## PAGE 286

၁၃၂
သော
ရုပ်ပုံ ရှင်ကျင့်ဝတ်
"
ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို လှန်ပြီးလျှင် ရှင်ရာ
ဟုလာကို မေးတော် မူပြန်သည်မှာ- “ရာဟုလာ…လှန်ထား
ရေခွက်ထဲမှာ ဘာမျှမရှိတာကို မြင်ရဲ့လား။”
ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။
ဘုရားရှင်။ ။“ရာဟုလာ… မုသားပြောရမှာကို မရှက်
တတ်သော ရဟန်းသာမဏေတို့မှာလဲ
(ဟောဒီ ရေခွက်ထဲ၌ ဘာမျှ မရှိတော့
သလို) ကိုယ်ကျင့်တရား ဘာမျှမရှိ
တော့ဘူး” လို့ မှတ်ထား။
ရာဟုလာ…မုသား ပြောရမည်ကို မရှက်တတ်သူသည်
ဘယ်မကောင်းမှုမှ မပြုဝံ့တာ မရှိတော့၊ မကောင်းမှုဟူသမျှ
ပြုဝံ့တော့၏၊ ထို့ကြောင့် “မုသားဆိုလျှင် ပြောင်သလိုလှောင်
သလိုတောင်မှ မပြောမိအောင် ရှောင်ကြဉ်မည်”ဟု သတိ
ထား၍ ကြိုးစားပြီး ကျင့်ရမယ်။
မှန် ဥပမာပြ၍ ဩဝါဒပေးတော်မူခြင်း
ဘုရားရှင်။ ။ရာဟုလာမှန်ဖြင့် ဘာလုပ်ကြသလဲ။
ရာဟုလာ။ ။မှန်ဖြင့် မျက်နှာ၌ အပြစ်ရှိ-မရှိ ကြည့်ကြ
ပါတယ်။
ဘုရားရှင်။ ။ရာဟုလာ…….မှန်ကို ကြည့်၍ မျက်နှာကို
ပြုပြင်ကြသလို ကိုယ်မှု နှုတ်မှု စိတ်မှုများ
ကိုလည်း ပြုသင့်-မပြုသင့် နှိုင်းချင့်ပြီးမှ
ပြုသင့်တာကိုသာ ပြုရသည်။
ရှင်ရာဟုလာ အကြေား
၁၃၃
ကိုယ်ဖြင့် ပြုမည့်ကြံလျှင် ဆင်ခြင်ပါ
ရာဟုလာ…. တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့်ပြုချင်လျှင်
ဆင်ခြင်စဉ်းစားလိုက်ပါဦး….“ဘယ်လို ဆင်ခြင်စဉ်းစားရ
မလဲ” ဆိုလျှင် “ယခု ငါပြုချင်တဲ့ အမှုကိစ္စသည် ကိုယ့်ကိုယ်ကို
ညှဉ်းဆဲရာရောက်မှာလား၊ သူတပါးကို ညှဉ်းဆဲရာရောက်မှာ
လား၊ မိမိရော သူတပါးရော ၂-မျိုးလုံးကို ညှဉ်းဆဲရာရောက်
မှာလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး
ပါးတိုးစေမှာလား”ဟု ဆင်ခြင် စဉ်းစားလိုက်ပါ။
ထိုသို့ စဉ်းစားသောအခါ“တဦးဦးကို ညှဉ်းဆဲရာရောက်
မည့် အလုပ်ကိစ္စ, မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခ
အကျိုး ပွါးတိုးစေမည့်ကိစ္စ”ဟု သိလျှင် ထိုအလုပ်ကိစ္စကို စင်
စစ် ဧကန် အမှန်မပြုဘဲ ရှောင်လိုက်ပါ။
ရာဟုလာ… ထိုသို့ စဉ်းစားသောအခါ “မိမိကို၎င်း သူ
