## PAGE 26

၃၂
ရတနာ့ဂုဏ်ရည်
ဝိဇ္ဇာစရဏသမ္ပန္နေ ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
(၃) သောဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သုံးပါး ရှစ်ပါး ၂မျိုး
အားဖြင့်,ဟောထားပညာ, ဉာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ်, အမြိုက်
ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆဲ့ငါးဝ
နှင့်, တက္ဗဥဿုံ ပြည့်စုံတော်မူသော ဤ အကြောင်းကြောင့်လည်း၊
ဝိဇ္ဇာစရဏသမ္ပန္နော’ဝိဇ္ဇာစရဏသမ္ဗန္ဓဟူသော ဂုဏ်တော်ကြီးဖြင့်
အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့ လှိုင် ကျော်ကြား ထင်ရှား
တော်မူပေသည်
×
တကား။
☑
✓
ကြည့်ရှုရန် အဓိပ္ပါယ်
X
ဝိဇ္ဇာစရဏသမ္ပန္နေ ဂုဏ်တော်သည် “ ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံ
တော်မူ၏ ဟူသော အနက်ကိုပြ၏။ [ ဝိဇ္ဇာ=အသိဉာဏ်+စရဏ=
အကျင့်+သမ္ပန္န=ပြည့်စုံ၏။
သုံးပါး ရှစ်ပါး … ဉာဏ်ဝိဇ္ဇာတည်း။ ။အသိဉာဏ်ပညာ
ဟူသော ဝိဇ္ဇာကို အချို ့ သတ္တန်ဒေသနာတော်၌ ၃ ပါး အချို့
သုတ္တန်ဒေသနာတော်၌ ဂပါးဟု နှစ်မျိုးအားဖြင့် ဟောထားတော်
မူလေခကြောင့် “ဝိဇ္ဇာ ၃ပါး ဝိဇ္ဇာရှစ်ပါး” ဟု တွဲနေသည်။
[ယော သုံးပါး ဝိဇ္ဇာ ပု-ဒိ-အာ- နှင့်, ဝိဇ္ဇာရှစ်ရှပ်, ဝိပသ် စေတော,
မနောမယိဒ်,  ိနှင့် ဣဒ်, ထည့်သိပ် ရေတွက်လေ။
ဝိဇ္ဇာစရဏသမ္ပန္နေ ဂုဏ်တော်ဖွင့်
ဝိဇ္ဇာသုံးပါး
၃ ၃
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။ ၂။ရှေးရှေးဘဝ၌ တွေ့ကြုံခဲ့သမျှကို
ပြန်၍ အောက်မေ့နိုင်သော ဉာဏ်။
ဒိဗ္ဗစက္ခုဉာဏ်။ ။နတ်မျက်စိကဲ့သို့ ဝေးကွာသောအဆင်း သေး
ငယ်သော အဆင်းကိုမြင်နိုင်သော ဉာဏ်။
အာသဝက္ခယဉာဏ် ။ ။ ကိလေသာ အာသဝေါတို့ကို ကုန်စေ
နိုင်သော အရဟတ္တမဂ်ဉာဏ်။
ဝိပဿနာဉာဏ် ။
။
6
ဝိဇ္ဇာ ရှစ်ပါး
။ “ အနိစ္စ ဒုက္ခ အနတ္တ” ဟု ရုပ်နာမ်တရား
အားလုံးကို သိမြင်နိုင်သော ဉာဏ်။
စေတောပရိယဉာဏ်။ ၂။သူတပါး၏စိတ်ကို သိနိုင်သောဉာဏ်။
မနောမယိဒ္ဓိဉာဏ်။ ။ မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်
တမျိုးကိုစိတ်ဖြင့် ဖန်ဆင်းနိုင်သော ဉာဏ်။
ဒိဗ္ဗသောတဉာဏ်။ ၂။နတ်တို့၏ နားကဲ့သို့ ဝေးသောအသံသေး
ငယ်သောအသံကို ကြားနိုင်သောဉာဏ်။
ဣဒ္ဓိဝိဓဉာဏ်။ ။ မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုး အမျိုးမျိုးကို
