## PAGE 256

ရ-ခန္ဓကဝတ် ၁၄-ပါးကို
သင်ပြခဏ်း
[စူဠဝဂ္ဂ-ဝတ္တက္ခန္ဓက၌လာသော ဤကျင့်ဝတ်များကိုလည်း
ဖတ်စာလုပ်၍ ရေးပါမည်၊ ရှင်သာမဏေများကို ဖတ်စာ
အဖြစ်ဖြင့် ဖတ်ပါစေ၊ တတ်နိုင်လျှင် လက်ရေးစာအဖြစ်ဖြင့်
အကူးခိုင်းပြီးမှ ဖတ်ပါစေ။]
(က) အာဂန္တုကဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ...သူတပါးတို့၏ ကျောင်းတိုက်သို့ ခေတ္တ
ခဏသွားသောရဟန်းသာမဏေကို“အာဂန္တုက=ဧည့်သည်
ဟု ခေါ်သည်၊ ထိုအာဂန္တုကပုဂ္ဂိုလ်သည် … သူတပါး၏
ကျောင်းတိုက် အာရာမ်တွင်းသို့ ဝင်လိုသောအခါ…
(၁) ဘိနပ်စီး၍ ထီးဆောင်းလာသူဖြစ်လျှင် ကျောင်းသို့
မဝင်မီ ဘိနပ်ကိုလည်း ချွတ်ရ ထီးကိုလည်း ရုပ်ရသည်။
(၂) ဦးခေါင်းခြုံလာလျှင် ထိုခေါင်းခြုံကို ဖွင့်၍ သင်္ကန်းကို
ကောင်းမွန်စွာ ရှန်းပြီးမှ ဝင်ရမည်။
(၃) ကျောင်းတိုက်တွင်းသို့ ရောက်ပြီးနောက် ကျောင်းနေ
ပုဂ္ဂိုလ်က မိမိထက်ကြီးလျှင် ထိုပုဂ္ဂိုလ်ကို ရှိခိုးပြီးမှ
သင့်တော်သောနေရာ၌ ထိုင်ရသည်။ [မိမိကကြီးလျှင်
ရှိမခိုးဘဲ သင့်တော်ရာ၌ ထိုင်ရသည်။]
ခန္ဓကဝတ်ကို သင်ပြခဏ်း
(ခ) အာဝါသိကဝတ်
၇၃
ကိုရင် ဗုဒ္ဓရက္ခိတ...မိမိတို့ နေမြဲကျောင်း၌ အတော်ကြာ
ကြာ နေသော ရဟန်းသာမဏေကို “အာဝါသိက=ကျောင်း
နေ ပုဂ္ဂိုလ်”ဟု ခေါ်သည်၊ ထိုအာဝါသိကပုဂ္ဂိုလ်သည်
(၁) မိမိထက် ကြီးသော အာဂန္တုကပုဂ္ဂိုလ် လာသည်ကို
မြင်လျှင် သူ့မှာပါသော သပိတ်သင်္ကန်းစသော အရာ
ဝတ္ထုကို လှမ်း၍ ယူရသည်၊ နေရာခင်းပေးရသည်၊
ခြေဆေးလိုလျှင် ခြေဆေးပေးရသည်။
(၂) “သောက်ရေ အလိုရှိပါသလား”ဟု လျှောက်၍ အလို
ရှိလျှင် ကိုယ်တိုင်သော်လည်း သောက်ရေ ကပ်ရသည်၊
သို့မဟုတ် တယောက်ယောက်ကိုသော်လည်း အကပ်
ခိုင်းရသည်။
(၃) အာဂန္တုကရဟန်းက မိမိအောက် ငယ်လျှင် သပိတ်
သင်္ကန်းထားဘို့ နေရာကို “မည်သည့်နေရာမှာ ထား””
ဟု ညွှန်ပြရသည်၊ ထိုင်ဘို့ နေရာကို “မည်သည့်နေရာမှာ
ထိုင်”ဟု ညွှန်ပြရသည်၊ ခြေဆေးလိုလျှင် ခြေဆေးဘို့
နေရာကို ညွှန်ပြရသည်၊ သောက်ရေ အလိုရှိလျှင်