တပါးကို၎င်း ၂-မျိုးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ ကောင်း
သော ကုသိုလ်အမှုဖြစ်၍ သုခအကျိုး ပါးတိုးစေနိုင်မည့်ကိစ္စ”
ဟု သိလျှင် ထိုကိစ္စကို ကိုယ်ဖြင့် ပြုပါလေ။
ကိုယ်ဖြင့် ပြုနေစဉ်လည်း ဆင်ခြင်ပါ
"
ရာဟုလာ… တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုနေတုန်း
မှာလည်း ဆင်ခြင်စဉ်းစားပါ၊ “ဘယ်လို ဆင်ခြင်စဉ်းစား
ရမလဲ” ဆိုလျှင် “ယခု ငါပြုနေသော အလုပ်ကိစ္စသည် ကိုယ့်
ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊ သူတပါးကို ညှဉ်းဆဲရာ
ရောက်သလား၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊

## PAGE 287

၁၃၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုးပွါးတိုးစေ
မည်လား ” ဟု စဉ်းစားလိုက်ပါ။
"
"
ထိုသို့ စဉ်းစားသောအခါ – မိမိကို ဖြစ်စေ, သူတပါးကို
ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊
မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုးပွါးတိုးစေ
လိမ့်မည်” ဟု သိလျှင် ထိုလုပ်နေတဲ့ အလုပ်ကိစ္စကို ရုပ်သိမ်း
လိုက်ပါ။
"
မိမိပြုနေသောအမှုကို စဉ်းစားသောအခါ – မိမိကို၎င်း,
သူတပါးကို၎င်း, ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ကောင်း
သော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုး ပွါးတိုးစေနိုင်သည်
ဟု သိလျှင် ထိုအလုပ်ကို ထပ်၍ ထပ်၍ ပြုလုပ်ပါလေ။
ကိုယ်ဖြင့် ပြုပြီးသောအခါလည်း ဆင်ခြင်ပါ
"
"
ရာဟုလာ…… တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုပြီးသော
အခါလည်း ပြန်၍ ဆင်ခြင် စဉ်းစားပါ၊ “ ဘယ်လို ဆင်ခြင်
စဉ်းစားရမလဲ” ဆိုလျှင် “ ယခု ငါပြုပြီးသော အမှုကိစ္စသည်
ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊သူတပါးကို ညှဉ်းဆဲရာ
ရောက်သလား၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊
မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုးပွါးတိုးစေ
သလား”ဟု စဉ်းစားပါ။
ထိုသို့ပြန်၍ စဉ်းစားသောအခါ“မိမိကိုဖြစ်စေ သူတပါးကို
ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊
မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွါးတိုးစရာ
ရှိသည်”ဟု သိလျှင် ထိုကိုယ်ဖြင့် ပြုမိခဲ့သောအမှုကို(ဖုံးမထား
ရှင်ရာဟုလာ အကြောင်း
၁၃၅
ဘဲ) ဆရာသမား အထံ၌ ဖြစ်စေ, တတ်သိ နားလည်သော
(သီတင်းသုံးဘော်) မိတ်ဆွေအထံ၌ ဖြစ်စေ ထင်ရှားအောင်
ပြောပေးပါ၊ ထိုသို့ ဖွင့်ဖော်ပြောပြပြီးနောက် ထိုအမှုမှားမျိုး
ကို နောင်တဖန် မပြုမိအောင် စောင့်စည်းပါ။
မိမိပြုခဲ့သော အမှုကို ပြန်၍ စဉ်းစားသောအခါ – မိမိကို
၎င်း သူတပါးကို၎င်း ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာ မရောက်၊
ကောင်းသော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုးပွါးတိုး
ဘွယ်သာရှိသည်” ဟု သိလျှင် မိမိပြုခဲ့သော အလုပ်ကို တွေး
ဆင်ခြင်၍ ကြည်ရွှင်ဝမ်းမြောက်သော စိတ်ဖြင့် နေ့ရော
ညဉ့်ပါ ကုသိုလ်တရားတို့၌ တိုးပွါးအောင် ကျင့်ပါ။
တော
အမှာ။ ။နှုတ်မှုဆိုင်ရာ ဝစီကံ စိတ်မှုဆိုင်ရာ မနောကံ
ဤကာယကံကို ဆင်ခြင်စဉ်းစားသကဲ့သို့
ခင်ပြုတုန်းပြုပြီး ၃-ဌာနတို့၌ ဆင်ခြင်စဉ်းစား၍ အကုသိုလ်
ဖြစ်မည့်အရာ၌ မပြောဘို့ မကြံဘို့ တားမြစ်၍ ကုသိုလ်ဖြစ်မည့်
အရာ၌သာ ပြောဘို့ ကြံဘို့ ဩဝါဒပေးတော်မူသည်။
ရှေး ခု နောင်ခါ ဤနည်းသာ
ရာဟုလာ….မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင်
ပြုခဲ့သော ရှေးရှေးက ရဟန်းပုဏ္ဏားတို့သည် ဤနည်းအားဖြင့်
မပြုခင်- ပြုတုန်း- ပြုပြီး အချိန်မှာ ဆင်ခြင် စဉ်းစားသော
အားဖြင့်) သန့်ရှင်းအောင် ပြုခဲ့ကြသည်၊ နောက်နောက်အခါ
မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှု တို့ကို သန့်ရှင်းအောင် ပြုကြမည့်
ရဟန်းပုဏ္ဏားတို့လည်း ဤနည်းအားဖြင့် သန့်ရှင်းအောင်
ပြု ကြလိမ့်မည်၊ ယခုအခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို

## PAGE 288

၁၃၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
သန့်ရှင်းအောင်ပြုနေသော ရဟန်းပုဏ္ဏားတို့လည်း ဤနည်း
အားဖြင့် သန့်ရှင်းအောင် ပြုနေကြသည်။
ထို့ကြောင့် အသင်ရာဟုလာလဲ “မပြုခင် ပြုတုန်း ပြုပြီး
၃-ဌာန၌
စဉ်းစဉ်းစားစား သတိထားလျက် ကိုယ်မှု နှုတ်မှု
စိတ်မှုကို သန့်ရှင်းအောင် ပြုမည်”ဟု အလေ့အကျင့်ပြုရမည်။
