## PAGE 281

၁၂၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
မုတ္တံ-စားသောက်သမျှ အာဟာရမှ ရသည့်မသွေ အရေတချို့
ဆီးအိမ်သို့လျှင် စိမ့်၍ဝင်သော ကျင်ငယ်အစုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ်
စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
အစေးနှင့်တူသော အဆင်းရှိ၏၊ ထို အစေးနည်းပါးနေသူမှာ
ထလိုက် ထိုင်လိုက်သောအခါ သွားလာသောအခါ ကွေးလိုက်
ဆန့်လိုက်သောအခါတို့၌ အရိုးအဆက်တို့သည်(လက်ချောင်း
ကို ချိုးသောအခါ မြည်သော အသံမျိုးကဲ့သို့) အသံမြည်၏၊
ထိုအစေးနည်းသူသည် ဝါယောဓာတ်ပျက်လွယ်သောကြောင့်
ခရီးများများ သွားရလျှင် ပင်ပန်း၏၊ ထို အစေး များသူမှာ
ကား ထလိုက် ထိုင်လိုက်သောအခါ စသည်၌ အသံလည်း
မမြည်၊ ဝါယောဓာတ် မပျက်လွယ်သောကြောင့် ခရီးရှည်
သွားသော်လည်း မပင်ပန်း။
ကျင်ငယ်။ ။စည်ပေါင်း(ဆီးအိမ်)၏ အတွင်း၌ တည်သော
အာပေါဓာတ်ကို “ကျင်ငယ်” ဟု ခေါ်သည်၊
[မစင်ကို “ကျင်ကြီး” ဟု ခေါ်သောကြောင့် ဤ အရှည်ကို
“ကျင်ငယ်”ဟု ခေါ်သည်၊] ဆီးအိမ်မှာ ဝင်စရာအပေါက် မရှိ၊
ခွက်ဆေးရည်စသည်ကို သွန်ထား၍ ဗွက်ဖြစ်နေသော တံစည်း
အိုင်၌ အပေါက်မရှိသော အိုးငယ်တလုံးကို ချထားသောအခါ
ထိုအိုးငယ်အတွင်းသို ့တံစည်းဗွက်ရေသည် စိမ့်ဝင်သကဲ့သို့
ထို့အတူ ခန္ဓာကိုယ်၌ရှိသော ( စားသောက်သမျှ အစာမှ
အရည်တချို့သည် ထို ဆီးအိမ်တွင်းသို့ စိမ့်၍ ဝင်ရ၏၊
ဆီးအိမ်၌ ဆီးပြည့်လာသောအခါ ကျင်ငယ်စွန့်ချင်စိတ်
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၂၃
တိုက်တွန်းချက်။ ။ဤ အနက်ကို ကြေအောင် ကျက်ပါ၊
ထိုသို့ ကြေနေမှသာ ဝမ်းတွင်း၌ရှိသော
ကောဋ္ဌာသတို့ စိတ်ထဲ၌ ထင်လာနိုင်မည်၊ ဥပမာ- ဤအနက်
ကို မကြေလျှင် “အဋ္ဌိမိဉ္စ-ရိုးတွင်းခြင်ဆီ” ဆိုတာ ဘာဆိုမှန်း
မသိဘဲ “ဝက္က အညှို့” ဆိုတာ ဘယ်နေရာမှာ ရှိမှန်း မသိဘဲ
နေလိမ့်မည်၊ ထို့ကြောင့် ဤအနက်မြန်မာပြန်အတိုင်း စဉ်းစား
၍ ကြည့်ဘို့ရန် ဤ အနက်မြန်မာပြန်ကို အစွမ်းကုန် ကြေနေ
အောင် ကျက်ပါလေ။
အားထုတ်နည်း။ ။ဤကမ္မဋ္ဌာန်း အားထုတ်နည်းကို ဝိသုဒ္ဓိ
မဂ်၌ ဈာန်ရသည်အထိ အကျယ်ညွှန်ပြ
ထားသည်၊ သို့သော် သာသနာတော်၌ မွေ့လျော်ခြင်း,
