## PAGE 266

၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ယူဘွယ် ကောင်းလှသော ရှေးသာမဏေ သူတော်ကောင်း
တို့၏ အကြောင်းအရာကိုလည်း ဖတ်စာလုပ်၍ ဖတ်ကြစေ
ဘို့ရန် တိုက်တွန်း တောင်းပန်ပါသည်။
လေ့ကျင့်ခဏ်း မေးခွန်း
က။ အဘယ်ကိုဗန္တာရ”ဟု ခေါ်သနည်း၊ ထိုဇန္တာသရကို
မြန်မာလို ဘယ်သို့ ခေါ်သနည်း၊ဗန္တာရဝတ်ကို ပြပါ။
ခ။.အဘယ်ကို “ဝစ္စကုဋိ”” ဟု ခေါ်သနည်း၊ ထိုဝစ္စကုဋိ
ဝတ်ကို ပြပါ။
66
ဂ။ ယခုအခါ၌ ဧကသီကိုအပြင်ဘက်မှာမထားခဲ့ဘဲ ဝစ္စကုဋိ
အတွင်းသို့ ရန်း၍ ဝင်သွားခြင်းသည် ထိုဝစ္စကုဋိဝတ်နှင့်
ညီပါသလား၊ ထိုဝတ်နှင့်မညီလျှင် ဘယ်အပြစ် သင့်
သနည်း။
# အဘယ်ပုဂ္ဂိုလ်ကို “ဥပဇ္ဈာယ်”ဟု ခေါ်သနည်း၊ ထို
ဥပဇ္ဈာယဝတ်ကို ပြပါ။
အဘယ်ပုဂ္ဂိုလ်ကို “သဒ္ဓိဝိဟာရိက”ဟု
သဒ္ဓိဝိဟာရိကဝတ်ကို ပြပါ။
CH
ခေါ်သနည်း၊ ထို
စ။ အဘယ်ပုဂ္ဂိုလ်ကို “အာစရိယ” ဟု ခေါ်သနည်း၊ ထို
အာစရိယသည် ဘယ်နှစ်မျိုး ရှိသနည်း၊ ရေတွက်ပြပါ။
အဘယ်ပုဂ္ဂိုလ်ကို “အန္တေ၀ါသိက”ဟု ခေါ်သနည်း၊ထို
အန္တေဝါသိကသည်ဘယ်နှစ်မျိုးရှိသနည်း၊ရေတွက်ပြပါ။
ပြခဲ့သောဝတ်များကို မကြေသော ရဟန်း သာမဏေ
သည် အဘယ် အပြစ်ရှိပါသနည်း။
ခန္ဓကဝတ်သင်ပြခဏ်း ပြီး၏။
၈-ကိုယ်ကျင့်တရားခေင်များ
ဒသဓမ္မသုတ် ပါဠိတော်နှင့် နိဿယ
(ကျက်မှတ်ရန်)
ဒသယိမေ ဘိက္ခဝေ ဓမ္မာ ပဗ္ဗဇိတေန အဘိဏှ ပစ္စဝေက္ခိ-
တဗ္ဗာ။ ကတော့ ဒသ
(၁) ဝေဝဏ္ဏိယမ္ပိ အတ္ထုပဂတောတိ ပဗ္ဗဇိတေန
အဘိဏှ ပစ္စဝေက္ခိတဗ္ဗ။
မေ ဇီဝိကာဘိ ပဗ္ဗဇိတေန အဘိဏှီ
(၂) ပရပဋိဗုဒ္ဓါ
ပစ္စဝေက္ခိတဗ္ဗ။
( ၃ ) အညော မေ အာကပေါ် ကရဏီယောတိ ပဗ္ဗဇိ
တေန အဘိဏှ ပစ္စဝေက္ခိတဗ္ဗ။
ဘိက္ခဝေ၊ ဘိက္ခုတို့။. ဒသ၊ ၁ဝ-ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤ
တရားတို့ကို။ ပဗ္ဗဇိတေန၊ သာသနာ့ဝန်ထမ်း ရဟန်း သာမဏေသည်။
