅၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
မထိဘဲ(ခြေဖျားထောက်၍) သွားခြင်း, ခြေဖနောင့်ဖြင့်သာ
မြေ၌နင်း၍ ခြေဖျားက မြေ၌မထိဘဲ(ခြေဖနောင့်ထောက်၍)
သွားခြင်းကို“ဖဝါးအစွန်ဖြင့်
နင်းခြင်း”ဟု ခေါ်သည်၊ မြို့တွင်း
ရွာတွင်း၌ သွားသောအခါ ထိုကဲ့သို့ ဖဝါးစွန်နင်း၍ မသွား
ကောင်း။ ဥ= အထက်၌+ကုဋိက=အစွန်းရှိသည်။]
}=
ပတ္ထိက သိက္ခာပုဒ်။ ။ကိုရှင် ဗုဒ္ဓရက္ခိတ….အချို့လူများ
ထိုင် သောအခါ ဒူး ၂-ဖက်ကို
ထောင်ပြီးလျှင် ထိုးကို လက် ၂-ဖက်ဖြင့် ပတ်၍ဖြစ်စေ
အဝတ်ဖြင့် ပတ်၍ဖြစ်စေ အဝတ်ကို ကျစ်ထားသော ကြိုးဖြင့်
ပတ်၍ဖြစ်စေ ထိုင်လေ့ရှိကြသည်၊ထိုသို့ ထိုင်ခြင်းကို “လက်
အာယောဂပတ်, ပုဆိုး (အဝတ်) အာယောဂပတ်”ဟု ခေါ်
ကြ၏၊ မြို့တွင်း ရွာတွင်း၌ ထိုကဲ့သို့ ပတ်၍ မထိုင်ကောင်းပါ။
[ပတ္တိ=ပတ်ဖွဲ့ခြင်း။
သက္ကစ္စ ပတိဂ္ဂဟဏ သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ...ဆွမ်း
ခံသောအခါ ဆွမ်းကို
ဖြစ်စေ ဟင်းကိုဖြစ်စေ မလိုချင်သလို သွန်ပစ်ချင်သလို အနေ
မျိုးဖြင့် မခံယူရ၊ ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ လေးလေး
စားစား ခံယူရပါသည်။ [ သက္ကစ္စ = ကောင်းစွာပြု၍+
ပတိဂ္ဂဟဏ=ခံယူခြင်း။]
ပတ္တသညီ ပတိဂ္ဂဟဏ။ ။ကိုရင် ဗုဒ္ဓရက္ခိတဆွမ်းခံသောအခါ
ဟိုကြည့်သည်ကြည့် မကြည့်ရ၊ငေး၍
လည်း မနေရ၊ဟိုကြည့်သည်ကြည့်ကြည့်နေလျှင်ငေး၍နေလျှင်
ဆွမ်းလောင်းနေမှန်းလဲ မသိ၊ ဆွမ်းလောင်းပြီးမှန်းလဲ မသိဘဲ
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
၅၃
ဖြစ်တတ်သည်၊ ထို့ကြောင့် သပိတ်၌ အမှတ်သညာထား၍
(သပိတ်၌ စိတ်စိုက်၍) ဆွမ်းခံရသည်။ [ပတ္တသညီ=သပိတ်၌
သညာရှိသည် ဖြစ်၍ + ပတိဂ္ဂဏဟ=ခံယူခြင်း။ ]
သမသူပက သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ..ဣန္ဒိယ နိုင်ငံ၌
ကုလားလူမျိုး တို့သည် ပဲဟင်းကို
လက်ဖြင့် ကော်ယူလျှင် ရလောက်အောင် မပြစ်မကျဲချက်၍
ထို ပဲဟင်းဖြင့် ထမင်းစားလေ့ရှိကြ၏၊ သံဃာတော်အား
လည်း ပဲဟင်းကိုပင် လောင်းလေ့ ရှိကြသည်။
ဆွမ်းခံရာ၌ ထို ပဲဟင်းမျိုးကို ခံယူသောအခါ အလွန်များ
စွာ မခံယူရ၊ ဆွမ်း၏ ၄-ပုံလျှင် တပုံလောက်သာ ခံယူရသည်၊