လောကီအာရုံ ကာမဂုဏ်အတွက် လှုပ်လှက်စိတ်. မရှိခြင်း
ပစ္စည်း လာဘ်လာဘကို မငဲ့ကွက်ခြင်း,ဂုဏ် ပကာသနကို
မတောင့်တခြင်း, နေရာတိုင်းမှာ ဣန္ဒြေသိက္ခာရှိသော ရဟန်း
သာမဏေတပါး ဖြစ်ခြင်း တည်းဟူသော သာသနာတော်၏
အခြေခံအကျိုးကို မြှော်၍ ဤကမ္မဋ္ဌာန်းကို ဤရှင်ကျင့်ဝတ်၌
ထည့်သွင်းခြင်း ဖြစ်သောကြောင့် ထိုအကျိုးများ ရလောက်
သော အစီအစဉ်မျှကိုသာ အကျဉ်းညွှန်ပြပါမည်။
ဒန္တာ
66
၁။ နှုတ်ရွတ်။ ။ဤကမ္မဋ္ဌာန်းကို အားထုတ်သော ပုဂ္ဂိုလ်
သည် ရှေးဦးစွာ “ကေသာ လောမာ နခါ
တစော”စသည်ဖြင့် ပါဠိလိုဖြစ်စေ- “ဆံပင်, မွေးညှင်း,
ခြေသည်း လက်သည်း, သွား, အရေ” စသည်ဖြင့် မြန်မာလို
ပေါ်လာသည်၊ ထို့ကြောင့် ထိုဆီးအိမ်၌ ဝင်ပေါက်မရှိသော်
လည်း အောက်မှ ထွက်ပေါက်ကား ထင်ရှားရှိပေသည်။

## PAGE 282

၁၂၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဖြစ်စေ နှုတ်ဖြင့် ရွတ်ဆိုနိုင်ပါသည်။ [မြန်မာလူမျိုးအတွက်
မြန်မာလို ရွှတ်ခြင်းက သာ၍ ထင်ရှားပါသည်။]
အမှာ။ ။ဤသို့ ရွတ်ဆိုရာ၌ “ဆံပင်”ဟု ရွတ်သည်နှင့်တပြိုင်
နက် စိတ်ကလည်း ဆံပင်မှာ ရောက်လျက် အာရုံ
ပြုလျက်ရှိရမည်၊ “မွေးညှင်း”စသည်ကို ရွတ်သောအခါလည်း
ဤနည်းပင်တည်း၊ ထို့ကြောင့် ရွှတ်ဆိုသောအခါ နှုတ်တက်
သလို မြန်မြန် မရွတ်ဆိုရ၊ အသံထွက်သည်နှင့် တပြိုင်နက်
သရုပ်ထင်လာအောင် မနှေး မမြန် ခပ်မှန်မှန် ရွတ်ရမည်၊
တခါ တခါ ပြခဲ့သော အနက်မြန်မာပြန်ကို ရွတ်ဆိုပါလေ။
၂။ စိတ်ရှုတ်။ ။နှုတ်ဖြင့် ရွတ်၍ ၃၂-ကောဋ္ဌာသလုံး
"
အတော် ထင်ရှားသောအခါ (နှုတ်ရှုတ်
သည့် အစဉ်အတိုင်း) စိတ်ဖြင့် စဉ်းစားပါ၊ ဤသို့ ဆင်ခြင်
ဘန်များသောအခါ “ဆံပင်”ကို ဆင်ခြင်လိုက်လျှင် “ဆံပင်”
တည်းဟူသော အထည်ဒြဗ်ပေါ်တွင် စိတ်မနားဘဲ “ဆံပင်၏
စက်ဆုပ်ရွံရှာ မသတီစရာ” တိုင်အောင် စိတ်ရောက်သွားပါ
လိမ့်မည်၊ ထိုအတိုင်း“ကျင်ငယ်၏ စက်ဆုပ်ရွံရှာ မသတီစရာ
အထိ စိတ်ရောက်အောင် မှန်မှန်ကြိုးစားပါလေ။]
ရွတ်၍ ကမ္မဋ္ဌာန်းပေါက်။ ။ရှေးတုန်းက “မဟာရေဝ”ဆရာ
တော်ကြီးထံ၌ မထေရ် ၂-ပါး
ကမ္မဋ္ဌာန်းတောင်းကြသည်၊ ဆရာတော်ကြီးသည် ဤကော
ဋ္ဌာသကမ္မဋ္ဌာန်းကိုဝင် လေးလလုံးလုံး ရွတ်ဆိုနေဘို့ရန် မိန့်