သောက်ရေထားသော နေရာကို ညွှန်ပြရသည်။
(၄) ထို ့နောက် တည်းခိုဘို့နေရာနှင့် ဝစ္စကုဋိ ပဿာဝကုဋိ
(ကျင်ကြီးအိမ် ကျင်ငယ်အိမ်) စသည်ကို ပြောပြရသည်။

## PAGE 257

29
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ဂ) ဂမိကဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ….ခရီးသွားမည့် ရဟန်း သာမဏေကို
“ဂမိကပုဂ္ဂိုလ်”ဟု ခေါ်၏၊ ထိုဂမိကပုဂ္ဂိုလ်သည်—
(၁) မိမိသုံးစွဲနေသော သံဃိက (သံဃာအများပိုင်) သစ်
ဘဏ္ဍာ မြေဘဏ္ဍာ (သစ်သားဖြင့် လုပ်အပ်သော ခုတင်
ကုလားထိုင် စားပွဲစသည်နှင့် မြေဖြင့် ပြုလုပ်အပ်သော
အိုးခွက် ပန်းကန်စသော ဘဏ္ဍာ)များကို သိမ်းရသည်။
(၂) မိမိတပါးတည်း နေသော ကျောင်းဖြစ်လျှင် ကျောင်း
ခန်းတံခါးနှင့် လေသောက်တင်းတို့ကို ပိတ်ရသည်။
(၃) ကျောင်းမှာရှိသော အကြီးအကဲနှင့် သီတင်းသုံးဘော်
များကို “မည်သည့်အရပ် သွားပါဦးမည်”ဟု ပန်ပြော
ရသည်။
(၄) ထိုတာဝန်ဝတ္တရားများကို ပြုလုပ်ပြီးမှ ခရီးသွားရသည်၊
ထိုဝတ္တရားများကို မပြုလုပ်ဘဲသွားလျှင် ရဟန်းများမှာ
အာပတ်သင့်၍ သာမဏေများ၌ ဒဏ်ထိုက်သည်။
(ဃ) အနုမောဒနာပတ်
ကိုရင် ဗုဒ္ဓရက္ခိတ. ကျောင်းတိုက်တွင်းမှာဖြစ်စေ မြို့ရွာ
တွင်းမှာဖြစ်စေ ဆွမ်းကျွေးပြီးသောအခါစသည်၌ ဒါယကာ
တို့အား ဝမ်းမြောက်ဝမ်းသာရှိအောင် တရားဟောခြင်းကို
“အနုမောဒနာပြုခြင်း”ဟု ခေါ်သည်။ [အနု=အဖန်ဖန်+
မောဒနာ=ဝမ်းမြောက်စေခြင်း။ ထိုသို့ ဆွမ်းတရားဟောမှုနှင့်
ခန္ဓကဝတ်ကို သင်ပြခဏ်း
၅
အလှူမဏ္ဍပ်၌ တရားဟောမှု စသော အနုမောဒနာ
ပြုမှုသည် အကြီးဆုံးပုဂ္ဂိုလ်၏ တာဝန်ဖြစ်၏၊
ထို့ကြောင့်=
(၁) အကြီးဆုံးပုဂ္ဂိုလ်သည် ကိုယ်တိုင်စွမ်းနိုင်လျှင် ကိုယ်
တိုင် အနုမောဒနာ ပြုရသည်။
(၂) ကိုယ်တိုင်မစွမ်းနိုင်လျှင် စွမ်းနိုင်သူတပါးပါးကို(ကိုရင်
ကလေးဖြစ်စေ) အနုမောဒနာပြုပါဟု တိုက်တွန်းရ
သည်။
(၃) အကြီးဆုံးက မတိုက်တွန်းဘဲ မည်သူမျှ အနုမောဒနာ
မပြုရ။