အဘိဏှ၊ နေ့စဉ်မပြတ်။ ပစ္စဝေက္ခိတဗ္ဗာ၊ ဆင်ခြင်ထိုက်ကုန်၏။
ဒသ၊ အဘယ် ၁၀-ပါးတို့နည်း---
( ၁ ) ( အဟံ၊ ငါသည်။) ဝေဝတ္ထိယံ၊ ဖောက်ပြန်သော အဆင်းရှိ
သူ၏ အဖြစ်သို့။ အဇ္ဇု ပဂတော၊ ကပ်ရောက်ရသည်။ အမှိ
ဖြစ်ပါတကား။ဣတိ၊ဤအကြောင်းကို။ ပဗ္ဗဇိတေန၊သည်။
အဘိဏှ၊ ပြတ်။ ပစ္စဝေက္ခိတဗူး ဆင်ခြင်ထိုက်၏။
(၂) မေ'ငါ၏။ ဇီဝိကာ၊ အသက်မွေးမှုသည်။ ပရပဋိဗဒ္ဓါ၊
သူတပါးတို့၌ ဆက်စပ်နေပါတကား။ ဣတိ၊ကို။ပဗ္ဗဇိတေန၊
သည်။ အဘိဏှ၊ ပြတ်။ ပစ္စဝေက္ခိတဗ္ဗေ ၏။
( ၃ ) မေ၊ ငါသည်။ အညော၊ လူတို့၏ အပြုအမူမှ တမျိုး တခြား
သော။ အာကာပေါ၊အပြုအမူကို။ ကရဏီယော၊ ပြုထိုက်ပါ

## PAGE 267

၉ ၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
အတ္တာ
(၄) ကစို့ နု ခေါ မေ သီလတော
တီတိ ပဗ္ဗဇိတေန အဘိဏှ ပစ္စဝေက္ခိတဗ္ဗ။
န ဥပ03-
( ၅ ) ကစို့  ု ခေါ် မံ အနုဝိစ္စ, ဝိညူ သဗြဟ္မစာရီ သီလံ-
တော န ဥပဝဒန္တီတိ ပဗ္ဗဇိတေန အဘိဏှ ပစ္စ-
ဝေက္ခိတဗ္ဗ။
( ၆ ) သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ၊နာနာဘာဝေါ
ဝိနာဘာဝေါတိ၊ ပဗ္ဗဇိတေန အဘိဏှ ပစ္စဝေက္ခိ-
တဗ္ဗ။
တကား။ ဣတိ၊ကို။ ပဗ္ဗဇိတေန၊ သည်။ အဘိဏှ၊ ပြတ်။
ပစ္စငေက္ခိတဗ္ဗေ၊ ၏။
( ၄ ) ကဉ္စိ၊ အသို့နည်း။ မေးငါ၏။ အတ္တာ၊ စိတ်သည်။ ဝါး ကိုယ်
တိုင်း သီလတော၊ သီလအားဖြင့်။ န ဥပဝဒတိ နု ခေါ
မစွပ်စွဲပါ၏လော။ ဣတိ၊ ဤ အကြောင်းကို။ ပဗ္ဗဇိတေန၊
သည်။ အဘိဏှ၊ ပြတ်။ ပစ္စဝေက္ခိတဗွီ၊ ၏။
( ၅ ) ကဉ္စိ၊ အသို့နည်း။ မြုံ၊ငါ့ကို။ အနုဝိစ္စ၊ ဉာဏ်ဖြင့် သက်ဝင်၍။
ဝိညူ၊ ပညာရှိကုန်သော။ သဗြဟ္မစာရီ၊ သီတင်းသုံးဘော်
တို့သည်။ သီလတော၊ သီလအားဖြင့်။ န ဥပဝဒန္တိ နု ခေါ၊
မစွပ်စွဲပါကုန်၏လော၊ဣတိ၊ကို။ပဗ္ဗဇိတေန၊သည်။အဘိဏှ၊
ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။
( 6 )