တော်မူ၏၊ ထိုမထေရ် ၂-ပါးသည် နိကာယ် ၂-ပါး ၃-ပါး
ဆောင်ထားသော စာတတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း
ဆရာတော်ကြီးစကားကို လေးစားသောအားဖြင့် ရွတ်ဆိုနေ
ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း
၁၂၅
ရှင်းပင် ၃၂-ပါးသော ကောဋ္ဌာသတို့ အလွန် ထင်ရှားလာရ
ကား လေးလအတွင်း၌ သောတာပန်များ ဖြစ်ကြလေသည်၊
[ တတိယသံဂါယနာ၏ ခေါင်းဆောင် ရဟန္တာအရှင် မောဂ္ဂ
လိပုတ္တတိဿထေရ်လည်း ဤ ကောဋ္ဌာသကမ္မဋ္ဌာန်းဖြင့်ပင်
သာမဏေဘဝ၌ သောတာပန် ဖြစ်ခဲ့ပေသည်။]
(က) ယထေဝ မတသရီရံ၊ ဇီဝံပိ အသုဘ တထာ။
အာဂန္တုကာလင်္ကာရေန၊ ဆန္နတ္တာ တံ န ပါကဋ။
မတသရီရံ၊ ဥဒ္ဓုမာတက စသည်မြားမြောင် သူသေ
ကောင်သည်။ အသုဘံ ယထေဝ၊ စက်ဆုပ်ရွံဘွယ် မတင့်တယ်
သကဲ့သို့။ တထာ၊ပုံစံထားယူ မခြားအတူသာလျှင်။ ဇီဝံပိ၊
ဝတ်စား ဆင်ပြင် အသက်ရှင်ဆဲ ကိုယ်သည်လည်း။ အသုဘီ
အသုဘီယေဝ၊ စက်ဆုပ် ရွှံ့ဘွယ် မတင့်တယ်သည် သာတည်း။
အာဂန္တုကာလင်္ကာရေန၊ ညစ်ကြေးသုတ်သင် အငှါးဆင်၍
ပြုပြင်ဖန်ထား တန်ဆာများဖြင့်။ ဆန္ဒတ္တာ၊ မဖွယ်ရာကို ကွယ်
ကာဖုံးထားအပ်သည်၏ အဖြစ်ကြောင့်။ တံ၊ ထိုရွှံ့ဘွယ်ညစ်ပေ
အသုဘ သဘောတူသည်။ န ပါကဋံ၊ အမြင်အားဖြင့် မထင်
ရှားဘဲ ရှိရလေသတည်း။
(ခ) ဣမံ ဟိ သုဘတော ကာယံ၊ ဂဟေတွာ တတ္ထ မုစ္ဆိတာ။
ဗာလာ ကရောန္တာ ပါပါနိ၊ ဒုက္ခာ န ပရိမုစ္စရေ။
န
ဣမံ ဟိ ကာယံ၊ အသုဘသဘောအံ့ဘွယ်ပေါသည့် ကိုယ်
ရောသူပါ ဤခန္ဓာကိုပင်။ သုဘတော၊ စွဲမက်သဘွယ် လွန်
တင့်တယ်၏ ဟူ၍။ ဂဟေတွာ၊ ရှိရှင်းပြောင်းပြန် မမှန်ကန်

## PAGE 283

၁၂၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
အောင် ကြံဖန်စွဲလမ်းကြကုန်လျက်။ တတ္ထ၊ ထိုအယုတ်တမာ
များစွာပြည့်လှောင် အပုပ်ကောင်၌။ မုစ္ဆိတာ၊ စရိုက်ဓလေ့
အမိုက်ငွေ့ဖြင့် အတွေ့ကြီးတွေ့ မေ့ကြီးမေ့ကြကုန်သည်ဖြစ်၍။
ဗာလာ၊ ရာဂစရိုက်ပါး ငမိုက်သားတို့သည်။ ပါပါနိ၊ မိစ္ဆာစာရ
စသည်ညစ်ကျူ ယုတ်မာမှုတို့ကို။ ကရောန္တာ၊ အမဲရိုး၌
ခွေးငတ်ကြိုက်သို့ နှစ်ခြိုက်ရွှင်မြူး လွန်ကျူးကြကုန်လျက်။
ဒုက္ခာ၊ အပါယ်လေးဖြာ အိုနာသေရေး ဆင်းရဲဘေးမှ။
န ပရိမုစ္စရေ၊ ကရွတ်ကင်းလျှောက် ထပ်ပြန်ရောက်သဖြင့်
လွတ်မြောက်ခွင့် မရကြလေကုန်။
