## PAGE 276

၁၁၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဥဒရိယံ- စားသည့်အစာဆင်းစုံသာတည်း လျော့စွာဖွဲ့တုပ်
ဆန်ထုပ်မယွင်း စာအိမ်တွင်း၌ စားလိုက်သမျှ လုံးဝ
စုလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေး
အန်ဖတ်အတု အစာသစ် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်
သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်
ဘွယ်သာ ထင်ရှားရှိပါသည်တကား။
-66
အစာသစ်။ ။ရေလဲ အဝတ် တထည်ကို လူ ၂-ယောက်
တဘက်စီကိုင်၍ ညှစ်သောအခါ အလယ်၌
ဖောင်းနေသော အဝတ်စီပေါင်းကဲ့သို့ ဖောင်းနေသောအူမကို
“ဥဒရ=ဝမ်းအိမ်၊ ဝါ-အစာအိမ်”ဟု ခေါ်၏၊ ထိုအစာအိမ်၏
အတွင်းဘက်သည် ပုပ်ပွနေသော ပိန်းနဲသီးခွံ၏ အတွင်းသား
နှင့် တူ၏၊ အပြင်ဘက်ကား ညက်ညော ချောမော၏၊ (ယခု
ကာလ နွားဆိတ်တို့၏ ဝမ်းတွင်းသားမျိုးပင်တည်း၊) ထို
အစာအိမ်၌ ၃၂-မျိုးသော ပိုးကောင်ကလေးများလည်း
ရှိကြသတတ်။
စားသမျှ အစာသည် ထိုအစာသစ်အိမ်၌ ကျရောက်ရ၏၊
စားအပ်သော အစာအတိုင်း အဆင်းအမျိုးစုံ ရှိ၏၊ ပုဝါ
ရေစစ်အတွင်း၌ ဆန်ကို ခပ်လျော့လျော့ ထုပ်ထားသော ဆန်
များတည်နေပုံကဲ့သို့ ထိုအစာသစ်များသည် အစာအိမ်အတွင်း
၌ တည်နေကြ၏၊ သွားဖြင့် ကြိတ်ခြေ၍ မျိုအပ်သောကြောင့်
ထိုအစာသစ်များ ကြေမှုနေရကား ခွေးအန်ဖတ်နှင့် တူပုံကို
လည်း သိနိုင်၏၊ ထိုအစာသစ်များကို ငါးပုံပုံ၍ တပုံသည် ပြခဲ့
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း ၁၁၃
ကရီသံ’စာသစ် အိမ်ထက် ဓာတ်မီး ချက်၍ ညက်ညက်
ကြေမှု သက်လျှောကျသော် အူမ အဆုံး ဝါးလုံး
အဆစ် လက်ရှစ်သစ်မျှ ပမာဏချိန် စာဟောင်း
အိမ်ဝယ် စုတွယ်နေလျှက် မြေညက်အတု အစာ
ဟောင်းအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး
လားလားမဟုတ် စက်ဆုစ်ဘွယ်သာ ထင်ရှားရှိပါ
သည် တကား။
သောပိုးတို့၏ အစာဖြစ်၏၊ တပုံကား ဝမ်းမီးလောင်ရာတွင်
ကုန်သွား၏၊ ကျန် ၃-ပုံတွင် တပုံသည် ကျင်ကြီး တပုံကား
ကျင်ငယ် ဖြစ်၏၊ နောက်ဆုံး တပုံသာ အဆီအနှစ်အဖြစ်ဖြင့်
ကျန်၍ သွေးသားများကို တိုးပွါးစေသတည်း။
ဟ
"
အစာဟောင်း။ ။ကျင်ကြီး(မစင်) ကိုပင် “အစာဟောင်း”
ဆိုသည်၊ချက်၏အောက်နှင့် ကျောက်
ကုန်းဆူးရိုးတို့၏ အတွင်းဝယ် အူမကြီးအဆုံး၌ အစောက်လက်
ဂ-သစ်ခန့် ရှည်လျားသော ဝါးကျည်တောက်နှင့် သဏ္ဌာန်
တူသော အစာဟောင်းအိမ် ရှိ၏၊ အစာသစ်အိမ်၌ ကျရောက်