မေ၊ ငါ၏။ သဗ္ဗေဟိ၊အလုံးစုံကုန်သော။ ပိယေဟိ၊ ချစ်အပ်
ကုန်သော။ မနာပေဟိ၊ မြတ်နိုးအပ်ကုန်သော ဆွေမျိုး
ရင်းခြာ ဒါယကာ ဒါယိကာမတို့နှင့်။ နာနာဘာဝေါ၊
ဇာတ်ချင်းမတူ အမူကွဲပြား တသီးတခြားဖြစ်ရခြင်းသည်။
ဝိနာဘာဝေါ၊ မပြန်တမ်း သေခြင်းဖြင့် ကွေကွင်း၍ ဖြစ်ရ
ဒသဓမ္မသုတ် ပါဠိတော် နိဿယ
3
၉၅
(၇) ကမ္မဿကောမှိ ကမ္မဒါယာဒေါ, ကမ္မယောနိ ကမ္မဗန္ဓု
ကမ္မပ္ပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ
ပါပကံဝါ၊ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿာမီတိ၊
ပဗ္ဗဇိတေန အဘိဂုံ ပစ္စဝေက္ခိတဗူး
(ဂ) ကထံဘူတဿ မေ ရတ္တိန္ဒိဝါ ဂီတိဝတ္တန္တိတိ ပဗ္ဗဇိတေန
အဘိဏှ ပစ္စဝေက္ခိတဗ္ဗ။
(၉) ကစို့ နု ခေါ အဟိံသုညာဂါရေ အဘိရမာမီတိ(ပဗ္ဗဇိ-
တေန အဘိဏှ ပစ္စဝေက္ခိတဗ္ဗ။
ခြင်းသည်။ ဟောတိ၊ ဖြစ်ပါတကား။ ဣတိ၊ ကို။ ပဗ္ဗဇ္ဇိ-
တေန၊ သည်။ အဘိဏှ၊ ပြတ်။ ပစ္စဝေက္ခိတံင္ငံ၊ ၏။
( ၇ ) ( အဟံ၊ ငါလည်။) ကမ္မဿကော၊ ကံသာလျှင် ကိုယ်ပိုင်
ဥစ္စာရှိသည်၊ ကမ္မဒါယာဒေါ၊ ကံပေးအပ်သော အမှုကို
ခံယူရသည်။ ကမ္မယောနိ၊ ကံဟူသော အကြောင်းရှိသည်။
ကမ္မဗန္ဓု၊ ကံဟူသော ဆွေမျိုးရှိသည်။ ကမ္မပ္ပဋိဿရဏော၊
ကံဟူသော လည်းလျောင်းရာရှိသည်။ အမှိ၊ ဖြစ်ပါတကား။
ကလျာဏံ ဝါ၊ ကောင်းသည်မူလည်းဖြစ်သော ပါပကံ ဝါ၊
မကောင်းသည်မူလည်းဖြစ်သော။
ယံကမ္မံ၊ အကြင် ကံကို။
ကရိဿာမိ၊ပြုလိုက်အံ့။တဿကမ္မဿ၊ထိုကံကောင်း ကံဆိုး
အမျိုးမျိုး၏။ ဒါယာဒေါ၊ အမွေခံသည်။ ဘဝိသာာမိ ဖြစ်ရ
မှာပါတကား။ ဣတိ၊ကို။ ပဗ္ဗဇိတေန၊ သည်။ အဘိဏှ၊
ပြတ်။ ပစ္စဝေက္ခိတဗ္ဗေ ၏။
( ဂ )
(ဂ)
မေ၊ ငါသည်။ ကထံဘူကဿ၊ အဘယ်သို့ ဖြစ်၍ ဖြစ်စဉ်။
ရတ္တိန္ဒိဝါ၊ ညဉ့် နေ့တို့သည်။ ဝီတိဝတ္တန္တိ၊ လွန်သွားပါကုန်
လိမ့်မည်နည်း။ဣတိ၊ကို။ပဗ္ဗဇိတေန၊သည်။ အဘိဏှ ၊ပြတ်။
ပစ္စဝေက္ခိတဗ္ဗ၊ ၏။