(ဂ) တသ္မာ ပယျ မေဓာဝီ၊ ဇီဝတော ဝါ မတဿ ဝါ။
သဘာဝံ ပူတိကာယဿ၊ သုဘဘာဝေန ဝဇ္ဇိတံ။
တသ္မာ၊ ထိုသို့ အသုဘပင် သုဘထင်သမျှ ဒုက္ခဝဋ်တွင်းမှ
မလွတ်ကင်းနိုင်ကြလေသောကြောင့်။ မေဓာဝီ၊ သတိတမန်
ပညာဉာဏ်ဖြင့် လမ်းမှန်မြှော်မြင် သူတော်စင်သည်။ ဇီဝ-
တော ဝါ၊ ဝတ်စားဆင်ပြင် အသက်ရှင်သူမူလည်း ဖြစ်သော။
မတဿ ဝါ၊ ဥဒ္ဓုမာတက စသည်မြားမြောင် အသေကောင်
မူလည်းဖြစ်သော။ ပူတိကာယဿ၊ အပုပ်တွေလှောင် ဤ
ကိုယ်ကောင်၏။ သုဘဘာဝေန၊ အမှန်စင်စစ် တင့်တယ်သော
အဖြစ်မှ။ ဝဇ္ဇတံ၊ လုံးဝအစဉ် ရှောင်ကြဉ်အပ်ပြီးဖြစ်သော။
သဘာဝံ၊ မတင့်မတယ် ရွှံ့ဘွယ်စင်စစ် မူလအဖြစ်ကို။ ပ-
ယျ၊အမိုက်ကင်းပျောက် အလင်းရောက်အောင် ထွင်းဖောက်
ရှုစားသင့်ပေတော့သတည်း။
ကမ္မဋ္ဌာန်း သင်ပြခဏ်း ပြီး၏။
ရှင်ရာဟုလာ အကြောင်း
ရှင်သာမဏေများ ဝတ္ထု
၁၂၇
မှာထားချက်။ ။အို ကိုရင်များ... ပြခဲ့သော ဤကမ္မဋ္ဌာန်း
တရားမျိုးကို ကြိုးစား၍ နိဗ္ဗာန်ချမ်းသာ
ကို မျက်မှောက်ပြုသွားကြသော အမျိုးကောင်းသားသမီး
တွေ ဤဘုရားသာသနာတော်မှာပင် မရေမတွက်နိုင်အောင်
များခဲ့ပေပြီ၊ ကိုရင်တို့လဲ ထိုအမျိုးကောင်းသားတွေ နောက်
သို့ ထပ်ကြပ်မကွာ လိုက်ပါနိုင်အောင် ကြိုးစားစေလိုလှ
သောကြောင့် ကိုရင်တို့ အားကျဘို့ရာ ယခု ညွှန်ပြမည့်
ကိုရင်ကလေးများ၏ ဝတ္ထုကိုလည်း ဆက်လက် ဖတ်ရှုကြပါ
လေ။
ရှင်ရာဟုလာ အကြောင်း
ရှင်သာမဏေ ပြုခဏ်း
ဘုရားရှင်၏ သားတော်ဖြစ်သော ရှင်ရာဟုလာသည်
စကြာမင်းဖြစ်လောက်သော ရုပ်လက္ခဏာဖြင့် လွန်စွာ တင့်
တယ်ပါပေသည်၊ ထိုသားတော်ရာဟုလာ ဖွားမြင်တော်မူပြီး
နောက် ညဉ့် သန်းခေါင် အချိန်လောက်မှာပင် ဘုရား
အလောင်း
တောထွက်တော်မူခဲ့သည်၊ ဘုရားဖြစ်၍ မိဂဒါဝုန်
၌ တဝါဆိုပြီးနောက် ရာဇဂြိုဟ်မြို့ရောက်၍ တပေါင်းလ
လောက်မှာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာသောအခါ
သက်တော် ၃၆-နှစ်လောက်သာ ရှိသေး၍ ရာဟုလာလည်း
၇-နှစ်အရွယ်သာ ရှိလေသည်။
နေပြည်တော်ရောက်၍ ငါးရက်လောက်အကြာတွင် ဘုရား
ရှင်သည် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ သံဃာ

## PAGE 284

၁၂၈
ရုပ်ပုံ ရှင်ကျင့်ဝတ်
တော်များနှင့်အတူ ဆွမ်းဘုဉ်းပေးတော်မူစဉ် ယသော်ဓရာ