သမျှ အစားအစာတွေသည် ဝမ်းမီးကြောင့် ညက်ညက်
ကြေမှုအောင် ကျက်၍ အူမကြီး၏ အခေါင်းမှ လျှောသက်
ပြီးလျှင် အစာဟောင်းအိမ်ဝယ် (ဝါးဆစ် အတွင်း၌ ထည့်ထား
အပ်သော မြေဝါညက်နှင့်တူစွာ)စုပေါင်းမိကြလေသည်၊ ထိုသို့
ကြေကျက်စုပေါင်းသော အစာဟောင်းကိုပင် “ကရီသ=
ကျင်ကြီး” ဟု ခေါ်၏၊ အရပ်ဒေသအားဖြင့် အစာသစ်သည်
5146-10-0

## PAGE 277

၁၁၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
မတ္ထလုင်္ဂ – ဦးခေါင်းခွံတွင်းမြို့ဖြူဆင်းသို့ ရှိရင်းဦးဆက်
လေးခဏ်းထက်ဝယ် မုံ ညက်ဆိုင်အတု ဦးနှောက်
အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား
လား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်
တကား။
ပိတ္တံ – မယ်ဇယ်ဆီနဲ ပြစ်ချွဲချွဲနှင့် အသဲကိုမှီ အိမ်၌တည်သော
ဗုဒ္ဓသည်းခြေ, ရေတွင်ဆီများ ပြန့်နှံ့ သွားသို့ ကိုယ်
သားကိုယ်ရေ အနှံ့ နေလျက် ဝါရွှေ့ညှိုးနွမ်း ပျဉ်းပွင့်
ပန်းအတု အဗုဒ္ဓသည်းခြေ အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်
သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်
ဘွယ်သာ ထင်ရှားရှိပါသည်တကား။
အထက်ပိုင်းမှာ တည်ရှိ၍ အစာဟောင်းက အောက်ပိုင်းမှာ
တည်ရှိလေသည်။
ဦးနှောက်။ ။အရိုးအတွင်း၌ “အဋ္ဌိမိဉ္ဇူ=ရိုးတွင်းခြင်ဆီ”
ရှိသကဲ့သို့ ဦးခေါင်းခွံရိုး အတွင်းမှာလည်း
ခြင်ဆီအများစုလျက် ရှိ၏၊ ထိုခြင်ဆီအစုကိုပင် “ဦးနှောက်”
ဟု ခေါ်သည်၊ အဆင်းမှာ မှိုဖြူအဆင်းကဲ့သို့ ဖြူ၏၊ ဦးခေါင်းခွံ
အတွင်း၌ ဦးခေါင်းခွံအဆက် ၄-ခုကို မှီ၍ ပေါင်းစုတည်နေ
ရကား မုံ့ညက်အခဲ ၄-ခုနှင့် သဏ္ဌာန်တူ၏။
သည်းခြေ။ ။ဗဒ္ဓ သည်းခြေ, အဗဒ္ဓ သည်းခြေဟု ၂-မျိုး
ရှိ၏၊ အိမ်ဖြင့်ဖွဲ့ထားအပ်သော သည်းခြေကို
“ဗဒ္ဓသည်းခြေ”ခေါ်၏၊ နှလုံးသားနှင့် အဆုပ်တို့၏ အကြား၌
အသည်းကို မှီ၍ တည်သော “သည်းခြေအိမ်” ရှိ၏၊ ခဝဲသီး
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၁၅
သေနှံက ဝက်ခြေးဘန် ရွက်ရည်ချွဲသို့ ပြစ်ချွဲလျက် စာအိမ်
ထက်ဝယ် တစလယ်ခန့် ကျယ်ပြန့်ပြစ်ထု သလိပ်အစု
သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလား
မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
အကြီးစားအိမ်နှင့် တူ၏၊ ထိုအိမ်အတွင်း၌ ဗဒ္ဓသည်းခြေ
