## PAGE 261

၁၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
အစား ညစ်ပေ ရှုပ်ပွေအောင် ထားကြသဖြင့် ဂုဏ်ယူရမည့်
နေရာဝယ် ဂုဏ်ပျက်ဘွယ် ဖြစ်ရပါတော့သည်၊ ထိုသို့ မဖြစ်ရ
အောင် နောက်ခေတ်ပုဂ္ဂိုလ်များ ကြိုးစားနိုင်ကြပါစေသား။
ODII
0 %
လေ့ကျင့်ခဏ်း မေးခွန်း
ဘယ်လိုပုဂ္ဂိုလ်ကို “ အာဂန္တုက” ဟု ခေါ်သနည်း၊
အာဂန္တုကဝတ်များကို ပြပါ။
ဘယ်လိုပုဂ္ဂိုလ်ကို “အာဝါသိက” ခေါ်သနည်း၊ အာဝါ
သိက ဝတ်များကို ပြပါ။
ဘယ်လိုပုဂ္ဂိုလ်ကို “ဂမိက” ဟု ခေါ်သနည်း၊ ဂမိကဝတ်
များကို ပြပါ။
သ။ ဘယ်လို ပြုခြင်းကို “ အနုမောဒနာ ပြုခြင်း” ဟု ခေါ်
သနည်း၊ ထိုအနုမောဒနာဂတ်ကို ပြပါ။
Cl
ဘယ်လိုနေရာကို “ဘတ္တဂ္ဂ”ဟု ခေါ်သနည်း၊ဘတ္တဂ္ဂဝတ်
ကို ပြပါ။
ဘယ်လိုပုဂ္ဂိုလ်ကို“ပိဏ္ဍစာရိက ပုဂ္ဂိုလ်”ဟု ခေါ်သနည်း၊
ထို ပိဏ္ဍစာရိက္ခာတ်ကို ပြပါ။
ဆ။ ဘယ်လို ပုဂ္ဂိုလ်ကို “အာရညိက”ဟု ခေါ်သနည်း၊ ထို
အာရညိကဝတ်ကို ပြပါ။
ခန္ဓကဝတ်ကို သင်ပြခဏ်း
၃
၅။ အဘယ်ကို “သေနာသန”ဟု ခေါ်သနည်း၊ ထိုသေနာ
သနဝတ်များကို မှတ်မိသမျှ ပြပါ။
}}
ဈ ။ သေနာသနဝတ်ကို မပြုသော ကျောင်းတိုက်သည်
ရောက်လာသော ရဟန်း ရှင်လူတို့၏ စိတ်ကို နှစ်သက်
စေနိုင်မည်လော။
(ဈ) ဧန္တာသရဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ..ဆီးနှင်း အားကြီး၍ အအေးများ
သော အရပ်ဒေသတို့၌ ကိုယ်လက်တောင့်တင်းသော မကျန်း
မမာမှုနှင့် အအေးမိသော ရောဂါများ ဖြစ်တတ်ကြသည်၊ ထို
မကျန်းမမာမှုများ မဖြစ်ရအောင် . ကိုယ်ခန္ဓာကို နူးနပ်စေ
ခြင်းအကျိုးငှါ မီးဖိုပါသော ရေချိုးအိမ်များကို ဆောက်လုပ်
ကြရသည်၊ ထိုရေချိုးအိမ် ကျောင်းငယ်ကလေးကို “ဒန္တာ
သရ=ဇရုံးအိမ်”ဟု၎င်း “မီးတင်းကုပ်”ဟု၎င်း “ရေချိုးအိမ်က
ဟု၎င်း ခေါ်ကြ၏။
ထို ရေချိုးအိမ်၌ မီးပူကို ခံနိုင်အောင် မျက်နှာကို မြေ
ညက်ဖြင့် သုတ်လိမ်း၍ အတွင်းသို့ ဝင်ပြီးလျှင် ဆပ်ပြာဖြင့်