## PAGE 268

ရုပ်ပုံ ရှင်ကျင့်ဝတ်
6000
ခေါယံ
(၁၀) အတ္ထိ နု ခေါ မေ၊ဥတ္တရိမနုဿဓမ္မော အလမရိယဉာဏ
ဒဿနဝိသေသော … အဓိဂတော၊
ပစ္ဆိမေကာ, သဗြဟ္မစာရီဟိ ပုဋ္ဌေ န မကို
ဘဝိဿာမီတိနဲ့ ပဗ္ဗဇိတေန အဘိဏှီ ပစ္စဝေက္ခိတဗ္ဗ။
ဣမေ ခေါ ဘိက္ခဝေ ဒသဓမ္မာ ပဗ္ဗဇိတေန
အဘိဏှ ပစ္စဝေက္ခိတဗ္ဗာ။
မွေ့လျော်နိုင်ပါ၏
( ၉ ) ကဉ္စိ၊ အသို့နည်း။ အဟံ၊ငါသည်။ သုညာဂါရေ၊ ဆိတ်ငြိမ်
သော ကျောင်း၌၊ အဘိရှမာမိ နု ခေါ
လော။ဣတိ၊ကို။ပဗ္ဗဇိတေန၊သည်။အဘိ၊နေ့စဉ်မပြတ်။
ပစ္စဝေက္ခိတဗ္ဗ၊ ဆင်ခြင်ထိုက်၏။
( ၁၀ ) ယော- အဟံ)အကြင် ငါသည်။ ဝါ၊အကြင် ငါ့ကို၊ ၊ပစ္ဆိမေ
ကာလေ၊ သေချိန်ရောက်ရာ နောက်အခါ၌။ သဗြဟ္မစာ
ရီဟိ၊ သီတင်းသုံးဘော်တို့သည်။ ပုဋ္ဌော၊ မေးအပ်သည်။
(သမာနော၊ ဖြစ်လတ်သော်။) မကိုး မျက်နှာ မသာယာ
သည်။ န ဘဝိဿာမိ၊ မဖြစ်ရလိမ့်အံ့။ တဿမေ၊ထို ငါ၏။
ဝါးထို ငါသည်။ အဓိဂတော၊ သိအပ်ရအပ်ပြီးသော။ အလ-
မရိယဉာဏဒဿနဝိသေသော၊ ကိလေသာကို ဖျက်ဆီး
ခြင်း၌ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိ
သော။ ဥတ္တရိမနုဿဓမ္မော၊ မြတ်သော ဈာယီအရိယာ
လူတို့၏ဥစ္စာဖြစ်သော ဈာန်မဂ်ဖိုလ်တရားသည်။ အတ္ထိ
ခေါ၊ ရှိလေသလော။ ဣတိ၊ ဤ အကြောင်းကိုး၊ ပဗ္ဗဇ္ဇိ
တေန၊သသနာ့ဝန်ထမ်း ရဟန်းသာမဏေသည်။အဘိဏှ၊
နေ့စဉ်မပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ဆင်ခြင်ထိုက်၏။
ဘိက္ခဝေ၊ ဘိက္ခုတို့။ ဒသ၊ ၁၀-ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤ
တရားတို့ကို။ ပဗ္ဗဇိတေန၊ သာသနာ့ဝန်ထမ်း ရဟန်း သာမဏေသည်။
အဘိဏှ၊ နေ့စဉ်မပြတ်။ ပစ္စဝေက္ခိတဗ္ဗာ၊ ဆင်ခြင်ထိုက်ကုန်၏။
ဆရာ။
ကိုရင်။
ဆရာ။
၉-ကမ္မဋ္ဌာန်းဘာဝနာ
သင်ပြခဏ်း
ဘာဝနာအကျိုး
။ကိုရင် ဗုဒ္ဓရက္ခိတ... ဘာဝနာ” ဆိုတာကို နား
လည်ရဲ့လား။
။နားမလည်သေးပါ အရှင်ဘုရား။