တည်နေသည်၊ အဆင်းအားဖြင့် ပြစ်ချွဲသော မယ်ဇယ်ဆီ
အဆင်းနှင့် တူ၏၊ ဤဗုဒ္ဓသည်းခြေ ပျက်လျှင် သတ္တဝါတို့သည်
မပြုသင့်တာကိုပြု၊ မပြောသင့်တာကိုပြော၊ မကြံသင့်တာကို
ကြံလျက် သည်းခြေရူး ဖြစ်ကြရတော့၏။
အိမ်ဖြင့်မဖွဲ့အပ်သော(အိမ်မရှိသော) သည်းခြေကို“အဗဒ္ဓ
သည်းခြေ”ဟု ခေါ်၏၊ အဆင်းအားဖြင့် ညှိုးနေသော ပျဉ်း
ပန်းပွင့် အဆင်းနှင့် တူ၏၊ တကိုယ်လုံးစိုသော အသားရှိရာ
တိုင်းမှာ(ဆီပေါက်သည် ရေပေါ်မှာ ပြန့်နှံ့ သကဲ့သို့ ပြန့်နှံ့ ၍
တည်၏၊ဤအဗဒ္ဓသည်းခြေပျက်လျှင်မျက်လုံးမှာ ဝါရွှေသော
အဆင်းရှိ၍ ချာချာလည်သကဲ့သို့ ဖြစ်၏၊ ကိုယ်တုန်လှုပ်၏၊
ယား၏။
သလိပ်။ ။တစလယ်သားလောက်ရှိ၏၊ဝက်ခြေးဘန်အရွက်
ရည်ကဲ့သို့ ပြစ်ချွဲ၍ဖြူ၏၊အစာသစ်အိမ်အထက်မှာ
တည်၏၊ မှော်ရှိသော ရေပြင်၌ ဒုတ် စသည်ကို ချသောအခါ
မှော်တွေ ၂-ဖြာကွဲသွားပြီးနောက် ပြန်၍ ဖုံးမြဲဖုံးနေသကဲ့သို့
အစာအိမ်၌ အစားအသောက် ကျသောအခါ သလိပ်တွေ
၂-ဖြာကွဲသွား၍ အစာအိမ်ထဲရောက်လျှင်ဖုံးမြဲဖုံးနေ၏၊ မှော်
နေပုံနှင့် သလိပ်နေပုံ တူ၏၊] သလိပ်နည်းသောအခါ ကြက်ဥ

## PAGE 278

၁၁၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
ပုဗ္ဗော – အနာဖြစ်သော် သွေးပုပ်ပေါ်၍ ရွက်ရော်ဆင်းရောင်
ပုပ်ဟောင်နံညှီ ပြည်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ
ငါသူတပါး လားလားမဟုတ် … စက်ဆုပ်ဘွယ်သာ
ထင်ရှားရှိပါသည်တကား။
လောဟိတံ – ချိပ်ရည်ပြစ်ဆင်း တစလယ်ခင်းမျှ ရင်တွင်း
အဆုတ်သို့နှလုံးတို့ထက် တစက်စက်ကျ အသဲမှလျှင်
အောက်တွင်ပြည့်စေ စုတည်နေသော သန္နိစိတသွေး,
ကျဲသောချိပ်ရည် မည်ပိုက်ကျုံး ကိုယ်လုံးအနှံ့
ရောက် အကြောလျှောက်သော သံသရဏ သွေး
သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလား
မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
သေဒေါ– မီးပူ နေပူ ဥတုပူမှ စ၍အလီလီ ပူမညီ၍ နှမ်းဆီ
အဆင်း ဆံမွေးတွင်းမှ ယိုဆင်း သက်လျှော ချွေး
ပုပ်ကဲ့သို့ အစာအိမ်အတွင်းမှ အပုပ်နံ့သည် အပြင်သို့ ထွက်
လာ၏၊ ထို သလိပ်တွေ များနေပြန်လျှင်လည်း အစာအိမ်
အတွင်း၌ အပုပ်နံ့သည်(ကျင်ကြီးခွက်ကို ပိတ်ထားသကဲ့သို့)
ဖြစ်၏။
ပြည်။ ။ပုပ်သောသွေးကိုပင်“ပြည်”ဟု ခေါ်ရ၏၊အဆင်းမှာ
ဖက်ရွက်ရော်(ဖြူဝါ)အဆင်း ရှိ၏၊ သူသေကောင်၌
ရှိသော ပြည်ကား ပြစ်ခဲပုပ်နေသော ထမင်းရည်နှင့်တူ၏။