မိဖုရားသည် သားတော်ကို အဝတ်တန်ဆာဆင်၍ ပြောပြ
သည်မှာ--
“သားတော်...ဟောဟိုမှာ ကြည့်စမ်း၊ ရွှေအဆင်းကဲ့သို့
ဝါဝင်းသော အဆင်းရှိတဲ့ ရဟန်းတော်ကို မြင်ရဲ့လား၊ အဲဒီ
ရဟန်းတော်ဟာ သားတော်ရဲ့ ခမည်းတော်ဘုရား ဖြစ်တယ်၊
သားတော်ရဲ့ ခမည်းတော်မှာ သုံးစွဲလို့ မကုန်နိုင်အောင်
ကြီးကျယ်သော ရွှေအိုး ၄-လုံးရှိတယ်၊ တောထွက်သွားတဲ့
အခါကစ၍ ရွှေအိုးကြီးများကို မတွေ့ရတော့ဘူး၊ သွားပြီး
တော့ အဲဒီ ရွှေအိုးကြီးများကို “အမေ့ပေးပါ”ဟု တောင်း
ချေ၊”ဤသို့ သင်ပြ၍သားတော်ကို ဘုရားအထံသို့ လွှတ်လိုက်
လေသည်။
သားတော် ရာဟုလာသည် “ခမည်းတော်” ဟူသော
ချစ်ခြင်းဖြင့် ရဲတင်းစွာ ဘုရားအထံတော်သို့ လာ၍ “ခမည်း
တော်ရဲ့ အရိပ်ဟာ သိပ်ပြီးတော့ အေးချမ်းသာယာပါတယ်”
စသည်ဖြင့် တွတ်တီးတွတ်တာ ပြောဆိုလျက် အမွေတောင်း
လေသည်၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးတော် မူပြီး
သောအခါ ကျောင်းတော်သို့ ကြွတော်မူ၏၊ ရာဟုလာ
မင်းသားလည်း ဘုရားရှင်၏ နောက်တော်မှ အမွေတောင်း
ရင်း လိုက်ပါလာလေ၏၊ ကျောင်းတော်သို့ ရောက်သောအခါ
“သားတော်အား လောကုတ္တရာအမွေ ပေးတော်မူမည်”ဟု
မိန့်တော်မူပြီးလျှင် အရှင်သာရိပုတြာကို ခေါ်တော်မူ၍
ရှင်သာမဏေ ပြုပေးဘို့ရန် အမိန့်တော်ရှိလေသည်။
86
ရှင်ရာဟုလာ အကြောင်း
၁၂၉
ရေခွက်ကို အမျိုးမျိုးပြ၍ မုသားမပြောဘို့ရန်
ရာဟုလာအား ဩဝါဒပေးတော်မူပုံ။
8-06-230

## PAGE 285

"
၁၃၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဘုရားရှင်ကြွ၍ ဩဝါဒပေးတော်မူခြင်း
ရာဇဂြိုဟ်မြို့တော်ဝယ် ဗိမ္ဗိသာရမင်းကြီး လှူဒါန်းအပ်
သော ဝေဠုဝန်တိုက်တော်ကြီး၏ အစွန်အဖျား၌ ကမ္မဋ္ဌာန်း
ကျောင်းကလေး တည်ရှိလေသည်၊ ထို ကမ္မဋ္ဌာန်းကျောင်း
အနီး၌ သရက်ပင်ပျိုကလေးလည်း ရှိ၏၊ ထို သရက်ပင်ပျိုကို
“ အမ္ဗလဋ္ဌိကာ” ဟု ခေါ်၏၊ ကမ္မဋ္ဌာန်းကျောင်းကလေး
လည်း သရက်ပင်ပျိုကို အကြောင်းပြု၍ “ အမ္ဗလဋ္ဌိကာ
ကျောင်း ” ဟုပင် နာမည်တွင်လေသည်။
ဆူးမှန်လျှင် ပေါက်ခါစမှ စ၍ အဖျားထက်သကဲ့သို့ ရှင်
ရာဟုလာလည်း ၇-နှစ်သားအရွယ် ငယ်ငယ်ကလေးကပင်
သူတော်ကောင်းဘက်၌ ထက်ထက်မြက်မြက် ရှိလှ၏။ ထို့
ကြောင့် ဆိတ်ငြိမ်သော နေရာဝယ် တပါးတည်း နေလိုရကား
