## PAGE 271

၁၀၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ကိုရင်။ ။သမထဘာဝနာ ဆိုတာ ဘယ်လောက် များပါ
သလဲ အရှင်ဘုရား။
ဆရာ။
။သမထဘာဝနာ ဆိုတာ ပါဠိတော်မှာ ၃ဂ-မျိုး
ရှိပါတယ်၊ အဋ္ဌကထာမှာတော့ ၄၀-ရှိတယ်။
ကိုရင်။ ။အဲဒီ အားလုံးကိုဘဲ တပည့်များ အားထုတ်ရမှာ
ပါလား အရှင်ဘုရား။
ဆရာ။ ။အဲဒီ ကမ္မဋ္ဌာန်းအားလုံးတော့ မလိုသေးပါဘူး၊
ကိုရင်များနှင့် သင့်တော်ရုံဖြစ်တဲ့ ကောဋ္ဌာသ
ကမ္မဋ္ဌာန်းကို အားထုတ်သင့်ပါတယ်။
ကိုရင်။ ။ဒီ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ဘယ်လို အားထုတ်
ရမှာပါလဲ အရှင်ဘုရား။
ဆရာ။ ။(၁) “ကေသာ လောမာ”စသော ပါဠိကို ပဌမ
ကျက်ပါ။ (၂) “ဆံပင် မွေးညှင်း” စသော
မြန်မာကို ဒုတိယ ကျက်ပါ။ (၃) ထို့နောက်
သရုပ် ဖော်ထားသော အနက် အကျယ်ကို
ကျက်ပါ၊ ဤမှ နောက် အစီအစဉ်ကို ကမ္မဋ္ဌာန်း
အားထုတ်နည်း၌ ညွှန်ပြမည်။
* ဓမ္မသင်္ဂဏီပါဠိတော်၌ အာကာသနှင့် အာလောကကသိုဏ်း
၂-ပါး မပါ၊ အဋ္ဌကထာတို့၌သာ ပါသည်။
အမှာ။ ။“ကေသာ, လောမာ=ဆံပင်, မွေးညှင်း” အစချီသော
၃၂-စုတွင် တစုစုကို သတိရနေခြင်းကို “ကာယဂတာသတိ
ကမ္မဋ္ဌာန်း”ဟု ခေါ်၏၊ [ကာယ=ဆံပင် စသော အစု၌+ဂတာ=
အတ္ထိ ဣမသ္မိ
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
ကျက်မှတ်ရန် ၃၂-ကောဋ္ဌာသပါဠိ
ကာယေ
၁။ ကေသာ လောမာ နခါ ဒန္တာ တစော။
၂။
မိသ နှာရူ အဋ္ဌိ အဋ္ဌိမိဉ္စ ဝတ္တံ။
၃။ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ပါသံ။
၁၀၃
၄။ အန္တီ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂ။
၅။ ပိတ္တံ သေမှ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ။
၆။ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ။
၃၂-ကောဋ္ဌာသ မြန်မာပြန်
ဤ ငါ၏ကိုယ်မှာ....
၁။ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေ။
၂။ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို ့။
၃။ နှလုံး အသည်း အမြှေး ၊အပျဉ် (အဖျဉ်း) အဆုပ်။
၄။ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်။
၅။ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ။
ဖြစ်နေသော(အာရုံပြုနေသော) + သတိ=အမှတ်ရမှု။ အဲဒီ ကမ္မဋ္ဌာန်း
ကို “ကောဋ္ဌာသ ကမ္မဋ္ဌာန်း”လို့လည်း ခေါ်၏။ [ကောဋ္ဌာသ=အစု။]
ဆံပင်တစု မွေးညှင်း တစု .. စသည်ဖြင့် ၃၂ - ပါးရှိသောကြောင့်
“ဒွတ္တိ ံသာကာရ ကမ္မဋ္ဌာန်း”လို့လည်း ခေါ်၏၊ ဒွတ္တိ ံသ=၃၂+
အာကာရ=အပြား။ ဤကမ္မဋ္ဌာန်းကို ကိုရင်များနှင့် လျော်သော
ကြောင့် ရှေးဆရာတော်ကြီးများ သင်ပြပေးတော်မူလေ့ရှိကြသည်။