ဖန်ဆင်းနိုင်သော ဉာဏ်၊… ရွှေ သုံးပါးတွင် ဤ ငါးပါးကို
ထည့်လျှင် ဝိဇ္ဇာရှစ်ပါး ဖြစ်၏။
နိဗ္ဗာနဓာတ် …အကျင့်စရဏ။ ။မပျက်စီးနိုင်သော
အရာကို
“အမြိုက်”ဟု ခေါ်၏၊ထို အမိုက်နှင့်တူသော
နိဗ္ဗာနဓာတ်သို့ ရောက်
ခေါ်သည်။
ဘို့ရန် သင့်သောအကျင့်ကို “စရဏ”ဟု
၅ (အဋ္ဌမအကြိမ်)

## PAGE 27

၃ ၄
ရတနာ့ဂုဏ်ရည်
စရဏ ၁၅ ပါး
[ဆောင်] သဒ္ဓါ သတိ ဟိရိ သြတ္တ, ဝီရိယနှင့်, သုတ ပညာ, ခုနစ်ဖြာ,
သဒ္ဓမ္မာဟု ပြ။
ထို သဒ္ဓမ္မ, ခုနစ်ဖြာနှင့်
ဘော ဇာ သီ ဣန်, ဈာန်လေးကြိမ်
ထား, ဤ ဆဲ့ငါး, မှတ်သား စရဏ။
သဒ္ဓါ… “ကုသိုလ်- အကုသိုလ်ကံရှိသည်, ထိုကံ၏ ကောင်းကျိုး
မကောင်းကျိုး ရှိသည် ရတနာသုံးပါးရှိသည်, နောက်ဘဝ
ရှိသည်” ဟု ယုံကြည်မှု။
သတိ=ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ အမှတ်ရမှု။
ဟိရီ=မကောင်းမှုဒုစရိုက်မှ ရှက်မှု။
ဩတ္တပ္ပ=မကောင်းမှုဒုစရိုက်မှ ကြောက်လန့်မှု၊
ဝီရိယ=ကုသိုလ်ကောင်းမှုကိစ္စ၌ အားထုတ်မှု။
သုတအကြားအမြင် များမှု။
ပညာ=အရာရာ၌ တတ်သိ လိမ္မာမှု။
«
ဤကား “သဒ္ဓမ္မ”ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇ ပါးတည်း။
[ သူတော် ဥစ္စာ၌ကား သတိနှင့် ဝီရိယကို နှုတ်ပြီးလျှင် သီလ (သီလ
စောင့်မှု), ၈ဂ (စွန့်ကြဲ လှူဒါန်းမှု) ထည့်၍ ရေတွက်ရသည်။ ]
ဘောဇနေမတ္တညုတာ။ ။စားသောက်ရာ၌ မိမိနှင့် သင့်-မသင့်
နှိုင်းချင့်၍ အတိုင်းအရှည် သိမှု။
ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ဖွင့်
၃၅
ဇာဂရိယာနုယောဂ။ ။နိုးနိုးကြားကြား အိပ်မှု, အအိပ်အနေ
နည်းမှု။
သီလ= ဆိုင်ရာသီလကို နေ့စဉ် စောင့်ထိန်းမှု။
ဣန္ဒိယသံဝရ။ ။တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသစသည်
မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣန္ဒြေများကို ငြိမ်သက်
အောင် စောင့်စည်းမှု။
ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်
ပေါင်း စရဏ ၁၅ ပါး ဖြစ်၏။
"
"
,2
“ဝိဇ္ဇာ” ဟူသော အသိဉာဏ် ရှိသော်လည်း “စရဏ” ဟူသော
အကျင့်မရှိက နိဗ္ဗာန်မရနိုင်၊ “ စရဏ ” အကျင့်သာ ရှိ၍ “ဝိဇ္ဇ
ဟူသော အသိဉာဏ်မရှိလျှင် လမ်းမှန် မရောက်ဘဲ အလွဲကို ကျင့်နေ
သဖြင့် ခရီးမတွင်ဘဲ ရှိမည်၊ ရှင်တော်မြတ် ဘုရားကား အထွဋ်