တကိုယ်လုံး ပွတ်တိုက်ကာ ရေချိုးလေ့ရှိကြ၏၊ တပါး ၂-ပါး
သာ မက တပြိုင်နက် ရဟန်းသာမဏေအများဝင်၍ ရေချိုး
လေ့ရှိကြသည်၊ ထို့ကြောင့် မီးဖို၌ ပြာရှိလျင် ထိုပြာကို
ပစ်ခြင်း, တံမြက်လှည်းခြင်း, ဆပ်ပြာမှုန့်ရှိလျင် (ရေဖြင့်
နယ်၍) အခဲလုပ်ခြင်းစသော ကျင့်ဝတ်များကို ပြုလုပ်ကြရ
သည်။

## PAGE 262

ng
ရုပ်ပုံ ရှင်ကျင့်ဝတ်
(ည) ဝစ္စကုဋိဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ…….ကျင်ကြီးစွန့်သော နေရာကို “ဝစ္စ
ကုဋ္ဌိ”ဟု၎င်း “ကုဋီအိမ်”ဟု၎င်း ခေါ်သည်၊ ထိုကုဋီအိမ်
သည် ကျောင်းတိုက် ဟူသမျှ၌ မရှိလျှင် မဖြစ်နိုင်သောနေရာ
တမျိုးတည်း၊ ထို ့ကြောင့် ကုဋိအိမ်၌ ပြုကျင့်ရမည့် ဝတ်ကို
လည်း အထူးမှတ်ပါ။
(၁) ကုဋိအိမ်သို့ ဝင်မည့်ကြံလျှင် အတွင်း၌ လူရှိ-မရှိ သိရ
အောင် မဝင်မီ “အဟမ်း”ဟု ချောင်းဟန့်လိုက်ပါ၊
အတွင်းမှာရှိလျှင် ထိုသူက ပြန်၍ ချောင်းဟန့်ပါလိမ့်
မည်။
လူမရှိလျှင် အပေါ် ဧကသီကို အပြင် သင်္ကန်းတန်း၌
ချထားပြီးမှ တံခါးကို ဖွင့်၍ မနှေးလွန်း မမြန်လွန်း
အတွင်းသို့ ဝင်ပါလေ။ [ကုဋိ အပြင်ဘက်၌ သင်္ကန်း
ထားဘို့ရန် တန်းရှိစေရမည်။
(၃) အတွင်းသို့ ရောက်သောအခါ ခြေနင်းခုံပေါ်၌ ခြေစုံ
ရပ်ပြီးမှ သင်းပိုင်ကို (မ)ရသည်၊ မဝင်မီက သင်းပိုင်
ကို (မ)၍ မဝင်ပါလေနှင့်။
(၄) ကျင်ကြီးစွန့်နေစဉ် “အင်းအင်း”ဟု ညည်းသံ ညှစ်သံ
မမြည်ပါစေနှင့်။
(၅) ကျင်ကြီး စွန့်နေတုန်းမှာ ပါးစပ်ဖြင့် ဒန်ပူကို ကိုက်၍
မထားပါနှင့်။
ခန္ဓကဝတ်ကို သင်ပြခဏ်း
5
(၆) ကျင်ကြီးခွက် ကျင်ငယ်ခွက် (ကျင်ကြီးပေါက် ကျင်
ငယ်မြောင်း) တို့၏ ဘေး၌ မရောက်စေဘဲ ခွက်
တဲ့တဲ့ အပေါက်တဲ့တဲ့)ကျအောင် စွန့်ပါ။
(၇) ကျင်ငယ်မြောင်း(ကျင်ငယ်ခွက်)ထဲ၌ နှပ် တံထွေးကို
မညှစ်-မထွေးပါနှင့်။
(ဂ) ကြမ်းသော ပုပ်သော ဆွေးသော ကနုတံ (ဒုတ်
ချောင်း) ဖြင့် မသုတ်ပါနှင့်၊ သုတ်ပြီး ကနုတံကို