## PAGE 272

၁၀၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
၆။ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်
တို့သာ ရှိကုန်သည်တကား။
သရုပ်ဖော် အနက်ကျယ်
ဣမသ္မိံ ကာယေ၊ တွင်းပ ဝန်းကျင် မစင်မကြယ် ရွှံ့ဘွယ်-
ပြည့်လျှမ်း အရေလွှမ်းဖုံး ဤ ငါ၏တကိုယ်လုံး၌။
ကေသာ- ဦးခေါင်းထက်နေ. တွက်ရေများဖြင် ဆံပင်အစု
တို့သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါငါသူတပါး လားလား
မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါကုန်သည်
တကား။
-
လောမာ – ကိုယ်လုံးထက်အောက် အနှံ ့ပေါက်သည့် မြား
မြောက်စ္စာဟု မွေးညှင်းအစုတို့သည်။ အတ္ထိ၊ ပုဂ္ဂိုလ်
သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်
ဘွယ်သာ ထင်ရှား ရှိပါကုန်သည်တကား။
နခါ-လက် ခြေ ၂-ပါး အဖျား၌တွယ် နှစ်ဆယ်သော
လက်သည်း ခြေသည်းတို့သည်။ အတ္ထိ၊ပုဂ္ဂိုလ် သတ္တဝါ
ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ
ထင်ရှားရှိပါကုန်သည် တကား။
ဒန္တာ- သွားဖုံး၌တွယ် သုံးဆယ့်နှစ်ချောင်း သွားအပေါင်း
တို့သည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး
လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှား ရှိပါ
ကုန်သည်တကား။ ။ [သွားအပြည့်အစုံ ပေါက်သူ
မှာ ၃၂-ချောင်း ရှိ၏။]
တစော
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၀၅
– ကိုယ်လုံးရစ်ပတ် အောက်ထပ်အထူ အပေါ် မူအပါး
နှစ်မျိုးခြားလျက် အသားပေါ် နေ အရေအစုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။
မံသံ – အဆင်းနီရင့် ကသစ်ပွင့်ပမာ ကိုးရာသော အသား
တစ် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး
လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါ
သည် တကား။
နှာရု — လည်မှဆင်းသက် ဝဲယာယှက်၍ ကိုယ်လက်နှံ ဖြာ
ကိုးရာသော အကြောအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ
ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်
ရှားရှိပါသည် တကား။
အသား။
အရေ။ ။အပေါ်ရေ အတွင်းရေဟု ၂-မျိုးရှိ၏၊ အပေါ်
ရေသည် ပါး၏၊ အတွင်းရေသည် လူ၏၊
ကြောင့် အရေထူ အရေပါးဟုလည်း ခွဲခြားကြသည်၊
အရေထူ အရေပါး ၂-မျိုးလုံးကိုပင် တစော အရ၌ ယူရသည်။
။အရိုးတို့ကို လိမ်းကျံကပ်ငြိ၍ အရေ၏အတွင်း၌
တည်သော အသားများတည်း၊ အဆင်းအား
ဖြင့် ကသစ်ပွင့်ကဲ့သို့ အနီရင့်အဆင်း ရှိ၏၊ အသားတစ်ပေါင်း
၉-ရာ ရှိသတတ်၊ လူရုပ်လုပ်သည့်အခါ အတွင်းက ဝါးခြမ်း
တွေ့ခံ၍ အပေါ်ယံမှာ နွားချေးများ မွမ်းမံထားသကဲ့သို့
အတွင်းခံ အရိုးတွေ အပေါ်၌ အသားတွေ လိမ်းကျံကပ်ငြိ
နေသည်။