အထိပ်ဖြစ်သော ဝိဇ္ဇာဉာဏ်,စရဏအကျင့်နှင့် ပြည့်စုံတော် မူပါ
ပေသည်။
6
တိုက်တွန်းချက်။ ။အရာရာ၌ အသိဉာဏ်ဖြင့် အမှန်ကိုကျင့်ကြံ
အားထုတ်မှသာ ထမြောက်နိုင်သည်၊ ယခုအခါ၌ကား အသိဉာဏ်
ရှိပါလျက် သိသလောက် ကျင့်ကြံ အားထုတ်မှု “စရဏ” မရှိသော
ကြောင့် အောက်ကျနောက်ကျဖြစ်နေသူတွေ များလှ၏၊ ထို့ကြောင့်
ဘုရားရှင်၏ “ ဝိဇ္ဇာစရဏသမ္ဗန္န ိ ဂုဏ်တော်ကို အာရုံ ပြုလျက်
ကြည်ညိုကြပြီးလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂ ဖြာလုံး
ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။
,,

## PAGE 28

၃၉
ရတနာ့ဂုဏ်ရည်
သုဂတ ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
(၄) သော ဘဂဝါ’ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန – ဒီပင်္ကရာ ထုတ်ချာ
သနင်း ခြေတော်ရင်းမှ မှန်ကင်း သိရိ ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင်
အောင်, ဆယ်ခိုင်ပါရမီ စုံဖြည့်ညီလျက် သုံးလီဘဝ, များသတ္တ၏
သုခစီးပွားကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက,
ဆံပြု
တစိ မကပ်ငြိဘဲ, သတိသမ္ပဇဉ် မပြတ်ယှဉ်လျက်, သဗ္ဗဉ်ဉာဏ်
တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်
လည်း၊ သုဂတော – သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍
မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်
မူပေသည်တကား။
X
-
✗
"
ကြည့်ရှုရန် အဓိပ္ပါယ်
☑
သုဂတ ဂုဏ်တော်သည် “ကောင်းစွာ ကြွတော်မူခဲ့၏” ဟူသော အနက်ကို
ပြသည်။ [ သု= ကောင်းစွာ + ဂတ= ကြွတော်မူခဲ့သည်။ ]
ထွတ်ချာသနင်း။ ။အထွတ်အထိပ် အချုပ်အချာ-မြင့်မြတ်သော
ဘုရားရှင်။
မှန်ကင်းသိရီ။ ။ပြာသာဒ် စသည်တို့၏ အထွတ်၌ တပ်ထားအပ်
သော တုရင်မှန်ကင်းကဲ့သို့ မိုမောက်နေသောမြေပေါ်ဝယ်
ကြက်သရေရှိသော ဗောဓိပင်။
ဗောဓိမဏ္ဍိုင်။
သုဂတ ဂုဏ်တော်ဖွင့်
၃၇
။ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗူဒိပ်
ကျွန်း၏ အလယ်ဗဟိုမဏ္ဍိုင် ဖြစ်သောကြောင့် ဗောဓိပင်ကို
လည်း “ မဏ္ဍိုင် ” ဟု ဆိုသည်၊ တနည်း- ဗောဓိပင်ကိုပင်
သဗ္ဗညုတာဉာဏ်၏ ကြည်လင်ရာ ဖြစ်၍ ဗောဓိမဏ္ဍိုင်ဟု
ဆိုသည်။ဤနည်း၌“ကြည်လင်ခြင်း”အနက်ကိုဟောသော
“မဏ္ဍာ” ဟူသော ပါဠိမှ မဏ္ဍိုင် ဖြစ်လာသည်ဟု ကြံပါ။]