ပဲဟင်းမှ တပါးသော သားဟင်း ငါးဟင်းများကိုကား တတ်
နိုင်သူတွေက လောင်းတာဖြစ်၍ အလိုရှိသလောက် ခံယူ
ကောင်းပါသည်။ သမ= ဆွမ်းနှင့်မျှသော+သူပက ပဲဟင်း
ရှိအောင်၊
သမတိတ္ထိက သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ... သပိတ်မှာ
အတွင်းခမ်း အပြင်နခမ်း
မျိုး ရှိ၏၊ အတွင်းနခမ်းထက် အပြင်ခမ်းက မြင့်သည်၊ ဆွမ်း
ခံသောအခါ သပိတ်၏ အတွင်းနခမ်းနှင့် ညီရုံသာ ခံရသည်။
အတွင်းနခမ်းက ပို၍ မိုမောက် လျှံတက်နေအောင် မခံချေ။
[သမတိတ္ထိက = သပိတ်၏ အတွင်းနခမ်းနှင့် ညီမျှသော ဆွမ်း
ရှိသည်။

## PAGE 247

၅၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီ ဆွမ်းခံနေကြပုံ။
က၊
2 11
၇ ။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
လေ့ကျင့်ခဏ်း မေးခွန်း
၅၅
မြို့တွင်း ရွာတွင်း၌
ကျယ်လောင်စွာရှယ်ကောင်းသလား၊
အသံ ကျယ်ကျယ်နှင့် ရဟန်း သာမဏေ အချင်းချင်း
စကားပြောကောင်းသလား။
မြို့ ရွာ အတွင်း၌ … ကိုယ်, လက်မောင်း, ဦးခေါင်းတို့ကို
လှုပ်ရှား၍ သွားကောင်း ထိုင်ကောင်းသလော။
မြို့ရွာ အတွင်း၌ ခါးကို ထောက်၍ သွားကောင်း ထိုင်
ကောင်းသလော။
မြို့ရွာအတွင်း၌ ခေါင်းမြီးခြုံ၍ မနေဘို့ရန် ဘယ်သိက္ခာ
ပုဒ်က တားမြစ်သနည်း။
၄။ ဘယ်လိုနင်း၍ သွားခြင်းကို “ဖဝါးအစွန် နင်းခြင်း” ဟု
ခေါ်သနည်း။
0 1
ဆေး
ဘယ်လိုထိုင်နေမှုကို“အာယောဂပတ်”ဟု ခေါ်သနည်း၊
လက် အာယောဂပတ်နှင့် အဝတ် အာယောဂပတ်ကို
ခွဲခြားပြပါ။
ဆွမ်းခံသောအခါ ဘယ်လိုဆွမ်းခံမှ သက္ကစ္စဖြစ်၍၊ ဘယ်
လို ဆွမ်းခံမှ ပတ္တသညီပတိဂ္ဂဟဏ ဖြစ်သနည်း၊
၅။ လက်ကော်ရ ပဲဟင်းကို ဆွမ်း၏ ဘယ်နှစ်ပုံလောက်သာ
ခံယူကောင်းသနည်း။
ဈ။ ဆွမ်းခံသောအခါ သပိတ်အပေါ် မောက်တက်နေ
အောင် ခံကောင်းသလော၊ ဘယ်လောက် အထိသာ
ခံကောင်းသနည်း ။

## PAGE 248

၅၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဃ။ သက္ကစ္စဝဂ်
[ ဤမှ နောက်၌ ဆွမ်းစားမှုနှင့် စပ်သော သိက္ခာပုဒ်များ
လာလိမ့်မည်။ ]
သက္ကစ္စဘုဉ္စနသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ….မကျန်းမာသူ
တို့သည် ထမင်းစားသော အခါ
မစားချင့် စားချင် စားလေ့ရှိကြ၏၊ ရဟန်း သာမဏေတို့မှာ