သွေး။ ။စုနေသောသွေး, သွားနေသောသွေးဟု ၂-မျိုးရှိ၏၊
စုနေသောသွေးသည် ကျက်၍ ပြစ်နေသောချိပ်ရည်
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၁၇
မည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ
ငါ သူတပါး လားလားမဟုတ် … စက်ဆုပ်ဘွယ်သာ
ထင်ရှားရှိပါသည်
တကား။
မေဒေါ – ထက်ခြမ်းခဲ့သည့် နနွင်းခဲအတူ ဝဖြိုးသူအား အရေ
အသား၏ အကြားတိုင်းသာ ပိန်သူမှာမူ များရာ
အသား အရေကြားတည် အဆီခဲမည်သော ကော-
ဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား
လားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်
တကား။
အဆင်း ရှိ၏၊ သွားနေသောသွေးကား ကြည်သော(ကျဲသော)
ချိပ်ရည်အဆင်း ရှိ၏၊ ဤသွားနေသောသွေးသည် သွေးကြော
များကို အစဉ်လျှောက်၍ တကိုယ်လုံး၌ ပြန့်နှံ ့တည်နေ၏၊
စုနေသောသွေးကား အသဲ၏အောက်ပိုင်းကို ပြန့်နှံ့လျက်
နှလုံးအညှို့အဆုတ်တို့၏အထက်၌ တည်၏၊ တစလယ်လောက်
ရှိ၏၊ ထိုအသဲ၏ အောက်ပိုင်းနှင့် နှလုံးအညို အဆုတ်တို့ကို
အမြဲစိုအောင် တစက်စက် ယိုကျနေ၏၊ အညိုနှလုံးစသည်
တို့ကို မစိုစေလျှင် သတ္တဝါတိုင်းပင် ရေဆာတတ်လေသည်။
ချွေး။ ။ခန္ဓာကိုယ်၌ သွေးသည် အမြဲတည်ရှိသကဲ့သို့“ချွေး”
ခေါ်သော ကောဋ္ဌာသသည် အမြဲတည်ရှိသည်
မဟုတ်၊ မီးပူ နေပူ နွေအခါ ဥတုအပူဓာတ်တို့ကြောင့် ခန္ဓာ
ကိုယ်ပူအိုက်သောအခါ အပူငွေ့မှ အရည်ဓာတ်သို့ ပြောင်း

## PAGE 279

၁၁၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
အ – မီးခိုးမြူဝင် ရယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့် ချွေးသို့
အဆင်း မျက်စိတွင်းတည် မျက်ရည်မည်သော ကော-
ဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား
လားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်
တကား။
လျက် မွေးညှင်းပေါက် ဆံပင်ပေါက်တို့မှ ထွက်လာသော
အာပေါဓာတ် (အရည်) တမျိုးကို “ သေဒ=ချွေး” ဟု ခေါ်
သည်၊ အဆင်းအားဖြင့် အထူးကြည်သော နှမ်းဆီအ ဆင်း
ရှိ၏။
“ အဆီခဲ
အဆီခဲ”
ဟု
အဆီခဲ။ ။ပြစ်ချွဲနေသော အဆီကိုပင်
ခေါ်၏၊ အဆင်းအားဖြင့် နနွင်းတက်ကို ခွဲခြမ်း
လိုက်သောအခါ အထဲက နနွင်းကဲ့သို့ ဝါဝင်းသော အဆင်း
ရှိ၏၊ ဝဖြိုးသူတို့၏ တကိုယ်လုံးဝယ် အရေနှင့် အသားတို့၏
အကြားတိုင်းမှာ တည်ရှိသည်၊ ဝါသော ပိုးသားပုဆိုးလွှာ
ကလေးနှင့် တူ၏၊ ပိန်သူတို့၌ကား ခြေသလုံးသား ပေါင်သား