ခန်းဝါပိုင်အောင်။ ။အရောင်အဝါရှိသော ခန်းဆောင်နေရာကို
“ခန်းဝါ”ဟု ခေါ်သည်၊ဤ၌ ဗောဓိပင်ကို အရောင်အဝါ
ရှိသော အခန်းဆောင်ကဲ့သို့ ဥပမာပြုထားသည်၊“ရောင်ဝါ
ထိန်လျှမ်းသည့် အဆောင်ခန်းသို့ ရောက်လျှင် အင်မတန်
အဖိုးတန်သော ရတနာကို ရသကဲ့သို့, သဗ္ဗညုတာဉာဏ်
တည်းဟူသော အဖိုးတန် ရတနာကိုလည်း ဗောဓိမဏ္ဍိုင်
တည်းဟူသော နေရာ၌ ရတော်မူသည် ” ဟူလို။
ဘုရားရှင်သည် ဘုရားဆု ပန်တော်မူရာ ဒီပင်္ကရာ ထွတ်ချာသနင်း
တရားမင်း၏ ခြေတော်ရင်းမှစ၍ “ဗောဓိမဏ္ဍိုင်” တည်းဟူ
သော ခန်းဝါဆောင်နန်းကို စိုးပိုင် စံမြန်းတော်
မူလျက်
ဘုရားဖြစ်သည့်တိုင်အောင်(ကာမ ရူပ အရူပအားဖြင့် ဘဝ
သုံးပါး၌ရှိသော)သတွာအများ၏ စီးပွားချမ်းသာအလို့ငှါ
ပါရမီဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပေသည်။
ထို ဖြည့်ကျင့်စဉ်အခါ၌ မိုက်မှားသောမိစ္ဆာဒိဋ္ဌိ အယူဆိုးကြီးများ
လည်း ကိုယ်တော်၏သန္တာန်၌ တဆံခြည်မျှ မြူမှုန်ကလေးမျှ
တစိုးတစိမကပ်ငြိရအောင် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း

## PAGE 29

၃၈
ရတနာ့ဂုဏ်ရည်
ပတ်လုံး ဘဝဆက်တိုင်း လွန်ကဲသော သတိ“သမ္ပဇဉ်” ဟု
ခေါ် အပ်သော ပညာတရားတို့ကို အမြဲလက်ကိုင်ထားတော်
မူ၍ သဗ္ဗညုတာဉာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ ရောက်
ဘို့ရန်သာ ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံတော်မူခဲ့ပေသည်။
ဤနေရာ၌ ရပ်တန့်၍ “ ဘုရားရှင်သည် ပါရမီဖြည့်တော်မူ
စဉ်က မိစ္ဆာအယူကို မယူမိအောင် သတိနှင့် ဉာဏ် အမြဲရှိ
ဖုံကို အာရုံပြုလိုက်ပါ။]
တိုက်တွန်းချက်။ ။သာသနာပ အခါဝယ် မိစ္ဆာအယူမှားတွေ
လွန်စွာလွှမ်းမိုးလာမည်ဖြစ်၍ ဘုရားရှင်၏ သုဂတဂုဏ်
တော်ကို ကြည်ညှို့ပြီးလျှင် မိမိတို့လည်း မိစ္ဆာအယူ ဟူသမျှ
ဘဝဆက်တိုင်း မကပ်ငြိ မယူမိအောင် သတိပညာတရားကို
သန်သန်ကြီး ထားတတ်ဘို့ရန် “ ကုသိုလ်ကံ အကုသိုလ်ကံ
ရှိ၏၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိ၏” ဟု ကံနှင့်
ကံ၏အကျိုးကို နားလည်သော “ ကမ္မဿကတာဉာဏ်”ကို
မိမိသန္တာန်၌ဖြစ်အောင် ပဌမ ကြိုးစားသင့်၏။
ထို့နောက် “ ဤ ခန္ဓာကိုယ်၌ ရုပ်တရား နာမ်တရားသာ ရှိ၏” ဟု
သိအောင် ဆရာသမား အထံ မေးမြန်း၍, ထို ရုပ်နာမ်၏
အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံကို နားလည်သော ဝိပဿနာဉာဏ်