ကျင်ကြီးတွင်း (ကျင်ကြီးခွက်) ထဲ၌ မကျပါစေနှင့်။
(၉) ဖင်ဆေးရေကို “သန့်သက်ရေ” ဟု ခေါ်၏၊ ထို
သန့်သက်ရေကို ရှေးခေတ်၌ ကုဋိအတွင်း မထားဘဲ
သီးခြားအခန်းမှာ ထားသည်။ ယခုခေတ်၌ကား ကျင်
ကြီးစွန့်ရာ အခန်းမှာပင် ထားသည်၊ ထို သန့်သက်ရေ
ဆေးသောအခါ အသံမမြည်အောင် ဆေးပါ၊ သန့်
သက်ရေခွက်ထဲ၌ ရေကို ချန်မထားခဲ့ပါနှင့်။(ခွက်ကို
မှောက်ထားပါ။)
(၁ဝ) ကျင်ကြီးစွန့်ပြီးသောအခါ ခြေနင်းခုံပေါ်၌ ရပ်နေ
တုန်းမှာပင် ပင့်ထားသော သင်းပိုင်ကို ချလိုက်ပါ၊
သင်းပိုင် (မ) လျက် ကုဋိပြင်ဘက်သို့ မထွက်ခဲ့ပါနှင့်။
(၁၁) ကုဋီ၌ ကျင်ကြီးပေနေလျှင် ရေဖြင့် ဆေးပါ၊ ကနုတံ
ပုံး ပြည့်နေလျှင် ကနုတံများကို အပြင်ဘက် သင့်
တော်သော နေရာ၌ စွန့်ပစ်ပါ၊ ကူတို့၌ အမှိုက်ရှုပ်နေ
လျှင် တံမြက်လှည်းပါ၊ သန့်သက်ရေအိုး၌ ရေမရှိလျှင်
ရေထည့်ပါ။

## PAGE 263

ဂ
ရုပ်ပုံ ရှင်ကျင့်ဝတ်
(၁၂) ပြခဲ့သော ကျင့်ဝတ်များကို မကျင့်လျှင် ရဟန်းများ
မှာ အာပတ်သင့်၍ သာမဏေများမှာ ဒဏ်ထိုက်ပါ
သည်၊ ထို့ကြောင့် ဧကန် ကျင့်ရမည့် ဝတ်များ ဖြစ်
ကြောင်းကို နားလည်ပါ။
(ဋ) ဥပဇ္ဈာယဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ..မိဘတို့သည် . သားသမီးတို့ အပေါ်၌
အမြဲကြည့်ရှု၍ သွန်သင်ဆုံးမသကဲ့သို့ တပည့်အပေါ်၌ အမြဲ
ကြည့်ရှု၍ သွန်သင်ဆုံးမသော ဆရာကို – ဥပဇ္ဈာယ်ဆရာ” ဟု
ခေါ် ၏။ ထို့ကြောင့် ရှင်သာမဏေပြုပြီးလျှင် ပြီးခြင်း မိမိဆရာ
အရင်းကို “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ=တပည့်တော်
၏ ဥပဇ္ဈာယ် ဖြစ်တော်မူပါဘုရား” ဟု ၃-ခေါက်ဆို၍
ဥပဇ္ဈာယ် ယူထားကြရသည်။ ထို ဥပဇ္ဈာယ် ဆရာသည်
သနာတော်မှာ မိဘရင်းကဲ့သို့ အရင်းဆုံး ဖြစ်သည်၊ ထို
ဥပဇ္ဈာယ်ဆရာ၌ အတူနေတပည့်က ပြုရမည့်ဝတ္တရားတွေ
လည်း အများအပြားပင်ရှိ၏။ ထို့ကြောင့် ဥပဇ္ဈာယ်နှင့် အတူ
နေသော တပည့်သည် မိမိကိုယ်တိုင် နေထိုင်ကောင်းလျှင်...