(၄) အကြီးဆုံးပုဂ္ဂိုလ်သည် ဝတ်တရားကို နားမလည်၍ မိမိ
ကိုယ်တိုင်လည်း မဟော၊ သူတပါးကိုလည်း မတိုက်
တွန်းလျှင် စွမ်းနိုင်သောပုဂ္ဂိုလ်က အကြီးဆုံးထံ ခွင့်
ပန်၍ တရားဟောနိုင်ပါသည်။
(၅) ဒါယကာက သူကြည်ညိုသော ပုဂ္ဂိုလ်အား တရား
ဟောဘို့ရန် လျှောက်ထားလျှင်လည်း အကြီးဆုံး
မထေရ်ကြီးအား ခွင့်ပန်ဘွယ် မလိုတော့ပါ။
(င) ဘတ္တဂ္ဂဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ….ဆွမ်းစားရာ ဌာနဖြစ်သော
ကျောင်းကို ဖြစ်စေ စရပ်ကိုဖြစ်စေ အိမ်ကိုဖြစ်စေ
“ဘတ္တဂ္ဂ” ဟု ခေါ်၏။ [ဘတ္တ=ဆွမ်း+ဂ=ယူရာ
ဌာန။] ဘုရားလက်ထက်တော်၌ ရွာတွင်းမှာလည်း
ဆွမ်းစားစရပ်ရှိသည်၊ ထို့ကြောင့်’

## PAGE 258

၇၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
(၁) ရွာတွင်းရှိ ဆွမ်းစားစရပ်သို့ သွားသော ပုဂ္ဂိုလ်သည်
သေခိယ သိက္ခာပုဒ်များနှင့် ညီညွတ်အောင် သင်္ကန်း
ရုံခြင်း စသော ကျင့်ဝတ်များကို စောင့်ထိန်း၍ သွား
ရသည်၊ ပြန်လာသောအခါလည်း သေခိယသိက္ခာပုဒ်
တော်များနှင့် ညီစွာ ပြန်လာရသည်။
(၂) ကျောင်းတိုက် အတွင်း၌ ရှိသော ဆွမ်းစားကျောင်း
သို့ သွားသော ပုဂ္ဂိုလ်လည်း သင်္ကန်းကို ညီညာစွာ
ဝတ်၍ ရန်း၍ သွားရသည်။
(၃) မည်သည့် ဆွမ်းစားရာဌာန၌မဆို မထေရ်ကြီးများ၏
အနီး အပါး၌ အလွန်နီးကပ်စွာ မထိုင်ရ။ ထိုသို့
အလွန်နီးကပ်စွာ ထိုင်ခြင်းသည် မရိုသေရာရောက်
သည်။]
(၄) မိမိအောက် ငယ်သားများကိုလည်း ရှိနေသော နေ
ရာကို (မထိုင်နှင့်-ဟု) မတားမြစ်ရ။
(၅) ဆွမ်းစားသော အခါ၌လည်း သေခိယ သိက္ခာပုဒ်
တော်နှင့် ညီစွာ စားသောက်ရသည်။
(၆) ဆွမ်းစားခါနီးဖြစ်စေ ဆွမ်းစားပြီးနောက် ဖြစ်စေ
လက်စသည်ကို ဆေးသောအခါ ရေသံ ပလုပ်ကျင်းသံ
စသည်မကြားရအောင် ငြိမ်သက်န္နာ ဆေးရသည်။
(၇) အနီးအပါး-ပုဂ္ဂိုလ်များကို ရေမစဉ်ရအောင် သတိ
ထား၍ လက်ဆေးခံ-ထူးခံတို့၌သာ ဆေးရ-ထွေးရ
သည်။
$
ခန္ဓကဝတ်ကို သင်ပြခဏ်း
(စ) ပိဏ္ဍစာရိကဝတ်
22
ကိုရင် ဗုဒ္ဓရက္ခိတ…ဆွမ်းခံသွားသော ရဟန်းသာမဏေ
