## PAGE 251

ရုပ်ပုံ ရှင်ကျင့်ဝတ်
cll
ကဗဠဝဂ်
ကဗဠသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ…ဆွမ်းစားသောအခါ
ပါးစပ်ပေါက်နားသို့ ဆွမ်းလုပ်မရောက်
ခင် ပါးစပ်ကို ဖွင့်ဟထားခြင်းသည် မယဉ်ကျေးသော အမှု
အရာဖြစ်၏၊ ထို့ကြောင့် ပါးစပ်ပေါက်သို့ ဆွမ်းလုပ်မရောက်မီ
ပါးစပ်ပေါက်ကို ဖွင့်၍(ဟ၍)မထားရ။ ကဗဠ=ဆွမ်းလုပ်။
ဘုဉ္စမာနသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ….ဆွမ်းစားသော
အခါ လက်ချောင်းများကို (တ
ချောင်းတလေမျှ)ခံတွင်းသို့ မသွင်းရ။ [ခံတွင်းဆိုသည်မှာ
နှုတ်ခမ်း သွားတို့၏ အတွင်းဘက်ကို ဆိုလိုသည်။]
သကဗဠသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ.ခံတွင်းထဲ၌ ဆွမ်း
လုပ်ရှိနေတုန်းမှာ စကားမပြောရှ
စကားပြောချင်လျှင် ခံတွင်းမှာရှိသော ဆွမ်းလုပ်ကို မျိုချ
ပြီးမှ ပြောရသည်၊ ခံတွင်းထဲ၌ နဲနဲပါးပါးရှိ၍ စကားလုံး
ပီအောင် ပြောနိုင်လျှင်ကား ပြောကောင်းပါ၏။
ပိဏ္ဍုက္ခေပကသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရုက္ခိတ.ဆွမ်းစား
သောအခါ ဆွမ်းအခဲကိုဖြစ်စေ
ဆွမ်းလုပ်ကိုဖြစ်စေ ပါးစပ်တွင်းသို့ မြှောက်၍(ပစ်၍)မသွင်းရ၊
ပါးစပ်နား တေ့မိမှသာ ဆွမ်းလုပ်ကို သွင်းရသည်။ [ပိဏ္ဍ=
ဆွမ်း+ဥက္ခေပက= မြှောက်၍။
ကဗဠာဝစ္ဆေဒက။ ကိုရင် ဗုဒ္ဓရက္ခိတ..တချို့လူများသည်
ထမင်း ပူပူနွေးနွေးကို ဆုပ်ပြီးလျှင်
ကိုက်ဖြတ်၍ စားတတ်ကြ၏၊ ရဟန်း သာမဏေတို့ကား
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
၆၃
ဆွမ်းလုပ်( ဆွမ်းဆုပ် )ကို ကိုက်ဖြတ်၍ မစားကောင်း။
[အဝစ္ဆေဒက ကိုက်ဖြတ်၍။]
အဝဂဏ္ဍကာရက။ ။ကို၎င်ဗုဒ္ဓရက္ခိတ...မျောက်သတ္တဝါများ
သည် အစာစားသောအခါ ပါးစောင်
ကို ဖောင်းနေအောင် ထား၍ စားလေ့ရှိကြ၏၊ တချို့လူများ
လည်း ထိုကဲ့သို့ စားတတ်ကြသည်၊ ရဟန်းသာမဏေတို့မှာ
ထိုကဲ့သို့ မစားကောင်းပါ၊ ခံတွင်းအလယ်မှာ ထား၍ စားရ
သည်၊ သစ်သီးစားရာ၌ကား ပါးစောင်ကို ဖောင်းနေအောင်
ထား၍ စားကောင်းပါ၏။ [အဝ=ယုတ်ညံ့စွာ+ဂဏ္ဍကာ-
ရက=ပါးစောင်ကိုပြု၍။]
ဟတ္ထနိဗ္ဗုနက။ ။ကိုရင် ဗုဒ္ဓရက္ခိတ…….တချို့လူများသည်
ထမင်းစားသောအခါ လက်ကို ခါ၍ ခါ၍