။ မိမိစိတ်ကို(သေးသေးသိမ်သိမ် မဖြစ်စေဘဲ) တိုး
တက်ကြီးပွါးလာအောင်ကြိုးစားမှုကို“ဘာဝနာ
ဟု ခေါ်တယ်။ [ဘာဝနာ = တိုးပွါးစေခြင်း။
တနည်း-မိမိစိတ်အစဉ်ကို ကမ္မဋ္ဌာန်းအာရုံ တပါး
ပါးဖြင့် ထုံမွှန်း၍ ထားမှုကို “ ဘာဝနာ” လို့
ခေါ်တယ်။ [ဘာဝနာ=ထုံမွှန်းခြင်း။
ကိုရင်။ ။“ ထုံမွှန်း” ဆိုတာ ဘယ်လိုဟာဘာလဲ အရှင်
ဘုရား။
ဆရာ။ ။အဝတ်ကို နံ့သာတို့ဖြင့် ဆွတ်ဖျန်းထားခြင်း
အဝတ်အခေါက်ထဲမှာ နံ့သာမှုန့်တို့ကို သွင်းထား
ခြင်းကို “နံ့သာဖြင့် ထုံမွှန်းခြင်း”လို့ ခေါ်တယ်၊
ထို့အတူ စိတ်ကို ကမ္မဋ္ဌာန်းအာရုံ တပါးပါးဖြင့်
ကောင်းမွန်စွာထားခြင်းကိုလဲ “စိတ်ကို ကမ္မဋ္ဌာန်း
ဖြင့် ထုံမွှန်းထားခြင်း”လို့ ခေါ်ရတယ်။
၇-ပ-မ-သ-စ

## PAGE 269

၉ဂ
ရုပ်ပုံ ရှင်ကျင့်ဝတ်
ကို၎င်။ ။ဒီလို ထုံမွှန်းထားတော့ ဘာအကျိုးရှိပါသလဲ
အရှင်ဘုရား။
ဆရာ။ ။အဝတ်ကို အမွှေးနံ့သာတို့ဖြင့် ထုံထားတဲ့အခါ
အဝတ်မှာ မွှေးရနံ့ သင်းပျံ့နေသလို စိတ်ကို
ကမ္မဋ္ဌာန်းအာရုံကောင်းဖြင့် ထုံမွှန်းထားသော
အခါ စိတ်အစဉ်မှာ စိတ်ကောင်းစိတ်မြတ်ချည်း
ဖြစ်နေတဲ့အကျိုးကို ရနိုင်တယ်၊ မွှေးရနံ့ထုံနေ
သော အဝတ်မှာ မကောင်းနံ့တွေ မဝင်နိုင်သလို
ကမ္မဋ္ဌာန်းဖြင့် ထုံထားသော စိတ်အစဉ်မှာလဲ
မကောင်းသော စိတ်အညစ်အကြေးတွေ မကပ်
နိုင်တဲ့အကျိုးကိုလဲ ရနိုင်တယ်။
ကိုရင်။ ။ ဒီလို စိတ်အညစ်အကြေးတွေ မကပ်ရောက်ဘဲ
စိတ်ကောင်း စိတ်မြတ် ဖြစ်နေတော့ ဘယ်လို
အရသာရှိပါသလဲ အရှင်ဘုရား။
ဆရာ။ ။စိတ်အညစ်အကြေးတွေ မကပ်ရောက်တော့ စိတ်
အစဉ်ဟာ အမြဲကြည်လင်ပြီး အေးမြချမ်းသာတဲ့
အရသာကို ခံစားရတယ်၊ ဒီလို စိတ်အေးမြတာ
ကိုပင် “စိတ္တသုဓ=စိတ်ချမ်းသာမှု”လို့ ဆိုရတယ်၊
စိတ်ချမ်းသာတော့ ခန္ဓာကိုယ်လဲ ကျန်းမာ ချမ်း
သာတဲ့ ကာယသုခအရသာကို ခံစားရတယ်၊