ဤသို့ ၇-နှစ်သားအရွယ် ငယ်သေးသော ရှင်ရာဟုလာ
အား သူ့အရွယ်နှင့် တန်ရုံဖြစ်သော ဩဝါဒကို ပေးတော်
မူသည်။
ရှင်ရာဟုလာ သဘောကောင်းပုံ
ရှင်ရာဟုလာသည် အမျိုးအားဖြင့် မင်းမျိုးအစစ်မှာ
ဖွားမြင်ခဲ့၏၊ မိမိကိုယ်တိုင်လည်း စကြာမင်းဖြစ်လောက်သော
ဘုန်းကံပါရှိ၍ ရုပ်အဆင်းအားဖြင့် ကြော့ရှင်းခန့်ညား အများ
ကြည်နူးလောက်အောင် ကျက်သရေကို ဆောင်၏၊ ရှင်သာ
မဏေဘဝသို့ ရောက်လာသောအခါ ဗုဒ္ဓမြတ်စွာ၏ ရှင်သွေး
တော်ရတနာဖြစ်သောကြောင့်လည်း ရဟန်းတော်အများပင်
လေးစားမြတ်နိုးကြရုံမက ကောသလမင်း အနာထပိဏ်
ဝိသာခါ စသော မင်းပိုင်း သူဌေး သူကြွယ်ပိုင်းကလည်း
ကိုင်းရှိုင်း ကြည်ညို ရိုသေ ချစ်ခင်ကြလေသည်၊ ဤအခြေ
အနေကို ဆင်ခြင် စဉ်းစားလျှင် စိတ်ကြီးဝင်စရာ ဟန်ကြီး
ပန်ကြီး လုပ်ချင်စရာ လွန်စွာကောင်းပါသော်လည်း စိတ်
မဝင်သည့်ပြင် နူးညံ့ပြော့ပျောင်း၍ အလွန် စိတ်သဘော
ကောင်းသည်။
ရှင်ရာဟုလာ အကြောင်း
၁၃၇
ရဟန်းတော်များသည် ရှင်ရာဟုလာ သဘောကောင်း
ကြောင်း ကျော်ကြားလှသဖြင့် စမ်း၍ ကြည့်လိုရကား
ရှင်ရာဟုလာ လာနေတာကို အဝေးကမြင်လျှင် သူလာမည့်
လမ်း၌ တံမြက်စည်းကိုဖြစ်စေ အမှိုက်ကျုံးတောင်းကိုဖြစ်စေ
ပစ်ထားကြ၏၊ ရှင်ရာဟုလာ လွန်သွားသောအခါ တပါးပါးက
“ဒီ တံမြက်စည်းကို လမ်းမှာ
ဘယ်သူထားသလဲ”ဟု မေးလျှင်
အခြား ရဟန်းများက “ရှင်ရာဟုလာတော့ ဒီလမ်းက လာ
တာဘဲ”ဟု ပြောကြကုန်၏။
"
ထိုစကားကို ကြားလျှင် “တပည့်တော် မသိဘူး၊ တပည့်
တော် မထားဘူး”ဟု ငြင်းမနေဘဲ ထိုတံမြက်စည်းကို သိမ်း
ဆည်း၍ ရဟန်းတော်များကို “သည်းခံကြပါဘုရား”ဟု
တောင်းပန်၍ သွားရှာသေးသည်၊ ဤမျှလောက် စိတ်သဘော
ကောင်းသော ရှင်ရာဟုလာသည် ရဟန်းဖြစ်သောအခါ
တဝါမျှ မရသေးခင် ရဟန္တာ ဖြစ်လေသည်။
မှတ်သားဘွယ်
ကိုရင်များ … ဘုရားသားတော် ရှင်ရာဟုလာ၍ ဝတ္ထု
ကြောင်းကို ဖတ်ပြီးတဲ့အခါ ကိုရင်တို့အတွက် “ဘာများ
မှတ်သားစရာ ပါသလဲလို့” စဉ်းစားကြစမ်းပါ။
၁။ ကိုရင်ရာဟုလာကလေးဟာ ၇-နှစ်အရွယ် ငယ်ငယ်
ကလေးနှင့် ကမ္မဋ္ဌာန်းကျောင်းကလေးမှာ တပါး
တည်း နေတယ် မဟုတ်လား၊ ဒါ့ကြောင့် ကိုရင်တို့လဲ
တပါးတည်း အေးအေးဆေးဆေးနေ၍ စာကို တိုးတိုး

## PAGE 289

၁၃၇