( ၁ ) နံနက်စောစောထ၍ ကိုယ်ဝတ်ဧကသီကို လက်ကတော့
တင်ပြီးလျှင် မျက်နှာသစ်ရေနှင့် ဒန်ပူ ကပ်ရသည်။
(၂) ယာဂုဖြစ်စေ ဆွမ်းဖြစ်စေ ရှိလျှင်လည်း ကပ်ရသည်။
( ၃ ) ဥပဇ္ဈာယ်ဆရာ၏ကျောင်း အိပ်ရာ နေရာတို့ကိုတံမြက်
လှည်း ရသည်။
ခန္ဓကဝတ်ကို သင်ပြခဏ်း
၈၇
( ၄ ) အိပ်ရာခင်း စသည်ကို နေလှန်းသင့်လျှင် နေလှန်း၍
ထိုင်ဘို့နေရာ စသည်ကိုလည်း ခင်းပေးရသည်။ ဤ
သို့ စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ ပြုကြရသော
ဝတ္တရား
တွေ များစွာ ရှိပေသည်။
မှတ်ချက်။ ။ဥပဇ္ဈာယ်ဆရာ၌ တပည့်အများရှိရာတွင် တပါး
ပါးက “ ဥပဇ္ဈာယ်ဆရာ၏ ဝတ်ကြီး
ဝတ်ငယ်
များကို တပည့်တော်ပြုပါမည်”ဟု တာဝန်ယူထားသော်၎င်း
ဥပဇ္ဈာယ်ဆရာကိုယ်တိုင်က “ငါ့မှာ ဝတ်ပြုမည့်သူ ရှိပြီ၊ သင်တို့
ချမ်းသာစွာနေ၍ ပရိယတ် ပဋိပတ်ကို အားထုတ်ကြ” ဟု
ခွင့်ပြုထားသော်၎င်း ဝတ်ကြီးဝတ်ငယ် မပြုဘဲ နေခွင့်ရပါ
သည် ဥပဇ္ဈာယ်ဆရာမှာ ဝတ်ပြုမည့်သူလည်း မရှိ၊ ခွင့်ပြု
ချက်လည်း မရှိပါဘဲ ဝတ်မပြုသော ရဟန်းသာမဏေတို့မှာ
အာပတ်သင့်ခြင်း, ဒဏ်ထိုက်ခြင်းဟူသော အပြစ်ရှိသည်။
(ဌ) သဒ္ဓိဝိက
ကိုရင် ဗုဒ္ဓရက္ခိတ ………ဥပဇ္ဈာယ်ယူထားသော တပည့်ကို
“ သဒ္ဓိဝိဟာရိက= အတူနေတပည့်”ဟု ခေါ်၏။ [သဒ္ဓိ =
အတူ+ဝိဟာရိက = နေလေ့ရှိသူ။ ဥပဇ္ဈာယ်ဆရာ့အတွက်
တပည့်မှာသာ တာဝန်ဝတ္တရားရှိသည် မဟုတ်သေး၊ ဥပဇ္ဈာယ်
ဆရာမှာလည်း တပည့်အပေါ်ပြုရသော ဝတ္တရားတွေ ရှိသေး၏၊
ထိုဝတ္တရားအချို့ကား---
(၁) စာချပေးခြင်း ဆုံးမဩဝါဒပေးခြင်းတို့ဖြင့် သင်္ဂြိုဟ်
ချီးမြှောက်ရသည်။

## PAGE 264

100
ရုပ်ပုံ ရှင်ကျင့်ဝတ်
(၂)`တပည့်မှာ သပိတ် သင်္ကန်း စသော ပရိက္ခရာမရှိ၍
ဥပဇ္ဈာယ်မှာ အပိုရှိလျှင် ထို သပိတ် သင်္ကန်း စသည်ကို
ပေးခြင်းဖြင့် ချီးမြှောက်ရသည်။
66
(၃) ဥပဇ္ဈာယ်မှာ အပိုမရှိလျှင် “ဘယ်လိုနည်းဖြင့် တပည့်မှာ
သပိတ် သင်္ကန်း ရပါ့မလဲ”ဟု ကြောင့်ကြစိုက်ရသည်။
(၄) တပည့် မကျန်းမမာဖြစ်သော အခါ၌ကား ဒန်ပူပေး
ခြင်း, မျက်နှာသစ်ရေပေးခြင်း ယာဂုပေးခြင်း တပည့်
နေရာ၌ အမှိုက်ရှုပ်လျှင် တံမြက်လှည်းခြင်းစသော
ဝတ်များကို (တပည့်က ဆရာ့အပေါ်၌ အမြဲပြုရ
သကဲ့သို့ ဆရာကလည်း တပည့်အပေါ်၌) ပြုရသည်။
(၃) အာစရိယဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ ဆရာ ၄-မျိုးအပေါ်၌ တပည့် ၄-မျိုးက
ပြုရသောဝက်ကို “အာစရိယဝတ်ဟု ခေါ်၏း ဆရာ ၄-မျိုး
ကား
ရှင်ပြုတုန်းက သရဏဂုံပေးသော “ပဗ္ဗဇ္ဇာစရိယ=ရှင်ပြု
60:6000 ဆရာ }
(၂) ရဟန်းပြုတုန်းက ကမ္မဝါစာရွတ်ဘတ်သော “ဥပသမ္ပဒါ.