များကို “ပိဏ္ဍစာရိက”ဟု ခေါ်၏ [ပိဏ္ဏ=ဆွမ်းအလို့ငှါ+
စာရိက=လှည့်လည်သူ။ ထိုဆွမ်းခံသွားမည့် ပုဂ္ဂိုလ်သည်—
( ၁ )
ရှေးဦးစွာ သိမ်းစရာရှိသော သစ်ဘဏ္ဍာ မြေဘဏ္ဍာ
တို့ကို သိမ်းဆည်းရသည်။
( ၂ ) သပိတ်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးရသည်။ [မသန့်
ရှင်းဘူး ထင်လျှင် ရဟန်းတို့မှာ သပိတ်ကို အကပ်ခံရ
သည်။]
( ၃ ) သေခိယသိက္ခာပုဒ်များနှင့် ညီစွာ သင်္ကန်းရုံခြင်း
စသော ကျင့်ဝတ်များကို ကျင့်ရသည်။
(၄) ဆွမ်းရပ်သောအခါ၌လည်း ဆွမ်းလောင်းသော နေ
ရာနှင့် မဝေးလွန်းမနီးလွန်းအောင် ရပ်ရသည်၊ အလွန်
ကြာကြာလည်း မရပ်ရ၊ အလွန်မြန်စွာလည်း ပြန်၍
မလှည့်ရ။
( ၅ ) ရပ်နေတုန်း၌ “လောင်းမည်, မလောင်းမည်”ကို အကဲ
ခပ်တတ်ရသည်။
( ၆ ) ဆွမ်းလောင်းသူ၏မျက်နှာကိုလည်း မော်၍မကြည့်ရ။
( ၇ ) အိမ်မှ ပြန်ထွက်သောအခါလည်း မနှေးလွန်းမမြန်လွန်း
ပြန်ထွက်ရသည်။

## PAGE 259

၇၈
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ဆ) အာရညိကဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ…တောကျောင်း၌ နေသော ပုဂ္ဂိုလ်ကို
“အာရှည်က ပုဂ္ဂိုလ်”ဟု ခေါ်၏၊ [အရည=တော၌xဣက=
နေလေ့ရှိသူ။] ထို တောနေပုဂ္ဂိုလ်သည်——
( ၁ ) သူခိုးဓားပြ သူပုန်စသူတို့က တောင်းလာလျှင် အဆင့်
သင့် မရခဲ့သော် ဘေးရန်အန္တရာယ် ပြုတတ်သော
ကြောင့် အဆင်သင့်ရဘို့ရာ သောက်ရေ သုံးရေများကို
တည်ထားရသည်။
(၂) မီးကိုသော်လည်း အဆင်သင့် ထည့်ထားရသည်၊ မီး
မထည့်လျှင် (မီးပွတ်၍ ရသော) ပွတ်ခုံ ပွတ်ကျည်ကို
ထားရသည်။[ယခုခေတ်၌ ပွတ်ခုံပွတ်ကျည်မသုံးသော
ကြောင့် ထို ပွတ်ခုံ ပွတ်ကျည်အစား မီးခြစ်ဗူးကို
ထားရမည်။]
(၃) မိမိသွားတဲ့လာတဲ့အခါ လွယ်ကူအောင် တောင်ဝှေးကို
လည်း ထားရသည်။
(၄) ခိုးသူတို့က မေးလာလျှင် ပြောပြရအောင် အရွှေ့
အနောက် စသော အရပ်မျက်နှာတို့ကို၎င်း, နက္ခတ်
တာရာတို့၏ အကြောင်းအရာကို၎င်း သိထားရသည်၊
(သိအောင် လေ့လာရသည်-ဟူလို။)
"
ခန္ဓကဝတ်ကို သင်ပြခဏ်း