ကျောင်းတိုက်ကြီး၏ အစွန်အဖျားဖြစ်သော ထို ကမ္မဋ္ဌာန်း
ကျောင်းကလေးမှာ နေလေသည်၊ဗုဒ္ဓမြတ်စွာသည် ညနေချမ်း
အခါဝယ် ရှင်ရာဟုလာအား ဩဝါဒ ပေးတော်မူလိုသော
ကြောင့် ထို အမ္ဗလဋ္ဌိကာ ကမ္မဋ္ဌာန်းကျောင်းကလေးသို့ ကြွ
တော်မူလေသည်။ [လိမ်၍ ပြောသော စကားကို “မုသား”
ခေါ်၏၊ ငယ်ရွယ်သူတို့သည် မုသား ပြောတတ်ကြ၏၊
ထို့ကြောင့် ၇-နှစ်သားအရွယ် ရှင်ရာဟုလာအား မုသား
မပြောဘို့ရန် ဩဝါဒ ပေးတော်မူသည်။]
ဟု
ဗုဒ္ဓမြတ်စွာသည် ထိုင်တော်မူပြီးလျှင် ရေခွက်ထဲ၌ ရေ
အနည်းငယ်ကို ချန်ထား၍ ရှင်ရာဟုလာကို မေးတော်မူသည်
မှာ’“ရာဟုလာ….ရေခွက်ထဲ၌ ရေအနည်းငယ်ကို မြင်ရဲ့လား”။
ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။
ရှင်ရာဟုလာ အကြောင်း
၁၃၁
ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောဆိုဘို့ရန် မရှက်တတ်
သော ရဟန်း သာမဏေတို့မှာလဲ (ဟောဒီရေ
နဲနေသလို ) ကိုယ်ကျင့်တရား နဲနဲကလေးသာ
ရှိတယ်” လို့ မှတ်ထား။
,,
ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ထဲမှ အနည်းငယ်
သော ရေကို သွန်ပြီးလျှင် ရှင်ရာဟုလာကို မေးတော်မူပြန်
သည်မှာ… “ရာဟုလာ…ရေခွက်ထဲ၌ ကျန်နေသော ရေ
အနည်းငယ်ကို သွန်ပစ်လိုက်ထာ မြင်ရဲ့လား။
ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။
ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောရမှာကို မရှက်တတ်
သော ရဟန်း သာမဏေတို့မှာလဲ (ရေကျန်
နဲနဲကလေးကို သွန်ပစ်လိုက်သလို) .. ကိုယ်ကျင့်
တရားကို သွန်ပစ်ရာရောက်တယ်”လို့ မှတ်
[“သူ့မှာ ကိုယ်ကျင့်တရား ဘာမျှမရှိ
တော့ဘူး”ဟု မိန့်တော်မူလိုသည်။]
ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို မှောက်လိုက်ပြီး
လျှင်’ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ…“ရာဟုလာ…..
ဟောဒီရေခွက် မှောက်နေတာကို မြင်ရဲ့လား။”
ရာဟုလာ။ ။မြင်ပါတယ် အရှင်ဘုရား။
ထား။
ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောရမှာကို မရှက်တတ်
သော ရဟန်း သာမဏေတို့မှာလဲ … (ဟောဒီ
ရေခွက်ကို မှောက်ထားသလို ) . ကိုယ်ကျင့်
တရားတွေကို မှောက်ပစ်လိုက်ရာရောက်တယ်”
လို့ မှတ်ထား။