ဒါ့ကြောင့် “ဘာဝနာ”ဆိုတာ စိတ်ရော ကိုယ်ပါ
ချမ်းသာသုခ အရသာကို ပေးနိုင်တဲ့တရားမျိုးလို့
အမြဲမှတ်ထားရမယ်။
"
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၉၉
ကိုရင်။ ။ကမ္မဋ္ဌာန်းဆိုတာနဲ့ ဘာဝနာဆိုတာ ထူးပါသေး
သလား အရှင်ဘုရား။
66
ဆရာ။ ။မထူးတဲ့နည်းလဲ ရှိတယ်၊ ထူးတဲ့နည်းလဲ ရှိတယ်၊
“ကမ္မ=ရှေးရှေးဘာဝနာအလုပ်သည်ပင်+ဌာန=
နောက်နောက်ဘာဝနာ၏ တည်ရာ” လို့ ဆိုလျှင်
ရှေးရှေးဘာဝနာကိုပင် “ကမ္မဋ္ဌာန=ကမ္မဋ္ဌာန်း”
လို့ခေါ်တယ်၊ ဒီလိုဆိုတော့ ဘာဝနာနဲ့ ကမ္မဋ္ဌာန်း
ဟာ ရွှေနောက်သာ ကွဲတယ်၊ သဘောတော့
မထူးဘူး။
"
“ကမ္မ= ဘာဝနာအလုပ်၏+ဌာန=တည်ရာ”
ဆိုလျှင်တော့ ဘာဝနာစိတ်အစဉ်၏ တည်ရာဖြစ်
သော ကသိုဏ်း အာရုံတို့ ဘုရားအာရုံတို့လို
အာရုံများကို “ကမ္မဋ္ဌာန်း”လို့ ခေါ်ရတယ်၊ ဒီလို
ဆိုလျှင် ဘာဝနာက စိတ်အစဉ်, ကမ္မဋ္ဌာန်းက စိတ်
၏ အာရုံဖြစ်၍ ဘာဝနာနဲ့ ကမ္မဋ္ဌာန်းဟာ ထူး
တယ်။
ဘာဝနာ ၂-မျိုး
။အဲဒီ ဘာဝနာဟာ ဘယ်နှစ်မျိုးရှိပါသလဲ အရှင်
ဘုရား။
ကိုရင်။
ဆရာ။
။သမထဘာဝနာ, ဝိပဿနာဘာဝနာ ဘာဝနာ
၂-မျိုး ရှိတယ်။
ကိုရင်။
။သမထ ဘာဝနာဆိုတာ ဘယ်လို ဟာမျိုးပါလဲ
အရှင်ဘုရား။

## PAGE 270

၁၀၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဆရာ။ ။သမထဘာဝနာဆိုတာ ကမ္မဋ္ဌာန်းအာရုံ တခုခု
အပေါ်မှာ စိတ်ကိုတည်နေအောင် ကြည်နေ
အောင် ငြိမ်နေအောင် ထားရတဲ့ ဘာဝနာဖြစ်
တယ်။ [သမထ= ငြိမ်သက်တည်ကြည်စေတတ်
သော (သမာဓိ)။]
ကိုရင်။ ။ကမ္မဋ္ဌာန်းအာရုံတခုခုအပေါ်မှာ စိတ်တည်ကြည်
ငြိမ်သက်နေလျှင် ဘာအကျိုးရှိပါသလဲ .. အရှင်
ဘုရား။
ဆရာ။ ။လူတွေရဲ့စိတ်ဟာ မတည်ကြည်လို့ မငြိမ်သက်လို့
ဟိုဟာ လိုချင် ဒီဟာ လိုချင်နှင့် လောဘ ဖြစ်ရ
တယ်၊ လိုချင်တာ မရတော့ စိတ်ဆိုးခြင်း စိတ်
မချမ်းသာခြင်း စိတ်မကျေနပ်ခြင်းဆိုတဲ့ ဒေါသ