ရုပ်ပုံ ရှင်ကျင့်ဝတ်
အံတတ်အောင် တရားအားထုတ်၍ နေတတ်အောင်
ကြိုးစားကြပါ။
၂။ စာကို တိုးတိုး အံခြင်းဖြင့် မိမိ သမာဓိကို တိုးပွါးစေ
နိုင်၏၊ စာကြည့်, စာချ တရားနှလုံးသွင်းနေသော
အခြား ပုဂ္ဂိုလ်များကိုလည်း သမာဓိ မပျက်စေနိုင်ပါ၊
ယဉ်ကျေးသော စာသင်ကျောင်းတို့၌ စာကို တိုးတိုး
အံကြရပါသည်။
၃။ ဗုဒ္ဓမြတ်စွာသည် သားတော် ရာဟုလာကို မုသားပြော
တတ်တဲ့အရွယ်မှာ မုသား မပြောမိဘို့ရန် အထူး ဆုံးမ
တော်မူတယ်၊ ဒါ့ကြောင့် ကိုရင်တို့လဲ မုသားမပြောမိ
အောင် အထူးသတိထားကြပါ၊ မုသားပြောတဲ့ ကိုရင်
ဟာ လိင်ကျတယ်၊ လိင်ကျလျှင် လူနဲ့မထူးတော့ဘူး။
၄။ “အလုပ်တခုခု ပြုမည်ကြံလျှင် မိမိကိုဖြစ်စေ သူတပါး
ကို ဖြစ်စေ နှိပ်စက်ရာမရောက်မှ (ဒုက္ခ မပေးမှ) ပြုရ
မည်”ဟူသော ဘုရားအမိန့်တော်ကို လေးစားသော
အားဖြင့် ကိုရင်တို့လဲ သူများဒုက္ခပေးမည့် အလုပ်
မိမိကို ပြန်ပြီး ဒုက္ခပေးမည့်အလုပ်ကို မပြုမိကြပါစေ
နှင့်၊ ကိုရင် ရာဟုလာကလေးမှာ စိတ်ကောင်း နှလုံး
ကောင်း ရှိသလို ကိုရင်တို့လဲ စိတ်ကောင်း နှလုံး
ကောင်းရှိအောင် ကြိုးစား၍ ဆရာတို့ ဆုံးမသမျှကို
လိုက်နာကြပါ။
၅။ အမျိုးကောင်း၍ ဖြစ်စေ မိဘက ပစ္စည်းဥစ္စာ ပေါ၍
ဖြစ်စေ ဉာဏ်ပညာထက်၍ဖြစ်စေ(ရှင်ရာဟုလာကဲ့သို့)
မာန်မာန မရှိစေဘဲ ကိုယ့်အောက်ကျသူများကို ညှာ
ရှင်ရေဝတ အကြောင်း
၁၃၉
တာ၍ မိမိကိုယ်ကို“ရှင်ရာဟုလာ၏ ညီတော်တပါး”ဟု
ဆိုရလောက်အောင် သာသနာ့ကျက်သရေကို ဆောင်
ကြပါ။
ရှင်ရေဝတ အကြောင်း
မယ်တော်ကြီး စဉ်းစားခြင်း။ ။အရှင် သာရိပုတြာ မထေရ်
မြတ်မှာ ညီအစ်ကို မောင်
နှမ ၇-ယောက် ရှိ၏၊ “စုန္ဒ, ဥပသေန”ဟူသော ညီတော်
၂-ယောက်နှင့်“စာလာ, ဥပစာလာ, သီသုပစာလာ”မည်သော
နှမတော် ၃-ယောက်တို့သည် ရဟန်းပြု၍ ရဟန္တာ ဖြစ်နှင့်ကြ
လေပြီ၊ “ရေဝတ”မည်သော အငယ်ဆုံး ညီတော် တယောက်
သာ လူ့ဘောင်၌ ကျန်တော့၏၊ မယ်တော် ပုဏ္ဏေးမကြီးကား
ထိုအချိန်မှာ ဗုဒ္ဓဘာသာ မဖြစ်သေး၊ထို့ကြောင့် သူ၏ ရှစ်ဆယ့်
ခုနစ်ကုဋေသော ဥစ္စာတွေကို အမွေခံရစ်မည့်သူ မရှိမည်စိုး
သောကြောင့် အငယ်ဆုံးသားကို ၇-နှစ်အရွယ်ကပင် လက်ထပ်
ထားရန် ကြံစည်လေသည်။
လက်ထပ်ခြင်း။ ။ထို့နောက် အခြားတရွာ၌ရှိသော အမျိုး