## PAGE 273

၁၀၆
-
ရုပ်ပုံ ရှင်ကျင့်ဝတ်
အဋ္ဌိ - ခြေဖျားမှတက် ဦးခေါင်းထက်သို့ ဆက်ကာ ဆက်
ကာ သုံးရာသော အရိုးအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်
သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်
ဘွယ်သာ ထင်ရှားရှိပါသည် တကား။
အဋ္ဌိမိဉ္စ-အရိုးတွင်းခေါင်း အဆန်ပေါင်းသို့ ပြော့ပျောင်း
ဖြူနု ခြင်ဆီအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ
သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာထင်
ရှားရှိပါသည် တကား။
အကြော။
။အကြောမကြီးနှင့် အကြောသေးဟု ၂-မျိုး
ရှိ၏၊ လည်ပင်းမှစ၍ အကြောမကြီး တို့သည်
တကိုယ်လုံးကို မြှေးယှက်လျက် ရွှေဘက်မှ ငါးသွယ် နောက်
ဘက်မှ ငါးသွယ် လက်ယာဘက်မှ ငါးသွယ် … လက်ဝဲဘက်မှ
ငါးသွယ်ဖြာလျက် အောက်သို့ သက်ဆင်းကြကုန်၏။ လက်တံ
၌လည်း ရွှေဘက်ငါးသွယ် နောက်ဘက်ငါးသွယ်စီ ( ဝဲ-ယာ
လက် ၂-ဘက်လုံးမှာ ) မြှေးယှက်၍ တည်ကုန်၏၊ ခြေတံ
၂-ဘက်၌လည်း ဤနည်းအတိုင်း တဘက်လျှင် ရွှေငါးသွယ်
နောက်ငါးသွယ်စီအားဖြင့် ၂၀-သော အကြောတို့ မြှေးယှက်
၍ တည်ကုန်၏၊ ဤကား အကြောမကြီး ၆၀-တည်း၊ အရိုး
အသားတို့ကို ဖွဲ့တုပ် မြေးယှက်၍နေသော အကြောကလေး
များလည်း ကြိုးကလေးများကဲ့သို့ တကိုယ်လုံး၌ အနှံ့ အပြား
တည်ရှိကြလေသည်၊ အကြောသေး အကြောမ အားလုံး
ပေါင်းလျှင် ၉-ရာ ရှိသတတ်။
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
တကား။
၁၀၇
ဝက္ကံ – ၂-လုံး သရက် ညှာ တခက်၌ ဖြာလျက် တည်ဟန်
လည်တံ သက်လျှော အကြောကြီးမှ ၂-ဖြာ၍
ဟဒယပတ်လည် ဇဉ်ငယ်နီသော အညို ၂-ခုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်
ဟဒယံ− အောက်သို့ မှောက်ခုံ ကြာပဒုံ၏ အငုံသဘွယ်
ရှင်လည်မှာတည် အဆင်းနီသော နှလုံးသားသည်။
အရိုး။ ။လက်ရိုး ၆၄-ချောင်း, ခြေရိုး ၆၄-ချောင်း စသည်
ဖြင့် ဦးခေါင်းအခွံရိုး ၉-ခုတိုင်အောင် အရိုးပေါင်း
၃-ရာခန့် ရှိသတတ်။
ခြင်ဆီ။ ။ထို အရိုး ၃-ရာခန့်၏ အတွင်း၌ “ခြင်ဆီ
အဆန်” ခေါ်သော ကောဋ္ဌာသ တမျိုး ရှိ၏၊
ကြက် စသော သတ္တဝါများ၏ အရိုးကို ထုခွဲလိုက်သည့်အခါ
အတွင်းမှာရှိသော အရာဝတ္ထုမျိုးပင် ဖြစ်၏။
အညို။ ။ဤ အညှို့သည် လည်ပင်းမှ သက်ဆင်းသော
အကြောမမှ ၂-ဖြာ၍ တည်သော အသား ၂-ခု
တွဲတည်း၊ ပုံသဏ္ဌာန်အားဖြင့် အညှာတခု၌ တွဲနေသော
သရက်သီး ၂-လုံးပြုတ်သဏ္ဌာန်ရှိ၏၊ အဆင်းအားဖြင့် အနည်း
ငယ်နီ၏၊ နေရာအားဖြင့်(နောက်၌ပြမည့်)နှလုံးသားကို ရံ၍
တည်၏။
နှလုံး။ ။ဤ“နှလုံး”သည် အသားတမျိုးပင်တည်း၊အဆင်း
အားဖြင့် နီ၏၊ ပုံသဏ္ဌာန်အားဖြင့် အပြင်ဘက်
အဖတ်တို့ကိုဖယ်၍ ´ အောက်သို့ စောက်ထိုးထားအပ်သော