ဖြစ်အောင် ကြိုးစားပါ၊ ထိုသို့ သိလျှင် ပါရမီဖြည့်လိုသော,
သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်လိုသောဆန္ဒ ပြင်းပြ၍ မိစ္ဆာ
အယူသာ မက, ဂုဏ်ပကာသန စိတ်တွေပါ ကင်းဝေးသွား
ပါလိမ့်မည်။
66
လောကဝိဒူ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
၃၉
(၅) သောဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သတ္တောကာ, သင်္ခါရ
ဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ, ပိုင်းခြားကာဖြင့်
ကောင်းစွာကုန်စင်, သိမြင်တော်မူသော ဤ အကြောင်းကြောင့်
လည်း၊ လောကဝိဒူ-လောကဝိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး
၍ မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်
မူပေသည် တကား။
☑
☑
ကြည့်ရှူရန် အဓိပ္ပါယ်
"
လောကဝိဒူ ဂုဏ်တော်သည် “လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏”
ဟူသော အနက်ကို ပြသည်။ [ လောက = ကမ္ဘာလောကကြီးကို +
ဝိဒူ = သိတော်မူနိုင်သည်။ ]
လောကသုံးပါး။ ။သတ္တလောက ဩကာသလောက သင်္ခါရ
လောက ဟု လောကသုံးပါး ရှိ၏၊ သက်ရှိသတ္မာ အပေါင်းသည်
သတ္တလောက မည်၏၊ သတွာတို့၏ တည်နေရာ ဘုံဌာနသည်၎င်း
ဘုံမရှိသော နေရာဌာနသည်၎င်း, ဩကာသလောက မည်၏၊
တရား နာမ်တရားအားလုံသည် သင်္ခါရလောကမည်၏။
“ဤ ကမ္ဘာလောကကြီး၌
သတ္တလောက သိတော်မူပုံ။
အပါယ် ၄ ပါးတွင် ခြတောင်ပိုတခု၌ ခြသတာပေါင်း များစွာ
ပရွက်တွင်း တတွင်း၌ ပရွက်သတ္မွာပေါင်း များစွာ, ငါးအု တအု၌

## PAGE 30

၄၀
ရတနာ့ဂုဏ်ရည်
"
ငါးသတျာလေးတွေ များစွာ, ပြိတ္တာသတာတွေ များစွာ, ငရဲ
သာတွေ များစွာ, လူ နတ် ဗြဟ္မာ သတာတွေ များစွာရှိသည်”
ဟု သိမှုမှာ ဆန်းကြယ်လှသည် ´မဟုတ်ပါ၊ ဘုရားရှင်ကား ထို သိမှု
မျိုးထက် လွန့်၍ သတွာတယောက်ကို “ဤသူသည် စရိုက် အမျိုး
မျိုးတွင် မည်သည့်စရိုက်က လွန်ကဲနေ၏၊ အနုသယ အမျိုးမျိုးတွင်
မည်သည့် အနုသယက ထက်သန်နေ၏၊ ပင်ကိုယ်ဆန္ဒ ညံ့ဖျင်း၏
သို့မဟုတ် 'ထက်သန်၏, သဒ္ဓါစသော
ဣန္ဒြေ ၅ ပါးတွင် မည်သည့်
ဣန္ဒြေက ထက်မြက်၍ မည်သည့်ဣန္ဒြေက ညံ့သေး၏ ” စသည်ဖြင့်
သိတော်မူပါသည်။
ထိုသို့ သိတော်မူရာ၌ အတွေးအဆအားဖြင့် မှန်းဆ၍ သိတော်
မူခြင်းမဟုတ်၊ ဆရာဝန်သည် ပြဒါးတိုင်ဖြင့် သူနာ၏ အပူဒီဂရီကို
ချိန်ကြည့်သောအခါ တက်သော အပူဒီဂရီကို သိနိုင်သကဲ့သို့