အဆွေ ဇာတ်ချင်းတူသော သတို့သ္မီး
ကလေးတယောက်၏ မိဘများထံ လက်ထပ်ဘို့ရန် ပြောဆို၍
လက်ထပ်မည့်နေ့ ရောက်သောအခါ ရေဝတ သတို့သားကို
အဝတ်တန်ဆာ ဆင်ပြီးလျှင် ထိုရွာသို့ သွားကြလေသည်။
လက်ထပ်ခြင်းကိစ္စပြီးသောအခါ အသက် တရာ့နှစ်ဆယ်
ရှိသော အဖွားကြီးကို သတို့သ္မီးကလေးအား ကန်တော့ခိုင်း၍
“ဤ ဖွားဖွားကြီးကဲ့သို့ အသက် ရာကျော် ရှည်ပါစေ”ဟု
ဆွေမျိုးအားလုံးက ဝိုင်း၍ ဆုတောင်းကြလေသည်။

## PAGE 290

၁၄၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
အဖွားကြီးနှင့် သတို့သမီးကို နှိုင်းယှဉ်၍
ရေဝတ သတို့သား စဉ်းစားနေပုံ။
ရှင်ရေဝတ အကြောင်း
၁၄၁
ရှင်ရဟန်းပြုလိုခြင်း။ ။ထိုဆုတောင်းသံကို ကြားရသော
သတို့သား ရေဝတသည် သတို့သမီး
ကလေးနှင့် အသက်တရာ့နှစ်ဆယ် အဖွားကြီးကို နှိုင်းယှဉ်၍
ကြည့်မိ၏၊ အဖွားကြီးကား သွားကျိုး ဆံဖြူ နားအူ မျက်စိ
မဲ့၍ အသားအရေများလည်း တွန့်တွဲနေလေပြီ၊ နုနုဖပ်ဖပ်
၇-နှစ် သမီးကလေး၏ ဒီအဖွားကြီးကဲ့သို့ အိုရမည့်အရေးကို
တွေးမိကာ လွန်စွာ စိတ်ပျက်လေသည်၊ငါ၏ နောင်တော်ကြီး
သည်“ဤကဲ့သို့ အိုမင်းရွတ်တွ ဖြစ်ကြရဦးမည့် အကြောင်းကို
ကောင်းကောင်းသိလို့သာ ဒီလို လက်ထပ်မှုကို စောစောကြီး
စွန့်သွားတာ ဖြစ်လိမ့်မည်”ဟု တွေးကာ နောင်တော် အမ
တော်များကို လွမ်းဆွတ်သည့် အသွင်ဖြင့် ရဟန်း ပြုလုပ်
ချင်သောဆန္ဒ ပြင်းပြစွာ ဖြစ်လာလေသည်။
ထွက်ပြေးခြင်း။ ။ထို့နောက် သတို့သမီးကို လှည်းယာဉ်ပေါ်
တင်၍ သတို့သားနှင့်အတူ နေရပ်သို့ ခေါ်ယူ
လာသောအခါ သတို့သားသည်(ကျင်ကြီးကျင်ငယ်စွန့်လိုသည့်
ဟန်ဖြင့်) လှည်းပေါ်မှဆင်း၍
ချုံကွယ်ရာသို့သွား၏၊ အတော်
ကြာမှ ချုံကထွက်၍ လှည်းပေါ်တက်၏၊ ဤနည်းအားဖြင့်
(ဓာတ်ပျက်သော ရောဂါ ဖြစ်သည့်ပမာ). မကြာမကြာ
ဆင်း၏၊ နောက်ဆုံး၌ကား “လှည်းကို မောင်းနှင့်ကြ၊
လိုက်ခဲ့
မည်ဟု” ပြော၍ ဆင်းပြန်၏၊ ဆွေမျိုးများလည်း စိတ်ချ၍
လှည်းကို ခပ်ဖြည်းဖြည်း မောင်းနှင်သွားကြ၏၊ သတို့သား
သည် အခွင့်ကောင်းရသဖြင့် ရဟန်းတော်များ နေထိုင်ရာ
ကျောင်းသို့ ထွက်ပြေး၍ အရှင်သာရိပုတြာ၏ ညီတော်
ဖြစ်ကြောင်း ရှင်သာမဏေပြုလိုကြောင်း လျှောက်လေသည်။