စရိယ=ရဟန်းပြုပေးသောဆရာ
66
(၃) စာချပေးသော “ဓမ္မာစရိယ”
99
(၄) နိဿယည်းပေးသော “နိသာယာစရိယ”တို့တည်း။
ခန္ဓကဝတ်ကို သင်ပြခဏ်း
၁၉
ထိုဆရာ ၄-မျိုး၌ တပည့် ၄-မျိုးက ပြုရသော တာဝန်
ဝတ္တရားတို့မှာ ဥပဇ္ဈာယဝတ်နှင့် အများအားဖြင့် တူ၏၊
ထို့ကြောင့် ဆရာ ၄-ပါးအပေါ်၌ တပည့် ၄-ပါးတို့က မျက်နှာ
သစ်ရေကပ်ခြင်း, ယာဂုကပ်ခြင်းစသော ကျင့်ဝတ်များကို
ပြုကြရသည်။
(ခ) အန္တေဝါသိကဝတ်
ကိုရင် ဗုဒ္ဓရက္ခိတ..ဆရာ ၄-ပါး
ရှိသကဲ့သို့ တပည့် ၄-ပါး
ရှိ၏၊ ထိုတပည့်များကို “အန္တေ၀ါသိက အနီးနေတပည့်”ဟု
ခေါ်သည်၊ ထို ၄-ပါးကား--
66
(၁) “ပဗ္ဗဇ္ဇန္တိဝါသိက ရှင်ပြုပေးအပ်သော တပည့်”။
(၂) “ဥပသမ္ပဒန္တဝါသိက
ပဉ္စင်း ပြုပေးအပ်သော
တပည့်”။
(၃) “ဓမ္မန္တေဝါသိက =စာချပေးအပ်သော တပည့်”။
(၄) “နိဿယန္တံဝါသိက== နိဿယည်း ယူ၍ နေသော
တပည့်”။
ဤ တပည့် ၄-မျိုး အပေါ်၌ ဆရာ ၄-မျိုးက ပြုရသော
တာဝန် ဝတ္တရားများလည်း ဥပဇ္ဈာယ်က သဒ္ဓိဝိဟာရိက
တပည့် အပေါ်၌ ပြုရသော ဝတ္တရားနှင့် သဘောတူ၏၊ ထို့
ကြောင့် ဆရာ ၄-မျိုးတို့သည် တပည့်၄-မျိုးတို့ အပေါ်၌
စာချခြင်း, ဆုံးမဩဝါဒပေးခြင်း, သပိတ်သင်္ကန်း စသည်ကို
ပေးခြင်း မကျန်းမမာသောအခါ ပြုစုခြင်း စသော ဝတ္တရား
များကို ပြုကြရသည်။

## PAGE 265

ရုပ်ပုံ ရှင်ကျင့်ဝတ်
66
အမှာ။ ။ဥပဇ္ဈာယ်နှင့် အတူမနေရသော ရဟန်းငယ်တို့
သည် အရည်အချင်းရှိသော ဆရာ့အထံ၌ “အာ-
စရိယော မေ ဘန္တေ ဟောဟိ, အာယသ္မတော နိဿာယ
ဂစ္ဆာမိ=အရှင်ဘုရား… တပည့်တော်၏ ဆရာဖြစ်တော်မူပါ၊
အရှင်ဘုရားကို မှီခို၍ နေပါအံ့”ဟု ၃-ခေါက်ဆို၍ နိဿယည်း
ယူနေရသည်။
ဝတ်ကြေမှသာ နိဗ္ဗာန်ရောက်
ကိုရင် ဗုဒ္ဓရက္ခိတ…………ဤပြခဲ့သော ကျင့်ဝတ် ၁၄-ပါးကို
ဝိနည်း ပါဠိတော် စူဠဝဂ္ဂခန္ဓက၌ လာသောကြောင့် “ခန္ဓက
ဝတ်”ဟု ခေါ်ကြသည်၊ ဤကျင့်ဝတ်များ မကြေလျှင် အာ
ပတ်သင့်… ဒဏ်ထိုက်သောကြောင့် သီလမပြည့်စုံသူ ဖြစ်၏။
သီလမစင်ကြယ်လျှင် စိတ် မတည်ကြည်နိုင်၊ စိတ်ပျံ့လွှင့်၍
မတည်ကြည် သူသည် (တရားအားထုတ်သော အခါ)တရားကို