သတ္တာ၏ အတွင်းဓာတ် အခြေအနေအားလုံးကို ကွဲကွဲပြားပြားနှင့်
ထင်ရှားစွာ သိမြင်တော်မူနိုင်ပါသည်။ [ စရိုက်- အနုသယ- ဣန္ဒြေ
တို့၏အကြောင်းများမှာအဘိဓမ္မာနှင့်သက်ဆိုင်သောကြောင့်မိမိတို့
လေ့လာနေကျ အဘိဓမ္မာ ကျမ်းစာများ၌ ရှာဖွေ ကြည့်ရှု၍၎င်း
မေးမြန်း၍၎င်း သိကြပါလေ။
ဩကာသလောက သိတော်မူပုံ။ ။သတွာတို့နေရာ ကမ္ဘာ
လောကကြီး တည်နေပုံကို ပြရာ၌ ကျမ်းဂန်အဆိုသည် ယခုခေတ်
လောကဓာတ်ဆရာတို့၏ အယူအဆနှင့် မတူမျှဘဲရှိနေ၏၊ 'ကမ္ဘာ့
တည်နေဟန်ကို ပါဠိ ကျမ်းဂန်များ၌ ဆိုပုံကား” ဤ မြေကြီးသည်
အထု ( အထူ ) အားဖြင့် ယူဇနာပေါင်း ၂ သိန်း ၄ သောင်း ရှိ၏
လောကဝိဒူ ဂုဏ်တော်ဖွင့်
68
၄ ၁
အထက် တဝက်သည် ပကတိမြေးသား ဖြစ်၍ အောက် တဝက်မှာ
ကျောက်မြေသားဖြစ်သတဲ့၊ ဤမြေကြီး၏အောက်၌ ယူဇနာ၄သိန်း
ဂ သောင်းထူသော ရေပြင်ကြီး တည်ရှိ၏၊ “ရေပြင်” ဟု ဆိုသော်
လည်း အရည်ဟုတ်ဟန်မတူ အလွန်အေး၍ ခဲနေသော ရေခဲတုံးကြီး
ဖြစ်ဟန်ရှိ၏၊ မြေအထုထက် ၂ ဆလောက်ထူသော ရေခဲတုံးကြီးက
မြေအပြင်ကြီးကို ပင့်မြှောက် ခံယူထားနိုင်သည်မှာ အံဩစရာ မရှိ
တော့ပြီ၊ ထိုရေပြင်ကြီးကိုကား ယူဇနာ ၉ သိန်း၆ သောင်းထူသော
လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက် တိုက်ခတ်လျက်
ရှိ၏၊ ဤ လေပြင်ကြီး၏အောက်၌လည်း မဆုံးနိုင်အောင် ဟင်းလင်း
ဟာလာ အာကာသကောင်းကင်ရှိလေသည်၊ ဤကား ကမ္ဘာမြေ၏
အောက်ပိုင်း မြေပုံတည်း။
စကြာဝဠာတခု ဟု သတ်မှတ်အပ်သော ဤ ကမ္ဘာမြေကြီး၏
အဝန်း ယူဇနာမှာ ၃ သန်း ၆ သိန်း ၁ သောင်း ၃ ရာ့ငါးဆယ်
ရှိ၏၊ကမ္ဘာမြေ၀န်းကို ကျောက်တောင်ကြီးများကတံတိုင်းခတ်သလို
ရံပတ်၍ နေ၏၊ ထို ကျောက်တောင်ကြီးများ ဆက်စပ်၍ ရံပတ်နေ
သည်ကိုပင် စကြာဝဠာ မဟာရာမ်တံတိုင်း ဟု ခေါ်စမှတ်ပြုကြ၏၊
ဤ ကမ္ဘာမြေဝန်း၏ အတွင်း၌ကား သမုဒြာရေပြင်ကြီး ရှိ၏၊ ထို
ရေပြင်၏ အနက်ဆုံး နေရာသည် ယူဇနာ ဂ သောင်း ၄ ထောင်
နက်၏၊ အလယ်ဗဟို တည့်တည့်၌ကား ရေ၏အထက်၌ ယူဇနာ
ဂ သောင်း ၄ ထောင် ရေ၏အတွင်း၌ ယူဇနာ ဂ သောင်း၄ ထောင်
ရှိ၍ ယူဇနာပေါင်း တသိန်း ၆ သောင်း ဂ ထောင်မြင့်သော မြင့်မိုရ်
တောင် တည်ရှိ၏၊ ထို မြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်၌ “ သီဒါ”
ခေါ်သော
မြစ်တခုခြား၍မြင့်မိုရ်တောင်၏အောက်တဝက်လောက်
၆ (အဋ္ဌမအကြိမ်)
ပ