စားတတ်ကြ၏၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ လက်ကို ခါ၍
မစားကောင်း၊ လက်မှာ ပေနေလျှင် မခါဘဲ လက်မဖြင့်
အသာဖယ်၍ ချရသည်။ [ဟတ္ထ=လက်ကို+ဓုနကခါ၍။
သိတ္ထာဝကာရက။ ။ကိုရှင်ဗုဒ္ဓရက္ခိတ ဆွမ်းစားသောအခါ
ဆွမ်းလုံးများကို ဟိုကြဲ သည်ကြဲနှင့်
ကြဲဖြန့်၍ မစားကောင်း]။ [သိတ္ထာဝကာရက= ဆွမ်းလုံးတို့ကို
ကြဲဖြန့်၍။
ဇိဝှါနိစ္ဆာရက။ ။ကိုရင် ဗုဒ္ဓရက္ခိတ... တချို့ မိန်းမများသည်
ပါးစပ်နားရောက်လာသော ထမင်းလုပ်
ကို လျှာထုတ်၍ ကော်ယူတတ်ကြ၏၊ ရဟန်းသာမဏေတို့ကား
ဆွမ်းကို၎င်း ဟင်းကို၎င်း လျှာဖြင့် ထုတ်၍ ကော်မယူကောင်း၊
ဇိဝှါနိစ္ဆာရက==လျာထုတ်၍။

## PAGE 252

€5
၆၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
စပုစၦ ကာရက။ ။ကိုရင်ဗုဒ္ဓရက္ခိတ... တချို့မိန်းမများသည်
ထမင်းစားသောအခါ စပ်စပ်=ပျပ်ပျပ်
နှင့် အသံမြည်စေတတ်ကြ၏၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့
ပျပ်ပျပ်သံမြည်အောင် မစားကောင်း။ [စပုစၦ = စပ်စပ်
ပျပ်ပျပ်+ကာရက=ပြု၍။]
လေ့ကျင့်ခဏ်း မေးခွန်း
က။ ဆွမ်းစားသောအခါ ပါးစပ်ပေါက်သို့ ဆွမ်းလုပ်မရောက်
ခင် ပါးစပ်ပေါက်ကို ဘယ်လိုလုပ်၍ မထားရသနည်း။
ခ ။ ဆွမ်းစားသောအခါ လက်ချောင်းများကို အဘယ်သို့
မထည့်သွင်းဘဲ စားရသနည်း။
၇။
ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေတုန်းမှာ ဘာကို မလုပ်ရ
သနည်း။
သ။ ဆွမ်းစားသောအခါ ဆွမ်းလုပ် ဆွမ်းခဲကို ပါးစပ်တွင်းသို့
ဘယ်လိုလုပ်၍ မသွင်းရသနည်း။
င ။ ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ဘယ်လိုလုပ်၍
ရသနည်း။
မစား
စ ။ ဆွမ်းလုပ်ကို ပါးစောင်တဖက်၌ ထား၍ စားကောင်း
သလော၊ အဘယ်မှာထား၍ စားရမည်နည်း။
ဆ။ လက်၌ ပေနေသော ဆွမ်း ဟင်းများကို ခါ၍ ပစ်
ကောင်းသလော၊ ဘယ်လို လုပ်ရမည်နည်း။
C
ဇ ။ ဆွမ်းလုပ်ကို လျှာထုတ်၍ ကော်ယူကောင်းသလော။
ဈ ။ ပျပ်ပျပ်မည်အောင် ဆွမ်းစားကောင်းသလော။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
စ။ သုရုသုရုဝဂ်
<
၆၅
သုရုသုရု သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ.. ဟင်းရည်ကို