(ဇ) သေနာသနဝတ်
20
ကိုရင် ဗုဒ္ဓရက္ခိတကျောင်းကို၎င်း, အိပ်ရာ နေရာကို၎င်း
“သေနာသန”ဟု ခေါ်၏။ [သေန=အိပ်ရာ+အာသန=
နေရာ။] ရဟန်း သာမဏေတို့သည် မိမိနေရာ ကျောင်းနှင့်
အိပ်ရာ နေရာများကို သန့်ရှင်းအောင် သုတ်သင် ရှင်းလင်း
ကြရသည်။ ထို့ကြောင့်——
(၁) ညောင်စောင်းအင်းပျဉ်ဟု ရှေးက ခေါ်ရသော ခုတင်
ထိုင်ခုံ စားပွဲ ကုလားထိုင် စသည်တို့ကို ဖုံသုတ်မှ
တခါ တခါ နေလှန်းမှု စသည်ကို ပြုရသည်။
(၂) ကျောင်းပရဝိုင်းဟုခေါ်သော ကျောင်းဝိုင်း တိုက်ဝို
ကို၎င်း, ရေချိုးအိမ် ကျင်ငယ်အိမ် ကျင်ကြီးအိမ်
စသည်ကို၎င်း အမှိုက်ရှိလျှင် တံမြက်လှည်းရသည်၊
မြေပြင်ဝယ် တံမြက်လှည်းသောအခါ၌ ဖုံမထအောင်
ရေဖျန်း၍ လှည်းရသည်။ [တံမြက်လှည်း၍ ဖုံထ
လျှင် … ထို ဖုံတွေသည် ကျောင်း အတွင်း၌ ၎င်း
ကျောင်းအပြင် နံရံ စသည်၌၎င်း ငြိကပ်မည်စိုးသော
ကြောင့် ရေဖျန်း၍ လှည်းဘို့ရန် ပညတ်တော်
မူသည်။]
(၃) ကျောင်းခန်းအတွင်းကို ရှင်းလင်းသောအခါ မသုတ်
သင်မီ အတွင်းမှာရှိသော သပိတ် သင်္ကန်းခေါင်းအုံး,
စောင်, ခုတင် စားပွဲ, ကုလားထိုင် စသော အသုံး
အဆောင် အားလုံးကို အပြင်သို့ ထုတ်၍ သင့်တော်
သော နေရာ၌ ထားရသည်၊ ထိုသို့ အသုံးအဆောင်
အားလုံးကို အပြင်သို့ ထုတ်ပြီးမှ ပင့်ကူမျှင် ရှိလျှင်

## PAGE 260

00
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ပိုးကောင်ကလေးများကိုမထိမိအောင်ရှောင်လျက်)
အထက် မျက်နှာကြက်မှစ၍ တံမြက်လှည်းရသည်၊
လေသောက်ပြုတင်းပေါက် အနားတို့ကို ပွတ်သုတ်
ရသည်၊ အင်္ဂတေ ဆေးသုတ်ထားသော နေရာများ
၌ကား အဝတ်ကို ရေဆွတ်၍ ညှစ်ပြီးလျှင် ဆေးရောင်
မပျက်အောင် သာသာယာယာ ပွတ်တိုက်ရသည်။
(၄) အမှိုက်များကို စုပြီးနောက် သင့်တော်ရာ၌ စွန့်ပစ်ရ
သည်၊ အပြင်သို့ ထုတ်ထားသော သင်္ကန်း ခုတင်
စသည်ကို ဖုံခါရသည်၊ ဖုံခါသောအခါ ရဟန်း
တော်များ၏အနီး ကျောင်းတဆောင်ဆောင်၏အနီး
သောက်ရေ သုံးရေအိုးတို့၏ အနီး၌ မခါရ၊ လေလာ
သောဘက်(လေတင်)ကလည်း မခါရ၊ လေအောက်