## PAGE 274

၁၀၈
ရုပ်ပုံ ရှင်ကျင့်ဝတ်
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
ယကနံ−ကုမုဒြာကြာနီပွင့်ဖတ် ကြောရပ်သဘွယ် ဇဉ်ငယ်
နီလျက် ကသစ်ရွက်သို့ အစဘက် တဖုံ ဖျားအစုံ
ဖြင့် ရှင်ခုံလယ်ဗွေ ယာမှာနေသော အသဲလွှာသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
ကိလောမကံ – အဝတ်လွှာဖြူ ပမာတူသို့ နှလုံးအညို့ကို ဖုံးဆို့၍
တည် တလီအသား အရေကြား၌ အသားယှက်ထွေး
၂-မျိုးသော အမြှေးသည်။ အတ္တိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ
သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်
ရှားရှိပါသည်တကား။
ပဒုမ္မာကြာပုံသဏ္ဌာန် ရှိ၏၊ အပြင်ဘက်၌ ချော၍ အတွင်း
ဘက်၌ ခဝဲသီး(တနည်း-သပွတ်သီး)အတွင်းသားနှင့် တူ၏၊
ဉာဏ်ပညာရှိသူများ၏ နှလုံးသားသည် အနည်းငယ် ပွင့်၍
ဉာဏ်ပညာနုံ ့သူတို့၏ နှလုံးသားကား အငုံအတိုင်းပင်ဖြစ်၏၊
ထိုအုံအတွင်းဝယ် တွင်းငယ်တခု ရှိ၏၊ ´ ထို တွင်းငယ်၌
တလက်ခုပ်၏ တဝက်လောက် သွေးများ တည်ရှိလေသည်၊
ထို နှလုံးသားသည် သားမြတ် ၂-ခု၏ အလယ်၌ တည်ရှိ
သတတ်။
အသဲ။ ။ဤ အသည်း(အသဲ)ဟူသည် အသားလွှာ တမျိုး
တည်း၊ ကုမုဒြာကြာနီပွင့်ဖတ်၏ ကျောပြင်ကဲ့သို့
အဆင်း နီဖြော့ဖြော့ရှိ၏၊ ပုံသဏ္ဌာန်အားဖြင့် ကသစ်ရွက်ကဲ့သို့
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁ဝ၉
ပိဟကံ- ကြောင်ပန်းပွင့်လို အဆင်းညို၍ နွားညိုလျှာဟန်
ပုံသဏ္ဌာန်ဖြစ် ခုနစ်သစ်ရှည်လျား နှလုံးသားနှင့်
ဝဲဘက်သင့်လျက် စာအိမ်ထက်ဝယ် သရက်ရွက်တွင်
ဘေအပျဉ်(အဖျဉ်း)မည်ငြားဝမ်းလျှာအသားသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
အရင်း၌ တခုတည်းဖြစ်၍ အဖျားကျမှ ၂-မြွှာကွဲသွား၏၊ ထို
အသည်းသည် ဉာဏ်ထိုင်းသူတို့၌ တခုတည်း ကြီးကြီးမားမား
ရှိ၍ ဉာဏ်ထက်သူတို့၌ ၂-ခု ၃-ခု ရှိသတတ်၊ တည်ရာအားဖြင့်
သားမြတ် ၂-ခုအလယ်မှာ လက်ျာဘေးကို မှီ၍ တည်ရှိ
လေသည်။
အမြှေး။ ။ဖုံးလွှမ်းသော အမြှေး, မဖုံးလွှမ်းသော အမြှေး
အားဖြင့် ၂-မျိုးရှိ၏၊ အဆင်းအားဖြင့် အဝတ်
ဖြူလွှာကဲ့သို့ ဖြူ၏၊ ဖုံးလွှမ်းသော အမြှေးကား တကိုယ်လုံးရှိ
အသားတွေကို မြှေးယှက်တည်၏၊ ထိုအမြှေး၏ အပေါ်၌
အရေတည်ရသည်၊ အမဲသား စသည်၌ ထို အမြှေးကလေး
များကပ်၍ ပါနေသည်ကို မြင်နိုင်ကြသည်။
အပျဉ်။ ။ဤ အပျဉ်ကို ့ကျမ်းစာ၌ “ဥဒရ ဇိဝှါမံသံ=ဝမ်း
လျှာအသား” ဟု ဆို၏၊ အဆင်းအားဖြင့်
ကြောင်ပန်းပွင့်ကဲ့သို့ ညှိ၏၊ ပုံသဏ္ဌာန်အားဖြင့် နွားညှိကလေး
လျှာသဏ္ဌာန် ရှိ၏၊ လက် ၇-သစ်ရှည်၏၊ ဤအပျဉ်
(အဖျဉ်း)ကို “သရက်ရွက်”ဟု၎င်း “ဝမ်းလျှာ”ဟု၎င်း“ဘေ
ဟု၎င်း ခေါ်သည်၊ နေရာအားဖြင့် နှလုံးသား၏လက်ဝဲဘက်မှာ
"