ကျန်းမာနေလျှင် ထိုကဲ့သို့ မစားချင့် စားချင် မစားဘဲ
ကောင်းမွန်စွာ (စိတ်ပါလက်ပါ)စားရသည်၊ [ သက္ကစ္စ=လေး
လေးစားစား ဘုဉ္စန = စားခြင်း ]
ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ. ဆွမ်းစား
သောအခါ ဟိုကြည့်သည်ကြည့်
ကြည့်၍၎င်း ငေး၍၎င်း မခားရ၊ ဟိုကြည့် သည်ကြည့်
ကြည့်၍၎င်း ငေး၍၎င်း စားနေလျှင် သတ်ထဲသို့ ဆွမ်း
ဖြစ်စေ ဟင်းဖြစ်စေ တည့်နေသည်ကိုလည်း မသိ၊ ထည့်ပြီး
သည်ကိုလည်း မသိဘဲ ဖြစ်တတ်သည်။ ထို့ကြောင့် သပိတ်၌
အမှတ်သညာ လင်း၍ စားရသည်။ ပတ္တသညီ=သပိတ်၌
သညာရှိသည်ဖြစ်၍ + သုတ္တနားခြင်း၊
သပဒါန သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ… ဆွမ်းစားသော
အခါ သပိတ်ထဲမှာရှိသော(ပန်းကန်
ပြားထဲမှာ ရှိသော ဆွမ်းကို ဟိုနားကယူလိုက် သည်နားက
ယူလိုက်နှင့် မစားရ၊ အစမှစ၍ အစဉ်အတိုင်း ယူစားရသည်၊
သူတပါးအား ပေးလိုလျှင်ကား ယူချင်တဲ့ အပိုင်းကို ယူ၍
ပေးနိုင်ပါသည်။ [သပဒါန= အစဉ်အတိုင်း။]
၅၇
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
သမသူပကသိက္ခာပုဒ်။ ။ကိုရင်ဗုဒ္ဓရက္ခိတ….ဆွေမျိုးလည်း
မဟုတ်၊အလိုရှိတာကို တောင်းပါ
ဟု ဖိတ်ထားသူလည်း မဟုတ်သော လူများက လှူသော
ဆွမ်းကို စားသောအခါ လက်ကော်၍ရအောင် ချက်ထား
သော ပဲဟင်းကို ဆွမ်း၏ ၄-ပုံ- တပုံလောက်သာ စားရသည်၊
အလွန် များများ မစားရ၊ ဆွေမျိုးနှင့် ဖိတ်ထားသူတို့ ဆွမ်း
ကျွေးသောအခါ၌ကား ပဲဟင်းကို များများစားသော်လည်း
အပြစ်မရှိ။ သမ္= ဆွမ်းနှင့် ကော်လောက်ရုံဖြစ်သော +
သူပက=ပဲဟင်းရှိသည်။
ထူပကသိက္ခာပုဒ်။ ။ကို၎င်ဗုဒ္ဓရက္ခိတ... ဆွမ်းခွက် အလယ်
ဗဟိုက မိုမောက်နေသော နေရာကို
“ဆွမ်းဦး ဆွမ်းထိပ်”ဟု ခေါ်၏၊ ဆွမ်းစား သာအခါ
ဆွမ်းဦးဆွမ်းထိပ်ကို နှိပ်၍ (နှိုက်၍)မယူဘဲ အစမှစ၍ စဉ်
အတိုင်းယူပြီး စားရသည်။ [သူပာာောက်သောနေရာ။
ပဋိစ္ဆာဒနသိက္ခာပုဒ်။ ။ကိုရင်ဗုဒ္ဓရက္ခိတ...ဆွမ်းလောင်းလူ
ဆွမ်းလိုက်သူတို့သည် ဟးမရသေး
သော ကိုယ်တော်ကို သာ၍ လောင်းချင်ကြပ်၊ ထို့ကြောင့်
ရပြီးသော ပဲဟင်း သားငါးဟင်းတို့ကို လောင်းသူ ဟင်းလိုက်
သူတို့ မမြင်ရအောင် နောက်ထပ်အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့်