သို့ ဖုံသွားအောင် ခါရသည်၊ ထိုသို့ ခါသင့်သည်ကို
ဖုံခါပြီးမှ သုတ်သင့်သည်ကို ပွတ်သုတ်ပြီးမှ နေလှန်း
သင့်သည်ကို နေလှန်းပြီးမှ အသုံးအဆောင်များကို
ကျောင်းတွင်းသို့ ပြန်၍ သွင်းရသည်၊ ပြန်ထားသော
အခါလည်း နဂိုရ်အတိုင်း ထားတတ်အောင် အပြင်
ထုတ်စဉ်ကပင် ထားပုံကို သေချာစွာ မှတ်သား၍
ထုတ်ရမည် ဟု မိန့်တော်မူသည်။
(၅) လေတိုက်သောအခါ၌ ရိုးရိုး လေညှင်းလာလျှင်(မိမိ
ကလည်း လေညှင်းခံလိုလျှင်)တံခါးများကို ပိတ်ဘွယ်
မလိုပါ၊ သို့သော် တရံတခါ မြူမှုန်နှင့်ရော၍ လေလာ
တတ်၏၊ ထိုအခါ ကျောင်းတွင်း၌ မြူမှုန် မဝင်ရ
ခန္ဓကဝတ်ကို သင်ပြခဏ်း
အောင် လေလာသောဘက်မှ တံခါးပေါက်နှင့်
သောက်ပြုတင်းများကို ပိတ်ထားရသည်။
02
600
( ၆ ) သောက်ရေ သုံးရေများကို သန့်ရှင်းစွာ တည်ထား၍
(သောက်ရေခွက်ကိုလည်း နေ့စဉ် ပွတ်တိုက်) ရသည်။
(၇) မိမိထက် သီတင်းကြီးသူနှင့်အတူ တကျောင်းတည်း၌
နေလျှင် – စာသင်မှု ပြဿနာမေးမှ စာအံမှ တရား
66
2
ဟောမှ မီးထွန်းမှု တံခါးဖွင့်မှပိတ်မှုများကို ထိုသီတင်း
ကြီးသူအား ခွင့်တောင်းပြီးမှ ပြုရသည်။ နဂိုရ်ကပင်
မထေရ်ကြီးက ထိုကိစ္စအားလုံးကို ( သင့်တော်သလို
ပြုကြတော့ဟု)ခွင့်ပြုထားလျှင်ကား ခွင့်တောင်းဘယ်
မလိုပါ၊ ဤသို့ မထေရ်ကြီးက ခွင့်မပြုဘဲ ငယ်ရွယ်
သူတို့ ကိုယ်လုပ်ချင်ရာလုပ်လျှင် ရဟန်းတို့မှာ အာပတ်
သင့်၍ သာမဏေတို့မှာ ဒဏ်ထိုက်သည်။ ဤကား
အလွန် သိထိုက်သော သေနာသန ဝတ်များတည်း၊
ပါဠိတော်၌ကား သည့်ထက် ကျယ်ဝန်းစွာ ပါရှိ
လေသည်။
တိုက်တွန်းချက်။ ။မြတ်စွာဘုရားသည် ကျောင်း-အိပ်ရာ
နေရာတို့ကို နေ့စဉ် သုတ်သင် ရှင်းလင်း
ဘို့ရာ … ပညတ်တော် မူထားသည့် အတိုင်း ကျောင်းတွင်း
ကျောင်းဝိုင်းများကို နေ့စဉ် ရှင်းလင်းပါမူ ရဟန်းတော်များ
၏ နေရာသည် အသာယာဆုံး ကြည်နူးဘွယ် အကောင်းဆုံး
ရောက်လာသူတို့၏ စိတ်နှလုံးကို ယူကျုံးနိုင်ဆုံး ဖြစ်လောက်
ရာ၏၊ ယခုမူကား အများအားဖြင့် ထိုကဲ့သို့ သုတ်သင်ရမည့်