ဖြစ်စေ၊ နွားနို-လက်ဘက်ရည်ကို
ဖြစ်စေ သောက်သောအခါ “ရှရူး=ရှရူး” လို့ အသံမြည်
အောင် မသောက်ရ၊ ပါးစပ်ကိုနဲနဲမော့ပြီး အသံမမြည်အောင်
အသာကလေး မျှောချရသည်။ [ သုရုသုရု=ရှရူး ရှရှူးဟု +
ကာရက=ပြု၍။]
ဟတ္ထ နိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ... အောက်တန်းကျ
သောတချို့လူများသည် ထမင်း စား
သောအခါ လက်ချောင်းမှာ ကပ်နေသော ဟင်းစ- ထမင်းစ
တို့ကို လျှာဖြင့် လျက်၍ လျက်၍ စားတတ်ကြ၏၊ ရဟန်း
သာမဏေတို့မှာ ထိုကဲ့သို့ လျက်၍လျက်၍ မစားကောင်းပါ။
[ ဟတ္တ=လက်+နိလ္လေဟက=လျက်၍။]
ပတ္တ နိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ….တချို့ ကလေးများ
သည် ထမင်းမလောက်မင ဖြစ်နေလျှင်
ထမင်းခွက်မှာ ကျန်နေသော ဟင်း အစအန ထမင်းအစအန
တို့ကို လက်ဖြင့် ရသမျှ ခြစ်ချုတ်၍ စားတတ်ကြ၏၊ ရဟန်း
သာမဏေတို့မှာ ထိုကဲ့သို့ သပိတ်(ဆွမ်းစားခွက်-ပန်းကန်ပြား)
တို့ကို ခြစ်ချုတ်၍မစားကောင်းပါ၊ ကုန်ခါနီး၌ ဆွမ်းအားလုံး
ကို သိမ်းယူမှုကိုကား ပြုကောင်းပါသည်။ [ ပတ္တ=သပိတ်
ခွက်။
ဩဋ္ဌ နိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ... တချို့ လူများသည်
ထမင်း စားသော အခါ နှုတ်ခမ်းမှာ
ကပ်နေသော ဟင်းအစအနကို လျှာဖြင့် လျက်၍ လျက်၍
၅-ပ-မ-သ-စ

## PAGE 253

၆၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
စားလေ့ရှိကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ လျှာဖြင့်
လျက်၍ မစားကောင်းပါ။ ဩဋ္ဌ=နှုတ်ခမ်း။]
ပါနီယတ္ထာလက။ ။ကိုရင် ဗုဒ္ဓရက္ခိတ. တချို့ လူများသည်
ထမင်းစားတုန်း ဖြစ်စေ၊ ထမင်းစားပြီး
ခါစ ဖြစ်စေ ရေသောက်လိုလျှင် ထမင်း
ဟင်း သရည်စာတွေ
ပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်တတ်ကြသည်၊
ထိုသို့ ကိုင်သည့်အတွက် နောက်တယောက် မသောက်ချင်
လောက်အောင် သောက်ရေခွက်မှာ ရွှံ့စရာ ဖြစ်နေတော့၏၊
ထို့ကြောင့် ရဟန်း သာမဏေတို့မှာ ပေနေသောလက်ဖြင့်
သောက်ရေခွက်ကို မကိုင်ကောင်းပါ။[ပါနီယ=သောက်ရေ+
ထာလက=ခွက်။]
မှတ်ချက်။ ။သောက်ရေခွက်ကို ကိုင်ချင်လျှင် မပေသော
အခြားလက်တဘက်ဖြင့် ကိုင်ရမည်၊ သို့မဟုတ်
ပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ပြီးနောက်
ထိုရေခွက်ကို ဆေးမည် ဟူသော ရည်ရွယ်ချက်ဖြင့်လည်း
ကိုင်နိုင်ပါ၏၊ သောက်ရေခွက်
မဟုတ်သော တခြား
ဆေးရေ
ခွက်ကိုကား ပေနေသောလက်ဖြင့်ပင် ကိုင်ကောင်းပါ၏။
သသိတ္ထကသိက္ခာပုဒ်။ ။ ကိုရင် ဗုဒ္ဓရက္ခိတ... ရှေး ရဟန်း
သာမဏေ များသည် ဆွမ်းခံပြီး
သောအခါ မြို့တွင်း ရွာတွင်းမှာရှိသော စရပ်၌ ဆွမ်းစား
တတ်ကြသည်၊ ဤ သိက္ခာပုဒ်ကို ပညတ်တော်မမူမီက ဆွမ်း
စားပြီးနောက် သဖိတ်ဆေးသောအခါ ဆွမ်းလုံးတွေနှင့်တကွ
သပိတ်ဆေးရေကို ထိုမြို့တွင်း ရွာတွင်းမှာ သွန်ခဲ့သောကြောင့်
(“ကိုယ်တော်တွေ့နှယ် ဆွမ်းလုံးတွေကို သပိတ်ဆေးရေနှင့်
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
၆၇
အတူ သွန်ပစ်ထားလိုက်ကြတာ, ကြည့်လို့လဲ အမြင်မတော်
ဘူး၊ နင်းမိပြန်ရင်လဲ မကောင်းဘူး” စသည်ဖြင့်) ကဲ့ရဲ့ကြ
သည်၊ ထို့ကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရသည်၊
မြေပေါ်၌ မသွန်ဘဲ ထွေးခံ လက်ဆေးခံထဲမှာတော့ သွန်
ကောင်းပါ၏၊ ဆွမ်းတခြား ရေတခြားခွဲပြီး ဆွမ်းလုံးတွေကို
တနေရာမှာ စုပုံပြီးမှ ရေချည်းသက်သက်လည်း သွန်ကောင်း
ပါ၏။ [သ=တက္ခ+သိတ္ထက=ဆွမ်းလုံး။]
(ဆွမ်းစားမှုနှင့်စပ်သော သိက္ခာပုဒ် ၂၆-ပါး ပြီး၏။)
[ဤမှ နောက်၌ တရားဟောမှုနှင့် စပ်ဆိုင်သော
သိက္ခာပုဒ်များ လာလိမ့်မည်။]
ကိုရင် ဗုဒ္ဓရက္ခိတ….တရားဟောမှုသည် တရားနာသူတို့ကို
တတ်သိ နားလည်အောင် ပြောပြရသော အလုပ်ဖြစ်၍ အလွန်
မြင့်မြတ်သော အလုပ်တမျိုးဖြစ်သည်၊မြင့်မြတ်သောအလုပ်ကို
လုပ်သူသည် မြင့်မြတ်သော အနေမျိုးဖြင့်သာ ပြုလုပ်သင့်၏၊
တရားနာသူတို့၏ အောက်ကျ နောက်ကျ အနေမျိုးဖြင့် နေ၍
မဟောသင့်။
ထို့ကြောင့် တရားနာသူသည် လက်၌...
(က) ထီးကို ကိုင်ထားလျှင်၎င်း၊
(ခ) ၄-တောင်လောက်ရှိသော ဒုတ် တောင်ဝှေးကို
ကိုင်ထားလျှင်၎င်း၊

## PAGE 254

၆၀
က။
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ဂ) ဓား-ရိုက်နှက်ဘို့ ဒုတ်-သေနတ်စသော လက်နက်
တစုံတခုကို ကိုင်ထားလျှင်၎င်း၊
(ဃ) လေး-မြှားတို့ကို ကိုင်ထားလျှင်၎င်း ထိုသူတို့အား
တရားမဟောကောင်းပါ။