မမြင်နိုင်ပါ။
“သံသာရ ဝတ္ထုဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇီ ယာ-
စာမိ=သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ခြင်း အကျိုးငှါ ရှင်ပြု
ပေးပါရန် တောင်းပန်ပါ၏”ဟု ရှင်ပြုတုန်းကဆိုခဲ့သော်လည်း
တရားမမြင်သမျှ သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်၊ ထို့ကြောင့်
ဘုရားအဆုံးမတော်ကို လိုက်နာသော ဘုရားသားကောင်း
ရှဟန်းသာမဏေအပေါင်းသည် ပြခဲ့သော ဆိုင်ရာ ကျင့်ဝတ်
များကို မချွတ်မယွင်းရအောင် ပြုကျင့်ရမည်၊ ထိုသို့ ပြုကျင့်
မှသာ နိဗ္ဗာန်သို့ ရောက်နိုင်သည်။
ခန္ဓကဝတ်ကို သင်ပြခဏ်း
တိုက်တွန်းချက်။ ။မိကောင်း ဘခင်တို့သည် မိမိတို့သား
သမီးများကို ပညာတတ်အောင် စာ
သင်ကျောင်းသို့လည်း ပိုရ အရာရာ၌ လိမ္မာအောင်လည်း
ပြောဆိုသင်ပြရသကဲ့သို့ ထို့အတူ ဆရာကောင်းတို့သည်လည်း
မီမိတပည့်များကို ပညာတတ်အောင်လည်း သင်ပြဘို့တာဝန်
အဝတ်အစား အနေအထိုင် အပြော အဟော တတ်အောင်
လည်း သင်ပြဘို့ တာဝန် ရှိကြောင်းမှာ ဤပြခဲ့သော
ကျင့်ဝတ် များဖြင့် ထင်ရှားပါသည်။
ဝိနည်းမဟာဝဂ္ဂအဋ္ဌကထာ မဟာခန္ဓက ပဗ္ဗဇ္ဇာဝိနိစ္ဆယ
ခဏ်း၌လည်း “ရှင်သာမဏေ အသစ်ကို သင်္ကန်းဝတ်နည်း
ရှန်းနည်း သပိတ်ကိုင်နည်း, စားသောက်နည်း စသည်၌
အချိုးမကျသေးသမျှ ဆွမ်းစားကျောင်း စသော အများ
စုပေါင်းရာ အရပ်သို့ သွား၍ မစားမသောက် မနေမထိုင်
စေသေးဘဲ ဆရာ၏ အနီးအပါး၌သာ အရာရာ သင်ပြ၍
အချိုးကျအောင် ပြုပြင်ကြပါလေ”ဟု တိုက်တွန်းချက် ရှိပါ
သည်၊ ထို့ကြောင့် ဤ ပြခဲ့သော ကျင့်ဝတ်များကို နားလည်
အောင် ပြောပြတော်မူကြစေလိုပါသည်။
ထိုသို့ နားလည်ပြီးသော အခါလည်း ရဟန်းသာမဏေ
ဘဝ၏စိတ်ထားမွန်မြတ်ရပုံ ထင်ရှားစေခြင်းငှါ၎င်း,အကယ်၍
လူထွက် သွားစေကာမူ သာသနာတော်၏ အကြောင်း
ကောင်းကောင်း နားလည်၍ သာသနာကို ပြုစုတတ်သော
သူတော်ကောင်း ဒါယကာတယောက် ဖြစ်စေခြင်းငှါ၎င်း
ယခု ညွှန်ပြမည့် အဘိဏှဒသဓမ္မသတ်တော်နှင့် အတိုချုပ်
ကမ္မဋ္ဌာန်း ဘာဝနာကိုလည်း သင်ပြ၍ ကြည်ညိုဘွယ် နည်