ဖြစ်ရတယ်၊ ကိုယ့်ထက်သာနေတဲ့သူကို မနာလိုတဲ့
ဣဿာဖြစ်ရတယ်၊ သူတပါးတို့ ကိုယ့်လို ကြီးပွါး
ချမ်းသာမှာစိုးတဲ့ မစ္ဆရိယ ဖြစ်တယ်၊ `စိတ်ကြီး
ဝင်တတ် ဟန်ကြီးပန်ကြီး လုပ်တတ်တဲ့ မာန်မာန
လဲ ဖြစ်ရတယ်၊ ကမ္မဋ္ဌာန်းအာရုံ တခုခုအပေါ်မှာ
စိတ်ကတည်ကြည် ငြိမ်သက်နေပလား ဆိုလျှင်
အဲဒီလို ယုတ်မာဆိုးဝါးတဲ့ စိတ်မျိုးမဖြစ်တော့ဘဲ
အလွန်ချမ်းသာအေးမြ သုခရှိသောစိတ်များသာ
ဖြစ်နေတော့တယ်၊ ဒါ့ကြောင့် ကိုရင်တို့စိတ်ဟာ
တည်ကြည်အောင် စိတ်ချမ်းသာအောင် သမထ
ဘာဝနာကမ္မဋ္ဌာန်းကို လေ့လာကြရမယ်။
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၀၁
ကိုရင်။ ။ဝိပဿနာဘာဝနာ ဆိုဒါကတော့ ဘယ်လိုဟာ
မျိုးပါလဲ အရှင်ဘုရား။
ဆရာ။ ။ဝိပဿနာဘာဝနာဆိုတာကတော့မိမိခန္ဓာကိုယ်နှင့်
တက္ခ တလောကလုံးရှိ အရာဝတ္ထုတွေကို အနိစ္စ
ဒုက္ခ အနတ္တ (မမြဲပုံ မကောင်းပုံ အနှစ် အတ္တ
မဟုတ်ပုံကို) သိအောင် မြင်အောင် ရှုရ ဆင်ခြင်
ရတဲ့ ဘာဝနာ ဖြစ်တယ်။ [8- အထူးထူး
အထွေထွေ (အနိစ္စ ဟု၎င်း၊ ဒုက္ခ ဟု၎င်း၊ အနတ္တ
ဟု၎င်း)ပဿနာ=ရှုတတ်သော ဉာဏ်။
ကိုရင်။
ဆရာ။
။ဒီလို ဝိပဿနာ ရှုနေတာကတော့ ဘာအကျိုး
ရှိပါသလဲ အရှင်ဘုရား။
။ဒီလို ရှုတတ်တဲ့ဉာဏ် အမြင်သန်လာတော့ လော
ကကြီး တခုလုံး ဘာအသုံးမှ မကျပါတကားလို့
သိမြင်လာတယ်၊ အဲဒီလို သိမြင်လာတဲ့အခါ မိမိ
ကိုယ်နှင့်တကွ လောကကြီးဟာ ငြီးငွေ့စရာ စက်
ဆုပ်စရာလို့ ထင်မြင်လာတယ်၊ ဒီလို ထင်မြင်
လာတဲ့ အခါကြမှ လောကကြီးနှင့် တဘက်
တလမ်းဖြစ်ပြီး ခိုင်မြဲသော ချမ်းသာသော အေးမြ
သော နိဗ္ဗာန်ကို သဘောပေါက်လာတယ်၊ ဒီလို
ဝိပဿနာဉာဏ်မရှိသမျှ “နိဗ္ဗာန်မြန်မြန်ရပါလို၏”
ဟု ဆုသာတောင်းကြတာ၊ အဟုတ်တော့ မလို
ချင်ပါဘူး၊ ဒါ့ကြောင့် ဝိပဿနာရှုခြင်းဟာ
နိဗ္ဗာန်ကို မြန်မြန် မြင်ရခြင်း အကျိုးရှိတယ်။