လေ့ကျင့်ခဏ်း မေးခွန်း
ဟင်းရည် နွားနို့ လက်ဘက်ရည်များကို ဘယ်လိုအသံ
မြည်အောင် မသောက်ကောင်းသနည်း။
ခ။ လျှာဖြင့် အဘယ်သို့ လုပ်၍ မစားကောင်းသနည်း။
အစ
ဂ။ ခွက်မှာ (သပိတ်မှာ) ကပ်နေသော ဆွမ်း-ဟင်း
အနများကို ဘယ်လိုလုပ်၍ မစားရသနည်း။
နှုတ်ခမ်းမှာကပ်နေသော အစအနကို ဘယ်လိုလုပ်၍
မစားရသနည်း။
သ။
Cli
ဆွမ်းစားပြီးသောအခါ ရေသောက်လိုလျှင် ဘယ်လို
လက်ဖြင့် ရေခွက်ကို မကိုင်ကောင်းသနည်း။
ဆွမ်းလုံးပါသော သပိတ် (ခွက်) ဆေးရေကို ဘယ်မှာ
မသွန်ကောင်းသနည်း၊
ဆ။ ထီး, ဒုတ် ဓား လေးမြှား, သေနတ် ကိုင်နေသူအား
ဘာမလုပ်ကောင်းသနည်း။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
ဆ။
ပါဒုကဝဂ်
၆၉
[ဟိန္ဒူလူမျိုးများ စီးလေ့ရှိသော သဲကြိုးမပါဘဲ အဖျား၌
ဗုကလေးတပ်ပြီးလျှင် ထိုဗုံကို ခြေဖျားဖြင့် ညှပ်၍ စီးရသော
သစ်သားဘိနပ်(ခုံဘိနပ်)ကို “ပါဒုက=ခြေနင်း”ဟု ခေါ်၏၊
ထိုဘိနပ်မှ ကြွင်းသော သဲကြိုးတပ် နောက်ပိတ်ဘိနပ်စသော
ဘိနပ်များကို “ဥပါဟန=ဘိနပ်”ဟု ခေါ်၏။]
ကိုရင် ဗုဒ္ဓရက္ခိတ … ကျန်းမာပါလျက် (က) ခြေနင်း
စီးထားသူ၊ (ခ) ဘိနပ်စီးထားသူများအား တရား မဟော
ကောင်း။
(ဂ) လှည်း လှေ ရထား သင်္ဘော မော်တော်ကားစသော
လှေ
ယာဉ်အမျိုးမျိုး စီးနေသူအား မိမိက ယာဉ်
အောက်၌ နေလျက် တရားမဟောကောင်း။
(ဃ) ကျန်းမာလျက် အိပ်ရာပေါ်၌ လျောင်း၍ (ဟန်ကြီး
ပန်ကြီးနှင့်)တရားနာသူအား မိမိက ထိုင်၍ဖြစ်စေ
ရပ်၍ဖြစ်စေ တရားမဟောကောင်း။
(င) ကျန်းမာပါလျက် လက်ဖြင့် ဖြစ်စေ အဝတ်ဖြင့် ဖြစ်စေ
ဒူး ၂-ဘက်ကို ပတ်၍ မရိုမသေ ထိုင်နေသူအား
မိမိက ရိုးရိုးထိုင်၍ဖြစ်စေ ရပ်၍ဖြစ်စေ အိပ်၍ဖြစ်စေ
တရားမဟောကောင်း။
(စ) ဆံစ မပေါ်အောင် ဦးခေါင်းကို ရစ်ပတ် ဖုံးအုပ်၍
ခေါင်းပေါင်း ပေါင်းထားသူ ဦးထုပ် ဆောင်းထားသူ
အား တရားမဟောကောင်း၊ ဟောလိုလျှင် ခေါင်း
ပေါင်း ဦးထုပ်ကို ချွတ်စေပြီးမှ၎င်း, ဆံစ ပေါ်ရုံ

## PAGE 255

၇၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဖော်စေပြီးမှ၎င်း ဟောရ၏။[မြန်မာတို့ ခေါင်းပေါင်း
ပုံမှာ ဆံစ ပေါ်နေသောကြောင့် ဟောကောင်း၏။]
(ဆ) ခေါင်းမြီး ခြုံထားသူအားလည်း တရား မဟော