## PAGE 275

၁၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ပပ္ပါသံ-သဖန်းရွှင်းပြင်း အဆင်းနီနီ မညီဖြတ်ခဲ့ ပုံပြတ်နဲ
သို့ အသဲနှလုံး တွဲရရွဲဖုံးတွယ် သုံးဆယ်နှင့် နှစ်
အသားတစ်ဟူသော အဆုပ်သည်။ အတ္ထိ၊ ပုဂ္ဂိုလ်
သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်
ဘွယ်သာ ထင်ရှားရှိပါသည်တကား။
အန္တ – ယောက်ျားတို့ဝယ် သုံးဆယ်နှင့် နှစ် မိန်းမ ဖြစ်မူ
နှစ်ဆယ့်ရှစ်တောင် ဖြူရောင်အဆင်း သွေးစကျင်းနေ
ခေါင်းပြတ် မြွေလို လည်မျိုမှ သက် ဝစ္စမဂ်ဝယ်
ရှိ၍ အစာသစ်အိမ်ဟု ခေါ်ရသော အိမ်၏ အထက်ထိပ်
ဘေးစောင်းကို မှီလျက် တည်၏၊ သူ့မှာ တစုံတခု အတွယ်မရှိ
ရကား ခြေဖြင့်ကန်ခြင်း စသည်ကြောင့် သူ့နေရာ၏အပြင်ဘက်
ထွက်သွားလျှင် ချက်ခြင်း သေနိုင်၏။ [“အဖျဉ်း”ဟုလည်း
ခေါ်၏။
အဆုပ်။ ။အသားတုံးကလေး ၃၂-တုံး ပေါင်းစပ်ထား
သော အသားစုကို “အဆုပ်”ဟု ခေါ်သည်၊
အဆင်းအားဖြင့် မမှည့်လွန်းသော သဖန်းသီး အသွေးကဲ့သို့
နီ၏၊ ပုံသဏ္ဌာန်အားဖြင့် မညီမညွတ် ဖြတ်ထားသော ပြစ်ခဲ
သော မုန့်နှင့် တူ၏၊ ယခုကာလ ““ဝက်သဲ ဝက်ဆုပ်”စသော
အသားများ၌ ပါသော အဆုပ်ပင်တည်း၊ နေရာအားဖြင့်
သားမြတ် ၂-ခုတို့၏ အလယ်ဝယ် နှလုံးနှင့် အသည်းကို
အပေါ်က လွှမ်းဖုံးကားတွဲလျားကျလျက် တည်လေသည်။
အူမ။ ။အအကြီးစားကိုပင် “အူမ”ဟု ခေါ်၏၊ ယောက်ျား
တို့၏အူမသည် ၃၂-တောင် ရှိ၏၊ မိန်းမတို့၏ အူမ
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း ၁၁
နှစ်ဆယ်တတွန့် လိမ်တွန့်ရစ်နေ အူမခွေအစုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
အန္တဂုဏ်’ကြာသိမ်မြစ်ဟန် ဆင်းသဏ္ဌာန်နေ အူမခွေကို
နေရာတကျ မလျောကျအောင် ဖွဲ့နှောင်ချည်တုပ်
ခြေသုတ်ကြိုးဝယ် ကြိုးငယ်အလား … အူကြားမှာ
တည် အသိမ်မည်သော အူအနုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်
သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်
ဘွယ်သာ ထင်ရှားရှိပါသည်တကား။
ကား ၂၀-တောင် ရှိ၏၊ လည်မျိုနှင့် ကျင်ကြီးလမ်းပေါက်
အတွင်းဝယ် နှစ်ဆယ့်တစ်ဌာနတို့၌ အတွန့်အတွန့် အခွေအခွေ
ဖြစ်၍ တည်နေ၏၊ ပုံသဏ္ဌာန်အားဖြင့် သွေးစားကျင်း တခု၌
ဦးခေါင်းပြတ်သော မြွေကို ခွေထားပုံနှင့် တူ၏၊ အဆင်းအား
ဖြင့် အင်္ဂတေ (ကန်ကရစ်) လုပ်ထားသော ကျောက်ပြုတ်
ကလေးများ၏ အဆင်းကဲ့သို့ ဖြူ၏။
အူသိမ်။ ။ အူအသေးစားကိုပင် “အူသိမ်”ဟု ခေါ်၏၊ ပြခဲ့
သော အူမခွေတို့ကို လျောကျ၍ မသွားအောင်
ဖွဲ့တုပ်ထားသော အူကလေးများတည်း၊ အဆင်းအားဖြင့်
ကြာသိမ်မြစ်ကဲ့သို့ ဖြူ၏၊ တည်ရာအားဖြင့် (ခြေသုတ်ကြိုး၏
အကြား၌ ကြိုးခွေတခုနှင့် တခုကို ဖွဲ့ချည်ထားသော ကြိုးသော
ကလေးများကသူ)
အူမခွေတို့၏ အကြား၌ တည်၏။