ဖုံးမထားရ၊ သူတို့ဘာသာ လူမြင်မှာစိုး၍ နွားသားစသည်ကို
ဖုံးပြီးလောင်းလိုက်လျှင်ကား အပြစ်မရှိ။ ပဋိစ္ဆာဒန =
ဖုံးခြင်း။]
-
သူပေါဒနဝိညတ္တိသိက္ခာပုဒ်။ ။ကိုရှင်ဗုဒ္ဓရက္ခိတ …… ဆွေမျိုး
လည်း မဟုတ်၊ ပစ္စည်းလေး

## PAGE 249

၅၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ပါးအလိုရှိလျှင် တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူလည်း
မဟုတ်သော လူတို့အား ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ
မတောင်းကောင်း မဖိတ်ကောင်းပါ၊ ဟင်း-ဆွမ်းသာမက
အခြားပစ္စည်းများကိုလည်း မတောင်းကောင်း၊သူပေါဒန==
ဟင်း ဆွမ်းကို+ဝိညတ္တိ= တောင်းခြင်း။]
မှတ်ချက်။ ။ဆွမ်း ဖြစ်စေ အခြားပစ္စည်းကို ဖြစ်စေ (ရေကို
ဖြစ်စေ) အလိုရှိလျှင် ဆွမ်းရပ်သလို သူတို့၏
အနားသို့ သွား၍ ရပ်ရသည်။ “ဘာ အလိုရှိပါတုန်း”ဟု မေးမှ
ဆွမ်းအလိုရှိသည် ဟင်းအလိုရှိသည် ဆေးအလိုရှိသည် စသည်
ဖြင့် ပြောရသည်၊ ထိုသို့ ပြော၍ လှူလျှင် အပြစ် မရှိပါ၊
မလှူလျှင် လှူချင်လာအောင် ဆက်၍ မပြောကောင်း၊
ထိုသို့ ထပ်၍ ပြောမှ ရအပ်သောပစ္စည်းကား ရဟန်းသာမဏေ
ဟူသမျှ မသုံးကောင်းတော့ချေ၊ ဤသိက္ခာပုဒ်တော်ကို ရဟန်း
သာမဏေများသာမက၊ သာသနာ့ဒါယကာဖြစ်သော ဗုဒ္ဓ
ဘာသာဝင်တိုင်း နားလည်သင့်ကြပေသည်။
ဥဇ္ဈာနသညီသိက္ခာပုဒ်။ ။ကိုရှင်ဗုဒ္ဓရက္ခိတ….ဆွမ်းခံပြန်လာ
သောအခါ တချို့က ကဲ့ရဲ့လို၍
သူများသပိတ်ကို ကြည့်တတ်ကြ၏၊ ဆွမ်းတို့ ဟင်းတို့ နည်းနေ
လျှင် လှောင်လိုပြောင်လိုခြင်း, ဆွမ်းတို့ ဟင်းတို့ များနေလျှင်
“ဒကာ ဒကာမတို့ကို ကြည်ညိုအောင် `ပေါင်းတတ်လို့ ဆွမ်း
တွေ ဟင်းတွေ ရတာဘဲ”ဟု ကဲ့ရဲ့လိုခြင်း ဤသို့ ယုတ်မာသော
စိတ်ဖြင့် ကြည့်ခြင်းကို “ ကဲ့ရဲ့လို၍ ကြည့်ခြင်း” ဟု ဆိုသည်၊
ထိုသို့ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူ့သပိတ်ကို မကြည့်ကောင်းပါ၊
ဆွမ်းမရလျှင် ပေးလိုသော စိတ်, များလျှင် အလှူခံလိုသော
£ £
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
၅၉
စိတ်ဖြင့်ကား ကြည့်ကောင်း၏။ ဥဇ္ဈာနသညီ ကဲ့ရဲ့ခြင်း၌
သညာရှိသည်။]
အတိမဟန္တသိက္ခာပုဒ်။ ။ကို၎င်ဗုဒ္ဓရက္ခိတ….ဆွမ်းစားသော