ကောင်း၊ ဟောလိုလျှင် ခေါင်းမြီးခြုံကို ဖွင့်စေပြီးမှ
ဟောရမည်။
(ဇ) တရားဟောပုဂ္ဂိုလ်သည် အခင်းမပါသော မြေပေါ်
ကြမ်းပေါ်၌ ထိုင်၍ ကျန်းမာလျက်နှင့် အခင်းပေါ်မှာ
ထိုင်နေသူအား တရားမဟောကောင်း။
(စျ) တရားဟောပုဂ္ဂိုလ်သည် နိမ့်သောနေရာ၌ ထိုင်၍
ကျန်းမာလျက်နှင့် မြင့်သောနေရာ၌ ထိုင်နေသူအား
တရားမဟောကောင်း။
(ည) တရားဟောပုဂ္ဂိုလ်သည် နောက်မှ လိုက်၍ ကျန်းမာ
ပါလျက် ရွှေ့က သွားနေသူအား တရား မဟော
ကောင်း။
(ဋ) တရားဟောပုဂ္ဂိုလ်သည် လမ်းဘေးက လိုက်၍ ကျန်း
မာပါလျက် လမ်းပေါ်၌ သွားနေသူအား တရား
မဟောကောင်း။
"
မှတ်ချက်။ ။တရားမဟောကောင်းသော သိက္ခာပုဒ် ၁၆-
ပါး၌ မကျန်းမမာသူဖြစ်လျှင် ဘယ်လိုနေနေ
ထိုသူအား တရားဟောကောင်း၏၊ “တရား”ဟူရာ၌လည်း
ပါဠိတော်နှင့် အဋ္ဌကထာတို့၌ တိုက်ရိုက်လာသောပါဠိစကား
ကိုသာ တားမြစ်သည်၊ အခြား ဘာသာစကားဖြင့် တရား
ဟောခြင်းကို မတားမြစ်ပါ။
သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း
၇၁
ကိုရင် ဗုဒ္ဓရက္ခိတ….ကျန်းကျန်းမာမာရှိလျှင်
(က) မတ်မတ်ရပ်၍ ကျင်ကြီးကျင်ငယ် မစွန့်ကောင်း။
( ခ ) စိမ်းစို၍ ရှင်နေသောမြက်ပင် သစ်ပင် သစ်ကိုင်း သစ်
ခက် သစ်ရွက်ပေါ်၌လည်း ကျင်ကြီး ကျင်ငယ် မစွန့်
ကောင်း,
တံထွေးနှပ်တို့ကိုလည်းမထွေးမညှစ်ကောင်း။
(ဂ) သောက်၍ သုံး၍ ဖြစ်လောက်သော ရေတွင်း ရေကန်
စသော ရေထဲ၌လည်း ကျင်ကြီး ကျင်ငယ် နှပ် တံထွေး
တို့ကို မစွန့်ကောင်း၊ မြစ်ကြီး ချောင်းကြီးတို့၌ကား
စွန့်သည့်အတွက် ရေမပျက်သောကြောင့်၎င်း, လှေ
သင်္ဘောစီးသွားစဉ် ရေလွှတ်သော ကုန်းနေရာကို
မရသောကြောင့်၎င်း စွန့်ကောင်းပါ၏။
လေ့ကျင့်ခဏ်း မေးခွန်း
က။ အဘယ်ကို စီးနင်းထားသူ, အဘယ်ပေါ်၌ ရောက်နေသူ
အား မိမိက ထိုင်၍ ရပ်၍ တရားမဟောကောင်းသနည်း။
အဘယ်သို့ နေသူများအား တရားမဟောကောင်း
သနည်း။
ဂ ။ မိမိက အခင်းမပါသော နေရာ၌ ထိုင်၍ ဘယ်လိုနေသူ
အား တရားမဟောကောင်းသနည်း။
ဃ။ ကျန်းမာလျှင် ဘယ်လိုနေ၍ ကျင်ကြီးကျင်ငယ် မစွန့်
ကောင်းသနည်း။
၄ ။ ဘယ်လိုနေရာများ၌ ကျင်ကြီး ကျင်ငယ် နှပ် တံထွေး
တို့ကို မပြုကောင်းသနည်း။
သေခိယသိက္ခာပုဒ်များ ပြီး၏။