ကျောက်ကုန်းသား ဝမ်းပြင်းသား စသော အသားများရာကို
မှီ၍ ( ၂-ထပ် ၃-ထပ် ခေါက်အပ်သော ပိုးပုဆိုးဝါကလေး
ကဲ့သို့) တည်၏။
မျက်ရည်။ ။မျက်စိတို့မှ ယိုစီးသော အရည် တမျိုးကို
မျက်ရည်” ဟု ခေါ်၏၊ အဆင်းအားဖြင့်
အထူးကြည်သော နှမ်းဆီအဆင်း ရှိ၏၊ သည်းခြေအိမ်၌
သည်းခြေသည် အမြဲတည်ရှိသကဲ့သို့ ထို့အတူ ဤ မျက်ရည်
သည် အမြဲတည်ရှိသည် မဟုတ်၊ အလွန်ဝမ်းမြောက်၍ အကြီး
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၁၉
ဝသာ-မီးပူနေပူ ဥတုပူမှ စ၍ အလီလီ ပူမညီ၍ အုန်းဆီ
ဆင်းနေ လက်ခြေနှာစွန်း ပုခုံးစွန်းမှီ ဆီကြည် မည်
သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ
သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ
ထင်ရှားရှိပါသည်တကား။
အကျယ် ရှယ်သောအခါ အလွန်စိတ်မချမ်းသာ၍ ငိုသော
အခါ ငရုပ်သီး စသည်ကို စားသောအခါ မျက်လုံး၌ မီးခိုး
မြူမှုန် စသည်တို့ ထိခိုက်မိသောအခါတို့၌ ထို အလွန်ဝမ်း
မြောက်ခြင်း အလွန်စိတ်မချမ်းသာခြင်းစသော အကြောင်း
ကြောင့် မျက်လုံးအိမ်တွင်း၌ ပြည့်၍သော်လည်း တည်နေ၏၊
ယိုစီးသော်လည်း ယိုစီး၏။ မျက်ရည်ကို မှန်း၍ ကမ္မဋ္ဌာန်း
ရှုသော ပုဂ္ဂိုလ်သည် မျက်လုံးတည်ရာ တွင်းငယ်၌ ပြည့်နေ
သော မျက်ရည်ကိုမှန်း၍ ရှုရသည်။]
ဆီကြည်။ ။“မေဒေါ= အဆီခဲ
။“မေဒေါ=အဆီခဲ”ဟုရှိခဲ့သောကြောင့်
ဝသာ
ကို “ဆီကြည်”ဟု ခေါ်ကြသည်၊ အဆင်း
အားဖြင့် အုန်းဆီ အဆင်းရှိ၏၊ များသောအားဖြင့် လက်ဖဝါး
ခြေဖဝါး လက်ဖမိုး ခြေဖမိုး နှာခေါင်းဘု နဖူး ပုခုံးစွန်းတို့၌
တည်၏၊ “ဆီကြည်”ဟု ဆိုသော်လည်း အမြဲ ကြည်နေသည်
မဟုတ်၊မီးပူ နေပူ နွေပူစသည်တို့နှင့် ကြုံကြိုက်သောအခါကျမှ
အကြည်ရည် ဖြစ်လာသည်။ ထိုအခါဝယ် ထိုဆီကြည်သည်
လက်ဖဝါးစသော အရပ်တို့၌ ပြန့်နှံ ့နေ၏၊ မီးပူ စသည်တို့နှင့်
မကြုံကြိုက်ဘဲ နဂိုရ်အတိုင်း အားဖြင့်ကား ` ဆောင်းအခါ
အုန်းဆီခဲကလေးကဲ့သို့ ပြစ်ချွဲ ခဲနေသည်၊ နှာခေါင်းဘုကို

## PAGE 280

၁၂၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ခေဠော-ချဉ်ငန်စပ်ခါး အရသာများကို စားသော်မြင်သော်
အကြံပေါ်၍ နာသော်နှလုံး ရွှံမုန်းမယွင်း ရေမြှုပ်
ဆင်းသို့ လျှာရင်းပြစ်ချွဲ လျှာဖျားကျကြည် လျှာရည်
ဖြစ်သော တံထွေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါငါ
သူတပါး … လားလားမဟုတ် စက်ဆုပ်ဘွယ်သာ
ထင်ရှားရှိပါသည်တကား။
ဖျစ်ညှစ်ကြည့်သောအခါ ထို အဆီပြစ်ကလေးများ ထွက်လာ
တတ်ပါသည်။
"
တံထွေး။ ။ပါးစပ်အတွင်း၌ အမြှုပ်ကလေးများ ထနေ
သော အရည်တမျိုးကို “တံထွေး”ဟု ခေါ်၏။
အဆင်း ဖြူ၏၊ ရေမြှုပ်သဏ္ဌာန် ရှိ၏၊ တည်ရာအားဖြင့်
ပါးစောင် ၂-ဘက်တို့မှ လျှောသက်၍ လျှာပေါ်၌ တည်၏၊
ဤတံထွေးသည် အမြဲ တည်ရှိနေသည် မဟုတ်၊ အချဉ် အခါး
စသော
သွားရည် ယိုလောက်သော
အစာကို ခံတွင်း၌ ထား
သောအခါ အချဉ် စသည်ကို မြင်သောအခါ အမှတ် ရသော
အခါတို့၌သာ ပါးစောင် ၂-ဘက်မှ လျှောသက်၍ လျှာ၌ တည်
လာသည်၊ ဝမ်းတွင်း နှလုံးမကောင်းသောအခါ ရွှံ့ဘွယ်ရာ
ဝတ္ထုကို မြင်၍ စက်ဆုပ် ရွှံ့ရှာခြင်း ဖြစ်သောအခါ၌လည်း
တံထွေး ဖြစ်လာာတ်၏၊ ခဲဘွယ် ဘောဇဉ်ကို စားသောအခါ
၌ကား (မြစ်ကမ်းပါး၌ လက်ယက်တွင်းကလေးဝယ် ရေမကုန်
နိုင်သကဲ့သို့) ထိုတံထွေးသည် မကုန်နိုင်ဘဲ အစားအစာများကို
စိုစေနိုင်သောအစွမ်း ရှိလေသည်။
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၂၁
သိင်္ဃာဏိကာ-ငရုပ်စသည် စားမိသည်နှင့် တလီငိုငြား ဓာတ်
ချောက်ချား၍ ထက်ဖျားဦးနှောက် အရည် ဖောက်
လျက် ဦးခေါင်းထက်မှ ဆင်းသက် အာစောက်
အထက်ပေါက်ဖြင့် လျှောလျှောက်နှာဘု နှပ်အစု
သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလား
မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
လသိကာ-တရာ့ရှစ်ဆယ် ကိုယ်ဝယ်အောက်ထက် အရိုး
ဆက်တည် နယ်ဆီအတု ပြစ်ချွဲသောအစေးအစုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်
တကား။
နှပ်။ ။ဦးနှောက်မှ ယိုစီးလာသော မသန့်ရှင်းသောအရည်
အသဲကို “နှပ်”ဟု ခေါ်၏၊ ဤနှပ်သည်လည်း အမြဲ
တည်ရှိသော ကောဋ္ဌာသ မဟုတ်၊ ငိုသောအခါဖြစ်စေ မသင့်
သောအစာ မသင့်သော ဥတုကြောင့် ဓာတ် ၄-ပါးတို့
ချောက်ချား ပျက်ပြားသောအခါဖြစ်စေ ဦးခေါင်း အတွင်းမှ
ဦးနှောက်သည် သလိပ်ပုပ်အဖြစ်ဖြင့် ယိုစီးကာ အာခေါင်
အထက်ပေါက်မှ နှာခေါင်းသို့ သက်လျော၍ နှာခေါင်းဘု၌
တန့်ရပ်၍သော်လည်းနေ၏၊နှာခေါင်းဘုမှ ယိုစီး၍သော်လည်း
ကျလာ၏၊ ထိုနှပ်ကို ကမ္မဋ္ဌာန်းရှုသူကား နှာခေါင်းဘု၌ ပြည့်
နေသောနှပ်ကို မှန်း၍ ကမ္မဋ္ဌာန်း ရှုရသည်။
အစေး။
။တရာ့ရှစ်ဆယ်သော အရိုးတို့၏ တခုနှင့် တခု
အဆက်အစပ်၌ ခြေနယ်ဆီကဲ့သို့ တည်ရှိသော
အစေးတမျိုးတည်း၊ အဆင်းအားဖြင့် မဟာလှေကားပန်း၏