အခါ ဆွမ်းလုပ်ကို အလွန်ကြီးကြီး
ပြုလုပ်၍ မစားရ၊ မိမိ ပါးစပ်အတွင်းမှာ တော်ရုံလောက်
မှန်း၍ ဆွမ်းလုပ်ကို ပြုလုပ်ရသည်၊ ကျမ်းစာတို့၌ “ဒေါင်းဥ
လောက် မကြီးစေရ”ဟု သတ်မှတ်၏၊ သို့သော် “ပါးစပ်ထဲ၌
ပြည့်သိပ်နေအောင် မစားရ”ဟုသာ မှတ်ပါ။ [အတိမဟန္တ==
အလွန်ကြီးသည်။
ပရိမဏ္ဍလအာလောပ။ ။ကိုရင် ဗုဒ္ဓရက္ခိတ... ဆွမ်းလုပ်ကို
ရှည်ရှည် လျားလျား မဖြစ်စေဘဲ
ခပ်ဝိုင်းဝိုင်းနေအောင် ပြင်ပြီးမှ ပါးစပ်တွင်းသို့ သွင်းရသည်၊
ထို ့ကြောင့် ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို လက်ထဲ၌
ထည့်ပြီးလျှင် လက်မကလေးနှင့် လှည့်ပတ်၍ ပြင်လိုက်ပါ၊
ဆွမ်းလုပ်ပြင်ရင်း (ရှေး၌ပြခဲ့ပြီးသော ပစ္စဝေက္ခဏာကိုလည်း
အတိုချုပ် ဆင်ခြင်နိုင်ပါသေးသည်၊)ဤကဲ့သို့ ဆွမ်းလုပ်ပြင်၍
စားလေ့ရှိသော ရဟန်းသာမဏေများကို လူတို့က အလွန်
ကျေနပ်ကြည်ညိုကြသည်။ [ပရိမဏ္ဍလ=ထက်ဝန်းကျင် ဝိုင်း
သော+အာလောပ=ဆွမ်းလုပ်။

## PAGE 250

၆ဝ
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဆွမ်းစားသောအခါ ပစ္စဝေက္ခဏာ ဆင်ခြင်၍ ဆွမ်းလုပ်ပြင်နေပုံ။
က။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
လေ့ကျင့်ခဏ်း မေးခွန်း
၆၁
ဆွမ်းစားသောအခါ အဘယ်သို့စားမှ သက္ကစ္စ(လေးစား
သော)စားခြင်း ဖြစ်သနည်း။
ခ ။ ဆွမ်းစားသောအခါ ဆွမ်းကို ဟိုနားကယူ သည်နားက
ယူ ယူ၍ စားကောင်းသလော၊ ဘယ်သို့ ယူ၍ စားရ
မည်နည်း။
၁။
ဆွမ်းစားခွက်၏အလယ်ဗဟို မိုမောက်နေသော နေရာက
စ၍ နှိုက်ကောင်းပါသလော၊ ဘယ်သို့ ယူ၍ စားရ
မည်နည်း။
ဃ။ များများလိုချင်၍ ရပြီးဟင်းကို မရသေးဘူးထင်အောင်
ဆွမ်းဖြင့် မဖုံးကောင်းဟု ဘယ်သိက္ခာပုဒ်က တားမြစ်
သနည်း။
Cll
0 ||
ဆွေမျိုးလည်း မတော် အလိုရှိရာ တောင်းပါဟု
ဖိတ်လည်း မဖိတ်သူ့ထံ ဆွမ်းကို၎င်း ဟင်းကို၎င်း
တောင်းကောင်းသလား။
ဆွမ်းကို ဖြစ်စေ ဟင်းကို ဖြစ်စေ အလိုရှိလျှင် ဝိနည်း
တော်နှင့် လျော်အောင် ဘယ်သို့ ပြုလုပ်ရမည်နည်း။
ဆ ဆွမ်းလုပ်ကို အလွန် ကြီးကြီးလုပ်၍ စားကောင်း
သလော၊ ဘယ်လောက်သာ ကြီးစေရမည်နည်း။
Ⓒ 11
ဆွမ်းလုပ်ကို လူများ စားသလို မပြင်ဘဲနှင့် စားကောင်း
သလား၊ ဘယ်လို ပြင်၍ စားရမည်နည်း။
